Saturday, August 29, 2009

တွင်းနက်ကြီးများ

တွင်းနက်ကြီးများ

တောင်အာဖရိကမှာရှိတဲ့ kimberley big hole

ဒီနေရာကို ကမ္ဘာပေါ်မှာရှိတဲ့ အကြီးဆုံး တွင်းနက်ကြီးလို့ ယူဆရပါတယ်။ အနက်အားဖြင့်တော့ ၁၀၉၇ မီတာနက်ပြီး၁၉၁၄ မှာ ဒီတွင်းနက်ကြီးကို မပိတ်ခင် အထိတော့ စိန် ၃ တန်လောက် ထွက်ရှိခဲ့တယ်လို့သိရပါတယ်။ အကယ်၍ဒီတွင်းနက်ကြီးကို လူတွေကသာ ဖန်တီးမယ်ဆိုရင် မြေကြီးပေါင်း ၂၂.၅ မီလီယံတန်လောက် ဖယ်ရှားပစ်ရမယ်လို့သိရပါတယ်။

Monticeelo





Utach မှာရှိတဲ့ bingham canyon


ဒီနေရာဟာ ကမ္ဘာပေါ်မှာ လူတွေတူးခဲ့တဲ့ အကြီးမားဆုံးတွင်းကြီး ဖြစ်မယ်လို့ ယူဆရပါတယ်။ ဒီတွင်းနက်ကြီးပြု
လုပ်ဖို့အတွက် စတင်တူးဖော်မှုကို ၁၈၆၃ မှာ စတင်ခဲ့ပြီး ယနေ့အထိ ဆက်လက်တူးနေဆဲပဲ ဖြစ်ပါတယ်။ ဒီတွင်းကြီးဟာ အချိန်ကြာလာတာနဲ့ အမျှ ကြီးမားလာခဲ့ပါတယ်။ သူ့ရဲ့ ယခုလက်ရှိ အနက်ဟာ ၀.၇၅ မိုင်ဖြစ်ပြီး အကျယ်ကတော့၂.၅ မိုင်ဖြစ်ပါတယ်။

Great blue hole , Belize




Belize mainland ရဲ့ မိုင် ၆၀ အကွာလောက်မှာ တည်ရှိပြီး ယုံကြည်နိုင်ဖွယ်မရှိလောက်အောင်ပဲ ကြီးမားဆန်းကျယ်လွန်းလှပါတယ်။ ဘူမိဗေဒ ရဲ့ သဘောတရားတစ်ခုလို့ပဲယူဆရပါတယ်။ ဒီအရာကို အပြာရောင်တွင်းနက်ကြီးလို့ လဲခေါ်ကြပါတယ်။ ကမ္ဘာပေါ်မှာ များပြားတဲ့ အပြာရောင်တွင်းနက်တွေနေရာအနှံ့ အပြားမှာ တည်ရှိပါတယ်။ ဒါပေမယ့်ဘယ်အရာကမှ bingham လောက် မူးမေ့သတိလစ်ဖွယ် ကောင်းလောက်အောင် မဆွဲဆောင်နိုင်ပါဘူး ။

စာရေးသူ...သက်တန့်ချို....(၁၀း၃၀ ည ၂၈.၈.၀၉)

3 comments:

  1. ဗဟုသုတ ဟင်းလေးအိုးဘလော့လေးပါ
    စိတ်ဝင်စားစရာကောင်းသလို ထူးဆန်း
    အံ့သြောစရာလည်းကောင်းပါတယ်
    မျှဝေတဲ့ အတွက်ကျေးဇူးပါ .... :D
    ရန်ကုန်သား

    ReplyDelete
  2. ဗဟုသုတဖတ်သွားတယ်။ ပုံလေးတွေ ကြည့်သွားတယ်။ နောက်လဲ ဝေမျှပါဦှး။

    ReplyDelete
  3. မောင်လေး ဘလော့ကတော့ သုတ ကမ္ဘာကလေးပဲ။ အစုံပဲ တခြားနိုင်ငံက ဒေသတွေက အံ့ဖွယ်တွေကို ဖော်ပြပေးထားတော့ စုံနေအောင် သိရတယ်နော် ကောင်းတယ် ကျေးဇူး နော်။ မေလေးတော့ အဲလိုတွင်းနက်ကြီးကို ကြောက်တယ်။ ကြည့်နေရင်းနဲ့တောင် မူးချင်တယ်။ တကယ်။ သူတို့တွေရဲ့ စွဲဆောင်မှုပေါ့လေနော့။ ကြည့်ရင်း လူက အဲ့ထဲပဲခုန်ဆင်းလိုက်သွားချင်အောင် တွင်းနက်တွေက စွဲဆောင်နိုင်တယ်။

    ReplyDelete