Tuesday, March 6, 2012

အပျိုစင်အမျိုးသမီး ၁၀၀ ကျော်ကို သတ်ပြီးသွေးနဲ့ရေချိုးခဲ့သူ

အပျိုစင်အမျိုးသမီး ၁၀၀ ကျော်ကို သတ်ပြီးသွေးနဲ့ရေချိုးခဲ့သူ



အကျော်ကြားဆုံး နဲ့လူသိအများဆုံး တကယ့် သွေးစုတ်ကောင် ကို သင်တို့သိပါသလား ။ သူမ နာမည်ကို မြို့စား ကတော် Elizebeth Bathory လို့ခေါ်ပါတယ် ။ ၁၅၆၀ ခုနှစ်ကနေ ၁၆၁၄ ခုနှစ်အထိ အသက်ရှင်နေ ထိုင်ခဲ့ပါ တယ် ။ သူမကို သမိုင်းမှာ အမျိုးသမီးများအား အများဆုံး ဆက်တိုက် သတ်ခဲ့သူ Serial Killer အဖြစ်မှတ် တမ်းတင် ခဲ့တယ် ။ သူ့ကို နောက်တစ်မျိုးခေါ်တာကတော့ “ သွေးစုတ်မြို့စားကတော် ” တဲ့ ။



သူမ ခင်ပွန်းသေဆုံးသွားပြီးတဲ့နောက် သူမနဲ့ အပေါင်းအပါ လေးယောက်တို့ဟာ ရာပေါင်းများစွာသော အမျိုးသမီး ငယ်တွေကို သတ်ဖြတ်မှု ညှင်းပန်းနှိပ်စက်မှုတို့နဲ့အဖမ်းခံခဲ့ရတယ် ။ အဲဒီအချိန်တုန်းကတော့ Elizabeth ဟာ အဖမ်းလည်းမခံခဲ့ရသလို အရေးယူခြင်းလည်းမခံခဲ့ရဘူး ။ ဒါပေမယ့် ၁၆၁၀ ပြည့်နှစ်မှာတော့ သူမ ဟာ Cesjte Castle မှာ ထောင်သွင်းအကျဉ်းချခဲ့ရပြီး နောက် Solvakia ကိုရောက်လာခဲ့တယ် ။



သူမသေဆုံးပြီး လေးနှစ်ကြာတဲ့အထိ သူမကို အကျဉ်းချခဲ့တဲ့ တိုက်အုတ်ခန်းလေးက နဂိုအတိုင်း ရှိနေခဲ့ ပါသေးတယ် ။



စာတွေမှာ ဖော်ပြထားတာကတော့ သူမဟာ သူမရဲ့ ငယ်ရွယ်နုပျိုမှု ကို အစဉ်ပိုင်ဆိုင်နိုင်ဖို့ အပျိုစင်တွေ ရဲ့သွေး နဲ့ ရေချိုးခြင်း သောက်သုံးခြင်းစတာတွေကို ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ် ။

ဒီထက်ပိုသိချင်ရင်တော့ >>> http://en.wikipedia.org/wiki/Elizabeth_B%C3%A1thory

သက်တန့်ချို
March 6-2012

Ref : wikipedia

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

9 comments:

  1. မျက်လုံးတစ်ဖက်တစ်ဖက်ကို

    ဂေါက်သီးလောက်ပြူးထွက်လာပြီး

    အံအားသင့်စွာနဲ့လာဖတ်သွားပါတယ်

    ReplyDelete
  2. ကြားတော့ ကြားဖူးတယ်ဗျ......တော်တော် ဆိုးတယ်နော်..

    ReplyDelete
  3. သြော်လူတွေလူတွေကိုယ့်အတွက်...

    ReplyDelete
  4. ဒီလိုမိန်းမမျိုးလဲရှိတယ်နော် အံ့သြမိပါရဲ့ .... ဒါမှထူးဆန်းထွေလာအစစ်...

    ReplyDelete
  5. အမျိုးသား ၁၀၀ ကျော်ကိုသတ်ပြီးသွေးနဲ့ေ၇ချိုးမည်း))

    ReplyDelete
  6. အဲ ရောက်လာရင် ဖတ်မိတယ် ဖတ်မိတော့ ဗဟုသုတတွေဖြစ်တယ် ကျေးဇးပါ ဗျာ

    ReplyDelete
  7. ထူးဆန်းအံ့သြဘွယ်လူသားပါလား မောင်သက်တန့်ရေ။
    ကြည်လင်အေးမြတဲ့စိတ်ဓာတ်အမြဲပိုင်ဆိုင်ခွင့်ရပါစေ။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  8. like too much...thank brother..............,

    ReplyDelete
  9. အရမ်းအံ့သြဖို့ကောင်းတာပဲ တစ်ခါလောက်စမ်းကြည့်ဦးမှ:) ဟိဟိ

    ReplyDelete