Wednesday, February 3, 2010

စင်ကာပူနိုင်ငံမှ ရေပေါ်ကစားကွင်း

စင်ကာပူနိုင်ငံမှ ရေပေါ်ကစားကွင်း

Marina Bay ပေါ်မှာ တည်ရှိတဲ့ ဒီကစားကွင်းကို Marina Bay Floating Platform လို့ခေါ်ပါတယ် ။ သူက World's Largest Floating Stage လည်း ဖြစ်ပါတယ် ။ စင်ကာပူနိုင်ငံ Marina Bay မှ Marina Reservoir မှာ တည်ရှိပါတယ် ။

စတီးတွေနဲ့ချည်းပြုလုပ်ထားပြီး Marina Bay မှ Floating platform ရဲ့ အကျယ်အ၀န်းဟာ ၁၂၀ မီတာ ရှည်ပြီး ၈၃ မီတာ ကျယ်ပါတယ် ။ National Stadium မှ ဘောလုံးကွင်းထက် ၅% မျှပိုကြီးမားပါတယ် ။ အလေးချိန် ၁၀၇၀ တန်ကို ခံနိုင်ရည်ရှိပြီး အဲဒီအလေးချိန်ဟာ လူပေါင်း ၉၀၀၀ ၊ stage props ပေါင်း ၂၀၀ တန် နဲ့ military vehicles တန်ပေါင်း ၃၃၀ နဲ့ညီမျှတယ်လို့ဆိုပါတယ် ။ ဒီစတေဒီယမ်မှာလူပေါင်း ၃၀၀၀၀ လောက်လည်း ၀င်ရောက်ကြည့်ရှုနိုင်တယ်လို့ဆိုပါတယ် ။




























စာရေးသူ......သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

6 comments:

  1. မြန်မာဘော်လုံးသမားတွေ သွားကန်ရင် ဘော်လုံးတွေတော့ ရေထဲချည်း ကျကုန်တော့မှာပဲ

    ReplyDelete
  2. The platform can bear up to 1,070 tonnes, equivalent to the total weight of 9,000 people, 200 tonnes of stage props and three 30-tonne military vehicles. အဲဒီလိုရေးထားတာပါဗျာ wiki မှာ...
    တန် (၃၀) ရှိသော စစ်တပ်ယာဉ် ၃ စီးလို့ဘာသာပြန်ရင်ပိုမှန်မယ် ထင်ပါတယ်....
    ဆမ သင်တန်း တက်ရင်လည်း ကောင်းကောင်း တက်ပါဗျာ.. ဟိုမရောက်ဒီမရောက်တော့ မလုပ်ပါနဲ့...

    ReplyDelete
  3. ပီးရင် ဒီဆောင်းပါးလေး ဖတ်ကြည့်ပါဦးဗျာ...
    http://happycloud1000.mmgenius.com/?p=313

    ReplyDelete
  4. လာကြည့်သွားတယ် သူငယ်ချင်းရေ..
    အဆင်ပြေပါစေ.. ဟုတ်တယ် ရေထဲလိမ့်ကျမှာတော့ ကြောက်ရတယ်.. ကိုနွေဆူးဆို ဘောလုံးလောင်းထားတာ ရှုံးလို့ ရေထဲခုန်ချမိမှာ သေချာတယ်.. ခိခိ

    ReplyDelete
  5. ဒီကွင်မှာကန်တဲ့ ဘောပွဲတွေမှာ လူချရင် အနီမပြဘဲ
    ချခံရတဲ့လူက ရေထဲပြန်ကန်ချကြေး ဆိုရင်..
    ကောင်းမယ်....:P

    ReplyDelete
  6. ရေထဲမကြပါဘူး။ Safety အနေနဲ့ တစ်ခုခုနဲ့ ကာထားမှာပါ။ပုံထဲမှာမို့ မမြင်ရတာ ဖြစ်လိမ့်မယ်။

    ReplyDelete