Showing posts with label ကမ္ဘာပေါ်မှာရှိတဲ့အလှဆုံးနေရာတွေ. Show all posts
Showing posts with label ကမ္ဘာပေါ်မှာရှိတဲ့အလှဆုံးနေရာတွေ. Show all posts

Thursday, February 2, 2012

သဘာဝအလျှောက်ဖြစ်ပေါ်နေသော Firefall

သဘာဝအလျှောက်ဖြစ်ပေါ်နေသော Firefall




Yosemite မှာ ဆောင်းရာသီဆိုရင် မြင်းမြီးရေတံခွန်လို့ခေါ်တဲ့ ရေတံခွန် တစ်ခုဟာ ပျောက်ကွယ်လုနီးနီးပါပဲ ။ ဖေဖော်ဝါရီရဲ့လွန်ခဲ့တဲ့ နှစ်ပတ်လောက်မှာ နေရောင်ခြည်ကျရောက်မှုကြောင့် ဒီတောင်စွန်းကနေ ဆင်းလာ တဲ့ ရေတွေဟာ ပုံမှာ မြင်ရတဲ့အတိုင်း မီးတံခွန် Firefall အဖြစ် လှပစွာ မြင်တွေ့နေရပါတယ် ။ နောက် ခံနေရောင်ခြည်ကနေ ရေတံခွန်ကို လှပတဲ့ မီးရောင်ရေတံခွန်အဖြစ်ပြောင်းပေးလိုက်ခြင်းပါပဲ ။











မူရင်း - Nature's Firefall : Horsetail fall

During the winter in Yosemite, coming off of El Capitan, there is an almost non-existent waterfall called Horsetail fall. During the last two weeks in February, if there is water trickling over the edge, and if it is clear at sunset ( which doesn't happen too often due to the winter storms ) the setting sun will turn this waterfall into a stream of molten fire. The waterfall lights up like molten lava due to the angle of the sun.

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, January 2, 2012

ကမ္ဘာပေါ်တွင် တတိယအကြီးဆုံးရေခဲတောင် Purog Kangri Glacier

ကမ္ဘာပေါ်တွင် တတိယအကြီးဆုံးရေခဲတောင် Purog Kangri Glacier



တရုတ်ပြည် တိဗက် နယ်မြေရဲ့ အနောက်တောင်ဖက်မှာရှိတဲ့ Gagqu မြို့ မှနေပြီး ကီလိုမီတာ ၅၆၀ လောက် ကွာဝေးတဲ့နေရာမှာ အလွန်လှပတဲ့ Purog Kangri လို့ အမည်ရတဲ့ ရေခဲတောင်ကြီးရှိပါတယ် ။ တောင် တစ်တောင်လုံးရဲ့ 422 square kilometer ခန့်ကိုရေခဲ ဖုံးအုပ်ထားပြီး ကမ္ဘာပေါ်မှာ တတိယ အကြီး ဆုံးရေခဲတောင်ကြီးဖြစ်တယ်လို့ သတ်မှတ်ထားခြင်းခံထားရပါတယ် ။ ကဲ ကျွန်တော်တို့ ကမ္ဘာ့ တတိယ အကြီးဆုံး ရေခဲတောင်ကြီးရဲ့ အလှအပရှုခင်းတွေကို ခံစားကြည့်လိုက်ကြရအောင်လားဗျာ ။









သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, December 31, 2011

စိမ်းစိုနေသော သစ်ပင်ဥမင်ရထားလမ်း

စိမ်းစိုနေသော သစ်ပင်ဥမင်ရထားလမ်း



အိုး . . ကဗျာဆန်လိုက်တာ ကြည့်ရတာ မြင်သူရင်ထဲကို အေးမြသွားစေတဲ့နေရာလေးပါပဲ ။ ဒီသစ်ပင် ဥမင် ရထားလမ်းလေးဟာ ကျန်းမာရေးအတွက်လည်း အောက်ဆီဂျင်အပြည့်အဝေပေးနိုင်တဲ့နေရာ လေးဖြစ်ပြီး သွားရောက် လည်ပတ်ဖို့သင့်တော်တဲ့နေရာလေးတစ်ခုပါပဲ ။ အင်တာနက်စာ မျက်နှာတွေကတ ဆင့်ရှာတွေ့ခဲ့ တာဖြစ်ပြီး ဘယ်နိုင်ငံမှာလည်းရယ်တော့အတိအကျမသိရပါဘူး ။ သိတဲ့သူများရှိရင်လည်းပြောပေးသွားကြပါဦး ။












သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, December 24, 2010

ဂျပန်နိုင်ငံ၏ ဟိုက်ဝေးတံတားလမ်းလွှဲစနစ်များ

ဂျပန်နိုင်ငံ၏ ဟိုက်ဝေးတံတားလမ်းလွှဲစနစ်များ




ရှပ်ထွေးပွေလီစွာ သွားလာနေကြတဲ့ ကားရောင်စုံတွေအတွက် လမ်းပိတ်ဆို့မှုမဖြစ်အောင် ပြုလုပ်ထားတဲ့ ဂျပန်နိုင်ငံရဲ့ လမ်းလွှဲစနစ်များအကြောင်းကိုကျွန်တော်တို့လေ့လာကြည့်ကြရအောင် ။ ၀ိုး...ခေတ်မှီ ဗိသုကာလက်ရာတွေနဲ့ ယဉ်ကြောစနစ်တွေက အံမခန်းဖွယ်ရာပါပဲ ။ စက်ဝိုင်းသဏ္ဍာန်တံတားကြီးတွေနဲ့ အကွေ့အကောက်လမ်းမတွေ အရာအားလုံးဟာ သေသပ်လှပစွာနဲ့ ဂျပန်နိုင်ငံရဲ့ခေတ်မှီဖွံ့ဖြိုးတိုးတက်မှုကိုဖော်ဆောင်ပြသလို့နေပါတယ် ။ မိုးထိမြင့်တဲ့အဆောက်အဦးတွေကြားမှာ အကွေ့အကောက်များတဲ့ တံတားတွေက ကောင်းကင်ယံကနေဖြာဆင်းနေသလိုပါပဲ ။



Posted @ www.thettantvillage.com
သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, October 20, 2010

ရိုလာကိုစတာလမ်းမများ

ရိုလာကိုစတာလမ်းမများ




ဝိုးးးးးးး မယုံကြည်နိုင်ဖွယ်ရာပါပဲ ။ မြေလှိုင်းတွန့်ပုံသဏ္ဍာန်လမ်းမတွေပေါ်မှာ ကားစီးရင်း ခရီးသွား လိုက်ရရင် တော့ ရိုလာကိုစတာ စီးနေရသလို သင်ခံစားရမှာအမှန်ပါပဲ ။ ဒါပေမယ့်သင် မျက်စိရှင်ရှင်ထား ဖို့တော့ လိုပါ လိမ့်မယ် ။ တစ်ဖက်ကနေ ကားလာနေသလား မလာဘူးလားဆိုတာကိုတော့ ကားမီးရောင် (သို့မဟုတ်) ဟွန်းသံ ပေးပြီး အချက်ပြမှသာ အဆင်ပြေမှာဖြစ်ပါတယ် ။ ရွှေပြည်ကြီးမှာလည်း ဒီလို ကားလမ်းမများ များများ ဖောက်လုပ်နိုင်ပါစေခင်ဗျာ ။ ဒါမှ ကားစီးရင်း ရိုလာကိုစတာ စီးရတဲ့အရသာကို ခံစားရမှာမို့ပါ ။












သက်တန့်ချို
20 Oct 2010
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, August 21, 2010

ရေလှိုင်းသံတွေကြားက မော်လမြိုင်ကျွန်းမြို့

ရေလှိုင်းသံတွေကြားက မော်လမြိုင်ကျွန်းမြို့




ဧရာဝတီ... မြန်မာပြည်သူပြည်သားတွေရဲ့ အသက်သွေးကြော....ရေလှိုင်းပုတ်သံတွေနဲ့ ရှုမငြီးတဲ့ ပန်းချီကား တစ်ချပ် ။ အဲဒီဧရာဝတီရဲ့ ရင်သွေးငယ်...မော်လမြိုင်ကျွန်း....။ လှပတဲ့ မော်လမြိုင်ကျွန်းကို ရစ်ခွေ စီးဆင်း နေတာကတော့ ရာဇူဒိုင်မြစ် ...။ ရေစီးက ညင်ညင်သာသာနဲ့ ကျယ်ပြောတဲ့ မြစ်ပြင်တစ်ခွင်ကြောင့် မြန်မာနိုင် ငံရဲ့အလှတစ်ပါးဆိုလည်း မမှားပါဘူး ။ ရာဇူဒိုင်မြစ်ဟာ နွေရာသီမှာ ပုံမှန်မြစ်ရေထက် ခြောက်ပေခန့် နိမ့်ကျ လေ့ရှိပြီး မိုးရာသီမှာတော့ ပုံမှန်ရေမျက်နှာပြင်ထက် ခြောက်ပေခန့် မြစ်ရေတက်လေ့ရှိပါတယ် ။



မော်လမြိုင်ကျွန်းမှာရှိတဲ့ နေထိုင်သူတွေအတွက်ကတော့ ရာဇူဒိုင်မြစ်ဟာ ကုန်စည်နဲ့ ကူးသန်းသွား လာရေး အတွက် အဓိက မြစ်တစ်စင်းဖြစ်ပါတယ် ။ ဟိုးယခင်ကတော့ မော်လမြိုင်ကျွန်းမြို့ကို ကုန်းလမ်းနဲ့ ခရီးသွား မယ်ဆိုရင် ရာဇူဒိုင်မြစ်ကို ဇက်ရေယဉ်နဲ့ မကူးဘဲ မြို့နယ်အတွင်းက ကျိုက်ပိကို တိုက်ရိုက်မရောက်နိုင်ပါဘူး ။ မြန်မာနိုင်ငံကို အိပ်မက်ဆိုးတွေပေးခဲ့တဲ့ နာဂစ်မုန်တိုင်း အပြီးမှာတော့ မော်လမြိုင်ကျွန်းဟာ မျှော်လင့် ချက်ရောင်ခြည်တွေနဲ့ အနာဂါတ်အသစ်တွေရရှိခဲ့ပါတယ် ။ မော်လမြိုင်ကျွန်း-လှိုင်းဘုန်း-ဓနုံးလမ်းပိုင်း ဖောက်လုပ် ရေးစီမံကိန်း ၊ ရာဇူဒိုင်တံတား အမှတ် (၁) တည်ဆောက်ရေးနဲ့ အမှတ် (၂) တည်ဆောက်ရေး ၊ ကျေးလက်အိမ်ရာ ဆောက်လုပ်ခြင်းနဲ့ ပညာရေးဆိုင်ရာ အခွင့်အရေးတွေ နာဂစ်အလွန်ကာလမှာ ရောက်ရှိ လို့လာခဲ့ပါတယ် ။ အခု လတ်တလောအရ မော်လမြိင်ကျွန်း-လှိုင်းဘုန်း-ဓနုံးလမ်း၂၉ မိုင်း ၄ဖာလုံကို မြေသားတာပေါင်တွေအကုန်ပြီးစီးပြီးအဲဒီလမ်းပေါ်က တံ့တား ၂၂ စင်းအနက် ၁၇ စင်းပြီးစီးသွားပြီဖြစ်ပါတယ် ။













သံကူကွန်ကရစ်တံတားဖြစ်ပြီး အရှည် ၅၄၀ ပေ ယဉ်သွားလမ်း အကျယ် ပေ ၂၀ ၊ လူသွားလမ်းအကျယ် တစ်ဖက် ၂ ပေ စီရှိတဲ့ ရာဇူဒိုင်တံတားအမှတ် (၂) ကို ၉.၁.၂၀၁၀ မှာ ဖွင့်လှစ်ခဲ့တဲ့အတွက် မော်လမြိုင်ကျွန်း မြို့သူမြို့သားတွေရဲ့ အိပ်မက်တွေ လင်းလက်ခွင့်ရခဲ့ပြီလို့ ဆိုရမှာ ဖြစ်ပါတယ် ။ ဒီတံတားဟာ မအူပင်-ရေလဲကလေး-ရွှေတောင်မှော်-ကျိုက်ပိ-မော်လမြိုင်ကျွန်းလမ်းပေါ်မှာ တည်ရှိပါတယ် ။

ရာဇူဒိုင်တံတားအမှတ် (၁)ကိုတော့ ၂၂.၇.၂၀၁၀ မှာ ဖွင့်လှစ်ခဲ့ပြီး အဲဒီတံတားကတော့ အရှဇည် ၁၈၃၅ ပေ ၉ လက်မ ၊ ပင်မတံတားအရှည် ၉၉၈ ပေ ၃ လက်မ ၊ ချဉ်းကပ်တံတား မော်လမြိုင်ကျွန်းဖက်ကမ်း ၆၆ ပေ ၊ ကျိုက်ပိဖက်ကမ်း ၁၇၇ ပေ ၆ လက်မ ၊ ယဉ်သွားလမ်း အကျယ် ပေ ၂၀ နဲ့ လူသွားလမ်း အကျယ် တစ်ဖက်ကို ၂ ပေစီရှိပါတယ် ။ ဒီတံတား ၂ စင်းကြောင့် မော်လမြိုင်ကျွန်းမြို့လေးရဲ့ လူနေမှုအဆင့်အတန်းတွေ ပိုမိုမြင့်မား လာတယ်ဆိုရင်လည်းမမှားပါဘူး ။





ဟိုယခင်က ဆို ရန်ကုန်ကို သဘောင်္နဲ့ ခရီးသွားရင် ၁၂ နာရီလောက် ခရီးသွားရပေမယ့် အခုကားလမ်းနဲ့ဆို လေးနာရီပဲ ကြာမြင့်တော့မှာ ဖြစ်ပါတယ် ။ ညနေခင်းမှာ တံတားကြီးပေါ်က စက်ဘီး ၊ ဆိုင်ကယ် ၊ ထော်လာ ဂျီတွေနဲ့ စည်ကားလှတဲ့ ရှုခင်းအလှဟာ ရှူမငြီးဖွယ်ရာပါပဲ ။ မော်လမြိုင်ကျွန်းမြို့ပေါ်မှာ မြို့ပြလမ်းအနေနနဲ့ ကတ္တရာလမ်း ၃၅ လမ်း ၊ ကျောက်ချောလမ်း ၁၈ လမ်း ၊ မြေသားလမ်း ၉၂ လမ်း ၊ မြို့ပြတံတားအနေနဲ့ ကွန်ကရစ်တံတား ၁၃၂ စင်း ၊ သစ်သားတံတား ၇ စင်း ၊ ရေပြွန် ၃၈ ခု ၊ ကျေးလက်လမ်းအနေနဲ့ကတော့ ကတ္တရာလမ်း ၂ လမ်း ၊ ကျော်ကချောလမ်း ၉ လမ်း ၊ မြေသားလမ်း ၂ လမ်း ၊ ကွန်ကရစ်တံတား ၁စင်း ၊ သစ်သားတံတား ၁၅ စင်းတည်ရှိပါတယ် ။




မော်လမြိုင်ကျွန်းရဲ့ ထင်ရှားတဲ့ ဘုရားကြီးဖြစ်တဲ့ လောကသကျမာရဇိန်ဘုရားကြီးကိုလည်း ဖူးမျှော်နိုင် ပါသေးတယ် ။ ဒေသခံတွေကတော့ အလည်ဘုရားကြီးလို့လည်းခေါ်ဝေါ်ကြပြီး မန္တလေး မဟာ မြတ်မုနိ လို မနက်တိုင်း မျက်သစ်ရေ ကပ်ပါတယ် ။





ဒါကတော့ ပြည်လုံးချမ်းသာ ဆုတောင်းပြည့်ဘုရားကြီးဖြစ်ပါတယ် ။ ဒေသခံတွေက ခြင်္သေ့နှစ်ကောင် ဘုရားလို့ လည်း ခေါ်တွင်ကြပါတယ် ။





ဒီဘုရားကတော့ တာဝတိသာ မြတ်စွာဘုရားကြီးဖြစ်ပါတယ် ။

မော်လမြိုင်ကျွန်းမြို့အ၀င် တည်ချောင်းကျေးရွာအုပ်စု ဂျုံးဂျုံးကျ ကျေးရွာမှာ ကုတင် ၁၀၀ ဆန့် မြို့နယ်ပြည်သူ့ ဆေးရုံအသစ်တည်ရှိပါတယ် ။ လူနာဆောင် ၄ ဆောင်ပါဝင်ပြီး RC တစ်ထပ် သံကူကွန်ကရစ် အမျိုးအစားဖြစ်ပြီး ယခုအခါ ၇၀% ပြီးစီးနေပြီ ဖြစ်ပါတယ် ။





မော်လမြိုင်ကျွန်းမြို့ကို အနားသတ်ပေးထားတဲ့ ရာဇူဒိုင်မြစ်ကြီးထဲက လှေငယ်လေးတွေ ၊ သဘောင်္ကြီးတွေနဲ့ ရိုးသားလှတဲ့ မြန်မာပြည်သူပြည်သားတွေရဲ့ ဖြူစင်တဲ့မျက်နှာတွေကို တွေ့မြင်နိုင်ပါတယ် ။ ယခုအခါမှာတော့ မော်လမြိုင်ကျွန်းမြို့ပေါ်မှာပဲ အင်တာနက်လိုင်းတွေ အလွယ်တကူ သုံးစွဲရနိုင်ပြီး ကမ္ဘာတ၀ှမ်းနဲ့ ဆက်သွယ်နိုင်ပြီ ဖြစ်ပါတယ် ။ ကျွန်တော်တို့ရဲ မိခင်ဧရာဝတီရဲ့ ရင်သွေးငယ် ...မော်လမြိုင်ကျွန်းမြို့ .....အနာဂါတ်မှာ ရွှေရောင် တွေ တလွင့်လွင့်နဲ့ အိပ်မက်အသစ်တွေ နိုးကြားလာခဲ့ပြီ ဖြစ်ပါတယ် ။

Ref : News Light of Myanmar (20.8.2010)

(ဓါတ်ပုံများအား ညီငယ် ရွှေကျွန်းသား website မှကူးယူထားပါသည် ။ )

သက်တန့်ချို
21 August 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................