Wednesday, February 29, 2012

ငါးထောင်တန်ဖုန်းအပေါ် ဘလော့ဂ်ဂါတို့အမြင် (တဂ် ပို့စ် )

ငါးထောင်တန်ဖုန်းအပေါ် ဘလော့ဂ်ဂါတို့အမြင် (တဂ် ပို့စ် )




ဒီတဂ်ပို့စ်လေးရေးဖြစ်တဲ့အကြောင်းကတော့ အခုဆို ကြားဖြတ်ရွေးကောက်ပွဲလည်းနီးလာပြီဆိုတော့ ငါးထောင် တန် ဖုန်းထုတ်ပေးမယ့် ကုမ္မဏီနဲ့ ဆက်သွယ်ရေးတို့ အပြိုင်အ ဆိုင် ကြေငြာချက်တွေလာပြီးတဲ့အနောက်မှာ အခုဆို သွေးအေးသွားသလိုဖြစ်နေခဲ့ရတယ် ။

တစ်ဦးအားနဲ့မစွမ်းသာ စုပေါင်းကူညီပါဆိုတဲ့အတိုင်း မြစ်ဆုံအရေးတုန်းကလို ဘလော့ဂါတွေ စုပေါင်းပြီး ကျွန်တော် တို့ ငါးထောင်တန်ဖုန်း ပေါ်ပေါက်လာဖို့ ၀ိုင်းဝန်းတောင်းဆိုကြပါစို့လား ။ ဒီနေရာမှာ တစ်ခုပြော ချင်တာကတော့ အခု တဂ်ပို့စည် ရွှေပြည်တံခွန်နဲ့လည်းမဆိုင် ဆက်သွယ်ရေးနဲ့လည်းမဆိုင်ပဲ ပြည်သူတွေထဲက ပြည်သူဘလော့ဂါ တစ်ယောက်အနေနဲ့ရိုးရိုးသားသား တန်ဖိုးနည်းဖုန်းတွေ ချထားလို့ တောင်းဆိုတဲ့သဘောပါပဲ ။ မဖြစ်နိုင်ဘူးလို့တော့ တရားသေမပြောစေချင်ပါဘူး ။ နိုင်ငံတကာမှာ ဒီဈေးနဲ့ ရတဲ့အတွက် ဖြစ်ကိုဖြစ်နိုင် ပါတယ် ။ အခုဆို အားလုံးသိနေကြပြီပဲ တချိန်က သိန်း ၃၀ ၊ ၄၀ လောက်ပေးဝယ်ခဲ့ကြရတဲ့ ဆင်းကဒ်တစ်ခုဟာ အဲဒီအ ချိန် တခြားအိမ်နီးခြင်းနိုင်ငံတွေမှာ မြန်မာငွေနဲ့တွက်ရင် ငါးထောင်ထက်မပိုတဲ့ဈေးနဲ့ရနေခဲ့ပြီ ။ အ တိတ်တွေ ကို ထားခဲ့ပါတော့ ပစ္စုပ္ပန်မှာ တော့ တန်ဖိုးနည်းဖုန်း ဟာအိပ်မက်တစ်ခုမဟုတ်ပါဘူး ဖြစ်ကိုဖြစ် လာ သင့်တဲ့အရာတစ်ခုဖြစ်ပါတယ် ။

ကဲ တဂ်ပို့စ်လေးစပါပြီ ။ အောက်မှာ မေးခွန်းလေးတွေမေးထားပါတယ် ။ သူငယ်ချင်းတွေ အနေနဲ့ကူ ညီပြီးဖြေပေး ကြပါဦးခင်ဗျာ ။ ကျွန်တော့်အဖြေလေးတွေလည်း ဖြေပေးထားပါတယ် ။

၁ ။ ယခု ဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင် ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ သင်မြင်ပါသလား ။
၂ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စတေကာကပ်ခြင်း နဲ့ တီရှပ်များ ပြုလုပ်ခြင်းအပေါ် သင်ဘယ် လိုမြင် မိပါသလဲ ။
၃ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စုပေါင်းလက်မှတ်ထိုးပြီးလွှတ်တော်ကိုတင်ပြခြင်းအပေါ် သင်ဘယ် လိုမြင်မိ ပါသလဲ ။
၎ ။ ငါးထောင်တန် ဖုန်း များပေါ်ပေါက်လာစေဖို့ သင့်အနေနဲ့ ကြိုဆိုပါသလား ။
၅ ။ ငါးထောင်တန် ဖုန်းအပေါ် သင့်အမြင်လေး တစ်ပိုဒ်လောက်ချရေးပေးပါ ။

၁ ။ ယခု ဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင် ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ သင်မြင်ပါသလား ။

- ကျွန်တော့်အနေနဲ့တော့ မရယ်ရတဲ့ ဟာသတစ်ခုကို ကြားလိုက်ရသလိုပါပဲ ၂ သိန်းဆိုတာ တန်ဖိုးနည်းပါ့မလား အခြေခံလက်လုပ်လက်စား ဘ၀တွေအတွက်တော့ အိပ်မက်တစ်ခုဖြစ်နေတုန်းပါပဲ ။

၂ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စတေကာကပ်ခြင်း နဲ့ တီရှပ်များ ပြုလုပ်ခြင်းအပေါ် သင်ဘယ် လိုမြင် မိပါသလဲ ။

- အရမ်းကိုကောင်းပါတယ် လုပ်နိုင်သူတွေကိုလည်း အားပေးပါတယ် ဆက်လက်ပြီး လုပ်ကြဖို့လည်း တိုက်တွန်း ချင်ပါတယ် ။

၃ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စုပေါင်းလက်မှတ်ထိုးပြီးလွှတ်တော်ကိုတင်ပြခြင်းအပေါ် သင်ဘယ်လိုမြင် မိပါ သလဲ ။

ဒါဟာလည်း ဖြစ်သင့်တဲ့ကိစ္စဖြစ်ပြီး ထိရောက်တဲ့ နည်းလမ်းတစ်ခုလို့ယူဆမိပါတယ် ။

၎ ။ ငါးထောင်တန် ဖုန်း များပေါ်ပေါက်လာစေဖို့ သင့်အနေနဲ့ ကြိုဆိုပါသလား ။

ဝမ်းမြောက်ဝမ်းသာကြိုဆိုပါတယ်ငါးထောင်တန်သာမကဘူး အခုဆိုရင် ဆင်းကဒ်အလ ကားပေး မယ့် ကုမ္မဏီတွေတောင် ရှိတယ်လို့ ပြောသံတွေကြားရပါတယ် ။ ဒါကြောင့် ပြည်သူတစ်ယောက်အနေနဲ့ ဒီလို တန်ဖိုးနည်းဖုန်းပေါ်ပေါက်လာမှာကိုတော့ကြိုဆိုပါတယ် ။

၅ ။ ငါးထောင်တန် ဖုန်းအပေါ် သင့်အမြင်လေး ချရေးပေးပါ ။

သတင်းအချက်အလက်တွေ ယိုစီး ပြန့်ကျဲနေတဲ့ခေတ်ကြီးထဲမှာ အရာရာဟာ အမှန်နဲ့အ မှား ရောထွေး လို့နေပါ တယ် ။ တလောကလည်း ရွှေပြည်တံခွန်က လွင်နိုင်ဦးဟာအ ခြေအမြစ်မရှိဘူး ဘာညာနဲ့ စာတွေ ဖေ့ ဘုတ်ပေါ်မှာ ဖတ်လိုက်ရသေးတယ် ။ ဒီတော့ လွင်နိုင်ဦးကို ဆက်သွယ်ရေးအနေနဲ့ သူတို့ကို ကြောတယ် ( သူတို့အရင်လမ်း ဖွင့်ပေးရမှာကို မဖွင့်ပဲ လွင်နိုင်ဦးက အရင် တန်ဖိုးနည်းဖုန်း တွေချပေးမယ်ပြောခြင်း ) အပေါ် စိတ်ခုတယ်ဆိုရင်လည်း ဆက်သွယ်ရေးအနေနဲ့လုပ်ပြလိုက်ပါ ။ ဒါပေမယ့် ၂ သိန်းတန်ဖုန်းကိုတော့ ကျေးဇူးပြုပြီး တန်ဖိုး နည်းဖုန်းလို့မပြောပါနဲ့ ။ ဘယ်လိုမှ တန်ဖိုးမနည်းပါဘူး တန်ဖိုးကြီးဖုန်းဖြစ်ပါတယ် ။ ဒါကြောင့် နိုင်ငံတော် သမ္မတကြီးနဲ့ ဆက်သွယ်ရေး တို့ ညှိညှိနှိုင်းနှိုင်းတိုင်တိုင်ပင်ပင်နဲ့ ပြည်သူတွေ အတွက်အသက် သာဆုံး ဖုန်းတွေ သုံးလို့ရအောင်စီစဉ်ပေးစေချင်ပါတယ် ။

ဒါဟာ အခြေခံ ကျွန်တော်တို့ မြန်မာပြည်သူတွေ အတွက် အလွန်ကို အရေးကြီးပါတယ် ။ အကယ်၍ ဆက် သွယ်ရေး တာဝါတိုင်တွေနဲ့ တခြားအရာတွေအတွက် budget မလောက်ဘူးဆိုရင်လည်း ပြည်သူတွေကို ရသုံးငွေစာ ရင်းကို အတိအလင်းထုတ်ပြန်ပေးစေချင်ပါတယ် ။ ဒါဟာ ကျွန်တော့်အမြင်သက်သက်ပါ ။ ပြည်သူတွေ ထဲက ပြည်သူတစ်ယောက်အနေနဲ့ကတော့ ငါးထောင်တန်ဖုန်းလို တန်ဖိုးနည်း ဖုန်းတွေပေါ်ပေါက် လာစေဖို့ သွေးမအေးပဲ ဆက်လက်တောင်းဆို သွားဦးမှာပါ ။

######################################

ဒီ မေးခွန်းငါးခုလေးနဲ့ တဂ်ပို့စ်လေးကို ကျွန်တော့်သူငယ်ချင်း ဘလော့ဂါအချို့ကို ဆက်ပြီးတဂ်လိုက်ပါတယ် ။ အတဂ် ခံရတဲ့ ဘလော့ဂါများအနေနဲ့လည်း မိမိတို့ ခင်ရာမင်ရာ သူငယ်ချင်းတွေကို ဆက်လက်တဂ်သွားကြဖို့ တိုက်တွန်းလိုက်ပါရစေ ။

၁ ။ ဆရာမ ရွှေစင်ဦး
၂ ။ မနိုင်း ( နိုင်းနိုင်းစနေ )
၃ ။ ကိုဇော်
၎ ။ မနမ်းမ၀ (အဖြူရောင်နတ်သမီး )
၅ ။ မ မိုးငွေ့
၆ ။ မ နန်းဝါ၀ါမောင်
၇ ။ ကိုကြီး ( Multiply)
၈ ။ သဒ္ဓါလှိုင်း
၉ ။ ကိုအောင် (ပျူနိုင်ငံ )
၁၀ ။ မချော (ချောအစိမ်းအရောင်လွင်ပြင်)
၁၁ ။ အန်တီတင့်
၁၂ ။ သက်ဝေ
၁၃ ။ မဒိုးကန် (မဒမ်ကိုး)
၁၄ ။ ကိုပီတာ (ကိုပီတာရဲ့အတွေးပုံရိပ်များ )
၁၅ ။ အိန်ဂျယ်လှိုင်
၁၆ ။ အလင်းသစ်
၁၇ ။ မိုးယံ

၁၇ ယောက်ကိုတ ဂ်လိုက်ပါတယ် ။ အချင်းချင်းလည်းဆက်လက်တ ဂ်သွားပြီး ငါးထောင်တန်ဖုန်း အကြောင်းလေး သွေး မအေးကြရအောင် ဆက်လက်လုပ်ဆောင်ကြပါစို့ ။

( စာရေးပျင်းတဲ့ သူငယ်ချင်းတွေကို များများတဂ်ကြနော် :)

သူငယ်ချင်းအားလုံးအား လေးစားချစ်ခင်စွာဖြင့်

သက်တန့်ချို
Feb 29-2012

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, February 27, 2012

နေပြည်တော် ရေပန်းဥယျာဉ်သို့ အလည်တစ်ခေါက်

နေပြည်တော် ရေပန်းဥယျာဉ်သို့ အလည်တစ်ခေါက်



ပေါင်းလောင်းမြစ်အရှေ့တွင် တပည့်များနှင့်အမှတ်တရ ။

ဖေဖော်ဝါရီလရဲ့ ပူပြင်းတဲ့အရှိန်က တမြေ့မြေ့ လောင်ကျွမ်းတောက်လောင်လျှက်ရှိပါတယ် ။ ဒီတစ်ခေါက် လည်း ကိုသက်တန့်တစ်ယောက် ထမ်စမ်းဂူသွားပြီးကတည်းက ခရီးမထွက်ဖြစ်လိုက်တာ အခုမှပဲ နေပြည်တော် ကို အလုပ်ကိစ္စနဲ့တစ်ခေါက်ရောက်သွားပြန်ပါတယ် ။ နေပြည်တော် ရုံးခွဲက တပည့်တွေရဲ့ကောင်း မှုနဲ့ ရောက် တဲ့အချိန် ၂ ရက် ၃ ရက်လောက်ကလေးမှာ ရေပန်းဥယျဉ်ကိုတစ်ခေါက် ၀င်လည်ခဲ့ပါတယ် ။ ရေပန်းဥယျာဉ် မသွား ခင် ညနေပိုင်းက နေပြည်တော် ရှိ ပေါင်းလောင်းမြစ်ကို ခဏသွားခဲ့ပါသေးတယ် ။



လှပလွမ်းမောဖွယ်ပေါင်းလောင်းမြစ်



ရေတောင်ဆင်းကူးလိုက်ချင်တာ ( အ၀တ်အစားအပိုမပါခဲ့လို့ :P)

နဂိုကတည်းက ဓါတ်ပုံရိုက်ဝါသနာထုံသူမို့ အတော်များများရိုက်ဖြစ်ခဲ့ပါတယ် ။ အ၀င်အ၀မှာပဲ ခမ်းနားတဲ့ မုဒ်ဦးကြီး က ဆီးလို့ကြိုနေပါတယ် ။ ၀င်ရတာ တောင်နည်းနည်းရှိန်တိန်တိန်မို့ အပေါက်တွေမှားကုန်ရော ဒါနဲ့ အထဲရောက်တော့ တီတီတီဆိုတဲ့ လုံခြုံလေးအချောင်းလေးနဲ့ စစ်ပါသေးတယ် ။ ကင်မရာကိုတွေ့သွားတော့ အခွန်ဆောင်ပါ ၁၀၀၀ ကျပ်ပါတဲ့ ။ အင်း ဓါတ်ပုံက မရိုက်လို့လည်းမဖြစ်တော့ အခွန် ဆောင်လိုက်ပါတယ် ။ ဒီလိုနဲ့ နေပြည်တော်ရဲ့ ခမ်းနားလှပတဲ့ ရေပန်းဥယျဉ်ကြီးထဲ တစ်ခေါက်ရောက်သွားခဲ့တယ်ဆိုပါတော့ ။









နည်းနည်းမှောင်သွားတယ် ကောင်းပါတယ်လေ မမြင်ရလေ ကောင်းလေးပဲ ဟီးဟီး















ဒီတံတားလေးလှတယ် ရေတံခွန်ကိုသွားရတဲ့တံတားလေးပေါ့ ညဖက်ဆိုတော့ Romantic ပဲ ဒါပေမယ့် အနီးကပ် အပြာတန်းလေးတွေ ကို ကြည့်လိုက်ရင် ပင့်ကူအိမ်တွေအများကြီးပဲ အဲဒါလေးတွေကို သက်ဆိုင်ရာက ရှင်းပေး ရင်ကောင်းမယ် ။







ဒါက ရေတံခွန်ကိုသွားတဲ့ လမ်းပါ ။





၃ ဆင့်ရေတံခွန်





ဂူအ၀င်အ၀ကို ၀င်တဲ့အပေါက် ။



View လေးကောင်းမယ်ထင်လို့ ရိုက်ခဲ့တယ် ။



ရေက တအားပက်လွန်းတော့ လုံးဝကို ဆက်ရိုက်လို့မရတာနဲ့ ပြန်ထွက်ခဲ့ရတယ် ။





ကျောက်လွှာတွေကနေစီးဆင်းနေတဲ့ ရေတံခွန်တွေ ။











ရေဘ၀ဲရုပ်ပါ မီးတော့မထွန်းထားပါဘူး ပိတ်ခါနီးမို့ထင်ပါတယ် ။



ခမ်းနာလှပတဲ့ ရေပန်းဥယျာဉ်ကြီးကို တစ်ခေါက် အလည်ရောက်သွားခဲ့ရတာ တစ်သက်မမေ့နိုင်စရာပါပဲ ။ နေပြည်တော် လို ခမ်းနားတဲ့နေရာမျိုးတွေ နေရာအနှံ့ မြန်မာပြည်တလွှားမှာလည်းပေါ်ထွန်းစေချင်ပါတယ်လို့ ဆုတောင်းပြုရင်း အဆုံးသတ်လိုက်ပါတယ် ခင်ဗျာ ။

သက်တန့်ချို
Feb 27-2012

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, February 25, 2012

အရုပ်တစ်ရုပ် နှင်းဆီဖြူတစ်ပွင့် နဲ့ စိတ်ထိခိုက်ဖွယ်အဖြစ်လေးတစ်ခု

အရုပ်တစ်ရုပ် နှင်းဆီဖြူတစ်ပွင့် နဲ့ စိတ်ထိခိုက်ဖွယ်အဖြစ်လေးတစ်ခု



အရမ်းကို စိတ်ထိခိုက်ရတဲ့ အဖြစ်အပျက်လေးတစ်ခုပါပဲ - - - ။

ကျွန်တော် စတိုင်းဆိုင်တစ်ခုမှာ ဈေးဝယ်ထွက်ဖို့ လမ်းလျှောက်နေတဲ့အချိန်တုန်းကပေါ့ ။ အသက် ၅ နှစ်လောက်ပဲရှိတဲ့ ကောင်လေးတစ်ဦးကို အရောင်းစာရေးမလေးက ပြောနေတာကို မြင်ခဲ့တယ် ။ အရောင်းစာ ရေးမ လေးကပြောတယ် ။

“ စိတ်မကောင်းပါဘူးကလေးရယ် မင်းမှာ ဒီအရုပ်လေးကို ၀ယ်ဖို့ ငွေမလောက်ဘူးလေ ”

အဲဒီတော့ ကောင်လေးက ကျွန်တော့်ကြည့်နေတာကိုမြင်သွားပြီး ကျွန်တော့်ကို မေးတယ် ။ “ ဦးဦး ကျွန်တော့်မှာ ငွေမ လုံလောက်ဘူးဆိုတာ သေချာလားဟင် ”

ကျွန်တော်သူ့ငွေတွေကိုရေတွက်ကြည့်ပြီးပြန်ပြောခဲ့တယ် ။ “ အင်းဟုတ်တယ် ကောင်လေး မင်းမှာ ဒီအရုပ်လေး ၀ယ်ဖို့ ငွေမလုံလောက်ဘူးလေ ” ကောင်လေးဟာ သူ့လက်ထဲမှာ အရုပ်ကလေးကိုဆက်ပြီးကိုင်ထားတုန်းပါပဲ ။ နောက် ဆုံး ကျွန်တော်သူ့နားသွားပြီး သူ့ကိုမေးခဲ့တယ် ။ အဲဒီအရုပ်ကလေးက ဘယ်သူ့ကိုဝယ်ပြီးပေးမလို့လဲ ဆို တာကိုပေါ့ ။

“ ဒီအရုပ်ကလေးက ကျွန်တော့် အစ်မ သိပ်ကြိုက်ခဲ့တဲ့အရုပ်ကလေးပါ သူအရမ်းလိုချင်နေခဲ့တယ် သူ့မွေးနေ့ အတွက် ကျွန်တော်ဝယ်ပြီးသူ့ကိုပေးချင်လို့ပါ ဦးဦး”

“ ဒီအရုပ်ကလေးကို ၀ယ်ပြီး အမေ့ကို ပေးလိုက်မယ် အဲဒီအခါ အမေက နေ အစ်မဆီသွားတဲ့အခါ အဲဒီအ ရုပ်က လေးကို ပေးနိုင်မှာပါ ” သူ့မျက်လုံးထဲမှာ အလွန် ၀မ်းနည်းနေတဲ့အရိပ်အယောင်တွေနဲ့ စကားကိုဖြည်း ဖြည်းချင်း ပြောတယ် ။

“ တကယ်တော့ အစ်မ က ကောင်းကင်ဘုံမှာပါ အဖေက ကျွန်တော့်ကိုပြောတယ် အမေလည်း မကြာခင်မှာ ကောင်းကင်ဘုံမှာ အစ်မ ကိုသွားပြီး တွေ့လိမ့်မယ်တဲ့ ဒါကြောင့် အစ်မဆီကို အမေနဲ့အတူ ကျွန်တော် ဒီအရုပ်ကလေးကို လက်ဆောင်ပေးလိုက်ချင်လို့ပါ ”

ကျွန်တော့် နှလုံးခုန်သံဟာ ရပ်တန့်သွားမတတ်ပါပဲ ။ ဒီအသက် ၅ နှစ်အရွယ်ကောင်လေးက ကျွန်တော့် ကိုစိုက်ကြည့် ပြီးဆက်ပြောတယ် ။ “ ကျွန်တော်အဖေ့ကိုပြောပါတယ် အမေ့ကို မသွားဖို့ တားပေးဖို့အတွက်ပေါ့ ကျွန်တော်အခု အရုပ်ဝယ်ပြီးပြန်သွားတဲ့အချိန်ထိ အမေ့ကို စောင့်နေစေချင်တယ်လေ ” ပြီးတော့ ကောင် လေးက သူရယ်မောနေတဲ့ပုံလေးတစ်ပုံကို ကျွန်တော့်ကို ထုတ်ပြတယ် ။

“ ကျွန်တော် ဒီပုံလေးကို အမေနဲ့ထည့်ပေးလိုက်မယ် အမကျွန်တော့်ကို မမေ့သွားအောင်ပေါ့ ဒါပေမယ့် အဖေက ပြောတယ် သားမေမေဟာ သားမမ နဲ့ အမြန်ဆုံးသွားတွေ့ရတော့မယ်တဲ့ ” ကောင်လေးဟာ ရီေ၀၀မ်းနည်းနေတဲ့ မျက်လုံးတွေနဲ့ လက်ထဲက အရုပ်ကလေးကို စိုက်ကြည့်ရင်းပြောနေတယ် ။

ကျွန်တော် ပိုက်ဆံအိတ်ကိုချက်ချင်း ဆွဲထုတ်ပြီးကလေးကိုပြောလိုက်တယ် ။ “ ငါတို့နောက်တစ်ခါ ပြန်စစ်ရ အောင်အရုပ်အတွက် လုံလောက်တဲ့ ပိုက်ဆံ ရှိချင်ရှိနေမှာပေါ့ မဟုတ်ဘူးလားကလေးရဲ့ ”

“ ကောင်းပါပြီ ” လို့ ကောင်လေးကပြောတယ် ။ “ ငွေပြည့်ပါစေလို့ ကျွန်တော်ဆုတောင်းနေပါ့မယ် ” ကျွန်တော် သူမမြင် တွေ့ခင်မှာပဲ ပိုက်ဆံအိတ်ထဲကငွေအချို့ကို အမြန်ထုတ်ယူပြီးကောင်လေးငွေတွေကို စတင်ရေ တွက်ခဲ့ တယ် ။ အရုပ်အတွက် ငွေက လုံလောက်ယုံတင်မကပါဘူး ပိုတောင်ပိုလို့နေပါသေးတယ် ။

ကောင်လေးကပြောတယ် “ ကျွန်တော့်ကို လုံလောက်တဲ့ငွေတွေပေးတဲ့အတွက် ဘုရားသခင်ကို ကျေးဇူး တင်ပါ တယ် ” တဲ့ ။

“ ကျွန်တော်လွန်ခဲ့တဲ့ညက မအိပ်ခင် ဘုရားသခင်ကိုပြောခဲ့တယ် အမကို လက်ဆောင်ပေးလိုက်ဖို့အတွက် လုံလောက် တဲ့ ငွေလိုချင်ပါတယ်လို့ အခု သူကြားသွားသလားမသိဘူးနော် ! ”

“ ကျွန်တော် အမေ့အတွက်လည်း နှင်းဆီအဖြူလေးတစ်ပွင့်လောက် ၀ယ်ပေးချင်ပါတယ် -- ဘုရားသခင်ဆီမှာ ကျွန်တော်အ များကြီးမတောင်းရဲတော့ပါဘူး ဒါပေမယ့် သူက ကျွန်တော့်ကို အရုပ်တစ်ရုပ်နဲ့ နှင်းဆီအဖြူ တစ်ပွင့် အတွက် လုံလောက်တဲ့ငွေကိုပေးခဲ့တယ်လေ မေမေက နှင်းဆီဖြူလေးတွေကိုချစ်တယ် ”

########################################

ကျွန်တော်ဈေးဝယ်ပြီးတဲ့အခါ ကျွန်တော့်စိတ်အခြေအနေက လုံးဝကွဲပြားခြားနားသွားပါပြီ ကျွန်တော် ကောင်လေး ကို စိတ်ထဲကနေ လုံးဝမမေ့နိုင်ခဲ့ဘူး ။ အဲဒီနောက်မှာ ကျွန်တော် လွန်ခဲ့တဲ့ ၂ရက်လောက် က သတင်းစာထဲက သတင်းတစ်ပုဒ်ကိုသွားပြီးသတိရမိလိုက်တယ် ။ အရက်မူးသမား တစ်ဦး မောင်းလာ တဲ့ကားတစ် စီးက အမျိုးသမီးတစ်ဦးနဲ့ ကောင်မလေးငယ်တစ်ဦးကို တိုက်မိပြီး ကောင်မလေးကတော့ နေရာတင်ပဲ ပွဲချင်းပြီး သေဆုံးသွားတဲ့သတင်းပေါ့ ။ အမျိုးသမီးကတော့ အရေးပေါ်ကုသမှုနဲ့ ဆေးရုံမှာ ရောက်နေ တဲ့အကြောင်း ။ နောက်ဆုံးမတတ်နိုင်တော့တဲ့အဆုံး သူ့မိသားစုက အသက်ကို ဆွဲဆန့်ထား ရတဲ့အသက်ကယ်စက်တွေကို ဖြုတ်ပစ်ဖို့ သဘောတူဆုံးဖြတ်လိုက်ကြောင်း ဘာကြောင့်လည်းဆိုတော့ အမျိုးသမီးဟာ Coma လို့ခေါ်တဲ့ အချိန်ကြာကြာ သတိလစ်မေ့မျောခြင်းကနေ ပြန်လည် အသက်ရှင် သန်လာနိုင်မှု မရှိတော့တဲ့အတွက် ဖြစ်ပါတယ် ။ ဟင် ဒါဆို ဒီကောင်လေးဟာ အဲဒီမိသားစုက ကောင်လေး များဖြစ်နေမလား ?

ကောင်လေးနဲ့ ကျွန်တော်တွေ့ဆုံခဲ့ပြီးနောက် ၂ ရက်မြောက် နေ့မှာပေါ့ ။ ကျွန်တော် သတင်းစာမှာဖတ်လိုက်ရတဲ့ ။ ဆေးရုံပေါ်က အရေးပေါ်အခြေအနေရောက်နေတဲ့အမျိုးသမီးဟာ ကွယ်လွန်သွားပြီဖြစ်တဲ့အကြောင်း -----။ ကျွန်တော်ဘယ်လိုမှ မခံစားနိုင်တော့ပါဘူး ။ ကျွန်တော် နှင်းဆီ ဖြူ အစည်းတွေဝယ်ပြီး နာရေးအိမ်ကို လိုက်သွားခဲ့ တယ် ။ အဲဒီနေရာမှာ ကျွန်တော်တွေ့ခဲ့တဲ့ ကောင်လေးနဲ့ သူ့ဖခင်တို့ဟာ အမျိုးသမီးနဲ့ မိန်းကလေး ငယ်လေးတို့အတွက် မမြုပ်နှံခင် နောက်ဆုံးဆုတောင်းစကားတွေပေးဖို့ -- လူတွေကြည့်ဖို့ စောင့်နေပါတယ် ။ အမျိုးသမီးကိုထည့်ထားတဲ့ ခေါင်းတလားထဲမှာတော့ အမျိုးသမီးရင်ဘတ်ပေါ်မှာ နှင်းဆီပွင့်လေးတစ်ပွင့် နဲ့ ရယ်မောနေတဲ့ ကောင်လေးရဲ့ ဓါတ်ပုံကို တင်ထားပါတယ် ။ ဘေးနားက ကောင်မလေးရဲ့ ရင်ဘတ်ပေါ်မှာတော့ အရုပ်ကလေးတစ်ရုပ်တင်ထားပါတယ် ။ ကျွန်တော် ဆက်ပြီး ကြည့်ဖို့ ခွန်အားမရှိတော့ပါဘူး ။ မျက်ရည်တွေနဲ့ ကျွန်တော် အဲဒီနေရာကနေ ထွက်ခွာလာခဲ့တယ် ။ အဲဒီအချိန်ကစလို့ ကျွန်တော် ဘ၀ဟာ ပြောင်းလဲသွား ခဲ့ပါ တယ် ----။

ကောင်လေးရဲ့ သူ့အမေနဲ့သူ့အမ အပေါ်ထားတဲ့ချစ်ခြင်းမေတ္တာတရားဟာ ပုံဖော်ပြဖို့တောင် ခက်ခဲလွန်း လှပါတယ် ။ ဒါပေမယ့် အချိန်တစ်စက္ကန့်အတွင်းမှာပဲ အမူးသမားတစ်ဦးက သူ့ကို သူ့မိဘ ၊ သူ့အမ တွေနဲ့ ခွဲခွာစေ ပြီး အရာအားလုံးကို ဖျက်ဆီးပစ်လိုက်တယ် ။

#########################################

ကျေးဇူးပြုပြီး
ေ က် း ဇူ း ၿပ ဳ ၿပီ း - - - -
“ အရက်သောက်ပြီး ကားမမောင်းကြပါနဲ့ ”

အခု ခင်ဗျားမှာ ရွေးချယ်စရာ ၂ ခုရှိပါတယ် ။

- ဒီစာလေးနဲ့ မက်ဆေ့လေးကို သူငယ်ချင်းတွေဆီမျှဝေပေးပါ Share လုပ်တဲ့အခါမှာလည်း အရက် သောက်ပြီးကားမမောင်းကြပါနဲ့ လို့ ပြောဖြစ်အောင်ပြောပေးကြပါ ။
- သင့် နှလုံးသားကို ဒီအဖြစ်အပျက်လေးက မထိ စေခဲ့ဘူးဆိုရင်တော့ သင်မေ့လိုက်ပါ ။

“ ယောက်ျားတစ်ယောက် မိန်းမ တစ်ယောက်ရဲ့ တန်ဖိုးဟာ သူ/သူမ ဘာတွေ ပေးဆပ်နိုင် သလဲဆို တဲ့အပေါ်မူတည်တယ် -- သူ/သူမ ဘာတွေ လက်ခံနိုင်သလဲဆိုတဲ့အပေါ် မူတည်နေတာမဟုတ်ပါဘူး ”

သက်တန့်ချို
Feb 25-2012

Do not drink and drive အား ဘာသာပြန်ခံစားသည် ။

( ကျွန်တော်ဒီစာလေးဘာသာပြန်ပြီးတော့ စိတ်မကောင်းလွန်းလို့ အကြာကြီး ထိုင်နေမိတယ် -- စိတ်မကောင်း ပါဘူး ကောင်လေးရယ် -- ငါတို့လည်းတစ်နေ့ လိုက်သွားကြရမှာပါ အဲဒီအခါ မင်းရယ် မင်း အမေ ရယ် မင်း မမ ရယ် မင်းတို့မိသားစုလေး ပြန်လည်ဆုံတွေ့ကြပါစေလို့ ဦးဦး ဒီနေရာကနေ ဆုတောင်းပေးလိုက်ပါတယ်ကွာ ----)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, February 24, 2012

မသေသေးတဲ့ ဘဲ သန္ဓေသားတွေကို အရှင်လတ်လတ်ပြုတ်စားခြင်း

မသေသေးတဲ့ ဘဲ သန္ဓေသားတွေကို အရှင်လတ်လတ်ပြုတ်စားခြင်း



မျိုးအောင်ထားတဲ့ ဘဲသန္ဓေသားကို balut လို့ခေါ်ပါတယ် ။ ရေပူထဲမှာ သူတို့ကို ထည့်ပြုတ်ထားကြပေမယ့် အသက်ရှင် သန်နေတုန်းပါပဲ ။ ဒီလို မျိုးအောင်ပြီးအကောင်ပေါက်လုနီးနီး ဘဲဥ တွေကို ရရှိနိုင်တဲ့ နေရာတချို့က လမ်းဘေး ဆိုင်တွေမှာတော့ ပရိုတိန်းပြည့်ဝခြင်း ၊ စားသောက်ကောင်းတဲ့ လမ်းဘေးစာဖြစ်ခြင်း ကြောင့် balut တွေကို ကမ္ဘာပေါ်မှာ ရှိတဲ့ လူတော်တော်များများစားသုံးနေကြတာဟာ ယဉ်ကျေးမှုတစ်ခုလို ဖြစ်လို့နေ ပါတယ် ။ အထူးသဖြင့် ဖိလစ်ပိုင်နိုင်ငံရဲ့ လမ်းမတွေပေါ်မှာ အတော်လေးကို ရောင်းကောင်းပြီး ၀ယ်စားသူလည်းများပါတယ် ။ ဒီဘဲသန္ဓေသားပေါက်ကိုစားတဲ့ သူတွေဟာ ဆား ၊ ငရုတ်ဆီ ၊ ကြက်သွန်ဖြူနဲ့ ဗီနီဂါ တွေရောစပ်ပြီး အချဉ်အဖြစ် တွဲဖက်စားသုံးကြပါတယ် ။



ဒီဥ တွေရဲ့ ဘေးမှာ ဟင်းခတ်အမွှေးအကြိုင်တွေကို အလွန်ပဲ မွှေးပျံ့တဲ့ရနံ့ ရအောင်ပြုလုပ်ထားတဲံအတွက် အထဲမှာရှိတဲ့ ဘဲသန္ဓေသားလောင်းလေးနဲ့ အကောင်ပေါက်လေးတွေကိုစားရတာ အလွန်သာရှိတယ်လို့ စားသုံး သူတွေက ဆိုပါတယ် ။ မျိုးအောင်ထားတဲ့ဘဲဥတွေရဲ့ အသက်အရွယ်ကိုကြည့်ပြီး ဘေးနားက အဖြူဖတ်တွေ ကို တော့သိပ်မစားကြပါဘူး ။ ဘာကြောင့်လည်းဆိုတော့ အသက်နည်းနည်းကြီးလာရင် အရိုးနု တွေက စားရတာ နည်းနည်း မာလို့ဖြစ်ပါသတဲ့ ။



ဒါ ဖိလစ်ပိုင်မှာပါ ။ နိုင်ငံခြားသားတွေက သူတို့အစားအသောက်ခုံမင်မှုအတွက် သက်ရှိသတ္တ၀ါတွေကို စိမ်ခေါ် မှုပြုနေ ပါပြီ ။ ဘယ်လိုပဲ စားသောက်ဖို့အရသာရှိရှိ ဘယ်လိုပဲမွှေးကြိုင်နေပါသော သန္ဓေအောင်ပြီး အကောင်ပေါက် လုဆဲဆဲ ဘဲသန္ဓေသားတွေကိုစားသောက်တာဟာ အသက်ရှိနေတဲ့ သတ္တ၀ါတစ်ကောင် ကိုစားနေ သလိုပါပဲ ။ ဒီလုပ်ရပ်ကို တိရိစ္ဆာန်ညှင်းပန်း ကာကွယ်ရေးအသင်းတွေကလည်း ရှုံချထားပါတယ်။ ဒါပေမယ့် ဖိလစ်ပိုင်နိုင်ငံရဲ့လမ်းကြားတွေမှာတော့ စည်ကားနေတုန်းပါပဲ ။

သက်တန့်ချို
Feb 24-2012

Source : Wikipedia/balut

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, February 22, 2012

အဖိုးအိုနှင့်အာလူးခင်း

အဖိုးအိုနှင့်အာလူးခင်း



တခါတုန်းက ရွာတစ်ရွာမှာ တစ်ယောက်တည်းနေတဲ့ အဖိုးအိုတစ်ဦးရှိတယ် ။ သူ့ရဲ့ အာလူးခင်း ကို မြေတွေ တူးဆွပြီး စိုက်ပျိုးချင်ပေမယ့် သူ့မှာ ခွန်အားတွေမရှိတော့တဲ့အတွက် သူအခက်တွေ့နေရတယ် ။ ဒါနဲ့ ဟိုးအဝေး တစ်နေရာမှာနေတဲ့ သူ့သားဆီ သူ ဘယ်လိုလုပ်ရမလဲဆိုတာ လှမ်းပြီးအောက်ပါအတိုင်း အကူအ ညီတောင်း လိုက်တယ် ။

“ သား

အဖေကျန်းမာရေးသိပ်မကောင်းဘူး ဒီနှစ်ထဲမှာ အာလူးခင်းကို မြေတူးဆွပြီး ပြန်စိုက်ပျိုးဖို့ အဖေမ တတ်နိုင် ဘူးသား အဖေအဲဒီလိုမလုပ်နိုင်တာကို သိပ်မုန်းတယ်သား ဘာလို့လည်းဆိုတော့ မင်းအမေဟာ အပင်တွေကိုစိုက်ပျိုးရင်းအချိန်ကုန်ဆုံးတရာကို အရမ်းနှစ်သက်ခဲ့တယ် ။ အဖေဟာ အာလူးခင်းကို ပြန်လည်မြေ တူးဆွဖို့ အခု အသက်ကြီးလွန်းနေပါပြီ ။ အကယ်၍ သားကူညီမယ်ဆိုရင်ဆတာ့ အဖေအ ဆင်ပြေပါပြီ သားအဖေ့ ဆီလာပြီး မြေတွေကို တူးဆွပေးနိုင်မလား ။

ချစ်တဲ့ --အဖေ ”

သိပ်မကြာခင်မှာပဲ အဖိုးအိုဟာ ကြေးနန်းနဲ့ ပြန်စာတစ်ခုပြန်ရလိုက်တယ် ။

“ အဖေ

ဘုရားသခင်ကယ်ပေလို့သာပေါ့ အဖေ အဲဒီအာလူးခင်းကို မတူးဆွပါနဲ့ အဲဒီအာလူးခင်းအောက်မှာ သား လက်နက်ခဲယမ်းတွေမြုပ်ထားတယ်အဖေ

ချစ်တဲ့ -- သား ”

အဲဒီစာရပြီး နောက်တစ်နေ့ မနက်လေးနာရီမှာပဲ အဲဒီရွာကို တာဝန်ရှိသူတွေ နဲ့ ရဲအရာရှိတွေ မြို့နယ်တာ ၀န်ခံတွေရောက်လာပြီး အာလူးခင်းကြီ့းတစ်ခုလုံးကို တစ်နေရာမှ မကျန်အောင် တူးဆွပြီး လက်နှက်ခဲ ယမ်းတွေ ကို ရှာဖွေကြပါတော့တယ် ။ ဒါပေမယ့် -- ဘာကိုမှရှာမတွေ့ခဲ့ပဲ ပြန်သွားကြပါတယ် ။

အဖိုးအိုဟာ နားမလည်နိုင်စွာနဲ့ သူ့သားဆီ ဘာတွေဖြစ်ပျက်တာလဲဆိုတာမေးဖို့ စာတစ်စောင်ရေးပို့လိုက်တယ် ။ သူ့သားကစာပြန်ပို့တယ် ။

“ အဖေ

အဖေအခု အာလူးခင်းထဲသွားပြီး အာလူးတွေစိုက်ပျိုးနိုင်ပါပြီ ဒါဟာ ကျွန်တော်အဝေးကနေ အဖေ့ကို အကောင်း ဆုံးကူညီလုပ်ဆောင်ပေးလိုက်ခြင်းပါပဲ

ချစ်တဲ့ --သား ”

######################################

ကိစ္စတော်တော်များများမှာ ကျွန်တော်တို့ဟာ စဉ်းစားဆင်ခြင်ခြင်းမရှိပဲ လက်ရုံးအားကိုးဖို့ပဲ စဉ်းစားမိကြတယ် ။ တကယ်တော့ စဉ်းစား တွေးခေါ် အမြော်အမြင်ကြီးတတ်ခြင်းဟာလည်း ကိစ္စတော်တော်များများကို ခွန်အား မကုန်ဆုံးစေပဲ ဖြေရှင်းပေးနိုင်ပါတယ် ဒါကြောင့် ဘာပဲလုပ်လုပ် မလုပ်ခင်မှာ သူဘာတွေ လုပ်နိုင်သလဲဆိုတာ အရင်စဉ်းစားပါ သင် ဘယ်နေရာရောက်နေနေ သင်ဘာတွေပဲဖြစ်နေနေ အသိဥာဏ် စဉ်းစားတွေးခေါ် တတ်ခြင်း နဲ့ ကိစ္စတော်တော်များများကို ဖြေရှင်းပေးနိုင်ပါတယ် ။

သက်တန့်ချို
Feb 22-2012

Attitude and its importance … အားဘာသာပြန်ခံစားသည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, February 21, 2012

အံ့သြဖွယ်ရာအသက် ၂၅၆ နှစ်နေခဲ့သော Li Ching-yun

အံ့သြဖွယ်ရာအသက် ၂၅၆ နှစ်နေခဲ့သော Li Ching-yun



တရုတ်ပြည် Szechwan ပြည်နယ်မှာ Li Ching-yun ဆိုသူဟာ အံ့သြဖွယ်ရာ နှစ်ပေါင်း ရာကျော်နေ ခဲ့သူဖြစ်ပါတယ် ။ တရုတ်ပြည်မှာ အသက်အရွယ်အပိုင်းအခြားအရ သူဟာ တကယ့်ကို မယုံနိုင်ဖွယ်ရာ ဖြစ်ခဲ့ တယ် ။ သူ့ရဲ့ ကိုယ်ပိုင် story အရတော့ ၁၇၃၆ မှာမွေးဖွားခဲ့ပြီး ၁၉၇ နှစ်နေထိုင်ခဲ့တယ်လို့သိရပါတယ် ။



သူ အသက် ဆယ်နှစ်လောက်အရွယ်တွေမှာ Kansu, Shansi, Tibet, Annam, Siam နဲ့ Manchuria ဒေ သတွေကို ဆေးဖက်ဝင်အပင်တွေကို စုဆောင်းဖို့ ခရီးသွားလာခဲ့ပါတယ် ။ သူ့ရဲ့ ပထမ နှစ် ၁၀၀ အတွင်း မှာလည်း သူဟာ ဆေးဖက်ဝင်အပင်တွေကို စုဆောင်းရင်းနဲ့ပဲ အချိန်တွေကို ကုန်ဆုံးစေခဲ့တယ် ။ သူဟာ အဲဒီ ပင်တွေကြားမှာပဲနေပြီး သူ့မှာ ဆန်နဲ့ပြုလုပ်ထားတဲ့ ၀ိုင်တွေ ပေါများစွာ ရှိခဲ့တယ် ။

သူ့ကို ဘာကြောင့်အသက်ရှည်သလဲလို့ မေးမြန်းတဲ့အခါ သူ့လျှို့ဝှက်ချက်ကတော့ “ တိတ် ဆိတ်ငြိမ် သက် တဲ့ နှလုံးသားနဲ့နေပါ လိပ်တစ်ကောင်လိုထိုင်ပါ ပင်ကွင်းငှက်လို လမ်းလျှောက်ပါ ခွေးတစ်ကောင်လို အိပ်ပါ ” လို့သူပြန်ဖြေခဲ့တယ် ။ ဒါပေမယ့် စစ်ဘုရင် Wu Pei-fu က အဲဒီ ဖော်မြူလာကိုဘ၀င်မကျခဲ့ဘူး ။ ဒါကြောင့် သူဟာ Li ကို အိမ်ကိုဖိတ်ခေါ်ခဲ့ပြီး ရာစုနှစ်တစ်ခုအတွင်းမှာ အသက်အရှည် ဆုံးဘယ်လိုနည်း လမ်းတွေ နဲ့နေထိုင်ရမလဲဆိုတာ သင်ကြားစေခဲ့တယ် ။

အချို့ပြောတာကတော့ သူ့မှာ သေဆုံးပြီးသားဇနီး ၂၃ ယောက်ရှိပြီး လက်ရှိ ၂၄ ယောက်မြောက် ဇနီးနဲ့နေ ထိုင်တယ်လို့ဆိုပါတယ် ။ အဲဒီ ၂၄ ယောက်မြောက်ဇနီးဟာ အသက် ၆၀ အရွယ်ရှိပြီး မျိုးဆက် ၁၁ ဆက်ကို ပြန့်ပွားနိုင်ခဲ့တယ် ။ Li ရဲ့ ညာလက်က လက်သညးတွေဟာ ၆ လက်မ ရှည်လျှားပါတယ် ။ ၁၉၃၀ ခုနှစ်မှာတော့ ပရော်ဖက်ဆာ Wu Chung-chieh ဟာ အမှတ်မထင် ထူးဆန်းတဲ့အရာကိုရှာတွေ့ခဲ့တယ် ။ သူဟာ Chengtu University မှ ပရော်ဖက်တစ်ဦးလည်းဖြစ်ပါတယ် ။ သူတွေ့ခဲ့တာကတော့ Li Ching-yun ဟာ ၁၈၂၇ ခုနှစ်မှာ တရုတ် အစိုးရက သူ့မွေးနေ့အတွက် အသက်ရှည်ခြင်းအား ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပေးပို့ထားတဲ့ မှတ်တမ်း မှတ်ရာတွေကိုပါပဲ ။



အဲဒီမွေးနေ့ဟာ နှစ် ၁၅၀ ပြည့်မွေးနေ့ဖြစ်ပါတယ် ။ သိပ်မကြာသေးခင် ရက်သတ္တပတ်ကပဲ Li ဟာ သေဆုံး သွားခဲ့တယ် ။ အဲဒီလိုဆိုရင် Li Ching-yun ဟာ ကမ္ဘာမြေပေါ်မှာ 256 နှစ်တိုင်တိုင် အသက်ရှင်နေထိုင်သွားခဲ့တဲ့ တစ်ဦးတည်းသောသူဖြစ်လို့နေပါတယ် ။ ကဲ အံ့သြဖွယ်ရာ မယုံနိုင်စရာဖြစ်မနေဘူးလား ။

(ကျွန်တော့်အထင်ကတော့ ပရော်ဖက်ဆာ ရှာတွေ့ခဲ့တဲ့ record ထဲက လူနဲ့ Li ဟာ တစ်ယောက် တည်းဆို ရင်တော့ Li ဟာ တကယ်ပဲ ၂၅၆ နှစ်အသက်ရှည်ခဲ့တဲ့သူဖြစ်ပါတယ် ။ တစ်ယောက် စီဖြစ်နေမယ်ဆိုရင်တော့ Li ဟာ ၁၉၇ နှစ်အသက်ရှည်ခဲ့သူဖြစ်ပါ့တယ် )

Li ရဲ့အကြောင်းကိုဒီထက်သိချင်ရင်တော့အောက်ပါလင့်မှာ ဖတ်ရှူနိုင်ပါတယ် ။

http://en.wikipedia.org/wiki/Li_Ching-Yuen

သက်တန့်ချို
Feb 21-2012

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

သစ်ခုတ်သမားနှင့်ပုဆိန်

သစ်ခုတ်သမားနှင့်ပုဆိန်



တစ်ခါတုန်းက သစ်ခုတ်သမားတစ်ဦးဟာ ကုန်သည်သူဌေးကြီးတစ်ဦးဆီမှာ အလုပ်ရဖို့အတွက် အကူအညီ သွားတောင်း တယ် ။ သစ်ခုတ်တဲ့အလုပ်ကိုသူရသွားပါတယ် ။ သူ့လုပ်ခ လစာကလည်းအရမ်းကောင်းတဲ့အတွက် သူ့အ တွက် အခြေအနေအားလုံးဟာ ကောင်းနေပါတယ် ။ ဒါကြောင့် သစ်ခုတ်သမားဟာသူအစွမ်းကုန် သူ့အလုပ် ကိုလုပ်ဖို့ဆုံးဖြတ်လိုက်တယ် ။

သူ့ သူဌေးက သူ့ကို ပုဆိန်တစ်လက်ကိုပေးပြီး ခုတ်ရမယ့်နေရာတွေကိုလိုက်ပြတယ် ။ ပထမရက်မှာတော့ သစ်ခုတ် သမားဟာ အပင် ၁၅ ပင်ကိုခုတ်နိုင်ပါတယ် ။ “ ဂုဏ်ယူပါတယ် ” လို့ သူဌေးကပြောတယ် “ အလုပ်ကို ကြိုး စားပြီးလုပ်ပါ ”

သူ့သူဌေးရဲ့အားပေးစကားကြောင့် သူအားတတ်သွားပြီးနောက်ရက်မှာလည်း အလုပ်ကို ဒီထက်ပိုကြိုးစားတယ် ။ ဒါပေမယ့်နောက်ရက်မှာ သူဟာ ၁၀ ပင်ပဲခုတ်နိုင်ခဲ့တယ် ။ တတိယရက်မှာလည်းသူဟာပိုပြီး ကြိုးစားခုတ်ခဲ့တယ် ။ ဒါပေမယ့် ၇ ပင်ပဲခုတ်နိုင်ခဲ့တယ် ။ နေ့ရက်တွေကြာလာတာနဲ့အမျှ သူဟာ အပင်တွေကိုလျော့လျော့ပြီးပဲ ခုတ်နိုင် ခဲ့တယ် ။

“ ငါ့စွမ်းအားတွေကျဆင်းနေပြီ ” လို့ သစ်ခုတ်သမားကတွေးထင်လိုက်တယ် ။ ဒါနဲ့သူဟာ သူ့သူဌေးဆီကိုသွားပြီး သူ ဘာကြောင့် ဒီလို အပင်တွေ ကိုကြိုးစားခုတ်ပေမယ့်လည်းလျော့ပြီးပဲ ခုတ်နိုင်ရသလဲ ဆိုတာ နားမလည် တဲ့အကြောင်းမေးမြန်းခဲ့တယ် ။

“ သင်ဟာ ဘယ်အချိန်တုန်းက သင့်ပုဆိန်ကိုသွေးခဲ့သလဲ ” လို့ သူဌေးကမေးတယ် ။ “ သွေးရမယ် ဟုတ်လား ကျွန်တော် ဟာ အပင်တွေကို ခုတ်ဖို့အလုပ်များနေတဲ့အတွက် ပုဆိန်ကိုသွေးဖို့ အချိန်မရှိခဲ့ပါဘူး ” လို့ သစ် ခုတ်သ မားက ပြန်ဖြေရှင်း သူ့လိုအပ်ချက်ကို သူ ရှင်းရှင်းလင်းလင်းသိသွားခဲ့တယ် ။

############################

ကျွန်တော်တို့အများစုဟာ ကျွန်တော်တို့ရဲ့ ကျွမ်းကျင်တတ်မြောက်မှု Skills တွေကို ဘယ်တော့မှ Update မလုပ်မိကြ ဘူး ။ ကျွန်တော်တို့ သင်ယူခဲ့တာ သင်ယူနေတာ တတ်ထားတာလေးတွေဟာ ဘ၀အ တွက်ပြည့်စုံ လုံလောက်နေပြီလို့ပဲ ထင်နေမိတတ်ကြတယ် ။ Good ဆိုတဲ့စကားလုံးနဲ့မလုံလောက်သေးပါဘူး Better ဆိုတဲ့စကားလုံးရအောင်ကြိုးစားရဦးမှာပါ ။ ကိုယ်တတ်မြောက်ထားတဲ့အရည်အသွေးတွေကို ထက်မြနေအောင် အချိန်တိုင်းသွေးထားမှသာ ကျွန်တော်တို့လိုချင်တဲ့ Success ဆိုတဲ့ အောင်မြင်မှုကိုရရှိမှာဖြစ်ပါတယ် ။

သက်တန့်ချို
Feb 21-2012

Busy စာစုအား Vangeepuram ရေးသားသည်အား ဘာသာပြန်ခံစားသည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, February 20, 2012

သဲပြင်ပေါ်မှာရေးတဲ့စာနဲ့ကျောက်တုံးပေါ်မှာရေးတဲ့စာ

သဲပြင်ပေါ်မှာရေးတဲ့စာနဲ့ကျောက်တုံးပေါ်မှာရေးတဲ့စာ



တခါတုန်းက သူငယ်ချင်းနှစ်ဦးဟာ သဲကန္တာရ တစ်ခုထဲမှာ လမ်းလျှောက်လာကြတယ် ။ လမ်းခရီးတစ်နေရာ အရောက် မှာ သူတို့ စကားများကြပြီး သူငယ်ချင်းတစ်ယောက် နောက်တစ်ယောက်ရဲ့မျက်နှာကို လက်နဲ့ရိုက် လိုက် တယ် ။ အရိုက်ခံရတဲ့ ကောင်လေးက နာသွားပြီး ဘာမှ ပြန်မပြောပါဘူး ။ ဒါပေမယ့် သူဟာ သဲပြင်ပေါ် မှာ အောက်ပါအတိုင်းစာရေးခဲ့တယ် ။

“ ဒီနေ့ ငါ့အချစ်ဆုံးသူငယ်ချင်းက ငါ့မျက်နှာကိုရိုက်တယ် ”

ဒီလိုနဲ့သူတို့နှစ်ဦးဟာ အိုအေစစ် ကိုရောက်တဲ့အထိ လမ်းလျှောက်လာခဲ့ကြတယ် ။ အဲဒီနေရာမှာ သူတို့ ရေ ချိုးရေကူးကြဖို့ ဆုံးဖြတ်လိုက်ကြတယ် ။ ဒီလိုနဲ့ မျက်နှာအရိုက်ခံရတဲ့ ကောင်လေးဟာ ရေချိုးနေတုန်း အိုအေစစ် ထဲမှာ နွံထဲ ဆင်းမိပြီး နွံထဲကိုတဖြည်းဖြည်းနစ်မြုပ်သွားခဲ့တယ် ။ ဒါပေမယ့် သူ့သူငယ်ချင်းက သူ့ကို အချိန်မှီ ကယ်တင်လိုက်ပါတယ် ။ နွံနစ်တဲ့ နေရာအနီးမှာ သူသတိပြန်ရလာတဲ့အခါ သူ ကျောက် တုံးတစ် တုံးပေါ် မှာအောက်ပါအတိုင်းစာရေးခဲ့တယ် ။

“ ဒီနေ့ ငါ့အချစ်ဆုံးသူငယ်ချင်းက ငါ့အသက်ကိုကယ်ခဲ့တယ် ”

ဒီတော့ သူ့အသက်ကို ကယ်ခဲ့တဲ့သူငယ်ချင်းက မေးတယ် ။

“ ငါမင်းကို နာကျင်အောင်လုပ်တုန်းကလည်း မင်း သဲပြင်ပေါ်မှာ စာရေးခဲ့တယ် အခုငါမင်းကိုကယ်ခဲံတော့လည်း မင်းကျောက်တုံးပေါ်မှာ စာရေးခဲ့တယ် အဲဒါဘာဖြစ်လို့လဲ ”

ဒီတော့ သူကပြန်ပြောတယ် ။

“ ငါတို့ကို တစ်စုံတစ်ယောက်က နာကျင်အောင်လုပ်တဲ့အခါမှာတော့ ငါတို့သဲပြင်ပေါ် မှာပဲ ရေးပြီးမှတ် ထားသင့် တယ် ။ ဒါမှ လေတိုက်တဲ့အခါ အဲဒီစာတွေပျောက်သွားသလိုမျိုး ခွင့်လွှတ်ခြင်း က အဲဒီနာကျင်မှုကို အဝေးကိုဖယ် ရှားပေးနိုင် မှာပါ ။ ဒါပေမယ့် ငါတို့အတွက် တစ်စုံတစ်ယောက်က ကောင်းတဲ့အရာတွေ လုပ်ပေးခဲ့ရင်တော့ ငါတို့ကျောက်တုံးပေါ်မှာ ရေးမှတ်ထားသင့်တယ် ဒါမှ ဘယ်လိုလေမျိုးတိုက်တိုက် ပျောက်ပျက်မသွားရအောင်ပေါ့ ”

####################################

သင့်ရဲ့ နာကျင်မုန်းတီးမှုတွေကို သဲပြင်ပေါ်မှာပဲ ရေးမှတ်ထားလိုက်ပါ ။ လေတိုက်တဲ့အခါ အဲဒီစာတွေ လွင့်ပျောက် သွားပါစေ -----

သင့်အပေါ်ကောင်းတဲ့သူတွေကိုတော့ ကျောက်တုံးပေါ်မှာ ရေးမှတ်ထားလိုက်ပါ ။ ဘယ်လို ပဲ လေပြင်းတွေ တိုက် တိုက် မပျောက်ပျက်ပဲ အမြဲအမှတ်ရနေပါစေ-----

သက်တန့်ချို
Feb 20-2012

Sand and Stone အားဘာသာပြန်ခံစားသည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ထုပ်ပိုးထားတဲ့အရာတွေထဲမှာ လိုချင်တာတွေရှိနေတတ်တယ်

ထုပ်ပိုးထားတဲ့အရာတွေထဲမှာ လိုချင်တာတွေရှိနေတတ်တယ်




တစ်ခါတုန်းက ဘွဲ့ယူဖို့ စောင့်နေတဲ့ လူငယ်လေးတစ်ယောက်ရှိတယ် ။ သူ့ ဖခင်ဟာလည်း ချမ်းသာကြွယ်ဝတဲ့ သူဌေးတစ်ဦးဖြစ်တယ် ။ လပေါင်းများစွာ အဲဒီလူငယ်လေးရဲ့စိတ်မှာ ကိန်းအောင်းနေတဲ့အရာတစ်ခုကတော့ ကားပြခန်း တစ်ခုက ထုတ်တဲ့ ပြိုင်ကားလှလှလေးတစ်စင်းကိုပိုင်ဆိုင်ရဖို့ပဲဖြစ်ပါတယ် ။ ဒါကြောင့် သူက သူ့အဖေ ကို အဲဒီကားလေးလိုချင်ကြောင်းပြောခဲ့တယ် ။

ဒီလိုနဲ့ ဘွဲ့ယူဖို့ရက်ကနီးလာပါပြီ ။ လူငယ်လေးက သူ့ဖခင်က သူ့ကိုကားဝယ်ပေးမယ့် အရိပ်အယောင် များတွေ့ရမ လားဆိုတဲ့ မျှော်လင့်ချက်နဲ့စောင့်နေခဲ့တယ် ။ နောက်ဆုံး -- ဘွဲ့ယူမယ့် မနက်ခင်းမှာပေါ့ ။ သူ့အဖေ က သူ့ရုံးခန်းထဲကို လာဖို့ လူငယ်လေးကိုခေါ်လိုက်တယ် ။ သူ့အဖေက ဒီလိုသားမျိုး တစ်ယောက်ရှိနေခဲ့အတွက် သူအလွန်ပဲ ၀မ်းသာဂုဏ်ယူရပါကြောင်းပြောင်းပြီး သူ့သားကို ဘယ်လောက်ချစ်ကြောင်းပြောခဲ့တယ် ။ ပြီးတော့ လှပတဲ့စက္ကူနဲ့ထုပ်ထားတဲ့ လက်ဆောင်သေတ္တာလေးကို သူ့သားကို ပေးခဲ့တယ် ။

သိချင်စိတ်ပြင်းပျနေတဲ့လူငယ်လေးက သေတ္တာလေးကို အလျှင်အမြန်ဖွင့်ကြည့်ပြီး တွေ့လိုက်ရတဲ့အရာကတော့ သားရေနဲ့ဖုံးထားတဲ့ တရားစာအုပ်လေးတစ်အုပ်ပါပဲ ။ သူ အလွန်ကို စိတ်ပျက်သွားခဲ့တယ် ။ ချက်ချင်း ပဲ ဒေါသတွေထွက်လာခဲ့ပြီး သူ့အဖေကို “ အဖေ့မှာ ရှိတဲ့ ငွေကြေးတွေအကုန်လုံးနဲ့ ကျွန်တော့် ကို ပေးတာ ကျတော့ ဒီစာအုပ်လေးတစ်အုပ်တဲ့လား ” လို့ အော်ဟစ်ပြောဆိုခဲ့တယ် ။ ပြီးတော့ အဲဒီစာအုပ်ကို လွှင့်ပစ်ခဲ့ပြီး ရုံးခန်းကနေ ပြေးဆင်းခဲ့တယ် ။ သူ ဒီလိုနဲ့ ---- သူ့အဖေဆီကို ပြန်လာခဲ့တော့ဘူး ။

--------------------------------------------------------

နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာတော့ လူငယ်လေးဟာ အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်ဖြစ်လာခဲ့တယ် ။ သူ့အိမ်ထောင်ကျပြီး လှပတဲ့အိမ်ကြီးနဲ့ မိသားစုတစ်စုလည်းပိုင်ဆိုင်ခဲ့တယ် ။ သူအ ရွယ်ရောက် လာတဲ့အခါ နားလည်လိုက်တာက သူ့ဖခင်ဟာ အခုလောက်ဆို အသက်ကြီးနေပြီး သူ့ဖခင်ကိုတစ်ခေါက်လောက်ပြန်သွားတွေ့သင့်တဲ့အကြောင်းပေါ့ ။သူဘွဲ့ယူတဲ့နေ့ကစပြီး သူ့အဖေကို သွားမတွေ့ ခဲ့တာ အခုထိပါပဲ ။ ဒီလိုနဲ့ သူ့အဖေကို သွားတွေ့ဖို့ မစီစဉ်ရသေးခင်မှာပဲ သူ့အဖေ ဆုံးသွားပြီဖြစ်တဲ့အကြောင်း ဒါကြောင့်ပိုင်ဆိုင်မှုတွေ ပေးဖို့ အိမ်ပြန်လာဖို့ အကြောင်းကို ကြေးနန်းစာရောက်လာခဲ့တယ် ။ သူ အိမ်ကို ချက်ချင်းပြန်သွားခဲ့တယ် ။

သူ့အဖေအိမ်ကို ရောက်တဲ့အခါမှာတော့ သူ ရုတ်တရက် ၀မ်းနည်းမှုတွေ နောင်တရမှုတွေနဲ့ ယူကြုံးမရ မှုတွေက နှလုံးသားကို မွန်းကြပ်ခံစားစေခဲ့တယ် ။ သူ့အဖေရဲ့ အရေးကြီးတဲ့ စာရွက်စာတမ်းတွေကို သူ ရှာဖွေကြည့် တဲ့အခါမှာတော့ သူနှစ်ပေါင်းများစွာကတည်းက လွင့်ပစ်ခဲ့တဲ့ တရားစာအုပ်လေးကို အသစ်လေး အတိုင်း သူတွေ့ခဲ့ရတယ် ။ မျက်ရည်တွေနဲ့ သူ စာအုပ်လေးကို ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့အ ထဲကနေ စာအုပ်လေး တစ်အိတ်နဲ့ထည့်ထားတဲ့ ကားသော့လေး တစ်ချောင်းထွက်ကျလာပါတယ် ။

ကားသော့လေးနဲ့တွဲထားတဲ့စာအိတ်ထဲမှာ ကားကို သူ့နာမည်နဲ့ သူ့အဖေက ၀ယ်ပေး ထားကြောင်း သူတွေ့လိုက်ရတယ် ။ သူလိုချင်တဲ့ကားလေး သူလိုချင်တဲ့ ပြခန်းက ပြိုင်ကားလှလှကလေးကို ၀ယ်ယူထားတဲ့ ရက်စွဲ ကတော့ သူဘွဲ့ယူတဲ့နေ့ပဲဖြစ်ပါတယ် ။ စာရွက်ပေါ်မှာ ရေးထားတာကတော့ “ ငွေချေပြီး ” ဆိုတဲ့ နဲ့နောက် သူ့အဖေ လက်ရေးနဲ့ရေးထား တဲ့ “ အဖေမင်းကို သိပ်ချစ်တယ် သား ” ဆိုတဲ့ စာသားလေးပဲဖြစ်ပါတယ် ။

#############################

ကျွန်တော်တို့ဟာ ထုပ်ပိုးမထားတဲ့ အရာတွေကိုပဲ မျှော်လင့်ချက်ကြီးကြီးကြည့်မိကြတယ် ။ တကယ်တော့ ထုပ်ပိုးထားတဲ့ အရာတွေမှာလည်း ကျွန်တော်တို့လိုချင်တဲ့အရာတွေ ရှိနေတတ်ပါတယ် ။ မိဘတွေအပေါ်မှာ ကိုယ်လိုချင် တာမရလို့ စိတ်မဆိုး စိတ်မကောက်ကြပါနဲ့ ။ ဘ၀ဟာ အရမ်းကိုတိုတောင်းလွန်းလှတယ် ။ ကိုယ်လိုချင် တဲ့အရာ ကို မိဘတွေက ၀ယ်ပေးနိုင်သည်ဖြစ်စေ ၀ယ်မပေးနိုင်သည်ဖြစ်စေ ကိုယ့်ကို မွေး ဖွားကျွေးမွေးပြုစုစောင့်ရှောက်ခဲ့တဲ့ ကျေးဇူးနဲ့တင် ဒါဟာ ကျွန်တော်တို့အတွက် မိဘတွေဆီက အထိုက် တန်ဆုံးပေး တဲ့လက်ဆောင်ဖြစ်ပါတယ် ။

သက်တန့်ချို
Feb 20-2012

PAID IN FULL အားဘာသာပြန်ခံစားသည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, February 18, 2012

အသက်ရှိနေစဉ်မှာ အမေ့ကိုထွေးပွေ့ဖို့မမေ့ပါနဲ့

အသက်ရှိနေစဉ်မှာ အမေ့ကိုထွေးပွေ့ဖို့မမေ့ပါနဲ့



လူတစ်ယောက်ဟာကားမောင်းလာရင်း စတိုးဆိုင်တစ်ခုမှာ နှင်းဆီပန်းစီးတွေ ပို့ပေးဖို့အတွက် အော်ဒါမှာဖို့ ရပ်လိုက်တယ် ။ ဟိုး မိုင်ပေါင်း ၂၀၀ ကျော်ဝေးတဲ့အရပ်မှာ နေတဲ့ သူ့မိခင်ဆီ ပန်းစည်းပို့ပေး ဖို့အ တွက် အော်ဒါမှာမလို့ ဖြစ်ပါတယ် ။

သူ့ကားဆီကို ပြန်ရောက်တဲ့အခါ ကားနားမှာ ငိုပြီးရပ်နေတဲ့ မိန်းကလေးငယ်လေးတစ်ဦးကိုတွေ့လိုက်ရတယ် ။ သူက မိန်းကလေးကိုမေးလိုက်တယ် ။ ဘာဖြစ်လို့ငိုနေရတာလဲလို့ပေါ့ ။ ကောင်မလေးကပြန်ပြောတယ် ။ “ သမီး အမေအတွက် သမီးနှင်းဆီတစ်ပွင့် ၀ယ်ချင်လို့ပါ ဒါပေမယ့် သမီးမှာ ငွေ ငါးဆယ်ပဲရှိ ပါတယ် နှင်း ဆီတစ် ပွင့်ကို ငွေနှစ်ရာကျပါတယ် ”

အဲဒီလူက ပြုံးလိုက်ပြီးပြောတယ် “ လာလာ ဦးဦးနဲ့လိုက်ခဲ့ ဦးဦးသမီးအတွက် နှင်းဆီတစ်ပွင့်ဝယ်ပေးမယ်နော် ”

ပြီးတော့ အဲဒီကောင်မလေးကို နှင်းဆီ ပန်းရောင်းတဲ့ဆိုင် ထဲခေါ်သွားပြီး သူ့အမေအတွက် နှင်းဆီပန်းတွေ ၀ယ်ပေး လိုက်တယ် ။ အပြန်လမ်းမှာ အဲဒီလူက ကောင်မလေးကို အိမ်ကိုပြန်လိုက်ပို့ပေးရမလားလို့ မေးခဲ့တယ် ။

ကောင်မလေးက “ ဟုတ်ကဲ့ ဦးဦးကျေးဇူးပြုပြီးလိုက်ပို့ပေးပါ သမီးအမေဆီ ဦးဦးကိုခေါ်သွားပါ့မယ် ” လို့ပြန်ပြော လိုက်တယ် ။

ဒီလိုနဲ့ ကောင်မလေး သူ့ကို လမ်းညွှန်ခေါ်ဆောင်သွားတဲ့နေရာကတော့ သင်္ချိုင်းတစ်ခုထဲက အသစ်စက်စက် အုတ်ဂူ တစ်ခုဆီကိုပါပဲ ။ သူ့အမေအုတ်ဂူဆီရောက်တဲ့အခါ ကောင်မလေးက ဖြေးဖြေးလေး နှင်းဆီပွင့်လေးကို အုတ်ဂူပေါ် တင်လိုက်ပါတော့တယ် ။

###############################

အဲဒီလူဟာ နှင်းဆီပန်းရောင်းတဲ့ဆိုင်ကိုပြန်လာခဲ့တယ် ။ သူမှာခဲ့တဲ့ နှင်းဆီ ပန်းပို့ခိုင်း တဲ့ အော်ဒါ ကိုဖျက်ပြီး နှင်းဆီပန်းလှလှ တစ်စီးကိုရွေးပြီးဝယ်လိုက်တယ် ။ ပြီးတော့ မိုင်ပေါင်း ၂၀၀ ကျော်ဝေးတဲ့ သူ့အမေဆီ ကို နှင်းဆီ ပန်းစည်းလေးကိုင်ဆောင်လို့ ထွက်ခွာသွားပါတော့တယ် ။

##############################

အဖေ နဲ့ အမေ အသက်ရှိနေစဉ်မှာ ကျွန်တော်တို့ဟာ လေးနက်စွာ ပြန်လည်ဂရုစိုက်ပေးဖို့လိုပါတယ် ။ သေလွန်သွားခါမှ ပန်းစည်းသွားပေးရတာထက်စာရင် မသေသေးခင်မှာ အမေ့ကို ယုယ ပိုက်ထွေးပေးကြ ဖို့မမေ့ပါနဲ့။ မိဘတွေ ဟာ သားသမီးတွေဆီက တကယ်လိုအပ်တာ ငွေကြေးမဟုတ်ဘူး ။ တိုက်တာ အဆောက်အ အုံတွေမဟုတ်ဘူး ။ ပြန်လည်ပေးဆပ်မှုတွေလည်းမဟုတ်ဘူး ။ သင့်ကို နွေးထွေး စွာ ပွေ့ဖက် ထားချင်တဲ့ အခွင့်လေးတစ်ခုပါပဲ ။

သက်တန့်ချို
Feb 18-2012

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

အသိပညာ ရဲ့ တန်ဖိုး

အသိပညာ ရဲ့ တန်ဖိုး



တခါတုန်းက အလွန်ကြီးမားတဲ့ သဘောင်္ကြီးတစ်စင်းရဲ့ အင်ဂျင်ဟာ ပျက်သွားတယ် ။ သဘောင်္ပိုင်ရှင်ဟာ စက်ပြင်သမားတွေ တစ်ယောက်ပြီးတစ်ယောက် ပြောင်းပြီးပြပေမယ့် ဘယ်သူကမှ အင်ဂျင်ပြန်ကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာ အဖြေ ရှာမတွေ့ခဲ့ကြဘူး ။ တစ်နေ့မှာ စက်ပြင်သမားတွေက သင်္ဘောအင် ဂျင်နဲ့ပတ်သတ်လို့ ငယ်ငယ်ကတည်းကတတ်ကျွမ်းခဲ့တဲ့ အဖိုးအိုတစ်ဦးကိုခေါ်လာတယ် ။ အဖိုးအိုက အိတ်ကြီး တစ်လုံးကိုလွယ်ထားတယ် ။ ရောက်ရောက်ခြင်းပဲ သူဟာ အင်ဂျင်ဆီကိုသွားပြီးအလုပ်လုပ်ဖို့ စတင်ပါတယ် ။ အဖိုးအိုဟာ အင်ဂျင်ကို ဂရုတစိုက်နဲ့ သေချာကြည့်တယ် အပေါ် ကနေ အောက်ခြေ အထိ သေသေ ချာချာစစ်ဆေးတယ် ။

အဲဒီနေရာမှာ သင်္ဘောပိုင်ရှင်ကလည်း ကြည့်နေတယ် ။ အဖိုးအို ဘာလုပ်မလဲဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့ ။ အကုန်လုံးကြည့်ပြီးတဲ့အခါ အဖိုးအိုဟာ အိတ်ထဲကို လက်နှိုက်လိုက်ပြီး တူသေးသေးလေး တစ်ချောင်း ကိုထုတ်လိုက်တယ် ။ ပြီးတော့ တစ်နေရာကို ညှင်သာစွာ ခေါက်လိုက်တယ် ။ ရုတ်တရက်ပဲ အင်ဂျင်က စက်နှိုးသွားပါတယ် ။ အဖိုးအိုဟာ သူ့ တူလေးကို ဂရုတစိုက်အိတ်ထဲထည့်ပြီး ထွက်ခွာသွားတယ် ။ ခဏလေးပါပဲ --- အင်ဂျင်ပြင်တာပြီးသွားပါပြီ ။

တစ်ပတ်ကြာပြီးနောက်မှာ သဘောင်္ပိုင်ရှင်ဟာ အဖိုးအိုဆီက ငွေတောင်းခံလွှာကို လက်ခံရရှိခဲ့တယ် ။ ဒေါ်လာ ၁၀၀၀၀ ဖြစ်ပါသတဲ့ ။

“ ဘာ ” သဘောင်္ပိုင်ရှင် ထိတ်လန့်သွားတယ် ။ “ သူက ဘာများ ခက်ခဲစွာ လုပ်ရလို့လဲ ”

ဒီလိုနဲ့ သဘောင်္ပိုင်ရှင်က အဖိုးအိုကို ပစ္စည်းတန်ဖိုးနဲ့တကွ ကုန်ကျစရိတ်ကိုတောင်းခံလွှာပို့လိုက်တယ် ။ အဖိုးအို က စာပြန်ပို့လိုက်တယ် ။

“ တူ နှင့် ထု ခ --- ၂ ဒေါ်လာ
မည်သည့်နေရာကို ထု ရမလဲ သိသည့် အသိပညာခ - ၉၉၉၈ ဒေါ်လာ ”

####################################

လောကကြီးမှာ အသိပညာ အတတ်ပညာဟာ အရာအားလုံးကို ဖြေရှင်းပေးနိုင်သလို ဘ၀ရဲ့ အောင်မြင် ခြင်းသော့ ချက်လည်းဖြစ်တယ် ။ ဒါကြောင့် ကျွန်တော်တို့အားလုံးလည်း အသိပညာတစ်ခုခုကို စူးစိုက်လေ့ လာသင်ကြားကြဖို့လိုတယ် ။ ဘယ်နေရာလေး (Key point ) ကို အားစိုက်ပြုပြင်ရမလဲဆိုတာ သိခြင်း ဟာ လော က မှာ အရေးကြီးဆုံး အရာတစ်ခုပါပဲ ။

သက်တန့်ချို
Feb 18-2012


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

အဖိုးတန်သော လူသားတစ်ယောက်

အဖိုးတန်သော လူသားတစ်ယောက်



တစ်ခါတုန်းက နာမည်ကြီး ဟောပြောသူတစ်ယောက်ဟာ ဒေါ်လာ ၂၀ တန် ငွေစက္ကူလေး ကိုကိုင်ပြီး တက်လာပါတယ် ။ ဟောပြောမယ့်အခန်းထဲမှာ လူ ၂၀၀ လောက်ထိုင်နေတယ် ။ သူကမေးလိုက်တယ် “ ဒီ ဒေါ် လာ ၂၀ ကို ဘယ်သူတွေလိုချင်ပါသလဲ ”

လက်တွေ လေထဲကို မြောက်တက်သွားကြတယ် ။ အကုန်လုံးလိုလို လက်ထောင်လိုက်ကြတယ် ။

သူကဆက်ပြောတယ် ။ “ ကျွန်တော်ခင်ဗျားတို့ ထဲကတစ်ယောက်ကို ဒီငွေပေးဖို့ပါပဲ ဒါပေမယ့်ခဏစောင့်ပါဦး ” အဲဒီလိုပြော ပြီး သူဟာ ဒေါ်လာ ၂၀ ကို တွန့်ခြေလိုက်တယ် ။ ပြီးတော့သူ ဆက်မေးတယ် ။ “ ဘယ်သူ လိုချင် ပါသေးလဲ ”

လက်တွေ လေထဲကို မြောက်တက်သွားကြတုန်းပါပဲ ။ “ ကောင်းပြီ ” သူက ဆက်ပြောတယ် “ ကဲ ဒီလိုဆိုရင်ရော ” သူကပြောပြောဆိုဆို ဒေါ်လာ ၂၀ ကို အောက်ကိုပစ်ချလိုက်တယ် ။ ပြီးတော့ ကြမ်းပြင်မှာ သူ့ခြေထောက်က ဖိနပ်နဲ့ နင်းခြေလိုက်တယ် ။ ဒေါ်လာ ၂၀ တန်စက္ကူဟာ ညစ်ပတ်ပြီး အတော်လေးကို ရုပ်ဆိုးသွားတယ် ။ သူက ပြန်ကောက် လိုက်တယ် ။

“ ကဲ အခု ဘယ်သူလိုချင်ပါသေးလဲ ” စကားသံဆုံးဆုံးချင်းမှာပဲ လက်တွေ အတော်များများ လေထဲမှာ မြောက်သွားကြတယ် ။

“ ကဲ ခင်ဗျားတို့အားလုံး အခုဆိုရင် အရမ်းကို တန်ဖိုးရှိတဲ့ သင်ခန်းစာတစ်ခုကိုရသွားကြပါပြီ ။ ကျွန်တော်ငွေစက္ကူ ကို ဘယ်လိုပဲလုပ်လုပ် ခင်ဗျားတို့ လိုချင်နေကြတုန်း ။ ဘာကြောင့်လည်း ဆိုတော့ ငွေစက္ကူ ရဲ့တန်ဖိုး မပြောင်းလဲသွားလို့ပါ ဒေါ်လာ ၂၀ တန်နေတုန်းပါပဲ ”

##########################################

ကျွန်တော်တို့ ဘ၀တွေမှာ အကြိမ်များစွာ ကျဆုံးခဲ့ခြင်း ၊ နင်းခြေခံရခြင်း နဲ့ ကျွန်တော်တို့ ကိုယ့်ဘာသာချခဲ့တဲ့ ဆုံးဖြတ်ချက်တွေကြောင့် စိတ်ဓါတ်နဲ့ တန်ဖိုးတွေဟာ မြေကြီးပေါ်မှာလို ညစ်ပတ်နေခဲ့ရတယ် ။

တခါတရံမှာ ကျွန်တော်တို့ဟာ ဘ၀ဟာ တန်ဖိုးမရှိဘူး ငါဟာ ဘာမှအသုံးမကျဘူး စသဖြင့် အမျိုးမျိုးတွေး တတ်ကြ တယ် ။ ဘာတွေဘယ်လိုပဲဖြစ်ခဲ့ပါစေ ဘာတွေဘယ်လိုပဲဖြစ်နေပါစေ --- သင့်ရဲ့တန်ဖိုးကို သင် ဘယ်တော့ မှ မဆုံးရှုံးပါစေနဲ့ ။ သင်ဟာ တကယ်တော့ သိပ်အဖိုးတန်တဲ့ လူသားပါ ဒါကို ဘယ်တော့မှ မမေ့ပါနဲ့ ။

သက်တန့်ချို
Feb 17-2012

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

သင်သိပ်ချစ်ကြောင်းဖွင့်ပြောဖို့ နောက်မကျစေပါနဲ့

သင်သိပ်ချစ်ကြောင်းဖွင့်ပြောဖို့ နောက်မကျစေပါနဲ့



တစ်ခါတုန်းက သိပ်ချစ်ကြတဲ့ လိပ်ပြာလေး နှစ်ကောင်ရှိတယ် ။ တစ်နေ့မှာ သူတို့ဟာ တူတူပုန်းတမ်း ကစားဖို့ ဆုံးဖြတ် လိုက်ကြတယ် ။

လိပ်ပြာထီးလေး --- ငါတို့ ကစားပွဲ လေးကစားရအောင်
လိပ်ပြာမလေး --- ကောင်းပြီလေ ဘယ်လိုကစားမလဲ
လိပ်ပြာထီးလေး --- ဒီပန်းပွင့်လေးထဲမှာ နက်ဖြန်မနက်စောစော လာပြီး ထိုင်နိုင်တဲ့သူက ပိုချစ်တဲ့သူဖြစ်မယ်
လိပ်ပြာမလေး ---- ကောင်းပြီလေ

############################

ဒီလိုနဲ့ နောက်တစ်နေ့မနက်ခင်းမှာ လိပ်ပြာထီးလေးဟာ ပန်းကလေးပွင့်မယ့်အချိန်ကို အစောကြီး လာစောင့်နေ တယ် သူ လိပ်ပြာမလေးကို ဘယ်လောက်ချစ်ကြောင်းသက်သေပြဖို့အတွက်ပေါ့ ။

နောက်ဆုံးမှာ ------ ပန်းကလေးပွင့်သွားပါတယ်----

သူဘာတွေတွေ့သွားလဲ ??

လိပ်ပြာမလေးဟာ ပန်းပွင့်ကလေးထဲမှာ သေဆုံးလို့နေပါတယ် ။

လိပ်ပြာမလေးဟာ တစ်ညလုံး ပန်းပွင့်ကလေးထဲမှာနေခဲ့တယ် သူ လိပ်ပြာထီးလေးကို ဘယ်လောက် ချစ်ကြောင်း သက်သေပြဖို့အတွက်ပေါ့ သူ လိပ်ပြာထီးလေးကို တွေ့တွေ့ခြင်း သူ့ချစ်သူကို ဘယ်လောက် ချစ်ကြောင်းပြောပြဖို့အတွက်ပေါ့ ။

#########################

ပန်းပွင့်ကလေးဟာ ညဖက်မှာ ငုံပြီးမနက်မှ ပွင့်တတ်တဲ့ ပန်းအမျိုးအစားဖြစ်လို့နေခဲ့တယ် ။ လိပ်ပြာမလေး အထဲဝင်နေ စဉ်မှာ မွန်းကြပ် သေဆုံးသွားခဲ့ခြင်းဖြစ်တယ် သူ့ချစ်သူကို သူက ပိုချစ်ကြောင်း ပြသဖို့အတွက် --------

အချစ်ဆိုတာ အလွန်လှပတဲ့ စိတ်ဝိဥာဉ်လေးတစ်ခုဖြစ်တယ် ။ သင်တို့လည်း ကိုယ့်ချစ်သူကို ကိုယ့်အ သက် ထက်ပိုပြီး တန်ဖိုးထားနိုင်ကြပါစေ ။

စိတ်မကောင်းပါဘူး လိပ်ပြာမလေးရေး(((((((((((((

သက်တန့်ချို

မှတ်ချက် ။ ။ သင်ချစ်တဲ့ တစ်စုံတစ်ယောက်ကို သိပ်နောက်မကျသေးခင်မှာ သင်ဘယ်လောက် ချစ်ကြောင်း ပြောပြဖို့ ၀န်မလေးပါနဲ့ ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ခြေချောင်းတွေ အနောက်ဖက်ကို လှည့်နေရှာသူလေး

ခြေချောင်းတွေ အနောက်ဖက်ကို လှည့်နေရှာသူလေး



တရုတ်ပြည် Chongqing မြို့မှ အသက် ၂၇ နှစ်သာရှိသေးတဲ့ Wang Fang ဆိုသူအ မျိုးသမီးလေး ဟာ မွေးဖွားလာကတည်းက သူမ ခြေထောက်တွေဟာ အနောက်ဖက်ကို မျက်နှာမူနေတဲ့ အံ့သြဖွယ်ရာ အခြေအနေနဲ့ကြုံတွေ့ခဲ့ရပါတယ် ။ သူမဟာ ပုံမှန်မဟုတ်တဲ့အခြေအနေမှာ အခက်အခဲမရှိပဲ နေတတ်အောင် အတော်လေးကိုကြိုးစားခဲ့ရတယ် ။ သူမအခက်အခဲကြုံနေရတာကတော့ သူမကို ကိုယ် လက်အဂါင်္ ချို့တဲ့သူ တစ်ယောက်အဖြစ် ဆက်ဆံနေကြတာကိုပါပဲ ။ “ ကျွန်မ သူငယ်ချင်းတွေထက် အများကြီးပြေးနိုင်ပါတယ် ကျွန်မ မှာ မိသားစုစားသောက်ဆိုင်မှာ ပုံမှန်အလုပ်လည်းရှီပါတယ် ဒါကြောင့် ကျွန်မကို Disabled (ကိုယ်လက် အဂါင်္ချို့ ယွင်းနေ သူ ) တစ်ယောက်အဖြစ် သတ်မှတ်ဖို့ အကြောင်းပြချက်မရှိပါဘူး ” လို့ ဒီမိန်း ကလေး က ပြော ဆိုသွားပါတယ် ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, February 17, 2012

ကမ္ဘာအကြီးဆုံးလက်ကြီး

ကမ္ဘာအကြီးဆုံးလက်ကြီး




တရုတ်ပြည်ဲ့ Jiangsu မှ အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ Liu Hua ဟာ macrodactyly ဆိုတဲ့ရောဂါတစ်မျိုး ခံစားနေရ ပါတယ် ။ ၂၀၀၇ ခုနှစ်တုန်းက သူ့ကို ကမ္ဘာ့အကြီးဆုံးလက်ပိုင်ရှင်အဖြစ် သတ်မှတ်ခဲ့ကြတယ် ။ သူဟာမွေး ဖွားလာကတည်းက ဘယ်ဖက် လက်မ လက်ညှိုးနဲ့ လက်ခလယ်တို့ဟာ သာမန်ထက် ပိုကြီးထွား ပြီး မွေး လာတာဖြစ်ပါတယ် ။ သူအသက်ကြီးလာတဲ့အခါ အဲဒီလက်ချောင်းတွေဟာ အဆမ တန်ကြီးထွား လာတဲ့အ တွက် သူ့အလုပ်တွေနဲ့ နေ့စဉ်လူနေမှုဘ၀ကိုပါ ထိခိုက်ခဲ့ရတယ် ။

၂၀၀၇ ဂျူလိုင်မှာ Shanghai မှာ သူဆေးရုံတက်တဲ့အခါ သူ့လက်ဟာ ၂၆ စင်တီမီတာရှိနေခဲ့တယ် ။ လက်ညှိုး ကတော့ ၃၀ စင်တီမီတာရှိပြီး လက်ခလယ်ကတော့ ၁၅ စင်တီမီတာရှိပါတယ် ။ သူ့လက်ဝါးတစ်ခုလုံးရဲ့ စုစုပေါင်း အလေးချိန်ဟာ ၁၀ ကီလိုဂရမ်လေးပါတယ် ။ ခွဲစိတ်ဆရာဝန်တွေက သူ့ကို ၇ နာရီကြာ ခွဲစိတ်မှုပြုပြီး 5.1kg အလေးချိန် ရှိတဲ့ အရိုးနဲ့အသားတွေကို ဖယ်ထုတ်ပေးခဲ့ပါတယ် ။ အခုဆိုရင် အရင်ကထက်စာရင်တော့ နည်း နည်းသေးသွားပြီဖြစ်ပါတယ် ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ကျင်ငယ်ရေနှင့်ပြုတ်သော ကြက်ဥများ

ကျင်ငယ်ရေနှင့်ပြုတ်သော ကြက်ဥများ



တရုတ်ပြည်မှာဖြစ်ပါတယ် ။ ဟိုး လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာကတည်းက တရုတ်ပြည်မှာ ဒီလို ကျင်ငယ်ရေ (ဆီး ) ထဲမှာ ကြက်ဥပြုတ်တဲ့ ဓလေ့ရှိခဲ့ပါတယ် ။ ဒေသအတွင်းမှာရှိတဲ့ စာသင်ကျောင်းတွေကနေ ဆီးတွေ လိုက်စုယူပြီး အကောင်းဆုံးဆီးကတော့အသက် ၁၀ နှစ်အောက်က ယောင်္ကျားလေးတွေရဲ့ဆီးက အကောင်းဆုံးဖြစ်ပါသတဲ့ ။

စားဖိုမှူး Lu Ming ကတော့ “ နေ့တိုင်းနေ့တိုင်း သူတို့က ပုံးတွေထဲက သူတို့က ဆီးတွေ ပေါက်ချပါတယ် ကျွန်တော် တို့က လိုက်ပြီးသိမ်းဆည်းပါတယ် ” လို့ပြောခဲ့ပါတယ် ။ Ming ပြောတာကတော့ ဒီလို ဆီးနဲ့ ပြုတ်ထား တဲ့ ဥတွေဟာ အရသာရှိပြီး ကျန်းမာစေတယ် သင့်ကို နိုးနိုးကြားကြားရှိစေပြီး စူးရှထက်မြက်စေ တယ်လို့ ဆိုပါတယ် ။ Ming ဟာ အခုဆိုရင် သူ့ရဲ့ ဆီးနဲ့ပြုတ်တဲ့ ဥတွေကို နိုင်ငံအသီးသီးကို တင်ဖို့ဖို့ Project တစ်ခုကို လုပ်ဆောင်နေပါပြီ ။

မကြာခင် ကျုပ်တို့ဆီတောင်ရောက်လာနိုင်တယ် ကိုယ့်လူတို့ရေ :P

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, February 16, 2012

ကျောက်ဆစ်သမားပုံပြင်

ကျောက်ဆစ်သမားပုံပြင်




ဟိုးရှေးရှေးတုန်းက ကျောက်တောင်တွေကို ထုဆစ်ပြီး အသက်မွေးဝမ်းကျောင်း လုပ်ရတဲ့ ကျောက်ဆစ် သမားတစ်ဦးရှိတယ် ။ သူဟာ နေ့ တိုင်း ကျောက်တောင်ကြီးအောက်ခြေကနေစပြီး ကျောက်တွေကို ထုဆစ်လို့ ရလာတဲ့ ကျောက်တုံးတွေကို ပြန်ရောင်းခြင်းအားဖြင့် အသက်မွေးဝမ်းကြောင်းပြုတယ် ။ တစ်နေ့တော့ သူဟာ သူထုဆစ်လို့ ရလာတဲ့ကျောက်တွေကို ရောင်းဖို့ မြို့ထဲကို ရောက်လာခဲ့ပါတယ် ။ အဲဒီလိုနဲ့ သူဟာ မြို့ထဲမှာ လျှောက်သွားနေတုန်းမှာ အလွန်ခမ်းနားတဲ့ အိမ်ကြီးနဲ့ သူဌေးကြီးတစ်ဦးကိုတွေ့သွားတယ် ။ အဲဒါနဲ့သူ က

“ အင်း ဒီလို ချမ်းသာ ကြွယ်ဝတဲ့ သူဌေးကြီးဖြစ်ပြီး ဒီလိုအိမ်ကြီးထဲမှာ ငါနေရရင်သိပ်ကောင်းမှာပဲလို့ ” တွေးမိလိုက်တယ် ။ ခဏလေးမှာပဲ သူဟာ အိမ်ကြီးပေါ်က သူဌေးကြီးတစ်ဦးဖြစ်သွားပါတော့တယ် ။ ဒီလိုနဲ့သူဟာ သူဌေးကြီးအဖြစ်နဲ့ အိမ်ကြီးပေါ်မှာ နေရင်းတစ်နေ့တော့ အိမ်ရှေ့ပြတင်းပေါက်ကနေ အပြင်ကိုကြည့်မိတယ် ။ အဲဒီအခါ အရာရှိကြီးတစ်ဦးက ဝေါယဉ်လှလှကြီးနဲ့ အိမ်ရှေ့ကနေ ဖြတ်သွားတာကိုတွေ့လိုက်ရပါတယ် ။ အဲဒီတော့သူက

“ အင်း ငါလည်း ဒီလို ဝေါယဉ်လှလှကြီးစီးလိုက်ရရင်သိပ်ကောင်းမှာပဲ ” လို့တွေးမိလိုက်တယ် ။ အဲဒီလိုတွေး လိုက်တာနဲ့တပြိုင်နက် သူဟာ အဲဒီဝေါယဉ်လှလှကြီးအပေါ်ကို ရောက်သွားပါတယ် ။ သူလည်းပျော် ရွှင်သွားတာပေါ့ ။ ဒီလိုနဲ့ဝေါယဉ်ကြီးက သူ့ကို သယ်ဆောင်ပြီးမြို့ထဲကို လှည့်ပတ်သွားပါတော့တယ် ။ အဲဒီလို သွားနေခိုက်မှာ နေမင်းဟာ အလွန်ကို ပူပြင်းလို့ သူ ဟာ “ အင်း နေကလည်းအရမ်းပူလိုက်တာနော် ငါ နေမင်းကြီးဖြစ်ချင်လိုက်တာ ” လို့တွေးမိပြန်တယ် ။ အဲဒီလိုတွေးလိုက်တာနဲ့ သူဟာ နေမင်း ကြီးဖြစ်သွားပါတော့တယ် ။ နေမင်းကြီးအဖြစ်နဲ့ သူဟာ ကမ္ဘာမြေကြီးကို အစွမ်းကုန် ပူပြင်းလိုက်ရလို့ သူကျေနပ် သွားတယ် ။ အဲဒီလို ကျေနပ်နေတုန်းမှာပဲ သူ့ရှေ့ကို တိမ်တစ်အုပ်ဝင်လာပြီး သူ့ကိုဖုံးအပ်သွားပါတော့တယ် ။

ဒီတော့သူက “ အင်း ငါ့ကို တိမ်တွေက ဖုံးအုပ်သွားကြပြီ ငါတိမ်တွေဖြစ်ချင်လိုက်တာ ” လို့တွေးလိုက်ပြန်တယ် ။ အဲဒီလိုတွေးလိုက်တာနဲ့ပဲ သူဟာ တိမ်တွေ ဖြစ်သွားပြီး ကောင်းကင်မှာ လှည့်ပတ်နေပါတော့တယ် ။ သိပ်မကြာခင်မှာ ပဲ လေပြင်းတွေ တိုက်ပြီး တိမ်တွေကို လွင့်စင်သွားစေခဲ့တယ် ။ ဒီတော့ သူက “ အင်း တိမ်ဖြစ်ရတာလည်း သိပ်မကောင်းပါဘူး တကယ်စွမ်းအားရှိတာက လေတွေပဲ ဒီတော့ ငါ လေပြင်းတွေ ဖြစ်ချင်တယ် ” လို့တွေးလိုက်ပြန်ပါတယ် ။ ခဏနေတော့သူဟာ အရှိန်အဟုန်ပြင်း စွာနဲ့ လေပြင်းတွေ ဖြစ်သွားတယ် ။ လေပြင်းတွေအဖြစ်နဲ့သူဟာ ရှိရှိသမျှတိမ်တိုက်တွေနဲ့ အရာအားလုံးကို ဝှေ့ယမ်းတိုက် ပစ် ပါတော့ တယ် ။ ဒီလိုနဲ့သူဟာ လေပြင်းတွေ တိုက်နေတုန်း ကျောက်တောင် ကြီးတစ်ခုနား ကိုရောက်တော့ ကျောက်တောင်ကြီးကို လေပြင်းတွေက မတိုးနိုင်ဘူးဆိုတာ သူသိသွားတယ် ။ ဒီတော့သူက “ အင်း တကယ့် ကို ခိုင်မာတာက ကျောက်တောင်ကြီးပါ လား ငါ ကျောက်တောင်ကြီးပဲဖြစ်ချင်တော့တယ် ” လို့ တွေးလိုက်ပြန်တယ် ။ ခဏနေတော့ သူဟာ ကျောက်တောင်ကြီးအဖြစ်ကိုရောက်ရှိသွားတယ် ။ သူဟာ အင်အားကြီးတယ် ကြံ့ခိုင်တယ်လို့ ထင်တဲ့ ကျောက်တောင်ကြီးအဖြစ်နဲ့ ကျေနပ်နေတုန်းမှာ သူ့အောက်မှာ “ တောက်..တောက်...တောက် ” ဆိုတဲ့အသံကိုကြားလိုက်ရတယ် ။

သူငုံ့ကြည့်လိုက်တော့ ကျောက်ဆစ်သမားတစ်ဦးဖြစ်နေပါတော့တယ် ။

####################################

ကျွန်တော်တို့ဟာ ဘ၀မှာ အကောင်းဆုံး ဆိုတဲ့ အလုပ် ၊ အကောင်းဆုံးဆိုတဲ့ အရာတွေ ကိုပဲ ရှာဖွေဖို့အမြဲကြိုးစားနေမိကြတယ် ။ ကိုယ်နဲ့ သင့်တော်တဲ့အလုပ် ကိုယ်နဲ့ သင့်တော်တဲ့ ဘ၀မှာနေရတာထက် ကိုယ်နဲ့ အဆင်မပြေတဲ့ ဘ၀တွေကိုေ ရာက်ဖို့ပဲ ခုန်ကူးဖို့ ကြိုးစားနေမိကြတယ် ။ တကယ်တော့ ကိုယ်ဝါသ နာပါတဲ့အလုပ်နဲ့ ကိုယ်ဖြစ်ချင်တဲ့ဘ၀ “ ကိုယ့်ဘ၀ ” ကသာလျှင် ကိုယ့်ရဲ့ တကယ့်အစစ်အမှန် Real life ဖြစ် ပါတယ် ။

သက်တန့်ချို
Feb 16-2012


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................