Friday, September 30, 2011

ကဗျာ ချစ်သူ များအား ဖိတ်ခေါ်ခြင်း

ကဗျာ ချစ်သူ များအား ဖိတ်ခေါ်ခြင်း



ရင်နှင့်ယက်လုပ်သော.......တဲ့..........

http://poemsfromdeepheart.blogspot.com

ရင်ထဲက အတွေးတွေ....ခံစားချက်တွေကို ကဗျာလှလှလေးတွေအဖြစ် ယက်လုပ် ကြမယ်တဲ့ ... ခေါင်း စည်းမှာရေးထားတဲ့ အရာလေးကတော့...

မျှော်လင့်ခြင်းဆိုတာ...အမြဲစိမ်းလန်းမှိုင်းညို့နေတဲ့ တောအုပ်တစ်အုပ်ဖြစ်တယ် .... ဘယ်တော့မှ မသေဆုံးနိုင် တဲ့ အမှန်တရားလည်းဖြစ်တယ် ....ဘယ်တော့မှပြီးဆုံးမှာမဟုတ်တဲ့ ကဗျာတစ်ပုဒ်လည်းဖြစ်တယ်......



သက်တန့်ချို

Professional ကဗျာဆရာကြီးမဟုတ်ပေမယ့် သူက ကဗျာတွေကို အရမ်းချစ်တယ် ။ ကဗျာရေးနေရပြီဆိုရင် အရာအားလုံးကိုမေ့လျော့လို့ စီးမျောလိုက်ပါသွားလေ့ရှိတယ် ။

“ ကောင်းကင်ပြာပြာ .......မြူနှင်းဖြူဖြူ...... ဓါးသွားဆန်ဆန် အလင်းပြာများ....... ဖွာလန်ပွင့်ကျဲ......... ကျွန်တော် တို့ အတွေးရဲရဲ နဲ့ ....ကဗျာတွေရေး ကြရအောင်......”


လွမ်းနေခွင့်

ဖေ့ဘုတ်စ်မှာ သူ့ကဗျာတွေက လူကြိုက်များတယ် ကဗျာ နုနုလေးတွေနဲ့ ... မနှင်းဆီ........ ထိပ်ထား........... ရင်ထဲက ပျို့အန်မှုတွေကို ကဗျာတွေအဖြစ် ပွင့်ဝေစေခဲ့တယ် .....

“ နေ့ရက်တွေကို

အလွမ်းစာမျက်နှာတွေပေါ်မှာ သီကုံးလို့

နင်ပြုံးပြုံးလေးနေပေးပါ

နင့်အတွက်..အသက်ထက်ဆုံးပေးဆပ်မဲ့

ငါ့ကဗျာ..ခပ်အက်အက်တွေမှာ

နှင်းဆီတချို့...ငါပျိုးထားတယ်

ထိပ်ထားရယ်....”

အစရှိသဖြင့် သူဟာ ကဗျာတွေအတွက်...ထိပ်ထားအတွက်.... မနှင်းဆီအတွက် အမြဲ ပွင့်လန်းနေ တဲ့ အေးစက် စက် ကဗျာ ဆရာတစ်ယောက်ဖြစ်တယ် ။


ငွေအိမ်စံ

ကဗျာတွေကို အရမ်းချစ်မြတ်နိုးလို့ အိပ်မက်ထဲတောင်ကဗျာတွေ ရွတ်ဆိုတတ်တဲ့ ကဗျာရေးသူ တစ်ယောက် ဖြစ်တယ်.........ပင်လယ်လှိုင်းလုံးတွေကြား.....ရွှေအိုရောင်ဆံနွယ်တွေပင့်သက်.........
အိုး......တလျှပ်လျှပ်.............

“ လည်သလိုလိုနဲ့“အ”သူ... အနုပညာကိုမြတ်နိုးသူ... ခံစားချက်ကို ရှေ့တန်းတင်တတ်သူ... စိတ်နုသူ.....တဲ့ ”

ဒီလို ကဗျာချစ်သူတွေ ဖွဲ့စည်းထားတဲ့ ဆိုက်လေးမှ နေပြီး Contributor ရေးလိုသူ ကဗျာ ချစ်သူများကို ဖိတ်ခေါ် လိုက် ပါတယ် ။

၁ ။ ကိုယ်ပိုင်ဘလော့ဂ် ရှိရှိ မရှိရှိ ကဗျာတွေကို အမှန်တကယ်ချစ်မြတ်နိုးသူဖြစ်ပြီး Blogger မှာဘလော့ဂ်ရေး တတ် သူဖြစ်ရပါမယ် ။
၂ ။ မိမိရေးလိုသော ဂျီမေးလ်အကောင့်ကို ကွန်းမန့်တွင် သို့မဟုတ် ရင်နှင့်ယက်လုပ်သော ဆိုက်လေးမှ စီဘောက် တွင်ရေးသွားနိုင်ပါတယ် ။
၃ ။ ထိုဂျီမေး လ်များကို မကြာခင် Contribution link ပေးပို့မှာဖြစ်ပြီး ကဗျာတွေ လာရောက် တင်နိုင်ပြီ ဖြစ်ပါ တယ် ။

“ ကဗျာချစ်သူ ကဗျာရေးလိုသူ များကို လေးစားစွာ ဖိတ်ခေါ်အပ်ပါတယ် ”

သက်တန့်ချို
စက်တင်ဘာ ၃၀ ရက်နေ့

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, September 29, 2011

Copper နှင့်ကျန်းမာရေး

Copper နှင့်ကျန်းမာရေး






Copper ဆိုတာ သင်္ကေတ Cu လို့ သတ်မှတ်ထားတဲ့ ( လက်တင်ဘာသာအရ Cuprum) အက်တမ်နံပတ် ၂၉ ရှိတဲ့ ဓါ တု ဒြပ်စင်တစ်ခုဖြစ်ပါတယ် ။ လူတွေအမှုမဲ့အမှတ်မဲ့ဖြစ်နေကြတဲ့ ကော့ပါးဟာ တကယ်တော့ ကျန်း မာရေး အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုဖြစ်ပါတယ် ။ ဒါ့အပြင်ကော့ပါးဟာ လူတွေရဲ့ကျန်း မာရေ့းအ တွက်မရှိမဖြစ်လိုအပ်တဲ့ အနည်းငယ်သော ဒြပ်စင်တွေထဲက တစ်ခုလည်းဖြစ်ပါတယ် ။ ကော့ပါးနဲ့တကွ အမိုင်နို အက်ဆစ်တွေနဲ့ ဖက်တီးအက်ဆစ်တွေ ၊ ဗီတာမင်တွေဟာ ပုံမှန် ဇီဝဖြစ်ပျက်မှု ဖြစ်စဉ် Metabolic Process တွေ အတွက်လိုအပ်ပါတယ် ။ ဒါပေမယ့်လည်း ခန္ဓာကိုယ်ဟာ ကော့ပါးကို ထုတ်လုပ်ခြင်းမပြုနိုင်ပါဘူး ။ လူတွေရဲ့အ စားအသောက်က တဆင့်သာလျှင် ပုံမှန်ပမာဏကို စုပ်ယူခြင်းအ တွက် ထောက် ပံ့ပေးနိုင် မှာဖြစ်ပါတယ် ။ ဒါပေမယ့်လည်း တခြား သတ္တုဓါတ်တွေနဲ့ အာဟာရ ဓါတ်တွေ လိုပဲ ကော့ပါး အလွန် များခြင်းနဲ့ ကော့ပါး အလွန်နည်းပါးခြင်းအခြေအနေများဟာ ခန္ဓာကိုယ် ထဲမှာ ကော့ ပါးပိုလျှံခြင်း နဲ့ ကော့ပါး ချို့တဲ့ခြင်း အခြေအနေတွေကို ဖြစ်စေနိုင်ပါတယ် ။ ဒီလို တစ်ဖက်စွန်းရောက် အခြေအနေမျိုးတွေမှာဆိုရင်တော့ ကျန်းမာရေးအတွက် ဆိုးကျိုးတွေဖြစ်စေနိုင်ပါတယ် ။

ခန္ဓာကိုယ်ထဲ မှာ ကော့ပါးဘယ်လောက်လိုအပ်သလဲ ?



ကမ္ဘာတ၀ှမ်းလုံးမှာ များပြားလှတဲ့ ကျန်းမာရေး ဆိုင်ရာ အေဂျင်စီတွေက သတ်မှတ် ထားတဲ့ နေ့ စဉ် ကော့ ပါးလိုအပ်ချက် (standard) တွေ သတ်မှတ်ထားပြီးဖြစ်ပါတယ် ။ သတ်မှတ်ထား ချက်တွေအ ရ ကော့ပါး လိုအပ်ချက်ဟာ လူကြီး ၊ ကိုယ်ဝန်ဆောင်သည်တွေနဲ့ ၊ ကလေးငယ်တွေ ၊ မွေးကင်းစ ကလေး ငယ်စတာတွေမှာ အသက်အရွယ်အမျိုးမျိုးအလိုက် ကွဲပြားခြားနားမှု ရှိပါတယ် ။ အရွယ်ရောက်ကြီး လူတစ်ယောက် ဟာ ကိုယ်အလေးချိန်နဲ့တွက်ဆမယ်ဆိုရင် 1.4 - 2.1 mg / kg လိုအပ်ပါတယ် ။ အနည်းငယ် မျှသော ပမာဏဖြစ်ပေ မယ့်လည်း အသက်ရှင်ကျန်းမာစွာ နေထိုင်နိုင်ဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ် ။ ကော့ပါး ချို့တဲ့ခြင်းနဲ့ အဆိပ် အတောက်ဖြစ်မှုတွေဟာလည်း မျိုးရိုးဗီဇ (Genetic သို့မဟုတ် Non-genetic) ဇစ်မြစ် လည်း ဖြစ်နိုင်ပါတယ် ။

ဘယ်လိုအလုပ်လုပ်သလဲ ?

ကော့ပါးဟာ အင်ဇိုင်းတွေ ထုတ်လုပ်ဖို့အတွက် အချို့သော ပရိုတိန်းတွေနဲ့ ပေါင်းစည်းပါတယ် ။ အဲဒီ အင်ဇိုင်းတွေ ဟာ လူ့ခန္ဓာကိုယ်ရဲ့ များပြားလှတဲ့ လုပ်ငန်းဆောင်တာတွေကို ကူညီဖို့ အကူပစ္စည်း (Catalysts) အဖြစ်ဆောင် ရွက်ပေး ပါတယ် ။ အချို့ကတော့ ဇီဝဓါတု ဓါတ်ပြုခြင်းတွေအတွက် လိုအပ်တဲ့ စွမ်းအင်ကို ထုတ် လုပ်ဖို့ ကူ ညီပေးကြပြန်တယ် ။ အချို့ကတော့ အရေပြားမှာ ရောင်ခြယ်တွေအတွက် Melanin အဖြစ်ပြောင်းပေး ဖို့အ တွက် ကူညီပေးပြီး ကိုလာဂျင် ၊ အီလက်စတင် (elastin) နဲ့တခြား connective tissue တွေ ပြုပြင်ဖို့ ထိမ်းသိမ်းဖို့လည်း ကူညီပေးပါတယ် ။ ဒါဟာ နှလုံးနဲ့ သွေးလွှတ်ကြောတွေအတွက် အလွန်အရေးကြီးတဲ့ အချက် တစ်ချက်လည်းဖြစ်တယ်။ လေ့လာစမ်းသပ်မှုတွေရဲ့အဖြေအရ ကော့ပါးချို့တဲ့ခြင်းဟာ နှလုံးသွေးကြောကျဉ်း
ရောဂါ (Coronary Heart Disease) အဖြစ်များစေခြင်းရဲ့အချက်တစ်ချက်ဖြစ်တယ်လို့ဆိုပါတယ် ။

ကော့ပါးကို လုံလောက်စွာ ရရှိနိုင်သလား ?

အခုလတ်တလော အချိန်အထိ လိုအပ်တဲ့ ကော့ပါးတွေကို သင့်လျှော်တဲ့ပမာဏအလျှောက် စားသုံးနေ ကြတယ်လို့ လူအများစုက ယုံကြည်လက်ခံထားကြပါတယ် ။ ဥပမာအားဖြင့် United Kingdom နဲ့ United States မှာဆိုရင် အစားအစာတွေရဲ့ မီနူးအများစုမှာ ပါဝင်တဲ့ metals တွေကို ဖော်ပြထားလေ့ရှိပါတယ် ။ လတ် တလော ပြုလုပ်ထားတဲ့ လေ့လာမှုအရ US မှာရှိတဲ့ လူဦးရေရဲ့ ၂၅ ရာခိုင်နှုန်းသာ လျှင် နေ့စဉ်လို အပ်တဲ့ ကော့ ပါးပမာဏကို စားသုံးကြတယ်လို့ US Food and Nutrition board of National Academy of Sciences က ဖော်ပြထားပါတယ် ။ US မှာရှိတဲ့ ထိပ်တန်းအစားအသောက်တွေမှာ ဒီပမာဏရဲ့ တစ်ဝက်လောက် ကိုသာ ထောက် ပံ့ထားပြီး အချို့သော စက်မှုတိုင်းပြည်တွေက အစားအသောက်တွေ မှာဆိုရင် နေ့စဉ် လိုအပ်ချက် (RDA - Recommended Daily Allowance) ရဲ့ ၄၀% သောက် လျှင် ထောက်ပံ့ပေးနိုင် တာတွေ့ရ ပါတယ် ။ United Kingdom မှာဆိုရင် ၁ နှစ်မှ ၃ နှစ်အရွယ်သားဆိုရင် 0.4mg/day လိုအပ်ပြီး လူကြီးတွေ ကတော့ 1.2 mg/day လိုအပ်တယ်လို့ ထောက်ခံထားပါတယ် ။ နောက်ထပ်လေ့လာမှုအရ သင့်လျှော်မျှတတဲ့ အစားအသောက်တွေမှာ လူကြီးတွေအတွက် 1mg copper/day အောက်လျော့နည်းနေတယ်လို့ သံသယ ဖြစ်စရာ တွေ့လာရပြန်ပါတယ် ။ World Health Organization နဲ့ Food and Agricultural Administration (FAA) တို့က အကြံပြုထားတာကတော့ အမျိုးသားတွေမှာတော့ 12 mg/day ထက် မကျော်စေသင့်ပဲ အမျိုးသ မီးတွေမှာတော့ 10mg/kg ထက်မကျော်စေသင့် ဟူ၍ ဖြစ်ပါတယ် ။ ဒါဟာ လူထုထဲမှာ ဘယ်ပမာ ဏလောက် ကော့ပါးစားသုံးရင် ဇီဝဓါတု သက်သေအရ ဘယ်လောက်ထိ ဘေးထွက်ဆိုးကျိုးရှိနိုင်သလဲဆိုတာ ကို စမ်းသပ်ထားချက်အရ ဖော်ပြထားတာဖြစ်ပါတယ် ။

အိန္ဒိယ ကလေးငယ်တွေမှာဖြစ်တဲ့ အသဲခြောက်ရောဂါ နဲ့ မျိုရိုးဗီဇ ရောဂါတွေဖြစ်တဲ့ Wilson's disease တွေ မှာ ကော့ပါးဓါတ် အလွန်အမင်းများပြားမှုကြောင့်ဆိုတာ တွေ့ရပြီး အဲဒါဟာ အသည်းကို ထိခိုက်စေနိုင် ယုံသာ မက သေစေနိုင်တဲ့အထိပါ ဖြစ်စေပါတယ် ။ လတ်တလော ကော့ပါး အဆိပ်သင့်ခြင်းရဲ့ လက္ခဏာတွေ ကတော့ ပျို့ခြင်းအန်ခြင်း ဗိုက်အောင့်ခြင်းနဲ့ကြွက်သားတွေနာခြင်းတို့ဖြစ်ပါတယ် ။ ခန္ဓာကိုယ်ထဲမှာ ပိုလျှံနေတဲ့ကော့ ပါးတွေကိုတော့ သီးခြား ဓါတ်ပျယ်စေသော Chelating agents သို့မဟုတ် ဇင့်ဓါတ်တွေ အများကြီး သောက် သုံးခြင်း အားဖြင့် ဖယ်ထုတ်ပေးနိုင်ပါတယ် ။

ကော့ပါးများတဲ့ အစားအစာတွေက ဘာတွေလဲ ?

အချို့သော အစားအသောက်တွေမှာ ကော့ပါးဓါတ်များစွာ ပါဝင်ပါတယ် ။ အဲဒါတွေကတော့ အခွံမာသီးများ ၊ အစေ့အ ဆံများ ( နေကြာစေ့ ၊ ဘိန်းစေ့) ၊ ကုလားပဲ ၊ အသည်းအမြစ် ၊ ကမာ ၊ မုတ်ကောင်စသည်တို့ဖြစ်ပါတယ် ။ သဘာဝ အစားအစာတွေဖြစ်တဲ့ နှံစားပင် ၊ ကောက်နှံပင် ၊ အသားနဲ့ငါးတွေမှာ လိုအပ်တဲ့ကော့ပါးရဲ့ ၅၀ % လောက်ထိ ထောက်ပံ့ပေးနိုင်ပါတယ် ။ United Kingdom မှာဆိုရင်တော့ နေ့စဉ်လိုအပ်တဲ့ကော့ပါးဓါတ်ကို Copper pipes တွေကတဆင့် သောက်သုံးရေတွေကနေ ရရှိတယ်လို့ သိရပါတယ် ။ ဒါပေမယ့်နေရာ အများစု
မှာတော့ ရေထဲမှာပါဝင်တဲ့ကော့ပါးဓါတ်က နေ့စဉ်လိုအပ်တဲ့ ကော့ပါးပမာဏကို ထောက်ပံ့မပေး ထားနိုင်ပါဘူး ။ အချို့သော walter filters ( ရေစစ်) တွေက အရေးကြီးတဲ့ metals တွေဖြစ်တဲ့ ကော့ပါး လိုမျိုး ကို သောက်ရေထဲက စစ်ထုတ်လိုက်တဲ့အတွက် ကော့ပါးဓါတ်တွေနည်းပါးရခြင်းဖြစ်တယ်လို့ဆိုပါတယ် ။

ကော့ပါးနှင့် ဆေးဝါး

ရင်ဘတ်အနာတွေနဲ့ သောက်ရေတွေကို သန့်စင်စေဖို့အတွက် ရှေး နှစ်ပေါင်း များစွာကတည်းက ကော့ပါးကို ဆေးဝါးအဖြစ်အသုံးပြုခဲ့ကြပါတယ် ။ လတ်တလောလေ့လာထားမှုအရ ကော့ပါးဟာ အဆစ်အမြစ်ရောင်ခြင်း နဲ့တခြားရောဂါတွေမှာ ရောင်ရမ်းခြင်း ( inflammation) ကို လျော့ကျစေတယ်လို့ဆိုပါတယ် ။ အနာတွေကို ပျောက်စေခြင်းရှိမရှိနဲ့ ကော့ပါးပါဝင်တဲ့ အရောင်ကျဆေးတွေ ၊ ဓါတ်ရောင်ခြည် အခန်းကဏ္ဍ နဲ့ သတိလစ်ခြင်း တက်ခြင်းတို့မှာ အသုံးဝင်မှုတွေကို ဆက်လက်လေ့လာနေကြပါတယ် ။ အဆစ်အမြစ်ရောင်ခြင်းကို ကာကွယ်ပေးနိုင်တယ်လို့ သက်သေအတိအကျမရှိပေမယ့် ကော့ပါး ခြေကျင်းနဲ့လက်ကောက်တွေကို ၀တ်ဆင်ခြင်းဟာ ရောင်ရမ်းလက္ခဏာတွေ သက်သာဖယ်ရှားပေးနိုင်ပါတယ် ။

ကော့ပါးအဆိပ်အတောက်ဖြစ်ခြင်း

ရှားတော့ရှားပါတယ် ။ ကော့ပါးဆာလဖိတ် ၊ ကော့ပါးနိုတ်ထရိတ်ပါဝင်တဲ့ အရည်တွေကို အိမ်မှာ လွယ်လွယ်
ကူကူ မသောက်သုံးမိအောင် ကန့်သတ်ဖယ်ရှားထားသင့်ပါတယ် ။ အောဂဲနစ်ကော့ပါး ဆား တွေဟာ အလွန်ကောင်းတဲ့အအန်ပျောက်စေတဲ့အစွမ်းရှိပြီးမလိုလားအပ်တဲ့ ကော့ပါးအများကြီးစုပုံခြင်းကိုတော့
အန်စေခြင်းဖြင့် ဖယ်ရှားနိုင်ပါတယ် ။ နာတာရှည်ကော့ပါး အဆိပ်အတောက်ဖြစ်ခြင်းကတော့ အလွန်ရှားပါးပြီး အသည်းရော ဂါရှိသူတွေမှာ အနည်းငယ်မျှသာတွေ့ရပါတယ် ။

ကော့ပါးနှင့်ကျန်းမာရေး

ကျန်းမာရေးကို အထောက်အကူဖြစ်စေနိုင်ဖို့အတွက် နေ့စဉ်စားသောက်တဲ့အစားအသောက်တွေမှာ ကော့ပါးဓါတ်တော့ပါဝင်
ရမှာဖြစ် ပါတယ် ။ အပင်တွေနဲ့တိရိစ္ဆာန်တွေဟာ ကျန်းမာဖွံ့ဖြိုးဖို့အတွက် ကော့ပါးဓါတ်ကိုတော့ လိုအပ်ပါတယ် ။ တခြားဖြည့်စွက်ကော့ပါး ဆေးတွေမသောက်ပဲနဲ့လည်းနေ့စဉ်စားသောက်နေတဲ့ အစားအစာ ၊ သင့်တင့်ညီ ညွတ်တဲ့ diet တွေကနေပြီးတော့လည်း ကော့ပါးကို ရရှိနိုင်ပါတယ် ။

ကော့ပါး ပါဝင်သောသောက်ဆေးများ

ကော့ပါး ပါဝင်တဲ့သောက်ဆေးတွေကတော့ ကော့ပါးဓါတ်ချို့တဲ့ခြင်းမဖြစ်အောင် ကာကွယ်တား ဆီးပေးနိုင် ပါတယ် ။ ဒါပေမယ့်လည်း ဒီသောက်ဆေးတွေကိုတော့ ဆရာဝန်ရဲ့ ညွှန်ကြားမှုအောက် မှာပဲသောက် သုံးရမှာဖြစ် ပါတယ် ။ မတူညီတဲံ သောက်ဆေးတွေမှာ မတူညီတဲ့ စုပ်ယူမှုနှုန်းတွေရှိပါတယ် ။ ဥပမာအားဖြင့် cupric oxide supplement မှာပါဝင်တဲ့ကော့ပါးစုပ်ယူမှုနှုန်းဟာ copper gluconate , sulfate, carbonate ထက်စာ ရင် နည်းတာကိုတွေ့ရပါတယ် ။ တကယ်တော့ သောက်ဆေးတွေဆိုတာ သာမန်ကျန်းမာနေ တဲ့လူတွေအတွက် သောက်ကိုသောက်ဖို့လိုတယ်လို့ ထောက်ခံထားခြင်းမရှိပါဘူး ။ ဒါပေမယ့် လည်း နေ့မစေ့ လမစေ့ပဲမွေးတဲ့ကလေးတွေ ၊ ပေါင်မပြည့်တဲ့ကလေးတွေနဲ့ မိခင် နို့မသောက်ရပဲ ဖြည့်စွက်နို့ မှုန့်တွေ သောက်နေ တဲ့ ကလေးတွေမှာတော့ဆရာ ၀န်ရဲ့ညွှန်ကြား ချက်နဲ့ ကော့ ပါးဖြည့်စွက် သောက်ဆေးတွေ သောက်ဖို့လိုအပ်ပါတယ် ။ ဆရာဝန်တွေကအောက် ပါအခြေအနေတွေ မှာကော့ပါးပါ ၀င်တဲ့သောက်ဆေးတွေကိုညွှန်ကြားမှာဖြစ်ပါတယ် ။

၁ ။ အစာမကြေဖျားနာခြင်းများ ( ကလေးငယ်များတွင် ခဏခဏ၀မ်းပျက်ခြင်း ၊ ပိုးဝင်ခြင်း ၊ အရက်သောက် သုံးသူများ )
၂ ။ အစားအသောက်မမှန်ခြင်း (အသက်ကြီးသူများ ၊ အစာမစားနိုင်သောအခြေအနေများ)
၃ ။ ကော့ပါး အားတားမြစ်သော ဆေးဝါးများအား သောက်သုံးနေရသော လူနာများ
၎ ။ သွေးအားနည်းခြင်းကြောင့် အိုင်းယွန်းပါဝင်သောသောက်ဆေးများသောက်သုံးနေရသူများ
၅ ။ ဇင့် ဓါတ်ပါဝင်သော သောက်ဆေးများ သောက်သုံးနေရသူများ
၆ ။ အရိုးပွရောဂါ Osteoporosis ဖြစ်ပွားနေသူများ စသည်တို့ဖြစ်ပါတယ် ။

Ref : http://www.copperinfo.co.uk/health/
http://en.wikipedia.org/wiki/Copper_in_health

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, September 28, 2011

မြစ်ဆုံအရေး သွေးတော့မအေးသွားစေချင်

မြစ်ဆုံအရေး သွေးတော့မအေးသွားစေချင်

ပထမဆုံးအနေနဲ့ ၂၃ ရက်နေ့ ၀န်းကျင်မှာ ဘလော့ဂ်တိုင်းလိုလိုမှာ မြစ်ဆုံ စီမံကိန်းကို ကန့်ကွက်ကြောင်း ကဗျာတွေ စာတွေ တင်တာတွေ့ရတော့ ဘလော့ဂါတွေရဲ့ စည်းလုံးညီညွှတ်မှုကိုတွေ့ပြီး ကိုယ့်ကိုယ်ကိုလည်း ဘလော့ဂ် ဂါတစ်ယောက်ဖြစ်ရတာ အရမ်းပဲ ဂုဏ်ယူမိပါတယ် ။ ၂၃ ရက်နေ့နောက်ပိုင်းမှာ လည်း တခြားပို့စ်တွေ တင်ရင် မြစ်ဆုံအရေးကို ကြာရင် ကျွန်တော်တို့ သွေးအေးသွားကြမှာလား ။ အဲဒီလို မဖြစ်စေ ချင်တဲ့အတွတ် ဒီပို့စ်လေးကိုတင်လိုက်ရခြင်းဖြစ်ပါတယ် ။ ဒီတစ်ပတ်ထုတ် Bi-weekly news journal မှာ “ လူ ၂၀၀ ခန့်ပါသော ဆန္ဒပြမှု တစ်ခုဖြစ်ပွား၊ အမျိုးသား ရင်ကြားစေ့ရေးကို ပျက်ပြားစေသော အနှောက်အယှက် လုပ်ဆောင်မှုဖြစ်ပြီး လက်မခံကြောင်း သတင်းစာ ဆရာကြီးများနှင့် လူများစု ပြောကြား” ဆိုတဲ့ သတင်းလေး ဖတ်လိုက် ရပါတယ် ။ ဒီမြစ်ဆုံအရေးကို အခြေအတည်ပြီး အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့တခြား အခွင့်အ လမ်းကောင်းတွေ ဆက်လက်ဖော်ဆောင်နိုင်ဖို့ အကောင်းဆုံးလှေကားတစ်ထစ်ဖြစ်တယ်လို့ ကျွန်တော် ကမြင် မိတယ် ။ ဒီတော့ အခုအချိန်မှာ မြစ်ဆုံ အရေးကို သွေဖယ်သွားစေမယ့်မည်သည့် အရာကိုမဆို ခဏလောက် ဆိုင်းငံ့ခြင်း သို့မဟုတ် မလုပ်သင့်ဘူးလို့ မြင်မိပါတယ် ။

အခုဆို မီဒီယာတွေ သာမက တခြား စာရေး ဆ ရာတွေနဲ့ လူထုခေါင်းဆောင်တွေပါ ပါဝင်လာကြတဲ့ ဒီကိစ္စဟာ စုစည်းမှု နဲ့ညီညွတ်မှုကို ပြသနိုင်တဲ့ ပြယုဉ် တစ် ခု လည်းဖြစ်လို့နေပါပြီ ။ ဒါပေမယ့်လည်း ရန်ကုန်မြို့ ထဲမှာပဲနေပြီး မြန်မာနိုင်ငံထဲမှာပဲနေပြီး မြစ်ဆုံအရေး ကို မသိကြသေးတဲ့ လူတွေလည်းအများကြီးရှိပါသေးတယ် ။ ဒီတော့ တတ်နိုင်သမျှ သိရှိ သွားအောင် သိတဲ့ သူတွေကလည်းပြန်လည်ဖြန့်ဖြူးပေးလို့လိုအပ်ပါတယ် ။ စိတ်ကူးတွေထဲက လွတ်လပ်စွာ ပျံသန်းနိုင်မယ့် အနာဂတ်အိပ်မက်တွေလည်း မဝေးတော့ပါဘူး ။

တတ်နိုင်သလောက်ပေါ့ ကျွန်တော်တို့ ဘလော့ဂ်တွေကနေပြီးလည်း မြစ်ဆုံစီမံကိန်းကိုကန့်ကွက်ကြောင်း ဘလော့ဂ်တွေရေး သားပြီးနောက် တစ်ပတ်လောက်ကြာရင် သွေးအေးသွားရမယ့်အဖြစ်ကို ကျွန်တော် ကတွေးပြီး ရင်လေး မိပါတယ် ။ ဒီတော့ အချိန်တန်ရင် နောက်ပို့စ်တွေဆက်တင်ရင် အဲဒီကန့် ကွက်ကြောင်း ပို့စ်က အောက်ရောက်သွားပြီး နောက်ဆိုရင် Home Page ကနေ လုံးဝပျောက်ထွက်သွားမှာဖြစ်ပါတယ် ။ အဲဒီလို မဖြစ်ရအောင် ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ ။ ကျွန်တော်စဉ်းစားမိတာတစ်ခုရှိပါတယ် ။ အဲဒီကျွန်တော်တို့ ကန့်ကွက်ကြောင်း ဘလော့ဂ်ပို့စ်လေးကို ကျွန်တော်တို့ ဘလော့ဂ်တွေရဲ့ Side bar သို့မဟုတ် Blog Post အပေါ် သို့ မဟုတ် အောက်ဖက်မှာ ချိတ်ထားလိုက်ရင်မကောင်းဘူးလား ။ ဒါဆို စာဖတ်သူတွေအနေနဲ့ အချိန်တိုင်း အဲဒီပို့စ်ကိုမြင်နေရမှာဖြစ်ပြီး အချိန်မရွေး ၀င်ဖတ် ဆွေးနွေးနိုင်မှာဖြစ်ပါတယ် ။ ဘယ်လိုလုပ်ရမလဲဆိုတာ အသေးစိတ်ကျွန်တော်ပြောပြသွားပါ့မယ် ။ ကျွန်တော့်လို Image link မလုပ်ချင်လဲ တခြား Html code တွေနဲ့ ချိတ်လည်း ရပါ့တယ် ။ Link ကြီးသက်သက်ချိတ်လည်းရပါတယ် ။ အရေးကြီးတာက ဘလော့ဂ်မှာ ချိတ်ထား မိဖို့ပါပဲ ။ ရိုးရှင်းလွယ်ကူသောနည်းလေးတစ်ခုကို တင်ပြပေးပါ့မယ် ။ ၂ မျိုးလုပ်ပြထားပါတယ် ။ အပေါ်မှာ ပဲဖြစ်ဖြစ် ဘေးမှာပဲဖြစ်ဖြစ် တစ်ခုချိတ်ရင်ရပါပြီ ။

အရင်ဆုံးကျွန်တော်သုံးမယ့် code ကအောက်ပါအတိုင်းဖြစ်ပါတယ် ။

<center><a href=" URL " target="_blank"><img src=" Image URL"/></a></center>

URL နေရာမှာ ကိုယ်ချိတ်မယ့် ( မြစ်ဆုံစီမံကိန်းနဲ့ပတ်သတ်တဲ့ပို့စ် link address ) လင့်ကို ထည့်ရမှာဖြစ်ပြီး အနောက် က Image URL နေရာမှာတော့ ကိုယ့်ဘာသာ တခြားဖန်တီးထားတဲ့ပုံကို hosting မှာတင်ပြီးပြန် ယူသုံး ရင် သုံး သို့မဟုတ် ကျွန်တော်ပေးထားတဲ့ ပုံကိုပဲအဆင်သင့်ယူသုံးမယ်ဆိုရင်လည်းရပါတယ် ။ လွယ် လွယ်လေး ပါပဲ ။ ကဲ ဆက်လက်လေ့လာကြည့်ရအောင် ။



size : 450 x 150 pixels

ဒီပုံလေးကတော့ Blog Post အပေါ်မှာ ချိတ်ထားတဲ့ပုံဖြစ်ပါတယ် ။ အပေါ်မှာပဲချိတ် ချိတ် အောက်မှာ ပဲချိတ်ချိတ်ရပါတယ် ။ အဲဒီပုံလေးနဲ့လင့်ချိတ်ချင်တယ်ဆိုရင်တော့ အောက်မှာ ကူးပြီး Dashboard>Layout>Add a gadget>Html/Javascript ကိုရွေးပြီးထည့်လိုက်ယုံပါပဲ ။ သတိထားရ မှာက အောက် မှာပေးထားတဲ့ကုတ်ရဲ့ အရှေ့က http://www.thettantcho.com/2011/09/blog-post_23.html ဆိုတဲ့နေရာမှာ ကိုယ့်ဘလော့စ်ပို့စ်ရဲ့လင့်ကိုပြောင်းချိတ်ပေးဖို့ပါပဲ ။

<center><a href="http://www.thettantcho.com/2011/09/blog-post_23.html "><img src=" https://fbcdn-sphotos-a.akamaihd.net/hphotos-ak-ash4/311424_120476268057046_100002840190279_105817_708860478_n.jpg" /></a></center>



size : 210 x 350 pixels

ဒီပုံလေးကတော့ Side bar မှာချိတ်ထားတဲ့ပုံစံဖြစ်ပါတယ် ။ အဲဒီပုံလေးနဲ့လင့် ချိတ်ချင်တယ် ဆိုရင်တော့ အောက်မှာ ကူးပြီး Dashboard>Layout>Add a gadget>Html/Javascript ကိုရွေးပြီးထည့် လိုက်ယုံပါပဲ ။ သတိထားရမှာက အောက်မှာပေးထားတဲ့ကုတ်ရဲ့ အရှေ့က http://www.thettantcho.com/2011/09/blog-post_23.html ဆိုတဲ့နေရာမှာ ကိုယ့်ဘလော့စ် ပို့စ်ရဲ့လင့်ကိုပြောင်းချိတ်ပေးဖို့ပါပဲ ။

<center><a href="http://www.thettantcho.com/2011/09/blog-post_23.html "><img src="https://fbcdn-sphotos-a.akamaihd.net/hphotos-ak-snc7/321641_120476291390377_100002840190279_105818_1812994831_n.jpg " /></a></center>



ကဲဒီလိုဆိုရင် ကျွန်တော်တို့ ဘလော့ဂ်တွေမှာ မြစ်ဆုံစီမံကိန်းကိုကန့်ကွက်ကြောင်း ပုံလေးတွေပေါ်နေမှာဖြစ်ပြီး အမြဲတမ်း မြင်တွေ့နေရမှာဖြစ်ပါတယ် ။

သိချင်တာတွေကိုမေးသွားနိုင်ပါတယ် ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, September 23, 2011

မြစ်ဆုံစီမံကိန်းကို လုံးဝ ကန့်ကွက်ပါကြောင်း

မြစ်ဆုံစီမံကိန်းကို လုံးဝကန့်ကွက်ပါကြောင်း



မေခနှင့် မလိခ မြစ်ဆုံတွင် တည်ဆောက်နေသော မြစ်ဆုံစီမံကိန်းအား ဤဘလော့ဂ်မှ လုံးဝကန့်ကွက်ပါတယ် ။ အပြည့်အ စုံကို အောက်ပါလင့်များတွင်ဖတ်ရှုနိုင်ပါတယ် ။

ဧရာဝတီမြစ်နှင့်မြစ်ဆုံသည် Market မဟုတ်ပါ

ဖျားနာနေသော ဧရာဝတီကို ၀ိုင်းဝန်းကုစားကြဖို့ ( အပိုင်း ၁)

ဖျားနာနေသော ဧရာဝတီကို ၀ိုင်းဝန်းကုစားကြဖို့ ( အပိုင်း ၂)

မိုးရေစက်လေးများစုပေါင်းပြီး ပင်လယ်သမုဒ္ဒရာကြီး ဖြစ်လာရသကဲ့သို့ တစ်ဦးတစ်ယောက် တည်းအားဖြင့်မစွမ်း သာ လျှင် လူအများစုစည်းပါက အောင်မြင်ခြင်းလမ်းသို့ ရောက်နိုင်ရာ၏ ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ဧရာဝတီမြစ်နှင့်မြစ်ဆုံသည် Market မဟုတ်ပါ

ဧရာဝတီမြစ်နှင့်မြစ်ဆုံသည် Market မဟုတ်ပါ




ပထမဆုံးအနေနဲ့ မြစ်ဆုံစီမံကိန်းကို ဆက်မလုပ်ကြဖို့ ပြည်သူတစ်ဦးအနေနဲ့ ဘလော့ဂါတစ်ဦးအနေနဲ့ တိုက်တွန်း လိုပါတယ် ။ အပြင်းအထန်လည်းကန့်ကွက်ပါတယ် ။ အဖက်ဖက်က ပညာရှင်တွေ သဘာဝလေ့လာရေး ပညာရှင်တွေ ရဲ့ စာတမ်းတွေနဲ့ ဆိုးကျိုးတွေကိုအသာထား ဧရာဝတီကို ချစ်မြတ်နိုးတဲ့ မြန်မာနိုင်ငံသား တစ်ယောက် အနေနဲ့ ဧရာဝတီမြစ်ဆုံ စီမံကိန်းက ရရှိလာမယ့် အကျိုးအမြတ်တွေကိုမလိုချင်ပါဘူး ။ သဘာဝ အလှတွေနဲ့ ပြည့်နှက်နေတဲ့ ဧရာဝတီမြစ်ဆုံနဲ့တကွ ဧရာဝတီမြစ်ကြီးကို သဘာဝအတိုင်းလေးပဲ ထားရှိစေ ချင်ပါတယ်လို့ ပထမဆုံးပြောလိုပါတယ် ။ ဒီနေ့ တင်ပြချင်တာကတော့ မြစ်ဆုံစီမံကိန်းနဲ့ပတ်သတ်ပြီး ဆွေးနွေးမှု အချို့နဲ့ကောက်နှုတ်ချက်များပဲဖြစ်ပါတယ် ။ ပိုအရေးကြီးလာတာက ယခုအပတ်ထုတ် Friday September 23 2011 အတွက် Bi-weekly eleven ကာဗာအတွင်းပိုင်းမှာ “ ဧရာဝတီမြစ်ဆုံနှင့် အထက်ဘက် မေခ-မလိခ မြစ်ဝှမ်း တွင် ရေအား လျှပ်စစ်စီမံကိုန်း ရှစ်ခုအား အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိ ” ဆိုတဲ့ သတင်းပါလာပါတယ် ။ အဲဒီအထဲမှာ “ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအကောင်အထည်ဖော်မှု ၁၀ ရာခိုင်နှုန်းပြီး စီးနေ ပြီဖြစ်ကာ ချီဗွေငယ် ရေအားလျှပ်စစ်စီမံကိန်း မှာမူ ၉၇ ရာခိုင်နှုန်းကျော် ပြီးစီးနေ ပြီဖြစ် ပြီး ကျန်စီမံ ကိန်းခြောက် ခုမှာ စူးစမ်းလေ့လာရေးနှင့် တည်ဆောက်ရေး အကြိုလုပ်ငန်း များအား ဆောင်ရွက် လျှက် ရှိကြောင်း ” ဆိုပြီးဖော်ပြထားပါတယ် ။ အတိုက်အခံတွေ နဲ့ကန့်ကွက်သူအများ အပြားရှိနေတာတောင် မရပ်တန့်ထားပဲ ဆက်လက် ဆောင်ရွက်နေတယ်ဆိုတော့ ရင်လေးစ ရာကြီးတော့ဖြစ်လို့ လာပါပြီ ။ နောက်ဆုံးကြားသိရတဲ့သတင်းကတော့ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းကာကွယ်ရေး ဥပဒေထွက် လာရင် သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးအဖွဲ့ကို ၂၁ ယောက်နဲ့ဖွဲ့စည်းမယ်လို့သိရပါတယ် ။ အဲဒီအဖွဲ့က လည်း သဘာဝပတ်ဝန်းကျင် ပျက်ဆီးမယ့်အခြေအနေမျိုးပေါ်ပေါက်လာရင် တားဆီးပိုင်ခွင့်ရှိတယ်လို့ဆိုပါတယ် ။ အဲဒါလေးကတော့ ၀မ်းသာစရာပါပဲ ။


အရင်ဆုံးဖော်ပြချင်တာကတော့ ဦးဇော်မင်း (အမှတ်(၁)လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး) ရဲ့ မိန့်ခွန်းအချို့ဖြစ်ပါတယ် ။

“အခု တစ်လလောက်အတွင်းမှာဖြစ်နေတဲ့ ဧရာဝတီရောဂါနဲ့ အမီလိုက်နေသူများရဲ့ မေးခွန်းတွေနဲ့ ကာ တွန်းတွေ၊ အခု ဧရာဝတီမြစ်ဆုံစီမံကိန်း ဆက်လက် လုပ်ဆောင်ဖို့ ရှိပါသလား၊ ဘယ်အ ဆင့်ရောက်နေ ပြီလဲလို့ မေးပါတယ်။ ဧရာဝတီမြစ်ဆုံစီမံကိန်းကို ဆက်လုပ်ပါမယ်။ ကျွန်တော်တို့ ဘယ်တော့ မှ နောက်မ ဆုတ်ပါဘူး။ ”

ရင်လေးစရာပါပဲ ပြတ်ပြတ်သားသားဆက်လုပ်မယ်လို့ အတိအလင်းကြေငြာလိုက်တယ်လို့ ခံစားမိ ပါတယ် ။

“ ဘယ်အဆင့်ထိ ရောက်နေပြီလဲဆိုတော့ အခုချိန်မှာတော့ ကျွန်တော်တို့က အကြိုအင်ဂျင်နီယာ လုပ်ငန်းတြွေ ဖစ်တဲ့ စီမံကိန်းတည်ဆောက်မယ့် ဧရိယာကို ရှင်းလင်းခြင်းလုပ်ငန်းတွေ၊ စီမံကိန်း ဧရိယာထဲမှာ ရှိတဲ့လူတွေ ကို ပြန်လည်နေရာချထားတဲ့ လုပ်ငန်းတွေ၊ နောက်တစ်ခါ လုပ်ဆောင်စ ရာရှိတဲ့ စီမံ ကိန်းနဲ့ပတ်သက်တဲ့ အင်ဂျင်နီယာ လုပ်ငန်းတွေ စတင်လုပ်ဆောင်နေပါတယ်။ ဒီလုပ်ငန်းကို ကျွန်တော် တို့စလုပ်တဲ့ အချိန်က စပြီးတော့ ရှစ်နှစ်အတွင်းမှာ အပြီးလုပ်မှာဖြစ်ပါတယ်။ ဒီလုပ်ငန်းနဲ့ ပတ် သက်ပြီးတော့ နောက်မဆုတ်ပါဘူး။ ”

နောက်မဆုတ်ဘူးတဲ့ အကျိုးနဲ့အကြောင်းနဲ့ အများပြည်သူရဲ့ ဆန္ဒကို တကယ်ပဲ လစ် လျှူရှုမယ့် သဘောရှိပါတယ် ။

“ အဲဒီတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က ကန့်ကွက်နေ လို့ နောက်ဆုတ်မှာလား လို့ မေးခွန်းတစ် ခုမေး ပါတယ်။ နောက်မဆုတ်ပါဘူး။ ဆက်လုပ်မှာဖြစ်ပါတယ်။ UN က ထပ်မံစစ်ဆေးဦးမှာလား၊ UN နဲ့ ဒီကိစ္စနဲ့ ဘာမှ မဆိုင်ပါဘူး။ ကျွန်တော်တို့နိုင်ငံနဲ့ပဲ ဆိုင်ပါတယ်။ ကျွန်တော်တို့သည် ကျွန်တော်တို့ နိုင်ငံရဲ့ လျှပ်စစ်မီးရ ရှိရေးဟာ ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွား ဖြစ်ပါတယ်။ ဒီအမျိုးသား အကျိုးစီးပွားကို ဆက် ပြီးအောင်မြင်အောင် လုပ်မှာဖြစ်ပါတယ်။ ကျန်တာ ကိစ္စတွေ ကတော့ နောက် မှရှင်းပြမယ် "

အမျိုးသားအကျိုးစီးပွား ဆိုတဲ့စကားလုံးက အတော်လေး လေးနက်ပြီး အတိုင်းအ တာတစ်ခု ထိ ရောက် သွားပါ တယ် ။ ဘယ်သူတွေ စီးပွားတက်သွားမှာလဲ ။ မြန်မာနိုင်ငံကပြည်သူတွေလား ? ဒါမှမဟုတ် တရုတ် လား ? ဒါမှမဟုတ် ပွဲစားလား ?

“ ဒီမှာ တက်ရောက်သောသူများ နည်းနည်းလေး ရေအားလျှပ်စစ်စီမံကိန်းနဲ့ ပတ်သက်ပြီး Knowledge လေး ရအောင် ကျွန်တော် နည်းနည်းရှင်းပြပါမယ်။ ရေအားလျှပ်စစ်စီမံကိန်း တစ်ခုလုပ် ဖို့ဆို သည်မှာ အနည်းဆုံး သုံးနှစ်လောက် လေ့လာရပါတယ်။ သုံးနှစ်လောက် လေ့လာတဲ့အတွင်းမှာ ဒီမြစ် ၀ှမ်းကြီးတစ်ခုမှာ ဘယ်နေရာတွေ မှာ စီမံကိန်းတွေ ဘယ်လိုလုပ်လို့ရတယ်ဆိုတာ သူရဲ့ Geology အနေအ ထား၊ သူရဲ့ရေစီးရေ လာ Hydrology အနေအထား အကုန်လုံး သုံးနှစ်လောက် လေ့ လာရပါ တယ်။ သုံးနှစ်လောက် လေ့လာပြီးတဲ့အခါကျတော့မှ ဘယ်နေရာတွေမှာ လုပ် ရင်တော့ ဖြစ်နိုင် ပါတယ် ဆိုတာ proposal လေး တစ်ခုရလာတယ်။ အဲဒီလို proposal လေးရလို့ရှိရင် ဘယ်နေရာဟာ အကောင်း ဆုံး ဖြစ်မ လဲဆိုတာ ထပ်ပြီးတော့ လေ့လာရပါတယ်။ အကောင်းဆုံးဖြစ်မယ့် တစ်နေရာ ကို ရွေးပြီးတော့ အဲဒါကို ထပ်လေ့ လာတာ၊ အသေးစိတ် ထပ်လေ့လာတာ တစ်နှစ်လောက်ကြာပါတယ်။ အဲဒါပြီးတော့မှ ဒီလုပ်မယ့်နေရာနဲ့ ပတ်သက်တဲ့ design အသေးစိတ်ဆွဲရပါတယ်။ ဒီဥစ္စာတွေအား လုံးဟာ အနည်းဆုံး သုံးနှစ်၊ လေးနှစ် မကြာဘဲနဲ့ စီမံကိန်းတစ်ခု မဖြစ်ပေါ်လာဘူး။ စီမံကိန်းသစ်ကို လုပ်ဆောင် တိုင်းမှာ Tactical အရ ဒါတွေလေ့လာရတဲ့အပြင် သဘာဝပတ် ၀န်းကျင်ထိခိုက်မှု အကျိုး သက်ရောက်မှု ဘာတွေရှိမလဲ ဒါကိုလည်း တစ်ချိန် တည်းမှာ လေ့ လာရတယ်။ ဒီသက်ရောက်မှုတွေ အားလုံး ဟာ ကျွန်တော်တို့ ၀န်ကြီးဌာနက မလေ့လာဘူး။ ကျွန်တော်တို့က ပိုက်ဆံပေး ငှားပြီး လေ့လာပါတယ်။ ဥပမာ မြစ်ဆုံကို ပြောတာပေါ့။ မြစ်ဆုံကို လေ့လာတာ ဆိုရင် BANCA က လေ့ လာတယ်။ BANCA ကို ကျွန်တော်တို့ ဘယ်လောက်ပေးရလဲဆိုရင် ၁ ဒသမ ၂၅ သန်း အမေရိ ကန်ဒေါ်လာ ပေးရတယ်။”


ဘုရားဘုရား ၁ ဒသမ ၂၅ သန်း အမေရိကန်ဒေါ်လာ ဆိုတာ ဘယ်လောက်တောင် များပြားတဲ့ငွေကြေး ပါလိမ့် စဉ်းတောင် မစဉ်းစားရဲဘူး အဲဒီငွေကြေးတွေ ကို ကျေးရွာ တွေနဲ့မဖွံ့ဖြိုးသေးတဲ့ ဒေသတွေ ကျန်းမာရေး လုပ်ငန်းတွေနဲ့ တခြားပရဟိတ တွေ မှာ အသုံးပြုလိုက်ရင် အတော်ကြီးအ ကျိုးရှိလိမ့် မယ်လို့ မြင်မိပါတယ် ။

“ ဒီဟာတွေဟာ ကျွန်တော်တို့ ၀န်ကြီးဌာနက လေ့လာတယ်ဆိုရင် ကိုယ့်ဖာသာကိုယ် လေ့လာပြီးတော့ ကိုယ့်ဖာသာကိုယ် လုပ်သလို ဖြစ်မှာစိုးတဲ့အတွက် Third Party ဖြစ်တဲ့ အဖွဲ့အစည်းကိုလေ့လာခိုင်းပါတယ်။ Tactically အရ နည်းပညာအရ လေ့လာမယ်ဆိုရင်လည်း ကမ္ဘာမှာရှိတဲ့ နိုင်ငံကျော်ဒီဇိုင်းနဲ့ Institute တွေကို ငှားပြီးတော့ လေ့လာရပါတယ်။ ဒါမှသာလျှင် တစ်နေရာ တစ်နေရာမှာ အင်မတန် သေချာတဲ့ စီမံကိန်းတစ်ခု ရပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ လေ့လာခဲ့တဲ့ စီမံကိန်းဟာ Environmental အရရော၊ Tactically အရရော သေချာလေ့လာပြီးသား လုပ်တဲ့စီမံကိန်းဖြစ်တဲ့အတွက် ကျွန်တော်တို့ ဘယ်တော့မှ နောက်မဆုတ်ဘူး ဆက်လုပ်မှာ ဖြစ်ပါတယ်။ ရောဂါဆန်းဖြစ်နေတဲ့ ဟာတွေကို ရှင်းသွားအောင်ပြောတာ၊ ဆက်လုပ်မယ်ဆိုတာကို"

ရောဂါဆန်းတဲ့ ပြောရက်လိုက်တာ .. ကျွန်တော်တို့ရင်ထဲကို အဲဒီရောဂါဆန်းကြီးရောက်အောင် ဘယ် သူတွေ က တွန်းပို့ခဲ့ကြတာလဲ ခင်ဗျာ ။ ရောဂါတစ် ခုဆိုရင်တောင် အသွေးအသားတွေ ပျက်ဆီး သဘာဝ အရင်းအမြစ် သယံဇာတ အလှအပတွေပျက်ဆီး မယ့်ရောဂါ ဆိုးကြီး နောက်လာမယ့် ဆယ် စုနှစ် ရာ စုနှစ် အပြည်ပြည်ဆိုင်ရာမှာ သဘာဝ အလှအပတွေကို ပျက်ဆီးအောင် ခေတ်မှီ နည်းပ ညာတွေ နဲ့ပြုလုပ်မိလို့ အဖတ်ဆယ်မရ နောင်တရနေကြတဲ့သတင်းတွေ ကျွန်တော်တို့ လည်းပြန်ပြင် ရင်မှီ ပါသေးတယ်ခင်ဗျာ ။


"ဒုတိယအချက်ကတော့ ကျွန်တော်တို့ ဘီလူးချောင်းရေအားလျှပ်စစ် စီမံကိန်းတည်ဆောက်ပြီး လျှပ်စစ် ထုတ်ပေးခဲ့ အခါ ဒီနေ့အထိ going strong ဖြစ်ပါတယ်။ သူသည် ၅၂ နှစ် ရှိပါပြီ။ ဘီလူးချောင်းစီမံကိန်းကြောင့် ဘီလူးချောင်းကြီး ပျက်စီးသွားပြီလို့ ဒီလိုမျိုးတွေ ညီအစ်ကို မောင်နှမတွေ ကြားဖူးသလား။ မကြားဖူးပါဘူး။”

ဘီလူးချောင်းနဲ့ ဧရာဝတီမြစ်ရဲ့ မြန်မာနိုင်ငံအပေါ် အသုံးဝင်သက်ရောက်မှု ကတခြားစီပါပဲခင်ဗျာ ။ ဘီလူးချောင်း စီမံ ကိန်းတုန်းက ဘယ်သူမှ မကန့်ကွက်ခဲ့ကြပါဘူး ။ ဘာကြောင့်လည်းဆိုတော့ ကန့်ကွက်စ ရာမ လိုလို့ပါပဲ ။ ဘာလို့ကန့်ကွက်စရာမလိုသလဲဆိုရင် ပြည်သူတွေက လုပ်သင့်လုပ် ထိုက် တယ်လို့ ယူဆ တဲ့အတွက်ဖြစ်ပါတယ် ။ မြစ်ဆုံစီမံကိန်းကို ၀ိုင်းကန့်ကွက်ကြ တဲ့အကြောင်းကတော့ မလုပ်သင့် မလုပ်ထိုက်တဲ့အတွက် ဧရာဝတီကို ချစ်မြတ်နိုးတဲ့စိတ် တစ်ခုတည်းနဲ့ကန့် ကွက်ကြတာဖြစ် ပါတယ် ။

“ ဒီတော့ ပေါင်းလောင်းစီမံကိန်း မဂ္ဂါဝပ် ၂၈၀ ရှိပါတယ်။ ပေါင်းလောင်း စီမံကိန်း ကြီးကြောင့် ပေါင်းလောင်းချောင်း ကြီး ပေါင်းလောင်းမြစ်ကြီး ပျက်စီးသွားပြီ လား။ မပျက်စီးပါဘူး။ ရဲရွာစီမံ ကိန်း မြန်မာနိုင်ငံ မှာ လက်ရှိမှာ အကြီးဆုံးစီမံကန်း ရဲရွာစီမံကိန်းပါပဲ။ လျှပ်စစ်ဓာတ်အားလည်း ပေးနေပါတယ်။ ရဲရွာစီမံကိန်းကြောင့် ဒီနေ့ဒီအချိန်ခါမှာ ပြီးခဲ့တဲ့နှစ်ကာလများထက် လျှပ်စစ်သုံးဆလောက် ပေးနိုင်ပါတယ်။ ဒီနေ့ ကျွန်တော်တို့ပေးနေတဲ့ လျှပ်စစ်မဂ္ဂါဝပ် ၁၅၀၀ လောက် ပေးပါတယ်။ ကျွန်တော်တို့ ပြီးခဲ့တဲ့ ၂၀၀၄၊ ၂၀၀၅၊ ၂၀၀၆ လောက်က ၅၀၀၊ ၆၀၀ လောက်တောင် အနိုင်နိုင် ပေးနေရတာ ဖြစ်ပါတယ်။ ဒါဟာ အဲဒီရဲရွာစီမံ ကိန်းကြောင့် ဒုဋ္ဌ၀တီ မြစ်ကြီး၊ မြစ်ငယ်မြစ်ကြီး ပျက်စီးသွားပြီလား။ မပျက်စီးပါဘူး။ ဒါဟာ အားလုံး အမြင်ပဲ ဖြစ်ပါတယ်။ အဲဒီတော့ ဒီ environmental နဲ့ ပတ်သက်ပြီးတော့ ဒီအယူအဆနဲ့ ပြောနေဆိုနေကြတဲ့ ကိစ္စတွေ အများကြီးရှိပါတယ်။ environmental အကျိုးသက်ရောက်မှု ရှိလား မရှိဘူးလား၊ ရှိပါတယ်။ ဒီ သဘာဝ ကို ဆန့်ကျင်ပြီးတော့ မြစ်ချောင်းတစ်ခု ပိတ်လိုက်ရင်၊ အဲဒီမြစ်ချောင်း မှာ Reservoir ဆိုတာ ဖြစ်သွားပါတယ်။ Reservoir ဖြစ်သွားလို့ရှိရင် Reservoir အနီးမှာ နေထိုင်တဲ့ သားရဲတိရစ္ဆာန်လေးတွေ ငှက်ကလေးတွေ နေ ရာမရှိဘူး၊ ဘာဘူး ညာဘူး။ သစ်ပင်ပန်းမန်တွေ ပျက်စီးတယ်စသည် ဖြင့်ပေါ့လေ။ ”

အရမ်းကိုပေါ့ဆမနေဘူးလားခင်ဗျာ ။ သားရဲတိရိစ္ဆာန် နဲ့သစ်ပင်လေးတွေပျက်ဆီးယုံပဲလား ။ မြစ်တစ်ရဲ့ စ တင် ဖြစ်ပေါ် ရာ မြစ်ဆုံမှာ အနှောက်အယှက်ရှိလာပြီဆိုရင် တခြားဘာ အန္တရာယ်ဆိုး ကျိုး မှ ဆက် လက်မဖြစ်ပေါ်လာနိုင်တော့ဘူးလား ခင်ဗျာ ။ သဘာဝပတ်ဝန်း ကျင်ထိမ်းသိမ်းရေး ကပေးပို့ တဲ့ အစီရင်ခံစာတွေနဲ့ တခြားကျွမ်းကျင်ပညာရှင်တွေရဲ့ အယူအဆတွေနဲ့ညှိနိုင်းပြီး ပြန်လည်စဉ်း စားစေချင်ပါတယ်ခင်ဗျာ ။

“ လူတွေ စိုက်ဧက နည်းနည်းပါးပါးတွေ ပျက်စီးတယ်၊ လူတွေနေရာ ရွှေ့ပေးရတယ် စသည်ဖြင့် အချက် လေး၊ ငါး၊ ရှစ်ချက်လောက် ရှိပါတယ်။”

လူတွေပါ သူများတွေလိုပဲ လက်နှစ်ဖက် ခေါင်းတစ်လုံးနဲ့လူတွေပါပဲ ။ သူတို့လည်း ဆိုဖာကြီးပေါ်ထိုင် တီဗွီကြီးတွေကြည့် အဲကွန်းလေးနဲ့ ဇိမ်နဲ့နေချင်ကြတာပါပဲ ။ အခုတော့ သူတို့ စိုက်ဧကတွေ ပျက်ဆီး မယ် နောက်တစ်ခု အဆိုးရွားဆုံးက တခြားအချက်တွေအားလုံးထက်စာရင် မြစ်ဆုံဆိုတာနဲ့ ကျွန်တော် တို့အားလုံးက သဘာဝအတိုင်းလေး ထားရှိစေချင်တဲ့ ပင်ရင်း ဇစ်မြစ်စိတ်ဓါတ်လေးတစ်ခုက မြန်မာပြည် သားတိုင်းမှာ ကိန်းဝပ်လို့နေပါတယ် ။

“ environmental နဲ့ ပတ်သက်ရင်၊ environmental ပျက်စီးသွားတဲ့ဥစ္စာကြောင့် ခံစားရမယ့် အကျိုး သက်ရောက်မှုနဲ့ မိမိတို့နိုင်ငံကရရှိမယ့် အကျိုးအမြတ်ရရှိမှု ဘယ်ဟာက ပိုများသလဲ။ ပိုများတဲ့ အပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့က ရေအားလျှပ်စစ်လုပ်ငန်းကို လုပ်ပါတယ်။ အဲဒီတော့ ကျွန်တော်ခုနက ပြောခဲ့တဲ့ ရဲရွာစီမံကိန်းတစ်ခု လုပ်လိုက်တယ်။ မြစ်အထက်မှာရော၊ မြစ်အောက်မှာရော အခုချိန်မှာ ဘယ်လောက်များ ပျက်စီး သွားပြီးတော့ လူတွေက ဒုက္ခသုက္ခ ရောက်နေကြလို့လဲ။ ဒီဧရာဝတီမြစ်မှာလည်း ၎င်းအတိုင်းပါပဲ။ ပျက်စီးမှုနည်းနည်း ပါးပါးရှိပါတယ်။ ဒီဥစ္စာလူတွေက ထိန်းသိမ်းစောင့်ရှောက်ပေးလို့ ကျွန်တော်တို့က ၀ိုင်းဝန်းကူညီပေးလို့ ဒါတွေနဲ့ ဒီအကျိုးသက်ရောက်မှုဟာ နှေးနှေးသွားပြီးရင် မြန်မာနိုင်ငံမှာရှိတဲ့ လူဦးရေ သန်း ၅၀၊ သန်း ၆၀ရဲ့ အကျိုးကျေးဇူးအများကြီးပြန်ရမှာ ဖြစ်ပါတယ်။ အဲဒီတော့ မြစ်ဆုံစီမံကိန်းကို လူတွေက ဘာတွေ ပြောလဲဆိုတော့ မြစ်ကြီးပိတ်လိုက်ရင် မြစ်ကြီးကခြောက်သွားပြီ၊ ဧရာဝတီမြစ်ကြီးက သေသွားပြီ၊ ကျွန်တော်တို့က မြစ်ကြီးကို ချစ်တဲ့သူတွေ ဖြစ်ပါတယ်။ ဒီမြစ်ကြီး အသေမခံနိုင်ပါဘူးဆိုတဲ့သူတွေပေါ့။ ဧရာဝ တီမြစ်မှာ စီးဆင်းတဲ့ရေရဲ့ ၇% ကျွန်တော်တို့ ဖမ်းပါတယ်။ နှစ်တိုင်း နှစ်တိုင်း မဖမ်းခင်တုန်းက ဧရာဝတီ မြစ် ရဲ့ရေက ဘယ်သွားလဲ။ ပင်လယ်ထဲကိုသွားတယ်။ ကျွန်တော်တို့က ဧရာဝတီမြစ်ရဲ့ ရေကို ၇% ဖမ်းတယ်။ ၉၃% ဆက်လက်စီးဆင်းနေတဲ့အတွက် မြစ်ရဲ့ရေစီးကြောင်းက ဘာမှပြောင်းလဲစရာမရှိဘူး။ ၇% ဖမ်းထားတဲ့ရေကို စက်မောင်းပေးတယ်။ ကျွန်တော်တို့ရဲ့ ရေအားလျှပ်စစ်ဆိုတာက ဂက်စ်တာဘိုင်လို ဂက်စ်ထည့်ရတာ၊ ဒီဇယ်တာဘိုင်လို ဒီဇယ်ထည့်ရတာ မဟုတ်ဘူး။ ရေထည့်မောင်းရတာ။ အဲဒီရေနဲ့ မောင်းလိုက်ရင် အဲဒီရေ က မြစ်ထဲပြန်စီးသွားမယ်။ အဲဒီတော့ဘာတစ်ခုမှ ရေစီးရေလာ ပြောင်းသွားစရာမရှိပါဘူး။ ဒါကြောင့်မို့ ကျွန်တော် တို့နိုင်ငံရဲ့ အကျိုးစီးပွားရေး၊ National Interest နဲ့ ပတ်သက်ရင် ဘယ်ဟာက အကျိုးရှိသလဲ။ ဘယ်ဟာက အကျိုးယုတ် သလဲ အဲဒီပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့ အကျိုးအမြတ်များရင် ကျွန်တော်တို့ ဆက်လုပ် မှာ ဖြစ်ပါတယ်။ ဧရာဝတီ မြစ်ကြီးပျက်စီးရင် ကျွန်တော်ခုနက ဖတ်တဲ့ကာတွန်းလို၊ ဒီမှာအများစု ပညာရှင်တွေ ပါတယ်။ မဟာဗန္ဓုလ အရိုးအိုးစေတီ ဘယ်နားမှာ ရှိသလဲ သိကြသလား။ မသိနိုင်ဘူး။ ”

နောက်ဆုံးနားမှာပြောသွားတဲ့ အရိုးအိုးစေတီအကြောင်းပြောတာကတော့ မင်းတို့က သမိုင်း အကြောင်း ဘယ်လောက် သိလို့ ငါတို့လုပ်နေတာကို ၀င်ကန့်ကွက်နေတာလားလို့ သွယ်ဝှိုက် ပြီးပြော လိုက် တာလို့ ယူဆပါတယ် ။

“ မဟာဗန္ဓုလ အရိုးအိုးစေတီအစစ်က မင်းလှမှာ၊ မလွန်မင်းလှမှာ ရှိတယ်။ ခွေးသာချောင်း ဆိုတဲ့ ခွေးသာချောင်း နဲ့ ဧရာဝတီမြစ်ဆုံတဲ့ နေရာမှာ ရှိပါတယ်။ အဲဒီအရိုးအိုးစေတီကို ကျွန်တော် တိုင်းဥက္ကဋ္ဌ ဘ၀က ရွှေ့ပေးခဲ့ရတယ်။ လွန်ခဲ့တဲ့ ၉ နှစ်၊ ၁၀ နှစ်လောက်က၊ ကမ်းပါးပြိုမှာ စိုးလို့ ရွှေ့ပေး လိုက်ရ တယ်။ မြစ်က နှစ်ပေါင်း ၁၀၀၊ ၂၀၀ ဘယ်သူမှမထိန်းသိမ်းလို့ ပျက်စီးတာ။”

"မြစ်ကြီးကို ဘယ်သူမှ မထိန်းသိမ်းခဲ့လို့ မြစ်ကြီးက ပျက်စီးတာ ရေကစီးချင်တဲ့နေရာ လျှောက်စီးနေတာ။ ဒီမြစ် ကို ထိန်းသိမ်းရေးလုပ်မယ့်လူ ဘယ်သူမှ မရှိခဲ့ဘူး။ ရေက စီးချင်တဲ့နေရာ လျှောက်စီးနေတာ။ ဆိုပါတော့ ဧရာဝတီမြစ်က အရင်က ကိုက် ၁၀၀ ကျယ်တယ်ဆိုပါတော့၊ အခု ကိုက် ၅၀၀ ကျယ်တယ်။ ဘာဖြစ်လို့ လဲဆိုတော့ ရေက စီးချင်တဲ့ နေရာ လျှောက်စီးနေလို့။ ဒါကို နိုင်ငံမှာ ဓနအင်အားကြောင့်ရော၊ စိတ်ဝင် စားမှုကြောင့်ရော ဘယ်သူမှ မထိန်းသိမ်းခဲ့ဘူး။”

ဒီနေရာမှာ ဘယ်သူမှ မထိမ်းသိမ်းခဲ့လို့ဆိုတဲ့စကားကို ထပ်ခါထပ်ခါပြောသွားတာတွေ့ရပါတယ် ။ နိုင်ငံ တစ်နိုင် ငံရဲ့ သယံဇာတ တွေကို ထိမ်းသိမ်းဖို့ အဓိက တာဝန်အရှိဆုံးဟာ ဘယ်သူတွေဖြစ်ပါသလဲလို့ ထင်ပါ သလဲ ။ ရှေ့က ဦးဆောင်လုပ်မယ့်သူရှိရင် နောက်က လိုက်မယ့်သူတွေတပုံကြီးပါပဲ ။ ဒါဆို ရှေ့က ဦးဆောင်မယ့်သူတွေက..ဘယ်သူတွေလဲ ???

“ မထိန်းသိမ်းခဲ့တဲ့အတွက် ကိုက် ၁၀၀ စီးရမယ့် ရေက ကိုက် ၅၀၀ စီးနေတဲ့အခါ ရေအနက် ပေ ၁၀၀ ရှိရ မယ့်နေရာမှာ ပေ ၅၀ ပဲ ရှိမှာပေါ့။ ရေအနက် ငါးပေ ရှိရမယ့်နေရာမှာ ရေကတစ်ပေပဲရှိမှာပေါ့။ ဒါဟာ ဒီမြစ်ကြီးတစ်လျှောက်လုံး ဘယ်သူမှမထိန်းသိမ်းခဲ့လို့ ဖြစ်ပါတယ်။ သွားရမယ့် issue က ဘယ်ကို သွားရမယ့် issue လဲဆိုတော့ ဒီမြစ်ကြီး သေသွားမယ်မဟုတ်ဘူး။ ဒီမြစ်ကြီးကို ဘယ်လို ၀ိုင်းဝန်းထိန်းသိမ်းမလဲဆိုတဲ့ issue ကို သွားရမှာ။ အဲဒီတော့ ဟိုမှာ ဒီတစ်ခါ ကျွန်တော်တို့ သတင်းစာထဲမှာ ဘာတွေပြောလဲဆိုတော့ တရုတ်ကအကျိုးရှိတဲ့ စီမံကိန်းလို့ပြောတယ်။ တရုတ်အကျိုးရှိတယ်။ မြန်မာပြည် အကျိုးမရှိဘူးလို့ပြောတယ်။ ဒီစီမံကိန်းတွေ လုပ်တိုင်းလုပ်တိုင်းမှာ ကျွန်တော်တို့ နိုင်ငံမှာ ပိုက်ဆံမရှိလို့ လုပ်တာ။ ပိုက်ဆံရှိရင် ကိုယ့်ဟာ ကိုယ်လုပ်မှာပေါ့။ ဒါ နံပါတ်တစ်။ ပိုက်ဆံရှိလို့ ကိုယ့်ဟာကိုယ် လုပ်ပြီးရင် ဒီလျှပ်စစ်ကို ဘယ်သူကသုံးမှာလဲ။”

ကိုယ့်နိုင်ငံက ထုတ်တဲ့လျှပ်စစ်ကို ဘယ်သူက သုံးမှာလဲမေးတာကတော့ နည်းနည်းလေး ဘ၀င်မကျစ ရာပါပဲ ။

“ ကျွန်တော်တို့ နိုင်ငံမှာ အခုမဂ္ဂါဝပ် ၁၅၀၀ ပေးတာတောင် ကုန်အောင် မသုံးနိုင်ဘူး။ အဲဒီတော့ ဘယ်သူက သုံးမှာလဲ။ သုံးစရာမရှိရင် market ရဲ့သဘောအရ ရောင်းစားရမှာပေါ့။ သုံးစရာမရှိရင် ရောင်းစားရမယ်။ ”

စိတ်မကောင်းဖြစ်စရာအကောင်းဆုံး စိတ်အပျက်ဆုံး ၀မ်းနည်းစရာအကောင်းဆုံး က အဲဒီစကားစုပါပဲ ။ ကုန်အောင်မ သုံးနိုင်ဘူးတဲ့ ဘယ်သုံးနိုင်မလဲ ခင်ဗျာ လျှပ်စစ်မီးက တစ်နိုင်ငံလုံး ကိုရောက်မှ မရောက် တာ တကယ်ပဲကျေးရွာအကုန်လုံးမှာ တစ်နိုင်ငံလုံမှာ လျှပ်စစ်မီး သုံးနိုင်တဲ့အခြေ အနေရောက်နေ ပြီလား ပြန်ဆန်းစစ်ရပါမယ် ။ ဟင့်အင်းမရောက်သေးပါဘူး ။ ရွာတွေမပြောနဲ့ ရန်ကုန်မြို့ အနီးတ ၀ှိုက်က မြို့နယ်တွေတောင် မီးမမှန်သေးဘူးဆိုတာ နေတဲ့သူတိုင်းသိပါတယ် ။ ပြောရ ရင်တော့ အရှည်ကြီးပါပဲ ။ အရင်ကဆိုရင် လမ်းထိပ်က Fuse ပျက်ရင်ကိုယ့်ဘာသာ ရပ်ကွက်ထဲ ကလုပ်ငန်း ရှင်တွေစုပြီး ကိုယ်ထူကိုယ်ထ ပြန်လုပ်ကြရတယ် ။ ဘာလို့ ဖျု့စ် ပျက်ရသလဲ ။ မနိုင်ဝန် ထမ်းလို့ပေါ့ ။ ပေးတဲ့ လျှပ်စစ်မီး မဂ္ဂါဝပ်နဲ့ သုံးစွဲတဲ့ မဂ္ဂါဝပ် မမျှဘူး သုံးတဲ့ အားကများနေတယ် ဒီတော့ခံထားတဲ့ ဖျု့စ်က မခံနိုင်ဘူး ခဏခဏပျက်တယ် ။ အခုထိလည်း အဲဒီပြဿနာတွေကရှိနေတုန်းပါပဲ ။ နိုင်ငံခြား တိုင်းပြည်တွေ နဲ့လည်းမယှဉ်ရဲပါဘူး ။ မီးလေးပုံမှန် သုံးနိုင်ရင်ပဲရောင့် ရဲကျေနပ်နိုင်တဲ့ သူတွေအ များကြီး ပါ ။ ဒီတော့ သုံးလို့မကုန်ဘူးဆိုတဲ့စကားကတော့ တကယ့်ကို ပေါ့ဆတဲ့ စကား တစ်ခွန်း လို့မြင်မိပါတယ် ။

“လုပ်မယ့်လူလာရင် ၀ယ်သုံးရမှာ။ ဒါ market ရဲ့ သဘောပဲ။ ကျွန်တော်တို့ဟာ ကိုယ်တိုင် မလုပ်နိုင် တဲ့အခါ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုကို ခေါ်ပြီးတော့ JVDI နဲ့လုပ်ကြတယ်။ ကျွန်တော်တို့က free power ၁၀% အလကားရတယ်။ ဒီကောင်က ၁၈၀၀၀ ထွက်ရင် ကျွန်တော်တို့က ၁၈၀၀ အလကားရမယ်။ free ရတယ်။ နောက်တစ်ခါ သူ့ဆီက သူက လာရောက်ရင်းနှီး မြှုပ်နှံတယ်။ ကျွန်တော်တို့ရဲ့ resource ကိုသုံး တာ ဖြစ်တဲ့အတွက် ၁၅% အရင်းထည့်ပေးရတယ်။ ကျွန်တော်တို့အရင်း၊ ကျွန်တော်တို့ free share ၁၅% ရတယ်။ ဒီလျှပ်စစ်က Both Country သုံးခွင့်ရှိတဲ့အတွက် နှစ်နိုင်ငံလုံး သုံးခွင့်ရှိတဲ့အတွက် ကျန်တဲ့ဟာကို ကျွန်တော်တို့ ကြိုက်သလောက် ၀ယ်သုံးလို့ရတယ်။ နောက်တစ်ခုက ရောင်းတိုင်း ရောင်းတိုင်းမှာ ၈% Commercial Tax ရတယ်။ နောက်တစ်ခါ မြတ်တဲ့ဟာရဲ့ ၃၀%။ ကျွန်တော် အမြတ်ဝေစုအဖြစ် ခွဲဝေရရှိတယ်။ တစ်ခါ အခြား မြတ်တဲ့အမြတ်ရဲ့ ၃၀% ခွဲဝေ ရရှိတယ်။ withholding tax ရတယ်။ သူ့ကို perception period တစ်ခုပေးလိုက် ပြီးတဲ့အချိန်မှာ ပြီးပါပြီ၊ ကုန်ပြီ၊ မင်းပြန်တော့ ဒါကြီးထားခဲ့တော့။ ကိုယ့် နိုင်ငံအပိုင်ဖြစ်တယ်။ ဒီထက် အကျိုးရှိတဲ့ဟာ ဘာရှိမလဲ။ လျှပ်စစ်ဆိုတာ ကွန်တိန်နာနဲ့တင်ရောင်းလို့ မရဘူး။ ကြိုးနဲ့ သွယ်ရောင်းလို့ရတယ်။ ဒီ neighboring country မှတစ်ပါး လျှပ်စစ်ရောင်းလို့မရဘူး။ တရုတ်ကိုရောင်းလို့ရမယ်၊ ထိုင်းကို ရောင်းလို့ရမယ်။ အိန္ဒိယကို ရောင်းလို့ရတယ်။ ဘင်္ဂလားဒေ့ရှ်ကို ရောင်းလို့ရမယ်။ လျှပ်စစ်က ကွန်တိန်နာနဲ့မှ ပို့လို့မရဘဲကိုး"

ဝန်ကြီးရယ်... အဲဒီအကျိုးအမြတ်တွေ ကျွန်တော်တို့ ပြည်သူတွေမလိုချင်တာအမှန်ပါ ။ မြစ်ဆုံရဲ့ သဘာဝအလှတရားတွေ ပျက်ဆီးပြီးမှ ရလာမယ့် ဒီအကျိုးအမြတ်ဆိုတဲ့ ငွေကြေးတွေ မလိုချင် ပါ ။ မီးမ လင်းချင်နေပါစေ အမှောင်ထဲမှာပဲ မြစ်ကြီးရဲ့ အလှကို ဒီအတိုင်း ထိုင်ကြည့်နေပါရစေလား ခင်ဗျာ ။

“ ကျွန်တော်တို့ နိုင်ငံမှာ အခုမဂ္ဂါဝပ် ၁၅၀၀ ပေးတာတောင် ကုန်အောင် မသုံးနိုင်ဘူး။ အဲဒီတော့ ဘယ်သူက သုံးမှာလဲ။ သုံးစရာမရှိရင် market ရဲ့သဘောအရ ရောင်းစားရမှာပေါ့။ သုံးစရာမရှိရင် ရောင်းစားရမယ်။”

ဧရာဝတီ.....မြန်မာပြည်ရဲ့ အသက်သွေးကြော ဧရာဝတီဟာ တကယ်ပဲ Market တစ်ခုဖြစ်နေပြီလား ။ ဟင့် အင်း ဧရာဝတီဟာ ရောင်းကုန်တစ်ခုမဟုတ်ဘူး ။ ဈေးကွက်တင်ရောင်းချရမယ့် ပစ္စည်းတစ် ခုမဟုတ်ဘူး ရောင်းစားရအောင်လည်း တစ်ဦးတစ်ယောက်တည်းပိုင်မဟုတ်ဘူး ။ အများသဘောရ အများ ဆန္ဒကို လိုက်လျောရမှာဖြစ်ပါတယ် ။

"လျှပ်စစ်က ထုတ်ထားပြီးရင်လည်း သိမ်းထားလို့မရဘူး။ ထုတ်ထားပြီးရင်သုံးမှ မသုံးနိုင်ရင် ရောင်းမှ။ ဒီ Idea တွေ ဒီဟာတွေက ကျွန်တော်တို့ဟာ ကိုယ့်နိုင်ငံ စက်မှုနိုင်ငံ ဖြစ်ထွန်းဖို့ကိစ္စမှာ လျှပ်စစ် အလွန် အရေးကြီးတယ်။ လျှပ်စစ်ရဖို့ က နည်းမျိုးပေါင်းစုံနဲ့ ကြိုးစားနေတဲ့ အချိန်မှာ ခုနတုန်းကပြောတဲ့ မလိုလားအပ်တဲ့ တခြားတစ်မျိုးတစ်မည် ကြံစည်မှုတွေ၊ ဒီစီမံကိန်းတွေ ပျက်ပြားအောင်ဆိုပြီးတော့ environmental အကြောင်းပြပြီး လျှောက်ပြောနေခြင်းသည် ကျွန်တော်တို့နိုင်ငံရဲ့ အကျိုးစီးပွားအပေါ် ထိခိုက်စရာကလွဲလို့ ဘာမှမရှိပါဘူး။ ဒါက ရှင်းရှင်းလေးပါပဲ။ အဲဒီတော့ လူတစ်စုတစ်ဖွဲ့ရဲ့ အကျိုးစီးပွားရေးကိုပဲ ကျွန်တော်တို့က နားယောင်ပြီး လုပ်လိုက်ကြမလား။ ကျွန်တော်တို့ နိုင်ငံရဲ့ လူဦးရေ သန်း ၅၀၊ ၆၀ ရဲ့ အကျိုးကို ကြည့်ပြီးတော့ ဆောင်ရွက်မလား။ ဒါလေး ၀ိုင်းစဉ်းစားဖို့ပါပဲ။ ကျွန်တော်တို့ကတော့ ခုနကပြောတဲ့အတိုင်းပဲ ဒီစီမံကိန်း ကို ဆက်လုပ်မှာ ဖြစ်ပါတယ်။ ဒီ BANCA နဲ့ တရုတ်ပညာရှင်တွေ၊ ဒီတရုတ်ပညာရှင်တွေ ဘာလုပ်ရသ လဲဆိုတော့ ဒီစီမံကိန်း ကြီး တကယ်ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတဲ့ Tactically Investigation တွေ အများကြီး လုပ်ရတယ်။ သုံးနှစ်၊ လေးနှစ် လုပ်ရပါတယ်။ BANCA သည် ရှစ်လ၊ တစ်နှစ်လောက် ကောင်းကောင်း environmental နဲ့ ပတ်သက်ပြီးတော့ လေ့လာပြီးတော့ ကျွန်တော်တို့ကို သူက ဘာ လုပ် ရလဲဆိုရင် ဘာတွေတွေ့ရှိပါတယ်။ ဘာတွေ အကျိုးသက်ရောက်မှုရှိတယ်။ ဘာတွေ ဖြစ်ပျက်နိုင် တယ် ဒီ့အ တွက် ခင်ဗျားတို့ ဘာတွေလုပ်ပါ။ ဘာတွေ လုပ်သင့်ပါတယ်ဆိုတာ BANCA က recommendation ပေး ရတယ်။ သူ့ recommendation ကျွန်တော်တို့ လိုက်လုပ်ရတယ်။ ”

ဒီနေရာမှာ BANCA က Recommendation ပေးထားတယ်တယ်လို့ပြောတယ် ။ သူတို့က recommand ပေးပိုင် ခွင့်ရှိလို့လား ။ တကယ်ဆို Idea ပေးတယ် ထောက်ပြတယ် ဒီလောက်ပဲ ရှိသင့် ပါတယ် ။ Recommand ပေးပိုင်ခွင့်မရှိပါဘူး ။

“ ဒီဟာ International Practice ပဲ။ ဒီအတိုင်းပဲ ကျွန်တော်တို့ လုပ်ပါတယ်။ BANCA နဲ့ပတ်သက်ရင်လည်း BANCA ကို ကျွန်တော်တို့က တစ်သန်းခွဲနီးပါးလောက် လုပ်ခပေးပြီး ငှားထားတာဆိုတော့ ကိုးရိုးကားယား မလုပ်ရဲ ဘူး။ နောက် ဒုတိယအချက် ခင်ဗျားတို့ မီဒီယာတွေက ပြောနေကြတဲ့ အချက်ပေါ့။ အင်တာနက်မှာ တင်ထားတဲ့ report က စာမျက်နှာ ၅၀၀ လောက်ရှိတယ်။ အဲဒီထဲမှာ ရေးထားတာ မြန်မာအစိုးရက မလိုက်နာဘူးလို့ ပြောကြတယ်။ BANCA က ဒီ report ကို တင်လို့ မရဘူး။ BANCA ကို ကျွန်တော်တို့က စာချုပ်နဲ့ ငှားထားတာ၊ မင်းတို့ ဒါလုပ်၊ ပြီးရင် အဲဒီ report ငါ့ပေး။ ဒါက Trade Secret ဖြစ်တယ် ပြောလို့မရဘူး။ ဒါခုန က စီးပွားရေးအကြောင်း နည်းနည်းပါးပါး ပြောပြလိုက်တယ်။ ဒါက trade secret ဖြစ် တယ် ပြော လို့မရဘူး။ ဒါပေမယ့် ကျွန်တော်တို့ ကိုယ့်နိုင်ငံသားတွေ ဖြစ်တယ်ဆိုတော့လည်း ပါးစပ် ပိတ်ပြီး မနေနိုင် ဘူး ပြောတာပေါ့လေ။ ဒါ Trade Secret ဖြစ်တယ်။ ပြောလို့ မရဘူး။ ကျွန်တော်တို့က လျှို့ဝှက်ထား တာ။လာ မယ့်အပတ် စနေနေ့မှာ ဧရာဝတီမြစ်ဝှမ်းစီမံကိန်းများကြောင့် ဧရာဝတီမြစ်ပေါ်မှာ အကျိုး သက်ရောက်မှု ဘယ်လိုရှိသလဲဆိုတဲ့ ဒါတော့ Technical Workshop ပါပဲ။ ဒါတော့ စီမံကိန်းတိုင်း စီမံကိန်း တိုင်း မှာတော့ဒီ workshop လုပ်ပါတယ်။ သို့သော်လည်း ဒီ workshop မှာတော့ မီဒီယာကလည်း စိတ်ဝင်စား တယ်။ ပညာရှင်တွေလည်း စိတ်ဝင်စားတယ်။ ဒီ workshop မှာတော့ မီဒီယာတွေရော၊ ပညာ ရှင်တွေရော ဖိတ်ထားတယ်။ လာနားထောင်ကြည့်လိုက်။ လာနားထောင်ကြည့်ရင် ဘာလဲဆိုတာ သိသွား လိမ့်မယ်။ နို့မို့ဆိုရင် သေချာမသိဘဲနဲ့ ဟိုပြောဒီပြောဆိုရင်တော့ မကောင်းဘူးပေါ့လေ။ ကျွန်တော်တို့ ဒါလေးကို သိအောင်ဆိုပြီးတော့ ပြီးခဲ့တဲ့လ ၉ ရက်နေ့က ဆောင်းပါးလေးတစ်ပုဒ် ရေးပြီးတော့ သတင်းစာမှာ ထည့်ခိုင်း လိုက်တယ်။ ဒီဆောင်းပါးကို ကျွန်တော်ပဲ တည်းဖြတ်ပြီး ကျွန်တော်ပဲရေးပြီး ကျွန်တော်ပဲ ထည့်ခိုင်း လိုက်တာ။ ဒါပေမယ့် ဆောင်းပါးပြီးတဲ့နောက် သိပ်ရက်မကြာဘူး သတင်းစာရှင်းလင်းပွဲ လုပ်ပါတယ်။ ”

Workshop လုပ်တဲ့ရည်ရွယ်ချက်သဘောရ အများသဘောတူ ညှိနိုင်းဆွေးနွေးဖို့မဟုတ်လားခင်ဗျ ။

“ သတင်းစာရှင်းလင်းပွဲမလုပ်ခင်မှာ ဂျာနယ်တစ်စောင်က ဘာရေးလဲဆိုတော့ ဒီဆောင်းပါးရေးတဲ့ကောင် ဘယ်လောက်တတ်လို့လဲ၊ ဒီကောင်က ဘာအဆင့်ရှိလဲဆိုတော့၊ ကျွန်တော် မပြောတော့ဘူး။ ညွှန်ချုပ် မင်းရေးတယ်ပြောလိုက်၊ ငါရေးတယ်မပြောနဲ့။ ငါ့ထက်ပိုပြီးတော့ သိနိုင်တဲ့လူ မရှိတော့ဘူး။”

လောကမှာ မြတ်စွာဘုရားမှလွဲ၍ အတတ်ဆုံး အသိဆုံးလူဆိုတာ မရှိပါဘူးခင်ဗျာ ။ ဒီတော့ ငါအသိဆုံး ငါအ တတ်ဆုံး ဆိုတော့ကာ.........

“ မြန်မာနိုင်ငံမှာတော့ ရေအားလျှပ်စစ်နဲ့ပတ်သက်ပြီးတော့ လက်ရှိအချိန်မှာ ကျွန်တော့်ထက် ပိုပြီးတော့ အတွေ့အကြုံရှိတဲ့လူ မရှိတော့ဘူး။ ဒါကြောင့်မို့ မင်းပဲရေးတယ်ပြောလိုက်၊ ငါရေးတယ်ဆိုလို့ရှိရင် မကောင်းဘူးဖြစ်သွားမယ်။ အမှန်ကတော့ ကျွန်တော်ပဲ ရေးလိုက်တာ။ ”

အဲ အဲဒီနေရာမှာ ရှုပ်နေတာပါပဲ ဟူး...ရှင်းကိုမရှင်းဘူး ဘာလို့ အဲဒီလိုတွေဖြစ်နေရတာလဲ ကိုယ်ရေး ရင်ကိုယ်ရေး တယ်ပေါ့ သူများရေးရင်သူများရေးတယ်ပေါ့ ။

“ ဆိုတော့ ခင်ဗျားတို့မေးတဲ့မေးခွန်းတွေ၊ ကျွန်တော် အသာလေးဖြေနိုင်ပါတယ်။ ဒီဥစ္စာ နိုင်ငံအကျိုးရှိမယ့်ကိစ္စ၊ ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွား National Interest ကိစ္စ၊ ဒီဥစ္စာကို ၀ိုင်းဝန်းကာကွယ်ရမှာ ကျွန်တော်တို့မှာ တာဝန်ရှိတယ်။ ခင်ဗျားတို့မှာ တာဝန်ရှိတယ်။”

ဦးဇော်မင်း (အမှတ်(၁)လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး) ရဲ့ ပြောကြားချက်အပေါ် မြန်မာ ပြည်သူ တစ်ယောက်အနေနဲ့ ကျွန်တော်မြင်တဲ့အတိုင်း လွတ်လပ်စွာ ရေးသားထားခြင်းဖြစ်ပါတယ် ။

အမှတ်(၁)လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်း ၏ အသံဖိုင်အား

Download ရယူရန် - http://www.mediafire.com/?05jrovj0h9phxkl

ဆက်လက်ပြီးတော့ ကျွမ်းကျင်ပညာရှင်တွေရဲ့ ထင်မြင်ချက်တွေကိုလည်း ဖော်ပြပေးလိုက်ပါတယ် ။

“အကျိုးအမြတ်ဆိုတာက နိုင်ငံရေးအကျိုးအမြတ်လည်း ရှိချင်ရှိမယ်၊ ဂုဏ်သိက္ခာအကျိုးအမြတ်လည်း ရှိချင်ရှိ မယ်၊ တချို့ဟာတွေကျလည်း အချုပ်အခြာ ရှိချင်ရှိမှာပေါ့။ တချို့ဟာတွေကျလည်း ငွေရေးကြေးရေး အကျိုးအမြတ် ရှိချင်ရှိမှာပေါ့။ ပစ္စည်းပစ္စယျ အကျိုးအမြတ်ဆိုတာလည်း ရှိချင်ရှိမှာပေါ့။ အကျိုးအမြတ်ဆိုတာ တခုခုတော့ ရှိရင် သင့်တော်တယ်လို့တော့ ကျနော်ထင်တာပဲလေ။ ဆုတ်ယုတ်တာရှိရင်လည်း အကျိုးအမြတ်နဲ့ ဘယ်ဟာက ပိုများလဲ အဲလိုပဲ ယှဉ်ရမယ်လေ။ ဒါတွေကတော့ ပညာရှင်ပိုင်းနဲ့ဆိုင်သွားပါပြီ။ သာမန် အရပ်သူ အရပ်သားနဲ့ မဆိုင်ပါဘူး။ ခင်ဗျား ဂျာနယ်ထဲ ရေးရင်လည်း အပိုပဲလို့ ထင်တယ်”
ဦးတင်ဝင်း (ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး)

ရေအားလျှပ်စစ် ဓာတ်အားဟာ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် ဖြစ်တာကြောင့် ကမ္ဘာက ကြိုဆိုလက်ခံတဲ့ Green energy ဖြစ်တယ်။ မြစ်ဆုံစီမံကိန်းမှာ ဧရာဝတီမြစ်ရေရဲ့ ၇ ရာခိုင်နှုန်းပဲ သုံးမှာ ဖြစ်တဲ့အတွက် မြစ်ကြောင်း တိမ်ကောရေးအတွက် စိုးရိမ်ပူပန်စရာမလိုဘူး။ စက်မှုနိုင်ငံထူထောင်ရေးမှာ လျှပ်စစ်ဓာတ်အား မရှိမဖြစ် လိုအပ်တဲ့အတွက် ရေအားလျှပ်စစ် စီမံကိန်းများကို ဆောင်ရွက်နေရခြင်း ဖြစ်တယ်။
ဒုဗိုလ်ချုပ်ကြီး သိန်းဌေး (နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာ န ပြည်ထောင် စုဝန်ကြီး)

“နိုင်ငံတော်အစိုးရအနေနဲ့လည်းဘဲ ကိုယ့်ပြည်သူတွေ ဒုက္ခရောက်အောင်လို့၊ ကိုယ့်ဧရာဝတီမြစ်ကြီး ပျက်စီး သွားအောင် မလုပ်ပါဘူး။ ကျနော်တို့တွေက ကိုယ့်တိုင်းပြည်ကို ချစ်သလား။ နိုင်ငံတော်အစိုးရကို ချစ်သလား၊ ဒါလေးတွေ မျှမျှတတ စဉ်းစားကြည့်စေချင်ပါတယ်။ နိုင်ငံတော် အစိုးရအနေနဲ့ ကလည်းဘဲ ကိုယ့် တိုင်းပြည် ကောင်းအောင်ဘဲ လုပ်မှာပါ။ ကိုယ့်တိုင်းပြည် ဒုက္ခရောက်အောင်၊ ပျက်စီးအောင် လုပ်ဖို့ မရှိဘူး။ ဒါကြောင့် ဒီကိစ္စနဲ့ ပတ်သက်လို့ ချင့်ချင့်ချိန်ချိန် ညှိညှိနှိုင်းနှိုင်း လေ့လာပြီးမှသာ လုပ်သွားရမှာ ဖြစ်ပါတယ်”
ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း (12.8.2011 သတင်းစာ ရှင်းလင်းပွဲမှ)

“ကျွန်တော်ကတော့ အသက်ကြီးတော့ ကြောက်တတ်တယ်။ ဒါကြောင့် တစ်ခွန်းတည်း ပြောပါမယ်။ ဧရာဝတီမြစ် ဆုံမှာ ရေကာတာ ဆောက်မယ့်ကိစ္စကို ကျွန်တော်လုံးဝ ကန့်ကွက်ပါတယ် ……. မြန်မာနိုင် ငံမြောက်ပိုင်း ဟာ လာမယ့် ဆယ်စုနှစ်တွေမှာ မိုးနည်း နိုင်ပါတယ်။ အဲဒီအချိန်မှာ ဧရာဝတီ မြစ် ကို ရေပိတ် ထားရင် ဆည်မှာလည်း သတ်မှတ်ထားတဲ့ ရေမရရင် ရေကိုယူထားမှာပဲ။ မြစ်မှာ ရေစီး နည်းသွား မယ်။ မြစ်ကျဉ်း လာမယ်။ မြစ်တိမ်လာမယ်။ ကမ်းပါးတွေကလည်း ကြာတော့ မာခဲသွားနိုင်ပါတယ်”
ဒေါက်တာထွန်းလွင် (မိုးလေဝသ ပညာရှင်)

“နံပါတ် ၁ အချက်က​တော့​ ​ရေကာတာ​ဆောက်မယ့်​ ခံနေတဲ့ မြေသားက မခိုင်တဲ့​အတွက် ​ရေစိမ့်​မယ်၊​ ငလျင်လှုပ်မယ်၊​ ​နောက်ပိုင်း​ ​ရေကြီး​မယ်၊ နုန်း​တွေများ​လာမယ်၊ ​နောက်ဆုံး​ မြစ်ဆုံက​နေ ဧရာဝတီ မြစ်ဝကျွန်း​ပေါ်ထိ​အောင် ​တောက်လျှောက် ထိခိုက်မှု​တွေ ရှိနိုင်တယ်”
ဦးအုန်း (သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်)

“ကျနော်မြင်တာကတော့ ဒါက ရိုးရိုးရှင်းရှင်းလေးပါ။ ဒီကိစ္စက ပါတီနိုင်ငံရေးထက် မြင့်တဲ့ အမျိုးသားရေးကိစ္စ လို့ မြင် တယ်ဗျ။ တမျိုးသားလုံးနဲ့ ဆိုင်တယ်။ လူတိုင်းနဲ့ ဆိုင်တယ်လို့ မြင်တယ်ဗျာ။ ပါတီနိုင်ငံရေးထက် အများကြီး မြင့်တယ်လို့ ယုံကြည်တယ်ဗျာ။ ကျနော်တော့ အဲဒီလို ခံစားရပါတယ်။ ဒါက ပိုကျယ်ပြန့်တယ်လေ”
မောင်စိန်ဝင်း (ပုတီးကုန်း)

“ဧရာဝတီမြစ်ဆုံ နဲ့ မြစ်ကြီးနားအထက် ရေကာတာစီမံကိန်းမှာ တရုတ်ပညာရှင်တွေနဲ့ အတူတူ လုပ်ခဲ့တဲ့ မြန်မာ ပညာရှင် တယောက် အနေနဲ့ ချိန်ဆလိုက်တဲ့အခါမှာ ဒီမြစ်ဆုံ မှာ ရေကာတာဆောက်တာက စီးပွားရေးအ ရကြည့်ရင် တွက်ခြေကိုက်ပေမဲ့ ပတ်ဝန်းကျင်အရ ကြည့်မယ်ဆိုရင်တော့ ဒီနေရာဟာ မလုပ်သင့် တဲ့ နေရာဖြစ် တယ်လို့ ကျနော်တို့ရဲ့  အစီရင်ခံစာမှာလည်း အတိအကျ ပြောထားပြီးသား ဖြစ်ပါတယ်။ ကျနော်တို့ report ထဲမှာ ပထမတချက် ဒီဟာက cultural heritage လို့ခေါ်တဲ့ ယဉ်ကျေးမှုအမွေအနှစ် နေရာဖြစ်တယ်။ ကချင်လူမျိုးတွေ ကလည်း သူတို့ရဲ့  မြစ်ဆုံဒေသကို သူတို့ရဲ့  heartland ဖြစ်တယ်လို့ တန်းဖိုးထားတဲ့အတွက် တစ်အချက် မလုပ်သင့် ပါဘူးလို့ ရေးထားပါတယ်။ နောက်တခုက ဘာလဲဆိုရင် environmental အရ ဒီနေရာကဆိုရင် ရှုခင်း landscape value ရှိတဲ့အတွက် ဒီဟာကို မလုပ်သင့်ပါဘူးလို့ ဒုတိယအချက် အနေနဲ့ ပြောထား ပါတယ်။ နောက်တ ခုကတော့ မြစ်ဆုံကို လုပ်မယ့်အစား မြစ်ဆုံရဲ့  အပေါ်ဘက် မေခနဲ့ မလိခမှာ တခုစီ alternative နဲ့ လုပ်ပါလို့ အကြံပေးထားပါတယ်။ Sustainable development အတွက် ဆိုလို့ရှိရင် ဒီလိုကြီးမား တဲ့ dam ဟာ ဧရာဝတီမြစ်ဆုံမှာ မဆောက်သင့်ပါဘူးလို့ အတိအကျ ရေးထားတာ ဖြစ်ပါတယ်”
ဦးညိုမောင် (သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် (BANCA))

“ကျနော့်ရဲ့ သီးခြား ပုဂ္ဂလိက အမြင်နဲ့ ပြောရရင် မြစ်ဆုံဆည် ဆက်ဆောက်မယ်လို့ ပြောတာကို ကျနော် လက်မ ခံ ဘူးပေါ့ဗျာ၊။ သို့သော်လည်းပဲ ဆောက်ပြီးသားဖြစ်နေတဲ့အတွက် ဒီအပေါ်မှာတော့ ၂ ဖက်မျှအောင် နောက်ပြီး စီးပွားရေးရာနဲ့ ပတ်ဝန်း ကျင်ရေးရာနဲ့ ဒီအပေါ်မှာ ၂ ခု မျှအောင် ထည့်သွင်းစဉ်းစားဖို့တော့ လိုပါတယ်”
ဦးဝင်းမျိုးသူ (EcoDov. သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်အဖွဲ့၏ စီမံခန့်ခွဲမှု ဒါရိုက်တာ)

“ဒီမြစ်ဆုံကိစ္စက (၁) environment ရဲ့ issue တစ်ခုတည်းမဟုတ်ဘူး၊ (၂) ဒါဟာ political နိုင်ငံရေးပြသနာ political agenda တစ်ခုမဟုတ်ဘူး။ ဒီဟာဟာ အမျိုးသားရေးပြဿနာ ဖြစ်ပါတယ်။ ဒါကြောင့် သမ္မတကြီး အနေနဲ့ နိုင်ငံ့အကျိုး၊ ပြည်သူလူထုအကျိုးအတွက် ဒီပြဿနာကို တိုက်ရိုက်ကိုင်တွယ်ဖြေရှင်းစေချင်ပါတယ်”
ဒေါက်တာသန်းထွဋ်အောင် (CEO, Eleven Media Group)

“ဧရာဝတီမြစ်ဆိုတာ ကျနော်တို့ တနိုင်ငံလုံးရဲ့ အသက်သွေးကြောဖြစ်တယ်။ ကျနော်က သတင်းစာသ မားတယောက် ဖြစ်တဲ့အတွက် ဒီမြစ်ဆုံစီမံကိန်းက အကျိုးရှိလား၊ မရှိဘူးလားဆိုတာကို ကျနော်တို့ထက် ကျွမ်းကျင်တဲ့ ပညာရှင်တွေရဲ့ တွေ့ရှိချက်တွေကို ကိုးကားပြီး ပြောချင်ပါတယ်။ ဒီမြစ်ဆုံ စီမံကိန်းက သဘာဝပတ် ဝန်းကျင် ထိန်းသိမ်းရေးမှာ ဆိုးကျိုး ရှိတယ်ဆိုတာကို ပညာရှင်တွေက တွေ့ရှိထား ပါတယ်။ မြစ်ဆုံစီမံ ကိန်းဟာ ကောင်းတယ်လို့ ရေးထားတဲ့ ပညာရှင်တွေရဲ့ စာတမ်းတော့ ကျနော် တခုမှ မဖတ်ဖူးသေးဘူးဗျ။ အများစုက မကောင်း ဘူးလို့ ပြောနေကြတဲ့အတွက် ပြည်သူတွေရဲ့ အသံတွေကို နားထောင်ပြီး မှပဲ ဆောင်ရွက်သင့်တယ်လို့ ကျနော်ထင်တယ်။ ဒီစီမံကိန်းက အရင် အစိုးရ လက်ထက်တည်း က ဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။ အခုအစိုးရကလည်း အရင်က တသွေး၊ တသံ၊ တမိန့်နဲ့ သွားနေတဲ့ တပ်မတော်အစိုး ရကနေ ဒီမိုကရေစီ အစိုးရအဖြစ်နဲ့ သွားနေပြီဖြစ်ပါတယ်။ အများပြည်သူရဲ့ အသံကို နားထောင်ပြီး သွားရတဲ့ ခေတ်မှာတော့ ဒီစီမံကိန်း ရှေ့ဆက်တိုးဖို့ကို ပြည်သူတွေ၊ ပညာရှင်တွေရဲ့ အသံကို နားထောင်ပေးကြပါ”
ကိုကို (စက်မှုတက္ကသိုလ်) (CEO၊ Yangon Media Group )

“အင်တာနက်နဲ့ အခြားလူမှုဆက်သွယ်ရေးနယ်ပယ်မှာ တင်ပြထားတဲ့ အချက်တွေကို ကြည့်ရင်လည်း ဆိုကျိုးက ပိုများနေတယ်။ အကျိုးပိုင်းမှာ တရုတ်ကယူမယ့် အကျိုးက ပိုများနေတယ်။ အဲဒါတွေ မဟုတ်ဘူး ဆိုရင်လည်း မဟုတ် တဲ့ အကြောင်းကို ရှင်းသင့်တယ်။ အခု သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့ သစ်က ဖော်ဆောင်နေတဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ခြေလှမ်းတွေ၊ ဆင်ရဲမွဲတေမှု တိုက် ဖျက်ရေး ခြေလှမ်းတွေ အဲဒါတွေ ကြိုးစားလုပ်ဆောင် နေတာတွေကို တွေ့ရတော့ ပြည်သူလူထုက အစိုးရအဖွဲ့ သစ်အပေါ် ကိုင်းညွှတ်တာတွေ၊ မျှော်လင့်ချက် ထားတာတွေ ရှိလာတယ်။ ဒီလိုအချိန် မျိုးမှာ ပြည်သူ လူထုက မလုပ်သင့်ဘူးလို့ တောင်းဆိုလာတာတွေကို ဆက်လုပ်နေမယ်ဆိုရင် အစိုးရအဖွဲ့အနေ နဲ့ ပြည်သူ့ ဆန္ဒတွေကို မျက်ကွယ်ပြုလိုက်တာနဲ့ အတူတူပဲ။ စိတ်မချမ်းမြေ့စရာတွေပဲ ဖြစ်လာလိမ့်မယ်”
ဆရာမောင်ဝံသ

“ကျွန်တော်တို့နိုင်ငံက မဂ္ဂါဝပ် ၁၅၀၀ သုံးမကုန်ဘူးလို့ ပြောတယ်။ အခု နယ်တွေ၊ ရွာတွေမှာ လျှပ်စစ်မီးတောင် မရှိသေးဘူး။ ကျွန်တော်တို့ရဲ့ Power Consumption က အခု ကျောက်ခေတ်အတိုင်း ရှိမှာလား။ နိုင်ငံက ဘယ်တော့မှ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံ မဖြစ်တော့ဘူးလား။ အခု တည်ဆောက်နေတဲ့ ထားဝယ်ရေ နက်ဆိပ်ကမ်း၊ နောက် ထပ်လာမယ့် ရန်ကုန်မြို့တော်သစ် စီမံကိန်း၊ တိုးတက်လာမယ့် စက်မှုလုပ်ငန်းတွေ အတွက် အနည်း ဆုံး မဂ္ဂါဝပ် ၁၀၀၀၀ အထက်လိုမယ်။ ခေတ်စ နစ်တွေက ပြောင်းနေ ပြီ၊ ပြောင်းလဲ သင့်နေပြီ။ ခေတ်ဟောင်းမှာ ကျန်ခဲ့ရင်တော့ ခေတ် စနစ်ဟောင်းရဲ့ ဒဏ် ခတ်ခြင်းခံရမှာပဲ။ ဒါသမိုင်းရဲ့သဘော လည်း ဖြစ်သလို၊ တရားဓမ္မ သဘောလည်း ဖြစ်တယ်လို့ ဝန်ကြီးကို ပြောချင်ပါတယ်”
ဒေါက်တာသိန်းမြင့် (Managing Director, Eleven Media Group)

“ဧရာဝတီမြစ်ဆုံ စီမံကိန်းနဲ့ ပတ်သက်ပြီး ဂျာနယ်လစ်တွေ၊ ပညာရှင်တွေ ပြောဆိုနေကြတာဟာ ထင်ရာမြင် ရာပြောပြီး ထင်ရာမြင်ရာ လျှောက်ပြောနေကြတာ မဟုတ်ဘူး။ ပြည်တွင်းပြည်ပက ပညာရှင်တွေ အားလုံး လေ့ လာ သုတေသန ပြုလုပ်ထားတဲ့ စာရွက်စာတမ်းတွေ၊ အထောက်အထားတွေကို ဖတ်ရှုလေ့ လာပြီး ရေးနေ ကြတာဖြစ်တယ်။ ပြည်သူတွေ အားလုံးကလည်း ဒီစာရွက်စာတမ်းတွေ၊ အထောက်အထားတွေကို သိရှိကြတဲ့ အတွက် သဘောမတူကြောင်း တောင်းဆိုနေကြတာ ဖြစ်တယ်။ ကျောင်းသားလူငယ်တွေ၊ ရဟန်းရှင်လူတွေနဲ့ အနုပညာ ရှင်၊ စာပေနယ်သားတွေအားလုံးကလည်း ဒါတွေကို သိတဲ့အတွက် ဆက်မလုပ်ဖို့ ၀ိုင်းဝန်း တောင်း ဆိုနေကြတာ ဖြစ်တယ်။ ပြည်သူလူထုက တရားသဖြင့် လူယဉ်ကျေး နည်းနဲ့ တောင်း ဆိုနေတာကို လျစ်လျူရှုပြီး လုပ်ချင်ရာ ဆက်လုပ်မယ်၊ ရှေ့ဆက်လုပ်မယ်ဆိုရင် ပြည်သူလူထုက မဖြစ်၊ ဖြစ်တဲ့နည်းနဲ့ ဧရာဝတီကို ကာကွယ် ကြမှာပဲ ဖြစ်တယ်။ ကာကွယ်တဲ့ နေရာမှာ လူယဉ်ကျေးနည်းနဲ့ မရရင် လမ်းပေါ်ထွက် ဆန္ဒပြပြီး တောင်း ဆိုလာခဲ့မယ်ဆိုရင် ဒီလို ဆန္ဒပြမှုတွေအတွက် စီမံကိန်းကို ဆက်လုပ်တဲ့သူတွေသာ တာဝန်ယူ ရလိမ့်မယ်။ မလုပ်ဖို့ တောင်းဆိုဆန္ဒပြနေတဲ့ သူတွေမှာ တာဝန်မရှိဘူး”
လူထုစိန်ဝင်း (သတင်းစာ ဆရာကြီး)

“(၁)ရေကာတာမှ ထွက်တဲ့လျှပ်စစ်ကို တရုတ်က ဘယ်လောက်ယူမလဲ၊ ဒေသခံကချင်က ဘယ်လောက် ရမလဲ၊ ပြည်ထောင်စုကြီးက ဘယ်လောက်ရမလဲ (၂) စီမံကိန်းအတွက် ရင်းနှီးမြုပ်နှံမှုကို ဘယ်သူက အကုန်ကျခံမလဲ၊ တရုတ်က ဘယ်လောက်၊ ကချင်က ဘယ်လောက်၊ ပြည်ထောင်စုက ဘယ်လောက် (၃) စီမံကိန်းကြောင့် ထိခိုက်မှုကို အခု ဘယ်လိုလုပ်ထားသလဲ။ နောက်လာမယ့် အနာဂတ်အတွက် ထိခိုက်မှုတွေကို ဘယ်လို ကြိုတင်စီမံထားသလဲ၊ ဖြစ်လာသမျှထိခိုက်မှုတွေအတွက် ဘယ်သူက တာဝန်လဲ။ အဲတာတွေကို အစိုးရက ရှင်းရှင်းလင်းလင်း ချပြသင့်တယ်။ အဲတာတွေ သိရမှ ဆက်လုပ်သင့်၊ မလုပ်သင့် ဆိုတာကို ကျွန်တော်တို့ စဉ်းစားမယ်။ လွှတ်တော်မှာလည်း ဒီကိစ္စကို ကျယ် ကျယ်ပြန့်ပြန့် ဆွေးနွေးသင့်တယ်။ လက်ရှိလုပ်နေတဲ့ လွှတ်တော်ကို ကျွန်တော် အားမရ ဘူး။ မေးခွန်း မေးနေတာတွေချည်း မလုပ်ဘဲ ဧရာဝတီမြစ်ဆုံစီမံကိန်းလို ကိစ္စတွေကို ကျယ်ကျယ်ပြန့် ပြန့် ဆွေးနွေးစေချင်တယ်”
ဦးနေမျိုးဝေ (ဥက္ကဋ္ဌ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ)

‘‘လောလောလတ်လတ်ခံရမှာကဒေသခံ ကချင်လူမျိုးတွေပါ၊ ဒီနေရာမှာ ငလျင်မလှုပ်ဘူးလို့ ဘယ် သူပြောနိုင် လဲ။ ဒီဆည် က နည်းနည်းနောနော ဆည်မဟုတ်ဘူး ကမ္ဘာပေါ်မှာ အကြီးမားဆုံး ၁၅ ခုမြောက်ဆည် ဖြစ်တယ်၊ ဒီလောက်ကြီး မားတဲ့ ဆည်ကြီး တခုကို တရုတ်ရဲ့ နည်းပညာနဲ့တော့ ကျနော်စိတ်မချဘူး။ အချိန်မရွေး ဒုက္ခရောက်သွားနိုင်တယ်’’
ဦးဇိုးဇမ် (ချင်းအမျိုးသားပါတီ ဥက္ကဌ)

“ကျွန်တော့်အနေနဲ့ကတော့ မြစ်ဆုံစီမံကိန်းကို ဆက်လုပ်တဲ့အခါ တကယ့်အကျိုးအမြတ်က ဘာလဲ၊ ဆုံးရှုံးမှုက ဘာလဲဆိုတာတွေကို သေချာတွက်ချက်စေချင်တယ်။ အကျိုးအမြတ်က တွက်ရလွယ်တယ်။ ဆုံးရှုံးမှုတွက်ဖို့က သိပ်ခက်တယ်။ တရုတ်က အကျိုးအမြတ်များများရမှာကို သိလျက်နဲ့ ငွေရရင် ပြီးရောဆိုတဲ့ ဆက်လုပ်မယ်ဆိုရင် ကျွန်တော်ကတော့ ကိုယ့်အမျိုးသား အကျိုးစီးပွားအတွက် နာတယ်။ ပြန်ပြီးတော့ သုံးသပ်စေချင်တယ်။ ဒီကိစ္စကို လွှတ်တော်မှာ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးဖို့ လိုမယ်။ လွှတ်တော်ကို ချပြဖို့လည်း လိုအပ်မယ်။ ချင်းတွင်းမြစ် ပျက်စီးတာကိုတောင် ပြောနေရပြီဆိုရင် ဧရာဝတီကိစ္စဟာ ပိုပြီးအရေးကြီးလာခဲ့ပြီ။ ဧရာဝတီကောလို့ မဖြစ်ဘူး”
ဦးကြည်မြင့် (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ လသာမြို့နယ်မဲဆန္ဒနယ်)

“အခု မြစ်ဆုံစီမံကိန်းကလည်း မြန်မာပြည်ရဲ့အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ပေါ်မှာ ဖြစ်တယ်။ ကြိုတင်လေ့ လာ တိုင်းတာမှုတွေလည်း လုပ်ခဲ့ပြီးပြီလို့ သိရတယ်။ အချက်အလက်တွေမှာ မလုပ်သင့်တဲ့ အချက် များနေ ရင် အကောင်အထည် မဖော်သင့်ဘူး။ တတ်သိပညာ ရှင်တွေရဲ့ ဝေဖန် သုံးသပ် မှုတွေနဲ့ ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို အစိုးရကအလေးထားဖို့လိုတယ်”
ဒေါက်တာဒေါ်မြင့်မြင့်ခင်

“တစ်တိုင်းပြည်လုံးနဲ့ဆိုင်တဲ့ မြစ်ဆုံလိုကိစ္စမျိုးကို ပြည်သူတွေကသာ ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။ ဒီလို ဆက်လုပ်မယ်ဆိုရင် ဘာတွေဖြစ်မယ်၊ မဖြစ်နိုင်ဘူးစတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာနဲ့ ပတ်သက်လို့တော့ မငြင်းခုံ ချင်တော့ဘူး။ ငြင်းနေရမယ့် အချိန်လည်းမဟုတ်တော့ ဘူး။ ပြတ်ပြတ်သား သား ပြောရမယ့် အချိန်ပါ။ မြစ်ဆုံ ကိုဆက်လုပ်ခြင်းနဲ့ ပတ်သက်လို့တော့ risk သိဖို့လိုတယ်။ ဒါဟာ ဗမာပြည်ဒုက္ခဖြစ် မယ့်ကိစ္စ။ သေရေးရှင်ရေး ကိစ္စပါ။ လူတစ်ယောက်က ဆုံးဖြတ်ရမှာမဟုတ်ဘူး။ တိုင်းပြည်မျက်နှာကို မကြည့်ဘဲ အကျိုးအမြတ်ကိုပဲ ကြည့်လို့မရဘူး။ နောင်တစ်ချိန်မှ မှားသွားပြီဆိုရင်လည်း ပြန်ပြင်လို့ မရတော့ဘူး။ အခုဆိုရင် အစိုးရသစ် ဖြစ်နေပြီ။ အစွဲဟောင်းတွေ ပြုတ်ဖို့ လိုတယ်။ ပြည်သူတွေကတော့ အသစ်ကို လိုချင်တယ်။ အဟောင်းထဲက ကောင်းတာပဲယူပြီး မကောင်းတာကို ယူမလာစေချင်ဘူး”
ဦးစိုးညွန့် (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ငှက်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း)

“ဧရာဝတီဟာ ကျွန်မတို့နိုင်ငံရဲ့ အလှတရား၊ သဘာဝအမွေပါ။ ရေမြေတောတောင် သဘာဝတရားနဲ့ ပတ်သက် လို့ တန်ဖိုးမဖြတ်နိုင်ပါဘူး။ မြစ်ဆုံဟာ မြန်မာနိုင်ငံအတွက် အလွန်တန် ဖိုးကြီးပါ တယ်။ နောက် ပိုင်း နှစ်များ စွာအထိ မြေးမြစ်တွေ အထိ လက်ဆင့်ကမ်းပေးနိုင်ရမှာ။ မြစ်ဆုံကိုရော ဧရာဝတီကိုရော သဘာဝအတိုင်း ဆက် ရှိနေစေချင်ပါတယ်”
ဆရာမ ဂျူး

“ဧရာဝတီနဲ့ ပတ်သက်ရင် ဧရာဝတီဆိုတာ မြန်မာပြည်ရဲ့အသက်သွေးကြောပဲ။ လူတိုင်းနဲ့သက်ဆိုင်တယ်။ လူတိုင်း ပြော ပိုင်ဆိုခွင့်ရှိတယ်။ လူထုရဲ့အသံကို နားထောင်သင့်တယ်။ အများပိုင်ပစ္စည်း ဖြစ်တဲ့အခါမှာ အများ ရဲ့ဆန္ဒလိုပါတယ်”
ဒေါက်တာအေးမောင် (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)

“ဒီပရောဂျက်ကို စပြီးလုပ်ကတည်းက ပွင့်လင်းထင်သာမှု မရှိခဲ့ပါဘူး။ ဧရာဝတီဆိုတာ နိုင်ငံသားတိုင်းပိုင်တဲ့ အရာပါ။ တစ်ဦးတစ်ယောက်ပိုင်ပစ္စည်း မဟုတ်ပါဘူး။ ကိုယ်ပစ္စည်းလို လုပ်လို့မရပါ ဘူး။ နိုင်ငံသား တိုင်းကိုချပြပြီးမှ လုပ်ရမှာပါ။ ပြည်သူတွေသိအောင်ချပြရမယ်။ မီဒီယာတွေကို ပွင့်ပွင့်လင်း လင်းပြောပြီးမီဒီ ယာတွေက တစ်ဆင့်ပြောရမှာပါ။ အခုက ဘွားခနဲပေါ်လာပြီမှ သိရတော့ စိတ်မကောင်းဖြစ်မိပါတယ်။ အခုဆက်ပြီး လုပ်မယ်ဆိုတော့ ၀မ်းနည်း ဆို့နင့်ရပါတယ်။ တရုတ်နိုင်ငံမှာတောင် သူတို့ရဲ့ Three Gorges Dam အတွက် နောင်တရတာတွေ၊ ပြန်ပြီးသုံးသပ်တာတွေ လုပ်နေပါတယ်။ ကျွန်တော်တို့ လည်း နောက်မ ကျသေး ပါဘူး။ ပြန်ပြီးပြုပြင်လို့ ရပါတယ်။ နောက်ဆုံး မဖြစ်မနေ ဆောက် ရမယ်ဆိုရင်တောင် လျှော့ ချလို့ရ ပါသေးတယ်”
ဦးအောင်လှထွန်း (ရိုက်တာသတင်းဌာန)

“သဘာဝသယံဇာတဆိုတာက တကယ်တမ်းပြောရရင် ပြည်သူလူထုက ပိုင်တာလေ။ ဒါကိုစီမံခန့်ခွဲနိုင်ဖို့ အတွက် ပြည်သူလူထုက ပေးထားတဲ့ နေရာတစ်ခုကိုအစိုးရလို့ ပြောလို့ရတယ်။ ဒါကြောင့်ဒီကိစ္စကဘယ်သူမှ ပိုင် တယ်လို့ ပြောလို့မရဘူး။ အများစုရဲ့ ဆန္ဒသဘောထားနဲ့ ဖြစ်သင့်တယ်လို့ထင်တယ်။ ဒါကိုမှအစိုးရတစ်ရပ် အနေနဲ့လုပ်ချင်တာကို လုပ်ခွင့်ရှိတယ်ဆိုပြီး လုပ်မယ်ဆိုရင် နောက်ဆက်တွဲ အကျိုးဆက်တွေရှိလာနိုင်သလို သမိုင်းရဲ့တရားခံတွေတော့ ဖြစ်လာမှာပဲ လေ။ ဒါကြောင့် ဆက်လုပ်မယ်ဆိုရင်တော့ တစ်ပြည်လုံးရဲ့ သဘော ဆန္ဒကိုခံယူ တာမျိုးလုပ်သင့်တယ်လို့ ထင်တယ်။ ဒါမှမဟုတ် သီးခြားလွတ်လပ်ပြီး တတ်သိနားလည်တဲ့ ပညာ ရှင်တွေ ရဲ့အကြံဥာဏ်တွေကိုယူသင့်တယ်။ ဒီကိစ္စ နဲ့ပတ်သက်ပြီး အားလုံးကတော့ စိုးရိမ်တ ကြီးဖြစ်နေကြပြီ။ အဓိကတော့ ဧရာဝတီမြစ်ဖြစ်နေလို့ပါပဲ။ သီးခြားလွတ်လပ်တဲ့ တတ်သိနားလည်သော ပညာရှင်တွေ ဆီက အကြံဥာဏ်တွေရယူသင့်ပါတယ်။ကျွန်တော့်သဘောအရ ဆိုရင်တော့ ဒီရေကာတာ ဆက်လုပ်မယ်ဆိုတဲ့ အချက်ကို သဘောမတူပါဘူး”
မင်းထင်ကိုကိုကြီး (ဒါရိုက်တာ)

“မြစ်ဆုံနဲ့ ပတ်သက်လို့ သတင်းတွေ အများကြီး ကြားရပါတယ်။ နောက် အခုတလောမှာလည်း ထူးထူးခြားခြားပေါ့ တော်တော်လူပြောသူပြောများတဲ့ သတင်းတွေ ကြားရပါတယ်။ ကိုယ့်အယူအဆနဲ့ ကိုယ်ပြောကြတာပါ။ တစ်ကယ်တမ်း တိုင်းပြည်အတွက် အကျိုးရှိမယ်ဆိုရင် လုပ်ကြမှာပေါ့။ တိုင်းပြည်အတွက် အကျိုးမရှိဘူးဆိုရင်လည်း ဘယ်သူမှ မလုပ်ပါဘူး။ တတ်ကျွမ်းတဲ့၊ နားလည်တဲ့ ပညာရှင်တွေ ဒီလို စုဆွေးနွေး ပြီးတော့ ပြောကြမယ်ဆိုရင် ပိုပြီးသင့်တော်မယ်လို့ ကျွန်တော်ထင်ပါတယ်။ အရင်က ကျွန်တော် လယ်/ဆည်ဝန်ကြီးဟောင်း လုပ်ခဲ့ပါတယ်။ မျိုးစုံပြောပါတယ်။ ကျွန်တော် ဆည်တစ်ခု ဆောက်ပြီးတိုင်း သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပျက်စီးမယ်တို့၊ ဘာတို့ ပြောကြတာပေါ့။ အကျိုးရှိတာလည်း ရှိပါတယ်။ တစ်ဖက်က လည်း ရေမြုပ်သွားတာ လည်းရှိပါတယ်။ ဒီနှစ်ခုမှာ ဘယ်ဟာက ကိုယ့်တိုင်းပြည်အတွက် အကျိုးရှိမလဲ ဆိုတာကိုပဲ ကျွန်တော်တို့ စဉ်းစားပြီး ဆုံးဖြတ်ကြမယ်လို့ ကျွန်တော်ထင်ပါတယ်”
ဦးဌေးဦး (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)

“ကျွန်မတို့ မြစ်ဆုံဒေသမှာ နေတဲ့သူဖြစ်တဲ့အတွက် မြစ်ဆုံက လူထုနဲ့ နီးစပ်ပါတယ်။ မြစ်ဆုံနဲ့ပတ်သက်ပြီးတော့ တကယ် ကျွန်မတို့ ကချင်ပြည်နယ်ထဲက လူထုက စိုးရိမ်နေတာ အမှန်ပါပဲ။ ကျွန်မလည်း လွှတ်တော်ကိုယ် စားလှယ် တစ်ယောက်အနေ နဲ့ကလည်း လူထုထဲကပါပဲ။ ကျွန်မတို့ ကချင်လူမျိုးတွေအနေနဲ့လည်း ဒီအင်မတန် ရှားပါး တဲ့ မြစ်တစ်ခုဆုံတာကို ဒီအတိုင်းပဲ ထာဝရစီးဆင်းနေချင်ပါတယ်။ ဒါပေမယ့် ကျွန်မတို့ရဲ့ တိုင်းပြည် နဲ့ ပြည်သူလူထုရဲ့ လိုအပ်ချက်အရ ဒီဟာကို တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် အမှန်တကယ် အကျိုးရှိမယ် ဆိုတဲ့ကိစ္စ အသုံးပြုမယ်ဆိုရင် ကျွန်မတို့က တစ်ခုလိုချင်ရင် တစ်ခုကို ဆုံးရှုံးရမယ်ဆိုတာ ကျွန်မတို့ နားလည် ပါတယ်။ လောလောဆယ်မှာ ကျွန်မတို့ စိုးရိမ်နေတာကတော့ ဒီ Dam ကြီး ပေါက်ကွဲလာလို့ရှိရင် ကျိုးပဲ့သွား လို့ရှိရင် ကျွန်မတို့ မြစ်ကြီးနားကလူတွေ အရင်သေမယ်။ ဒါကိုပဲ အကြီးအကျယ် စိုးရိမ်နေကြပါတယ်”
ဒေါ်ဒွဲဘူ (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)

“ကျွန်တော်တို့ရဲ့ သမိုင်းအတွေ့အကြုံ၊ ကမ္ဘာ့သမိုင်း အတွေ့အကြုံအရ စေတနာရဲ့နောက်မှာ အတတ်ပညာ၊ အသိပညာ၊ ဆင်ခြင်တုံတရား၊ တခြားသော နည်းစနစ်မှန်တွေ မရှိရင် အလကားပဲဆိုတာ ဒီနေရာမှာ ထပ်ပြောချင် ပါတယ်။ ဆည်ဆောက်တာ နဲ့ပတ်သက်ပြီး ကောင်းသည်၊ ဆိုးသည်ကို ဒီအထဲမှာ တစ်စုံတစ်ရာေ၀၀ါးနေတဲ့သူတွေ ရှိရင် ကျွန်တော်အခု ဖတ်ပြချင်ပါတယ်။ အဲဒါကတော့ ဧရာဝတီဆည်နဲ့ ပတ်သက်တဲ့ သဘာဝပတ်ဝန်းကျင် အကျိုးဆက်တွေ ကို လေ့လာထားတဲ့၊ ဧရာဝတီမြစ် အထက်ပိုင်းမှာ ဆည်တွေဆောက်လိုက်တဲ့အခါ ဘာအကျိုးဆက်တွေ ဖြစ်လာမလဲဆိုတာကို မြန်မာနိုင်ငံ အစိုးရရဲ့ ခွင့်ပြုချက်နဲ့ မြန်မာပညာရှင်၊ တရုတ်ပညာရှင်တွေလည်း ပါတယ်။ စာမျက်နှာ ၉၀၀ ကျော်ရှိ တဲ့ လေ့လာချက်စာတမ်း ၁ စောင် ထွက်ခဲ့ပါ တယ်။ ၂၀၀၉ အောက်တိုဘာလမှာ ထွက်ခဲ့ပါတယ်။ အဲဒီက စာလေးတစ်ပိုဒ် ကို ဖတ်ပြချင်တယ်။ ‘မြန်မာ နှင့် တရုတ်နိုင်ငံတို့မှ သဘာဝပတ်ဝန်းကျင် ဆိုင်ရာများကို အမှန်တ ကယ် ပူပန်၍ ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုများကို ရည်ရွယ်ပါလျှင် ဧရာဝတီမြစ်ဆုံတွင် သည်မျှ ပမာဏကြီးသော ရေလှောင်ကန်ကို တည်ဆောက်ရန်မလိုချေ’ တဲ့။ ဒါသည် ပညာရှင်တွေရဲ့ ထုတ်ဖော်ချက်ပါ။ တခြားတခြားသော ပညာရှင်တွေရဲ့ အဆိုအရလည်း ဒီဆည်မရှိသင့်ဘူး ဆိုပါတယ်။ ဒါတွေ ကျွန်တော်တို့ချပြဖို့ လိုပါတယ်။ ဒါတွေ မရှိသင့်ဘူးဆို တဲ့ ရဲရဲရင့်ရင့်လှုပ်ရှားမှု၊ ပြောဆိုမှုတွေ ကျွန်တော်တို့ လုပ်ကြဖို့လိုပါတယ်။ ဒါ EIA ထဲက တစ်ချက်ကို အခြေခံပြီး ပြောတာပါ”
ကိုမြင့်ဇော်

မြန်မာနိုင်ငံလို့ ဆိုလိုက်တိုင်းမှာ ဧရာဝတီဆိုတာ အမြဲတမ်းတွဲပြီး ပါလာခဲ့တာပါပဲ။ နိုင်ငံတွေ နိုင်ငံတွေရဲ့ တိုးတက်ဖွံ့ဖြိုးမှုတွေ ဆိုတာဟာလည်း ဟိုးသမိုင်း အစဉ်အဆက်ကိုပဲ ကြည့်ကြည့်၊ လက်ရှိအခြေအနေကိုပဲ ကြည့်ကြည့် အဓိက မြစ်ကြီးတွေ၊အဲဒီမြစ်ကြီးတွေရဲ့ မြစ်ဝှမ်းဒေသတွေ၊ အဲဒီနေရာကနေပဲ ယဉ်ကျေးမှုတွေ စတင်ပြီး ပေါ်ပေါက်လာခဲ့တာပါ။ ဒီလိုပါပဲ မြန်မာနိုင်ငံနဲ့ ဧရာဝတီဆိုတဲ့ ဟာကလည်း ဘယ်လိုမှကို ခွဲခြားလို့ မရပါဘူး။ ဒီမြစ်ကြီး စီးဆင်းနေသမျှ ကာလပတ်လုံး ကျနော်တို့ နိုင်ငံရဲ့ သွေးတွေကလည်း ဒီမြစ်ထဲမှာ စီးဆင်းလာသလို ခံစားခဲ့ကြရတာပါ။ အဲအတွက်ကြောင့် မို့လို့ နိုင်ငံကို ချစ်တာနဲ့ တူညီစွာနဲ့ပဲ ကျနော် ဧရာဝတီမြစ်ကိုချစ်ပါတယ်။ တန်ဖိုးထားပါတယ်။
ဇေယျာသော် (ဟစ်ပ်ဟော့ပ် အဆိုတော်၊ နိုင်ငံရေးအကျဉ်းသားဟောင်း)

“ကျွန်တော်စဉ်းစားမိတာ တစ်ခုရှိတယ်။ ငါတို့နိုင်ငံတော်သီချင်းဆိုကြတယ်။ ဒါတို့ပြေ၊ ဒါတို့မြေ တို့ပိုင်တဲ့မြေလို့။ အခုတော့ ငါတို့ပိုင်သေးလား။ ငါတို့ပိုင်ထားရတဲ့ သယံဇာတတွေကို အရင်တုန်းကလည်း ဒီသယံဇာတတွေေ ကြာင့် ပေါ့လေ။ ကျွန်ဖြစ်ခဲ့ရတယ်။ အဲ့ဒီတုန်းက ဘယ်လိုခေါ်လဲဆိုတော့ rape of Burma တဲ့။ ဗမာပြည် သယံဇာတကို အနိုင်ကျင့်ခြင်းပေါ့။ အဲဒါနဲ့ ကျွန်တော်တို့ ကျွန်ဖြစ်ခဲ့ရတယ်။ အခုဟာက သယံဇာတ လိုချင်လို့ ကိစ္စမရှိသေးဘူး။ အဲဒီသယံဇာတ လိုချင်တဲ့နောက်ပိုင်းမှာ သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးတာတွေ ပါလာတယ်။ ကျွန်တော် တစ်ခါပြောဖူးတယ်။ Ecological rape of Burma သယံဇာတတင် မဟုတ်တော့ဘူး။ ကျွန်တော်တို့ရဲ့ သဘာဝပတ်ဝန်းကျင်ကိုပါ အနိုင်ကျင့်ခံနေရတာပေါ့”
ကိုတာ (ဆရာဝန် စာရေးဆရာ)

မြစ်ဆုံရေကာတာကို တည်ဆောက်ဖို့ မသင့်တော်ဘူးလို့ မြန်မာ-တရုတ် ပညာရှင်အဖွဲ့ အစီရင်ခံစာမှာ အတိအလင်း ဖော်ပြထားပါတယ်။ (တရုတ်ပညာရှင်တွေနဲ့ ပူးတွဲလေ့လာခဲ့တဲ့ ရန်ကုန်အခြေစိုက် ဇီဝမျိုးကွဲနဲ့ သဘာဝထိန်းသိမ်းရေးအသင်း Biodiversity and Nature Conservation Association က ၂၀၀၉ ခုနှစ် အောက်တိုဘာလမှာ ရေးသားထား) သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှာကို မြန်မာဘက်ကရော တရုတ်ဘက်ကရော တကယ်ပဲ စိုးရိမ်တယ်ဆိုရင် မြစ်ဆုံမှာ ရေကာတာကို မတည်ဆောက်သင့်ဘူးလို့ ဆိုပါတယ်။……… ရေကာတာ တည်ဆောက်မယ်ဆိုရင် လူ့အဖွဲ့အစည်းနဲ့ သဘာဝ ပတ်ဝန်းကျင်ကို ဘယ်လို ထိခိုက်နိုင် တယ် ဆိုတာကို လေ့လာအကဲဖြတ်ဖို့ လိုအပ်ကြောင်း၊ တရုတ် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဥပဒေမှာ ဖော်ပြထားတာကြောင့် စတိအနေနဲ့ ဧရာဝတီ ရေကာတာ လေ့လာရေးမှာ တရုတ်ပါဝင် လာတာ ဖြစ်နိုင်ပါတယ်။ မြန်မာမှာလည်း ၂၀၀၆ မှာ ပြဋ္ဌာန်းတဲ့ ရေအရင်းအမြစ်နဲ့ မြစ်ချောင်းများ ထိန်းသိမ်းရေး ဥပဒေနဲ့ သက်ဆိုင်ရာ ဦးစီးဌာရှိပေမယ့် သဘဝပတ်ဝန်းကျင် ထိန်းသိမ်းရေး မူဝါဒလမ်းစဉ် မရှိပါဘူး။ ဒါကြောင့် ၂၀၀၉ ခုနှစ် ဧရာဝတီ ရေကာတာ အစီရင်ခံစာကို လုံးဝဂရုမစိုက်ကြတာ ဖြစ်ပုံရပါတယ်။
ဦးအောင်ခင် (VOA သတင်းဌာန)

“ဒါဟာ ဗမာပြည်ဒုက္ခဖြစ်မယ့်ကိစ္စ။ သေရေးရှင်ရေး ကိစ္စပါ။ လူတစ်ယောက်က ဆုံးဖြတ်ရမှာမဟုတ်ဘူး”
ဦးစိုးညွန့် (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း)

“အကျိုးစီးပွါး ပျက်သုံးမှုတွေက ပိုပြီးတော့ ကြီးမားနေတဲ့ အတွက် ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အများကြီး ပြန်ြ ပီးတော့ လေ့လာရမယ်၊ သုံးသပ်ရမယ်၊ လူတွေရဲ့ သဘောထားတွေကို နားထောင်ရမယ်လို့ ကျနော် ပြော ချင်ပါတယ်”
ဦးဝင်းတင် (သတင်းစာ ဆရာကြီး)

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူများ၊ ထိန်းသိမ်းသူများ၊ ငြိမ်းချမ်းရေးတရားနှင့် သဟဇာတဖြစ်ခြင်းကို ချစ်မြတ်နိုးသူများ အားလုံးတို့အား အာရှတိုက်၏ အရေးပါဆုံး မြစ်တစ်ခုဖြစ်သည့် ဧရာဝတီကို ခြိမ်းခြောက်နေ သည့် အန္တရာယ်များအား ကမ္ဘာတဝှမ်းမှ သိရှိနားလည်ကြစေရန် ကျွန်ုပ်တို့နှင့်အတူ ဝိုင်းဝန်းဆောင်ရွက်ကြပါရန် ပန်ကြားအပ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည် (“ဧရာဝတီအတွက် ပန်ကြားချက်” မှ)

အထက်ပါ အကြောင်းအရာအားလုံးအတွက် Eleven Media Group နဲ့ Mandalaygazette ကို Credit ပေး ပါတယ် ။

မြစ်ဆုံစီမံကိန်း ပတ်သတ်လို့ CPI က လုပ်ထားတဲ့ Survey ရဲ့ အချက်အလက်တွေကို ဒီ
http://www.burmapartnership.org/2011/07/analysis-of-environmental-impact-study-on-hydropower-development-of-irrawaddy-river/ မှာ ဖတ်နိုင်ပါတယ် ။

သက်တန့်ချို
23 September 2011

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, September 22, 2011

ဖျားနာနေသော ဧရာဝတီကို ၀ိုင်းဝန်းကုစားကြဖို့ ( အပိုင်း ၂)



ချစ်သော ဧရာဝတီ

ကြည်လင်တောက်ပတဲ့...
ငွေရောင်လှိုင်းကြပ်ခွပ်တွေကြား
ဧရာဝတီဟာ...နံနက်ခင်းတိုင်းမှာ
ကြည်လင်အေးမြစွာ...နိုးထမြဲ...
“ ဧရာဝတီ ”
မြေကမ္ဘာတည်သရွေ့
ရွှေမြန်မာရဲ့ နတ်သမီး
အသီးသီးသော ...အလှတရားတို့နဲ့
ထုံးခွေ....ရစ်ပတ်
အတိတ်နေ့ရက်တိုင်းမှာ...
မြန်ပြည်သားတို့ရဲ့ အသိဥာဏ်ကို
လှုံ့ခတ် ကြည်နူးစေတယ်....

သဲသောင်ပြင် ဖြူဖြူအောက်
ခရုကောက်ကြတဲ့ ကမ်းစပ်မှာ..
ရေလှိုင်းသံ တလွင်လွင်
မှိုနတို...နဖားရွက်နဲ့
စားစရာပေါတဲ့ တို့မြန်ပြည်
ဧရာဝတီ....ရစ်ခွေမြဲ
အသည်းနှလုံးစိုင်တွေမှာ
အဘယ်သို့သော အကြောင်းတရားတွေနဲ့မှ
မပျောက်ကွယ်စေချင်....

အို....ဧရာဝတီ
ငါတို့ချစ်တဲ့ မြစ်တစ်စင်း
သင်ပေးဆပ်တဲ့ချစ်ခြင်းကို
လူတချို့က...မြစ်တစ်စင်းအသွင်မမြင်ခဲ့
ဘောင်ကွပ်...ထိမ်းချုပ်...
လျှပ်စစ်ဓါတ်တွေ...ထုတ်ကြမတဲ့..
ငိုကြွေးလိုက်ပါ...ဧရာဝတီ
ငါတို့ တာဝန်မကျေကြဘူး
သင့်သွေးကိုသောက်...
သင့်ဦးနှောက်ကိုဖောက်..
လူတွေက..တာတမံတွေ ဆောက်ကြဦးမယ်

တတ်စွမ်းသမျှ
ငါတို့အားလုံး....တတ်စွမ်းသမျှ
ဧရာဝတီရဲ့...အလှ
တစ်စက်မှ အထိမခံ
ဝိုင်းကာဝန်းကာကြံစည်ကြလို့
ကာကွယ်ထိန်းချုပ်
ဖွေးဖွေးလှုပ်တဲ့ ရေလှိုင်းသံတွေ..
အားမာန်အပြည့်...စိတ်ဓါတ်တွေနဲ့
ငါတို့...ကာကွယ်တားဆီးကြမယ်

ကုန်သွယ်ရေကြောင်း
တဂျောင်းဂျောင်းမြည်တဲ့ ..
စက်သမ္မာန် တွေကြား
ဧရာဝတီဟာ...အစဉ်အမြဲ တာဝန်ကျေလို့
ငါတို့အတွက်ဆို....
သင့်အသက်ကိုပါ...ပေးအပ်ဝံ့ခဲ့တယ်

အလင်းရောင်မရချင်နေပါစေ...
လောင်ကျွမ်းပြာကျစေပြီးမှ...
နှလုံးသားကို ဖောက်ထုတ်ရမယ့်အလုပ်
ဒီ..မဟုတ် တရုတ် တွေကိုလည်း
ငါတို့ မပြုပါရစေနဲ့

မေခ...မလိခ
မစားရ ၀ခမန်း
လူတွေက ..စီးပွားဆန်တယ်
အတ္တနဲ့ မာနတွေ နောက် တကောက်ကောက်
ပါးစပ်တွေကလည်း..
ပေါက်ပေါက်မြည်အောင်ဖောက်တယ်
တိုင်းတပါးနဲ့ ပူးပေါင်းလို့
ဆူးဖယောင်းအသွင် ပုံသွင်း
အသက်ပြင်းတဲ့ စနစ်ဆိုးအောက်
ငါတို့...ဒူးထောက်ရပေါင်းလည်းများပြီ

အို...ငါတို့ ချစ်မြတ်ရသော
မိခင် ဧရာဝတီ...
ဘေးလည်းမသီ...ရန်လည်းမခ
မာန်စွယ်တွေ တမြမြ
စူး ရှရှ..သံစဉ်တွေကြား
မြစ်ကမ်းတွေကို ဘောင်ခတ်လို့
နောင်အသက်..ရှည်သထက်ရှည်အောင်
ဝိုင်းဝန်းကာဆုတောင်း..
“ ဧရာဝတီ ” ....
သင်ချစ်သော..သားသမီးတို့အလယ်
အစဉ်အမြဲ.....
ရစ်ခွေစီးဆင်းစေသား....
ရ စ်ေ ခွ စီး ဆ င်းေ စ သား . . .
ရ စ်ေ ခွ စီး ဆ င်းေ စ သား . . . .

သက်တန့်ချို
၂၂ ရက် စက်တင်ဘာ ၂၀၁၁ ခုနှစ်

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, September 21, 2011

ဖျားနာနေသော ဧရာဝတီကို ၀ိုင်းဝန်းကုစားကြဖို့ ( အပိုင်း ၁)

ဖျားနာနေသော ဧရာဝတီကို ၀ိုင်းဝန်းကုစားကြဖို့ ( အပိုင်း ၁)



မြစ်ဆုံးစီမံကိန်းကို လွန်ခဲ့တဲ့ လပေါင်းများစွာကတည်းက ကြားနေခဲ့တာကြာပါပြီ ။ ကျွန်တော်အလုပ် ကိစ္စနဲ မန္တလေး တက်တက်ဖြစ်တုန်းက မြစ်ကြီးနားဖက်သွားတဲ့ Mobile Team က ကိုကျော်တို့က မြစ်ဆုံ စီမံကိန်းမ လုပ်ဖြစ်ခင်တုန်းက သူတို့ရိုက်လာခဲ့တဲ့ မြစ်ဆုံက ရှုခင်းအလှလေးတွေ ထုတ်ထုတ်ပြတယ် ။ သာယာလိုက်တာ လှပလိုက်တာ အဲဒါတစ်ခုတည်းနဲ့တင် မြန်မာနိုင်ငံသားဖြစ်ရတာ ဂုဏ်ယူလို့မဆုံးတော့ ။ ကျွန်တော် မြစ်ဆုံ ကို မွေးကတည်းကတစ်ခါမှမရောက်ဖူးပါဘူး ။ငယ်ငယ်တုန်းက ဖတ်စာအုပ်တွေထဲမှာတော့ မြစ်ဆုံ အကြောင်းရေး ထားတာတွေ သင်ခဲ့ရတယ် ။ တစ်နေ့တော့ အရောက်သွားလည်မယ်လို့လည်း စိတ်ထဲ ကြိတ်ပြီး စိတ်ကူး ထားဖူးတယ် ။ အခုတော့ မြစ်ဆုံကို သွားမယ်ဆိုရင် စက်သံတွေဆူညံနေတဲ့ လုပ်ငန်းခွင်တွေ ကိုပဲ တွေ့ ရတော့မယ် ။ ရင်ထဲ မှာ ၀မ်းနည်းလိုက်တာ ဟိုတစ်နေ့တည်းက ကိုကိုးအိမ်က ဧရာဝတီလား သူငိုနေတယ်ဆိုတဲ့ ပို့စ်ကို ဖတ်ပြီးတည်းက ကျွန်တော်တို့ ဘလော့ဂါတွေလည်း ဧရာဝ တီအတွက်တတ်စွမ်းသမျှ ကုစားကြဖို့ တိုက်တွန်း လိုပါတယ် ။



ဘလော့ဂ်တွေမှာ ဧရာဝတီ အကြောင်း လေးတွေ တင်ပေးဖို့ မြစ်ဆုံ စီမံကိန်းကို တတ်နိုင်သမျှ နောက်ဆုတ်ဖို့ ကျွန်တော်တို့ မြန်မာပြည်သူပြည်သားတွေက ဧရာဝတီ ကို ဘယ်လောက်ထိ ချစ်မြတ်နိုးကြောင်းကို တတ်နိုင်တဲ့ ဖက်နေ ဖော်ပြပေးဖို့လိုပါတယ် ။ ဘလော့ဂ်ဂါတွေဖက်ကလည်း ကိုယ်နဲ့မဆိုင်သလိုမနေပဲ မိမိ တတ်နိုင်သမျှ ပို့စ်လေးတွေ ရေးတင်ပေးစေချင်ပါတယ် ။ ဒီအကြောင်းကိုလည်း ဆရာမရွှေစင်ဦးရေးတဲ့ ဒီနေရာလေးမှာ ဖတ်နိုင်ပါတယ် ။ ဘလော့ဂ်ဂါ တွေအတွက် ပြုလုပ်ပေးထားတဲ့ Blogger for Ayarwaddy ဆိုတဲ့ Facebook link လေးမှာလည်း တတ်နိုင်သမျှ ပါဝင်နိုင်ပါတယ် ။ ကျွန်တော့်ဖက်က အမြင်ပြောရရင်တော့ ဧရာဝတီ အရေး သည် စီးပွားရေးမဟုတ်သလို နိုင်ငံရေးလည်းမဟုတ်ပါဘူး ။ ကျွန်တော်တို့ တစ်မျိုးသားလုံးနဲ့သက်ဆိုင်တဲ့ အမျိုးသားရေး တစ်ခုသာဖြစ်တယ်လို့ ရိုးသားစွာ မြင်မိပါတယ် ။ ဂျာနယ်တွေ စာစောင်တွေကနေ မြစ်ဆုံစီမံကိန်း အပေါ် အမြင်တွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဖတ်နိုင်ပါပြီ ။ ရှေးပဝေဏသီကတည်းက ဧရာဝတီဟာ မြန်မာနိုင်ငံရဲ့ အသက်သွေးကြောဖြစ်သလို စီးပွားရေးအရလည်း ကုန်ရောင်းကုန်ဝယ် လုပ်ဖို့ အဓိက အချက်အချာ ရေသောက်မြစ်တစ်ခုဖြစ်ခဲ့ပါတယ် ။ ဧရာဝတီသားပီပီ ဧရာဝတီမြစ်ကြီး ကို သဘာဝအတိုင်းပဲ ရှိစေချင် တာဟာ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေရဲ့ ဆန္ဒပါ ။

ပြည်သူတစ်ယောက်အနေနဲ့ပြောရရင်တော့ ရရှိလာမယ့်အကျိုးအမြတ်တွေကိုလည်းမလိုချင်ပါ ။ ဧရာဝတီကို စတေးပြီးမှ လျှပ်စီးမီးတွေ ထိန်ထိန်ညီးပြီး အလင်းရောင်မြင်ရမယ်ဆိုရင်တော့ အမှောင်ထဲမှာ ပဲနေပါ ရစေ ။ ဒီနေရာမှာ မြစ်ဆုံမှာ စီမံကိန်းလုပ်ယုံနဲ့ ဧရာဝတီမြစ်ကြီး တစ်ခုလုံးပျက်မသွားနိုင်ပါ ဘူးလို့ ပြောတဲ့ သူတွေကိုလည်းတစ်ခုပြောချင်ပါတယ် ။ မြစ်ဆုံမှမဟုတ်ပါဘူး ။ ကျွန်တော်ကတော့ ဧရာဝတီရဲ့အရေး ပါတဲ့ နေရာတွေမှန်သမျှကို သဘာဝအတိုင်းလေးပဲထားရှိစေချင်ပါတယ် ။ တချို့အကြောင်းအရာတွေကို တိတိကျကျ မသိရပေမယ့် ( မသိနိုင်ပေမယ့် ) မြစ်ဆုံနေရာလေးကိုတော့ သဘာဝအတိုင်းလေး ပဲ ရှုခင်းလှ လှလေး နဲ့ မြင်ချင်ပါတယ် ။ အခုဆိုရင် ဧရာဝတီဟာ နေရာတော်တော်များများမှာ သောင်တွေထွန်းလို့ မြစ်ဟာ ကျဉ်းသထက်ကျဉ်းလာခဲ့တယ် ။ ဒါဆို နောင်တစ်ခေတ်မှာ ဧရာဝတီ မပျောက်သွားဖူးလို့ ကျွန်တော်တို့ အာမခံနိုင် ပါသလား ။ ဧရာဝတီ နဲ့ မြန်မာပြည်ဆိုတာ သားအမိလိုပါပဲ ။ သားကို သတ်လိုက်ရင် အမေ ပါ သေ သွားနိုင်ပါတယ် ။ ဒါကြောင့် အားလုံး ပဲ မိမိတို့ တတ်နိုင်တဲ့ဖက်ကနေပြီး ဧရာဝတီကို ၀ိုင်းဝန်း ကုစားကြပါစို့ ။

အမှတ်တရ အနေနဲ့ကျွန်တော်ရေးခဲ့ဖူးတဲ့ သာစွဧရာဝတီ ငါတို့ပြည် ဆိုတဲ့ပို့စ်လေးပြန်တင်ပေးလိုက်ပါတယ် ။

သာစွဧရာဝတီ ငါတို့ပြည်



ဧရာဝတီ မြစ်ဟာ မြန်မာနိုင်ငံရဲ့ အလယ်ဗဟိုကနေ ဖြတ်သန်းစီးဆင်းနေတဲ့ အသက်သွေးကြောသဖွယ် အဓိက မြစ်ကြီး တစ်စင်းဖြစ်ပါတယ် ။ ဧရာဝတီမြစ်ဟာ မြန်မာနိုင်ငံရဲ့ အရေးပါတဲ့ ကုန်သွယ်မှုဆိုင်ရာ မြစ်ကြီး တစ်လက်လည်း ဖြစ်ပါတယ် ။ ဧရာဝတီမြစ်ရဲ့ စုစုပေါင်းအရှည်ဟာ ၂၁၇၀ ကီလိုမီတာ ဖြစ်ပြီး ၁၃၄၈ မိုင်ဖြစ်ပါတယ် ။



ဧရာဝတီမြစ်ကမ်းပါးဘေးမှာ ယာယီတဲလေးတွေထိုးပြီး တံငါလုပ်ငန်းနဲ့ ယာလုပ်ငန်းကို အဓိကထားပြီး လုပ် ကိုင်ကြတဲ့ ရိုးသားတဲ့ မြန်မာလူမျိုးများကိုလည်း တွေ့နိုင်ပါတယ် ။ ဧရာဝတီမြစ်ဟာ ကချင်ပြည်နယ်မှ အစပြုပြီး မေခမြစ်နဲ့ မလိခ မြစ်တို့ ပေါင်းဆုံပြီး စတင်စီးဆင်းလာခြင်း ဖြစ်ပါတယ် ။



ဧရာဝတီမြစ်ရဲ့ အမည်ဟာ airavati ကနေအစပြုဆင်းသက်လာပြီး Elephant River လို့လည်း အဓိပ္ပါယ် ရ ပါ သေးတယ် ။ ရှေးရာဇ၀င်တွေအရ ဘုရင် မိဖုရားတွေဟာ စစ်ပွဲတွေ အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ဧရာ ၀တီ မြစ်ထဲမှာ လောင်းလှေတွေနဲ့ လှည့်လည်အောင်ပွဲခံလေ့ရှိပါတယ် ။ မြန်မာလူမျိုး အားလုံးလိုလိုဟာ ဧရာဝတီ မြစ်ကြီး ကို ချစ်ခင်မြတ်နိုးတဲ့စိတ်တွေ ကိန်းအောင်းနေပါတယ် ။



ဧရာဝတီမြစ်ကြီးဟာ မြန်မာနိုင်ငံရဲ့ မြောက်ပိုင်းနဲ့ တောင်ပိုင်းကို ဆက်သွယ်ထားတဲ့ အဓိက ရေလမ်း ကြောဖြစ်ပြီး အက်ဒမန် ပင်လယ်ထဲကို နောက်ဆုံးစီးဝင်ပါတယ် ။ ဟိုးရှေးယခင် ခြောက်ရာစုလောက်ကတုန်းက ဧရာဝတီမြစ်ကို ကုန်သွယ်မှုနဲ့ သယ်ယူပို့ဆောင်ရေးအတွက် အများဆုံး အသုံးပြုခဲ့ကြပါတယ် ။ ဆည်မြောင်းတွေ ဖောက် ပြီး ကူးလူးဆက်သွယ်မှုတွေ များလာတဲ့အခါ ဧရာဝတီမြစ်ကြီးကို အသုံးပြုပြီး ဗြိတိသျှတွေက မြန်မာနိုင်ငံ ကို ကျွန်ပြုခဲ့ကြပါသေးတယ် ။ မြန်မာနိုင်ငံ တောင်ဖက်ပိုင်း ဒေသတွေမှာ ဧရာဝတီမြစ်ပတ်ဝန်းကျင်မှာ ဆန်စပါးကိုလည်း အဓိကစိုက်ပျိုးလေ့ရှိပါတယ် ။



ယခုအခါမှာတော့ ဧရာဝတီမြစ်ကြီးဟာ တိမ်ကောလာတဲ့အတွက် သဲသောင်ပြင်များ အများအပြား ပေါ်ထွန်း လာတဲ့အတွက် ယခင်ကလောက် ကျယ်ဝန်ခြင်းမရှိတော့ပါဘူး ။ ပေါ်ထွန်းလာတဲ့ သဲသောင်ပြင်များပေါ်မှာပဲ တောသူတောင်သားတွေဟာ မတ်ပဲ ၊ ဗိုလ်ကိတ် ၊ ပဲလွန်း ၊ ပဲကြီး ၊မြေပဲ ၊ ဖရဲ စတဲ့ သီးနှံမျိုးစုံကို စိုက်ပျိုး ကြပါတယ် ။ ဒါပေမယ့် ရာသီဥတု ပူပြင်းလာခြင်းနဲ့ သဲသောင်များပေါ်ထွန်းလာခြင်းဟာ ဧရာဝတီလင်း ပိုင်တွေ အတွက်တော့ အန္တရာယ် ပဲဖြစ်ပါတယ် ။



မြစ်ကြီးနားနဲ့ မန္တလေးကြားမှ ဧရာဝတီမြစ်ကြီးကို အပိုင်း ၃ ပိုင်းခွဲခြားထားပါတယ် ။ မြစ်ကြီးနားမှာ မိုင်လေး ဆယ်လောက်ကို အောက်တည့်တည့် အပိုင်း တစ်ပိုင်းသတ်မှတ်ထားပါတယ် ။ ဗန်းမော်အောက်ဖက်မှာတော့ ဧရာဝတီဟာ အနောက်ဖက်သို့ ကွေ့ဝိုက်ပြီး နုန်းမြေဆန်တဲ့ မြေနက်ပိုင်းကို စီးဆင်းပြီး ထုံးကျောက်တွေရှိတဲ့ ဒေသမှာ ဒုတိယအပိုင်း ဖြစ်ပါတယ် ။ မန္တလေးမှ မြောက်ဖက် မိုင် ၆၀ လောက်မှ မိုးကုတ် မြို့ အနီးမှာတော့ ဧရာဝတီ မြစ်ဟာ တတိယ အပိုင်းထဲကို ၀င်လာပါပြီ ။ ကသာနဲ့ မန္တလေးကြားမှာတော့ မြစ်ဟာ မှတ်သား ဖွယ်ကောင်း လောက်အောင်ပဲ ဖြောင့်တန်းလို့နေပါတယ် ။



ဧရာဝတီ မြစ်ကမ်းဘေးက မြန်အောင်မြို့ အနီးတ၀ိုက်မှာ သောင်များစွာ ပေါ်ထွန်းလို့နေပါတယ် ။ ရှစ်ကွက် ၊ ဖရဲကုန်း ၊ အိုးဘိုကျွန်းရွာ ကလေးဟာ ကျွန်တော့်ဖခင်ရဲ့ ရွာကလေးဖြစ်ပါတယ် ။ မအားမလပ်တဲ့ အလုပ် တွေကြားက ဧရာဝတီကို ပြန်မရောက်ဖြစ်တာ နှစ်ချီလို့နေပါပြီ ။ တစ်ခါတစ်ခေါက် အရောက်သွားဖို့လည်း ကြံစည် ထားပါတယ် ။ အထူးသဖြင့် ယာခင်းတွေထဲမှာ ညနေစောင်းအချိန် ဖရသီးတွေကို အလုံးလိုက် တစ်လုံးနဲ့ တစ်လုံးရိုက်ပြီး ခွဲစားရတဲ့အရသာ ၊ သောင်ပုရစ် ဖြူဖြူဖွေးဖွေးနဲ့ ထန်းဦးရေချို တို့ရဲ့ အရသာကလည်း တစ်သက် မမေ့နိုင်စရာပါပဲ ။ ရေခပ်ဆင်းချိန် ပျိုမေတွေ ရဲ့ နေညိုချိန်အလှနဲ့ ကျွန်တော့်ရင်ထဲက လွမ်းဆွတ်ခြင်း တွေက လည်း တမြေ့မြေ့နဲ့......။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, September 20, 2011

ကလိုရိုဖီးလ် (သို့) Green Healer

ကလိုရိုဖီးလ် (သို့) Green Healer


အစားအစာတွေမှာပါဝင်တဲ့ အစိမ်းရောင်ဓါတ်ကို အစားထိုးဖြည့်ဆည်းပေးနိုင်တဲ့အရာဆိုတာ လုံးဝမရှိပါဘူး ။ အကယ် ၍ သင်ဟာ ဒီလို စွမ်းအင်ပေးတဲ့ sunlight energy အစားအစာတွေကို စားဖို့ ငြင်းဆန်ခဲ့မယ်ဆိုရင် ကျန်းမာပျော် ရွှင်တဲ့ဘ၀ အနှစ်သာရကို သင်ရရှိမှာမဟုတ်ပါဘူး ။ အစားအသောက်နေ ထိုင်မှုပုံစံ ကွာခြား ခြင်းဟာ မြို့ပြလူနေမှုစနစ်နဲ့ ထူပြောလာတဲ့ရောဂါတွေဖြစ်တဲ့ ကင်ဆာ ၊ နှလုံးရောဂါနဲ့ ဆီးချိုသွေး ချိုရောဂါတွေ ဖြစ်ပွားလာရခြင်းရဲ့ အဓိက အကြောင်းတစ်ခုလည်းဖြစ်ပါတယ် ။ အဲဒီလိုထူပြော လာတဲ့ ရော ဂါတွေကြောင့် လူသားတွေ ဒုက္ခတွေ့လာခြင်းဟာ သူတို့အဖြစ်များခြင်းကြောင့်ဖြစ်သလို အဲဒီရောဂါတွေကို အကောင်းဆုံး ခုခံနိုင်တဲ့ ကောင်းမွန်သော ကုသမှု (effective treatment ) မရှိခြင်းကြောင့်လည်းဖြစ်ပါတယ် ။ နှလုံးရောဂါနဲ့ ကင်ဆာရော ဂါတွေရဲ့ ဖြစ်ပွားမှုနှုန်းကို လျော့ချဖို့အကောင်းဆုံးမျှော်လင့်ချက်ကတော့ သူတို့ကိုကာကွယ်ခြင်း Prevention ပဲ ဖြစ်ပါတယ် ။



အာဟာရလေ့လာစမ်းစစ်မှု Research တွေရဲ့အဆိုအရ အစိမ်းရောင်အစားအစာဟာ လူသားတွေရဲ့ အစား အသောက်နေထိုင်မှု ပုံစံမှာ အလွန်အရေးကြီးတယ်လို့ ဆိုပါတယ် ။ အစားအသောက် ကျွမ်းကျင်ပညာ ရှင်တွေ ကတော့ ကျွန်တော်တို့ဟာ တစ်နေ့ကို အသီးအရွက်နဲ့ သစ်သီး ငါးကြိမ်ကနေ ကိုးကြိမ်အထိ စားသုံးပေး သင့်တယ်လို့ ထောက်ခံထားပါတယ် ။ ယေဘူယျကြည့်မယ်ဆိုရင် ကျွန်တော်တို့ဟာ အနည်းဆုံး ငါးကြိမ်တောင် ဒီလို green foods တွေကို မစားတာတွေ့ရပါတယ် ။

ကလိုရိုဖီးလ်ကို ကုသမှုအဖြစ်အသုံးပြုခြင်း

ကလိုရိုဖီးလ်ဆိုတာ အစိမ်းရောင်အပင်တွေကနေထွက်ရှိတဲ့ အရာတစ်ခုဖြစ်ပါတယ် ။ ဆေးဝါးတွေကို ကျယ် ကျယ် ပြန့်ပြန့် မသုံးမပြုကြခင်မှာ ကလိုရိုဖီးလ်ကို အနာကျက်စေခြင်း healing အဖြစ်အသုံးပြုခဲ့ကြပါတယ် ။ နောက်ပိုင်း ထွက်ရှိလာတဲ့ သက်သေတွေအရ ကလိုရိုဖီးလ်များစွာ ပါဝင်တဲ့အစိမ်းရောင် အပင်တွေမှာ အဆိပ် အတောက်တွေကို ဖယ်ရှားပေးတဲ့ Detoxifying phytonutrients တွေပါဝင်ပြီး အဲဒါတွေဟာ ကင်ဆာဖြစ်စေတဲ့ Carcinogens တွေနဲ့ သက်ကြီးနာ Debelitating disease တွေကို အကောင်း ဆုံးကာ ကွယ်ပေးနိုင် တဲ့အစွမ်းရှိပါတယ် လို့ ဆိုပါတယ် ။ ကလိုရိုဖီးလ်ဟာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက် toxins တွေကို အဆုံး သတ်ချေ ဖျက်ပေးနိုင်ပြီး ဆဲလ်တွေရဲ့ အသက်ရှင်နေနိုင်မှု သက်တမ်းကို များစေပါတယ် ။ ဒါ့အပြင် ကိုယ်ခံ အားစနစ် Immune system ကိုလည်း တိုးတက်ကောင်းမွန်စေတာ တွေ့ရပါတယ် ။

ကလိုရိုဖီးလ်ကို တခါတရံ အစိမ်းရောင်သွေး Green blood လို့လည်း တင်စားခေါ်ဝေါ်ပြီး ကလိုရိုဖီးလ်မော် လီကျူးတွေဟာ လူ့သွေးထဲမှာ ရှိတဲ့ ဟေမိုဂလိုဘင် ( သွေးနီဥ) မော်လီကျူးတွေနဲ့ ဆင်တူတဲ့အတွက်ဖြစ်ပါတယ် ။ ကလို ရိုဖီးလ်မှာ သူ့ရဲအတွင်းဆုံးလွှာ Core မှာ Magnensium အက်တမ်တစ်ခုတည်းသာပါရှိပြီး အဲဒါဟာ အစိမ်းရောင် ကာလာကိုဖြစ်ပေါ်စေပါတယ် ။ ဟေမိုဂလိုဘင်ကတော့ Iron ပါဝင်ပြီး အနီရောင်ရှိပါတယ် ။ ဒါဟာ သွေး အားနည်းခြင်းဆိုတဲ့ Anaemia မှာ အလွန်အကျိုးရှိပါတယ် ။ ဘာကြောင့်လည်းဆိုတော့ ကလိုရို ဖီးလ်နဲ့ ဟေမိုဂလိုဘင် ဖွဲ့စည်းပုံခြင်းတူညီပြီး သူ့မှာ အိုင်းယွန်းကို စုပ်ယူနိုင်တဲ့ Bioavailibility မြင့်မားတဲ့ အတွက်ဖြစ်ပါတယ် ။

ခန္ဓာကိုယ်ကနေ အသက်ရှုမှုကို ပုံမှန်ထိမ်းသိမ်းဖို့ဆိုရင် သွေးဟာ Alkaline အယ်ကာလိုင်းဖြစ်ဖို့လိုအပ်ပါတယ် ။ ကိုယ် လက်လှုပ်ရှားမှုနဲ့ စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်ကို အက်ဆစ်ဓါတ်အခြေအနေ Acidify ဖြစ်စေပါတယ် ။ အက်ဆစ် ဓါတ်တွေအရမ်းများတဲ့အခြေအနေဖြစ်တဲ့ Acidosis ကိုလည်း အသည်း ၊ အူမကြီး ဂလန်းတွေ ဟာ ဆေးတွေ ၊ အရက်တွေ ၊ High meat diet တွေ ၊ ဆေးလိပ် ၊ သကြားတွေနဲ့ အလွန်အမင်းဖုံးအုပ် ဖိစီးလာခြင်း ( Over burdened ) မှာတွေ့ရလေ့ရှိပါတယ် ။ Acidosis ရဲ့လက္ခဏာတွေကတော့ အစာအိမ် အနာ များ ၊ ညဖက် အိပ်မပျော်ခြင်း ၊ ဆီးအိမ်တင်းခြင်း ၊ အဆစ်အမြစ်နာခြင်း ၊ ခေါင်းတစ်ခြမ်းကိုက်ခြင်း ၊ ခြောက်သွေ့ မာကျောသော မစင်များသွားခြင်း ၊ လွန်စွာ အနံ့ဆိုးရွားသော ၀မ်းပုပ်များသွားခြင်းနဲ့ စအို ၀မှာ မီးပူလောင် သလို ပူစပ်ခြင်းများ စတာတွေပဲဖြစ်ပါတယ် ။

လူတွေရဲ့ ခန္ဓာကိုယ်ဟာ အရမ်းကို အက်စစ် ဓါတ်အခြေအနေ Acidic ဖြစ်လာတဲ့အခါ ခုခံအား စနစ်ပျက် ဆီးလာပါတယ် ။ Acidosis ဟာ ကယ်လ်ဆီယမ်ကို အရိုးတွေအပြင်ဖက်မှာ Acid ကို buffer လုပ်စေပြီး ခန္ဓာ ကိုယ်ကို alkaline အခြေအနေရောက်အောင်လုပ်ဆောင်စေပါတယ် ။ ကယ်လ်စီယမ်တွေဟာ စွန့်ထုတ်ခြင်း excretion မှ တဆင့် ဆုံးရှုံးသွားတဲ့အခါ Osteoporosis လို့ခေါ်တဲ့ အရိုးပွရောဂါကို ပိုမိုဆိုးရွားစေပါတယ် ။ Alfafa ဟာ အကောင်းဆုံးလူသိများတဲ့ Alkaline plants တွေထဲကတစ်ခုဖြစ်ပါတယ် ။

ကလိုရိုဖီးလ်ကို တခါတရံ သွေးလည်ပတ်မှုစနစ် ၊ အူလမ်းကြောင်းနဲ့မျိုးပွား အဂါင်္ဆိုင်ရာ စနစ်များ ပိုမိုကောင်း မွန်ဖို့ အသုံးပြုလေ့ရှိပါတယ် ။ ဒါ့အပြင် ဒီအစွမ်းထက်တဲ့ ကလိုရိုဖီးလ် မှာ germs လို့ခေါ်တဲ့ပိုး မွှားတွေ ကို သေစေနိုင်တဲ့ Antiseptic စွမ်းရည်ရှိပြီး တစ်သျှူးတွေကိုလည်း အနာမြန်မြန်ကျက်စေပါတယ် ။ ကလိုရိုဖီးလ် ပါဝင်တဲ့ solution တွေဟာ ဆဲလ်တွေရဲ့ ခုခံအားစနစ် ကို မြင့်မားစေပြီး ဘတ်တီးရီးရား ပိုးမွှားတွေ ကြီးထွားခြင်းကို တားဆီးပေးပါတယ် ။ အရေပြားပေါ်ကိုလည်း လိမ်းဆေးအနေနဲ့ အသုံးပြုလို့ရပြီး ပြတ်ရှနာ ၊ အနာတွေနဲ့ ခံတွင်းအပူနာတွေကို သက်သာစေပါတယ် ။ သတင်းကောင်းတစ်ခုကတော့ ကလိုရိုဖီးလ်ဟာ အဆိပ်အတောက်ဖြစ်စေခြင်း လုံးဝမရှိပဲ လုံခြုံစိတ်ချအန္တရာယ်ကင်းစေခြင်းဖြစ်ပါတယ် ။

Alfafa ( ကျွဲ ၊ နွားများ အစာအဖြစ်အသုံးပြုသည့်အပင် ) ဟာ အပြည့်အစုံ ဆုံးနဲ့ သဘာဝအလျောက် ရရှိတဲ့ အာဟာရ အပြည့်ဝဆုံးအစားအစာဖြစ်ပါတယ် ။ သူ့ရဲ့အမြစ်တွေဟာ ပေ ၆၀ အထိ ရှည်လျားနိုင်ပြီး တခြားအ ပင်တွေမှာ မရှိနိုင်တဲ့ အာဟာရဓါတ်တွေကိုတောင် ပေးစွမ်းနိုင်ပါတယ် ။ Alfafa မှာ ဗီတာမင်တွေနဲ့ ရှားပါးသတ္တု ဓါတ်တွေ အများကြီး ရှိပါတယ် ။ အစားအစာတွေကို လွယ်လွယ်ကူကူ ခြေဖျက် ပေးဖို့ ကူညီပေးနိုင်တဲ့ အင်ဇိုင်းတွေ လည်း ပါဝင်ပါတယ် ။

Super Chlorophyll မှာတော့ အမြင့်ဆုံးသတ်မှတ်ထားတဲ့ Alfafa မှ စုစည်းထားတဲ့ ကလိုရို ဖိုင်လင်းတွေ ပါဝင်ပါတယ် ။ ယခုအခါမှာ Super chlorophyll powder တွေဟာ ဈေးကွက်ထဲ တွင်ကျယ်လာပြီဖြစ်ပါတယ် ။ ရေမှာပျော် ၀င်နိုင်တဲ့ ဒီအရာတွေဟာ သဘာဝ ရနံ့ရှိပြီး ဈေးကွက်ထဲမှာ ရှိတဲ့ တခြားကလိုရိုဖီးလ် ထုတ် ကုန်တွေနဲ့ ကွဲပြားခြားနားပါတယ် ။ ဘာကြောင့်လဲဆိုတော့ စူပါ ကလိုရိုဖီးလ်မှာ ကလိုရိုဖီးလ်သိပ်သည်းဆ များစွာ ပါဝင် တဲ့အတွက်ဖြစ်ပါတယ် ။ ကလိုရိုဖီးလ်အကြောင်းကို သိရှိပြီး ကျန်းမာရေးကောင်းကျိုးတွေများစွာ ရရှိချင်တယ် ဆိုရင်တော့ အစိမ်းရောင်ပါတဲ့ အသီးအရွက်တွေကို များများစားပေးယုံပါပဲ ။ နောက်ဆုံးအနေနဲ့ ကလိုရိုဖီးလ်ရဲ့ ကျန်းမာရေးဆိုင်ရာကောင်းကျိုးတွေကို အချက်အလက်တွေနဲ့စဉ်ကြည့်ရမယ်ဆိုရင် ကလိုရိုဖီးလ် ဟာ

- တစ်သျှူးတွေကနေ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး သန့်စင်စေပါတယ်
- ခန္ဓာကိုယ်ကနေ ဆိုးရွားတဲ့ အနံ့တွေကို ဖယ်ရှားပေးပြီး အသက်ရှူရတာလည်းကောင်းစေပါတယ်
- အစာအိမ်ရောဂါနဲ့ အနာတွေကို ကုသပေးတဲ့နေရာမှာလည်း ကူညီပေးနိုင်ပါတယ်
- သွေးဆဲလ်အရေအတွက်ကို မြင့်တက်စေပါတယ်
- သွေးကို သန့်စင်စေပြီး ပါးစေပါတယ်
- အသည်းနဲ့ကျောက်ကပ် ကို သန့်ရှင်းပေးပါတယ်
- ခန္ဓာကိုယ်ကနေ လွယ်ကူစွာ စုပ်ယူနိုင်ပြီး သွေးနဲ့ ဖွဲ့စည်းပုံခြင်းဆင်တူပါတယ်
- အစာချေဖျက်ရာမှာလည်း အကူအညီပေးပါတယ်
- ဗီတာမင်နဲ့ သတ္တုဓါတ် တွေရဲ့ လုပ်ဆောင်မှုကို ပိုကောင်းစေပါတယ်

ကလိုရိုဖီးလ်ကို အိမ်သုံးဆေးဝါးအဖြစ်သုံးကြတာကတော့အောက်ပါအခြေအနေများမှာဖြစ်ပါတယ် ။

- သွေးအားနည်းခြင်းကို ကောင်းမွန်စေခြင်း
- အစာအိမ်နှင့် အူလမ်းကြောင်းကို သန့်စင်စေပြီး ပုံမှန်လည်ပတ်စေခြင်း
- သွားနှင့်သွားဖုံးများအား သန့်ရှင်းစင်ကြယ်စေခြင်း
- ချိုင်းချွေးနံ့များ လျော့နည်းစေခြင်း
- ခြေထောက်တွင် သွေးကြောဆိုင်ရာ စနစ်များ ကောင်းမွန်စေခြင်း
- ရောင်ရမ်းနာကျင်ခြင်းများကို လျော့နည်းစေခြင်း
- Hemophilia ဟုခေါ်သော သွေးမတိတ် ရောဂါ ကုသခြင်းတွင် ကူညီပေးနိုင်ခြင်း
- ပန်းနာရင်ကြပ်ရောဂါများအားသက်သာစေခြင်း
- နို့ရည်ထွက်ရှိမှုကို များစေခြင်း
- အသည်းယောင်ခြင်း Hepatitis တွင် ပြန်လည် ကောင်းမွန်လာစေခြင်း
- လည်ချောင်းနာ ၊ အာသီးရောင်ခြင်းများအား ပြန်လည်ကောင်းမွန်လာစေခြင်း စသည်တို့ပဲဖြစ်ပါတယ် ။

Ref : Cholorophyll or Green Healer Article

သက်တန့်ချို
20 September 2011

Living Life Journal Vol.2 No.3 Cover Story

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, September 19, 2011

ဘီတာကယ်ရိုတင်း

ဘီတာကယ်ရိုတင်း




Living Life Journal မှာ ကျန်းမာရေး၊ အလှအပရေးရာနဲ့ပတ်သတ်ပြီး ဗဟုသုတရစေမယ့် အကြောင်း အရာအတော် များများကို Cover Story အဖြစ်တင်ဆက်ပေးပြီးတဲ့နောက် ယခုအပတ် တင်ဆက်ပေး မယ့်အကြောင်းက တော့ ဘီတာကယ်ရိုတင်းအကြောင်းဖြစ်ပါတယ် ။ အချို့သော အားဆေးတွေ နဲ့ ဆေးတောင့်တွေ မှာ ဘီတာကယ်ရိုတင်းပါဝင်တယ်လို့ ထည့်ပြီးဖော်ပြတာကို တွေ့ဖူးကြပါလိမ့်မယ် ။ ဒါပေမယ့် ဘီတာ ကယ်ရိုတင်းကို အသေးစိတ်ကျကျ သိရှိသူကတော့ နည်းပါလိမ့်မယ် ။ ဘီတာကယ်ရိုတင်းဆိုတာ အ ပင်တွေနဲ့ သစ်သီးတွေမှာ ပေါများစွာတွေ့ရလေ့ရှိတဲ့ အနီရောင် လိမ္မော်ရောင် ရောင်ခြယ်တစ်မျိုးဖြစ်ပါတယ် ။ ဓါတုဒြပ်ပေါင်း တစ်ခုဖြစ်ပြီး ဟိုက်ဒရိုကာဗွန်အမျိုးအစားဖြစ်ပါတယ် ။ Beta carotene ကို geranylgeranyl pyrophosphate ဆိုတဲ့ ဒြပ်ပေါင်းကနေပြီး ဇီဝနည်းနဲ့ထုတ်လုပ်နိုင်ပါတယ် ။ ဘီတာ ကယ်ရိုတင်း မှာ မော်လီ ကျူးတွေရဲ့ အစွန်း နှစ်ဖက်လုံးမှာ ဘီတာရင်းမ် (Beta rings) တွေပါရှိပါတယ် ။



ကာရိုတင်းဆိုတာ မုန်လာဥ၀ါမှာ တွေ့ရတဲ့ ပစ္စည်းတစ်မျိုးဖြစ်ပြီး လိမ္မော်ရောင်ဖက်သမ်းပါတယ် ။ အပင်တွေ မှာပေါများ စွာတွေ့ရပြီး အစားအသောက်တွေမှာ အရောင် အနေနဲ့သုံးချင်ရင်တော့ E number E160a ရှိပါတယ် ။ သဘာဝအတိုင်းဆိုရင် ဘီတာကာရိုတင်းဟာ ဗီတာမင်အေရဲ့ precursor (မလှုပ်ရှားသောပုံစံ) ဖြစ်ပြီး chromatography နည်းပညာကိုအသုံးပြုပြီး carotenoids ပေါများစွာပါရှိတဲ့ သစ်သီးတွေကနေပြီး ဘီတာ ကာရိုတင်းကိုခွဲထုတ်နိုင်ပါတယ် ။ အခြားcarotenoids တွေကနေ ဘီတာကယ်ရိုတင်းကိုခွဲထုတ်ခြင်းရာ ဒြပ်စင် တစ်ခုရဲ့ Polarity အပေါ်အခြေခံပါတယ် ။ ဘီတာကယ်ရိုတင်းဟာ non-polar ဒြပ်ပေါင်း တစ်ခုဖြစ် ပါတယ် ။ ဒါကြောင့်သူ့ကိုခွဲထုတ်ချင်တဲ့အခါ Non polar solvent ဖြစ်တဲ့ hexane ကိုအသုံးပြုရပါတယ် ။ အပင်တွေ မှာပါဝင်တဲ့ carotenoids တွေဟာ ပရိုဗီတာမင် အေတွေရဲ့ မူရင်းဟာအာရ ဇစ်မြစ်တစ် ခုလည်းဖြစ် ပါတယ် ။ လူသိအများဆုံးကတော့ Provitamin A carotenoids ဖြစ်ပြီး အခြား အနေနဲ့ a-carotene နဲ့ beta cryptoxanthin တို့ ပါဝင်ကြပါတယ် ။ Carotenoids တွေကို စုပ်ယူခြင်းကို အူသိမ်ဦးပိုင်း (duodenum) မှ ကန့်သတ် ထားပြီး ဒီစုပ်ယူခြင်းဟာ အမြှေးပါး ပရိုတိန်းဖြစ်တဲ့ SR-B1 receptor အပေါ်မူတည်ပါတယ် ။ ဒီပရို တိန်း ဟာဆိုရင် ဗီတာမင်အီး စုပ်ယူခြင်းနဲ့လည်းပါဝင်ပတ်သတ်ပါတယ် ။

ဘီတာကယ်ရိုတင်း မော်လီကျူးတစ်ခုကို အူအထဲမှာရှိတဲ့ အင်ဇိုင်းတစ်မျိုးဖြစ်တဲ့ beta,beta-carotene 15,15'-monooxygenase ဆိုတဲ့ အင်ဇိုင်းကနေဖယ်ထုတ်ပေးပြီးဗီတာမင်အေ မော်လီကျူး နှစ်ခုကိုဖြစ်စေပါတယ် ။ Carotenoids တွေရဲ့ စုပ်ယူခြင်းနဲ့ပြောင်းလဲခြင်းဟာ ဘီတာကာရိုတင်းရဲ့ ပုံစံ ( ဥပမာ ချက်ပြုတ်ပြီးသား သို့မ ဟုတ် ဟင်းသီးဟင်းရွက်အစိမ်းများ ၊ အားဆေးတောင့် ) ပေါ် မူတည်ပါတယ် ။ ဒါ့အပြင် အဲဒီတပြိုင်နက်ထဲမှာ အဆီတွေ တပြိုင်နက်စားသုံးမှု ၊ လတ်တလော ဗီတာမင်အေ သိုလှောင်ထားမှု နဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဘီတာ ကာရိုတင်းစတာတွေအပေါ်မူတည်ပါတယ် ။ ဘီတာကာရိုတင်းကို အ၀ါရောင်နဲ့လိမ္မော်ရောင်ရှိတဲ့ သစ်သီးများ ( သရက်သီး ၊ လိမ္မော်သီး ၊ မုန်လာဥ၀ါ ၊ ကျွေးဥ ၊ ၀ဥ ၊ ကန်စွန်းဥ ၊ ဒေါက်ခွ ၊ ကိုက်လန် ၊ အာလူး ၊ ဘူးသီး စတာတွေမှာပေါများစွာတွေ့ရပါတယ် ။ Vietmamese gac နဲ့ curde palm oil မှာ တခြား သစ်သီးသစ်ရွက်တွေထက်စာရင် ဘီတာကယ်ရိုတင်းမြင့်မားစွာပါဝင်ပါတယ် ။ ဥပမာ မုန်လာဥ၀ါ ထက်စာရင် ၁၀ ဆ ပိုမြင့်မားစွာပါဝင်ပါတယ် ။ ဒါပေမယ့် gac ဟာ ရှားပါးပြီး အရှေ့တောင်အာရှမှာ စိုက်ပျိုးဖြစ် ထွန်းနိုင်မယ့် နေရာ မသိရှိရသေးပါဘူး ။ ယေဘူယျ လူတွေစားသုံးနေတဲ့ ဘီတာကယ်ရိုတင်းဟာ တစ်နေ့ကို 2-7 mg ရှိပါတယ် ။ ဒါဟာ USA ၊ ကနေဒါနဲ့ဥရောပနိုင်ငံအချို့က အမျိုးသမီး ငါးသိန်းကို စမ်းသပ်ထားတဲ့ အဖြေ တစ်ခုဖြစ်ပါတယ် ။ ယူအက်စ် စိုက်ပျိုးရေး သုတေသနကနေပြီး ဘီတာကာရိုတင်း မြင့်မားစွာ ပါဝင်တဲ့အစား အစာ တွေကိုအောက်ပါအတိုင်းဖော်ပြထားပါတယ် ။

မုန်လာဥ၀ါဖျော်ရည် ( တစ်ခွက် = ၂၃၆ မီလီဂရမ် )
ရွှေဖယုံသီးဖျော်ရည် ( တစ်ခွက် = ၂၄၅ မီလီဂရမ် )
အာလူးချက်ပြီးသား ( တစ်လုံး = ၁၄၆ မီလီဂရမ် )
အာလူး ပြုတ်ပြီးသားအခွံမပါ ( တစ်လုံး = ၁၅၆ မီလီဂရမ် )
ဒေါက်ခွရွက်ပြုတ်ရည် ( တစ်ခွက် = ၁၉၀ မီလီဂရမ်)
မုန်လာဥချက်ပြီးသား ( တစ်ခွက် = ၁၅၆ မီလီဂရမ်)
ဒေါက်ခွ (တစ်ခွက် = ၂၁၄ မီလီဂရမ်)
အာလူး ပြုတ်ရည် ( တစ်ခွက် = ၂၅၅ မီလီဂရမ်)
မုန်လာဥ ချက်ပြီးသား ဆားမပါ ( တစ်ခွက် = ၁၄၆ မီလီဂရမ် )

ဘေးထွက်ဆိုးကျိုးများ

ဘီတာကာရိုတင်းရဲ့ အဖြစ်များတဲ့ဘေးထွက်ဆိုးကျိုးကတော့ carotenodermia လို့ခေါ်ပါတယ် ။ လက္ခဏာ ကတော့ အရေပြားရဲ့အပြင်ဖက်ဆုံးအလွှာဖြစ်တဲ့ epidermis မှာ caroteinoid တွေစု ပုံလာခြင်းကြောင့် ဖြစ်ပေါ် လာတဲ့ လိမ္မော်ရောင်လေးတွေသမ်းလာခြင်းဖြစ်ပါတယ် ။ အန္တရာယ်မရှိပါဘူး ဒါပေ မယ့် ရေရှည် မှာတော့ ဘီတာကာရိုတင်းပါဝင်တဲ့ သောက်ဆေးတွေအများကြီးသောက်သုံးမိခြင်းဟာ ဆေးလိပ်သောက် တဲ့လူတွေ အ တွက် အဆုတ်ကင်ဆာ ဖြစ်ပွားမှု နှုန်းမြင့်တက်ခြင်းနဲ့ဆက်နွယ်မှုရှိတယ်လို့ဆိုပါတယ် ။ ဒါ့အပြင် ဘီတာ ကာ ရိုတင်းပါဝင်တဲ့သောက်ဆေးတွေဟာ ဆီးကြိတ်ကင်ဆာ ၊ ဦးနှောက်အတွင်းသွေးယိုခြင်း ( intracerebral hemorrhage) တို့ကိုများစေပြီး ဆေးလိပ်သောက်သူတွေမှာ နှလုံးရောဂါနဲ့ သေဆုံးမှုနှုန်းမြင့်တက်လာခြင်းတို့နဲ့ ဆက်နွယ်မှုရှိတယ်လို့ ဆိုပါတယ် ။ ဘီတာကာရိုတင်းကို အသည်းနဲ့တခြား သားဥအိမ် တို့လို နေရာတွေ မှာသိုလှောင် ပါတယ် ။ ကြွက်တွေမှာစမ်းသပ်ချက်အရတော့ ဒီလို သိုလှောင်ထား တဲ့ဘီတာ ကာရတိုတင်းကို ခန္ဓာကိုယ် ကနေ ဘီတာမင်အေအဖြစ် မပြောင်းပေးနိုင်ဘူးလို့ဆိုပါတယ် ။ အီကွေတာ နဲ့ ဝေးတဲ့နိုင်ငံတွေ မှာတော့ ဗီတာမင်ဒီတွေသိုလှောင်ထားခြင်းဟာ အေးခဲတဲ့ဆောင်းရာသီမှာဆိုရင် Osteoporosis ဆိုတဲ့အရိုး ပွရောဂါ ကို ကာကွယ်ပေးနိုင်ယုံသာမကပဲ တခြား ဗီတာမင်ဒီချို့တဲ့ခြင်းနဲ့ ဆက်နွယ်နေတဲ့အခြေအနေကိုပါ အဆင်ပြေစေ ပါတယ် ။ အများစုကတော့ annatto လို့ခေါ်တဲ့ အစားအစာအရောင် ကိုဘီတာ ကာရိုတင်းအ စားအသုံးပြုကြပါတယ် ။ ဒါဟာ ခန္ဓာကိုယ်ထဲမှာ သိုလှောင်ထားခြင်းမပြုနိုင်ပါဘူး ။

ဘီတာကာရိုတင်းနှင့် အဆုတ်ကင်ဆာ

ဘီတာကာရိုတင်းပါတဲ့ သောက်ဆေးတွေအများကြီး ( high dose) သောက် သုံးခြင်းဟာ ဆေးလိပ်သောက် သူတွေမှာ အ ဆုတ်ကင်ဆာ ဖြစ်ပွားမှုနှုန်း ကိုမြင့်တက်နိုင်ချေရှိပါတယ် ။ ဒါကြောင့် ဘီတာကာရိုတင်းရဲ့ Oncologyဟာ နေ့စဉ် ဆေးအချိန်အဆအများကြီးသောက်သုံးနေမှုနဲ့ ဆေးလိပ်သောက်သုံးနေမှု နှစ်ခုစလုံး
အပေါ်အခြေခံပါတယ် ။

ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှု

ကာရိုတင်းတွေဟာ ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိတွေရှိပါတယ် ။ ဗီတာမင်အေဟာ glycoproteins တွေ ထုတ်လုပ်မှုဖြစ်စဉ်မှာ ပါဝင်ရုံသာမကပဲ တခြား ဇီဝ လုပ်ငန်းဆောင်တာတွေအမျိုးမျိုးကို ထမ်းဆောင်ပေးပါတယ် ။ ဗီတာ မင်အေ တွေသာ ချို့တဲ့ခဲ့မယ်ဆိုရင်တော့ အရိုးဖွံ့ဖြိုးမှု မူမမှန်ဖြစ်လာခြင်း ၊ မျိုးပွားအဂါင်္ ဆိုင်ရာချို့ ယွင်းမှုများ ၊ မျက်ကြည်လွှာခြောက်သွေ့ခြင်း ( xerophthalmia) စသည်တို့ဖြစ်စေနိုင်ပါတယ် ။ ဈေးကွက်ထဲမှာ ၀ယ်ယူရရှိနုင်တဲ့ ဘီတာကာရိုတင်းထုတ်ကုန်တွေဟာ အများစုကတော့ မှို ၊ အပင် ၊ ရေညှိ နဲ့ palm oil ကနေ ထုတ်လုပ် ထားကြတာဖြစ်ပါတယ် ။ ဘီတာ ကာရိုတင်းဟာ retionol အဖြစ်ပြောင်းပေးပြီး ဒါဟာ အမြင်အာ ရုံအတွက် မရှိမဖြစ်လိုအပ်ပါတယ် ။ Retinoic acid အဖြစ်လည်း ဆက်လက်ပြောင်းပေးပြီး အဲဒါဟာ ဆဲလ်တွေခွဲခြားခြင်းနဲ့ ဆဲလ်တွေကြီးထွားလာခြင်းဖြစ်စဉ်တွေအတွက်လည်းအလွန်အဆုံးဝင်ပါကြောင်း တင်ပြ လိုက် ရပါတယ် ။

Ref : wikipedia

သက်တန့်ချို
(For Living Life Journal coming issue)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................