Tuesday, September 8, 2009
ငရဲပြည်သို့ တံခါးဝ
ငရဲပြည်သို့ တံခါးဝ
Uzekistan မှာရှိတဲ့ ဒီနေရာကို ငရဲပြည်သို့တံခါးဝ ဟု အမည်ပေးထားပါတယ် ။ Darvaz ဟုခေါ်သောမြို့ငယ်လေးရဲ့အနီးမှာ တည်ရှိပါတယ် ။ ဒီပုံပြင်လေးဟာ ၃၅ နှစ်တိုင်အောင် တည်ရှိခဲ့တာ ဖြစ်ပါတယ် ။ တစ်ခါတုန်းက ဘူမိဗေဒပညာ ရှင်တွေဟာ ဓါတ်ငွေ့တူးဖော် ခဲ့ကြပါတယ် ။ ဓါတ်ငွေ့တူးဖော်နေစဉ် အတွင်းမှာပဲ သူတို့ဟာ လှိုဏ်ခေါင်းကြီး တစ်ခုကို တွှေ့ရှိခဲ့ ကြပါတယ်။ ဒါဟာ အလွန်ကြီးမားပြီး တူးခဲ့သမျှထဲမှာ အနက်ဆုံး လှိုဏ်ခေါင်းတွင်းကြီးကို ရှာဖွေတွေ့ရှိခဲ့ ခြင်းဖြစ်ပါတယ် ။ ဘယ်သူမှ ဒီတွင်းကြီးထဲကို မဆင်းရဲ ကြပါဘူး ။ လှိုဏ်ခေါင်းတွင်းကြီးတစ်ခု လုံးဟာဓါတ်ငွေ့တွေနဲ့ ပြည့်နေလို့ ဖြစ်ပါတယ် ။ ဒါကြောင့်သူတို့ဟာ အဆိပ်ဓါတ်ငွေ့တွေ မထွက်အောင် မီးရှို့ခဲ့ကြပါတယ် ။အဲဒီအချိန်ကစပြီး မီးတွေစွဲလောင် ကြပါတယ် ။ ရပ်နားခြင်းမရှိပဲ ၃၅ နှစ်တိုင်တိုင် မီးတွေစွဲလောင်ခဲ့တာ ဖြစ်ပါတယ်။ ဓါတ်ငွေ့ဘယ် နှစ်တန်လောက် မီးလောင်သွားတယ်ဆိုတာ ဘယ်သူမှ မသိကြပါဘူး ။ မြင်ရသူတိုင်းကတော့ ဒါဟာယခုလေးတင်မှ မီးရှို့ထားတယ်လို့ ထင်မှတ်ကြပါတယ် ။
စာရေးသူ.....သက်တန့်ချို.....( ၁၁း၂၀ ည ၈.၉.၀၉ )
15 comments:
  1. ငရဲပြည်တံခါးဝကို ရောက်လာပါတယ်။ ကြောက်လို့ ပြန်လှည့်သွားတယ် :)
    ReplyDelete
  2. ငရဲပြည်သို့ တံခါးဝ..
    ဖတ်ကြည့်လိုက်တော့ ဟုတ်လောက်တယ် လို့တောင် တွေးမိပါရဲ့...
    သွားတော့ မသွားရဲဘူး..
    ဗဟုသုတ တွေ ရရှိတဲ့အတွက် ကျေးဇူးပါ..
    ReplyDelete
  3. မန္တလေးရောက်ရှမ်းကလေးတစ်ယောက်ရဲ့ ငရဲတွင်းအ၀ကိုလာကြည့် သွားတယ်ဗျို့ 
    ReplyDelete
  4. ဟုတ်လောက်တယ်။ ငရဲတံခါးဝဆိုတာ။ ခုထိ မီးက လောင်နေတုန်းဆိုတော့နော်။ ကြောက်စရာကြီး ။ အဲ့ကို ရောက်သွားရင်များ ပြာဖြစ်သွားးနိုင်တယ့်နော်။ ကျေးဇူးပါမောင်လေး။ ရှာဖွေလေ တွေ့ရှိလေ ကမ္ဘာ့သုတ က မကုန်နိုင်ဘူးပဲ။ ကျန်းမာပျော်ရွှင်ပါစေ
    ReplyDelete
  5. ကျော်ကျော်အောင်September 8, 2009 at 2:14 PM
    ဓါတ်ငွေ့တွေနှမျောစရာကြီးနော်
    ReplyDelete
  6. ငရဲ တံခါးဝ လာကြည့်သွားတယ်
    ထူးဆန်းအံသြဖွယ်တွေ တင်ပေးတာ
    ကျေးဇူးပါ
    ကိုသက်တန့် ရေ
    ခင်တဲ့
    ReplyDelete
  7. စိတ်ဝင်စားဖို့ အင်မတန်ကောင်းပါတယ်
    တစ်ခုသော ငရဲပြည်တံခါးဝဖြစ်ကောင်းဖြစ်နိုင်
    ပါတယ် ကျေးဇူး ကိုသက်တန့် ရေ
    ခင်မင်လျှက်
    ရန်ကုန်သား :)
    ReplyDelete
  8. အာရားးးးးးးး ချိတ်ဝင်စားချာကြီးပါရား ဟရိုးးးးသက်ရေ
    ReplyDelete
  9. ကိုသက်တန့်ချိုရေ...
    မကြားဖူးဘူး.. ဗဟုသုတတွေရသွားတယ်ဗျာ..
    အခုလိုတင်ပြမှုအတွက်.. ကျေးဇူးပါ..
    ခင်မင်စွာဖြင့်
    စည်သူ။
    ReplyDelete
  10. တော်တော်တော့ ဗဟုသုတတွေ ပေးနိုင်လွန်းတဲ့ သက်တန့်.......။
    မန္ထလေးမှာ ပျော်နေပြီလား...........။
    များတို့အတွက် ထိုးမုန့်မပါရင် ငိုမှာနော်..း(
    နှင်း
    ReplyDelete
  11. ထူးထူးဆန်းဆန်းပါဘဲလားဗျာ ... ကိုသက်တန်.ကြီး
    လာရတာ ဗဟုသုတတွေ ရတယ်ဗျာ...အားပေးလျက်
    ReplyDelete
  12. ၃၅နှစ်တိုင်တိုင် မရပ်မနားလောင်ကျွမ်းခဲ့တယ်
    တဲ့လား နာမည်နဲ့တော့ လိုက်ပါရဲ့ဗျာ
    အဲဒီတွင်းအောက်တည့်တည့်မှာ ငရဲပြည်များတကယ်ရှိ
    နေလားမသိဘူးနော်
    ဒီလိုရှာရှာဖွေဖွေတင်ပြတာလေး စိတ်ဝင်စားဖို့ကောင်းတယ်
    ReplyDelete
  13. တကယ့် ငရဲပြည်က လောင်တဲ့မီးက နှစ်ပေါင်းဘယ်လောက်ရှိနေပြီလဲ မဆိုနိုင်ဘူးနော် .. ဒီငရဲပြည်က ၃၅ နှစ်ဆိုတော့လေ ..
    ReplyDelete
  14. ဓာတ်ငွေ့တွေဒီလောက်ဈေးကောင်းနေတာကို ဘာကြောင့်မထုတ်ပဲမီးရှို့ပစ်ရတာလဲ..35နှစ်ကြာနေတာတောင်မကုန်သေးဘူးဆိုရင်တော့ ပမာဏတော်တော်များလို့ပေါ့..နှမြောဖို့ကောင်းလိုက်တာကွာ.....။
    ReplyDelete
  15. ကိုသက်တန့်ဒီထက်မကအောင်မြင်ပါစေကိုသက်တန့်ရဲ့ပရိတ်သတ်ပါ
    ReplyDelete