Sunday, March 29, 2020

ကျန်းမာစေ လန်းပါစေ

ကျန်းမာစေ လန်းပါစေ

အသိကို သတိနဲ့ယှဉ်
မြင်သမျှ တွေးဆ
ဘ၀ဆိုတာ ..
ရေပွက် ပမာ တစ်ခဏမျှသာ ။

အသက်ရှုနေသမျှ ဒီဘ၀
ရသော ဉာဏ်
မှန်သော ထုံး
ပြုံးလို့သာ နေပါလေ ။

အို ..
ကျန်းမာစေ
လန်းပါစေ
ဘေးရန်ရှင်းလို့
ကပ်ဘေးလည်းကင်းပါစေ ။

သက်တန့်ချို
29.3.2020

Saturday, March 28, 2020

၈ ယောက်မှသည် ရှစ်ဆယ်ရှစ်ထောင်မဖြစ်စေဖို့



၈ ယောက်မှသည် ရှစ်ဆယ်ရှစ်ထောင်မဖြစ်စေဖို့

- သတိကြီးကြီးထားပြီး အသွားအလာ ဆင်ခြင်ကြစို့ ။

- လူထူထပ်တဲ့နေရာတွေ မသွားပဲနေကြစို့ ။

- အပြင်သွားတိုင်း Mask တပ်စို့ ။

- အပြင်က ပြန်လာတိုင်း လက်ဆေးကြစို့ ။

- တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာ ၃ ပေအကွာနေကြစို့ ။

- သတင်းမှားတွေ ရှောင်ကြစို့ ။

အစိုးရက အခုထိ အသွားအလာမကန့်သတ်သေးလည်း ကိုယ့်ဘာသာ ကန့်သတ်ကြပါ ။
ဖြစ်နိုင်ရင် ဘယ်မှ မထွက်တာအကောင်းဆုံးပါပဲ။

မိမိဘာသာ ရက်အကန့်အသတ်နဲ့ lock down ချကြပါ ။

သက်တန့်ချို
28-March 2020

Wednesday, March 25, 2020

စုစုပေါင်း မြန်မာပြည်မှာ (၃) ယောက်တွေ့ပြီးတဲ့နောက် ဘာဆက်လုပ်ကြမလဲ ?


စုစုပေါင်း မြန်မာပြည်မှာ (၃) ယောက်တွေ့ပြီးတဲ့နောက် ဘာဆက်လုပ်ကြမလဲ ?

လိုရင်းတိုရှင်းပဲ သွားရအောင် ။

👉 COVID-19 က Severe Acute Respiratory Syndrome Coronavirus 2 ( SARS-CoV-2) လို့ခေါ်တဲ့ positive-stranded RNA viruses အမျိုးအစား ။

👉 ချောင်းဆိုး ၊ နှာချေ  တာနဲ့ respiratory droplets တွေကနေတဆင့်ဗိုင်းရပ်ပျံ့နှံ့ကူးစက်တယ် ။

👉 လက္ခဏာတွေက ဖျားမယ် ၊ ချောင်းဆိုးမယ် ၊ အသက်ရှုခက်ခဲမယ် အသက်ရှုကြပ်မယ် ။

👉 ဗိုင်းရပ်စ်ဝင်ပြီး ၂ ရက်နေ ၁၄ ရက်အတွင်း လက္ခဏာတွေ ရှိနိုင်တယ် ။

👉 လက္ခဏာပြနေတဲ့အချိန်မှာ လူလူချင်း အနေနီးရင် ကူးစက်မယ် ။

COVID-19 အတွက် CDC ရဲ့ disinfection ကတော့ ဒီလိုတွေပြောတယ် ။

ဘာတွေနဲ့ ပိုးသတ်ရမလဲဆိုရင် CDC ကတော့ dilute လုပ်ထားတဲ့ household bleach solution သို့မဟုတ် alcohol 70% ပါဝင်တဲ့ alcohol solution သုံးလို့ရတယ်ဆိုပါတယ်။ EPA registered household disinfectants တွေလည်းသုံးလို့ရပါတယ် ။

Household bleach solution ဇွန်း ၅ ဇွန်းကို ရေ ၁ ဂါလံနဲ့ရောသုံးရမှပါ ။ ဒါဟာ household နဲ့ general disinfection အတွက်ပါ ။

ညစ်ပေနေတဲ့ မျက်နှာပြင်အတွက်ဆို အရင်ဆုံး disinfection မလုပ်ခင် ဆပ်ပြာမှုန့် ဆပ်ပြာ နဲ့ရေ အသုံးပြုပြီးအရင်ဆေးကြောသန့်စင်ရမယ် ။တစ်ခါသုံးလက်အိတ်သုံးရမယ် ။

လက်အိတ်မသုံးဖြစ်ရင် disinfection လုပ်ပြီးတိုင်း လက်ကို သေချာပြန်ဆေးရမယ်။

CDC Guideline - https://www.cdc.gov/coronavirus/2019-ncov/prepare/cleaning-disinfection.html

အခု ဒီစာကို ဖတ်မိတဲ့လူတွေကို အဓိက လိုတိုရှင်းပြောချင်တာက

၁ ။ သံသယလူနာရှိရင် သတင်းပို့ပါ ။  Hotline : 067 3420268 ,  067 3420802

၂ ။ လက်ခဏခဏဆေးပါ လက်မဆေးရသေးပဲ မျက်နှာ နှာခေါင်း ပါးစပ်ကိုမထိနဲ့ ။ လက်ဆွဲမနှုတ်ဆက်ပါနဲ့ ။ ဖက်လှဲတကင်းမ‌နေပါနဲ့ ။

၃ ။ တတ်နိုင်သမျှ အိမ်ထဲမှာပဲနေပါ ။ အပြင်သွားတိုင်း mask တပ်ပါ ။ mask ဝယ်မရရင်လက်ကိုင်ပုဝါယူသွားပါ ။ ဘာအကာအကွယ်မှ မပါတာထက်စာရင်ကောင်းပါတယ် ။

၄ ။ စားပွဲ ၊ ကြမ်းပြင် ၊ အရာ၀ထ္ထုမျက်နှာပြင်တွေ ( tables, doorknobs, light switches, handles, desks, toilets, faucets, sinks ) ကို သန့်ရှင်းရေးလုပ်ပါ ။ Soap, 70%alcohol, dettol,  aseptol စတဲ့အရာအားလုံးသုံးနိုင် ။ အသေးစိတ်သိချင်ရင် ဒီမှာ ဖတ် - https://www.americanchemistry.com/Novel-Coronavirus-Fighting-Products-List.pdf

၅ ။ အသက် (၆၀)  အထက် သက်ကြီးရွယ်အို တွေ အပြင်မထွက်ပါနဲ့ ။ (UK Recommendation အရ အသက် ၆၀ အထက်ဆိုရင် ၄ လ အိမ်ပြင်မထွက်ပါနဲ့ဆိုတယ် )

၆ ။ ပစ္စည်းတွေ လုယက်မဝယ်ပါနဲ့ ။ Positive တစ်ယောက်ပါလာရင်အကုန်သေကုန်ပါမယ် ။ ဆန်စိုက်ပြီး ဆီထွက်တဲ့တိုင်းပြည်မို့ငတ်သေစရာတော့မရှိပါ ။

၇ ။ ပိတ်လို့ရတဲ့အလုပ်တွေ ရုံးတွေ ပိတ်ပေးပါ ။ Public Transportation မှာ risk လျော့ချဖို့နဲ့ crowded risk လျော့ချဖို့ Work From Home လုပ်လို့ရတဲ့အလုပ်တွေကို သီးသန့်ခွဲပြီး လူဦးရေလျော့ချဖို့လိုပါတယ် ။

၈ ။ ကိုယ်ဖျားနေရင် ချောင်းဆိုးနေရင် အိမ်ပြင်မထွက်ပါနဲ့ ။ ဆရာဝန် ဆရာမ ကျန်းမာရေးဝန်ထမ်းကိုအကြောင်းကြားပါ ။

၉ ။ ဖုန်းကို အမြဲသန့်ရှင်းရေးလုပ်ပါ ။ အပြင်ကပြန်လာတိုင်း ရေချိုး အဝတ်လဲပါ ။ သင့်အိမ်ကို ဧည့်သည်တွေမလိုအပ်ပဲလာခြင်းကိုတားမြစ်ပါ ။

၁၀ ။ လူတစ်ယောက်နဲ့တစ်ယောက် ၃ ပေအကွာမှာ နေပါ ။ ချောင်းဆိုးတဲ့လူနဲ့ဝေးဝေးနေပါ ။ အိမ်ထဲမှာ တတ်နိုင်သမျှ နေခြင်းက ကျန်းမာရေးဝန်ထမ်းတွေကို အထိရောက်ဆုံးကူညီပေးခြင်းပါပဲ ။

သက်တန့်ချို
25-Mar-2020
ကမ္ဘာ့သတင်း update တွေဖတ်ချင်ရင် ဒီ Page ကို like & follow လုပ်ထားပါ ။ https://www.facebook.com/covid19liveupdates

Standford Medicine က တင်ထားတဲ့ COVID-19 Prevention အကြောင်း

Standford Medicine က တင်ထားတဲ့ COVID-19 Prevention အကြောင်း လွယ်ကူရှင်းလင်းတဲ့ animation video ဖြစ်ပါတယ် ။

စိတ်ဝင်စားဖို့ကောင်းပြီးနားလည်လွယ်တာမို့ ကြည့်ပြီးရင်ပြန်မျှဝေပေးကြပါဦး ။

လူတွေဟာ Panic ( စိုးရိမ်ထိတ်လန့်ကြောက်ရွံ့မှုလွန်ကဲခြင်း ) ဖြစ်ပေါ်လာတဲ့အခါ Panic Buy လို့ခေါ်တဲ့ လူစုလူဝေးနဲ့ကြောက်လန့်တကြားစျေးဝယ်တာတွေဖြစ်လာကြတယ် ။ ဒီ Video လေးထဲမှာတော့ အဲ့ဒီလိုမဖြစ်အောင် ဘယ်လို ကာကွယ်ရမယ်ဆိုတာ ဖော်ပြထားပါတယ် ။

၁ ။ လူစုလူဝေးမလုပ်ရဘူး ။
၂ ။ အိမ်ထဲမှာပဲနေရမယ် ။
၃ ။ လက်ဆွဲမနှုတ်ဆက်ရဘူး ။
၄ ။ ၃ ပေအကွာနေရမယ် ။
၅ ။ မျက်နှာကို လက်နဲ့မကြာခဏမထိတွေ့ရဘူး ။
၆ ။ ဖျားနာနေရင်အလုပ်မသွားရဘူးအပြင်မထွက်ရဘူး ။
၇ ။ ဖျားနေရင်အိမ်မှာပဲနေပြီး ဆေးရုံဆေးခန်းကျန်းမာရေးဝန်ထမ်းကိုအကြောင်းကြားရပါမယ် ။
၈ ။ လက်ကိုဆပ်ပြာနဲ့ဆေးရမယ် ၊ ကြမ်းပြင်တွေကို အမြဲသန့်ရှင်းအောင်ထားရမယ် ။
၉ ။ ပစ္စည်းတွေကို လုမဝယ်ရဘူး ၊ လိုအပ်သလောက်ပဲ ဝယ်ရမယ် ။
၁၀ ။ ဒီလိုအသိတွေကို သင်နဲ့သင့်မိသားစု သင်ချစ်တဲ့သူတွေကိုမျှဝေပေးရပါမယ် ။

Wednesday, March 18, 2020

COVID-19 Update 1/18-March

COVID 19 Virus ဟာ မိနစ် (၃၀ ) ခန့် လေထဲမှာ ရပ်ဆိုင်းနေနိုင်တယ်လို့ လေ့လာမှုအသစ်တွေက ပြောပါတယ် ။
https://www.nytimes.com/20…/…/18/world/coronavirus-news.html
ကမ္ဘာတဝှမ်းကူးစက်ခံရမှု Confirmed Case ပေါင်း ၁၉၇၀၀၀ ရှိပါပြီ ။
ဆော်ဒီမှာလည်း Private sectors တွေကအလုပ်တွေအားလုံးရပ်ဆိုင်းကုန်တယ် ။
သီရိလင်္ကာ - မည်သည့်လေကြောင်းလိုင်းမဆို အဝင် ၂ ပတ် ပိတ်တယ် ။
အိမ်ဖြူတော်က အရေးပေါ် ရန်ပုံတွေ USD 45.8 billion ကို တောင်းဆိုထားတယ် ။
တောင်ကိုရီးယား ရဲ့ Vice Health Minister ကတော့ self quarantine လုပ်နေရတယ် ။
Walmart ကတော့ တစ်ကမ္ဘာလုံး ဗိုင်းရပ်စ်တိုက်ထုတ်ရေးကြိုးပမ်းမှုအတွက် $25 million ထောက်ပံ့မယ်လို့ ဆိုတယ် ။
https://edition.cnn.com/…/coronavirus-outbreak-0…/index.html
မြန်မာပြည်မှာ ကူးစက်ခံရသူ မရှိသေးပါ ။
#MOHS
18-2-2-20 12:27 PM

Update များ ဖတ်ချင်ရင် - https://www.facebook.com/covid19liveupdates

Wednesday, March 4, 2020

လူတွေနဲ့ဝေးသွားရခြင်းအကြောင်းတရားများ

လူတွေကို အမှန်အတိုင်းဆက်ဆံလိုက်တဲ့အချိန်
လူတွေကို အရှိအတိုင်း ပေါင်းသင်းလိုက်တဲ့အချိန်
လူတွေကို ရိုးသားမိလိုက်တဲ့အချိန်
လူတွေကို မကူညီနိုင်လိုက်တော့တဲ့အချိန်
လူတွေက ကိုယ့်အားနည်းချက်ကိုမြင်မိလိုက်တဲ့အချိန်
လူတွေရဲ့မျက်နှာဖုံးကို မတော်တဆ ချွတ်မိလိုက်တဲ့အချိန်
ကိုယ့်အခက်အခဲကြောင့်တစ်ဖက်လူကို မျက်နှာ ခဏလွှဲလိုက်မိတဲ့အချိန်ကစပြီး

လူတွေနဲ့  ဝေးသွားတာပါပဲ ။

သက်တန့်ချို
4-Mar 2020