Thursday, May 31, 2012

ဖေ့ဘုတ်မှ ပုံမမြင်ရသူများအတွက် နည်းလမ်းကောင်းတစ်ခု

ဖေ့ဘုတ်မှ ပုံမမြင်ရသူများအတွက် နည်းလမ်းကောင်းတစ်ခု



၂ ရက်ရှိပြီ ပုံတွေမမြင်ရတာ Facebook Server Error ကြောင့်ပဲ ထင်နေမိတယ် ။ သေချာပြန်ကြည့်တော့မှ mpt တစ်ခု တည်းဖြစ်နေတာတွေ့ခဲ့ရတယ် ။ တစ်ခုခု error တက်တာကြောင့်လို့ထင်ပါတယ် ။ ဒါကြောင့် ဖေ့ ဘုတ်က ပုံတွေမမြင်ရသူတွေအတွက် နည်းလမ်းကောင်းတွေအများကြီးရှိတဲ့အနက်က

ကျွန်တော်အကြိုက်ဆုံး နဲ့အဆင်ပြေအလွယ်ကူဆုံးနည်းကိုပဲဖော်ပြပေးလိုက်ပါတယ် ။ အောက်မှာပေး ထားတဲ့ အဆင့် အတိုင်းလုပ်ကြည့်ပါ ။

၁ ။ အောက်မှာပေးထားတဲ့လင့်က ဖိုင်လေးကို ဒေါင်းလုပ်ဆွဲလိုက်ပါ ။ Zip file နဲ့တင်ပေးထားပါတယ် .exe ဆိုရင် virus ဆိုပြီး Upload server တွေက ဘမ်းပစ်လိုက်ကြလို့ပါ ။ (Version 11.02 ပဲတင်ပေးထားပါတယ် Update တွေ လည်းရှိပါတယ် နောက်ပိုင်းသုံးရင်းနဲ့ သူ့ဘာသာသူ Update version ရပြီ ဒေါင်းမလားမေးရင် Ok or Yes လုပ်ရင် update ရလာပါလိမ့်မယ် )

Mediafire Link - http://www.mediafire.com/?9zoqc81b4d08rn2

4Share Link - http://www.4shared.com/rar/McBeb-Ok/U1102.html

မှတ်ချက် ။ ။ Google မှာ ရှာပြီးလည်း Download လုပ်သွားနိုင်ပါတယ် ။

၂ ။ Double Click နှိပ်ပြီး သူ့ကို run လိုက်ပါ ။ ခဏလောက်ကြာ တဲ့အခါ ပုံမှာမြင်ရတဲ့အတိုင်း Successfully connected to the server ဆိုပြီးပေါ်လာပါလိမ့်မယ် ။

၃ ။ ချက်ချင်းပဲ IE browser လည်းပေါ် လာပါလိမ့်မယ် ။ ကိုယ်က IE သုံးနေတာဆိုရင်တော့ တိုက်ရိုက်သုံး ယုံပါပဲ ။ မဟုတ်ပဲနဲ့ Firefox သို့မ ဟုတ် တခြား browser သုံးနေတာဆိုရင်တော့ အဲဒီပေါ်လာတဲ့ IE browser ကိုပိတ်လိုက်ပါ ။

၎ ။ ပြီးတဲ့အခါ ကိုယ်သုံးနေတဲ့ Browser ထဲက Tools>Options>Advanced>Network>Setting > ဆိုပြီးအ ဆင့်ဆင့်သွားပါ ။

၅ ။ ပြီးတဲ့အ ခါ Manual Proxy Configuration ကိုရွေးပါ ။ ပြီးရင် Http proxy နေရာမှာ 127.0.0.1 လို့ရိုက်ပြီး Port နေရာမှာ 9666 လို့ရိုက်ပါ ။

၆ ။ ပြီးရင် Use this proxy server for all protocols ကို အမှန်ခြစ်ပြီး ။ ပြီးရင် Ok တွေနှိပ်ပြီး သုံးနိုင်ပါပြီ ။

ဒါဆို ဖေ့ဘုတ်က ပုံတွေအကုန်လုံးပြန်မြင်ရပါပြီ ( မှတ်ချက် - ဒီနည်းလေးက အကုန်လုံးကျော် ခွလို့ရတဲ့ နည်းဖြစ် လို့ တခြား မမှန်ကန်တဲ့ နည်းလမ်းတွေမှာမသုံးစေချင်ပါဘူး ပိတ်ထားတဲ့ဆိုက်မှန်သမျှ အကုန်ပွင့်ပြီး အကျိုးရှိ မယ့် အရာတွေပဲ ရှာဖွေအသုံးပြုနိုင်ကြပါစေ )

သက်တန့်ချို
May 31 2012

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, May 30, 2012

ဂင်းနစ်မှတ်တမ်း ၂ကြိမ်ဝင်ခဲ့တဲ့ ဂျုံမုန့်ပညာရှင် Liu Hui

ဂင်းနစ်မှတ်တမ်း ၂ကြိမ်ဝင်ခဲ့တဲ့ ဂျုံမုန့်ပညာရှင် Liu Hui



ဂျုံမုန့်ပညာရှင် Liu Hui ဆိုသူက ၂၀၁၂ ခုနှစ် မေလ ၂၄ ရက်နေ့က တရုတ်ပြည် မြောက်ပိုင်း Jianjin မှာ ဂျုံပူပေါင်း တစ်ခုမှုတ်နေပုံဖြစ်ပါတယ် ။ Liu ဟာ ရှန်ဟိုင်းမှာ ဂင်းနစ် မှတ်တမ်း ၂ ကြိမ် ၀င်အောင် ကြိုးစားအောင်မြင်ခဲ့သူဖြစ်ပါတယ် ။

ပထမတစ်ခုကတော့ ၁၉၁၈ မီတာအရှည်ရှိတဲ့ ခေါက်ဆွဲပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဒုတိယတစ်ခုကတော့ အချင်း ၁.၅ မီတာရှိ တဲ့ ဂျုံပူပေါင်းတစ်ခုကို မှုတ်ပြခဲ့ခြင်းဖြစ်ပါတယ် ။











မူရင်း - Pastry cook Liu Hui blows a pastry balloon in Tianjin, north China, May 24, 2012. Liu created two Shanghai Great World Guinness Records by stretching a 1918-meter-long noodle and blowing a pastry balloon with diameter of 1.5 meters. (Xinhua/Zhang Chaoqun)

သက်တန့်ချို
Link - http://news.xinhuanet.com/english/photo/2012-05/25/c_131609799.htm

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

အမြီးပါတဲ့ ထူးဆန်းသောကြက်ဥ

အမြီးပါတဲ့ ထူးဆန်းသောကြက်ဥ



ပုံသဏ္ဍာန်မမှန်တဲ့ ထူးဆန်းဖွယ်ဥ ကို Shuangzhong မြို့မှာ ပြသထားပါတယ် ။ တရုတ်ပြည်အရှေ့ပိုင်း jiangxi စီရင်စုမှာ ၂၀၁၂ ခုနှစ် မေ ၂၇ ရက်နေ့က ပြသထားခြင်းဖြစ်ပါတယ် ။ ဒီပုံသဏ္ဍာန်မမှန်တဲ့ ထူးဆန်းတဲ့ ဥကို ရောင်ရမ်းတဲ့ရောဂါတစ်မျိုးဖြစ်နေတဲ့ ကြက်မ တစ်ကောင်က ဥထားခဲ့ခြင်းဖြစ်ပြီး ဥမှာပါတဲ့အမြီးအရှည်က ၃-၅ စင်တီမီတာလောက်ရှိတယ်လို့ ဆင်ဟွာ သတင်းဌာနမှာဖော်ပြထားပါတယ် ။







မူရင်း - A deformed egg is displayed in Shuangzhong town, East China's Jiangxi province, May 27, 2012. The bizarre shaped egg, produced laid by a hen was suffering inflammation, has a 3.5-centemeter tail. (Photo Source: chinanews.com)

သက်တန့်ချို
ှLink - http://news.xinhuanet.com/english/photo/2012-05/30/c_131620018.htm

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

လူဖြစ်ရှုံးကြသူများ

လူဖြစ်ရှုံးကြသူများ

၁ ။ လူတစ်ယောက်ရဲ့ အကြောင်းကို ကွယ်ရာမှာ အုပ်စုလိုက် အတင်းတုပ်ပြီး အပုပ်ချ အကြောင်းမ ရှိအကြောင်း ရှာ နှိမ့်ချ ပြောတတ်သူ ။

၂ ။ သူတပါးပျက်ဆီးရာပျက်ဆီးကြောင်း မဟုတ်မမှန် သတင်းလွှင့် ၊ အတင်းအဖျင်းပြောတတ်သူ ။

၃ ။ သူတပါးအပေါ်တွင် အမြဲ အနိုင်ယူလိုချင်နေသူ ။ သူတပါးမျက်ရည်စက်လက်အရှုံးကြီးရှုံးနိမ့်မှုအပေါ်တွင် ၀မ်းသာ အားရ အောင်ပွဲခံနိုင်သူ ။

၎ ။ ကိုယ့်လက်အောင်ငယ်သားအပေါ်တွင် ညှာတာမှုမရှိပဲ အမြဲလိုလို အကာအကွယ်မပေးပဲ ကိုယ်လွတ်ရုန်း၍ ကိုယ့်အ တွက်သာကြည့်တတ်သူ ။

၅ ။ နေရာတကာလူတတ်ကြီးလုပ်၍ မိမိသာလျှင် ပညာတွေပြည့်ဝနေသူ မိမိသာလျှင် အသိဆုံးအတတ်ဆုံးဟု မာန်မာ နထောင်လွှား၍ မောက်မာတတ်သူ ။

၆ ။ မိဘ စည်းစိမ်အပေါ်တွင် သာယာယစ်မူးနေပြီး ကိုယ်ကိုယ်တိုင် ကိုယ့်အရည်အချင်းနှင့် တစ်ပြားတစ်ချပ်မှ မရှာနိုင်ပဲ အထက်စီးမှ အမြဲနေချင်နေသူ ။

၇ ။ ကားပေါ်ရောက်သည်နှင့် လမ်းလျှောက်နေသူများ အကြောင်းမသိသူ ၊ လေယဉ်ပေါ်ရောက် သည်နှင့် မြေ ကြီးပေါ်က လူတွေအကြောင်းမသိသူ ၊ ချမ်းသာသွားသည်နှင့် ဆင်းရဲခြင်းဒုက္ခ များကိုမေ့ သွားပြီးအောက်ခြေ လွတ်သူ ။

၈ ။ မြေနိမ့်ရာ လှံစိုက် - ရေနစ်ရာ ၀ါးကူထိုး အမြဲလုပ်တတ်သူ ။

၉ ။ တစ်ခုခုဆိုလျှင် မှန်သည်မှားသည်မစဉ်းစားပဲ “ ငါလည်းဆွမ်းကြီးဝင်လောင်းလိုက်မယ် ” လို့ တွေးပြီး လူအ များနှင့်ရောနှောလုပ်ဆောင်တတ်သူ ။ ( ပြင်ပလောက ၊ ဖေ့ဘုတ် နှင့် နေရာအမျိုးမျိုးတွင် ထိုလူများရှိသည်)

၁၀ ။ ကိုယ်ကိုယ်တိုင်က မည်သည့်အရည်အချင်းမှ မရှိပဲ သူတပါး အောင်မြင်မှုအား မုဒိတာ မပွားနိုင်သူ မနာလို မရှူစိမ့်ဖြစ်ပြီး ဒေါသပွားနေသူ ။

သက်တန့်ချို
အတွေးစလေးများ ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, May 28, 2012

ဒီနေ့အတွက် ဖန်ခွက်ကို လွှတ်ချလိုက်ပါ

ဒီနေ့အတွက် ဖန်ခွက်ကို လွှတ်ချလိုက်ပါ



တစ်ခါတုန်းက စာသင်ခန်းထဲမှာ ဖရော်ဖက်ဆာတစ်ဦးက ဖန်ခွက်တစ်ခုထဲ ရေ အချို့ထည့်ပြီးမတ် တပ်ရပ် လိုက်တယ် ။ သူက ကျောင်းသားအားလုံးမြင်ရအောင်ဖန်ခွက်ကို ကိုင်မြှောက်ပြ လိုက်ပြီး ကျောင်းသားတွေ ကိုမေး လိုက်တယ် ။

“ ဒီဖန်ခွက်အလေးချိန်ဘယ်လောက်ရှိတယ်လို့ထင်လဲ ”

“ ငါးဆယ်ဂရမ် ”.....“ ၁၀၀ ဂရမ် ”....“ ၁၂၅ ဂရမ် ”.. ကျောင်းသားတွေကပြန်ဖြေကြတယ် ။
“ ဒီဖန်ခွက်ကို ချိန်မကြည့်ပဲနဲ့ ဆရာ တိတိကျကျမသိနိုင်ဘူး ” ဖရော်ဖက်ဆာကပြောတယ် ။ “ဒါပေမယ့် ဆရာမေးချင်တာက ဒီဖန်ခွက်ကို ဒီအတိုင်းမိနစ်အနည်းငယ်ကိုင်ထားရင် ဘာဖြစ်နိုင်သလဲ ”

“ ဘာမှမဖြစ်နိုင်ပါဘူး ” ကျောင်းသားတွေကပြန်ဖြေတယ် ။
“ ကောင်းပြီ ဒါဆို ဒီဖန်ခွက်ကို တစ်နာရီလောက် ဒီအတိုင်း ကိုင်ထားရင်ရော ဘာဖြစ်နိုင်သလဲ ” ပရော်ဖက်ဆာက ထပ်မေးတယ် ။
“ ဆရာ့လက်မောင်း နာလာပါလိမ့်မယ် ” ကျောင်းသာတွေထဲက တစ်ယောက်က ဖြေယတ် ။
“ မင်းမှန်တယ် ကဲ ဒါဆို ဒီအတိုင်း တစ်ရက်လောက်ကိုင်ထားရင်ရော ဘာဖြစ်နိုင်သလဲ ”
“ ဆရာ့လက် ထုံကျင်လာမယ် ကြွက်သားတွေ နာလာ မယ် တောင့်တောင့်ကြီးဖြစ် သွား မယ် ပြီးတော့ ဆေးရုံသွားရမှာ ကြိမ်းသေပဲ ”
ကျောင်းသားတစ်ယောက်က အရဲစွန့်ပြီးပြောတယ် ။ တခြားကျောင်းသားတွေက ၀ိုင်းရယ်ကြတယ် ။
“ အရမ်းကောင်းတယ် ဒါပေမယ့် အခုလို လုပ်ခဲ့တဲ့အချိန်တိုင်းမှာ ဖန်ခွက်ရဲ့အလေးချိန်ပြောင်းလဲသွားနိုင်သလား ” ပရော်ဖက်ဆာကဆက်မေးတယ် ။
“ မပြောင်းလဲနိုင်ပါဘူး ” လို့ ၀ိုင်းဖြေကြတယ် ။
“ ဒါဆို ဘာလို့ လက်တွေနာကြီးကြွက်သားတွေထုံကျင်တာတွေဖြစ်လာရတာလဲ ”
ကျောင်းသားတွေအားလုံးမဖြေနိုင်ပဲ အကြံအိုက်သွားကြတယ် ။
“ ဒါဆို အခု လို နာကျင်တာတွေက သက်သာအောင် ဘယ်လိုလုပ်သင့်သလဲ ” ပရော်ဖက်ဆာက ထပ်မေးတယ် ။
“ ဖန်ခွက်ကို လွှတ်ချလိုက် ” ကျောင်းသားတစ်ယောက်ကဖြေတယ် ။
“ အမှန်ကန်ဆုံးပဲ ” ပရော်ဖက်ဆာက ဆက်ပြောတယ် ။

“ ဘ၀ရဲ့ ပြဿနာတွေဆိုတာ အခုသင်ခန်းစာနဲ့အတူတူပဲ ဦးခေါင်းထဲကို ပြဿနာတွေ မိနစ်အနည်း ငယ်လောက် ထည့်ထားလိုက် အိုကေသွားလိမ့်မယ် ပြဿနာတွေကို အကြာကြီးတွေးနေရင်တော့ စတင်ပြီးခေါင်း ကိုက်လာလိမ့်မယ် ။ ”

“ ဘ၀မှာ စိန်ခေါ်မှုတွေ ပြဿနာတွေ ကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့က အရေးအကြီးဆုံးပါပဲ ဒါပေမယ့် အဲဒါထက်အရေးကြီးတာကတော့ - - သင်အိပ်ရာမ၀င်ခင် နေ့စဉ်နေ့တိုင်းကြုံတွေ့နေရတဲ့ပြဿနာတွေကို လွှတ်ချ လိုက်ဖို့ပဲ ”

စိတ်ဖိစီးမှုမရှိပဲ နိုးထလာတဲ့မနက်ခင်းဟာ လန်းဆန်းပြီး ကြံ့ခိုင်သန်စွမ်းနေလိမ့်မယ် ။ ဘယ်လိုပြဿနာ မျိုးဖြစ်ဖြစ် ကိုင်တွယ်နိုင်စွမ်းရှိပြီး ဘယ်လိုစိန်ခေါ်မှုမျိုးဖြစ်ဖြစ် နည်းလမ်းရှာဖွေရင်ဆိုင်နိုင်တယ် ”

သက်တန့်ချို
Put the glass down today အားဘာသာပြန်ခံစားသည် ။

မူရင်း - The Professor began his class by holding up a glass with some water in it. He held it up for all to see & asked the students “How much do you think this glass weighs?"
'50gms!'..... '100gms!' .....'125gms' ...the students answered.
"I really don't know unless I weigh it," said the professor, "but, my question is:
What would happen if I held it up like this for a few minutes?"
'Nothing' …..the students said.
'Ok what would happen if I held it up like this for an hour?' the professor asked.
'Your arm would begin to ache' said one of the student
"You're right, now what would happen if I held it for a day?"
"Your arm could go numb; you might have severe muscle stress & paralysis & have to go to hospital for sure!"
….. Ventured another student & all the students laughed
"Very good.
But during all this, did the weight of the glass change?" Asked the professor.
'No'…. Was the answer.
"Then what caused the arm ache & the muscle stress?"
The students were puzzled.
"What should I do now to come out of pain?" asked professor again.
"Put the glass down!" said one of the students
"Exactly!" said the professor.
Life's problems are something like this.
Hold it for a few minutes in your head & they seem OK.
Think of them for a long time & they begin to ache.
Hold it even longer & they begin to paralyze you. You will not be able to do anything.

It's important to think of the challenges or problems in your life, But EVEN MORE IMPORTANT is to 'PUT THEM DOWN' at the end of every day before you go to sleep...
That way, you are not stressed, you wake up every day fresh &strong & can handle any issue, any challenge that comes your way!

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, May 26, 2012

ငွေကြေးနှင့်အမေ့မေတ္တာ

ငွေကြေးနှင့်အမေ့မေတ္တာ



တစ်နေ့မှာ ကောင်လေးတစ်ယောက်က သူ့အမေညနေစာ ပြင်နေတုန်းမှာ မီးဖိုချောင်ထဲ ၀င်လာခဲ့တယ် ။ ပြီးတော့ သူရေးထားတဲ့ စာရွက်အပိုင်းအစလေးကို သူ့အမေလက်ထဲပေးလိုက်တယ် ။ သူ့မိခင်က ရင်ဘတ်ရှေ့ ဖုံးကို ချွတ်လိုက်ပြီး လက်ဆေးလိုက်တယ် ။ ပြီးတော့ကောင်လေးလက်ထဲကစာရွက်လေးကို ဖတ်လိုက်တယ် ။ စာထဲမှာရေးထားတာက

မြတ်ရိတ်ခ - ၅ ဒေါ်လာ
တစ်ပတ်အတွင်း အိမ်သန့်ရှင်းခ - ၁ ဒေါ်လာ
အမေ့အတွက် စတိုးဆိုင်သွားပေးခ - ၁ ဒေါ်လာ
အမေဈေးဝယ်ထွက်နေချိန် ညီလေးအားထိမ်းပေးခ - ၂ ဒေါ်လာ
အမှိုက်သိမ်းခ- ၂ ဒေါ်လာ
ကျောင်းတွင် အမှတ်တက်လာအောင် ကြိုးစားခ - ၅ ဒေါ်လာ
ခြံဝင်းအတွင်းအပြင်သန့်ရှင်းခ - ၂ ဒေါ်လာ

မိခင်က ကောင်လေးကို မတ်တပ်ရပ်နေရာကနေပြီးလှမ်းကြည့်တယ် ။ ပြီးတော့ ဘောပင်ယူလိုက်ပြီး စာရွက်နောက်ကျောမှာ ပြန်ရေးပေးခဲ့တယ် ။ ပြီးတော့ကောင်လေးကို ပေးဖတ်တယ် ။ စာထဲမှာရေးထားတာက

ကိုးလလုံးလုံး ၀မ်းဗိုက်ထဲ နေပြီး စောင့်ရှောက်ခ - ၀ ဒေါ်လာ
ညတိုင်းလိုလို အတူအိပ်ပြီး စောင့်ရှောက် ဆုတောင်းခ - ၀ ဒေါ်လာ
နှစ်ပေါင်းများစွာ အမေကို ဂျီကျ စိတ်ညစ်မျက်ရည်ကျအောင်လုပ်ခ - ၀ ဒေါ်လာ
သားအတွက် နေ့စဉ် ညစဉ် စိုးရိမ်ပူပန်နေခ - ၀ ဒေါ်လာ
အရုပ်များ ၊ အစားအစာများ ၊ အ၀တ်အစားများ ၀ယ်ပေးခ - ၀ ဒေါ်လာ
အမေ သားအပေါ်ထား သည့် အချစ် များအတွက် - ၀ ဒေါ်လာ

ကောင်းလေက မိခင်ရေးထားတဲ့စာရွက်ကို ဖတ်ပြီးတဲ့အခါ ပါးပြင်ပေါ် မျက်ရည်တွေစီးကျလာခဲ့တယ် ။ ပြီးတော့ သူ့ မိခင်ဆီလျှောက်သွားပြီးပြောတယ် “ အမေ- - အမေ့ကို သား အရမ်းချစ်တယ် ” ပြီးတော့ ဘော ပင်ကိုကောက်ယူလိုက်ပြီး သူရေးခဲ့တဲ့စာအောက်မှာ စာတစ်ကြောင်းထပ်ရေးလိုက်တယ် ။

“ ငွေပေးချေပြီး ”

@@@@@@@@@@@@@@@@@@@@@@@@@@@@@@

သင် မိဘ မဖြစ်သေးသရွေ့ မိဘတွေရဲ့ သားသမီးအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာတရားကို အလုံးစုံ အပြည့်အ၀ နားမ လည်နိုင်ပါဘူး ။ ငွေကြေးနဲ့တန်ဖိုးဖြတ်လို့မရသလို ဘယ်အလို အရာနဲ့မှ နှိုင်းယှဉ်လို့မရနိုင်တာဟာ မိခင်မေတ္တာပါပဲ ။

ငွေကြေးဆိုတာကလည်း ပျော်ရွှင်မှုကို တိုင်းတာတဲ့နေရာမှာ အညံ့ဆုံးနည်းလမ်းတစ်ခုဖြစ်တယ် ။ အေးမြဖြူ စင်တဲ့မေတ္တာတရားကသာလျှင် ခိုင်မြဲပြီး သင့်ကို နွေးထွေး လုံခြုံမှုကိုပေးစေနိုင်တယ် ။

သက်တန့်ချို
Mother's love အား ဘာသာပြန်ခံစားသည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

မြေခွေးနှင့်ငှက်ကျား

မြေခွေးနှင့်ငှက်ကျား



မနာလိုဝန်တိုစိတ် များပြီး တစ်ကိုယ်ကောင်းဆန်တတ်တဲ့ မြေခွေးတစ်ကောင်က ငှက်ကျားတစ်ကောင်ကို ဖိတ်ပြီး သူ့ သစ်ခေါင်းပေါက်ထဲမှာ ညနေစာ လာစားဖို့ဖိတ်ခေါ်လိုက်တယ် ။ အဲဒီညနေမှာ ငှက်ကျား က မြေခွေး အိမ်ကို ပျံသန်းပြီးရောက်လာခဲ့တယ် ။ ပြီးတော့ သူ့ရဲ့ ရှည်လျှားတဲ့ နှုတ် သီးနဲ့မြေခွေး ရဲ့အိမ်တံ ခါး ကိုခေါက်လိုက်တယ် ။

မြေခွေးက တံခါးကို လာဖွင့်ပေးပြီးပြောလိုက်တယ် ။ “ လာပါ အထဲကို ၀င်ပါ ကျွန်တော်နဲ့အတူ ညနေစာ လာစားပါ ” ငှက်ကျားကို စားပွဲခုံမှာ ထိုင်ဖို့ပြောတယ် ။ ငှက်ကျားက အရမ်းကို ဗိုက်ဆာလောင်နေပြီး ဟင်းရနံ့တွေ က လည်း အရသာ ရှိမယ့်ပုံပဲလို့တွေးလိုက်တယ် ။

မြေခွေးဟာ ပန်းကန်ပြားနဲ့ စွပ်ပြုတ်ရည်ထည့်ယူလာပြီးချပေးတယ် ။ သူကတော့ ပန်းကန်ပြားကို လျှင်မြန် စွာ မော့ပြီး စွပ်ပြုတ်တွေကို သောက်လိုက်တယ် ။ ဒါပေမယ့် ငှက်ကျားအတွက်ကတော့ သူ့ရှည်လျှားတဲ့နှုတ်သီးနဲ့ ဒီပန်း ကန်ပြားထဲက စွပ်ပြုတ်ကို သောက်ဖို့ မဖြစ်နိုင်ခဲ့ဘူး ။ ဒါကြောင့်ဗိုက်ဆာဆာနဲ့ပဲ ငှက်ကျားဟာ ယဉ်ကျေး စွာ ပြုံးပြီး ထိုင်နေလိုက်တယ် ။ မနာလို ၀န်တိုစိတ်များတဲ့မြေခွေးက မေးတယ် ။

“ အလို ငှက်ကျား မင်း စွပ်ပြုတ်ကို မသောက်ဘူးလား မကြိုက်ဘူးလား ဟင် ” ငှက်ကျားက ပြန်ဖြေတယ် ။ “ အခု လို ညနေစာအတွက် ကျွန်တော့်ကို ဖိတ်ခေါ်တဲ့အတွက် အထူးပဲကျေးဇူးတင်ပါတယ် ။ မနက်ဖြန်ညနေမှာလည်း ကျွန်တော့်အိမ်ကို ညနေစာလာစားဖို့ ဖိတ်ခေါ်ပါတယ် ”

နောက်တစ်နေ့မှာတော့ မြေခွေးဟာ ငှက်ကျားရဲ့အိမ်ကို ရောက်သွားခဲ့တယ် ။ ညနေစာအတွက် စွပ်ပြုတ်တွေ ပြင်ဆင်ထားတာကိုသူတွေ့လိုက်ရတယ် ။ ငှက်ကျားက စွပ်ပြုတ်ကို ရှည်လျှားတဲ့ ဖန်တကောင်းတွေ နဲ့ပြင်ဆင်ထားတာကိုတွေ့လိုက်ရတယ် ။ သူတို့စားပွဲခုံမှာ ထိုင်ပြီးတဲ့အခါ ငှက်ကျားက စွပ်ပြုတ်ကို သူ့ရဲ့ရှည်လျားတဲ့နှုတ်သီးနဲ့ စုပ်ယူပြီးလွယ်ကူစွာ သောက်သုံးလိုက်တယ် ။ ဒါပေမယ့် မြေခွေးရဲ့ တိုတဲ့နှုတ်သီး ကတော့ ဖန်တကောင်းအတွင်းမရောက်ရှိနိုင်ခဲ့ဘူး ။ ဒီတစ်ခါတော့ မြေခွေးအတွက် ဗိုက်ဆာလောင်ခံရတဲ့ အလှည့်ဖြစ်ခဲ့တယ် ။

@@@@@@@@@@@@@@@@@@@

“ မနာလို ၀န်တိုမှု ၊ သူတပါးကို မကောင်းကြံစည်မှု နဲ့ ကုန်းချော မှုတို့ဟာ နောက်ဆုံး ကိုယ့်ဆီကို ပဲ ပြန်လာတတ်တယ် ကိုယ်ပဲ အဲဒီအရ သာတွေကို တဖန်ပြန်လည်ခံစားရတတ်တယ် ဒါကြောင့် လောကကြီးမှာ တူသော အကျိုးပေးတယ်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့ ”

သက်တန့်ချို
A selfish fox အား ဘာသာပြန်ခံစားသည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, May 24, 2012

လယ်သမားနှင့်ငှက်ကျား

လယ်သမားနှင့်ငှက်ကျား




လယ်သမားတစ်ယောက်က တစ်နေ့မှာ သူ့ပြောင်းခင်းကို ငှက်ဆိုးတွေ ၀င်ရောက်ဖျက် ဆီးသွားတာ ကိုတွေ့လိုက်ရတယ် ။ ဒါကြောင့် သူက နောက်တစ်ရက်မှာ ငှက်ဆိုးတွေကို ဖမ်းဆီးသုတ်သင်ဖို့ အ တွက် ထောင်ချောက်ပိုက်ကွန်တစ်ခုပြုလုပ်ခဲ့တယ် ။

ထောင်ချောက်ဆင်ပြီးနောက်တစ်ရက်မှာ သူထောင်ခဲ့တဲ့ပိုက်ကွန်ထဲမှာ ငှက်ဆိုးတွေနဲ့အတူ ငှက်ကျား တစ်ကောင် ကို ဖမ်းမိနေတာကိုတွေ့လိုက်ရတယ် ။ သူ့ကို တွေ့တဲ့အခါ ငှက်ကျားကပြောတယ် ။

“ ကျွန်တော့်ကိုလွှတ်ပေးပါဗျာ ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော်က ရိုးသားတဲ့ငှက်ကျားတစ်ကောင်ပါ ခင်ဗျား ရဲ့ပြောင်းခင်းကိုလည်း မဖျက်ဆီးခဲ့သလို ခင်ဗျားကိုလည်း အန္တရာယ်ဖြစ်စေတာ အကျိုးစီးပွား ပျက်စေတာ ဘာမှမလုပ်ခဲ့ပါဘူး ” ဆိုပြီးသနားစဖွယ်တောင်းပန်တယ် ။

ဒါပေမယ့် လယ်သမားက လွှတ်မပေးပဲ ငှက်တွေအကုန်လုံးနဲ့အတူ ငှက်ကျား ကိုပါ ရောပြီး ချည်နှောင်ပြီးပြော လိုက်တယ် ။

“ မင်းပြောတာတွေအားလုံးက မှန်ကောင်းမှန်ပါလိမ့်မယ် ဒါပေမယ့် မင်းကို ငါ့ပြောင်းခင်းတွေ ဖျက်ဆီးတဲ့ ငှက်ဆိုးတွေနဲ့ အတူ ဖမ်းမိခဲ့တယ် ဒီအတွက်ကြောင့် မင်းဟာ မင်းရောက်ရှိနေတဲ့ အသိုင်းအ၀ိုင်း တစ်ခုမှာ ကြုံတွေ့နေရတဲ့ အကျိုးအပစ်အားလုံးကိုခံစားရလိမ့်မယ် ”

@@@@@@@@@@@@@@@@@@@@@@@@@

မှန်ပါတယ် ။ ကျွန်တော်တို့အားလုံးဟာ ပတ်ဝန်းကျင်ဆိုတဲ့ အသိုင်းအ၀ိုင်း အဖွဲ့အစည်း ဆိုတဲ့ လူမှုပတ် ၀န်းကျင်တစ်ခုထဲမှာ နေထိုင်နေကြရတယ် ။ အဲဒီအတွက် ကျွန်တော်တို့ရောက်ရှိနေတဲ့ လူ့အသိုင်းအ၀ိုင်း လူ့အဖွဲ့အစည်းမှာ ဖြစ်ပေါ်နေတဲ့ အကောင်းအဆိုး အကျိုးအပစ်အားလုံးကို အများနဲ့တန်းတူ ရင်ဆိုင်ရလိမ့်မယ် ။

ကိုယ်တစ်ယောက်တည်းရိုးသားပေမယ့် လူဆိုးတွေကြားထဲမှာ နေရင် ကိုယ့်ကိုလည်းလူဆိုးလို့ အထင်ခံ ရနိုင်တယ်ဆိုတာ သတိပြုရမယ် ။

သက်တန့်ချို
The Farmer and the birds အား ဘာသာပြန်သည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, May 22, 2012

အမျိုးသားတွေသိဖို့ အမျိုးသမီးတွေအကြောင်း ( အပိုင်း ၁ )

အမျိုးသားတွေသိဖို့ အမျိုးသမီးတွေအကြောင်း ( အပိုင်း ၁ )



၁ ။ မိန်းကလေးတစ်ယောက် ငိုကြွေးနေပြီဆိုရင် ပျော်လွန်းလို့လည်းဖြစ်နိုင်သလို ၀မ်းနည်းလွန်း လို့ လည်းဖြစ်နိုင်တယ် ။ သင့်ရဲ့ နှစ်သိမ့်စွာ ထွေးပွေ့မှုလေးတစ်ခု က သူ့မျက်ရည်တွေကို တိတ်စေပါတယ် ။

၂ ။ မိန်းကလေးတစ်ယောက် စိတ်ကောက်နေပြီဆိုရင် အလို မကျလို့လည်း ဖြစ်နိုင်သလို သင့်ဂရုစိုက်မှုကို လိုချင် လို့လည်းဖြစ်နိုင်တယ် ။ သင့်ဆီမှာ သူ စိတ်တိုင်းမကျစရာ ဘာရှိသလဲ ပြန်ဆန်းစစ်ပါ ။ အရင်ကထက်ပိုပြီး ဂရုစိုက်ဖို့လည်းလိုပါပြီ ။

၃ ။ အသေးအဖွဲကိစ္စလေးပဲဆိုပြီး စကားကို မဆင်မခြင်မပြောမိပါစေနဲ့ ။ တခါတလေ ကိုယ်က ဘာရယ် မဟုတ်ဘူး ပြောမိလိုက်တဲ့ စကားတစ်ခွန်းက မိန်းကလေးတစ်ယောက်အဖို့ စိတ်ဒါဏ်ရာ ရသွားစေ တာမျိုးလည်းဖြစ်နိုင်တယ် ။

၎ ။ မိန်းကလေးတစ်ယောက်ရဲ့ စိတ်ကို ပိုင်ဆိုင်ဖို့ဆိုရင် နားလည်မှုအများကြီးပေးနိုင်ဖို့လည်းလိုတယ် ။ ဥပမာ အခု ရုပ်ရှင်ကြည့်မယ်ပြောပြီးခါမှ ဘုရားသွားချင်တာမျိုး - - ဒါဆို သင် နားလည်ပေးဖို့လိုတယ် ။ ဘုရားကို အတူလိုက်သွားပြီး ပြီးမှ ရုပ်ရှင်ကြည့်ဖို့ ပြန်စည်းရုံးပါ ။

၅ ။ မိန်းကလေးတိုင်းဟာ ကိုယ့်ချစ်သူကို perfect ဖြစ်စေချင်ကြတယ် ။ ဒီတော့ သူတို့ ဂရုဏာ ဒေါသော နဲ့ ပြောတဲ့စကားတွေကို သင် က စိတ်ဝင်တစား လိုက်နာဖို့လိုတယ် ။ ဥပမာ သူက ဆေး လိပ်မသောက်ပါနဲ့လား ပြောခဲ့ပါက ခေါင်းညှိတ်လိုက်ပါ ။ သူ့ရှေ့မှာ မသောက် ပဲ ဖြတ်နိုင်အောင်ကြိုးစားပါ ။ မလွယ်သေး ပါက လျှော့သောက်ပါ ဒါဟာလည်း သူ့စကားကို ၁၀၀ % နားမထောင်ဘူးဆိုတာတောင်မှ ၇၀ % လောက် နားထောင်ခြင်းပါပဲ ။

၆ ။ အရာရာမှာ ကိုယ်က ဦးဆောင်နေဖို့လိုတယ် ။ ဘယ်လောက်ပဲ ထက်မြတ်ကျော်ကြား အောင်မြင်နေတဲ့ အမျိုးသမီးဖြစ်ပါစေ အချိန်တန်ရင်ချစ်သူရင်ခွင်မှာ မှီခိုချင်တာ သဘာဝပါပဲ ။ သူနားခိုဖို့ ကိုယ့်ရင်ခွင်ဟာ အရိပ်ကောင်းတဲ့ သစ်တစ်ပင်လိုဖြစ်ပါစေ ။ ( သစ်တပင်ကောင်း ငှက်တစ်သောင်းနား တော့မဖြစ်စေနဲ့ - - :P )

၇ ။ တခါတရံ မိန်းကလေးတစ်ယောက်က ပျော့ညံ့တတ်ပေမယ့်အချစ် သို့မဟုတ် နှလုံးသားရေးရာနဲ့ ပတ်သတ် လာရင် အံ့သြစရာကောင်းလောက်အောင် မာကျောပြတ်သားတတ်ကြတယ် ။ သူတို့ဟာ သိပ်ပြီးတွေဝေခြင်းမရှိ အမှားအမှန်မကြည့်ပဲ နှလုံးသားကေ စခိုင်းတဲ့အတိုင်း ဘ၀ကို ပုံအောပစ်ဖို့ ၀န်မလေးတတ်ကြဘူး ။

၈ ။ ဘာအကြောင်းပြချက်မှ မရှိပဲ သင့်ကို အတွေ့မခံဘူးဆိုပါတော့ ။ နားလည်ပေးပြီး အချိန်ကို စောင့်ဖို့လိုတယ် ။ အမျိုးသမီးတွေစိတ်ဟာ ဘယ်လို အရာနဲ့မှ ယှဉ်ပြလို့မရလောက်အောင် ထူးခြားဆန်းကြယ်ကြတယ် ။အခုလေး တင် မုန်တိုင်းတိုက်နေပေမယ့် မကြာခင်လေပြည်လေးလည်းဖြစ်သွားတတ်ကြတယ် ။ သူကိုယ့်ကို အတွေ့မခံ တာဟာ ကိုယ့်သူ့ကို ရိုးသွားမှာ စိုးတဲ့အတွက်ဖြစ်နိုင်သလို သူ့ဖက်က တစ်ချို့သော အခက်အ ခဲတွေကြောင့်လည်းဖြစ်နိုင်တယ် ။ သင်နားလည်ပေးလိုက်ပါ ။

၉ ။ ကိုယ့်ကို သ၀န်တိုလွန်းတဲ့အတွက် အမျိုးသမီးတစ်ယောက်ကို သင်စိတ်ပျက်နေလား ။ သင်နားမ လည်သေးတာပါ ။ သူက သိပ်ချစ်လို့ သ၀န်တိုတာဖြစ်တဲ့အတွက် သင့်ဖက်က နားလည်အောင်ရှင်းပြဖို့လိုတယ် ။ သ၀န် တို ခြင်းဟာ မိန်းကလေးအဖို့ မွေးကတည်းက မသင်ကြားပဲ တတ်မြောက်လာတဲ့ ပညာရပ်တစ်ခုဖြစ်တယ် ။

၁၀ ။ သင်လိုချင်တာမရလို့ သင့်ကောင်မလေးကို သင် စိတ်ပျက်နေသလား ။ အဲဒါဆို သင့်အမှားပဲဖြစ်တယ် ။ မိန်းကလေး အများစုဟာ အချစ်ကို တန်ဖိုး ထားပြီး ဘ၀ကိုဒုတိယနေရာမှာထားကြတယ် ။ သင်လိုချင်တာကို သူမပေးသေးတာဟာ သူ့အတွက် အဆင်သင့်မဖြစ်သေးတာရယ် သင့်စိတ်တွေပြောင်းလဲသွားမှာ ကို စိုးတဲ့ အတွက်ရယ်ကြောင့်ဖြစ်တယ် ။

သက်တန့်ချို
တွေးမိတွေးရာ ရေးသည် ။ ထပ်တွေးမိက ထပ်ရေြး့ဖစ်ပါဦးမည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Sunday, May 20, 2012

ပြည်မြို့ ရွှေဘုံသာမုနိ နှင့်ရွှေဆံတော် ဘုရားသို့

ပြည်မြို့ ရွှေဘုံသာမုနိ နှင့်ရွှေဆံတော် ဘုရားသို့

(Facebook မှာဖတ်ချင်ရင် တော့ ဒီနေရာလေးကို နှိပ်ပြီး ဖတ်နိုင်ပါတယ် ။

ရာသီဥတုကတော့ ရန်ကုန်နဲ့မခြား နေ့လည်ဖက်မှာ ပူလှပေမယ့် ညနေခင်းအချိန်မှာတော့ ဧရာဝတီဖက်က တိုက်ခတ်လာတဲ့ မိုးနံ့သင်းတဲ့ လေနုအေးတွေကြောင့် နေလို့ ကောင်းလှပါတယ် ။ အလုပ်ကိစ္စတစ်ခုနဲ့ ကိုသက်တန့်တစ်ယောက် ပြည်မြို့ကို တခဏတာ ရောက်ရှိခဲ့တယ် ။ နေ့လည် ၂ နာရီလောက်ရောက်ပြီး Lucky Dragon Hotel မှာပဲ တည်းခိုခဲ့တယ် ။ ရှေ့မှာ ဧရာဝတီ မြစ်ကြီးရှိတာကြောင့် အရမ်းကို သာယာလှပတဲ့ ပြည်မြို့လေးပါပဲ ။



ခဏတဖြုတ်နားပြီး လမ်းရှည်လမ်းနဲ့ တရုတ်တန်းထောင့်က နာမည်ကြီးတယ်ဆိုတဲ့ ဆန်လှော်မုန့်ဟင်းခါး သွားစား ခဲ့တယ် ။ အရသာက ရန်ကုန်နဲ့သိပ်မတူပဲ စားလို့ကောင်းမွန်ပြီး ငှက်ပျောအူဖတ်တွေများများ ထည့်ပေးတာတွေ့ရတယ် ။



မုန့်ဟင်းခါးစားပြီးတာနဲ့ ရုံးကလူတွေက ဟိုတယ်ပြန်မပို့သေးပဲ သုံးရာသီ ဆိုင်မှာ ရေခဲသုပ် လိုက်ကျွေး ပါသေးတယ် ။ အီဆိမ့်နေပြီး အုန်းသီးဖတ်တွေနဲ့မို့ အလွန်ကို အရသာ ရှိလှပါတယ် ။

ပြီးတာနဲ့ ဟိုတယ်ပြန် ရေမိုးချိုးပြီး ညနေစောင်း ၅ နာရီခွဲလောက် မှာ ပြည်မြို့ တစ်ဖက်ကမ်း က ရွှေဘုံသာမုနိဘုရားကြီးကို သွားရောက်ဖို့ပြင်ဆင်ပါတော့တယ် ။ ဧရာဝတီမြစ်ကိုဖြတ်ထားတဲ့ န၀ဒေးတံ တားဂိတ်ရောက်တော့ ဘုရားဖူးသွားမယ့်ဆိုင်ကယ်တွေကို တံတားဖြတ်ခ မကောက်ပဲ ဖြတ်သန်း ခွင့်ပေး တာတွေ့ရပါတယ် ။



တံတားပေါ်ရောက်တဲ့အခါ မြစ်အလယ်ခေါင်လောက်အထိ သောင်တွေထွန်းနေတဲ့ ဧရာဝတီကို ဓါတ်ပုံရိုက် ယူခဲ့တယ် ။ လေကတအားတိုက်တာကြောင့် ကင်မရာမကိုင်နိုင်လောက်အောင် ဖြစ်ခဲ့ရတယ် ။ မိုးကလည်း ညို့လာပြီး မိုးဖွဲဖွဲတွေ စတင် ရွာသွန်းလာပါပြီ ။ တောင်ပတ်လမ်းရောက်တဲ့အခါ ရှေ့မှာ ဘာမှ မမြင်တော့လောက်အောင် သောင်ပေါ်က သဲတွေကို လေတွေကတိုက်ပြီး အရာရာကို ဖုံးလွှမ်းသွားခဲ့တယ် ။ ဆိုင်ကယ်စီး ကျွမ်းကျင်တဲ့ ပြည်မြို့သားတွေကတော့ အေးဆေးပါပဲ ။ ဒီလိုနဲ့ ရွှေဘုံသာ မုနိဘုရားကြီး ကိုရောက်ခဲ့ပါတယ် ။





ဘုရားကြီးကို ဖူးမျှော်ခဲ့တယ် ။ ဘေးက လူတွေကတော့ ရုံးအဖွဲ့သူအဖွဲ့သားတွေဖြစ်ပါတယ် ။







ဘုရားဖူးပြီးတဲ့အခါ ညနေလည်းမှောင်နေပြီမို့ ပြည်မြို့ထဲကို ၀င်လာခဲ့တယ် ။


ပြီးတော့ ရွှေဆံတော် ဆုတောင်းပြည့်ဘုရားကြီးကို သွားရောက်ဖူးမျှော်ခဲ့ပါတယ် ။




စေတီတော်ကို ၀န်းရံထားတဲ့ ပတ်ပတ်လည်မှာ ဒီလို ထူးခြားတဲ့ တည်ဆောက်မှုတွေကို ဒီဘုရားကြီးမှာ ပဲတွေ့မြင်နိုင်ပါတယ် ။





ရွှေဆံတော်စေတီတော်ကို တခြားစေတီတွေနဲ့မတူပဲ ထီးတော် ၂ ဆင့်ပြုလုပ်ထားတာဖြစ်ပါတယ်း အပေါ်ဆုံးထီး ကတော့ မြန်မာထီးဖြစ်ပြီး အောက်ထီးကတော့ မွန်ထီးဖြစ်ပါတယ် ။ ရွှေဆံတော်စေ တီမှာ ပဲ တွေ့မြင်နိုင်ပါတယ် ။



ဒီဘုရားကတော့ ရွှေဆံတော်စေတီပေါ်ကနေဖူးမျှော်ရတဲ့ ဆယ်ထပ်ကြီးဘုရားဖြစ်ပါတယ် ။ အလွန်ကို ကြည်ညိုဖွယ်ရာကောင်းတဲ့ ဆင်းတုတော်ဖြစ်ပါတယ် ။



နောက်တစ်နေ့မှာတော့ Lucky Dragon Hotel မှာပဲ GP Section မှာ ဆရာဝန်တွေနဲ့ product presentation ပြုလုပ်ခဲ့ပါတယ် ။

ပြည်မြို့ဟာ နေလို့ကောင်းတဲ့မြို့လေးတစ်မြို့ပါပဲ ။ သပ်သပ်ရပ်ရပ်သန့်သန့်ရှင်းရှင်းနဲ့ တစ်ခုလေးပဲ ပြောစ ရာရှိခဲ့ တယ် ။ အဲဒါကတော့ လျှပ်စစ်မီးပုံမှန်မလာပဲ ဆယ်မိနစ်တစ်ကြိမ်လောက်ပျက်ခြင်းပါပဲ ။ ဒီတော့စဉ်းစား မိတာ ရင်းနှီမြုပ်နှံသူတွေနဲ့ လျှပ်စစ်နဲ့ဆက်နွယ်ပြီးလုပ်ရတဲ့ ကုန်ထုတ်လုပ်ငန်းတွေအဖို့ အခက်တွေ့နိုင် တယ်ဆိုတာပါပဲ ။ လျှပ်စစ်မီးလေးသာ ပုံမှန်ပြန်မှန်ခဲ့ရင် နေချင့်စဖွယ်မြို့လေးတစ်ခုဖြစ်ပါတယ် ။ ဟိုတယ်တွေ ကလည်း သပ်ရပ်ကောင်းမွန်ပြီး ကမ်းနားလမ်းနဲ့ ပနာသင့်တာကြောင့် စာဖတ်သူများကို တစ်ခါတစ်ခေါက် အရောက်သွားလို့ ဘုရားလည်းဖူးရင်း ဧရာဝတီမြစ်ကြီးကိုလည်း View point ကနေသွားရောက်ရှူစားကြဖို့ တိုက်တွန်းရင်းအဆုံးသတ်လိုက်ရပါတယ် ။

သက်တန့်ချို
20 May 2012

Wednesday, May 16, 2012

နားရွက်မပါသောကလေးငယ်

နားရွက်မပါသောကလေးငယ်



“ ကျွန်မကလေးကိုကြည့်လို့ရမလားဟင် ” ပျော်ရွှင်နေတဲ့ မိခင်ကမေးတယ် ။ ကလေးကို ပတ်ထားတဲ့အနှီး ထုပ်ကို သူမလက်ထဲ လွှဲပြောင်းယူလိုက်ပြီး ကလေးငယ်ရဲ့မျက်နှာကို ကြည့်ဖို့ အနှီးစကိုဖယ်လိုက်တယ် ။ “ အို ... ” သူမ ထိတ်လန့်အံ့သြသွားခဲ့တယ် ။ ဆရာဝန်က အနောက်ကို လှည့် လိုက်ပြီး ဆေးရုံပြ တင်းတံခါး ကို ငေးကြည့်နေခဲ့တယ် ။ကလေးငယ်လေးဟာ နားရွက်မပါပဲ မွေးဖွားလာခဲ့ရတယ် ။

အချိန်တွေက သက်သေပြလိုက်တာကတော့ ကလေးငယ်လေးဟာ အားလုံး ကို ကောင်းကောင်းကြားနိုင် စွမ်းရှိခဲ့တယ် ။ ရုပ်ဆိုးနေတဲ့တစ်ခုတည်းသောအရာကတော့ နားရွက်မပါ လာတာပါပဲ ။

တစ်နေ့မှာ သူကျောင်းက အိမ်ကိုပြန်လာတဲ့အခါ မိခင်က သားငယ်ကို ထွေးပွေ့ကြိုတယ် ။ ကောင်လေးက မိခင်လက်ကို တွန်းထုတ်ခဲ့တယ် ။ မိခင်ဖြစ်သူက သက်ပျင်းချလိုက်ပြီး သားငယ်ရဲ့ နှလုံးသားမှာ ဒါဏ်ရာဒါဏ်ချက်တွေရှိနေပြီဆိုတာ သိလိုက်ရတယ် ။

ကောင်လေးက ကံဆိုးမိုးမှောင်ကျနေသလို ရှေ့နောက်မစဉ်းစားပဲ ပြောလိုက်တယ် ။ “ လူထူးဆန်း လူထူးဆန်း ကျွန်တော့်ကို အကုန်လုံး ငကြောင်တစ်ကောင်လို သရဲတစ်ကောင်လို လူထူးဆန်းလိုလို ခေါ်ကြတယ် ”

------------------------------------------------------------------------

ကောင်လေးတဖြည်းဖြည်း အရွယ်ရောက်လာပါပြီ ။ ချို့ယွင်းချက်လေး တစ်ခုကလွဲ လို့ ယောင်္ကျား ပီပီသသ နဲ့ကြည့်ကောင်းတဲ့ လူတစ်ယောက်ဖြစ်ခဲ့တယ် ။ အတန်းထဲမှာ ကျောင်းသားခေါင်းဆောင်ဖြစ်နိုင်ပေမယ့် ချို့ယွင်းချက်ကြောင့်မဖြစ်ခဲ့ရဘူး ။ အရွယ်ရောက်လာ တဲ့ကောင်လေးဟာ ဂီတနဲံစာပေကို ၀ါသနာပါခဲ့တယ် ။ “ သား မင်းတခြားလူတွေနဲ့ ရောရောနောနှောနေရမယ်လေ ” လို့ မိခင်က သူ့ကို အားပေးစကားပြောတယ် ။ မိခင်ရဲ့ ရင်ထဲမှာတော့ သားငယ်အတွက် စိတ်မကောင်းခြင်းများစွာနဲ့ပေါ့ ။

ကောင်လေးရဲ့ဖခင်က မိသားစု ဆရာဝန်နဲ့တိုင်ပင်ခဲ့တယ် ။ “ ဆရာ - - ကျွန်တော်တို့ သားကို ဘာမှ မလုပ်ပေးနိုင်ဘူးလား ” “ ကျွန်တော်ယုံကြည်ပါတယ် ရနိုင်မယ်ဆိုရင် သူ့အတွက်အဆင်ပြေမယ်ဆိုရင် အပြင်နား တစ်စုံနဲ့အစားထိုးပေးနိုင်ပါတယ် ” ဆရာဝန်က ဆုံးဖြတ်ခဲ့တယ် ။

ဒီလိုနဲ့ကောင်လေးရဲ့ လစ်ဟာနေတဲ့ နားရွက်နေရာမှာ အစားထိုးဖို့ နားရွက်အဆုံးခံနိုင်တဲ့လူတစ်ဦးကို စတင်ရှာဖွေခဲ့ကြတယ် ။

နှစ်နှစ်ခန့်ကြာပြီးနောက် - - - -

“ သား မင်းဆေးရုံကိုသွားရမယ် အဖေနဲ့အမေက သားအတွက် နားရွက်လှူမယ့်လူတစ်ယောက် ရှာတွေ့ပြီ ဒါပေမယ့် ဒါဟာ လှို့ဝှက်ချက်ပဲ ” လို့ ဖခင်ကပြောတယ် ။

ခွဲစိတ်ကုသမှုက ၁၀၀ ရာခိုင်နှုန်းအောင်မြင်ခဲ့တယ် ။ ပြီးတော့ ချောမောခန့်ညားတဲ့လူသစ်တစ်ယောက် ထွက်ပေါ် လာခဲ့တယ် ။ သူ့ရဲ့ပင်ကိုယ်စွမ်းရည်နဲ့ သူ့ရဲ့ပါရမီကြောင့် ကျောင်းမှာလည်း သူဟာ ကျော်ကြားအောင်မြင် လာခဲ့တယ် ။ နောက်ပိုင်းမှာ သူဟာ အိမ်ထောင်ကျပြီး သံတမန်အလုပ်ကို ရခဲ့တယ် ။

“ ဒါပေမယ့် ကျွန်တော်သိရမှဖြစ်မယ် ” ကောင်လေးက သူ့ဖခင်ကိုတောင်းဆိုခဲ့တယ် ။ “ ကျွန်တော့်အတွက် နားရွက်လှူခဲ့တာဘယ်သူလဲ ကျွန်တော် သူ့အတွက် ဘာမှပြန်မလုပ်ပေးရသေးဘူး ”

“ သားပြန်လုပ်ပေးနိုင်မယ်လို့ အဖေမထင်ဘူး ” သူ့ဖခင်ကပြောခဲ့တယ် ။ “ ဒါပေမယ့် အဖေတို့ကတိမှာ သားကို ပေးမသိရဘူးဆိုတာ ပါတယ် မဖြစ်နိုင်ပါဘူး မမေးပါနဲ့ ”

ဒီလိုနဲ့ နှစ်တွေများစွာကြာအောင် ဒါဟာ လှို့ဝှက်ချက်တစ်ခုအနေနဲ့ရှိနေခဲ့တယ် ။ ဒါပေမယ့် ရက်တစ်ရက်ကတော့ရောက်ရှိလာခဲ့ပါပြီ ။ မှောင်မိုက်တဲ့ရက်တွေအားလုံးကောင်လေးက ကြံကြံ့ခံခဲ့တယ် ။ ကောင်လေး ဟာ သူ့ဖခင်နဲ့အတူ သူ့မိခင်ရဲ့ ခေါင်းတလားရှေ့မှာ ရပ်နေခဲ့တယ် ။ ဖခင်က ဖြည်းဖြည်းချင်း ညင်ညင်သာသာလေး လက်ကိုမြှောက်ပြီး ထူထဲပြီးနီညိုရောင်သမ်းနေတဲ့ သူ့ဇနီးသည်ရဲ့ ဆံပင်တွေကို ဖယ်ပြလိုက်တဲ့အခါ ------ နားရွက်တွေ ရှိမနေပါဘူး ။

“ အမေကပြောတယ် သူ့ဆံပင်တွေ ဘယ်တော့မှ မညှပ်တော့ဘူးတဲ့ အဲဒါကို သူဝမ်းသာတယ်တဲ့ ” ကောင်လေး က ဆို့နင့်စွာပြောတယ် ။ “ ပြီးတော့ ဘယ်သူကမှ အမေ့အလှလျော့သွားတယ်လို့ မတွေးခဲ့ကြဘူး .... ” ကောင်လေး ပါးပြင်မှာ မျက်ရည်တွေစီးကျလာပြီး ခေါင်းငိုက်စိုက်ချ ငိုကြွေးခဲ့ပါတော့တယ် ။

@@@@@@@@@@@@@@@@@@@@@@@@@@@

စစ်မှန်တဲ့အလှတရားဆိုတာ ခန္ဓာကိုယ်အသွင်သဏ္ဍာန်ပေါ်မူတည်နေတာမဟုတ်ပါဘူး ။ နှလုံးသား ထဲမှာ တည်ရှိနေတာဖြစ်တယ် ။ ပကတိအသွင်သဏ္ဍာန်တွေက စစ်မှန်တဲ့ တန်ဖိုးဆိုတာကို မပေးနိုင် သလို မြင်လည်းမမြင်နိုင်ဘူး ။ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာဟာလည်း အဖြူရောင်မုသားတွေ ရှိကောင်းရှိပေ မယ့် လေးနက်တဲ့ မေတ္တာ အေးချမ်းတဲ့မေတ္တာတရားဖြစ်တဲ့အတွက် ထာဝစဉ်လှပ တန်ဖိုးရှိနေမှာဖြစ်ပါတယ် ။

သက်တန့်ချို
The baby without ears အား ဘာသာပြန်သည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, May 15, 2012

ပတ်ဝန်းကျင်ကိုလိုက်ပြီး အရောင်ပြောင်းတတ်တဲ့သတ္တ၀ါများ (၂)

ပတ်ဝန်းကျင်ကိုလိုက်ပြီး အရောင်ပြောင်းတတ်တဲ့သတ္တ၀ါများ (၂)




ဆင်ဟွာ သတင်းဌာနက တင်ဆက်ထားတဲ့ ထူးခြားဆန်းပြားအစီအစဉ်မှာ ကမ္ဘာတ၀ှမ်းမှာရှိတဲ့ ပတ်ဝန်း ကျင်ကလိုက်ပြီးအရောင်ပြောင်းတတ်တဲ့သတ္တ၀ါတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ် ။ ပတ်ဝန်းကျင် အခြေ အနေ နဲ့လိုက်လျော ညီထွေရှိလွန်းတဲ့ သူတို့ရဲ့ ပုံသဏ္ဍန်ဟာ ဆင်တူလွန်းတာမို့ အမှတ်တမဲ့ဆို ရင် မသိ သာလှ ပါဘူး ။ အန္တရာယ်တွေကနေ ရှောင်လွှားနိုင်အောင် သဘာဝကနေပေးအပ်ထားတဲ့ ထူးခြား သတ္တ၀ါတွေ ရဲ့အစွမ်းသတ္တိဖြစ်ပါတယ် ။



















သက်တန့်ချို
Source : Xinhua

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, May 14, 2012

မိန်းမဆိုတာ - - -

မိန်းမဆိုတာ - - -



@ သူတို့ ဆူညံအော်ဟစ်ချင်လာပြီဆိုရင် သူတို့ပြုံးတယ် ။

@ သူတို့ငိုချင်လာပြီဆိုရင် သူတို့ သီချင်းဆိုတယ် ။

@ သူတို့စိတ်လှုပ်ရှား ပြီး သူတို့ပျော်ရွှင်ရယ်မောလာချင်ပြီဆိုရင် သူတို့ငိုတယ် ။

@ သူတို့ယုံကြည်ချက်တစ်ခုအတွက်ဆိုရင် သူတို့တိုက်ခိုက်တယ် ။

@ တရားမျှတမှုမရှိဘူးဆိုရင် သူတို့ ထရပ်တယ် ။

@ ကောင်းမွန်တဲ့အဖြေရှိတယ်လို့ ယုံကြည်တယ်ဆိုရင် “no” ဆိုတဲ့အဖြေဘယ်တော့မှမပေးဘူး ။

@ သူတို့ရင်သွေး ဖိနစ်အသစ်စီးနိုင်ဖို့ သူတို့ဖိနစ်အသစ်မစီးပဲ အပြင်သွားတယ် ။

@ သူတို့ကြောက်လန့်ရတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ဆရာဝန်ဆီ သွားလေ့ရှိတယ် ။

@ အကြွင်းမဲ့ အကြောင်းပြချက်မရှိ အခြေအနေမကြည့် သူတို့ချစ်တတ်ကြတယ် ။

> သူတို့သားသမီးတွေ သူငယ်ချင်းတွေကြားထဲ အတော်ဆုံးဖြစ်ပြီးဗိုလ်ဆွဲသွားရင် သူတို့ပျော်လွန်းလို့ ငိုတယ် ။

@ ကလေးမွေးတာတို့ မင်္ဂလာဆောင်တာတို့ သတင်းကြားရင် သူတို့ပျော်တယ် ။

@ သူတို့သူငယ်ချင်းတစ်ယောက်ဆုံးသွားရင် သူတို့ နှလုံးသားတွေကြေမွပျက်ဆီးကုန်တယ် ။

@ သူတို့မိသားစုတစ်ယောက်ဆုံးသွားရင် သူတို့ အလွန်အမင်းဝမ်းနည်းတတ်ကြတယ် ။ မှန်တယ် သူတို့မှာ ခွန်အား မကျန်တော့ဘူးလို့ သူတို့ထင်ရင် သူတို့သန်မာလာတယ် ။

@ နူးညံ့စွာထွေးပွေ့မှုတစ်ခုနဲ့အနမ်းတစ်ပွင့်က ကွဲကြေနေတဲ့နှလုံးသားတစ်ခုကို ကုသစေနိုင်မှန်းသူတို့သိတယ် ။

> မိန်းမတွေဟာ အရွယ်အစားမျိုးစုံ ၊ အသားအရောင်မျိုးစုံ ပုံသဏ္ဍာန်မျိုးစုံနဲ့လာတတ်ကြတယ် ။ သင့်ကို ဘယ်လောက် ဂရုစိုက်ကြောင်းပြသဖို့အတွက် သူတို့ကားမောင်းလာလိမ့်မယ် ပျံသန်းလာလိမ့်မယ် လမ်းလျှောက် လာလိမ့်မယ် ပြေးလာလိမ့်မယ် ဒါမှမဟုတ် Email ပို့လိမ့်မယ် ။

> မိန်းမတစ်ယောက်ရဲ့ နှလုံးသားဟာ ကမ္ဘာကြီးလည်နေတာနဲ့တူတယ် ။

> ကလေးမွေးပေးနိုင်တာထက် မိန်းမတစ်ယောက်ဟာ အများကြီးလုပ်နိုင်စွမ်းရှိတယ် ။

> သူတို့ဟာ ပျော်ရွှင်မှုနဲ့မျှော်လင့်ချက်တွေကို ယူဆောင်လာကြတယ် ။ သူတို့ဟာ သနားဂရုဏာ အကြင်နာ နဲ့စံနမူနာကိုလည်းပေးတယ် ။

> သူတို့မိသားစုတွေနဲ့သူတို့သူငယ်ချင်းတွေအတွက် ကိုယ်ကျင့်တရားနဲ့လူ့ကျင့်ဝတ်ကိုလည်းသင်ပေးတယ် ။

> သူတို့မှာ ပြောစရာတွေအများကြီးရှိတယ် - - ပေးစရာတွေလည်းအများကြီးရှိတယ် ။

သက်တန့်ချို
In honor of women! အားဘာသာပြန်သည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

အပြင်ပန်းကို ကြည့်ပြီး လူတစ်ယောက်ကို အကဲမဖြတ်ပါနဲ့

အပြင်ပန်းကို ကြည့်ပြီး လူတစ်ယောက်ကို အကဲမဖြတ်ပါနဲ့



သီးစုံရေခဲမုန့်တွေ ဈေးကျနေတဲ့ ရက်တွေတုန်းကပေါ့ ။ အသက် ဆယ်နှစ်အ ရွယ်ကောင်လေး တစ်ယောက်က ဟော်တယ်တစ်ခုရဲ့ ကော်ဖီဆိုင်ထဲ ၀င်လာပြီး စားပွဲတစ်ခုမှာ ထိုင်လိုက်တယ် ။ စားပွဲထိုးအမျိုးသမီးက ကောင်လေးရှေ့မှာ ရေတစ်ခွက်လာချပေးတယ် ။

“ သီးစုံရေခဲမုန့်တစ်ခွက်ဘယ်လောက်လဲဟင် ”
“ ငါးဆယ်ကျပ် ” စားပွဲထိုးအမျိုးသမီးက ပြန်ဖြေတယ် ။

ကောင်လေးက သူ့အိပ်ထဲကို လက်နှိုက်ပြီး ပိုက်ဆံကို ရေတွက်ကြည့်တယ် ။

“ ရိုးရို ရေခဲမုန့်တစ်ခွက်ကရော ဘယ်လောက်ကျလဲဟင် ” ကောင်လေးက ထပ်မေးတယ် ။ လူအချို့ကလည်း စားပွဲ တွေမှာ စားစရာလာချပေးဖို့မျှော်နေတဲ့အတွက် စားပွဲထိုးအမျိုးသမီးက စိတ်မရှည်တော့ဘူး ။

“ သုံးဆယ့်ငါးကျပ် ” လို့ ခပ်မာမာ တုံးတိတိပြန်ပြောလိုက်တယ် ။

ကောင်လေးက ပိုက်ဆံတွေကို ထပ်မံရေတွက်လိုက်ပြီး ပြောတယ် ။ “ ကျွန်တော့်ကို ရိုးရိုးရေခဲမုန့်တစ်ခွက်ပေးပါ ”

စားပွဲထိုးအမျိုးသမီးက ရေခဲမုန့်လာချပေးတယ် ။ ကျသင့်ငွေစာရွက်ကို စားပွဲပေါ်တင်ပြီး ထွက်သွားတယ် ။ ကောင်လေးက ရေခဲမုန့်စားပြီးတဲ့အခါ ငွေရှင်းကောင်တာမှာ ငွေရှင်းပြီးထွက်ခွာသွားတယ် ။

စားပွဲထိုးအမျိုးသမီးဟာ ပြန်လာပြီး စားပွဲခုံကို သုတ်ခဲ့တယ် ။ အဲဒီအခါ မြင်လိုက်ရတဲ့အရာကြောင့် အရမ်းကို အံ့သြသွား ခဲ့ရတယ် ။

ရေခဲမုန့်ခွက်ကလေးရဲ့အောက်မှာ ပိုက်ဆံဆယ့်ငါးကျပ်ကို သူမအတွက် ဘောက်ဆူးအနေနဲ့ထားခဲ့လို့ပါပဲ ။

@@@@@@@@@@@@@@@@@@@@@@

တကယ်တော့ကောင်လေးက သီးစုံရေခဲမုန့်တစ်ခွက်စာ ငွေငါးဆယ်ပါလာပါတယ် ။ ဒါပေမယ့် စားပွဲထိုး အမျိုးသမီးအတွက် ငွေဆယ့်ငါးကျပ် ဘောက်ဆူးပေးခဲ့ချင်လို့ ရိုးရိုးရေခဲမုန့် ၃၅ ကျပ်တန် သာစား ခဲ့ခြင်းဖြစ်တယ်။ ဒါကို စားပွဲထိုးအမျိုးသမီးက ကောင်လေးကို စိတ်မရှည်စွာနဲ့ရင့်သီးစွာဆက် ဆံခဲ့တယ် ။

အပြင်ပန်းကို ကြည့်ပြီး လူတစ်ယောက်ကို အကဲမဖြတ်ပါနဲ့ ။ မဆက်ဆံပါနဲ့ ။

စာအုပ်တစ်အုပ်ရဲ့အရေအသွေးဟာ စာအုပ်ရဲ့ မျက်နှာဖုံး Cover ပေါ်မူတည်နေတာမဟုတ်ပါဘူး ။ စာအုပ် အတွင်းကလေးနက်တဲ့ စာသားတွေအပေါ်မှာ သာမူတည်ပါတယ် ။

သက်တန့်ချို
A dish of ice cream အားဘာသာပြန်သည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Sunday, May 13, 2012

အမေနေ့ အမှတ်တရ အတွေးစုများ - ၁၃.၅.၂၀၁၂

အမေနေ့ အမှတ်တရ အတွေးစုများ - ၁၃.၅.၂၀၁၂





ဒီနေ့ မနက်ကတည်းက အမေနေ့ အတွက် တစ်ခုခုရေးမယ်လို့ စဉ်းစားထားပေမယ့် မရေးဖြစ်ခဲ့ဘူး ။ အခုမှ ကွန်နက်ရှင်လေးရတုန်း အမေနေ့အတွက် တွေးမိတာလေးတွေ ရေးတင်ပေးလိုက်ပါတယ်။

၁ ။ သားသမီးတွေဟာ အချိန်တန်လူလားမြောက် အတောင်အလက်တွေစုံလင်ရင် အမေ့ရင်ခွင် စုံကန်ပြီး ထွက် သွားကြပေမယ့် ရင်မနာနိုင်ပဲ သားသမီးအတွက် ခလုတ်မထိဆူးမညိပါစေနဲ့ ဆုတောင်းပေးသူဟာ အမေပါ ။

၂ ။ ဖ၀ါးလက်နှစ်လုံးပခုံးလက်နှစ်သစ်အရွယ်ကတည်းက ကျွေးမွေးပြုစုစောင့်ရှောက်လာခဲ့ပေမယ့် အိုမင်းသွား တဲ့အ ခါ ငါ့ကိုပြန်ပြီး ကျွေးမွေးပြုစုစောင့်ရှောက်ကြပါလို့ မပြောရက်သူဟာ အမေပါ ။

၃ ။ လိမ္မာတဲ့ သားသမီးတွေထက် ဆိုးမိုက်တဲ့သားသမီးတွေကိုပိုချစ်တယ်ဆိုတာ တကယ်တော့မှားယွင်းပါတယ် ။ သားသမီးအပေါ်အမေထားတဲ့မေတ္တာဟာ ဘယ်သူ့ကိုပိုတယ် ဘယ်သူ့ကိုလိုတယ်ဆိုတာမရှိပါဘူး ။ ဒါပေမယ့် လိမ္မာတဲ့ သားသမီးက လူ့လောကမှာဖြတ်သန်းဖို့ စိတ်ချရပေမယ့် ဆိုးသွမ်းတဲ့ သားသမီး ဘေးမ သီရန်မခ ရအောင် စိုးရိမ်ပူပန်ပေးသူကတော့အမေပါပဲ ။

၎ ။ သားမိုက်သောက်ဖို့အတွက် အရက်ငါးဆယ်ဖိုး ပဲပြုတ်သုတ်ကလေးနဲ့ အမြဲစီမံပေးတတ်ပြီး သားမိုက်မူး ရူးအိပ်ပျော် သွားတဲ့အခါ “ လူကလေးရဲ့အိပ်ချိန်တန်ဗျိုင်းရှေ့ကပြန် ” ဆိုပြီး ချော့သိပ်ပေးတတ်သူဟာလည်း အမေပါ ။

၅ ။ သားသမီးတွေက သာ အမေ့လက်ကို လွှတ်ချခဲ့ကြပြီး တနယ်တကျေး အိမ်ထောင်ရပ်သားကျ ထွက်ခွာ သွားတတ်ကြပေမယ့် အမေကတော့ သားသမီးတွေလက်ကို ဘယ်တော့မှလွှတ်မချဘူး ။

၆ ။ မီးတွင်းထဲမှာ ဆရာဝန်ကမေးတယ် ။ “ မိခင်အသက်နဲ့ကလေးအသက်ဘယ်ဟာယူမလဲ ” ဆိုတဲ့အခါ “ သားလေးအသက်ကိုပဲ ကယ်ပေးပါ ” ဆိုပြီး ကိုယ့်ကိုယ်ကို အသေခံ လို့ မေတ္တာကြီးမားတတတ်သူဟာ အမေပါ ။

၇ ။ ဘယ်လောက်ပဲ စော်ကားစော်ကား မျက်ရည်လေးဝဲလို့ အဆုံးထိ ခွင့်လွှတ်ခြင်းတရားကို ထားရှိနိုင်သူဟာ အမေပါ ။

၈ ။ သားသမီးတွေက ဂုဏ်သရေရှိ လူကြီးလူကောင်းတွေဖြစ် အမေကတော့ဆင်းရဲတွင်းထဲနစ်လို့ - - လမ်းမှာတွေ့ ရင် သားသမီးသိက္ခာ ကျမှာစိုးလို့ သားရေ သမီးရေ လို့မခေါ်ရဲ မျက်ရည်ဝဲ အံကိုကြိတ် တိတ်တိတ် ဆိတ်ဆိတ် ခေါင်းငုံ့နေခဲ့သူဟာ အမေပါ ။

၉ ။ ဘယ်လောက်ကြီးပဲ တစ်နေကုန် ဆင်းရဲ ပင်ပန်းကြီးစွာ ချွေးဒီးဒီကျ ပင်ပန်းနေပေမယ့်လည်း အိပ်ပြန်ရောက် လို့ သားသမီးငယ်ရဲ့ တွတ်တီးတွတ်တာ စကားသံလေးကြားရင် အမောပြေလို့ အပြုံးတွေဝေတတ်သူဟာ အမေပါ ။

၁၀ ။ လိုအပ်ရင်သားသမီးအတွက် မျက်လုံး ၊ ကျောက်ကပ် ၊ အသည်း စတဲ့ကိုယ်တွင်းကလီစာတွေသာမက သား သမီးကောင်းစားဖို့အရေး အသက်ကိုပါ ပေးမှဖြစ်မယ်ဆိုရင် နောက်မဆုတ်ပဲ ပေးဆပ်ဝံ့သူဟာ အမေပါ ။

သားသမီးများအားလုံး အမေနေ့မှာသာမကပဲ ကျန်တဲ့နေ့ရက်တွေအ ကုန်လုံးရဲ့ နေ့ရက်တိုင်း မိနစ်တိုင်း စက္ကန့်တိုင်း မှာလည်း အမေ့ ကို မစော်ကားမိကြပါစေနဲ့ ။ အမေဟာ ကျွန်တော်တို့ကို ရွေးချယ်ခဲ့တာမဟုတ်သလို ကျွန်တော်တို့ကလည်းအမေ့ကိုရွေးချယ်ခဲ့ကြတာမဟုတ်ဘူး ။ သားအမိ သမီးအမိဆိုတဲ့ တော်စပ်ဖို့ ကံတရား ပါလာကြလို့သာ သံယောဇဉ်ကြိုးကြီးမားစွာနဲ့ အမေ့ကို ပိုင်ဆိုင်ခွင့်ရခြင်းဖြစ်တယ် ။

အသက်ရှိစဉ်မှာ အမေ့ကို နွေးထွေးစွာဆက်ဆံကြပါ ။ အမေလိုချင်တာ သင့်ရဲ့ ငွေကြေးမဟုတ်ဘူး သင့်ရဲ့ ရာထူးမ ဟုတ်ဘူး သင်ဝယ်ပေးတဲ့ ရုပ်မြင်သံကြားစက် မဟုတ်ဘူး ။ အမေလိုချင်တာ သင့်ရဲ့နွေးထွေးတဲ့ သားသမီးပီ သတဲ့ အပြုအမူလေးတစ်ခုပါပဲ ။ သင်ပေးတဲ့ ငွေးတစ်သိန်းထက် အမေ့ကိုသား ချစ်တယ်ဆို တဲ့စကားလေးနဲ့ ရင်ခွင်ကိုခေါင်းဝှေ့ကြည့်ကြစမ်းပါ ။အမေ ဘယ်လောက်ပျော်မြူးနေရှာမလဲ ။ ။

အသက်သေသွားမှ ငိုယို လို့ တမ်းတပြီး ပန်းစည်းတွေ သွားထားနေမယ့်အစား အသက်ရှိစဉ်မှာ အမေ့ ကို ခြေဆုပ်လက်နယ်ပြုစုလို့ အမေ့ကို ချော့သိပ်ဖို့ ကြိုးစားကြပါ ။ အမေစားချင်တဲ့အရာလေးတွေ ကျွေးလို့ အမေသွားချင်တဲ့နေရာလေးတွေပို့ပေးကြပါ ။ အမေငိုခဲ့ရတဲ့ မျက်ရည်တွေကို သားသမီးရဲ့ အပြုံးတစ်ပွင့်နဲ့ ပယ်ဖျက်ပေးနိုင်အောင်ကြိုးစားကြပါတယ် ။ ။

(သားသမီးများအားလုံးကိုယ်စား - - - )

သက်တန့်ချို
May 13-2012

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, May 12, 2012

Freedom News Group သို့ပေးစာ

Freedom News Group သို့ပေးစာ



သတင်းမီဒီယာလို့ ကိုယ့်ကိုယ်ကို ခံယူထားတဲ့ဆိုက်တစ်ခုအနေနဲ့ မန်ဘာတစ်ယောက်ကို ကိုယ့်သဘောကျ ကိုယ် ဘမ်းချင် တိုင်းဘမ်းတာကတော့ သေးသိမ်နုပ်လွန်းလှပါတယ် ။

“ Freedom News Group ရဲ့ Fan Member တစ်ယောက်ကို ဘမ်းချင်တိုင်းဘမ်းတဲ့ လုပ်ရပ်ကို ပြင်းထန်စွာ ရှံ့ချပါတယ် ”

စာဖတ်သူတွေအနေနဲ့ အောက်ပါလင့်လေးကို ၀ိုင်းပြီး Share လုပ်ပေးကြပါ ။ ဒါမှ စာဖတ်သူတွေကို လုပ်ချင် တိုင်းလုပ်နေတဲ့ ဘမ်းချင်တိုင်းဘမ်းနေတဲ့ Page တစ်ခုအကြောင်းလူတွေသိသွားမှာပါ ။ နောက်တစ်ခုက အပစ်မရှိ ပဲ မန်ဘာတစ်ယောက်ကို ဘမ်းတာ စာဖတ်သူအားလုံးကို စော်ကားတာလို့ ကျွန်တော်ယူဆထားတယ် ။

Freedom News ဆိုတာ လွတ်လပ်သော သတင်းများ လို့ ရည်ညွှန်းတယ်မဟုတ်လား လွတ်လွတ် လပ်လပ်တောင် မှတ်ချက်ရေးခွင့်မပေးတဲ့ ဆိုက်တစ်ခုရဲ့ သဘောထားကို လူတွေသိသွားဖို့လိုပါတယ် ။ ဘလော့ ဆို ရင်တော့ Personal မို့ဘာမှမပြောလိုပါဘူး ။ ကိုယ်ကြိုက်သလိုလုပ်ပါ ။ သတင်းမီဒီယာပုံစံ မျိုး ဖေ့ ဘုတ် မှာ ဖန်ပေ့ခ်ျလုပ်ထားတဲ့ဆိုက်တစ်ခုအနေနဲ့တော့ အထက်ပါလုပ် ရပ်ဟာ သေးသိမ် လွန်း အားကြီး ပါ တယ် ။ အသေးစိတ်ကို အောက်ပါဖေ့ဘုတ်လင့်မှာ ဖတ်နိုင်ပါတယ် ။

https://www.facebook.com/note.php?note_id=238675472903791


အထက်ပါလင့်လေးကို Share လုပ်ပေးကြပါ ။ Please share all my readers !!

သက်တန့်ချို
မေ - ၁၂ ၊ ၂၀၁၂

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................Link

Friday, May 11, 2012

ဘ၀ရဲ့ပဲ့တင်သံ

ဘ၀ရဲ့ပဲ့တင်သံ



ဖခင်တစ်ယောက်နဲ့သားဖြစ်သူကောင်လေးတစ်ယောက်ဟာ တောင်တစ်လုံးအပေါ်မှာ အတူလမ်းလျှောက် လာကြ တယ် ။ ရုတ်တရက်ပဲ ကောင်လေး ချော်လဲသွားပြီး နာကျင်လွန်းလို့ညည်းလိုက်တယ် ။ “ အ....အ............”

ကောင်လေး ကအံ့သြသွားတယ် ။ သူ့အသံကို ထပ်ခါထပ်ခါသူပြန်ကြားလိုက်ရတယ် ။ တောင်နံရံတ၀ှိုက်ကနေပြီး “ အ...အ..............” ဆိုတဲ့အသံပါပဲ ။

စပ်စုလိုစိတ်နဲ့ကောင်လေးက အော်လိုက်တယ် ။ “ မင်းဘယ်သူလဲ ”
ကောင်လေးအဖြေပြန်ကြားလိုက်ရတယ် ။ “ မင်းဘယ်သူလဲ ”
ကောင်လေးက တောင်ကိုကြည့်ပြီး ထပ်အော်ပြောတယ် ။ “ ငါမင်းကိုပြောနေတယ်နော် ”
ကောင်လေးအဖြေပြန်ကြားလိုက်ရတယ် ။ “ ငါမင်းကိုပြောနေတယ်နော် ”
ကောင်လေးက ဒေါသထွက်သွားပြီး ထပ်ပြောတယ် ။ “ ငကြောက် !! ”
အဲဒီအခါ အဖြေကိုပြန်ကြားရပြန်တယ် ။ “ “ ငကြောက် !! ”

ကောင်လေးက သူ့အဖေကို ကြည့်ပြီးမေးလိုက်တယ် ။ “ အဲဒါဘာဖြစ်တာလဲဟင် ”
သူ့အဖေကပြုံးလိုက်ပြီး ပြောတယ် ။ “ ငါ့သား နားထောင်နော် ”

ဖခင်ဖြစ်သူက အော်ပြောလိုက်တယ် ။ “ မင်းဟာ ချန်ပီယံပဲ ”
တောင်နံရံတွေက ပြန်ဖြေတယ် ။ “ မင်းဟာ ချန်ပီယံပဲ ”

ကောင်လေးအံ့အားသင့်သွားတယ် ။ ဒါပေမယ့်နားမလည်သေးပါဘူး ။ အဖေဖြစ်သူကရှင်းပြတယ် ။

“ လူတွေက ဒါကို Echo အဲခိုး (ပဲ့တင်သံ ) လို့ခေါ်ကြတယ် ။ ဒါပေမယ့် ဒါဟာ တကယ့်ဘ၀မှာလည်း ဒီလိုပါပဲ သားလုပ်သမျှ သားပြောသမျှ ဟာ သားဆီကို ပြန်လာလိမ့်မယ် တကယ်တော့ ဘ၀ဆိုတာ ရိုးရှင်းလှပါတယ် လုပ်သမျှ အပြုအမှုတွေက ပဲ့တင်သံလို ကိုယ့်ဆီပြန်လာမှာပဲ

အကယ်၍ သားက ချစ်ခြင်းမေတ္တာတွေကို ပိုလိုချင်တယ်ဆိုရင် သားရဲ့နှလုံးသားထဲမှာ ချစ်ခြင်းမေတ္တာတွေကို များများ ထည့်ထားပါ အကယ်၍သားက ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရချင်တယ်ဆိုရင် ကိုယ့်ရဲ့ယုံကြည်မှုကို ကိုယ်တည်ဆောက်ပါ ဒီဆက်နွယ်မှုဟာ အရာရာတိုင်းမှာ အသုံးချလို့ရတယ်သားရဲ့ ဘ၀ရဲ့စစ် မှန်တဲ့ အနှစ်သာရတစ်ခုပဲ ”

@@@@@@@@@@@@@@@@@@@@@@@

ဘ၀ဆိုတာ တိုက်ဆိုင်မှုတွေ နဲ့တစ်ထပ်တည်းတည်ဆောက်ထားတဲ့အရာမဟုတ်ပါဘူး ။ သင့်ရဲ့ ပဲ့တင်သံ သင့်ရဲ့ ကြေးမုံတစ်ခုသာဖြစ်တယ် ။ သင်လုပ်သမျှ သင်ပြောသမျှ သင့်ထံပြန်ရောက်မှာ ဖြစ်သလို သင်ပြုမှု သမျှ ကို သင်ပြန်ရရှိမှာဖြစ်တယ် ။

သက်တန့်ချို
Mountain story အားဘာသာပြန်သည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, May 8, 2012

အုတ်ခဲကျိုး လာမှန်တာကိုစောင့်နေမလား ?

အုတ်ခဲကျိုး လာမှန်တာကိုစောင့်နေမလား ?




ငယ်ရွယ်ပြီးအောင်မြင်နေတဲ့လူငယ်တစ်ဦးက အိမ်နီးနားချင်းတစ်ဦးနဲ့အတူ ခရီးတစ်ခုကို အတူသွားနေခဲ့တယ် ။ ဒီလိုနဲ့ကားမောင်းလာရင်း လမ်းမှာ slow down တစ်ခုကိုတွေ့လို့အရှိန်ကိုလျော့လိုက်တဲ့အချိန်မှာ လမ်းဘေးသစ် ပင်ဘေးမှာ ကလေးတစ်ယောက်ရဲ့အရိပ်ကိုတွေ့လိုက်ရတယ် ။ အဲဒီကလေးလက်ထဲမှာ တစ်ခုခုကိုင် ထားတာ လည်း သူတွေ့လိုက်ရတယ် ။ ဒီလိုနဲ့ slowdown ကို အရှိန်လျော့ပြီးကျော်လိုက်ချိန်မှာတော့ ကားနောက်ပိုင်း တစုံတ ခုက ပြင်းပြင်းထန်ထန် လာရောက်ထိမှန်သံကြားလိုက်ရတယ် .။

ကားအောက်ကို ဆင်းပြီးကြည့်လိုက်ချိန်မှာတော့ အုတ်ခဲကျိုးတစ်ခုပစ်ထားလို့ ကားမှန်ကွဲသွား တာကိုတွေ့ လိုက်ရတယ် ။ သူလည်းဒေါသထွက်ထွက်နဲ့ ဘေးဘီကိုကြည့်လိုက်တော့ သစ်ပင်ဘေး မှာ ကောင်လေး တစ်ယောက်ရပ်နေတာကိုတွေ့လိုက်ရတယ် ။ ကားမောင်းသမား လူငယ် ဟာ ကောင်လေး ဆီပြေး သွားပြီး ဒေါသတကြီးနဲ့ ဆွဲကိုင် ရမ်းပြီး သူ့ကားဆီ ဆွဲခေါ်လာခဲ့တယ် ။ “ ဟေးး မင်းမျက်စိမမြင်ဘူးလား ဘာလို့ ငါ့ကားကို ဒီလိုဖြစ်အောင်လုပ်ရတာလဲ ဒီကားက အသစ်ကြီးကွ ငွေဘယ်လောက်ကုန်လဲမင်းသိရဲ့လား ” လို့ ဆူပူကြိမ်းမောင်းပြီး ဒေါသထွက်ထွက်နဲ့ ကားတံခါးဆီ ၀ုန်းကနဲဆောင့်တွန်းချလိုက်တယ် ။ ကောင်လေး က ကြောက်လွန်းလို့ မျက်ရည်တွေ စီးကျလာတယ် ။

“ မဟုတ်ရပါဘူး အကိုကြီးရယ် ကျွန် - - ကျွန်တော် တမင်ပစ်တာမဟုတ်ပါဘူး ကျွန်တော့် အစ်ကို ဟိုးရှေ့ မှာလဲကျနေလို့ပါ အဲဒါအကူအညီ တောင်းမလို့ပါ ကားတွေက တစ်စီးမှ ရပ်မပေးလို့ အခုလို အုတ်ခဲ ကျိုးနဲ့ပစ်ပြီးတားလိုက်ရတာပါ ” “ မင်းအစ်ကို ဘာဖြစ်လို့လဲကျနေရတာလဲ ” “ ကျွန်တော့်အကိုက ဒုက္ခိတ ပါ အောက် ပိုင်းသေနေတယ် ၀ှီးချဲတွန်းလာတုန်း လမ်းဘေးမှာ အရှိန်မထိမ်းနိုင်ပဲ ကားလမ်းမပေါ်မှာ လဲကျနေ တယ် သူ့ကိုပွေ့ထူဖို့ကျတော့ကျွန်တော်မနိုင်ပါဘူး ဒီတော့ ကားတွေအရမ်းအရှိန်ပြင်းရင်သူ့ကို ၀င်တိုက် မိမှာစိုးတာရယ် အကူအညီတောင်းပြီး သူ့ကို ၀ှီးချဲပေါ် ပြန်တင်ပေးချင်တာကြောင့်အခုလို လုပ်လိုက်ရတာပါ ” ကောင်လေးက ရှည်လျှားစွာ ရှင်းပြတော့ လူငယ်လေး လည်း စိတ်မကောင်းဖြစ်သွားခဲ့တယ် ။

ချက်ချင်းပဲ ကောင်လေးရဲ့အကိုဆီကို သွားပြီး ၀ှီးချဲပေါ်ပြန်တင်ပေးခဲ့တယ် ။ “ ကျေးဇူးတင်ပါတယ်အကိုရယ် ဘုရား က အကို့ကိုစောင့်ရှောက်မှာပါ ” လို့ကောင်လေးက မျက်ရည်တွေကျရင်းပြောလိုက်တယ် ။ ပြီးတော့ သူ့အကိုရဲ့ဝှီးချဲကိုတွန်းပြီးပြန်သွားပါတော့တယ် ။

##################################

ဘ၀ကို လျှင်လျှင်မြန်မြန်ကြီးမဖြတ်သန်းလိုက်ပါနဲ့ တခါတရံမှာ တစုံတစ်ယောက်က ကိုယ့်ကို ရပ်တန့်စေချင်လို့ အုတ်ခဲကျိုးကိုင်ပြီးစောင့်နေတာလည်းရှိနေနိုင်တာပဲမဟုတ်လား ။

ဘုရားက ကျွန်တော်တို့စိတ်ကို တိုးတိုလေးပြောတယ် ကျွန်တော်တို့ နှလုံးသားကို တိုးတိုးလေး စကားပြောတယ် ဒါပေမယ့် ကျွန်တော်တို့ကတော့ တခါတရံမှာ ဘ၀ကို လျှင်လျှင်မြန်မြန်ကြီးဖြတ်သန်းနေရတဲ့အတွက် ရပ်နားထောင် ဖို့တောင်အချိန်ရှိပါဘူး ။ ဒီတော့ သူက ကျွန်တော်တို့ဆီကို အုတ်ခဲကျိုးနဲ့ပစ်လိုက်မှာပါပဲ ။

အခုရွေးစရာ ၂ ခုရှိပါတယ် ။

၁ ။ စကားသံတိုးတိုးလေးကို ရပ်ပြီးနားထောင်မလား ?
၂ ။ အုတ်ခဲကျိုး လာမှန်တာကိုစောင့်နေမလား ?

သက်တန့်ချို
Wait For The Brick အားဆီလျှော်သလိုဘာသာပြန်သည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, May 7, 2012

ခြင်္သေ့ကြီးနှင့်ယုန်ကလေး

ခြင်္သေ့ကြီးနှင့်ယုန်ကလေး



ဟိုးရှေးရှေးတုန်းက ဂူကြီးတစ်ဂူထဲမှာ ကေသရာဇာ ခြင်္သေ့မင်းကြီး နေထိုင်ပါတယ် ။ ခြင်္သေ့မင်းကြီးရဲ့ အနား မှာတော့ ကိုယ်ရံတော်တွေအဖြစ် သမင်ကလေးရယ် မြေခွေးတစ်ကောင်ရယ် ယုန်ဖြူလေးတစ်ကောင် ရယ်နေထိုင်ကြပါတယ် ။ အဲဒီလိုနဲ့နေလာကြရင်း တစ်ခါတော့ ခြင်္သေံကြီးက အစာစားပြီး ဂူထဲမှာ အိပ်နေ လိုက်တာ ၇ ရက်တောင်ကြာသွားပါသတဲ့ ။ ၇ ရက်ပြည့်ပြီးနိုးလာတဲ့အခါ အားရပါးရာ သမ်းဝေလိုက် တဲ့အ ခါ အသားစိမ်းတွေစားထားတဲ့အတွက် အာခံတွင်းထဲက အပုပ်နံ့တွေက လှိုင်လှိုင်ကြီးထွက်ပေါ်လာတာပေါ့ ။

ဒီတော့ ခြင်္သေ့ကြီးက သူ့ ကိုယ်ရံတော်တွေရဲ့ သဘောထားကိုသိလိုတာကြောင့်မေးလိုက်ပါတယ် ။ သမင်ကလေး ကို အရင်ဆုံးမေးလိုက်ပါတယ် ။ “ ငါကိုယ်တော်အခုလို သမ်းလိုက်တဲ့အခါ အာခံတွင်းထဲက ဘာအနံ့များ ထွက်လာပါသလဲ ” သမင်လေးကစဉ်းစားတယ် ။ သူက တောထဲမှာ ဘုရင်ဆိုတော့ အမှန်အတိုင်း အပုပ်နံ့တွေထွက်တယ်လို့ဖြေလိုက်ရင်သူ အသတ်ခံရမှာစိုးလို့ အောက်ပါအတိုင်းဖြေလိုက်တယ် ။ “မှန်လှပါ ခြင်္သေံမင်းခင်ဗျား အရှင်သမ်းဝေလိုက်တဲ့အခါ ကြာညိုနံ့လေးနဲ့မွှေးပျံ့စွာ ထွက်ပေါ်လာပါတယ်ဘုရား ” ဒီတော့ခြင်္သေံ့ကြီးက ဒေါသထွက်ထွက်နဲ့ပြောတယ် ။

“ သယ် ငါ့ဒီလောက် ခုနှစ်ရက်လုံးအိပ်နေတာ အခုဆို အပုပ်နံ့တွေပါးစပ်ထဲကထွက်နေမှာပေါ့ ငါကိုယ်တော်ကို လိမ်ပြောဝံ့သလား ” ဆိုပြီး သမင်းလေးကို ဂုတ်ကနေကိုက်ချီပြီး စားပစ်လိုက်ပါတော့တယ် ။ ပြီးတော့ အလားတူမေး ခွန်းကိုပဲ မြေခွေးကို ဆက်မေးပါတယ် ။ မြေခွေးကစဉ်းစားတယ် ခြင်္သေံ့မင်းက အမှန်အတိုင်းပြော တာကို တန်ဖိုးထားတာပဲဆိုပြီးအောက်ပါအတိုင်းဖြေလိုက်တယ် ။

“ မှန်လှပါ ခြင်္သေံ့မင်းခင်ဗျာ အရှင့်ရဲ့အာခံတွင်းနံ့ဟာ ခုနှစ်ရက်လုံးအိပ်ပြီးအခုမှပြန်နိုးထတဲ့အတွက် အလွန်ပဲ ပုပ်ဟောင်နံစော် လှကြောင်းပါခင်ဗျား ” အဲဒီလိုလည်းပြောလိုက်ရော ခြင်္သေ့ကြီးက စိတ်ဆိုးသွားတယ် ။ “ သယ် - - ဒီမြေခွေးတော့ငါကိုယ်တော်ကို ဒီလိုပဲပြောရသလား ” ဆိုပြီးတော့ မြေခွေးကို လည်းသတ်ပြီး စားပစ်လိုက် ပါတော့တယ် ။ နောက်ဆုံးကျန်တဲ့ ယုန်ကလေးကိုလည်း ခြင်္သေ့ကြီးက အလားတူမေးခွန်းကိုပဲမေးပြန်ပါတယ် ။

ယုန်ကလေးက စဉ်းစားတယ် ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာဆိုတဲ့အဖြေကို ငါဖြေရတော့ မယ် မြေခွေး လိုရော သမင်လိုရောဖြေလို့မဖြစ်ဘူးဆိုပြီးအောက်ပါတိုင်းဖြေလိုက်ပါတယ် ။

“ မှန်လှပါ အရှင်ခြင်္သေ့မင်းခင်ဗျား အရှင့်ရဲ့မေးခွန်းကို ကျွန်တော်မျိုး တအားဖြေချင်လှပါတယ် သို့ပေမယ့် ကျွန်တော်မျိုး မှာ နှာစေးနေတဲ့အတွက် မည်သည့်အနံ့မှ မရတာမို့ မေးခွန်းကို မဖြေနိုင်ကြောင်းပါခင်ဗျာ ”

##############################

အခြေအနေနဲ့အချိန်အခါကိုလိုက်ပြီး အကောင်းဆုံးလုပ်ဆောင်ခြင်းဟာ မိမိအတွက် အခွင့်အရေးပိုမိုရစေပါတယ် ။ အခက် အခဲ ကျဉ်းထဲကြပ်ထဲကြုံတွေ့လာတဲ့အခါ အရာရာကိုချိန်ဆလို့ အကောင်းဆုံးလမ်းကို ရှာဖွေ အသုံးပြုနိုင် ပါစေ ။

သက်တန့်ချို
(ဦးပေါ်ဦး လျှောက်ထုံးမှ မှီငြမ်းသည် )

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, May 4, 2012

ဇနီးသည်လေးဦး

ဇနီးသည်လေးဦး



အရမ်းကိုချမ်းသာတဲ့ ကုန်သည်ကြီးတစ်ဦးဆီမှာ ဇနီးလေးယောက်ရှိပါတယ် ။ ကုန်သည်ကြီးက စတုထ္ထမြောက် ဇနီးကိုအချစ်ဆုံးပဲ ဒါကြောင့်သူ့ရဲ့အဖိုးထိုက်တန်တဲ့ဝတ်ရုံကို ဆင်မြန်းစေပြီး သိမ်မွေ့နူးညံ့စွာ ပဲဆက်ဆံ တယ် ။ ကုန်သည်ကြီးက ဒီ ၄ ယောက်မြောက်ဇနီးကို အရမ်းဂရုစိုက်ပြီး ဘာမှတော့မပေးဘူး ဒါပေမယ့်ပေး မယ်ဆို ရင်လည်း အကောင်းဆုံးကိုပေးလေ့ရှိတယ် ။

ကုန်သည်ကြီးဟာ တတိယမြောက်ဇနီးကိုလည်း လွန်စွာ ချစ်မြတ်နိုးတယ် ။ သူမကို ပိုင်ဆိုင်ရခြင်း အတွက် အမြဲ ဂုဏ်ယူလေ့ရှိပြီး သူ့သူငယ်ချင်းတွေကိုလည်း တတိယမြောက်ဇနီးလေးကိုကြွားလေ့ရှိတယ် ။ ကုန်သည်ကြီးက ဒီဇနီးလေး တခြားယောင်္ကျားတွေနဲ့ ထွက်ပြေးသွားမှာကိုလည်း အရမ်းကြောက်လန့်နေခဲ့တယ် ။

ဒါ့အပြင်ကုန်သည်ကြီးဟာ ဒုတိယမြောက်ဇနီးကိုလည်း ချစ်မြတ်နိုးပါတယ် ။ သူမဟာ အရ်ကိုးစဉ်းစားတွေးခေါ် တတ်တယ် စိတ်လည်းရှည်ပြီး ကုန်သည်ကြီးရဲ့ လူယုံတစ်ယောက်လည်းဖြစ်ပါတယ် ။ ကုန်သည်ကြီးအနေနဲ့ ခက်ခဲတဲ့ပြဿနာတွေနဲ့ရင်ဆိုင်ရပြီဆိုရင် ဒုတိယဇနီးဆီကိုသွားပြီး အကူအညီတောင်းခံလေ့ရှိတယ် ။ ဒုတိယ ဇနီးက ကုန်သည်ကြီးကို ကူညီပြီး ပြဿနာတွေကို ကူညီဖြေရှင်းပေးလေ့ရှိတယ် ။

ကုန်သည်ကြီးရဲ့ ပထမဆုံးဇနီးကတော့ တော်ဝင်အမျိုးအနွယ်ဖြစ်ပြီး ကုန်သည်ကြီးရဲ့ ဥစ္စာဓနတွေနဲ့အိမ်ကြီးကို ထိမ်းသိမ်းစောင့်ရှောက်ရတယ် ။ ဒါပေမယ့်လည်း ကုန်သည်ကြီးက ပထမဇနီးကိုတော့မချစ်ပါဘူး ။ သူမက သူ့ကို နက်ရှိုင်းစွာ ချစ်ပေမယ့်လည်း ကုန်သည်ကြီးကတော့ အမြဲပဲ ဆူညံစွာ ကြမ်းတမ်းစွာ ဆက်ဆံလေ့ရှိတယ် ။

တစ်နေ့မှာ ကုန်သည်ကြီးနေမကောင်းဖြစ်တယ် ။ နေမကောင်းတာဟာ တဖြည်းဖြည်း အဲဒီရက်ကစလို့ ရှည်ကြာ လာတယ် ။ မကြာခင်သူသေဆုံးတော့မယ်ဆိုတာကိုလည်း သူ့ကိုယ်သူသိနေခဲ့တယ် ။ ကုန်သည်ကြီးက သူ့ဘ၀ သူပြန် စဉ်းစားပြီး တွေးနေတယ် ။ “ ငါ့မှာ ငါနဲ့အတူနေတဲ့ဇနီးလေးယောက်ရှိတယ် ဒါပေမယ့် ငါသေတဲ့ အခါ ငါတစ်ယောက်တည်းနေရတော့မယ် ဘယ်လောက်တောင် အထီးကျန်လိုက်သလဲ !! ”

ဒါကြောင့် သူက စတုထ္ထမြောက်ဇနီးကိုမေးတယ် ။ “ ငါမင်းကိုအချစ်ဆုံးပါပဲ မင်းကို အသစ်လွင် ဆုံးအ၀တ် အစားတွေပေးဝတ်ခဲ့တယ် အထူးပဲကြင်နာဂရုစိုက်ခဲ့တယ် အခုငါ သေရတော့မယ် မင်းငါနဲ့တမလွန်ကို အတူ အဖော်အဖြစ် လိုက်ခဲ့နိုင်မလား ” “ ဟင့်အင်း ” စတုထ္ထမြောက်ဇနီးက တစ်ခွန်းထဲဖြေပြီး ဘာစကား မှမပြောတော့ပဲလှည့်ထွက်သွားခဲ့တယ် ။

သူမအဖြေက ကုန်သည်ကြီးရဲ့နှလုံးသားကို ဓါးနဲ့လှီးခွဲလိုက်သလို နာကျင်ခဲ့ရတယ် ။ ၀မ်းနည်း သွားတဲ့ကုန် သည်ကြီးက တတိယဇနီးကိုမေးတယ် ။ “ ဇနီးအားလုံးထဲမှာ ငါမင်းကိုအချစ်ခဲ့ဆုံးပါပဲ အခုငါသေတော့ မယ် မင်းငါနဲ့အတူ အဖော်အဖြစ်တမလွန်ကို လိုက်ခဲ့နိုင်မလား ” တတိယဇနီးကပြန်ဖြေတယ် “ ဒီမှာနေရတဲ့ ဘ၀ကပိုကောင်းပါတယ် ရှင်သေသွားပြီးရင်ကျွန်မမှာ နောက်အိမ်ထောင်ပြုဖို့ရှိသေးတယ် ” အဖြေကိုကြား လိုက်ရတဲ့အခါ ကုန်သည်ကြီးရဲ့ နှလုံးသားဟာ နာကျင်သွားပြီးအေးစက်သွားတယ် ။

ပြီးတော့ ဒုတိယဇနီးကိုသူဆက်မေးတယ် ။ “ ငါအကူအညီလိုတဲ့အခါတိုင်းမင်းဆီကိုလာခဲ့တယ် မင်းဟာ အမြဲငါ့ပြဿနာတွေ ကိုကူညီဖြေရှင်းပေးခဲ့တယ် အခု ငါသေရတော့မယ် မင်းငါနဲ့အတူ အဖော်အဖြစ်တမလွန်ကို လိုက်ခဲ့နိုင် မလားဟင် ” “ စိတ်မကောင်းပါဘူးရှင် ဒီတစ်ကြိမ်တော့ကျွန်မရှင့်ကို မကူညီနိုင်တော့ပါဘူး အလွန်ဆုံးရှင့် ကို စိတ်အားတက်အောင်ပဲ ကျွန်မကူညီပေးနိုင်ပါ့မယ် ” အဖြေစကားက မိုးကြိုးပစ်ချလိုက် သလိုပါပဲ ကုန်သည်ကြီးဟာ တုန်လှုပ်ခြောက်ခြားသွားခဲ့တယ် ပြီးအစာရေစာလည်းမ၀င်တော့ဘူး ။

အဲဒီအချိန်မှာပဲ အသံတစ်သံထွက်လာတယ် ။ “ ကျွန်မရှင်နဲ့အတူလိုက်ခဲ့မယ် ရှင်ဘယ်ကိုသွား သွားဘာတွေ ပဲဖြစ်ဖြစ်ကျွန်မရှင်နဲ့လိုက်ခဲ့ပါ့မယ် ”ကုန်သည်ကြီးက လှည့်ကြည့်လိုက်တဲ့အခါ သူ့ရဲ့ပထမဆုံး ဇနီးဖြစ်လို့နေ တယ် ။ သူမက ကလည်းပိန်ကပ်နေတယ် အစာရေစာချို့တဲ့နေသလိုပါပဲ ။ အံသြစွာနဲ့ကုန် သည်ကြီး ကပြော ခဲ့တယ် ။ “ ငါအသက်ရှင်စဉ်မှာ မင်းကို ငါ ဒီထက်ပိုပြီး ဂရုစိုက်သွားတော့မယ် ”

###########################

တကယ်တော့ ကျွန်တော်တို့ ဘ၀တွေမှာ ဇနီးလေးယောက်စီရှိပါတယ် ။

၁ ။ စတုထ္ထဇနီးကတော့ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ပါ ။ ခန္ဓာကိုယ်ကိုဘ ယ်လိုပဲကောင်းအောင် လှအောင် တောက် ပနေအောင်ပြုပြင်ဖန်တီးနေပေမယ့်လည်း ကျွန်တော်တို့သေဆုံးတဲ့အခါစွန့်ခွာခဲ့ရမှာပါပဲ ။

၂ ။ တတိယဇနီးကတော့ ကျွန်တော်တို့ ပိုင်ဆိုင်မှုစည်းစိမ်တွေပါ ။ ကျွန်တော်တို့သေတဲ့အခါ အဲဒီစည်း စိမ်တွေကလည်းတခြားလူတွေနဲ့အတူပါသွားလိမ့်မယ် ။

၃ ။ ဒုတိယဇနီးကတော့ ကျွန်တော်တို့မိသားစုနဲ့ သူငယ်ချင်းတွေပါ ။ ကျွန်တော်တို့ ဘယ်လောက် ပဲရင်းနှီး တယ်ပြောပြော ကျွန်တော်တို့အသက်ရှင်နေစဉ်မှာပဲ ဖြစ်နိုင်ပါလိမ့်မယ် ။ သူတို့က အသက်ရှင်နေစဉ်မှာ ရဲရင့်အောင် စိတ်အားတက်ကြွအောင်ပဲဆောင်ရွက်ပေးနိုင်ပါလိမ့်မယ် ။

၎ ။ ပထမဆုံးဇနီးကတော့ ကျွန်တော်တို့ရဲ့စိတ်အတွင်းသဏ္ဍန်ပါပဲ ။ ကျွန်တော်တို့တကယ်ပိုင်ဆိုင်တဲ့အရာပေါ့ အရာဝထ္ထုပစ္စည်းစည်းစိမ်တွေ နဲ့ အာရုံငါးပါးနောက်ကျွန်တော်တို့ ကောက်ကောက်ပါအောင် လိုက်ပြီး စိတ်ရင်းသဏ္ဍန်ကို လစ်လျှူရှုထားပေမယ့်လည်း ကျွန်တော်တို့ စိတ်တွင်းသဏ္ဍာန် ကတော့ကျွန်တော် တို့နဲ့အမြဲအတူရှိနေမှာဖြစ်ပြီး ကျွန်တော်တို့ဘယ်ကိုသွားသွားဘာတွေပဲဖြစ်ဖြစ် အတူလိုက်ပါနေမှာဖြစ်ပါတယ် ။

သက်တန့်ချို
The 4 wives အားဘာသာပြန်ခံစားသည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................