Wednesday, September 2, 2009

ရွှေမြန်မာနိုင်ငံရဲ့ အလှအပတရား (အပိုင်း ၁ )

( ကိုသားကြီးနဲ့ ရန်ကုန်သားတို့ မန့်သွားတာကို ကြည့်ပြီး စိတ်မကောင်းဖြစ်မိပါတယ် ။ ကိုယ့်နိုင်ငံရဲ့အလှအပ
တွေကို ဖော်ထုတ်ဖို့ မေ့လျှော့သလို ဖြစ်သွားတဲ့အတွက် ( အမှန်တော့ စိတ်ထဲမှာ အမြဲတမ်းရှိပါတယ် ) တောင်း
ပန်ပါတယ်ခင်ဗျာ ။ အခုရေးပြီးအပိုင်းဆက် အနေနဲ့ တင်ပေးသွားပါ့မယ် ။ အရင်အပိုင်းဆက် လေးက များသွားတဲ့အတွက် နောက်ကျသွားတာပါခင်ဗျ ။ ခွင့်လွှတ်ကြပါကုန် သယ်ရင်းတို့ ။ )

ရွှေမြန်မာနိုင်ငံရဲ့ အလှအပတရား (အပိုင်း ၁ )

မြန်မာတဲ့... ကမ္ဘာပေါ်မှာ အလှအပတရားတွေ စုဝေးတဲ့နေရာ ။ မေတ္တာတရားတွေ ထုံမွှမ်းတဲ့နေရာ.. ။ ဒီရွှေနိုင်ငံ
ထဲမှာ ကမ္ဘာကအသိအမှတ်ပြုတဲ့ နေရာတွေ အများကြီးရှိပါတယ် ။ လူတွေပြုပြင် ဖန်တီးထားတာမဟုတ်ပဲ သဘာဝ အလှအပတွေကိုလည်း ခံစားနိုင်မှာ ဖြစ်ပါတယ် ။ ကဲသင်တို့ရဲ့စိတ် အာရုံတွေကို ခဏတာလွှတ်ထားလိုက်ပါ ။ ရင်ခုန်ယစ်မှုးဖွယ် အလှအပတွေကို ခံစားကြည့်ကြပါစို့ ။

ရန်ကုန်မြို့ညမြင်ကွင်း


ရန်ကုန်မြို့ရဲ့ည မြင်ကွင်းဖြစ်ပါတယ် ။ ကန်တော်ကြီး ပန်းခြံကနေ ရိုက်ကူးထားတာ ဖြစ်ပါတယ် ။ အရမ်းကိုလှပပြီးတော့အချိန်ကလည်း အလှဆုံးအချိန်ဖြစ်ပါတယ် ။ ပတ်ဝန်းကျင်ကတော့ လုံးဝကြီး အမှောင်မကျ သေးပါဘူး ။

အင်းလေးနဲ့ရန်ကုန်မြို့ နေ၀င်ချိန်အလှ





ရွှေမြန်မာနိုင်ငံရဲ့ အရမ်းကိုလှပတဲ့ သဘာဝတရားပြယုဉ် တစ်ခုဖြစ်ပါတယ် ။ ပထမပုံကတော့ အင်းလေးဒေသ ပတ်ဝန်းကျင်ရဲ့ နေ၀င်ချိန် ဖြစ်ပါတယ် ။ ဒုတိယပုံကတော့ ရန်ကုန်မြစ်ကြီးရဲ့ ဆည်းဆာနေ၀င်ချိန် အလှတရား တစ်ခုပါ ။ ဒီလိုအချိန်မျိုးနဲ့ ဒီလိုအလှ အပတရား တွေကို တပြိုင်တည်းကြုံ တွေ့ရဖို့ဆိုတာ အရမ်းကိုခက်ခဲလှပါတယ် ။ သင်ရောဘယ်လိုထင်ပါသလဲ ။ ဆက်လက်ပြီးအံ့မခမ်းဖွယ် အလှအပတွေကို ခံစားကြည့်ကြပါအုန်းစို့။

ဦးပိန်တံတား


ကဲဒီနေရာကို မလှပါဘူးဟု မည်သို့သော နှလုံးသားဖြင့် ငြင်းဆန်နိုင်ပါမည်လဲ ။ မြန်မာနိုင်ငံဟု ဆိုလျှင် ဦးပိန်တံတားလည်းတွဲလျှက်ပါဝင်ပေသည် ။ ညနေခင်းမှာ ဦးပိန်တံတားရဲ့ နေ၀င်ချိန်ဆည်းဆာ အလှကို ခံစားရင်း ဘီယာလေးနှင့် နွဲလိုက်ရလေလျှင်....။

ရှမ်းပြည်နယ်မှ အင်းလေးကန်







သဘာဝအလှဆိုတာ တိမ်မြုပ်ကွယ် ပျောက်လုနီးပါး ဖြစ်နေတဲ့ ခေတ်ကြီးထဲမှာ ဒီနေရာလေးကတော့ ရိုးရာဓလေ့တွေ မတိမ်ကောသေးတဲ့ အလှဆုံးနေရာ တွေထဲမှာ တစ်ခု အပါအ၀င် ဖြစ်ပါတယ် ။ သဘာဝအလှဆိုတာ လူတွေပြုပြင်ဖန်တီးထားတဲ့ အလှထက်နှလုံးသားကို ပိုပြီးဆွဲဆောင်နိုင်တယ်ဆိုတာ သင်ငြင်း နိုင်မှာမဟုတ်ပါဘူး ။ အင်းလေးဒေသမှာ အထင်ရှား ဆုံးအရာ တစ်ခုကတော့ခြေထောက်နဲ့ လှေလှော်ခြင်းပဲ ဖြစ်ပါတယ် ။ ခြေထောက်နဲ့ လှေလှော်တဲ့ ဓလေ့ကို ကမ္ဘာပေါ်မှာ ရှာတွေ့ဖို့ ခက်ခဲလှပါတယ် ။ နိုင်ငံခြားသား တွေသာမက ပြည်တွင်း မြန်မာလူမျိုးတွေလည်း အမြတ်တနိုးတန်ဖိုးထားတဲ့ နေရာတစ်ခုဖြစ်ပါတယ် ။ အကယ်၍သင် မြန်မာနိုင်ငံသို့လာရောက်ခဲ့မယ် ဆိုရင်တော့ အင်းလေးကန်ကို သွားရောက်ဖို့ မမေ့ပါနဲ့ ။ မြန်မာနိုင်ငံရဲ့ အံ့သြဖွယ် အလှတရား ကို သင်နှလုံးသားတစ်လှပ်လှပ်ခုန်လာတဲ့အထိ ခံစားကြည့်လိုက်ပါ ။

စာရေးသူ......သက်တန့်ချို....( ၄း၂၀ ညနေ ၂.၉.၀၉ )


10 comments:

  1. This comment has been removed by the author.

    ReplyDelete
  2. ကျေးဇူးတင်ပါတယ် ကိုသက်တန့် ရေ
    တိုင်းပြည်ချစ်စိတ်နဲ့  ယူကျုံးမရဖြစ်မိတာပါ
    ဗဟုသုတတွေအတွက်တောင် ကိုသက်တန့် 
    ကို ကျေးဇူးတင်ရဦးမှာ စိတ်မရှိပါနဲ့ 
    ကျေးဇူးတင်လျှက်
    ရန်ကုန်သား :D

    ReplyDelete
  3. ဒါမှ ပေါ့ သယ်ရင်းမောင်လေးရယ် ။ ဟုတ်ပြီ။ ဆက်သွားနော်။ ဖတ်ဖို့ စောင့်နေကြမှာ။ မေလေးက ထိပ်ဆုံးက

    ReplyDelete
  4. ဟဟဟ သက်ရေ အေးလေ နင်ကလဲ ဟဲဟဲ အဲဂလို လုပ်စမ်းပါဟ

    ReplyDelete
  5. ကျော်ကျော်အောင်September 2, 2009 at 7:49 PM

    သက်သက်ရယ်နာကတော့
    ဦးပိန်နဲ့ထန်ရည်ဟာတွဲဖက်လို့
    ထင်တာဘဲအဲ့ဒီမှာထန်ရည်
    သိပ်ပေါတာဟအဲ့ဒီကရောင်းတဲ့အကြော်စုံ
    နဲ့မြည်းလိုက်ရလို့ကတော့အမယ်လေး
    ပြောရင်နဲ့သွားရည်တောင်ယိုလာတယ်..ဟိ
    သတိရစရာလေးတွေသိပ်ပေးတာဘဲ..လူဇိုးး

    ReplyDelete
  6. ခြေတောက်နဲ့လှေလှော်တဲ့ အင်းလေးသားတွေရဲ့ဓလေ့က တော်တော်လေးစိတ်ဝင်စားစရာပါ သားကြီးကိုသာ ခြေတောက်နဲ့လှေလှော်ခိုင်းလို့ကတော့ “ပလုံ”ကနဲပဲမြည်မှာပါပဲ။
    မြန်မာပြည်မှာ ကျနော်ရောက်ရှိလည်ပတ်ဖူးတဲ့နေရာတွေဆိုတာ တော်တော်လေးနည်းပါတယ်
    ခရီးသွားတဲ့ပါရမီမရှိဘူးထင်ပါရဲ့ဗျာ
    ဒီပိုစ်မှာရေးခဲ့သလိုပဲ နေအဝင်မှာ ဦးပိန်တံတားကြီးကိုကြည့်ပြီး ဘီယာလေးစုပ်လိုက်ရရင်ဆိုတဲ့ အတွေးတော့ ရှိခဲ့ပါရဲ့ဗျာ
    ကိုယ့်နိုင်ငံက ရေမြေအလှကို ခုလိုထုတ်ဖေါ်တင်ပြပေးတာ ကျေးဇူး ။

    ReplyDelete
  7. ခရီးသွားဖို့ကံဇာတာက နည်းသေးတော့ ခုလိုအလှတရားတွေ မခံစားရဘူးဗျ
    ခုလို မြန်မာနိုင်ငံရဲ့ အလှတရားတွေကို ဖော်ထုတ်ပေးတဲ့ ကိုသက်တန့်ကို ကျေးဇူးပဲဗျာ.. ကျွန်တော်တို့တိုင်းပြည်မှာလဲ ခုလိုလှပပြီးသာယာတဲ့ နေရာ တွေအများကြီးရှိတယ်ဆိုတာ တစ်စွန်းတစ်စ ဖော်ထုတ်ပေးလိုက်တာပဲပေါ့ဗျာ..

    ReplyDelete
  8. ဟွန်း ပိုလွမ်းအောင် လုပ်ပြန်ပြီ

    ReplyDelete
  9. ဓါတ်ပုံလေးတွေ ကောင်းတယ်ဗျာ

    ReplyDelete
  10. ညနေခင်း ဦးပိန်တံတားပေါ်မှာ ဘီယာနဲ့ နွဲလိုက်ရင် တံတားပေါ်က ပြုတ်ကျလောက်တယ် (အနော်ပြောပါဒယ် တူညားတွေ နဟုတ်ပါဝူး)

    ReplyDelete