Saturday, September 1, 2012

“ မိဘတွေကို ကိုယ်စားခံစားကြည့်ပါ ”

“ မိဘတွေကို ကိုယ်စားခံစားကြည့်ပါ ”



- လူရယ်လို့ဖြစ်လာရင် ပခုံးလက်နှစ်လုံး ဖ၀ါးလက်နှစ်သစ်အရွယ်ကစလို့ မိဘတွေဟာ အအိပ်ပျက် အစားပျက် သားသမီးတွေကို ချစ်ခင်ယုယ ပျိုးထောင်ခဲ့ကြတယ် ။

- ကိုးလလွယ် ဆယ်လဖွားဆိုတဲ့ ကိုယ်ဝန်ဆောင်ချိန်ကာလမှာလား အပူအစပ်တွေရှောင်လို့ သားသမီးတွေ ဒုက္ခမတွေ့စေ ဖို့အတွက် “ ငါ အပူအစပ်တွေစားလိုက်ရင် ငါ့သားသမီးလေးများ ပူစပ်နေမလား မစားတော့ပါ ဘူးလေ ” ဆိုတဲ့ မေတ္တာတရားဟာ များစွာ ကြီးမားခဲ့တယ် ။

- တီတီတာတာ စကားပြောတတ်တဲ့အရွယ်မှာလည်း တစ်နေကုန် အလုပ်ပင်ပန်းနေသမျှ သားသမီးတွေရဲ့ ခိုးခိုးခစ်ခစ် ရယ်သံလေးတွေက မိဘတွေအတွက် အမောပြေစရာ နှလုံးပီတိဖြစ်ခဲ့ရတယ် ။

- ငယ်ရွယ်စဉ်ပညာသင်တဲ့အရွယ်မှာလည်း သားသမီးတွေ တခြားသူတွေနဲ့ယှဉ်ရင် လူတန်းစေ့ မျက်နှာ မငယ်ဖို့အရေး ကိုယ်က အိမ်မှာ ငါးပိရည်နဲ့စားရပါစေ သားသမီး ထမင်းချိုင့်အတွက် သားသ မီး ကျောင်းဝတ်စုံဖိုးအတွက် သားသမီး စာအုပ်ဖိုးအ တွက် ခြိုးခြံချွေ တာလို့ မြေတောင်မြှောက်ပေး ခဲ့ကြတယ် ။

- လူလတ်ပိုင်းအရွယ် သုံးတတ်ဖြုန်းတတ် မိဘကို ပြန်ပြောတတ်စ အရွယ်မှာလည်း သားသ မီး ပြန်ပြော သမျှကို ငြိမ်ခံ သားသမီး လိုအပ်သမျှကို ဖြည့်ဆည်း ရင်ထဲမှာ ခြေရာတိုင်းလာမှုအတွက် မချိသော်လည်း အပြုံးမပျက် ခွင့်လွှတ်နိုင်စွမ်းရှိသူဟာ မိဘပါပဲ ။

- အချိန်တန်အရွယ်ရောက်လို့ အိမ်ထောင်ရပ်သားကျ ကိုယ့်အသိုက်ကိုစွန့်ခွာ ပြန်မလာကြတော့တဲ့အခါ မျက်ရည်စက်လက်နဲ့ မျှော်ငေး ဘယ်တော့များ ငါ့ကို ငါ့သားငါ့သမီးလေးတွေပြန် လာတွေ့မလဲ ရယ်လို့ တွေးနေတတ်သူဟာ မိဘပါပဲ ။

- ကြားချင်တာက “ အမေတို့အဖေတို့ နေကောင်းရဲ့လား သားတို့သမီးတို့ သိပ်သတိရပါတယ် ” ဆိုတဲ့စကား တကယ်ကြားရတာက “ အမေတို့အဖေတို့ကို သားတို့ အလုပ်များနေလို့ လာမတွေ့နိုင်သေးပါဘူး ကျန်းမာရေးဂ ရုစိုက်ပါ ပိုက်ဆံပို့လိုက်ပါတယ် ” ဆိုတဲ့စကား ၊ မိဘတွေ ဟာ သားသမီးတွေဆီက ချစ်ခင်မှုကို သာ မျှော်လင့်တတ်သူတွေဖြစ်တယ် ။

- သားဆိုးသမီးဆိုးတွေနဲ့ကြုံရတဲ့အခါ မျက်ရည်စက်လက် ကိုယ်ဒုက္ခရောက်နေတာတောင် ငါ့သားငါ့သမီးလေး အန္တရာယ်တွေ့နေတော့ မှာပဲဆိုပြီး ဗျာများလို့ ပူလောင်သောကရောက်ရသူဟာ မိဘတွေပါပဲ ။

- ဘယ်လောက်ပဲ ယုတ်မာရိုင်းစိုင်းမှုတွေနဲ့ကြုံရပါစေ သားသမီးကို အမြဲကာကွယ်ပေး ၊ နွေးထွေးလို့ ရင်ထဲမှာ သာ မျက်ရည်ဖြိုင်ဖြိုင်ကျရသူဟာ မိဘတွေပါပဲ ။

- ချွေးမဆိုးတွေ သားမက်ဆိုးတွေနဲ့ကြုံရတဲ့အခါ ကိုယ်သားသမီးလေးတွေ အိမ်ထောင်ရေး အဆင်ပြေဖို့အရေး အပြောဆိုခံ အဆဲခံ ငြိမ်နေတတ်ပြီး ဟန်ဆောင်ကောင်းတတ်သူဟာ မိဘတွေပါပဲ ။

- ကိုယ်အသက်ဘယ်လောက်ပဲ အရွယ်ရောက်နေပါစေ ကိုယ့်ကို အမြဲကလေးငယ်လေးတွေ ရယ်လို့ တွေး ထင်နေ တတ်သူဟာလည်း မိဘတွေပါပဲ ။

- မိဘတွေကို ကျေးဇူးဆပ်ပါ ။ ဘာ မျှော်လင့်ချက်မှ မပါတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ကျေးဇူးဆပ်ပါ ။ ခလုတ်ထိမှ အမိမတ မိ ပါစေနဲ့ ။ မလုတ်ထိထိ မထိထိ မိဘကို အမြဲသတိရ ပါ ။ မိဘတွေရင်ထဲ ကိုယ်စားဝင်ပြီး ခံ စားကြည့်ကြပါ ။ အဲဒီအခါ လောကမှာ အမြင့်မြတ်ဆုံးဆိုတာ ကိုယ့်မိဘ နှစ်ပါးဆိုတာ သိလာပါလိမ့်မယ် ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

5 comments:

  1. အတိုင်းမရှိ တုနှိုင်းမရတဲ့ မိဘနှစ်ပါးပါ

    ReplyDelete
  2. မြတ်နိုးသူ(MUFL)September 2, 2012 at 2:16 PM

    လောကမှာ အမြင့်မြတ်ဆုံးဆိုတာ ကိုယ့်မိဘ နှစ်ပါးဆိုတာ သိလာပါလိမ့်မယ် မှတ်သားသွားပါတယ်အကိုအားပေးလျက်ပါ

    ReplyDelete
  3. အန်တီလေးမေခင်September 2, 2012 at 2:26 PM

    တစ်နေကုန် အလုပ်ပင်ပန်းနေသမျှ သားသမီးတွေရဲ့ ခိုးခိုးခစ်ခစ် ရယ်သံလေးတွေက မိဘတွေအတွက် အမောပြေစရာ နှလုံးပီတိဖြစ်ခဲ့ရတယ် ။
    မိဘနေ၇ာမရောက်သေးပေမယ့်မိဘတွေကိုယ်စားခံစားသရုပ်ဖော်ရေးသားပေး
    တဲ့မောင်သက်တန့်ရေကျေးဇူးပါပဲကွယ်
    အားပေးသွားပါတယ်ခင်တဲ့အန်တီလေးမေခင်

    ReplyDelete
  4. မိဘဆိုတာ သားသမီးတွေ ပျော်ရွှင်တာ၊ အဆင်ပြေတာကို အမြဲတမ်း မြင်ချင် ကြားချင်ကြတာပါပဲ......

    ReplyDelete
  5. မျက်ရည်တောင်ကြ မိပါတယ်....
    လူတိုင်း သိတဲ့ အကြောင်းအရာ ဆိုပေမဲ့...
    လူတိုင်းနီးပါး မေ့တတ်ကြတဲ့ အရာပါ...
    အခုလို သတိပေး သလို ဖြစ်သွားတဲ့အတွက်...
    ကျေှးဇူးအများကြီးတင်ပါတယ်...ကိုသက်တန့်

    ReplyDelete