Tuesday, August 28, 2012

ယုံကြည်မှု (TRUST ) ဆိုတာ

ယုံကြည်မှု (TRUST ) ဆိုတာ




တစ်ခါတုန်းက လူတစ်ယောက်ဟာ လက်ထပ်ပြီးစ သူ့ဇနီးနဲ့အတူ နေအိမ်ကို ပြန်လာခဲ့တယ် ။ သူတို့ဟာ အိမ်ကိုရောက်ဖို့အတွက် ကန်ကြီးတစ်ကန်ကို ဖြတ်ရတယ် ။ အဲဒီကန်ကြီးကို လှေတစ်စင်းနဲ့အတူ သူတို့ ဇနီးမောင်နှံ ဖြတ်ခဲ့ကြတယ် ။ ဒါပေမယ့် ရုတ်တရက် လေမုန်တိုင်းတွေ တိုက်လို့ ကန်ထဲမှာ လှိုင်းကြီးလှေကြီးဖြစ် လာခဲ့တယ် ။ အမျိုးသားဖြစ်သူက စိုးရိမ်ပူပန်တတ်သူဖြစ်ပြီး အမျိုးသမီးကတော့ အရမ်းကို ထိတ် လန့် ကြောက်ရွံ့နေခဲ့တယ် ။ သူတို့မှာ ဘာမျှော်လင့်ချက်မှ မရှိတော့ဘူးပေါ့ ။

လှေကလေးက သေးငယ်ပြီး လေမုန်တိုင်းကြောင့်ဖြစ်ပေါ်လာတဲ့ လှိုင်းလုံးတွေကပိုပြီးကြီးမားပါတယ် ။ အချိန် မရွေး လင်မယားနှစ်ယောက်စလုံး နစ်မြုပ်သွားနိုင်တယ်မဟုတ်လား ။ ဒါပေမယ့် အမျိုးသားဖြစ်သူက တိတ်ဆိတ် စွာနဲ့ ၀မ်းနည်းနေတယ် ။ ငြိမ်သက်လို့ ငူငူငိုင်ငိုင်ဖြစ်နေခဲ့တယ် ။ ဘာမှမဖြစ်တော့သလိုပေါ့ ။

အမျိုးသမီးဖြစ်သူကတော့ တစ်ကိုယ်လုံးကြောက်လန့်မှုနဲ့ တုန်ခါနေခဲ့ပြီး အမျိုးသားဖြစ်သူကိုမေးတယ် ။ “ ရှင်မကြောက်ဘူးလား ”

ဒါငါတို့ဘ၀ရဲ့ နောက်ဆုံးအချိန်နဲ့တူတယ် ဟိုဖက်ကမ်းစပ် ကို ဘယ်လိုနည်းနဲ့မှပြန်မရောက်နိုင်တော့ဘူး အချို့သော အံ့သြဖွယ်ရာ အဖြစ်အပျက်တွေကသာ ငါတို့ကို ကယ်ဆယ်နိုင်လိမ့်မယ် ဒါမှမဟုတ်ရင် ငါတို့သေ မှာကျိန်းသေပဲ

“ ရှင်မကြောက်ဘူးလား ရှင်ရူးသွားတာလား ဒါမှမဟုတ် တစ်ခုခုဖြစ်နေတာလား ရှင်က ကျောက်တုံးတစ်တုံးလား တစ်ခုခုပဲ ”

အမျိုးသားဖြစ်သူကရယ်မောလိုက်တယ် ပြီးတော့ ဓါးရှည်ကို ဓါးအိမ်ထဲကနေ ဆွဲထုတ်လိုက်တယ် ။ အမျိုးသမီးဖြစ် သူကပိုပြီးတော့ စိတ်ဝင်စားသွားတယ် ။ သူ ဘာလုပ်ဖို့လဲ ??

ပြီးတော့ သူက အဲဒီဓါးရှည်ကို အမျိုးသမီးရဲ့လည်ပင်းနားကို နီးကပ်စွာထိလိုက်တယ် ။ ပြီးတော့ ထိလုထိခင်လေး အထိ ဓါးကို ထားလိုက်ပြီးနောက်ဆုံးဓါးကို လည်ပင်းနဲ့ထိအောင် ထားလိုက်တယ် ။ ပြီးတော့မေး တယ် “ မင်းကြောက်နေလား ”

အမျိုးသမီးဖြစ်သူကရယ်မောလိုက်ပြီး ပြောတယ် ။ “ ကျွန်မက ရှင့်ကိုဘာလို့ကြောက်ရမှာလဲ ဓါးက ရှင့်လက်ထဲ မှာပဲ ကျွန်မ ဘာလို့ ကြောက်ရမှာတုန်း ရှင်ကျွန်မကို ချစ်တာ သိနေတာပဲ ”

အမျိုးသားက ဓါးကို ဓါးအိမ်ထဲပြန်ထည့်လိုက်တယ် ။ “ အဲဒါ ငါ့အဖြေပဲ ” လို့ ပြောလိုက်တယ် ။

“ ငါ့ကို ဘုရားသခင်ကချစ်တယ်ဆိုတာငါသိတယ် မုန်တိုင်းက သူ့လက်ထဲမှာပဲ ငါလည်းဘာကြောင့်ကြောက်နေ ရမှာလဲ ”

-------------------------------------------

ဘာတွေပဲ မုန်တိုင်းထန်လို့ ဘယ်လောက်ပဲ ဆိုးရွားမှုတွေကြုံတွေ့နေရပါစေ ကောင်းတာတွေဖြစ်လာဖို့ ဆိုတဲ့ အတွေး ကို တွေးပါ ။

အကယ်၍ ကျွန်တော်တို့ အခြေအနေဆိုးတွေက လွတ်မြောက်ခဲ့သည်ဖြစ်စေ မလွတ်မြောက်ခဲ့သည်ဖြစ်စေ ကျွန်တော် တို့ကောင်းဖို့ဆိုတာကို တွေးကြည့်ပါ ။ဘာကြောင့်လည်းဆိုတော့ အရာရာဟာ ဘုရားသခင် ရဲ့လက်ထဲမှာ ရှိနေပြီး ဘုရားသခင်က ကျွန်တော်တို့ကို ဘယ်တော့မှ မှားယွင်းမှုတွေကို မဖန်တီးဘူး ။ ကျွန်တော်တို့ကသာ လမ်းမှားတွေကို လျှောက်ခဲ့ကြတာဖြစ်တယ် ။

ဒီပုံပြင်လေးရဲ့ သော့ချက်ကတော့ “ လူတစ်ယောက်အတွက် ဘ၀မှာ အသက်ရှင်နေထိုင်ဖို့ လိုအပ်တဲ့ - ယုံကြည်မှု - ကို ဖော်ညွှန်းသွားခြင်းဖြစ်တယ် ။ ယုံကြည်မှု ဟာ သင့်ရဲ့ဘ၀ တစ်ခုလုံးကို ပြောင်းလဲ သွားစေနိုင် တယ် ။

သက်တန့်ချို
TRUST IN GOD အား မူရင်းအတိုင်း ဘာသာပြန်ခံစားသည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, August 27, 2012

ဒီမိုးရွာတာ ရေတွေကြီးစေတယ်



ဒီမိုးရွာတာ ရေတွေကြီးစေတယ်

ဥတုရာသီတောကိုမှီ -- လက်လုပ်လက်စားတွေ ဘာကိုမှီနေသလဲ
ဒီမိုးက နေရာအနှံ့ ရေတွေကြီးစေခဲ့
အိမ်ခေါင်မိုးထက် အေးစက်ရှာသော ဘ၀အချို့ဟာ
မျက်ရည်နဲ့ မိုးတွေ ရောနေဆဲ ။

တသောသော ကျဆင်းသော အိမ်မက်အချို့
ခေါင်မလုံတဲ့အခါ တစ်အိမ်လုံးစိုသလို
ပြင်လိုက်ပျက်လိုက် ဖာလိုက်ပေါက်လိုက်
ကတ္တရာဟာ အရည်အသွေးညံ့သလား လူတွေကအရည်အသွေးညံ့တာလား
ဒီမိုးက ရေတွေကြီးစေတယ် ။

တခါတုန်းကလည်း ကျိန်စာဆိုးတွေ အတိုက်ခံရဖူးခဲ့
မှတ်မှတ်ရရ အဲဒါကို “ နာဂစ် ” လို့ အမည်ပေး
ငါတို့ကို သွေးအေးအေးနဲ့ သတ်သွားတယ်
ဘယ်သူက အစားပြန်လျှော်ပေးခဲ့သလဲ ။

စိုက်သော သစ်ပင်ကိုပဲခုတ် ငုတ်တိုဖြစ်အောင်ကြံ
လက်တစ်ဆုပ်စာ ကောင်းစားဖို့အရေး
ဘာကိုမှလည်းရေရှည်မတွေးခဲ့
အခု အိမ်ပြင်မှာ မိုးတွေရွာနေတယ် --
သည်းသည်းမည်းမည်းကိုရွာနေတယ်
ငါ့အိမ်လေးလည်း ရေမြုပ်နေတယ်
ငါတို့အိပ်မက်တွေလည်း ရေမြုပ်နေတယ် ။

အေးတယ် အေးတယ် ထံရံပေါက်က လွင့်စင်ထွက်သော မိုးစက်တွေက
အရိုးထဲအထိ ခိုက်ခိုက်တုန်ယင်နေခဲ့ရ
အဲကွန်းနဲ့ဇိမ်ခံကားထဲက သူဌေးက အေးတယ်အေးတယ် အော်တယ်
အဲဒီပါးစပ်ကို ပိတ်ထားလို့ရရင်ကောင်းမယ်
ခင်ဗျားတို့ စကားလုံးတွေက (တဆိတ် ) နားခါးလွန်းတယ် ။

ဒီမိုးက အဆက်မပြတ်ကိုရွာတယ်
နေရာအနှံ့မှာ ရေတွေ ပြည့်လျှံထွက်
ဘ၀တွေရဲ့ သောကတွေလား ဘ၀တွေရဲ့မျက်ရည်တွေလား
ကားမှတ်တိုင်မှာ ရေတွေပြည့်နေတာ
အိမ်တွေထဲမှာ ရေတွေပြည့်နေတာ
လမ်းတွေထဲမှာ ရေတွေပြည့်နေတာ
အကျိုးဆက်ဟာ ရောဂါဘယတွေကို ကြည်ကြည်ဖြူဖြူခေါ်နေတယ် ။

ဒီမိုးရွာတာ ရေတွေကြီးစေတယ်
သီးနှံစိုက်ခင်းတွေလည်းပျက်
အိပ်မက်တွေလည်းပျက်
ဘ၀တွေလည်းပျက်
-----------ပျက်
--------ပျက်
-----ပျက်
ပျ က် - - - စီး - - ကုန် - - တယ် ။

သက်တန့်ချို
၂ ၅ သြ ဂု တ် လ

Photo : Google Image Search


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ဥမပေါက်သေးခင် ကြက်ဘယ်နှစ်ကောင်ရှိလဲ မရေတွက်ကြည့်ပါနဲ့

ဥမပေါက်သေးခင် ကြက်ဘယ်နှစ်ကောင်ရှိလဲ မရေတွက်ကြည့်ပါနဲ့



တစ်ခါတုန်းက နွားနို့ သယ်ပို့တဲ့ ကောင်မလေးတစ်ယေက် က ဈေးထဲမှာ နွားနို့တွေရောင်း ဖို့အတွက် နွားနို့ ပုံးလေး ကို ခေါင်းပေါ်ရွက်လို့ လမ်းလျှောက်လာခဲ့တယ် ။ ဦးခေါင်းပေါ်မှာ နွားနို့ပုံးလေးရွက်ရင်း လမ်းတလျှောက် နွားနို့ရောင်းပြီးရတဲ့ငွေတွေနဲ့ ဘာဆက်လုပ်ရမလဲဆိုတာကို စိတ်ကူးယဉ် အိပ်မက်တွေ မက်လာခဲ့တယ် ။

“ အင်းနွားနို့ရောင်းရတဲ့ငွေတွေနဲ့ အိမ်နောက်ဖေးက မြေကွက်လပ်မှာ ကြက်ပေါက်လေးတွေ အကောင် ၁၀၀ လောက်ဝယ်မွေးရမယ် သူတို့ကြီးလာတဲ့အခါ ငါဈေးမှာသွားရောင်းမယ် အဲဒီအခါ ဈေးမှာ ငါ ပိုက်ဆံတွေ အများကြီးရမှာပဲ ” အဲဒီလိုတွေးပြီး ကောင်မလေးက လမ်းဆက်လျှောက်လာတယ် ။ ပြီးတော့ ဆက်ပြီးတွေးပြန်တယ် “ အဲဒီရလာတဲ့ငွေတွေနဲ့ ငါ ဆိတ်လေး ၂ ကောင်လောက်ဝယ်မွေး၇မယ် သူတို့ကြီးလာ တဲ့အ ခါ ငါ ရောင်ထုတ်လိုက်တဲ့အခါ ငွေတွေ ဒီထက်ပိုရလာမှာပဲ ” စိတ်ကူးယဉ် အိပ်မက်တွေ ဆက် မက်ပြီး ကောင်မလေးလည်းဆက်ပြီးလျှောက်လာခဲ့တယ် ။

“ မကြာခင်မှာ ငါ နောက်ထပ် နွားတစ်ကောင်ဝယ်နိုင်မှာပဲ အဲဒီအခါ ငါ နို့တွေများများ ညှစ်ပြီး ရောင်းနိုင်ဦး မယ် ငွေတွေလည်းထပ်ရလာဦးမယ် ” အဲဒီလို တွေးပြီး ပြုံးပျော်လို့ ကောင်မလေးဟာ ရှေ့က ခဲလုံးလေးကို ခုန်ပြီးကျော်လိုက်တယ် ။ ရုတ်တရက်ပဲ ဟန်ချက်မထိမ်းနိုင်ဖြစ်ပြီး လဲကျသွားတယ် ။ အဲဒီအခါ နွားနို့ပုံး လည်းမှောက်ကျသွားပြီး မြေပြင်ပေါ် နွားနို့တွေ အကုန်လုံးဖိတ်ကျကုန်ခဲ့တယ် ။ အခုဆို ကောင် မလေး လည်းဆက်ပြီး အိပ်မက်မမက်နိုင်တော့ဘူး ။ ၀မ်းပန်းတနည်း မြေပြင်ပေါ် ထိုင်ချလိုက်ပြီး ငို လိုက်ပါတော့တယ် ။

----------------------------------

“ ဥမပေါက်သေးခင် ကြက်ဘယ်နှစ်ကောင်ရှိလဲ မရေတွက်ကြည့်ပါနဲ့” ဆိုတဲ့စကားရှိတယ် ။ ရှေ့မှာ ကြိုဖြစ်မ လာသေးပဲ စိတ်ကူးယဉ်အိပ်မက်မက်နေခြင်းဟာ လက်ရှိ အနေအထားတွေကိုပါ ပျက်ယွင်းစေတယ် ။

- စိတ်ကူးယဉ်တယ်ဆိုတာ လက်တွေ့မဆန်ဘူး ပန်းတိုင်ကို လက်တွေ့ကျကျ အကောင်ထည်ဖော်ရမယ်
- အခြေအနေနဲ့အချိန်အခါပေါ်မူတည်ပြီး Plan လုပ်ရမယ် လမ်းလျှောက်နေတုန်း စဉ်းစားတဲ့အ ခါ နွားနို့ပုံး ဖိတ်တာပဲ အဖတ်တင်မယ် ( အမှန်ဆို လက်ထဲ မှာ ပိုက်ဆံရလာတဲ့အခါမှ ဆက်စဉ်းစားသင့်တယ် )
- တစ်ခုခုဖြစ်မလာသေးခင် စိတ်ကူးနဲ့ကြိုပြီး မပျော်ထားပါနဲ့ မတွက်ချက်ထားပါနဲ့ တခါတလေမှာ တစုံတ ခုသောအကြောင်းကြောင့် ကိုယ်မမျှော်လင့်တဲ့ ဆုံးရှုံးမှုတွေလည်းဖြစ်လာတတ်တယ်

သက်တန့်ချို
THE MILKMAID အားဘာသာပြန်ခံစားသည်

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, August 24, 2012

ညီမလေးဖတ်ဖို့ (၉)

ညီမလေးဖတ်ဖို့ (၉)



ညီမလေးရေ -- နေလို့မှ ကောင်းရဲ့လား ညီမလေးဆီ စာလည်းမရေးဖြစ်တာအခုဆို လပေါင်းများစွာကြာခဲ့ပြီပေါ့ ။ အလုပ်တွေက တစ်ဖက် ၀ါသနာပါတဲ့ စာပေခရီးကတစ်ဖက် နဲ့ တို့တွေ ခရီးတွေသွားနေလိုက်ကြတာ ။ သူများတွေကတော့ ကိုယ်ဝါသနာပါတဲ့ အလုပ်တစ်ခုလုပ်တဲ့နေရာမှာ ပန်းတိုင် ဆိုတာ ထားကြတယ် ညီမလေးရေ ။ အကိုကတော့ ဒီလိုမဟုတ်ပါဘူး ။ ကိုယ့်မှာ Limit ဆိုတဲ့ ဒီလောက်ဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက် မရှိဘူးလေ ။ အကိုဟာ သွားနိုင်သမျှ သွားမယ် ရောက်နိုင်သမျှ ရောက်အောင်သွားမယ် ရိုးရိုးလေးပါပဲ ။ ဒီတစ်ခေါက် ညီမလေးအတွက်ရေးပေးတဲ့စာမှာတော့ ညီမလေးအတွက် အသုံးဝင်မယ် ထင်တဲ့အချက်အ လက်လေးတွေ ကို တတ်နိုင်သမျှ စီရီလို့ စာတစ်ပုဒ်အဖြစ်ချရေးပေးလိုက်ပါတယ် ။ အခုရက်ပိုင်း မိုးကလည်း အရမ်း ကို သည်းနေတာပေါ့ ညီမလေးရယ် ။

ညီမလေးရေ မင်းရဲ့ ရန်သူဖြစ်စေ မိတ်ဆွေဖြစ်စေ ကြင်ကြင်နာနာဆက်ဆံပေးပါ ။ ဘာကြောင့်လည်းဆိုတော့ သူတို့ဘာလို့ မင်းနဲ့ မိတ်ဆွေဖြစ်ရသလဲ မင်းနဲ့ ရန်သူဖြစ်ရသလဲဆိုတဲ့ အချက်အလက်တွေအကုန်လုံးကို မင်းမသိနိုင်တဲ့အတွက်ဖြစ်တယ် ။ တခါတလေ မင်းမှန်တယ်လို့ ကိုယ့်ဖက်ကနေထင်နေတဲ့အရာတွေဟာ သူတပါးဖက်ကကြည့်ရင်တော့ မှားနေတတ်တယ်မဟုတ်လား ။ ဒါကြောင့် လူဆိုတာ ကိုယ့်ဖက်က တစ်ဖက် တည်းဘယ်တော့မှ မကြည့်ရဘူးလို့ ဆိုခဲ့ကြတာပေါ့ ။

ညီမလေးရေ ဘ၀ဆိုတာ စွန့်စားခန်းတွေနဲ့ပြည့်နှက်နေတဲ့ ခရီးရှည်ကြီးတစ်ခုပေါ့ ။ အဲဒီခရီးရှည်ကြီးထဲ ကိုယ်တစ်ယောက် တည်းစ တင်လျှောက်လှမ်းတော့မယ်ဆိုတာနဲ့ ဆင်းရဲဒုက္ခတွေ ၀မ်းနည်းကြေကွဲ စရာတွေ လည်းမ လွဲမသေ ကြုံတွေ့လာရလိမ့်မယ် ။ ဒါတင်ဘယ်ကလိမ့်မလဲ သူနိုင်ကိုယ်နိုင်အပြိုင်ကြဲရတဲ့ တိုက်ပွဲတွေ လည်း မင်းဆင်နွှဲရလိမ့်မယ် ။ အဲဒီလို ခက်ခဲကြမ်းတမ်းတဲ့ဘ၀ခရီးရှည်ကို လျှောက်လှမ်းဖို့အတွက် ညီမလေးမှာ ယုံကြည်မှု တွေ မေတ္တာတရားတွေ ခံနိုင်ရည်ရှိမှုတွေနဲ့ တွေးတောနားလည်နိုင်မှု ဆင်ခြင်သုံးသပ်နိုင်မှုတွေ အများကြီးလိုအပ်တယ်မဟုတ်လား ။

ညီမလေးရေ လောကမှာ သိသင့်သိထိုက်တဲ့အရာတွေကို သိနေရအောင် ကြိုးစားရမယ် ။ လောကကြီးကနေ သင်ကြားပေးနေ တဲ့ သင်ခါးစာတွေကို ခါးသီးသည်ဖြစ်စေ ချိုမြိန်သည်ဖြစ်စေ ခံယူနိုင်စွမ်းရှိနေရမယ် ။ ညီမလေးသိထား ဖို့ကတော့ လောကကြီးမှာ လူတိုင်းဟာ သမာ သမတ် မကျနိုင်ဘူးဆိုတာပါပဲ ။ မှန်ကန်တဲ့အတိုင်း လုပ်နေတဲ့သူတွေရှိသလို မမှန်မကန်ပဲ လုပ်နေတဲ့ လူမှားတွေလည်း အများကြီးရှိသေး တယ်ဆို တာ ညီမလေးသိဖို့လိုတယ် ။ ညီမလေးရေ ဒါတင်ဘယ်ကလိမ့်မလဲ လောကကြီးက သိပ်ကို အံဝင်ခွင်ကျဖြစ်အောင်ဖန်တီးပေးနိုင်တယ် ။ လောကထဲမှာ လူဆိုးတစ်ယောက်ရှိအောင် လူစွမ်းကောင်း တစ်ယောက်ရှိတယ် ။ ကောက်ကျစ်တဲ့ ခေါင်းဆောင် တစ်ယောက်ရှိရင် လေးစားအ တုယူကြည်ညိုရ တဲ့ခေါင်းဆောင်ကောင်း လည်းရှိတယ် ။ ညီမလေးသိထားဖို့က ကိုယ့်ကို ဒုက္ခပေးမယ့် ရန်သူတစ်ယောက်ရှိ တိုင်းမှာ ကိုယ့်ကို ကူညီစောင့်ရှောက်ပေးမယ့် မိတ်ဆွေတစ်ယောက်တော့အနည်းဆုံးရှိတယ်ဆိုတာပါပဲ ။

ညီမလေးရေ ဘ၀ကို ဖြတ်သန်းတဲ့အခါ ကိုယ်အလကားရတဲ့ ပိုက်ဆံ တစ်ထောင်ထက် ကိုယ့်အရည်အချင်းနဲ့ ကိုယ်တိုင်ရှာတဲ့ငွေတစ်ရာက ပိုပြီးတန်ဖိုးရှိတယ်ဆိုတာ မှတ်ထားပါ ။ လောကမှာ ဖြစ်ပျက်သမျှ အဆိုးတွေ အရှုံးတွေကို အပြုံးမပျက်ပဲ ညီမလေး ခံယူတတ်မှသာ ကိုယ်အောင်မြင်တဲ့အချိန် မှာ ပျော်ရွှင်မှု အစစ်ဆိုတာ ဘာလဲဆိုတာ မင်းသိလာပါလိမ့်မယ် ။ ညီမလေးရေ လူလူချင်းပေါင်းသင်းဆက်ဆံတဲ့နေရာမှာ မနာလို ၀န်တိုစိတ် မစ္ဆေရ စိတ်တွေ ကင်းနေမှ သူတပါးရဲ့အဆင်ပြေမှု အောင်မြင်မှုကို မုဒိတာ ပွားနိုင်မှ ကိုယ့်စိတ်ဟာ ဖြူစင်အေးချမ်းနေမယ် ။ ကိုယ်ဘာပဲလုပ်လုပ် မအောင်မြင်မှုနဲ့ ရှုံးနိမ့်မှုတွေကြုံလာရတဲ့အခါ အရှုံးဒါဏ်ကို ကြံ့ကြံ့ခံ ရင်ဆိုင်လို့ အောင်မြင်တဲ့အထိရောက်အောင် ဆက်လက်ကြိုးစားရမယ်ဆိုတဲ့ စိတ်ဆန္ဒပြင်းပြမှုကို ညီမလေးရဲ့ စိတ်နှလုံးသားထဲမှာ မွေးမြူထားပါ ။ နောက်ထပ်သိထားဖို့ကတော့ ညီမလေးဟာ မှန် လို ကျင့်ကြံနိုင်ရင်အကောင်းဆုံးပါပဲ ။ သိမ်မွေ့ယဉ်ကျေးသူနဲ့တွေ့တဲ့အခါ သိမ်မွေ့စွာ ဆက်ဆံတတ်ပြီး မာကျောခက်ထန်သူနဲ့တွေ့တဲ့အခါ ကိုယ်လည်း မာကျောနေဖို့လိုတယ် ။

ညီမလေးရေ လောကကြီးထဲမှာ ဘာကိုပဲလုပ်လုပ် အများလုပ်တိုင်းလိုက်မလုပ်မိပါစေနဲ့ ။ ကိုယ့်ဆုံးဖြတ်ချက်ကို ကိုယ်ကိုယ်တိုင်ယုံကြည်လို့ သူများစကားတွေကိုလည်းနားစွင့်လို့ အမှန်နဲ့အမှား အကောင်းနဲ့အဆိုး အကျိုးနဲ့ အကြောင်း ကို ညီမလေးခွဲခြားချင့်ချိန်တတ်ဖို့လိုတယ် ။ ကိုယ်မျက်ရည်ကျတာဟာ ရှက်စရာမဟုတ် ဘူးညီမလေး ဒါပေမယ့် ရှုံးနိမ့်တဲ့အခါမှာလည်းကိုယ်ဟာ ကျက်သရေရှိနေဖို့တော့လိုတယ် ။ အရှုံးထဲ ကနေ ပြန်မထနိုင်ပဲ အရှုံးကို လက်ခံလိုက်ရခြင်းသာ ညီမလေးအတွက်တကယ့် ဆုံးရှုံးမှုကြီးဖြစ်တယ် ။ ကိုယ့်နောက် ကွယ် မှာ ကိုယ့်အတင်းကိုပြောတတ်တဲ့သူတွေ ကိုယ့်မကောင်းကြောင်အမြဲ ကုန်းချော ပြောနေတဲ့ သူတွေကို ဂရုစိုက်ဖို့မလိုပါဘူးညီမလေးရေ ညီမလေးအနေနဲ့ စကားကို အရမ်းချိုချိုသာ သာ ပြောတတ် တဲ့သူတွေနဲ့တွေ့ရင်သာ သတိထားဖို့လိုတယ် ။ စကားချိုလွန်းတဲ့သူတွေရဲ့ စိတ်အတွင်းသဏ္ဍာန် မှာ ကောက် ကျစ် မှုတွေနဲ့သာ များသောအားဖြင့် ပြည့်နေတတ်ကြတယ် ။ ညီမလေးရေ ကိုယ့်ရဲ့ ဦးနှောက် က တွေးတောနိုင် မှု စွမ်းရည်ကို ကြေးအမြင့်ဆုံးပေးတဲ့သူထံသာ ရောင်းချပါ ။ ဒါပေမယ့် ညီမလေးရဲ့နှလုံးသား ကိုတော့ ဘယ်တော့မှ ဈေးနှုန်းမသတ်မှတ်လိုက်ပါနဲ့ ။ လောကကြီးမှာ နှလုံးသား ၀ိဥာဉ်ကို သတ်မှတ်လောက်နိုင် တဲ့ ငွေကြေးသတ်မှတ်ချက် စံ ဆိုတာမရှိဘူး ။

ညီမလေးရေ ဘယ်တော့မှ ကိုယ့်ကိုယ်ကို သူတပါးနဲ့ မနှိုင်းယှဉ်ပါနဲ့ ။ လောကကြီးမှာ အမြဲ ပဲ ကိုယ့်ထက် သာတဲ့သူ တွေရှိသလို အမြဲပဲ နိမ့်ကျနေတဲ့သူတွေဆိုတာရှိတယ် ။ အဓိက ကိုယ်ယှဉ်ပြိုင်ရမှာက ကိုယ့်ကိုယ်ကို ပဲဖြစ်တယ် ။ ကိုယ်အရင်က ကြိုးစားထားတဲ့ စံချိန်တွေထက် လာမယ့် ရက်တွေမှာ ချိုးနိုင်အောင် ကိုယ့်အရည်အ ချင်းကိုပဲ ကိုယ် ယှဉ်ပြိုင်ကြိုးစားရမှာဖြစ်တယ် ။ လောကကြီးမှာ တချို့သောကိစ္စတွေဟာ အလောင်းအစား လုပ်ရတဲ့အရာမျိုးနဲ့ဆင်တူတယ် ။ ကိုယ့်ဖက်က နိုင်တဲ့အခါ ရှုံးတဲ့အခါရှိသလို ကိုယ်ကစားရမယ့်အလှည့်ကို သူများကို ပေးကစားရတာတွေလည်းကြုံရလိမ့်မယ် ။ ညီမလေးရေ မီးဒါဏ်ကို နာနာ ခံနိုင်မှသာ သံမဏိကောင်း ကို ရနိုင်ပါတယ် ။ ကိုယ့်မှာ အမြဲ ကိုယ့်ကိုယ်ကို ယုံကြည်တဲ့စိတ်ကို မွေးမြူလေ့ကျင်ဖို့လိုသလို ကိုယ်နာကျင်ရတဲ့အခါ မှာ ကိုယ့်မျက်ရည်တွေကို ခွန်အားအဖြစ်ပြောင်းလဲပစ်ဖို့လည်း မှာလိုက်ပါရစေ ။

ညီမလေးရေ စာတွေဖတ်ရလို့ ငြီးငွေ့နေပြီလား ။ မှတ်သားသင့်တဲ့အရာကို မှတ်သား ၊ လိုက်နာသင့်တဲ့ အရာကိုတော့ လိုက်နာလို့ လောကကြီးမှာ အရည်အချင်းရှိတဲ့ လူ ပီသတဲ့လူသားတစ်ယောက် အဖြစ် နေ ထိုင်ကျင့်ကြံ ရင်း အမျိုးဘာသာ သာသနာကို စောင့်ရှောက်နိုင်တဲ့ အမျိုးသမီးလေး တစ်ဦးဖြစ်ပါစေလို့ ဆုတောင်းပေးရင်း အဆုံးသတ်လိုက်ပါတယ် ။

အကို

သက်တန့်ချို
AUGSUT 2 0 1 2

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, August 23, 2012

၆/၆၆ ကဗျာ စာအုပ်ထွက်ရှိ



၆/၆၆ ကဗျာ စာအုပ်ထွက်ရှိ

သူတို့ ကဗျာဆရာ ခြောက်ယောက်စလုံး အပြင်မှာ လူစုံအောင်မတွေ့ဖူးကြသေးဘူး ။ အွန်လိုင်းပေါ် ကနေတဆင့် ရင်းနှီးခဲ့ကြတယ် ။ ဒီစာအုပ်လေးဟာ အွန်လိုင်းကကဗျာဆရာ ၆ ယောက်ရဲ့ မှတ်တိုင်တစ်ခုဆိုလည်းမမှားပါဘူး ။ အပြင်မှာ သုံးလေးယောက်လောက်သာ ဆုံဖူးပေမယ့် လူစုံအောင်တောာ့ တစ်ခါမှမတွေ့ဖူးကြသေးဘူး ။ ဒါပေမယ့် အဲဒီ ၆ ယောက်စလုံးမှာ တူညီတဲ့အချက် ကဗျာအပေါ်မှာ ရူးသွပ်တဲ့ ခံစားချက် တွေရှိကြတယ် ။ “ကျွန်တော်တို့ ချစ်သော ကဗျာလေးများကို ကျယ်ပြန့်သော နယ်ပယ် အသစ်တစ်ခုထဲသို့ ပို့ဆောင်ကြည့်ခြင်း ကြိုးပမ်းချက် တစ်ခု ” ဟု သူတို့ ခံယူချက်ကို ရိုးရိုးကလေး ဖွင့်ဆိုထားသည် ။

ကဗျာဆရာ ၆ ယောက် - ကဗျာ ၆၆ ပုဒ် -- ဒီလိုနဲ့ ၆/၆၆ဟာ အခက်အခဲတွေ များစွာကိုကျော်ဖြတ်ပြီး ကဗျာ စာအုပ် တစ်အုပ်အဖြစ် သေသပ်လှပခန့်ညားစွာ ထွက်ပေါ်ခဲ့ပါပြီ ။ ကဗျာ ဆရာ လွမ်းနေရဲ့ကဗျာတွေကိုတော့ စာဖတ်သူများကို ဟိုးအရင်ကတည်းက Lwan Nay Fan Page ကနေ မိတ်ဆက်ပြီးဖြစ်တဲ့အတွက် အထွေအ ထူးမပြောလိုတော့ပါဘူး ။ ကျန်တဲ့ မောင်နှမတွေအားလုံးကလည်း အတွေးရဲရဲ အရေးရဲရဲ အချစ်ကဗျာတွေ ချည်းသီး သန့်မဟုတ်ပဲ ဘ၀ဒဿနတွေနဲ့ creation တွေကိုပါ ခံစားနိုင်ကြမှာပါ ။

ကဗျာစာအုပ်အမည် - ၆/၆၆
ကဗျာဆရာများ - မှူးနေ၀န်း ၊ မြူခူးနေ ၊ လွမ်းနေ ၊ နရီမင်းထက် ၊ အမွန်မွန်း ၊ ကြယ်စစ်သည်
စီစဉ်သူ - ကိုလူပအောင်
မျက်နှာဖုံးနှင့်အတွင်ဒီဇိုင်း - Wei Nian
စာအုပ်တိုက် - အာရှအလင်းစာပေနှင့်ဖြန့်ချီရေး

ဒီနေ့ ၂၃ ရက် မှာ ရန်ကုန်မြို့တွင်းက စာအုပ်ဆိုင်များမှာ ရရှိမည်ဖြစ်ပြီး မနက်ဖြန် ၂၄ ရက်နေ့မှာတော့ နယ်တွေ ကိုရောက်ရှိမှာဖြစ်တယ်လို့သိရပါတယ် ။

ကဗျာချစ်သူများ အားပေးကြပါဦးး)

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, August 22, 2012

ရည်မှန်းချက်ပန်းတိုင်

ရည်မှန်းချက်ပန်းတိုင်



ဟိုး လွန်ခဲ့တဲ့ ၁၉၅၇ ခုနှစ်လောက်တုန်းကပေါ့ ။ ကယ်လီဖိုးနီးယားပြည်နယ်မှာ ကောင်လေးတစ်ယောက်ဟာ သူ့ရဲ့ရည်မှန်းချက်ပန်း တိုင်တစ်ခုကို သူချမှတ်တယ် ။ အဲဒီအချိန်လောက်တုန်းက အမေရိ ကန် ကြေးစား ဘော လုံးလောက (ရပ်ဂဘီဘော ) မှာ ဂျင်မ်ဘရောင်းဟာ အရမ်းကိုနာမည်ကျော်ကြား တဲ့ နောက်တန်း အလယ် လူဖြစ် တယ်။ ပိန်ပိန်ညှောင်ညှောင်နဲ့ကောင်လေးတစ်ယောက် ဂျင်မ်ဘရောင်း ဆီက အော် တိုလက်မှတ် လို ချင်ခဲ့တယ် ။ အဲဒီအော်တိုလက်မှတ်လိုချင်တယ်ဆိုတဲ့ ရည်ရွယ်ချက် ကို ပြည့်ဖို့အ တွက် ကောင်လေး မှာ အခက်အခဲတွေအများကြီးကျော်ဖြတ်ရမှာဖြစ်တယ် ။

ကောင်လေးဟာ လူမည်းအသိုင်းအ၀န်းမှာ ကြီးပြင်းလာရသူဖြစ်ပြီး ဆင်းရဲလွန်းတဲ့အတွက် ဘယ်သောအခါမှ အစားအစာကို ၀၀ လင်လင်မစားခဲ့ရဘူး ။ အဲဒီလိုနဲ့ အာဟာရချို့တဲ့လာမှုကြောင့်သူ့မှာ အရိုးပျော့ရော ဂါတစ်မျိုး ခံစားလာရတယ် ။ သူ့ရဲ့အရိုးပေါ်အရေတင်ခြေထောက်လေးဟာ ခွင်ခွင် ကလေးဖြစ်နေခဲ့ပြီး သံမဏိ သံချောင်းထိမ်းတံတွေနဲ့ ကျားကန်ပေးထားရတယ် ။ သူ့မှာ ဆင်းရဲလို့ ပိုက်ဆံလည်း မတတ်နိုင် တဲ့အတွက် ဘောလုံးပွဲကို ၀င်ကြည့်ဖို့ လက်မှတ်ဖိုးလည်းမတတ်နိုင်ခဲ့ဘူး ။ အဲဒါကြောင့် ဂျင်မ်ဘရောင်းဘော လုံးကစားပြီးလို့ ပြန်တက်လာတဲ့အချိန်ထိ တွေ့ဆုံဖို့ အ၀တ်လဲခန်းထဲကနေ စိတ်ရှည် ရှည်နဲ့စောင့်နေခဲ့တယ် ။

ဂျင်မ်ဘရောင်းနဲ့တွေ့တော့ အော်တိုရေးပေးဖို့ ယဉ်ကျေးစွာ နဲ့ပြောခဲ့တယ် ။ ဂျင်မ်ဘရောင်း လက်မှတ် ထိုးနေတဲ့အချိန်မှာ ကောင်လေးက ပြောတယ် ။

“ မစ္စတာဘရောင်းရေ ခင်ဗျားကို ကျွန်တော်က အရမ်းကြိုက်တာဗျ ခင်ဗျားပုံကို ကျွန်တော့် အခန်းက နံရံတွေမှာ ချိတ်ထား တယ်ခင်ဗျ စံချိန်တွေအများကြီးတင်ပြီး ဆုတွေအများကြီးရခဲ့တာလည်း ကျွန်တော်သိပါတယ် ခင်ဗျားက ကျွန်တော်အလေးစားဆုံးလူတစ်ယောက်ပါဗျာ ”

ဂျင်မ်ဘရောင်းက ပြုံးပြီးနားထောင်လိုက်တယ်ပြီးတော့ထွက်သွားဖို့ပြင်လိုက်တယ် ။ ဒါပေမယ့်ကောင်လေးက မပြီးသေးပဲဆက်ပြောတယ် ။ “ ကျွန်တော်တစ်နေ့ကျရင်တော့ မစ္စတာဘရောင်းတင်ထားတဲ့စံချိန်တွေ အားလုံး ကို ကျွန်တော်ချိုးမယ် ” လို့ ရဲဝံ့စွာပြောလိုက်တယ် ။

ဘရောင်းက အံ့သြသွားပြီး မေးတယ် ။ “ သားနာမည်က ဘယ်လိုခေါ်လဲ ”

“အိုရင်သယ်ဂျိမ်းစ်ပါ သူငယ်ချင်းတွေက ကျွန်တော့်ကို အိုဂျေလို့ပဲခေါ်ကြပါတယ် ” ကောင်လေးကပြန်ပြောတယ် ။

-----------------------------------

နောက်ပိုင်းမှာ အိုဂျေဆင်မဆင်ဆိုတဲ့ အရိုးပျော့ကောင်လေးဟာ တကယ့်ကို ထူးချွန်ထင်ရှာ တဲး့ ဘော လုံးသမားတစ်ဦးဖြစ်လာခဲ့တယ် ။ ထိခိုက်ဒါဏ်ရာတစ်ခုကြောင့် ဘောလုံးလောက ကနေ စောစော စီးစီးနှုတ်ထွ့က် လိုက်ရပေမယ့် အဲဒီအချိန်မှာ ဂျင်မ်ဘရောင်းတင်ခဲ့တဲ့ စံချိန်တွေထဲက ၃ ခုကလွဲလို့ အားလုံးကို သူချိုးနိုင် ခဲ့တယ် ။

*****************************************

လူတွေကို စိတ်ဓါတ်တတ်ကြွလာအောင်နဲ့ ကိုယ့်ရဲ့ အခြေအနေဆိုးတွေက ရုန်းထွက်နိုင်အောင်အကောင်းဆုံး ခွန်အားပေးနိုင်တာ ကိုယ်သတ်မှတ်ထားတဲ့ ရည်မှန်းချက်ပန်းတိုင်ဖြစ်တယ် ။

လောကမှာ မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး မဖြစ်သေးတာနဲ့မဖြစ်သင့်တာပဲရှိလိမ့်မယ် ။ ဒါကြောင့် သင်လည်း ဘ၀မှာ ကိုယ့်ရဲ့ရည်ရွယ်ချက်ပန်းတိုင်ကို တိတိကျကျချမှတ်ပါ အားသွန်ခွန်စိုက်ကြိုးစားပါ ။ တချိန်မှာ ကိုယ်မဖြစ်နိုင်ဘူးထင်ခဲ့တဲ့အရာတွေက ကိုယ့်ရဲ့ကြိုးစားမှုကြောင့် တကယ်ဖြစ်လာတာကို သင်တွေ့ရမှာပါ ။

သက်တန့်ချို
စာရေးသူ ဒန်ကလာ့ခ် ရေးသားသော Make It Come True အားဘာသာပြန်ခံစားသည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, August 21, 2012

ကျွန်တော်နှင့် City FM

ကျွန်တော်နှင့် City FM




City FM က လွန်ခဲ့တဲ့ရက်တွေကတည်းက အသံသွင်းချင်တယ်ဆိုပြီး ဆက်သွယ်လာခဲ့တယ် ။ ဒါပေမယ့် ကိုယ်ကလည်း အဆိုတော်မဟုတ်တော့ နည်းနည်းကြောင်တောင်ဖြစ်သွားသေးတယ် ။ နောက်တော့မှ စာရေး ဆရာတွေ က ကိုယ့်ဆောင်းပါးကိုယ် အသံနဲ့လွှင့်မယ့် “ သူ့အတွေးတစ ” အစီအစဉ်အတွက်ဖြစ်ကြောင်း သိရ တယ် ။ အဲဒါနဲ့ ဒီနေ့ နေ့လည် ၁ နာရီ ဆောင်းပါးလေးတွေ ပရင့်ထုတ်လို့ City FM ကိုရောက်ခဲ့တယ် ။

လှိုက်လှိုက်လှဲလှဲ နွေးထွေးစွာကြိုဆိုပြီး ကော်ဖီတွေ ရေနွေးတွေတိုက်ပါတယ် ။ ပြီးတော့ အသံဖမ်းတဲ့ အခန်းထဲဝင်ပြီး ဆောင်းပါးလေးပုဒ်ကို ဖတ်ခဲ့ရတယ် ။ ကိုယ်လည်း ပြောကောင်းကောင်းနဲ့ပြောလိုက်တာ ဆယ်မိနစ် စာ လေးပုဒ်ကို တစ်နာရီလောက်ကြာသွားတယ် ။ အဆင်ပြေရဲ့လားလို့မေးကြည့်တော့ “ အရမ်းကောင်း ပါတယ် ဆရာ ” တဲ့ ။ ဒါနဲ့ အင်တာဗျူးတွေ ဘာတွေလုပ်ခဲ့သေးတယ် ။ ပြန်ခါနီးကျတော့ လက်ဆောင် အတင်းပေးတာကြောင့် အားနာနာနဲ့ ကျေးဇူးတင်စကားပြောပြီး ပြန်လာခဲ့တယ် ။ ဘာလည်း ဆိုတာတော့ ပုံမှာမြင်ရတဲ့အတိုင်းမဖွင့်ကြည့်ရသေးပါဘူး ။

ဒီလိုနဲ့ “ သူ့အတွေးတစ ” အစီအစဉ်မှာ အသံလွှင့်ဖို့အတွက် အသံသွင်းခဲ့ပြီးပါပြီ ။ ကျွန်တော့်အသံကြီးနဲ့ဆိုတော့ နည်းနည်းတော့ သည်းခံပေးကြပါ သောတရှင်များ ခင်ဗျာ :P

လွှင့်မည့်ရက်တွေကတော့

တနင်္လာနေ့ - မနက် ၈း ၃၀
ဗုဒ္ဓဟူးနေ့ - မနက် ၉း ၃၀
သောကြာနေ့ - ညနေ ၆း ၀၀ ဖြစ်ပါတယ် ။

ဘယ်အပတ်မှာ ကိုယ့် ဆောင်းပါးလွှင့်ဖြစ်မလဲဆိုတာကို ဆက်သွယ်ပြီးပြောပါ့မယ်တဲ့ ။ VOA နဲ့ အင်တာဗျူးပြီး ကတည်းက ဒါဒုတိယအကြိမ်မြောက် အင်တာဗျူးပြီး အသံလွှင့်ခြင်းဖြစ်ပါတယ် ။

သက်တန့်ချို
(ကိုယ့်အသံကိုယ်နားထောင်ကြည့်မှ အသက် ၂၇ နှစ်ကျော်လူငယ်တစ်ယောက်အသံမဟုတ်ပဲ အသက် ၃၅ လောက်လူကြီးအသံဖြစ်နေသလိုပဲ ဧကာန အသံကြီးလို့ဖြစ်ပါလိမ့်မယ် :P)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ကျောက်စရစ်ခဲတွေစုဆောင်းထားပါ

ကျောက်စရစ်ခဲတွေစုဆောင်းထားပါ



တစ်ခါတုန်းက အိမ်ခြေယာခြေမဲ့ လူမျိုးစုတစ်စုရှိတယ် ။ သူတို့ဟာ နေရာအတည် တကျမနေကြပဲ ရေကြည်ရာမြက်နုရာလျှောက်သွားနေလေ့ရှိတယ် ။ တစ်ညတော့ သူတို့ဟာ နေရာတစ်ခုမှာ စခန်းရပ်နား ဖို့ပြင်နေတုန်း သူတို့နားကို လက်ဖြာနေတဲ့အလင်းတန်းကြီးတစ်ခု ကျလာခဲ့တယ် ။ သူတို့လူစုက အဲဒါကို ကောင်းကင်ထက်က တန်ဖိုးရှင်ကြီးပဲလို့ တွေးလိုက်ကြပြီး သူတို့ကို ဘာတွေများ မှာကြားမ လဲလို့ မျှော်လင့်ချက်ကြီးစွာနဲ့ စောင့်စားနေခဲ့ကြတယ် ။

အလင်းတန်းထွက်လာပြီးတဲ့အခါ အဲဒီအလင်းတန်းထဲကနေ အသံတစ်သံ ထွက်လာခဲ့တယ် ။ “ ကဲ သင်တို့ လူစု ကျောက်စရစ်ခဲတွေကို ကောက်နိုင်သမျှ ကောက် ကြပါ ပြီးတော့ ကုန်းနီအိတ်တွေထဲမှာထည့်ပြီး သွားပါ တစ်နေ့ခ ရီးသွားပြီးနောက်တစ်နေ့ညဖက်မှာသင်တို့အားလုံးပျော်ရွှင်ရလိမ့်မယ် တချိန်တည်းမှာပဲ သင်တို့ စိတ်မ ချမ်းမသာလည်းဖြစ်လိမ့်မယ် ” လို့ပြောပြီး ပျောက်ကွယ်သွားတယ် ။

သူတို့လူစုတစ်ခုလုံး စိတ်ပျက်ပြီး ဒေါသတွေထွက်သွားကြတယ် ။ သူတို့လူစု ကြီးပွားချမ်းသာ ဖို့နဲ့ လောကကြီး အကျိုးဘယ်လိုသယ်ပိုးရမလဲ ချမ်းသာသုခတွေကို ဘယ်လိုခံစားရမလဲ ဆိုတဲ့အရေးကြီး တဲ့အချက်တွေ ကိုမပြောသေးပဲ ဘာမဟုတ်တဲ့ အဓိပ္ပါယ်မရှိတဲ့အရာကို ခိုင်းသွားလို့ မကျေနပ်ဘူးဖြစ်နေ ခဲ့ကြတယ် ။ ဒါပေမယ့် လည်းအလင်းတန်းထဲက တန်ခိုးရှင်လို့ သူတို့သတ်မှတ်ထားတဲ့ ပုဂ္ဂိုလ်ရဲ့စကားဖြစ် တာကြောင့်လည်း လုံးဝလစ် လျှူမရှုဝံ့ဘူးဖြစ်နေကြတယ် ။ ဒါနဲ့ သူတို့လည်း အမျိုးမျိုးဝေဖန်ပြော ဆိုပြီး ကျောက်စ ရစ်ခဲ တစ်လုံးနှစ်လုံးလောက်ကို ကုန်နီအိတ်တွေထဲထည့်ခဲ့ကြတယ် ။

နောက်တစ်နေ့ မှာ တစ်နေ့လုံးခရီးနှင်ခဲ့ကြပြီး ညဖက်စခန်းချဖို့နေရာကိုရွေးခဲ့ကြတယ် ။ အဲဒီအခါ သူတို့ ကုန်နီအိတ်တွေထဲနှိုက်ကြည့်တဲ့အခါ ကျောက်စရစ်ခဲတွေဟာ စိန်တွေဖြစ်နေတာကိုတွေ့ခဲ့ကြရတယ် ။ စိန်တွေရ လာတဲ့အတွက်သူတို့တဖွဲ့လုံးဝမ်းသာပျော်ရွှင်ခဲ့ကြရတယ် ။ ဒါပေမယ့် အများကြီးမကောက်မိ ခဲ့လေခြင်း ဆိုပြီး နောင်တတွေရလို့ ၀မ်းနည်းခဲ့ကြရတယ် ။

------------------------------------------

ကျွန်တော်တို့ ယနေ့အချိန်မှာ တွေ့ကြုံရတဲ့အခက်အခဲတွေကနေရတဲ့သင်ခန်းစာတွေ ၊ လေ့လာဆည်းပူးခဲ့တဲ့ ပညာရပ်တွေဟာ အခုအချိန်မှာ ဘာမှသိပ်အသုံးမ၀င်တဲ့ကျောက်စရစ်ခဲတွေ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ် ။ ဒါပေမယ့်တကယ်ဘေးကြုံရတဲ့အချိန်မှာ အဲဒီကျောက်စရစ်ခဲတွေဟာ စိန်တုံးအဖြစ်ပြောင်းလဲပြီးကိုယ့်ကို ကယ်တင်နို င်ပါလိမ့်မယ် ။

ဒီနေ့ဒီအချိန်ကစလို့ သင်လည်းကျောက်စရစ်ခဲတွေကို ရနိုင်သမျှ စုဆောင်းပါ ။ များနိုင်သမျှ သယ်နိုင်သမျှ သယ် ယူပါ ။ နောင်တချိန်လျှောက်လှမ်းမယ့်ခရီးလမ်းမှာငယ်ငယ်ကစုဆောင်းထားတဲ့ကျောက်စရစ်ခဲတွေဟာ စိန်တွေ အဖြစ်ပြောင်းလဲလို့ သင့်အတွက်အလွန်အသုံးဝင်လာပါလိမ့်မယ် ။

သက်တန့်ချို
John Wayne Schlatter ရေးသားသော The Magic Pebbles အား ဘာသာပြန်သည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ညီအကိုနှစ်ယောက် ( ဘာသာပြန် )

ညီအကိုနှစ်ယောက် ( ဘာသာပြန် )



တစ်ခါတုန်းက ညီအကို နှစ်ယောက်ရှိတယ် ။ အဲဒီညီအကိုနှစ်ယောက်ဟာ သူတို့မိဘတွေပိုင်တဲ့ လယ်မြေတစ် ခုမှာ အတူအလုပ်လုပ်ကိုင်ကြတယ် ။ အကိုဖြစ်တဲ့သူက အိမ်ထောင်သည်ဖြစ်ပြီး သူက မိသားစုတွေနဲ့သိုက် သိုက်ဝန်းဝန်းနေထိုင်တယ်။ ညီဖြစ်သူကတော့ အိမ်ထောင်မပြုပဲ တစ်ကိုယ်တည်းနေ ထိုင်သူဖြစ်တယ် ။ သူတို့ နှစ်ယောက်ဟာ တစ်နေကုန်အလုပ်လုပ်ပြီး လယ်မြေကနေထွက်တဲ့ သီးနှံနဲ့ တခြားရောင်း ချရတဲ့အမြတ်အစွန်းတွေကို ညီအကိုနှစ်ယောက်စလုံး ညီညီမျှမျှ ခွဲဝေယူလေ့ရှိကြတယ် ။

တစ်နေ့ကြတော့ ညီဖြစ်သူကစဉ်းစားတယ် ။ “ အင်း လယ်မြေက ထွက်တဲ့ သီးနှံ အကျိုးအမြတ်တွေကို ဒီလို ညီညီမျှမျှ ခွဲဝေနေတာ အဆင်မပြေလှဘူး ဘာလို့လည်းဆိုတော့ ငါက တစ်ယောက်တည်းနေတာ ပြီးတော့ ငါ့လိုအပ်ချက်က နည်းနည်းလေး ငါ့အကိုက အိမ်ထောင်သည်မိသားစုနဲ့ဆိုတော့ ငါ့အကိုအတွက်ငါ တစ်ခုခုစဉ်းစား ရမယ် ” အဲဒီလိုတွေးပြီး ညတိုင်းညတိုင်းမှာ ညီဖြစ်သူက သူ့အကိုအတွက်ဆိုပြီး သူ့ရဲ့ စပါးကျီထဲ က စပါးတစ်အိတ်တစ်အိတ်ကို ကွင်းပြင်ထဲကနေ တိတ်တဆိတ်ထမ်းပြီး သူ့အကို ရဲ့စပါးကျီ ထဲသွားသွား ထည့်ခဲ့တယ် ။

အဲဒီအတောအတွင်းမှာလည်း အကိုဖြစ်သူ အိမ်ထောင်သည်ကလည်းစဉ်းစားတယ် ။ “ အင်း သစ်သီးဝလံတွေနဲ့ ရတဲ့ရောင်းချငွေတွေကို ညီညီ မျှမျှ ခွဲယူနေကြတာ မဟုတ်သေးဘူးထင်တယ် ငါက မိသားစုနဲ့ ငါ့အိုမင်းလာတဲ့အခါ ငါ့မိန်းမက ငါ့ကိုစောင့်ရှောက်လိမ့်မယ် ပြီးတော့ငါ့မှာ သားသမီးတွေ လည်းရှိတယ် သူတို့အချိန်တန်အရွယ်ရောက်တဲ့အခါ ငါ့ကို ပြုစုစောင့်ရှောက်ကြလိမ့်မယ် ငါ့ညီလေးကတော့ တစ်ယောက် တည်းသမားဆိုတော့ သူနေမကောင်းဖြစ်ပြီးမကျန်းမာတဲ့အခါ သူ့ဘယ်လို အဆင်ပြေပါ့မလဲ ” လို့တွေးပြီး ညတိုင်းသူကလည်း သူ့စပါးကျီထဲက တစ်အိတ်တစ်အိတ်ထမ်းပြီး သူ့ညီလေးစပါးကျီထဲသွားထည့်ခဲ့တယ် ။

ဒီလိုနဲ့ ရက်တွေကုန်သွားပြီး နှစ်တွေပြောင်းလာခဲ့တယ် ။ ညတိုင်းညတိုင်း သူတို့ စပါးကျီထဲကစပါးတွေ ထုတ်ယူနေ ပါရက်နဲ့ ဘာလို့လျော့မသွားတာလဲဆိုတာကိုလည်းစဉ်းစားမရဖြစ်နေခဲ့တယ် ။ ဒီလိုနဲ့ ---

တစ်နေ့တော့ ညမှောင်မှောင်ထဲမှာ ညီအကို နှစ်ယောက်တစ်ယောက်နဲ့တစ်ယောက်လယ်ကွင်းပြင်ထဲ ၀င်တိုက်မိကြတယ် ။ အဲဒီတော့မှာ တစ်ယောက်နဲံ့တစ်ယောက်ကြည့်ပြီး အဖြစ်အပျက်အားလုံးကို နားလည် သွားကြတယ် ။ ပြီးတော့ ညီအကိုနှစ်ယောက်တစ်ယောက်ကို ကြည့်ပြီး စပါးအိတ်တွေပစ်ချလို့ တင်းကြပ်စွာပွေ့ ဖက်ထားလိုက်ကြပါတော့တယ် ။

သက်တန့်ချို
Two Brothers အား More Sower's Seeds စာစုများမှ ဘာသာပြန်ခံစားသည် ။
Author - Unknown

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, August 14, 2012

ရုန်းကန်မှုတွေက ပေးတဲ့ခွန်အား

ရုန်းကန်မှုတွေက ပေးတဲ့ခွန်အား



တစ်နေ့မှာ လူတစ်ယောက်က လိပ်ပြာဖြစ်လာမယ့် ပိုးအိမ်ကလေးကိုတွေ့မိတယ် ။ အထဲမှာတော့ လိပ်ပြာဘ ၀မရောက်သေးတဲ့ ပိုးတုံးလုံးလေးပေါ့ ။ အဲဒီလိုတွေ့တဲ့အချိန်ကစပြီး သူက အဲဒီပိုးအိမ်ကလေးကို နေ့တိုင်း ဘယ်အချိန်အကောင်ပေါက်လာမလဲဆိုပြီး ဂရုတစိုက်ကြည့်နေခဲ့တယ် ။ တစ်နေ့မှာတော့ ပိုးအိမ်ထဲက အပေါက်သေးသေး ပေါ်လာခဲ့တယ် ။ အဲဒီလူက ပိုးအိမ်အနားမှာ ထိုင်ချလိုက်ပြီး နာရီပေါင်းများစွာတိုင်အောင် ပိုးအိမ်ထဲ က လိပ်ပြာလေး တွန်းထွက်လာမယ့်အချိန်ကို စောင့်နေခဲ့တယ် ။ အထဲက အကောင်လေးကတော့ အားရှိ သမျှ ရုန်းကုန်ပြီး အပေါက်သေးသေးလေးကနေ ထွက်ဖို့ကြိုးစားနေခဲ့တယ် ။

ဒီလိုနဲ့ကြည့်နေရင်းမှာပဲ အထဲက အကောင်လေးလှုပ်ရှားမှုဟာရပ်တန့်သွားခဲ့တယ် ။ အဲဒီလူထင်လိုက် တာကတော့ လိပ်ပြာဖြစ်မယ့်ပိုးတုံးလုံးလေးဟာ ဒီအပေါက်လေးထဲကနေ မထွက်နိုင်တော့ဘူးပေါ့ ။ ဒါနဲ့ သူက လိပ်ပြာလေးကိုကူညီဖို့ဆုံးဖြတ်လိုက်တယ် ။ ကပ်ကြေးသေးသေးလေးသွားယူပြီး ပိုးအိမ်လေးရဲ့အပေါက်ကို ထိုးခွဲလို့ အပေါက်ချဲ့ပေးလိုက်တယ် ။ လိပ်ပြာလေးဟာ လွယ်ကူစွာပဲ အပြင်ရောက်လာခဲ့တယ် ။

ဒါပေမယ့် လိပ်ပြာလေးရဲ့ ခန္ဓာကိုယ်ဟာ ၀ဖောင်းနေ ခဲ့ပြီး သေးငယ်ပြီးရှံ့ တွနေတဲ့အတောင် ပံတွေသာ ပါလာခဲ့တယ် ။ အဲဒီလူက လိပ်ပြာလေး အတောင်ပံတွေကြီး လာပြီး သူ့ခန္ဓာကိုယ်ကို သယ်ဆောင်လို့လေမှာ ပျံဝဲနိုင်မယ့်အချိန်ထိ စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ် ။

ဒါပေမယ့် အဲဒီလို ဘယ်တော့မှ ဖြစ်မလာခဲ့တော့ဘူး ။

တကယ်တော့ လိပ်ပြာကလေးဟာ ကျန်ရှိနေတဲ့သူ့ဘ၀တလျှောက်လုံး ဒီ လို ၀ဖောင်းနေတဲ့ ခန္ဓာကိုယ်နဲ့ ရှံ့တွနေ တဲ့ အတောင်ပံတွေကိုသာ ပိုင်ဆိုင်ရပြီး ဖြတ်သန်းရတော့မှာဖြစ်တယ် ။ သူ ဘယ်တော့မှ လေပေါ် မပျံသန်းနိုင်တော့ဘူး ---- ။

--------------------------------------------

အဲဒီလူဟာ လိပ်ပြာကလေးကိုကူညီချင်စိတ် သနားစိတ်ရှိခဲ့ပေမယ့် ပိုးအိမ်ရဲ့ သဘောသဘာဝနဲ့ လိပ်ပြာတွေ အကြောင်းကို နားမလည်ခဲ့ဘူး ။ တကယ်တော့ လိပ်ပြာကလေး ဟာ သေးငယ်တဲ့ အပေါက်လေး ကနေ ရုန်းထွက်လို့ အပြင်ကို ထွက်ဖို့ကြိုးစားခြင်းဖြင့် လိုအပ်တဲ့ အားအင်တွေရရှိလာမယ် ခန္ဓာကိုယ်က ၀ဖောင်းစေ တဲ့အရည်တွေကို ညှစ်ထုတ်လို့ တောင်ပံတွေက နေတဆင့် အားယူပြီး သေးငယ်တဲ့အပေါက်ကလေးကနေ သဘာဝအတိုင်းသာ ရုန်းကန်ပျံသန်းရတာဖြစ်တယ် ။

ကျွန်တော်တို့ရော --- ဘ၀မှာ အခက်အခဲဆိုတာတွေ ရုန်းကန်လှုပ်ရှားရတာတွေ မကြုံတွေ့ခဲ့ဘူးဆိုရင် -- ကျွန်တော် တို့ လိပ်ပြာကလေးလိုပဲ ဘယ်တော့မှ ပျံသန်းခွင့်ရမှာမဟုတ်တော့ဘူး ။

အခက်အခဲနဲ့ ရုန်းကန်လှုပ်ရှားမှုတိုင်းက ဘ၀ခရီးမှာ ကောင်းမွန်စွာ ဖြတ်သန်းဖို့အတွက် ကျွန်တော် တို့ကို ပေးတဲ့ခွန်အားတွေပဲဖြစ်တယ် ။

သက်တန့်ချို
Benefits of Struggling အား ဆီလျှော်သလိုဘာသာပြန်သည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, August 11, 2012

ကျွန်တော်နှင့် နှစ်ပိုင်းတစ်ပိုင်း

ကျွန်တော်နှင့် နှစ်ပိုင်းတစ်ပိုင်း




အလုပ်ကိစ္စတွေနဲ့ ခေါင်းမဖော်နိုင်တာကြောင့် အခု ၂ ရက်လောက်အတွင်း ဘာစာမှ မရေးဖြစ်ခဲ့ဘူး ။ အမှန်တော့ လွန်ခဲ့တဲ့ ၂ ရက်လောက် အိမ်ကိုပြန်တော့ လမ်းမှာ ကြုံရတဲ့အတွေ့အကြုံလေးကို မျှဝေချင်လို့ပါ ။ အခု မှ အလုပ်လေးနည်းနည်းပါးတုန်း ရေးဖြစ်ခဲ့တယ် ။

အဲဒီနေ့က မိုးက သည်းထန်စွာ ရွာသွန်းလို့ ကောင်းကင်တစ်ခုလုံးမည်းလို့နေတယ် ။ လေကလည်း အရမ်း တိုက်တော့ ကျွန်တော်လည်း ထုံးစံအတိုင်း ဘောင်းဘီရှည်လေးအသာလိပ်တင် ကားဂိတ်ကို ထီးလေးဆောင်းလို့ ထွက်လာခဲ့တယ် ။ အချိန်က ည နေ ၅ နာရီ ၄၀ မိနစ်လောက် ။ နွေရာသီဆို ငါးနာရီလေးဆယ်မိနစ်ဆိုတာ လင်းတုန်းရှင်း တုန်း ကာလပေါ့ ။ မိုးတွင်းလိုအချိန်မှာတော့ ငါးနာရီကျော်တာနဲ့ မှောင်စပြုလာပြီ ။ ဆယ်မိ နစ်လောက်ကားဂိတ်မှာစောင့်ပြီးတဲ့အခါ ကျွန်တော်စီးနေကြ ၄၃ အထူးကားကြီး ၀ူးကနဲထိုးရပ်လာပါတော့တယ် ။ ဒါနဲ့ ကိုယ်လည်းဝမ်းသာအားရ ကားပေါ်တက်ခဲ့တယ် ။ အဲဒီအချိန်မှာ ကံဆိုးတာလားကံကောင်းတာလားမသိ ၂ ယောက်ခုံ တစ်ခုံလွတ်နေခဲ့တယ် ။ အဲဒီမှာ ၀င်ထိုင်ပြီးဟိုဟို ဒီဒီတွေးရင်း ငေးနေ တုန်းနောက် တစ်မှတ် တိုင်လောက်မှာ လူတစ်ယောက်တကျွန်တော့်ဘေးဝင်ထိုင်တယ် ။ အသက်က ၃၀ ကျော်လောက် ရှိမယ် ထင်တယ် ။ ဗလကြီးကလည်း ဟက်နေရောဗျာ ။ ဒီလူတော်တော် ကစားထားပုံပဲလို့တွေးမိသေးတယ် ။ စိတ်ထဲ ကတောင် ကြိတ်ပြီးအားကျနေတာ ။ ကိုယ်က ဖလံလေးကိုး ။

ဒီလိုနဲ့ ဆူးလေ ယောက်လမ်း ဗဟန်း ၃ လမ်းအဲဒီလောက်ထိ ဘာမှမထူးသေးဘူး ရွှေဂုံတိုင်နားရောက်တော့ ကိုယ့်လူတို့ သိပါတယ်ကားကလည်းသိပ်ကြပ်တယ်မဟုတ်လား ။ ဒီတော့ ကားပေါ်တက် လာတဲ့လူတွေ ကလည်း အ များကြီး အထူးကားကြီးပေါ် ကြပ်ပိတ်သိပ်နေတာ ရေးရတာများလွန်းလို့ အဲဒီအကြောင်း မရေးတော့ ဘူး ။ (တစ်ခါတုန်းက ကျွန်တော်နှင့်၄၃ အထူး ဆိုပြီးဆောင်းပါးရေးဖူးတယ် ဖတ်ချင်သူများ ဘလော့ထဲမှာ ရှာဖတ်ကြပါ ) အဲဒီလိုနဲ့ ကံဆိုးချင်တော့ ကျွန်တော်တို့ကားအနောက်ပိုင်းက မီးချောင်းက ပျက်သွားရောဗျာ ။ မှောင်သွားတာပေါ့ ။ အဲဒီမှာ ဇတ်လမ်းကစတော့တာပဲဗျို့ ။ ဘေးက ဗလ ကြီးက ပထမဆုံး ကျွန်တော့် ပေါင်ကို သူ့လက်နဲ့လာ ထိသဗျ ။ ပထမတော့ အော်ကားစီးရင်းအမှတ်တမဲ့ ထိတာပဲလေဆိုပြီး နေလိုက်တယ် ။ သိပ်မကြာဘူး ကျွန်တော့်ပေါင်ကို သူ့လက်နဲ့အပေါ်ကနေဆုပ်ကိုင်လိုက်တယ် ။ “ ဟင် .. ” အဲဒီမှာတင် ကြက်သီးမွှေးညှင်း ရှိသမျှ တကိုယ်လုံးအမွှေးတွေ ထောင်တက်ကုန်ပါရောဗျို့ ။ ဆံပင်မွှေးတို့ ဘာတို့ပြောပါတယ် ။ အဲဒီတော့ မှ သူ့ကိုကြည့်လိုက်တော့ အောင်မငီး “ အပုန်းကြီး ” ဗျာ တကယ့်ကို အပုန်းကြီး ။ ထင်တောင်မထင်ဘူး ။ ကျွန်တော့်ကို ရီဝေေ၀ မျက်လုံးနဲ့စိုက်ကြည့်နေလိုက်တာများ အခုထိ တွေးရင်းတောင် ကြည်သီးထတယ် ။ ကျွန်တော်လည်းချွေးတွေပျံလာပြီး ဘယ်လိုလုပ်ရပါ့မလဲစဉ်းစားတယ် ။

ပေါင်ကိုင်ယုံလောက်ဆို အင်းလေ ထားပါတော့ ငါ့ဘ၀တော့မပျက်သေးပါဘူးတော့ ။ ကိုယ့်လူရေ မရဘူးဗျို့ ဒီအပုန်းကြီး ကျွန်တော့်ဖက်ကို တိုးတိုးလာယုံသာမက သူ့လက်က ကျွန်တော့်ပေါင်ရင်းရောက်တော့မယ် အခြေအနေက သိပ်မကောင်းလှဘူး ။ဒီတော့ကျွန်တော်လည်း ခပ်တည်တည်နဲ့ ဟောက်လိုက်တယ် ။ တိုးတိုးတိတ်တိတ်ပေါ့ ။ “ ဟေ့လူ ဒါဘာလုပ်တာလဲ ” “ မောင် ..မကြိုက်ဘူးလားဟင် ” တဲ့ အောင် မငီး အောင်မငီး ကျုပ်ကို မောင်တဲ့ အရပ်ကတို့ရေ ကားပေါ်ကသာခုန်ချလိုက်ချင်တော့တယ် မသေရဲသေး လို့ ပေါ့ ။ သူက သူ့စာအုပ်တွေ ကိုင်ထားတဲ့ဖိုင်နဲ့လက်ပေါ်အုပ်ထားတော့ တခြားလူတွေက ဘယ်သိပါ့မလဲဗျာ ။ ကိုယ်က သာ ခံစားနေရဲ့ကောင်ကိုး ။ ကျုပ်မှာသာ ဆင်းမယ့်မှတ်တိုင်မြန်မြန်ရောက်ပါစေဆုတောင်းနေရတယ် ။ ပြီးတော့ ဒီအပုန်းကြီးက သူ့ဗလကြီးနဲ့တခါတခါ အိပ်ချင်ယောင်ဆောင်ပြီး ပေါင် ကိုလည်းကိုင် ထားသေး တယ်ကျုပ်ပခုံးကိုလည်း မှီထားလိုက်သေး အား....ဆိုးလိုက်တဲ့ဘ၀ ဗျာ ။ အဲဒီတော့မှ သေချာကြည့်မိ တာ အောင် မလေး ခြေသည်းလက်သည်းတွေတောင်ဆိုးထားသေးသဗျ ။ ပြီးတော့ အပုန်းကြီးက တိုးတိုးလေးမေးတယ် “ မောင် ဘယ်မှာ ဆင်းမှာလဲတဲ့ ” အောင်မလေး မြတ်စွာဘုရား ကျုပ်အိမ်ကိုတောင် သူကလိုက်ဦးမလို့လားမသိ ။ မဖြစ်ချေ ဘူးငါတော့ ဆင်းရမယ့်မှတ်တိုင်မရောက်ခင်ဆင်းမှဖြစ်မယ်လို့တွေးလိုက်တယ် ။

ကျုပ်သူ့လက်ကြီးကို ဖယ်ဖို့ ကျုပ်လက်နဲ့ဆွဲထုတ်တယ်မရဘူးဗျို့ သံလိုက်နဲ့ သံကပ်နေသလိုပဲ ။ အဲဒီအချိန်ဗျာ လူတစ်ကိုယ်လုံးအေးစက်ပြီး ကျုပ်ဘယ်လောက်ကြောက်နေမလဲ စဉ်းစားကြည့် ။ ကျုပ်ဗျာ ရန်တွေဘာတွေ လည်းဖြစ်ဘူးပါတယ် လူမိုက်ကြီးတွေဆိုတဲ့ရပ်ကွက်ထဲကလူတွေနဲ့လည်းတွေးဖူးပါတယ် ။ ဒါပေမယ့် အဲ ဒီလောက် မကြောက်မိပါ ဘူးဗျာ တကယ်ပါ ဒီအပုန်းကြီးနဲ့ကျမှ ကျောရိုးထဲ စိမ့်ဝင်ရလောက်အောင်ကြောက် တာပါကလား ။ ကျုပ်အသက်က သူ့လက်ထဲမှာ မဟုတ်လား ။ တလွဲမတွေးကြနဲ့ဦး ကျုပ်အရှက်ကို ပြောတာ အာ ပိုဆိုးကုန်ပါပြီ ။ ထားတော့ ဒါနဲ့ “ ကျုပ်ဟာကျုပ်ဘယ်ဆင်းဆင်းခင်ဗျားနဲ့ဘာဆိုင်လဲ ” ဆိုပြီးကျုပ်လည်း အဆင်း ကုန်းရုန်း ထပြီးဆင်းရမယ့်မှတ်တိုင်မရောက်ခင်ဆင်းလိုက်တယ် ။ ဟူး...အခုမှ လွတ်ပြီလို့တွေးပြီး အနောက် ကိုကြည့် လိုက်တော့ “ အပုန်းကြီး ” အောင်မလေး ကျုပ်နောက်လိုက်လာသဗျ ။ ဟာ ငါ ဒီတစ်ခါတော့ တကယ်ရေတိမ်နစ်ရှာပြီ သူနဲ့ကျုပ်က ဓါတ်တိုင်တစ်တိုင်အကွာမှာ ဆင်းလိုက်တဲ့မှတ်တိုင်ကလည်း မီးတွေ ပျက်နေတယ် ။ မိုးကလည်း သည်းသည်းလေး ဘေးနားမှာလည်းခြုံပုတ်တွေနဲ့လူကလည်းပြတ် ။ ဘုရားဘုရား ...

အဲဒီမှာ ကျုပ်ကြောင်ပြီး ဘာလုပ်လို့လုပ်ရမှန်းမသိ တက်စီလည်းငှားမရ သွားရမယ့်မှတ် တိုင်ကလည်း လိုသေး တယ် ဒီတော့ ကျုပ်ကြံရာမရဖြစ်နေတုန်း ဆိုက်ကားတစ်စီး တွေ့လိုက်တယ် ။ ဘယ်ရမလည်း ကျုပ်လည်းအား ရ၀မ်းသာပြေးတာပေါ့ ဆိုက်ကားသမားဆီ ။ ပြီးတော့ ဘာမှမပြောပဲတက်ထိုင် နင်းနင်း..မြန်မြန်နင်း ...ဆို ပီး ပြောလိုက်တာ ဆိုက်ကားသမားလည်း ခြေဦးတည့်ရာစွတ်နင်းတော့တာပဲ ။ အပုန်းကြီး ကတော့မျက် ရည်တွေ ၀ဲလို့ ကြေကွဲနေရှာရော့မယ် ။ မတတ်နိုင်ဘူးဗျို့ ကျုပ်လည်း ဘယ်လို ဘယ်ပုံအိမ်ပြန်ရောက် ခဲ့မှန်းတောင် မသိတော့ပါဘူး ။

တကယ်ဗျာ ကျုပ်ဘ၀မှာ အပုန်းတွေနဲ့ ဘယ်လိုအကျိုးပေးမှန်းမသိ ။ ငယ်ငယ်တုန်းက အကြောင်းတွေ အချိန်ရ ရင် ပြန်ရေးပြ ချင်သေးတယ် ။ အခုတော့ ခဏနားကြဦးစို့း)

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, August 7, 2012

ဝါးခြင်းတောင်းနဲ့ရေခပ်ခြင်း

ဝါးခြင်းတောင်းနဲ့ရေခပ်ခြင်း



တစ်ခါတုန်းက မြို့ပြနဲ့အလှမ်းဝေးတဲ့ ကျေးရွာလေးမှာ အတူနေတဲ့ မြေးအဖိုး နှစ်ယောက်ရှိကြတယ် ။ မနက်တိုင်း မှာ အဖိုးဖြစ်သူက ထမင်းစားပွဲမှာထိုင်လို့ သူ့ရဲ့ ဟောင်းနွမ်းနေပြီဖြစ်တဲ့ တရားစာအုပ်ကြီးကို ဖတ်နေလေ့ရှိ တယ် ။ မြေးဖြစ်သူကလည်း အဖိုးဖြစ်သူကို အားကျပြီး အဖိုးဖြစ်သူလုပ် တဲ့အတိုင်း လိုက်လုပ်လေ့ ရှိတယ် ။

တစ်နေ့မှာ မြေးဖြစ်သူကမေးတယ် ။ “ အဖိုး ကျွန်တော်လည်း အဖိုးလို တရားစာအုပ်ကိုဖတ်ချင်ပါတယ် ဒါပေ မယ့် ကျွန်တော်နားမလည်ဘူးဖြစ်နေတယ် ပြီးတော့ နားလည်တဲ့အရာလေးတွေကလည်း စာအုပ်ပိတ် လိုက်ပြီဆို တာနဲ့ မေ့မေ့သွားတယ် တရားစာအုပ်ကို ဖတ်လို့ ဘာကောင်းကျိုးတွေရတာလဲ ” အဖိုးဖြစ်သူက တိတ်ဆိတ်စွာပဲ မီးဖိုထဲ ကို ကျောက်မီးသွေးတွေထည့်နေရာက လှည့်လိုက်တယ် ပြီးတော့ မြေးဖြစ်သူကိုပြောတယ် ။

“ ဒီကျောက်မီးသွေးထည့်တဲ့ ၀ါး ခြင်းတောင်းကို ယူသွား မြစ်ထဲမှာ ရေတွေခပ်ပြီး ပြန်သယ်လာခဲ့ပါ ”

မြေးဖြစ်သူက အဖိုးခိုင်းတဲ့အတိုင်း လုပ်ခဲ့တယ် ။ ဒါပေမယ့် သူအိမ်ကို ပြန်မရောက်ခင်မှာပဲ ၀ါးခြင်းတောင်းကနေ သူ ခပ်လာတဲ့ရေတွေအကုန်လုံးထွက်ကျပြီး ရေမပါပဲပြန်လာခဲ့ရတယ် ။ အဖိုးဖြစ်သူက ရယ်မောပြီး ပြောတယ် ။ “ နောက်တစ်ခါ ခပ်မြန်မြန်လေး ခပ်ပြီး ပြေးလာပေါ့ ငါ့မြေး ” ပြီးတော့ နောက်ထပ်တစ်ခါ ရေခပ်ဖို့ မြေးဖြစ်သူကို ထပ်ခပ်ခိုင်းလိုက်တယ် ။ဒီတစ်ကြိမ်မှာတော့ေ ကာင်လေးဟာ မြန်မြန်ပြေးတယ် ဒါပေမယ့် လည်း အိမ် မရောက်ခင်မှာ ၀ါးခြင်းတောင်းထဲက ရေတွေထွက်ကျပြီး ဘာမှ မပါလာခဲ့ဘူး ။ အမောဖြေပြီးတဲ့အခါ သူ့အဖိုးဖြစ် သူကို ပြောတယ် ။ “ ၀ါးခြင်းတောင်းနဲ့ ရေကိုခပ်ဖို့မဖြစ်နိုင်ဘူး ” အဲဒီလိုပြောပြီး ၀ါးခြင်းတောင်းကို လွှတ်ချ လို့ ရေခပ်ဖို့ ရေပုံးသွားရှာခဲ့တယ် ။ အဖိုးဖြစ်သူကပြောတယ် ။

“ အဖိုးက ရေပုံးနဲ့ခပ်တဲ့ ရေကို လိုချင်တာမဟုတ်ဘူးမြေးရဲ့ ၀ါးခြင်းတောင်းနဲ့ ခပ်တဲ့ရေကိုလိုချင်တာပါ ငါ့မြေးလုပ်နိုင်ပါတယ် မင်း သေသေချာချာ ခက်ခက်ခဲခဲမကြိုးစားလို့ပါ ” ပြီးတော့ မြေးဖြစ်သူကို ၀ါးခြင်းတောင်း နဲ့ပဲ ထပ်ပြီးကြိုးစားစေခဲ့တယ် ။

အဲဒီအချိန်မှာ မြေးဖြစ်သူက ဒါဟာ မဖြစ်နိုင်ဘူးဆိုတာ သိနေခဲ့တယ် ။ ဒါပေမယ့် သူ ဘယ်လောက် ထိ မြန်မြန်ပြေးပြီး ခက်ခက်ခဲခဲ ကြိုးစားတာတောင် ရေတွေထွက်ကျတယ်ဆိုတာ သိအောင် အဖိုးဖြစ်သူ ကိုပြချင်ခဲ့တယ် ။ ဒီလိုနဲ့ မြေးဖြစ်သူဟာ မြစ်ဆီကို သွားပြီး ရေ ကို အမြန်ခပ် ခါတိုင်းထက်ပိုမြန်အောင်ပြေးပြီး အဖိုးဆီကိုပြန်လာခဲ့တယ် ။ ဒါပေမယ့်လည်း ၀ါးခြင်းတောင်းထဲမှာတော့ ဘာရေမှ ရှိမနေခဲ့ဘူး ။ အမောဖြေပြီးတဲ့အခါ အဖိုးဖြစ်သူကိုပြောတယ် ။ “ အဖိုး တွေ့ပြီလား ဒါဟာ အသုံးမ၀င်ဘူးဆိုတာ ” “ ဒါက အသုံးမ၀င်ဘူးလို့ မြေးထင်သလား ” အဖိုးဖြစ်သူကမေးတယ် ။ ပြီးတော့ ဆက်ပြောတယ် ။ “ ခြင်းတောင်းကို ကြည့်လိုက် ”

ကောင်လေးက ၀ါးခြင်းတောင်းကို ကြည့်တယ် ပြီးတော့ ပထမဆုံးအကြိမ်သူနားလည်လိုက်တာက ၀ါးခြင်းတောင်းဟာ အနည်းငယ်ကွဲပြားခြားနားနေခဲ့တယ်ဆိုတာကိုပဲ ။ အရင်က ကျောက်မီးသွေးတွေ သယ်ထား လို့ ညစ်ပတ်ပေရေနေတဲ့ ၀ါးခြင်းတောင်းဟာ အခုတော့ သစ်လွင်တောက်ပြောင်နေခဲ့တယ် ။

“ ငါ့မြေး ဒါဟာ မင်းတရားစာအုပ်တွေဖတ်တဲ့အခါ ဘာတွေ ဖြစ်လာမလဲဆိုတဲ့အဖြေပါပဲ မင်းဟာ အကုန်လုံး ကိုနားလည်ချင်မှ နားလည်လိမ့်မယ် ဒါမှမဟုတ် အကုန်လုံးကို မှတ်မိချင်မှ မှတ်မိလိမ့်မယ် ဒါပေမယ့် မင်း တရားတော်တွေကို ဖတ်လိုက်တဲ့အခါ မင်းရဲ့ ညစ်နွမ်းနေတဲ့ အတွင်းပိုင်း စိတ်သဏ္ဍာန် ဟာ ပြောင်း လဲဖြူစင် သွားပါလိမ့်မယ် ”

--------------------------------------

မြတ်စွာဘုရားက ကျွန်တော်တို့ကို တရားတော်တွေနဲ့ယဉ်ကျေးလိမ္မာအောင် လမ်းမှန်ရောက်အောင် ပို့ဆောင်ပေး ခဲ့တယ် ပြီးတော့ တဖြည်းဖြည်း တရားဓမ္မနဲ့နီးစပ်လို့ အမှန်တရားကို ထိုးထွင်း သိမြင်နိုင်တဲ့ သူဖြစ်အောင် လမ်းပြပေးခဲ့တယ် ။ မြတ်စွာဘုရားဟာ ဖန်ဆင်းရှင်မဟုတ်ပါဘူး ဒါပေမယ့် လူသားအားလုံးကို အကောင်း ဆုံး အမှန်တရားကို ပြသပေးနိုင်တဲ့ “ လမ်းပြသူ ” ဖြစ်ပါတယ် ။

နေ့တိုင်းနေ့တိုင်းအနည်းငယ် လောက်ဖြစ်ဖြစ် တရားဓမ္မတွေကို လေ့လာဖတ်ရှုခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ ညစ်နွမ်းခက်ထန်နေတဲ့ အတွင်းစိတ်တွေဟာ တရားဓမ္မတွေရဲ့အနှစ်သာ ရတွေကြောင့် ပျော့ပြောင်းဖြူစင် လာပါ လိမ့်မယ် ။

သက်တန့်ချို
The Bible and the Old Wicker Coal Basket အားဘာသာပြန်ခံစားသည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, August 6, 2012

အာကာဟိန်း အကောင့်တွေအားလုံးကို Report ၀ိုင်းလုပ်ကြမယ် ( Share ပေးပါ ကူညီကြပါ )

အာကာဟိန်း အကောင့်တွေအားလုံးကို Report ၀ိုင်းလုပ်ကြမယ် ( Share ပေးပါ ကူညီကြပါ )

Facebook ပေါ်မှာ အာကာဟိန်းဆိုတာ နာမည်ကြီးမို့ ကျွန်တော်အစအဆုံးပြန်မပြောတော့ပါဘူး ။ သိချင် ရင်အောက် မှာပေးထားတဲ့လင့်တွေကို ၀င်ကြည့်နိုင်ပါတယ် ။ ကျွန်တော်အကြံရတာတစ်ခုရှိလို့ပါ ။ အာကာဟိန်း က အစစ်ဖြစ်စေ အတုဖြစ်စေ ကျိန်းသေတဲ့တစ်ချက်ကတော့ ဖေ့ဘုတ်မှာ သူ့အကောင့်တွေအားလုံး ဖန်ပေ့ခ်ျရော မ ရှိသင့်ဘူးလို့ ကျွန်တ်ာမြင်မိတယ် ။ လူတစ်ယောက်တည်းကနေ လူအများကြီး ကို စော်ကား တာတော့မဖြစ် သင့်ဘူးမဟုတ်လား ။ ဒီတော့ အာကာဟိန်းအစစ်ဆိုတဲ့ မေလ်းတစ်ခုက ကျွန်တော့်ဂျီမေးလ် ထဲကို မေးလ် ပို့ထားတယ် ။ ကျွန်တော်သူ့ကို ပြဿနာဖြေရှင်းနည်းတွေနဲ့ တချို့အချက် အ လက်တွေ ထောက်ပြ ထားတယ် ။

ဒီပုံလေးကိုလည်းကြည့်ပါဦး သူ့မှာက နဂိုကတည်းက တစ်ခုခုဖြစ်ပြီဆိုရင် အဟက်ခံရမယ်လို့ပြောလိုက်မယ်လို့ အကြံရှိပြီးသားမဟုတ်လား ။

အမှန်တော့ ဒီလောက်ခက်တဲ့ပြဿနာကြီးမဟုတ်ဘူး ။ ထားတော့ လောလောဆယ် အာကာဟိန်း နာမည်နဲ့ အကောင့်တွေအားလုံးပျက်သွားအောင် ဘယ်လိုလုပ်ကြမလဲပေါ့ ။

ကျွန်တော်တို့ Report လုပ်ကြပေမယ့် တချို့အကောင်တွေ့က မပျက်သေးဘူး ။ ဒီတော့ Report လုပ်တယ် ဆိုတာ လူအများကြီးက အကြောင်းအရာတစ်ခုတည်းကိုပဲ Report ၀ိုင်းတင်မှသာပျက်နိုင်တာပါ ။ ဒါကြောင့် အခုအောက် မှာ ပြောထားတဲ့နည်းအတိုင်းလိုက်လုပ်ပေးပြီး Report တင်ပေးကြပါဦး ။ ဆဲတယ်ဆိုတာ သူ့အတွက် ပန်းနဲ့ပေါက်သလောက်ပဲရှိမယ် ဘာမှ ထူးလာမယ်မထင်ဘူး ။ သူလိုချင်တာက ဆဲတာလေ ။ ပြီးတော့ သူ့ ကို အကြောင်းပြုပြီး ဆူပူမှုဖြစ်အောင်လုပ်မယ် သူနာမည်ကြီးအောင်လုပ်မယ်ပေါ့ ။

သူ့မှာ အကောင့်တွေအများကြီးရှိတယ် ဒီတော့ ကျွန်တော်အကောင့်တစ်ခုနဲ့ဖန်ပေ့ခ်ျကိုပဲနမူနာလုပ်ပြပါ့မယ် ။ ကျန်တဲ့အကောင်တွေကို လည်းအဲဒီနည်းအတိုင်းလုပ်ပေးကြပါ ။ ဖေ့ဘုတ်မှာ မရှိသင့်တဲ့အကောင့်တွေ လို့မြင်မိ ရင် ၀ိုင်းပြီးကူညီပေးကြပါလို့ မေတ္တာရပ်ခံပါတယ် ။

အကောင့် ၁ ။ https://www.facebook.com/muslimfighter1

အကောင့် ၂ ။ https://www.facebook.com/peacefulprincearkarhein ( ဖွင့်မရတော့ပါ deactivate or delete မသိပါ )

အကောင့် ၃ ။ https://www.facebook.com/ArkarHeinisthegod

အကောင့် ၄ ။ ဒါကတော့ အာကာဟိန်းအကောင့်နဲ့အလိုတူအလိုပါ အကောင့်ပါ တစ်ခါတည်း report လုပ်ပေးခဲ့ကြပါ - https://www.facebook.com/abdu.rahmun ( ဒီအကောင့်လည်းမရှိသင့်ဘူး )

ဖန်ပေ့ခ်ျ ။ https://www.facebook.com/ArkarHeinisyourfather

အကောင့်သစ်တွေ ထပ်တွေ့ရင်လည်းကွန်းမန့်မှာရေးခဲ့နိုင်ပါတယ် ပြီးရင် ကျွန်တော်အောက်မှာ ပြောတဲ့ နည်းအတိုင်း ရီပို့လုပ်ပေးသွားကြပါ ။

သာမန်ရိုးရိုး ပရိုဖိုင်းအကောင့် ၁ ၊ ၂ ၊ ၃ ၊ ၄ တို့ကို Report လုပ်နည်းပါ ။

အဆင့် ၁။ ပုံမှာပြထားတဲ့အတိုင်း မက်ဆေ့ဘေးက မြှားလေးကိုနှိပ်လိုက်ပါ ။ အဲဒီအခါ Poke ရယ် Report/Block.. ရယ်ပေါ်လာလိမ့်မယ် ။ Report/Block ကိုနှိပ်ပါ ။

အဆင့် ၂ ။ ပြီးတဲ့အခါ Block ရယ် Report ရယ် ၂ ခုတွေ့ပါလိမ့်မယ် ။ ၂ ခုစလုံးရွေးလည်းရတယ် Report this timeline ကို အရင်ရွေးလည်းရပါတယ် ။ပြီးရင် Continue ကိုနှိပ်ပါ ။

အဆင့် ၃ ။ အဲဒီအခါပုံမှာမြင်ရတဲ့စာတွေတွေ့လိမ့်မယ် ။ အားလုံးတူသွားအောင် Spam or scam message ကိုရွေးပါ ပြီးရင် Contiune ကိုနှိပ်ပါ ။

အဆင့် ၄ ။ Confirm Your Report ပေါ်လာပါလိမ့်မယ် ။ ဘာမှလုပ်စရာမလိုပါဘူး Contiune ကိုဆက်နှိပ်ပါ ။

အဆင့် ၅ ။ အဆင့် ၂ မှာ Block ရော Report ရောရွေးထားရင်တော့ပုံမှာပြထားသလို Block Arkar Hein ပေါ်လာမှာမဟုတ်ပါဘူး ။ မရွေးထားတဲ့သူတွေကတော့ Block Arker Hein ကိုရွေးလိုက်ပါ ။ ပြီးရင် Continue ကိုနှိပ်ပါ ။

အဆင့် ၆ ။ အဲဒီအခါ Arkar Hein has been blocked ဆိုပြီးပေါ်လာပါလိမ့်မယ် ။ Okay ကိုနှိပ်လိုက်ပါ ဒါဆို ရင် သူ့အကောင့် ပျောက်သွားပြီး ကိုယ့် Home Page ပေါ်လာပါလိမ့်မယ် ။

အခုဆက်ပြောမှာကတော့ သူ့ Fan Page ကို Report လုပ်နည်းပါ ။

အဆင့် ၁။ သူ့ဖန်ပေ့ခ်ျ https://www.facebook.com/ArkarHeinisyourfather ကို ဖွင့်လိုက်ပါ ။ ပြီးရင် ပုံမှာမြင်ရတဲ့အတိုင်း Like ဘေးနားက မြှားအောက်စိုက်လေးကိုနှိပ်ရင် စာတွေတွေ့ရလိမ့်မယ် ။ Report Page ကိုရွေးလိုက်ပါ ။

အဆင့် ၂ ။ ပြီးရင် Is this page about you or a friend ? ဆိုပြီးပေါ်လာပါလိမ့်မယ် ။ It's harassing me ကိုရွေးပြီး Continue ကိုနှိပ်ပါ ။

အဆင့် ၃ ။ What You Can Do ဆိုပြီးပေါ်လာပါလိမ့်မယ် ။ Get help from ဆိုတာက ကိုယ့်သူငယ် ချင်းတွေကိုပါရွေးပြီး report ၀ိုင်းလုပ်ခိုင်းတာပါ ။ အောက်က Report to Facebook ကို နှိပ်ဖို့မမေ့ပါနဲ့ ပြီးရင် Continue ကိုနှိပ်ပါ ။

အဆင့် ၄ ။ Thanks For Your Report ဆိုပြီးပေါ်လာမယ် ။ Receive an email ဆိုတာက သူတို့ ပြန်ဆန်း စစ်ပြီးရင် အကြောင်းပြန်စာကိုကိုယ်က လက်ခံမလား လက်မခံဘူးလား ရွေးတာပါ ။ လက်ခံချင်ရင် အမှန်ခြစ်ပေး ပါ ။ ပြီးရင် Okay ကိုနှိပ်ပါ ။ ဒါဆိုရင်ရပါပြီ ။

နောက်ဆုံးပြောချင်တာကတော့ ပရိုဖိုင်းကို ရီပို့လုပ်တဲ့အခါ တစ်ခါတည်းဘလော့လိုက်တာဖြစ်တဲ့အတွက် မည်သူမ ဆို အဲဒီနည်းလမ်းကိုလုပ်ထားစေချင်တယ် ။အထူးသဖြင့် မိန်းကလေးတွေကိုယ့်ဓါတ် ပုံတွေနဲ့သူ့လက် ချက်မမိချင်ရင် သူ့ပရိုဖိုင်းအကောင့်တွေအကုန်လုံးကျွန်တော်ပြောတဲ့နည်းအတိုင်းလုပ်ပေးထားကြပါ ။

ဖန်ပေ့ခ်ျကတော့ ကိုယ် မ like ထားရင်ဘာမှမဖြစ်ပါဘူး ပြီးတော့အကြိမ်ကြိမ် အားသရွေ့ ရီပို့သွားလုပ်လို့ ရပါတယ် ။ အားလုံးပဲ ၀ိုင်းဝန်းကူညီယုံသာမက ဒီပို့စ်လေးကိုလည်း share လုပ်ပေးသွားစေချင်ပါတယ် ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, August 4, 2012

DON'T USE THE LORD BUDDHA'S IMAGE FOR YOUR BUSINESS

DON'T USE THE LORD BUDDHA'S IMAGE FOR YOUR BUSINESS




Icon Shoes FB - http://www.facebook.com/iconshoesandhandbags

Official Website - http://www.iconshoes.com/

ICON ,

We don't know which products you produced , but we have to let you know about the creation the shoes using with Buddha's image.

You must know that this is so rude manner and badly damage to our Buddha's Image, we did't do any viloation and insult to your believing .

But your ICON is now insulting our believing of Buddha's Image by using the Buddha's Image to your wearing shoes.Buddha is our novel religion of world people including Myanmar , You should not insult and spoil good image of Buddhisms.

Don't you know???

Who is Buddha ? Why do you want to put our Lord Buddha's Image in this type of advertisements . You should learn first these things all.

I think you didn't know , Once some of Afghanistan people destorying the Buddha's Statue , at that time UNESCO stop this kind of manners . They announced that this is “ WORLD HERITAGE ”. Now you should learn the values and how important of Buddha.

I didn't think so you will know the about Buddha's teachings.One day , you will know the meaning of IMMORTAL and MORTAL . You keep in mind “ MAN IS MORTAL ” This is one of the Buddha's teachings.

I would like to request and sincerely advice you “ DON'T USE THE LORD BUDDHA'S IMAGE FOR YOUR BUSINESS ”

1. Stop the creation of using Buddha's Image at your wearing shoes and other products.
2. Do apologize to all Buddhism all over the world.

OTHERWISE,

We will against to your prouducts , your ICON Bushiness and inform to UNESCO to take action.

Thet Tant Cho
Myanmar Blogger
On behalf of Buddhisms

အိုင်ကွန်

မင်းတို့ ဘာပစ္စည်းတွေထုတ်လုပ်နေလဲဆိုတာ ငါတို့မသိဘူး ဒါပေမယ့် ဘုရားရဲ့ ပုံတော်တွေကို မင်းတို့ရဲ့ ရှူးဖိနပ် ထုတ်လုပ်ဖို့ အသုံးပြုကြော်ငြာခြင်းအပေါ် မင်းတို့သိစေဖို့ ငါတို့ပြောရခြင်းဖြစ်တယ် ။

ဒါဟာ စိတ်ပျက်ဖွယ်ကောင်းလောက်တဲ့အပြုအမူတစ်ခုဖြစ်ပြီး ငါတို့ မြတ်စွာဘုရားရဲ့ဂုဏ်တော်ကို များစွာ ထိခိုက်စေ တယ် ။ ငါတို့ မင်းတို့ရဲ့ယုံကြည်မှုအပေါ် ဘယ်လို စော်ကားမှုမျိုး ဘယ်လို ဆူပူမှုမျိုး မှဖြစ်အောင် မလုပ်ခဲ့ဘူး ။

ဒါပေမယ့် အခုမင်းတို့ အိုင်ကွန်က ငါတို့ယုံကြည်တဲ့ မြတ်စွာဘုရားရဲ့ပုံရိပ်တွေကို မင်းတို့ရှူးဖိနပ်တွေမှာ အသုံးပြုကြော်ငြာခြင်း အားဖြင့် ငါတို့ကို ယုံကြည်မှုကို စော်ကားနေကြတယ် ။ မြတ်စွာဘုရားဟာ တစ်ကမ္ဘာ လုံးအပါအ၀င် ငါတို့မြန်မာလူမျိုးတွေ အထွတ်အမြတ်ထားရာကိုးကွယ်ယုံကြည်မှုဖြစ်တယ် ။ မင်းတို့ ဗုဒ္ဓဘာသာ ၀င်တွေရဲ့ ဂုဏ်သိက္ခာကို ဒီလို စော်ကားမော်ကားရိုင်းပြမှု မလုပ်သင့်ဘူး ။

မင်းတို့သိကြလား ?

မြတ်စွာဘုရားဆိုတာ ဘယ်သူလဲဆိုတာ ? ဘာကြောင့်များ မြတ်စွာဘုရားရဲ့ပုံတော်တွေကို မင်းတို့ ရဲ့ ကြော်ငြာတွေ မှာ ထည့်သွင်းအသုံးပြုချင်ခဲ့ရသလဲ ။ မင်းတို့ ပထမဆုံးအနေနဲ့ အရာအားလုံး ကို လေ့ လာသင့်တယ် ။

မင်းတို့မသိဘူးထင်ပါတယ် အာဖဂန်နစ္စတန် က လူတချို့က ဘုရားရုပ်တုတော်တွေကို ဖျက်ဆီးကြတုန်းက UNESCO က ပြင်းထန်စွာ ရှုတ်ချပြီး ကန့်ကွက်ရပ်တန့်ခဲ့တယ် ။ ပြီးတော့ သူတို့ကြေငြာ ချက်ထုတ် တယ် မြတ်စွာဘုရားရုပ်ထုတွေဟာ “ ကမ္ဘာ့အမွေအနှစ် ” ဖြစ်တယ်လို့ပေါ့ ။ အခု မင်းတို့ မြတ်စွာဘုရားရဲ့ တန်ဖိုး နဲ့ ဘယ်လောက် အရေးကြီးအရေးပါသလဲဆိုတာကိုပေါ့ ။

မင်းတို့ မြတ်စွာဘုရားရဲ့ တရားတော်တွေကိုလည်း သိကြလိမ့်မယ် ငါမထင်ဘူး ။ မင်းတို့ တည်မြဲခြင်းနဲ့ မတည်မြဲခြင်း အကြောင်းကို သိကြလား ။ မင်းတို့စိတ်ထဲမှတ်ထားပါ “ လူဆိုတာ မတည်မြဲခြင်းတရား ” ပဲ ။ ဒါဟာ ဘုရားရဲ့ တရားတော်တွေထဲက တစ်ခုပဲရှိသေးတယ် ။

မင်းတို့ကို ငါ အကြံပေးပြီးတောင်းဆိုချင်တာကတော့ “ မင်းတို့ စီးပွားရေးလုပ်ငန်းအတွက် မြတ်စွာဘုရားရဲ့ ပုံရိပ်တွေ ကို အသုံးမပြုပါနဲ့ ”

၁ ။ ခြေထောက်မှာ စီးတဲ့ရှူးဖိနပ်တွေနဲ့တခြားထုတ်ကုန်တွေမှာ ဘုရားရဲ့ပုံရိပ်တွေကို ထည့်သွင်း အ သုံးပြု ကြော်ငြာနေခြင်း ကို ရပ်တန့်ပါ ။
၂ ။ ကမ္ဘာတ၀ှမ်းမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်အားလုံးကို ပြန်တောင်းပန်ပါ ။

ဒါမှမဟုတ်ရင်တော့

မင်းတို့ အိုင်ကွန် ထုတ်ကုန်တွေနဲ့ မင်းတို့ စီးပွားရေး ကို ငါတို့ ဆန့်ကျင်ပြီး အရေးယူဖို့ကိုလည်း UNESCO ကို တင်ပြ မယ် ။

သက်တန့်ချို
မြန်မာဘလော့ဂါ
ဗုဒ္ဓဘာသာဝင်များကိုယ်စား

ဓါတ်ပုံ - လင်းဦးစိတ်ပညာ

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, August 3, 2012

ကိုယ်ဖန်တီးမယ့်အိမ်ကလေးတွေ

ကိုယ်ဖန်တီးမယ့်အိမ်ကလေးတွေ



တစ်ခါတုန်းကပေါ့ -- အသက်အရွယ်ကြီးရင့်လာပြီဖြစ်တဲ့ လက်သမားဆရာကြီးတစ်ယောက်ဟာ အသက်အရွယ် အရသော်လည်းကောင်း အေးအေးလူလူနေချင်တဲ့အတွက်ကြောင့်လည်းကောင်း အနားယူချင်နေခဲ့တယ် ။ လက်သမားဆရာက သူ့နဲ့စာချုပ်ချုပ်ထားတဲ့အလုပ်ရှင်ကိုသူ့ရဲ့ အကြံကိုပြောပြတယ် ။ အိမ်ဆောက်တဲ့လုပ်ငန်း ကနေ အနားယူချင်ပြီး သူ့ဇနီးနဲ့ သူ့မိသားစု တွေနဲ့အ တူတူ ပျော်ရွှင်ချမ်းမြေ့တဲ့ဘ ၀မှာ နေထိုင် သွား လိုကြောင်းပေါ့ ။ ဒါပေမယ့် လက်သမားဆရာကြီးက သူ့အလုပ်ရှင်ကို စာချုပ်အရရော အကြွေးတွေ ကျန်နေသေး တယ် ဒါပေမယ့် သူ အမှန်တကယ်ကို အနားယူချင်နေခဲ့တယ် ။

အလုပ်ရှင်က ဒီလို တော်တဲ့လက်သမားဆရာကြီးဆီက အနားယူမယ်ဆိုတဲ့စကားကြားရတဲ့အခါ စိတ် မကောင်းဖြစ် သွားတယ် ။ ပြီးတော့ လက်သမားဆရာကိုပြောတယ် ။ “ လူမှုရေးအရဖြစ်စေ ကျွန်တော့်ကို အိမ်တစ် လုံးလောက် နောက်ဆုံးအနေနဲ့ဆောက်ပေးနိုင်မလား ” လက်သမားဆရာကြီးက “ ကောင်းပါပြီ ” လို့ပြောလိုက်တယ် ။ ဒါပေမယ့် တကယ် နောက်ဆုံးအိမ်ကိုဆောက်တဲ့အခါ လက်သမားဆရာကြီးဟာ သူ့ရင်ထဲ နှ လုံးသား ထဲကနေ စိတ်မပါတော့ဘူး ။ နောက်ဆုံးအိမ်ဖြစ်တဲ့ အတွက် စေတ နာလည်းလျော့ ရဲသွား သ လို စိတ်ကလည်းအနား ယူချင်စိတ်သာ စိုးမိုးနေခဲ့တယ် ။ သူဟာ စိတ်မပါတဲ့အ တွက် နောက်ဆုံး သူဆောက်ရမယ့်အိမ်ကိုလည်း ကရော်ကမယ် အဖြစ်လောက်ပဲ ဆောက်လုပ်ခဲ့တယ် ။ အိမ်ဆောက် ပစ္စည်းတွေ ကိုလည်း အရည်အသွေးညံ့တဲ့ပစ္စည်းတွေကိုပဲသုံးခဲ့တယ် ။

ဒီလိုနဲ့လက်သမားဆရာကြီးဟာ နောက်ဆုံးအိမ်ကို ဆောက်လုပ်ပြီးစီးသွားခဲ့တယ် ။ အလုပ်ရှင်က အိမ်ကို လာကြည့်ပြီး လက် သမားဆရာကြီးကိုလက်ဆွဲနှုတ်ဆက်လိုက်တယ် ။ ပြီးတော့ အိမ်သော့ကိုယူပြီး “ ဒါဟာ ခင်ဗျားရဲ့ အိမ်ပါပဲ -- ကျွန်တော်ခင်ဗျားကို နောက်ဆုံးအနေနဲ့လက်ဆောင်ပေးတာပါ ” လို့ပြောလိုက်တယ် ။

----------------------------------------

ဘယ်လောက်အံ့သြစရာကောင်းသလဲ ။ ဘယ်လောက်ရှက်စရာကောင်းသလဲ ။ အကယ်၍သာ လက်သမား ဆရာကြီးက သူ့အတွက်ပေးမယ့်အိမ်မှန်းသာ သိရင်သူပိုင်ဆိုင်ရမယ့်အိမ်မှန်းသာသိရင် သူဟာ လက်ရှိဆောက် ထားတဲ့အိမ်နဲ့မတူတဲ့ ကောင်းမွှန်သပ်ရပ်တဲ့အိမ်ကို ဆောက်လုပ်မှာအမှန်ပါပဲ ။ အခုတော့ သူဆောက်လုပ် ထားတဲ့သိပ်မကောင်းမွန်တဲ့အိမ်ကလေးမှာပဲ သူနေရတော့မှာ သူပိုင်ဆိုင်ရတော့မှာဖြစ်တယ် ။

ကျွန်တော်တို့ရော ?? ကိုယ့်အတွက် အကျိုးမရှိဘူး ကိုယ့်မပိုင်ရဘူး ဆိုပြီးအဖြစ်သဘော အလုပ်သဘော လုပ်ခဲ့တာတွေ ရှိနေမလား ? ကျွန်တော်တို့ဘ၀မှာရော ဘယ်လိုအရာမျိုးတွေကို တည်ဆောက်ခဲ့ကြသလဲ ။ ကိုယ့်အတွက် မဟုတ်ဘူးဆိုရင် ကောင်းကောင်းမွန်မွန်မလုပ်ဘူး ကောင်းကောင်းမွန်မွန်မဆက်ဆံဘူး အပြု သဘော အဖြစ်သဘောတွေများ လုပ်ခဲ့ကြသလား ။

တကယ်တော့လောကကြီးမှာ ဘာအလုပ်ပဲလုပ်လုပ်ကိုယ့်အလုပ်လို ကိုယ့်အကျိုးစီးပွားလို သဘောထားပြီး အကောင်းမွန်ဆုံးလုပ်ဆောင်ပါ ။

ကိုယ်မပိုင်ရဘူး ကိုယ့်အတွက်မဟုတ်ဘူးဆိုပြီး ဘာကိုမှ ဖြစ်ကတတ်ဆန်းမလုပ်မိပါစေနဲ့ ။

ကိုယ်က အဖြစ်သဘောနဲ့လုပ်ခဲ့တဲ့အရာတွေဟာ နောင်တစ်ချိန်မှာ ကိုယ့်အတွက် အရှက်ရစ ရာတွေဖြစ်နေ တတ်တယ် ။

“ တကယ်တော့ ကျွန်တော်တို့အားလုံးဟာ ကိုယ်ဖန်တီးတဲ့ ကိုယ်ပြုလုပ်တဲ့ အိမ်ကလေးအတွင်း မှာပဲ နေ ထိုင်ကြရတာပါ ”

သက်တန့်ချို
How are you building your life? အားဘာသာပြန်ခံစားသည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, August 1, 2012

မျောက်ကလေးနဲ့သစ်သားပန်းသီးများ

မျောက်ကလေးနဲ့သစ်သားပန်းသီးများ



တစ်ခါတုန်းက တောအုပ်ထဲမှာ ပျော်နေတဲ့ မျောက်တစ်ကောင်ရှိတယ် ။ သူ ဗိုက်ဆာလာတဲ့အခါ အရသာရှိတဲ့ သစ်သီးတွေ စားလို့ သူ မောလာတဲ့အခါ အနားယူလို့ အဲဒီတောအုပ်ထဲမှာ ပဲ ပျော်မွေ့နေခဲ့တယ် ။ တစ်နေ့ မှာတော့ သူဟာ မျက်စိလည်လမ်းမှားရင်း အိမ်တစ်လုံးဆီရောက်လာခဲ့တယ် ။ အဲဒီမှာ သူမြင်လိုက်ရတာက အရမ်း ကို လှပတဲ့ ပန်းသီးတွေထည့်ထားတဲ့ ပန်းကန်လုံးကြီးကိုပေါ့ ။ သူက လက်တစ်ဖက်စီမှာ ပန်းသီးတစ်လုံးစီ ယူပြီး တောအုပ်ထဲ ပြန်ပြေးလာခဲ့တယ် ။

မျောက်က ပန်းသီးကို နှာခေါင်းရှုံ့ပြီးအနံ့ခံတယ် ။ ဒါပေမယ့် ဘာအနံ့မှ မရဘူး ။ ပြီးတော့ ပန်းသီးကို စားဖို့ကြိုးစားတယ် ။ ဒါပေမယ့် သူ့သွားတွေ နာကျင်ပြီး စားမရလောက်အောင်မာကြောနေတယ် ။ ပန်းသီးတွေ ဟာ တကယ်တော့ သစ်သားနဲ့ပြုလုပ်ထားတာဖြစ်တယ် ။ ဒါပေမယ့် သူတို့က အရမ်းလှတယ် ။ တခြားမျောက် လည်း အဲဒီပန်းသီးတွေမြင်တဲ့အခါ အလုအယက်ပြေးယူဖို့လာကြတယ် ။ အဲဒီအခါ ပန်းသီးပိုင် ရှင် မျောက်က သူ့ပန်းသီးတွေကို တင်းကြပ်စွာ ပွေ့ဖက်ထားလိုက်တယ် ။ ပြီးတော့ သူဟာ ဒီတောထဲမှာ သူ့ရဲ့ ပန်းသီးပိုင် ဆိုင်မှုအတွက် ဂုဏ်ယူဝင့်ကြွားစွာနဲ့ သဘောတွေကျနေခဲ့တယ် ။ ပန်းသီးတွေ က နေရောင်နဲ့ကြည့် တဲ့အခါ နီရဲတောက်ပြောင်နေပြီး သူ့ကို ပြည့်စုံအောင် လုပ်ပေးနေ တယ်လို့ မျောက် ကခံစားနေရတယ် ။ ပန်းသီတွေကိုပဲ သူဂရုတစိုက်ကြည့်နေပြီး ပထမဆုံး သူ ဆာလောင်နေ တာကိုတောင် မေ့လျော့သွားခဲ့တယ် ။

သစ်သီးပင်တစ်ပင်က မျောက်ကို သတိပေးတယ် ။ ဒါပေမယ့် သူ့လက်ထဲကပန်းသီးတွေက လွဲလို့ မျောက်က ဘာကိုမှ ဂရုမစိုက်ဘူး ။ သူစားဖို့ သစ်သီးခူးဖို့ အတွက်သူ့လက်ထဲက ပန်းသီးတွေကို မြေပြင်ပေါ် ခဏချရမှာ ကိုတောင် သူမချနိုင်ဖြစ်နေခဲ့တယ် ။ တကယ်တော့ သူ နားလည်း မနားရသလို သူ့ ပန်းသီးတွေကို တခြားမျောက်တွေလာလုယူမှာစိုးတဲ့အတွက် အချိန်တိုင်းကာကွယ်နေရတယ် ။ ဂုဏ်ယူဝင့်ကြွားမှုတစ်ခုအတွက် အရင်က ပျော်ရွှင်နေတဲ့မျောက်ဟာ ပျော်ရွှင်မှုတွေနည်းလာပြီး သစ်တောတလျှောက် မှာ လျှောက် သွားနေ ခဲ့ရတယ် ။

ပန်းသီးတွေဟာ တဖြည်းဖြည်း လေးပင်လာသလို ခံစားလာရတယ် ။ သနားစရာကောင်းတဲ့မျောက်ဟာ ပန်းသီးတွေကို လွှတ်ချလိုက်ဖို့ အတွက်စဉ်းစားတယ် ။ သူ မောနေပြီ -- သူ ဆာနေပြီ နောက်ဆုံး သစ်သီးပင်ပေါ်တက်လို့ သစ်သီးတွေ သူ မခူးနိုင်တော့ဘူး သူ့လက်ထဲမှာ စားလို့မရတဲ့ ပန်းသီးတွေ နဲ့ပဲပြည့်နေခဲ့တယ် ။ အကယ်၍ သူ့လက်ထဲက ပန်းသီးတွေကို လွှတ်ချလိုက်ရင် သူ ဘာဆက်ဖြစ်မလဲ ?

သူ့လက်ထဲ သယ်ဆောင်ထားတဲ့ပန်းသီးတွေက ရူးသွပ်မှုတွေပဲလို့ သူမြင်လာတယ် ။ သူ အရမ်းလည်း ပင်ပန်းနေ ခဲ့ပြီး နောက်ဆုံး အသီးပင် ရောက်တဲ့အခါ အဲဒီအပင်က သစ်သီးရနံ့တွေကို သူ ရှုရှိုက်ရင်း သူအရာရာကို နားလည်သဘောပေါက်သွားတယ် ။ သူ့လက်ထဲက သစ်သားနဲ့လုပ်ထားတဲ့ပန်းသီးတွေကို သူ မြေပြင်ပေါ် ပစ်ချလိုက် လို့ သူ့အစာအတွက် သစ်သီးပင်ပေါ်တက်သွားတယ် ။ သူ အခု ပြန်ပြီးပြုံးပျော်နိုင်ပါပြီ ။

----------------------------------------------------

မျောက်ကလေးလိုပဲ ကျွန်တော်တို့ဟာ တန်ဖိုးရှိတယ်လို့ ထင်မိတဲ့ အရာတွေကို ကျွန်တော်တို့ ဘ၀တလျှောက် လုံး သယ်ဆောင်ထားကြတယ် ။ ပုံပြင်လေးရဲ့အဆုံးက ၂ ခုဖြစ်နိုင်တယ် ။ မျောက်ဟာ နောက်ဆုံး သစ်သီး ပင်အောက်မှာ သူ့ပန်းသီးတွေကို မစွန့်ပယ်နိုင်လို့ ရင်မှာ ပိုက်ရင်း သေပွဲ ၀င်သွားခဲ့တယ် ။ နောက်တစ်ခုကတော့ ကျွန်တော်အပေါ် မှာရေးခဲ့သလို ပန်းသီးတွေကို လွှတ်ချလို့ ကိုယ့်ရဲ့ ရှင်သန်မှုနဲ့ ပျော်ရွှင် မှုကို ရွေး ချယ်လိုက်တယ် ။ ကဲ ကိုယ်မစားနိုင်တဲ့ ကိုယ်တဲ့အသုံးမ၀င်တဲ့ သစ်သားပန်းသီးကို ရင်မှာ ပိုက်ပြီး တကယ်စားနိုင်တဲ့ သစ်သီးပင်အောက်မှာ သေပွဲ ၀င်တယ်ဆိုတာ တကယ်တော့ မဖြစ်သင့် ဘူးမဟုတ်လား ။

ဒါဆို ကျွန်တော်တို့ဘ၀မှာရော မျောက်ကလေးလိုပဲ ဘာတွေကို သယ်ဆောင်ထားမိကြပါလိမ့် ။ စည်းစိမ် ဥစ္စာ တွေလား ၊ စိုးရိမ်ကြောင့်ကျမှုတွေလား ၊ စိတ်ပျက် ၀မ်းနည်းစရာတွေလား ၊ မာန်မာနတွေလား ၊ ဘွဲ့ထူးဂုဏ် သိမ်တွေလား တစ်ခုခုကိုတော့ သယ်ဆောင်ပြီး တောအုပ်ထဲ ကျွန်တော်တို့ေ လျှာက်သွားနေမိကြတယ် ။

“ လွှတ်ချသင့်တဲ့အရာကို လွှတ်ချသင့်တဲ့အချိန်မှာ လွှတ်ချနိုင်မှသာလျှင် တကယ့်ပျော်ရွှင်မှုကို ကျွန်တော်တို့ ခံစားနိုင်လိမ့်မယ် ”

သက်တန့်ချို
The Monkey With The Wooden Apples အားဘာသာပြန်ခံစားသည် ။


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................