Saturday, February 13, 2010

ပုရွက်ကြော်တွေ စားကြမလား

ပုရွက်ကြော်တွေ စားကြမလား



လယ်သမား Carlos Bayona ဟာ ကြီးမားတဲ့ အိုးကြီးထဲမှာ Culonas ပုရွက်တွေကို အပြန်အလှန် အထက် အောက်လှော်နေပါတယ် ။ ဒီပုရွက်ကြော်တွေကို Socorro မှာ စီးပွားဖြစ်လုပ်ကိုင်နေခဲ့ပါတယ် ။ ဧပရယ် ဂျွန် ရာသီတွေမှာ နှစ်စဉ်နှစ်တိုင်း Colombian လယ်သမား ထောင်ပေါင်းများစွာနဲ့ ၀ါသနာပါသူတွေက Santander စီရင်စုမှာ သူတို့ ဒေသရဲ့ ရိုးရာအဖြစ် ပုရွက်တွေ (Atta Laevigata) ကို လိုက်လံစုဆောင်းပါတယ် ။ ပုရွက်တွေ ကိုသူတို့ရဲ့ ကြီးမားတဲ့ အရွယ်အစားကြောင့် Ulonas လို့ခေါ်ကြပါတယ် ။ သူတို့ကို ချက်ပြုတ် ကြော်လှော်ပြီး တော့ ထူးခြားဆန်းပြားပြီး စွဲမက်နှစ်သက်ဖွယ်ကောင်းသော အထူးအစားအစာအဖြစ်ရောင်းချကြပါတယ် ။




၂၀၀၉ မေ ၁၉ ရက်နေ့မှာ San Gil မြို့ လမ်းတစ်နေရာမှာ ကလေးငယ်တစ်ဦးက Culonas ပုရွက်လှော်တွေကို ကြည့်နေခြင်း ဖြစ်ပါတယ် ။



မိန်းမတစ်ဦးက Barichara မြို့မှာ ၂၀၀၉ ခုနှစ် မေ၁၉ ရက်နေ့က ပုရွက်အချဉ်ရည်နဲ့ အာလူးချပ်ကို စားဖို့ ပြင်ဆင်နေ ပုံ ဖြစ်ပါတယ် ။



စားသောက်ဆိုင် Color de Hromiga , Barichara မှာ ပုရွက်ချဉ် ဆမ်းထားတဲ့ အစားအသောက်တစ်ခုကို ခင်းကျင်း ထားပုံပဲ ဖြစ်ပါတယ် ။



San Gil မြို့က စတိုးဆိုင်တစ်ခုမှာ အမျိုးသမီးတစ်ဦးက Culonas ပုရွက်လှော်တွေ ထုပ်ထားတဲ့ အထုပ်တစ် ထုပ်ကို သူမရဲ့ စတိုးဆိုင်မှာ ပြသနေပုံပဲ ဖြစ်ပါတယ် ။



San Gil မြို့က မြို့လယ်ခေါင် လမ်းမကြီးမှာ ပျံကျဈေးသည်တွေဟာ Culonas ပုရွက်အရှင်တွေကို ခင်းကျင်း ပြသ ပြီး ရောင်းချလျှက်ရှိပါတယ် ။

စားသုံးဖူးသူတွေရဲ့ အဆိုအရ ဒီပုရွက်တွေနဲ့ ပြုလုပ်ထားတဲ့ အစားအသောက်မှန်သမျှဟာ အရသာ အလွန်ထူး ကဲလှပြီး ဆိမ့်သောအရသာရှိတယ်လို့ ဆိုပါတယ် ။

စာရေးသူ.....သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

10 comments:

  1. အာ.. ကြောက်စရာ
    မစားရဲပါဘူး..
    လူတွေများ ရှာရှာကြံကြံ စားလဲစားတတ်ပါ့

    ReplyDelete
  2. အသည်းတယားယားနဲ့ ကြည့်သွားပါတယ်။ စားတော့ မစားရဲဘူး။

    ReplyDelete
  3. အောင်မလေး ....... ကြည့်တာနဲ့တင် ကြက်သီးထသွားတယ်။း)

    ReplyDelete
  4. ကြည့်တာနဲ့တင်
    ကြက်သီးထတယ် ကွယ် .. !

    ReplyDelete
  5. သြော်...
    အစကတည်းကမှ မျက်လုံးကပြူးပါတယ်ဆိုမှ..
    ပုရွက်ဆိတ်ကြော်များစားလိုက်လို့ကတော့...
    ဟီး....မီး..ဘာမှမပြောဘူးနော်...

    ReplyDelete
  6. အောင်မငီးးး စားလို့ကောင်းမကောင်းတော့မသိဘူး အကိုက်သာခံလိုက်ရလို့ကတော့ မတွေးရဲစရာပဲ အကောင်ကြီးကလဲ ကြည့်ဦး..။

    ခင်မင်စွာဖြင့်
    မိုးငွေ့

    ReplyDelete
  7. စားကြည်.ချင်လိုက်တာ ဘယ်လိုအ၇သာလေးဘာလိမ်.
    ဟိဟိဟိ
    ပန်း

    ReplyDelete
  8. အမလေးးးး
    ကြက်သီးထလိုက်တား(

    ReplyDelete
  9. မို့ မို့ February 20, 2011 at 1:56 PM

    မြန်မာ ပြည် က ပုရစ်ကြော် နဲ့ လဲ မလား ?
    ဘယ်အရသာ က ပိုကောင်း မလဲ...

    ReplyDelete
  10. ထူးခြားဆန်းပြားအစီအစဉ်မှာတော့မကြာခဏ
    တွေ့ဘူးပါတယ်သူတို့ကတကယ်စားကြတာနေမှာနော်အဲလိုစားတော့ရောဂါတွေဘာတွေမဖြစ်ဘူးလားမသိနော်

    ReplyDelete