Monday, February 8, 2010

လွန်စွာကြီးမားသော ရှေးခေတ်ဟောင်း သတ္တ၀ါကြီးများ (အပိုင်း ၂)

လွန်စွာကြီးမားသော ရှေးခေတ်ဟောင်း သတ္တ၀ါကြီးများ (အပိုင်း ၂)

ကျွဲတစ်ကောင်လောက် အရွယ်အစားရှိတဲ့ ကြွက်


တစ်တန်လောက်လေးတဲ့ ကြွက်တစ်ကောင်ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကို တောင်အမေရိက သိပ္ပံပညာ ရှင်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ် ။ သမိုင်းဆန်ဆန် ဒီကျွဲတစ်ကောင်လောက်ရှိတဲ့ကြွက်ဟာ ကမ္ဘာ့အကြီးဆုံး Rodent တွေထဲမှာ မှတ်တမ်းဝင်ခဲ့ပါတယ် ။ ကောင်းမွန်စွာ တူးဖော်ရရှိထားတဲ့ ဦးခေါင်းခွံကနေ စနစ်တကျ သုတေသန လုပ်ထားခြင်းပဲ ဖြစ်ပါတယ် ။ ကြီးမားတဲ့ ကြွက်ကြီးဟာ ကုန်းနိမ့်ဒေသ မိုးသစ်တောတွေထဲမှာ အနေများပြီး လွန်ခဲ့တဲ့ 2 to 4 million နှစ်လောက်က ကျက်စားခဲ့တာ ဖြစ်ပါတယ် ။

ကြီးမားတဲ့ သွားကြီးတွေနဲ့ ကြောင်ကြီးတွေ နောက်မပျံသန်းနိုင်တဲ့ အသားစားငှက်တွေ ကို စားသုံးလေ့ရှိတယ်လို့ လေ့လာသူတွေက ပြောကြားပါတယ် ။မျိုးစိတ်ကတော့ Josephoartigasia monesi ဖြစ်တယ်လို့ Uruguay နိုင်ငံ Montevideo မှ အမျိုးသားပြတိုက်နဲ့ သတ္တဗေဒပညာဌာနမှ လေ့လာရေး ခေါင်းဆောင် Andres Rinderknecht ကပြောကြားခဲ့ပါတယ် ။ ။ ဒီကြွက်ကြီးဟာ ပေါင် ၂၂၀၀ (၁၀၀၀ ကီလိုဂရမ်) အလေး ချိန်ရှိပါ တယ် ။ ဦးခေါင်းခွံက ၂၁ လက်မ (၅၃ စင်တီမီတာ) ရှည်လျားပြီး ဒီအကြောင်းကို The Roya Society :B မှထုတ် ဝေ တဲ့ ဂျာနယ်မှာ ဖော်ပြထားပါတယ် ။

သက်တမ်းသိပ်မရင့်သေးတဲ့ ဒီဦးခေါင်းခွံက ဒီမျိုးစိတ်ဟာ အခြား ကြွက်မျိုးနွယ်တစ်ခုဖြစ်တဲ့ Rinderknecht ထက် နှစ်ဆလေးတယ်လို့ လေ့လာမှုအဖွဲ့ရဲ့ အီးမေးလ်တွေမှာ ဖော်ပြထားပါတယ် ။

" အ နာဂါတ်ကတော့ အံ့သြ ဖွယ် ရာ တွေကို သယ်ဆောင်လာပါပြီ ။ ဒါပေမယ့် ယခုအချိန်မှာတော့ J.monesi ဟာ မှတ်တမ်း တင်ခံထားရတဲ့ ကမ္ဘာ့အကြီးမားဆုံး ကြွက်ကြီးဖြစ်တယ် "

လို့ ပြောရေးဆိုခွင့်ရှိသူတွေက ပြောဆိုခဲ့ပါတယ် ။ ရှေးခေတ်ဟောင်း ကြွက်ကြီးတွေဟာ အရှည် နှာခေါင်းကနေ အမြီးထိ ၁၀ ပေ (၃ မီတာ) ခန့်ရှိပါတယ် ။ ဒီရှေးဟောင်း ကြွက်ကြီးဟာ တောင်အမေရိက မှ ကမ္ဘာ့အကြီးမားဆုံး သက်ရှိကြွက်ကြီး capybara နဲ့ ဆင်တူပါတယ် ။ အခြားရှားပါးတဲ့ မျိုးစိတ်တွေက ၃၃ ပေါင်(၁၅ ကီလိုဂရမ်) လောက်အလေးချိန်ရှိကြပြီး Prehistoric mammal ဖြစ်တဲ့ Pacarana မျိုးစိတ်ကတော့ တောင်အမေရိက အလယ်ပိုင်းတွေက ပူနွေးတဲ့ တောအုပ်တွေမှာ နေလေ့ရှိပါတယ် ။

J.monesi တွေဟာ deltas မြစ် သို့မဟုတ် estuaries မြစ်တွေဝန်းရံထားတဲ့ တောတွေထဲမှာ နေထိုင်ကျက်စား လေ့ရှိတယ်လို့ လေ့လာသူတွေက ဆိုပါတယ် ။

စာရေးသူ.....သက်တန့်ချို (၁၁း၀၀ ည ၈.၂.၁၀)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

1 comment:

  1. အင်း အခုခေတ် အဲလိုအကောင်ကြီးတွေရှိလဲ မဆိုးဘူးဟ.. လူတွေစားဖို့သောက်ဖို့တမျိုးတိုးတာပေါ့
    ဟုတ်ဘူးလား ဟိဟိ..
    လာရောက်အားပေးသွားပါတယ်ခင်ဗျား
    အပိုင်း 1 ကိုလဲ ဖတ်သွားပါတယ်.

    ReplyDelete