Tuesday, August 18, 2009

ကမ္ဘာပေါ်မှာရှိတဲ့အလှဆုံးနေရာတွေ…(အပိုင်း ..၁)

ကမ္ဘာပေါ်မှာရှိတဲ့အလှဆုံးနေရာတွေ…(အပိုင်း ..၁)

တစ်ကယ်တော့ကျွန်တော်တို့နေထိုင်တဲ့ကမ္ဘာကြီးဟာ စာသားတွေနဲ့နှိုင်းယှဉ်လို့မရလောက်
အောင်..လှပတဲ့အရာတွေနဲ့ဖွဲ့စည်းထားပါတယ်….လူတိုင်းလူတိုင်းဟာ..အဲဒီလှပတဲ့နေရာတွေ
ကိုသွားဖို့..အိပ်မက်မက်ကြတယ်….သွားရောက်ချင်ကြတယ်….သူတို့ရဲ့ဘ၀တစ်လျှောက်လုံး
မှာတော့…မြို့ကြီးပြကြီးမှာနေထိုင်ကြတဲ့လူအများစုကတော့….အန္တရာယ်များတဲ့အဆောက်အ
အုံတွေ…ကြားမှာကြီးပြင်းလာကြရပြီး….လူတွေပြုပြင်ဖန်တီးထားတဲ့အရာတွေနဲ့သာရင်းနှီးလာ
ကြပြီး…သဘာဝအလှအပကိုသိရှိနိုင်တဲ့သူနည်းလာပါပြီ….

အောက်မှာပြထားတဲ့ပုံတွေကို သူငယ်ချင်းတို့ရဲ့မျက်လုံးနဲ့..ရှူမြင်လိုက်ပါ…နှလုံးသားဆီကိုစီး
ဆင်းလာတဲ့နွေးထွေးမှုတွေကိုခံစားလိုက်ပါ…..ဒါဟာနေရာအနည်းငယ်ကလှပတဲ့နေရာလေး
တွေကိုဘဲကွက်ရိုက်ထားခြင်းမဟုတ်ဘဲ ..လူသားတွေအနေနဲ့..အမှန်တကယ်မရောက်ရှိနိုင်
တဲ့..နေရာတွေလည်းပါဝင်ပါတယ်…

ကြည့်ပြီးတဲ့လူအချို့ကပြောကြတယ်….အလှအပတရားတွေကငါတို့ရဲ့မျက်စိတွေကိုလိမ်ညာ
သွားကြတယ်….ဒါကြောင့်ဒီပုံလေးတွေဟာမလိမ်ညာဘဲပြောရရင်ကမ္ဘာပေးမှာအမှန်တကယ်
တည်ရှိနေတဲ့…အလှအပတရားရဲ့ပြယုဉ်တွေပါဘဲ…..

United State မှာတည်ရှိတဲ့နက်ရှိုင်းတဲ့တောင်ကြား Grand ပါ..




United State မှာရှိတဲ့…Colorado မြစ်ကြားကမတ်စောက်တဲ့..ချောက်နက်ကြီးပါ..အဲဒီမှာအံ့
သြဖွယ်သဘာဝတရားတွေနဲ့ပြည့်နှက်နေပါတယ်…အရှည်က ၂၇၇ မိုင်ရှည်ပြီး…အကျယ်က
၎ မိုင်ကနေ…၁၈မိုင်အထိရှိပါတယ်….အနက်ကတော့ ၁ မိုင်လောက်ရှိပါတယ်…ပညာရှငိတွေ
ကတော့ဒီနက်ရှိုင်းတဲ့ချောက်ကြီးဟာ..လွန်ခဲ့တဲ့..နှစ်ပေါင်း..၆ မီလီယံလောက်ကတည်းက
ဖြစ်ပေးခဲ့တယ်လို့ဆိုပါတယ်…







ဒေသခံအမေရိကန်လူမျိုးတွေဟာ..ဥရောပလူမျိုးတွေငြိမ်းချမ်းရေးရပြီးမထွက်ခွာခင်ကတည်းကဒီဂူထဲမှာငြိမ်းချမ်းရေးအထမ်းအမှတ်တွေကိုတည်ဆောက်ခဲ့ပါတယ်…Pueblo လူမျိုးစုတွေ
ရဲ့နေရာလို့လည်းခန့်မှန်းရပါတယ်…ပထမဆုံး Grand တောင်ကြားကို ဥရောပလူမျိုးတွေစတင်
ရောက်ရှိလာခဲ့တာဟာ…၁၈၆၉ ကပါ..ကမ္ဘာပေါ်မှာရှိတဲ့အနက်ရှိုင်းဆုံးတောင်ကြားသာမက..
အလွန်အရွယ်အစားကြီးမားပြီး…အသေးစိတ်အလှအပတွေခြယ်မှုန်းထားတဲ့ကုန်းမြေလည်း
ဖြစ်ပါတယ်…ဒီတောင်ကြားဟာ..United State ရဲ့..ပထမဆုံးပထမဆုံးအမျိုးသားပန်းခြံလည်း
ဖြစ်ပါတယ်…တစ်နှစ်ကု ဧည့်သည်ပေါင်း..၅ မီလီယံလောက်ဆွဲဆောင်နိုင်ပါတယ်….ရာသီဥတု
ကလည်းဒီတောင်ကြားမှာ အတက်အကျမြန်လွန်းပါတယ်…သစ်တောထူတဲ့နေရာတွေမှာ..ဆီး
နှင်းတွေကျနေစဉ်မှာဘဲ…အတွင်းပိုင်းချောက်ထဲမှာတော့..ရာသီဥတုအပြောင်းအလဲသိပ်မမြန်တာကြောင့်…ကန္တာရဆန်တဲ့အပူချိန်မျိုးရှိပါတယ်…..
Australia မှာရှိတဲ့ Barrier သောင်ခုံကျောက်တန်းပါ…





Australia ရဲ့ အရှေ့ဘက် အငူမှာရှိတဲ့…ဘယ်ရီယာသောင်ခုံကျောက်တန်းဟာကမ္ဘာပေါ်မှာအ
ကြီးဆုံး..ကျောက်တန်းဖြစ်ပြီး…သဘာဝအလှတရားတွေနဲ့ပြည့်နှက်နေတဲ့နေရာတစ်ခုပါ…သူ
ဟာကမ္ဘာ့အမွေအနှစ်သာမက..အမျိုးသားအမွေအနှစ်အဖြစ်ထည့်သွင်းဖော်ပြခြင်းခံရပါတယ်..
သူဟာ..ကျွန်းပေါင်း ၆၀၀ ကျော်နဲ့..သန္တာကျောက်ဆောင်တွေရှိပြီး…အကျယ်ကတော့ …….
300 000 sq km လောက်ရှိပါတယ်..ဒီအငူဟာ..သန္တာကျောက်တန်းပေါင်းများစွာ..ကျောက်
ဆောင်သဲမြေများစွာ..နဲ့ဖွဲ့စည်းထားပြီး..ကျယ်ပြန့်တဲ့ပင်လယ်ကြီးရဲ့အလှအပကိုခံစားနိုင်ပါ
တယ်…အစိမ်းရောင်လိပ်တွေ…ဝေလငါးပေါင်းများစွာ…လင်းပိုင်တွေနဲ့…အမျိုးအစားပေါင်း
လေးထောင်ကျော်တဲ့..ခရုတွေ..ပက်ကျိတွေနဲ့..ငါးအမျိုးအစားပေါင်း ၁၅၀၀ ကျော်..ငှက်အမျိုး
အစားပေါင်း..၂၀၀ ကျော်ကိုလည်းတွေ့နိုင်ပါတယ်….နိုင်ငံခြားသားတွေအတွက်အဓိကဆွဲ
ဆောင်မှုရှိတဲ့နေရာဖြစ်သလို…မီလီယံချီတဲ့တိုးရစ်စ်တွေကိုလည်းခေါ်ဆောင်ပေးနိုင်ပါတယ်…
အားကစားအနေနဲ့လည်း ရေလွှာလျှောစီးတာ..ရေကူးတာ..သဲသောင်ပြင်ဘော်လီဘောနဲ့အ
ခြားနည်းမျိုးစုံကိုလည်းကစားနိင်ပါသေးတယ်…

တောင်အာဖရိကမှာရှိတဲ့ Cape မြို့ပါ…




အာဖရိကတိုက်ရဲ့..လမ်းကျဉ်းလေးတွေကိုဝန်းရံထားတဲ့…ကြီးမားတဲ့တောင်တန်းကြီးတွေဟာ
လူတစ်ယောက်ကိုသေးငယ်သွားအောင်..အံ့သြဖွယ်ကောင်းအောင်…သဘာဝတရားကဘယ်
လောက်ထိစိုးမိုးခြယ်လှယ်နိုင်သလဲဆိုတာ..ကို Aptly က ..ကမ္ဘာ့ကောင်းကင်ဘုံလို့တင်စား
ခေါ်ဝေါ်ခဲ့ပါတယ်….
ဒါတ်ခ်ျလူမျိုးတွေရဲ့..၀တ်ရုံရှည်သဏ္ဍန်..အဆောက်အအုံတွေက..နေရာတစ်ခုရဲ့ယဉ်ကျေးမှုအ
မွေအနှစ်တွေကိုထင်ဟပ်ပြနေသလိုပါဘဲ…လှပတဲ့တိမ်မဲတွေပြည့်လျှံနေတာက..အချိန်တိုင်း
မှာတောင်တန်းတွေကို..ဂါရ၀ပြုနေသလိုပါဘဲ…မြို့ရဲ့ဆုံမှတ်…Signal တောင်ကုန်း..Chapman
တောင်ထိပ်မှာကားစီးရတဲ့အရသာ..Victoria & Alfred ရေပြင်တစ်စိတ်…Robben ကျွန်း..Rhodes ကမ်းခြေတိုဟာတိုးရစ်တွေကိုဆွဲဆောင်နိုင်တဲ့နေရာတွေပါဘဲ…ကျယ်ပြန့်ကွေးဆက်နေတဲ့ပင်လယ်ကမ်းခြေမှာတည်ရှိတဲ့..Cape မြို့ဟာ..သူ့တိုင်းပြည်အတွက်..ကျော်ကြားတဲ့အရာတစ်ခု
ဖြစ်သလို…ယာဉ်ကျေးမှုလက်ဆောင်လည်းဖြစ်ပါတယ်…တောင်အာဖရိကမှာရှိတဲ့အလှဆုံး
မြို့လေးဖြစ်ပြီး…တစ်နေ့ခရီးစဉ်ဝိုင်သောက်ခြင်း..ဝေလငါးကြည့်ခြင်းနဲ့လင်းပိုင်ကြည့်ခြင်းတို့ကို
လည်းပြုလုပ်နိုင်ပါတယ်….
စာရေးသူ…သက်တန့်ချို..(၁၁း၅၀ ည..၁၇.၈.၀၉)

1 comment:

  1. အရမ်းအဖိုးတန်တာဘဲဗျာ-ကွန်မြူတာကမောက်ကလေး
    ကလစ်လိုက်တာနဲ့တန်ဘိုးမဖြတ်နိုင်တဲ့သဘာဝနေရာ-
    ကလေးတွေကိုရောက်သွားသလိုခံစားမိပါတယ်-ကျေးဇူး
    အထူးတင်ပါတယ်ဗျာ-နောက်ကိုလည်းဒါထက်ထူးဆန်း
    တာတွေတင်ပေးအုံးမှာဆိုတော့အခေါက်ခေါက်အခါခါ
    လာနေအုံးမှာပါ-

    ReplyDelete