Wednesday, August 19, 2009

ကမ္ဘာပေါ်မှာရှိတဲ့အလှဆုံးနေရာတွေ…(အပိုင်း ..၂)

ကနေဒါနိုင်ငံရဲ့..canadian တောင်တန်း




ဖော်ပြနိုင်စွမ်းမရှိလောက်အောင်လှပတဲ့..ကနေဒီယမ်တောင်တန်းတွေဟာ..မြောက်အမေရိက
တောင်တန်းတွေနဲ့တစ်ဆက်တည်းဖြစ်ပါတယ်…ဒီတောင်တန်းတွေဟာဧည့်သည်တွေအတွက်
ထူးခြားတဲ့နယ်မြေဖြစ်သလို..ကနေဒါအနောက်ပိုင်းအတွက်လည်း….ကစားကွင်းသဖွယ်နှိုင်း
ထားခြင်းခံရပါတယ်…ဒီတောင်တန်းတွေဟာအမေရိကန်တောင်တန်းတွေထက်ကြီးရင့်ပါတယ်
ယုံကြည်ဖို့ခက်ခဲတဲ့ အချိန်အစောပိုင်းကပေါ်ပေါက်ခဲ့တယ်လို့ဆိုပါတယ်….ကနေဒီယန်..
တောင်တန်းတွေမှာ..အမျိုးသားပန်းခြံအနေနဲ့ ၅ ခုပါဝင်ပြီး…အဲဒီအထဲကမှလေးခုက..တစ်ခု
တည်းသော ကမ္ဘာ့အမွေအနှစ် UNESCO ရဲ့အစိတ်အပိုင်းပေါင်းစပ်ပါဝင်ပါတယ်…UNESCO
မှာတော့..လှပတဲ့တောင်တန်းကုန်းမြေတွေ..ရေအိုင်တွေ…နက်ရှိုင်းတဲ့ချောက်ကြီးတွေနဲ့ရေ
တံခွန်တွေ..ရေခဲမြစ်တွေ..မြင့်မားတဲ့တောင်ထွပ်တွေ..ကျောက်ထုံးလှိုင်ဂူတွေ…ကျောက်ဖြစ်
ရုပ်ကြွင်းတွေပါဝင်ပါတယ်….ကနေဒီယမ်တောင်တန်းမှာ Mount Robson ကအမြင့်ဆုံးဖြစ်ပါ
တယ်..ဒီတောင်ပေါ်တက်ဖို့ကတော့စိန်ခေါ်မှုတစ်ခုပါဘဲ…ဒီတောင်တန်းတွေဟာ..အမြင့်ကြိုက်
သူတွေအတွက်..နဲ့ လမ်းလျှောက်ချင်သူတွေအဖို့တော့..အကြိုက်ဘဲပေါ့……

ပါရူးနိုင်ငံရဲ့ Machu Picchu






Machu Picchu ဆိုတာက ပါရူးနိုင်ငံရဲ့ အမြင့်မားဆုံးနေရာပါ….ကမ္ဘာပေါ်မှာရှေးအကျဆုံးနေ
ရာတွေထဲကတစ်ခုပေါ့…ရှေးရိုးရာပုံပြင်တွေအရ Machu Picchu ဟာ ဟိုးယခင်က ကြောက်
မက်ဖွယ်ကောင်းတဲ့နေရာတစ်ခုဖြစ်ခဲ့ပါတယ်…INCA လူမျိုးတွေက ကျောက်တုံးပေါင်းများစွာ
ကိုထောင်မတ်ပြီးအနုပညာလက်ရာတစ်ခုအဖြစ်အသက်သွင်းခဲ့ပါတယ်…ဒါဟာပုံမှန်မဟုတ်တဲ့
မြို့တစ်မြို့တည်ဆောက်မှုပါဘဲ….
Urubamba မြစ်ရဲ့ အထက်ပေပေါင်း နှစ်သောင်းလောက်မြင့်ပြီး..ဒီနေရာမှာ သင်းချိုင်းတွေ..
နန်းတော်တွေ…ဘုရားကျောင်တွေနဲ့…အိမ်ပေါင်း ၁၅၀ လောက်မြှုပ်နှံထားပါတယ်…ဒီ မီးခိုး
ရောင် နှမ်းဖတ်ကျောက်တွေဟာတစ်ချို့ဆို..တန်၅၀လောက်လေးပြီးသူတို့ဟာယဉ်ကျေးမှုအ
မွေအနှစ်တွေထက်ဘာမှမလျှော့ပါးဘူးဆိုပါတယ်…Archaelogist Yale ဟာဒီနေရာကို ၁၉၁၁
မှာပြန်လည်ရှာဖွေတွေ့ရှိခဲ့ပါတယ်….ဒီနေရာက ရာဇ၀င်တွေကလဲ…နှစ်စဉ် တိုးရစ်ပေါင်းများ
စွာကိုဆွဲဆောင်နိင်ပြန်ပါတယ်…

စာရေးသူ…သက်တန့်ချို..(၁၂း၀၀ ည ၁၈.၈.၀၉)

1 comment:

  1. အကုန်လုံးကို အစာကျွေးသွားတယ် လိပ်တွေကော ဖားတွေကော
    ငါးတွေကော ပင်ဂွင်းတွေကော ကြွက်ကလေးကော ပင့်ကူတော့
    ကြောက်လို့ ခေါ်မသွားပဲ ထားခဲ့တာ...။ အခုတော့ ကိုယ့်ကိုယ်လည်း
    အစာကျွေးလိုက်ဦးမယ် သက်တံ့ချိုရေ ... ပျော်ရွှင်ချမ်းမြေ့ပါစေ။

    ReplyDelete