Monday, August 24, 2009

ဖယောင်းတိုင်


ဖယောင်းတိုင်

ဟိုးရှည်ရှည်တုန်းကပေါ့....တရုတ်ပြည်မှာ လီလီလို့ခေါ်တဲ့ကောင်မလေးတစ်ယောက်ရှိတယ်တဲ့..။ လီလီဟာ အိမ်ထောင်ကျပြီးနောက်ယောက်ျားနဲ့အတူယောက္မအိမ်မှာနေဖို့လိုက်ပါသွားတယ်တဲ့...။အချိန်တိုတိုလေးအတွင်း မှာပဲလီလီဟာသူမယောက္မနဲ့အတူနေလို့မဖြစ်နိုင်မှန်းသိလာတယ်...။သူတို့နှစ်ယောက်ရဲ့ကွဲပြားခြားနားတဲ့စရိုက် တွေကြောင့် လီလီဟာယောက္မရဲ့ညိုငြင်ခြင်းနဲ့ဒေါသထွက်ခြင်းကိုအစဉ်အမြဲခံခဲ့ရတယ်...။ ဒီလိုနဲ့နေ့တွေကုန်ဆုံးပြီးရက်သတ္တပါတ်တွေလဲကုန်လွန်သွားခဲ့တယ်...။လီလီနဲ့သူ့ယောက္မကတော့ဘယ်တော့မှ ညူဆူခြင်းနဲ့ရန်ဖြစ်ခြင်းကို မရပ်တန့်ကြဘူး..။တစ်အိမ်လုံးမှာဖြစ်ပေါ်နေတဲ့ ဒေါသတွေနဲ့မပျော်ရွှင်မှုတွေကလီလီ ရဲ့သနားစရာခင်ပွန်းကိုကြီးစွာသောစိတ်ဆင်းရဲသောကကိုဖြစ်စေပါတယ်...။နောက်ဆုံးမှာတော့လီလီဟာသူမရဲ့ ယောက္မကိုဘယ်လိုမသည်းမခံနိုင်တော့ပါဘူး..။ဒါကြောင့်သူမဟာတစ်ခုခုလုပ်ဖို့ဆုံးဖြတ်ချက်ချလိုက်တယ်..။ သူမဟာသူမအဖေရဲ့သူငယ်ချင်းကောင်း ဆေးဖက်ဝင်အပင်တွေရောင်းတဲ့ Mr.Huang ကိုသွားတွေ့ခဲ့တယ်..။ သူမက သူ့ကို အခုဖြစ်ပေါ်နေတဲ့အခက်အခဲတွေကိုပြောပြီးအဆိပ်အချို့ကိုရောင်းပါလို့တောင်းဆိုခဲ့တယ်..။ ပြသာနာတွေအားလုံးကိုတစ်ကြိမ်တစ်ခါတည်းနဲ့ပြီးဆုံးစေဖို့အတွက်ပေါ့...။ Mr.Huang ကတစ်ခဏတာစဉ်းစား လိုက်တယ်..။ နောက်ဆုံးမှာတော့ သူကပြောခဲ့တယ်...။ "လီလီ..မင်းပြသာနာကိုဖြေရှင်းဖို့ငါကူညီပါ့မယ်..ဒါပေမယ့် ငါ့စကားနားထောင်ပြီးငါပြောသမျှမင်းလိုက်နာရမယ်.."လီလီကပြောတယ် "ဟုတ်ကဲ့ Mr.Huang ရှင်လုပ်ခိုင်းသမျှ အရာအားလုံးကျွန်မလုပ်ပေးပါ့မယ်" Mr.Huang ကအနောက်ဖက်အခန်းထဲသို့ဝင်သွားပြီးမိနစ်အနည်းငယ်အကြာ မှာ ဆေးဖက်ဝင်အပင်အထုပ်တစ်ထုပ်နဲ့အတူပြန်လာခဲ့တယ်..။သူကလီလီကိုပြောတယ်"မင်းယောက္မအတွက်အမြန် သေစေတဲ့အဆိပ်တွေသုံးလို့မဖြစ်ဘူးကွ.ဘာလို့လဲဆိုတော့လူတွေအားလုံးသံသယဖြစ်ကုန်လိမ့်မယ်.ဒါကြောင့် မင်းကို သူမရဲ့ခန္ဓာကိုယ်မှာအဆိပ်တွေတဖြည်းဖြည်းစုစေတဲ့အပင်မျိုးငါပေးလိုက်မယ်.နောက်နေ့တွေမှာ အရသာရှိတဲ့အစားအသောက်တွေကိုပြင်ဆင်ပါ..ဒီအရွက်လေးတွေနဲနဲစီကြိတ်ထည့်ပြီးမင်းယောက္မကိုတိုက်ပါ..ဒီလိုလုပ်တဲ့ အတွက်မင်းကိုဘယ်သူမှသံသယမဖြစ်ကြတော့ဘူး..ဒါပေမယ့်မင်း...မင်းယောက္မကိုသတိကြီးကြီးနဲ့လိုက်လျှောညီစွာ ဆက်ဆံရမယ်..သူမနဲ့ရန်မဖြစ်ရဘူး..သူမသဘောတွေကိုအားလုံးလိုက်လျှောရမယ်..သူမကိုဘူရင်မတစ်ပါးလိုဆက် ဆံရမယ်"လီလီကအရမ်းပျော်သွားတယ်...။သူမက Mr.Huang ကိုကျေးဇူးတင်စကားပြောပြီးသူမအိမ်ကိုအမြန်ပြန်လာ ခဲ့တယ်..။သူမရဲ့အကြံအစည်ကိုအကောင်အထည်ဖော်ဖို့ပေါ့...။ ဒီလိုနဲ့ရက်တွေလတွေကုန်ဆုံးသွားခဲ့တယ်..။နေ့ရက်တိုင်းမှာလီလီဟာ သူမယောက္မကြီးအတွက်အရသာရှိလှတဲ့အ စားအသောက်တွေကိုပြင်ဆင်ပေးတယ်..နွေးနွေးထွေးထွေးဆက်ဆံခဲ့တယ်..။ Mr.Haung မှာတဲ့အတိုင်းသံသယဖြစ် စေမယ့်အမူအယာမှန်သမျှရှောင်ရှားပြီးမိခင်အရင်းလိုဆက်ဆံခဲ့တယ်..။ ၆ လကြာပြီးနောက်..အိမ်တစ်ခုလုံးကပြောင်းလဲသွားတယ်..။လီလီဟာလဲ သူမရဲ့အမူအကျင့်တွေအပေါ်မှာအကျင့်ပါသွား ပြီး သူမဟာ လိမ္မာယဉ်ကျေးသူတစ်ယောက်မှန်းကိုယ့်ကိုယ်ကိုမြင်လာခဲ့တယ်..။သူမဟာယောက္မအပေါ်မှာညိုငြင်စိတ် မှရှိတော့ဘူး..။ဘာကြောင့်လဲဆိုတော့သူမဟာ ယောက္မကိုနွေးထွေးမှုတွေပေးပြီးသူမနဲ့အတူနေထိုင်ရတာဟာ လွယ်ကူတယ်လို့ထင်လာတယ်..။ယောက္မကသူမအပေါ်မြင်တဲ့အမြင်ကလည်းပြောင်းလဲလာတယ်..။သူမဟာလီလီကို သူမရဲ့သမီးအရင်းလိုချစ်ခင်လာခဲ့တယ်..။သူမဟာအိမ်နီးနားချင်းတွေနဲ့သူမရဲ့မိတ်ဆွေတွေကို..လီလီဟာဘယ်တော့ မှာရှာမရနိုင်တော့တဲ့ချွေးမကောင်းလေးတစ်ယောက်ဖြစ်တယ်ဆိုတဲ့အကြောင်းပေါ့..။ တစ်နေ့မှာတော့လီလီဟာ Mr.Huang ဆီကိုအကူအညီတောင်းခံဖို့ပြန်သွားခဲ့တယ်.။သူမက "Mr.Haung ရေကျွန်မယောက္မကိုအဆိပ်တွေကျွေးပြီးသတ်တဲ့ကိစ္စကိုကူညီပါအုန်း..သူကအခုအရမ်းကောင်းတဲ့မိန်းမတစ်ယောက်ဖြစ် သွားပြီ..သူမကိုကျွန်မအမေအရင်းလိုချစ်ခင်မိသွားပြီ..ကျွန်မတိုက်ခဲ့တဲ့အဆိပ်တွေကြောင့်မသေစေချင်တော့ဘူး" Mr.Haungကပြုံးပြီးတော့ပြောတယ်.."ဒီအတွက်ဘမှမပူပါနဲ့လီလီ..ငါမင်းကိုဘယ်တုန်းကမှအဆိပ်တွေမပေးခဲ့ပါ ဘူး..ငါပေးခဲ့တဲ့ဆေးပင်တွေကသူမကျန်းမာရေးကိုအထောက်အကူပြုစေတဲ့ဗီတာမင်တွေပါ..တစ်ကယ့်အဆိပ်အစစ်က မင်းရဲ့စိတ်ထဲမှာနဲ့မင်းသူမအပေါ်ထားတဲ့သဘောထားအပေါ်မူတည်ပါတယ်..အခုတော့ဒါတွေဟာမင်းသူမအပေါ်ပေး ခဲ့တဲ့ချစ်ခြင်းမေတ္တာတွေကဆေးကြောလိုက်လို့အဝေးကိုရောက်သွားပါပြီ" တရုတ်စကားပုံတစ်ခုရှိပါတယ်..(အခြားလူတွေကိုချစ်တဲ့လူတစ်ယောက်ဟာသူလဲအခြားလူတွေရဲ့ပြန်ချစ်ခြင်းကို ခံရလိမ့်မယ်..)အာလုံးပြီးဆုံးလို့သင်ဟာဘာမှမရရှိဘူးဆိုရင်တောင်မှတစ်စုံတစ်ခုတော့ရရှိပါလိမ့်မယ်..........။ အဲဒါကတော့ (ဖယောင်းတိုင်တစ်တိုင်ဟာတစ်ခြားဖယောင်းတိုင်တစ်တိုင်ကိုအလင်းရောင်ကူးစက်ပေးတဲ့ အတွက်ဘယ်တော့မှသေဆုံးခြင်းမရှိဘူး..)

စာရေးသူ....သက်တန့်ချို (၅း၃၀ ညနေ ၂၄.၈.၀၉)

(Ref; A candle of light -story)


13 comments:

  1. မေတ္တာရဲ့ သဘောတရားတွေဟာ ဘယ်တော့
    ဖတ်ဖတ် မရိုးနိုင်ပါဘူး ကမ္ဘာလောကမှာလဲ
    မေတ္တာတန်ခိုးနဲ့ တိုးလို့ သာကြီးပွားကြပါစေ
    စာရေးသူလည်း မေတ္တာအလင်းရောင်ဖြင့်
    ထွန်းတောက်ပါစေ
    ရန်ကုန်သား

    ReplyDelete
  2. ကောင်းလိုက်တာနော်... မေသူကိုယ်တိုင်လဲ ဖယောင်းတိုင်ဖြစ်အောင် ကြိုးစားဦးမှ... :)

    ReplyDelete
  3. စီဘောက်စ်လဲ ရှာမတွေ့ ပါလား... လင့်ခ်ယူသွားပါတယ်နော်

    ရွှင်လန်းပါစေ

    ReplyDelete
  4. ပို့စ်လေးဖတ်လိုက်ရတာ ကြည်နူးသွားတယ် .....
    ကိုယ်ကိုယ်တိုင် ဖယောင်းတိုင်နဲ့တူတဲ့ ချွေးမဖြစ်အောင်
    နေနိုင်ပါ့မလားမသိဘူး ... ဟိးp
    ခင်မင်စွာဖြင့်

    ReplyDelete
  5. ပညာရှိ Mr.Huang ပါဘဲဗျာ ...
    မေတ္တာဆိုတဲ.ဓာတ်က အလျား အနံ မရှိပေမဲ.
    အသွားအပြန် ရှိပါတယ် ... :)

    ReplyDelete
  6. သက်တန့်ရေ... တန်ဖိုးရှိတဲ့ စာလေး အတွက် ကျေးဇူးပါ.....

    ပျော်ရွှင်ချမ်းမြေ့ပါစေ သူငယ်ချင်း...

    ReplyDelete
  7. မေတ္တာတရားဟာ ဘယ်တော့မှ မသေဆုံးပါဘူး....
    ကဗျာလေးတွေလာဖတ်ပေးတဲ့အတွက်လဲ ကျေးဇူးပါ..ဗျာ
    ဒါနဲ့...စီဘုံးရှာလို့မရဘူးဗျာ...လွယ်လွယ်ကူကူလေးတစ်ခု ပြောင်းလုပ်ရင်ကောင်းမယ်ထင်တယ်...

    ReplyDelete
  8. နောက်ဆုံးပမာပေးလေးကိုသဘောကျတယ်ဗျာ
    (ဖယောင်းတိုင်တစ်တိုင်ဟာတစ်ခြားဖယောင်းတိုင်တစ်တိုင်ကိုအလင်းရောင်ကူးစက်ပေးတဲ့ အတွက်ဘယ်တော့မှသေဆုံးခြင်းမရှိဘူး..)တဲ့
    တကယ်တော့ ချစ်ခြင်းမေတ္တာဆိုတာ
    တူညီတဲ့ပေးဆပ်မှုနဲ့ ကိုယ့်ဆီတန်ပြန်တတ်တာပါပဲ
    ပုံပြင်(သို့)ပိုစ်ကောင်းလေးတစ်ပုဒ်ပါ ။

    ReplyDelete
  9. ပိုစ့်လေးကောင်းတယ် ။ ဖယောင်းတိုင် ဥပမာလေး ကြိုက်တယ်။ မေလေးတော့ ဖယောင်းတိုင်လို နေနိုင်အောင် ကျင့်ရမယ်ထင်တယ်။ မေတ္တာတရားက ပေါ်လွင်အောင် ရေးတတ်ပါ့ သယ်ရင်း ကျန်းမာပျော်ရွှင်ပါစေ။

    ReplyDelete
  10. ပုံပြင်လေးကပညာရတယ်နော်။
    ဒီပိုစ့်လေးအတွက်ကျေးဇူးပါ။
    အဆင်ပြေပျော်ရွှင်ပါစေ။

    ReplyDelete
  11. မေတ္တာငတ်တဲ့လူသားတွေကြား ကြင်နာမှုတရားပြသတဲ့ စာလေးကို လှိုက်လှိုက်လှဲလှဲ ဖတ်ရှုခံစားသွားပါတယ် သက်တံရေ....

    ReplyDelete
  12. ဒီblog က တော်တော်ဖတ်လို့ကောင်းတယ်ဗျာ။

    ReplyDelete