Saturday, August 22, 2009

သူငယ်ချင်း

သူငယ်ချင်း

သူငယ်ချင်းရေ...
အနာဂါတ်ဆိုတာရှိခဲ့ရင်.....
တို့တွေအတူလင်းလက်ခွင့်ရချင်ရဲ့.....
နောင်နှစ်ပေါင်းအသင်္ချေအထိပေါ့........
မင်းရဲ့ကလောင်တေးသွားတွေနဲ့အတူ.....
သူငယ်ချင်းရေ....
အတိတ်ဆိုတာကို...
မတမ်းတလေနဲ့ကွယ့်.......
တို့ဆက်ရမယ့်လမ်း....
ကြမ်းတမ်းလွန်းတော့လည်း....
တို့တွေအတူဖေးမကူညီခဲ့သင့်တာပေါ့......
ဒါပေမယ့်ကွယ်....
ဒီရင်ဘတ်ထဲ....
အဆိပ်သက်သက်မာနတွေက....
တို့တွေအားလုံး...
အတုံးအရုံးရှုံးအောင်..
ကြံစည်နေလေရဲ့.....
အားမလျှော့လေနဲ့သူငယ်ချင်း....
မင်းလဲကျခဲ့ရင်တောင်...
ဟောဒီကောင်တွေက.....
နှလုံးသွေးတစ်ခွက်...
မင်းအတွက်...
အသက်ဆက်ဖို့...
ပေးခဲ့ချင်ခဲ့တာ....
(အားမတန်မာန်လျှော့တဲ့)
မလိုက်နာနဲ့သူငယ်ချင်း...
မင်းအတွက်...
ရင်ထက်ထက်ကို....
ကိုင်လှုပ်နိုင်မယ့်..ကကြိုးတစ်ပုဒ်....
ငါဖန်ဆင်းပေးလိုက်ပါရဲ့....
သူငယ်ချင်း.........မင်းပျော်နိုင်ပါစေ....
သူငယ်ချင်း.....မင်းရဲ့ကလောင်စွမ်းအားတွေရင့်သန်နိုင်ပါစေ...
သူငယ်ချင်း......မင်းဖန်ဆင်းလိုက်တိုင်း...ပန်းတစ်ပွင့်ဖြစ်နိုင်ပါစေ.....
သူငယ်ချင်း.....မင်းရဲ့ကဗျာတစ်ပုဒ်...လူငုတ်တုတ်ကို...တုန်လှုပ်သွားအောင်....ပြုစားနိုင်ပါစေ.....

(စိတ်ညစ်နေသော..ဘလော့ဂါသူငယ်ချင်းအတွက်ရည်ရွယ်ပါသည်။)
သက်တန့်ချို....(၂း၀၀ မနက် ...၂၂.၈.၀၉)

11 comments:

  1. This comment has been removed by the author.

    ReplyDelete
  2. သူငယ်ချင်းဆိုတာ ဒါကြောင့် တန်ဖိုးမဖြတ်နိုင်ဘူး လို့ ဆိုကြတာ ဖြစ်မယ် ဟုတ်တယ် ကိုသက်တန့် ချို စိတ်ညစ်နေချိန် ဒုက္ခဆင်း ရဲရောက်နေချိန်မှာ အားပေးနှစ်သိမ့်ဖော်ရတဲ့ သူက သူငယ်ချင်းကောင်းပါ ....... သူငယ်ချင်းများ၏ချစ်ခြင်း ကမ္ဘာတည်သ၍ ရှည်စေသော် :D .......
    လူငုတ်တုတ် တကယ် တုန်လှုပ်သွားတယ်
    ပြုစားသွားတာဖြစ်မယ် :) ကဗျာလေးကောင်းတယ် ဗျာ
    အေးမြသာယာပါစေ
    ရန်ကုန်သား

    ReplyDelete
  3. ကဗျာလေးက ကောင်းပါတယ် သက်ရေ

    ReplyDelete
  4. သူငယ်ချင်းတို့ပျော်ရွှင်နိုင်ပါစေ...

    ReplyDelete
  5. သူငယ်ချင်းရေ ကျေးဇူးတင်ပါတယ်။ သူငယ်ချင်းဆိုတာ ကို ပိုသိလိုက်ရတဲ့အတွက်ပါ။ ကဗျာကို ဖတ်ရင်း ကူးလည်း ကူးသွားပါတယ်။ အမှတ်တရပေါ့။

    အပေါ်မှာ မေလေးနာမည်နဲ့ တစ်ယောက်က မေလေး မိတ်ဆွေပါ သူ တို့စက်ကို လာထိုင်ရင်း ရေးသွားတာပါ။ အကောင့်ထ်မရှိဘဲ တို့နာမည်က သွင်းပြီးသားမို့ ဒီတိုင်း ရေးသွားတာပါ။ (ဒီတစ်ယောက်နဲ့တော့ မလွယ် နောက်တောက်တောက်နဲ့)

    ReplyDelete
  6. ကဗျာလေးဖတ်သွားပါတယ်နော်

    ReplyDelete
  7. သူငယ်ချင်းဆိုတာမရှိမဖြစ်လိုအပ်ပါတယ်ဗျာ
    ဒီလို သူငယ်ချင်းပို့ စ်လေးရေးထားတာ
    ကောင်းပါတယ်ဗျာ
    ကဗျာလေးက အဓိပ္ပါယ် ပြည့်ဝပါတယ်
    ဆက်လက်အားပေးနေမယ်ဗျာ

    ReplyDelete
  8. သူငယ်ချင်း.....မင်းရဲ့ကဗျာတစ်ပုဒ်...လူငုတ်တုတ်က
ို...တုန်လှုပ်သွားအောင်....ပြုစားနိုင်ပါစေ.....
    အပိတ် အကြောင်းလေးကို သဘောအကျဆုံးဘဲဗျာ...

    ReplyDelete
  9. သူငယ်ချင်းအတွက် စပ်တဲ့ ကဗျာလေးကို ခံစားပေးသွားပါတယ်။ အားလုံး ပျော်ရွှင်စွာ နေထိုင် နိုင်ကြစေဗျာ။

    ReplyDelete
  10. သူငယ်ချင်းရေ....
    အတိတ်ဆိုတာကို...
    မတမ်းတလေနဲ့ကွယ့်.......
    တို့ဆက်ရမယ့်လမ်း....
    ကြမ်းတမ်းလွန်းတော့လည်း....
    တို့တွေအတူဖေးမကူညီခဲ့သင့်တာပေါ့.....

    သူငယ်ချင်း..ဆိုတဲ့ အဓိပ္ပါယ်ကို ကဗျာကနေ ခံစားလိုက်ရတယ်.. စိတ်ညစ်နေတဲ့ သူငယ်ချင်းလဲ ဒီကဗျာဖတ်ပြီးရင်တော့ စိတ်ညစ်တာတွေ လျော့သွားမှာ သေချာပါတယ်။

    ReplyDelete