Showing posts with label အံသြဖွယ်ရာ ရှာဖွေတွေ့ရှိမှု. Show all posts
Showing posts with label အံသြဖွယ်ရာ ရှာဖွေတွေ့ရှိမှု. Show all posts

Tuesday, February 21, 2012

အံ့သြဖွယ်ရာအသက် ၂၅၆ နှစ်နေခဲ့သော Li Ching-yun

အံ့သြဖွယ်ရာအသက် ၂၅၆ နှစ်နေခဲ့သော Li Ching-yun



တရုတ်ပြည် Szechwan ပြည်နယ်မှာ Li Ching-yun ဆိုသူဟာ အံ့သြဖွယ်ရာ နှစ်ပေါင်း ရာကျော်နေ ခဲ့သူဖြစ်ပါတယ် ။ တရုတ်ပြည်မှာ အသက်အရွယ်အပိုင်းအခြားအရ သူဟာ တကယ့်ကို မယုံနိုင်ဖွယ်ရာ ဖြစ်ခဲ့ တယ် ။ သူ့ရဲ့ ကိုယ်ပိုင် story အရတော့ ၁၇၃၆ မှာမွေးဖွားခဲ့ပြီး ၁၉၇ နှစ်နေထိုင်ခဲ့တယ်လို့သိရပါတယ် ။



သူ အသက် ဆယ်နှစ်လောက်အရွယ်တွေမှာ Kansu, Shansi, Tibet, Annam, Siam နဲ့ Manchuria ဒေ သတွေကို ဆေးဖက်ဝင်အပင်တွေကို စုဆောင်းဖို့ ခရီးသွားလာခဲ့ပါတယ် ။ သူ့ရဲ့ ပထမ နှစ် ၁၀၀ အတွင်း မှာလည်း သူဟာ ဆေးဖက်ဝင်အပင်တွေကို စုဆောင်းရင်းနဲ့ပဲ အချိန်တွေကို ကုန်ဆုံးစေခဲ့တယ် ။ သူဟာ အဲဒီ ပင်တွေကြားမှာပဲနေပြီး သူ့မှာ ဆန်နဲ့ပြုလုပ်ထားတဲ့ ၀ိုင်တွေ ပေါများစွာ ရှိခဲ့တယ် ။

သူ့ကို ဘာကြောင့်အသက်ရှည်သလဲလို့ မေးမြန်းတဲ့အခါ သူ့လျှို့ဝှက်ချက်ကတော့ “ တိတ် ဆိတ်ငြိမ် သက် တဲ့ နှလုံးသားနဲ့နေပါ လိပ်တစ်ကောင်လိုထိုင်ပါ ပင်ကွင်းငှက်လို လမ်းလျှောက်ပါ ခွေးတစ်ကောင်လို အိပ်ပါ ” လို့သူပြန်ဖြေခဲ့တယ် ။ ဒါပေမယ့် စစ်ဘုရင် Wu Pei-fu က အဲဒီ ဖော်မြူလာကိုဘ၀င်မကျခဲ့ဘူး ။ ဒါကြောင့် သူဟာ Li ကို အိမ်ကိုဖိတ်ခေါ်ခဲ့ပြီး ရာစုနှစ်တစ်ခုအတွင်းမှာ အသက်အရှည် ဆုံးဘယ်လိုနည်း လမ်းတွေ နဲ့နေထိုင်ရမလဲဆိုတာ သင်ကြားစေခဲ့တယ် ။

အချို့ပြောတာကတော့ သူ့မှာ သေဆုံးပြီးသားဇနီး ၂၃ ယောက်ရှိပြီး လက်ရှိ ၂၄ ယောက်မြောက် ဇနီးနဲ့နေ ထိုင်တယ်လို့ဆိုပါတယ် ။ အဲဒီ ၂၄ ယောက်မြောက်ဇနီးဟာ အသက် ၆၀ အရွယ်ရှိပြီး မျိုးဆက် ၁၁ ဆက်ကို ပြန့်ပွားနိုင်ခဲ့တယ် ။ Li ရဲ့ ညာလက်က လက်သညးတွေဟာ ၆ လက်မ ရှည်လျှားပါတယ် ။ ၁၉၃၀ ခုနှစ်မှာတော့ ပရော်ဖက်ဆာ Wu Chung-chieh ဟာ အမှတ်မထင် ထူးဆန်းတဲ့အရာကိုရှာတွေ့ခဲ့တယ် ။ သူဟာ Chengtu University မှ ပရော်ဖက်တစ်ဦးလည်းဖြစ်ပါတယ် ။ သူတွေ့ခဲ့တာကတော့ Li Ching-yun ဟာ ၁၈၂၇ ခုနှစ်မှာ တရုတ် အစိုးရက သူ့မွေးနေ့အတွက် အသက်ရှည်ခြင်းအား ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပေးပို့ထားတဲ့ မှတ်တမ်း မှတ်ရာတွေကိုပါပဲ ။



အဲဒီမွေးနေ့ဟာ နှစ် ၁၅၀ ပြည့်မွေးနေ့ဖြစ်ပါတယ် ။ သိပ်မကြာသေးခင် ရက်သတ္တပတ်ကပဲ Li ဟာ သေဆုံး သွားခဲ့တယ် ။ အဲဒီလိုဆိုရင် Li Ching-yun ဟာ ကမ္ဘာမြေပေါ်မှာ 256 နှစ်တိုင်တိုင် အသက်ရှင်နေထိုင်သွားခဲ့တဲ့ တစ်ဦးတည်းသောသူဖြစ်လို့နေပါတယ် ။ ကဲ အံ့သြဖွယ်ရာ မယုံနိုင်စရာဖြစ်မနေဘူးလား ။

(ကျွန်တော့်အထင်ကတော့ ပရော်ဖက်ဆာ ရှာတွေ့ခဲ့တဲ့ record ထဲက လူနဲ့ Li ဟာ တစ်ယောက် တည်းဆို ရင်တော့ Li ဟာ တကယ်ပဲ ၂၅၆ နှစ်အသက်ရှည်ခဲ့တဲ့သူဖြစ်ပါတယ် ။ တစ်ယောက် စီဖြစ်နေမယ်ဆိုရင်တော့ Li ဟာ ၁၉၇ နှစ်အသက်ရှည်ခဲ့သူဖြစ်ပါ့တယ် )

Li ရဲ့အကြောင်းကိုဒီထက်သိချင်ရင်တော့အောက်ပါလင့်မှာ ဖတ်ရှူနိုင်ပါတယ် ။

http://en.wikipedia.org/wiki/Li_Ching-Yuen

သက်တန့်ချို
Feb 21-2012

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, January 5, 2012

ဖုန်းနှစ်လုံးနဲ့ ဥတစ်လုံး ( အရေးကြီးပါတယ် )

ဖုန်းနှစ်လုံးနဲ့ ဥတစ်လုံး ( အရေးကြီးပါတယ် )

အခုပြောမယ့်အကြောင်းအရာလေးကို ပေါ့ပေါ့ဆဆမတွေးပဲ သေချာ တွေးစေချင်ပါတယ် ။ ပြီးရင် ကိုယ်နဲ့ နီးစပ်ရာတွေကိုလည်း ပြန်လည်ဖြန့်ဝေပေးစေချင်ပါတယ် ။ အရင်ဆုံး စမ်းသပ်ချက်လေး တစ်ခုကို ပြော ဖို့လိုပါ တယ် ။ စမ်းသပ်ချက်ပြုလုပ်ဖို့အတွက် သင့်ဆီမှာ မိုဘိုင်းဖုန်း ၂ လုံးနဲ့ ကြက်ဥ သို့မဟုတ် ဘဲဥ တစ်လုံးရှိရပါမယ် ။



ပုံမှာပြထားတဲ့အတိုင်း ဖုန်းနှစ်လုံးအလယ်မှာ ဥ ကိုထားပြီး နေရာချထားလိုက်ပြီး ကျွန်တော်တို့ ဘာတွေ ဆက်ဖြစ် သလဲဆိုတာ လေ့လာကြည့်ကြရအောင် ။

ကဲ နေရာချထားပြီးပြီဆိုရင်တော့ ဖုန်းနှစ်လုံးကို ဆက်သွယ်မှု ( Call ) ကို စတင်လိုက်ပါ ပြီးရင် ၆၅ မိနစ်အထိ ထားပါ မယ် ။ ပထမဆုံး ၁၅ မိနစ်မှာတော့ ဘာမှမဖြစ်သေးပါဘူး ။ ၂၅ မိနစ်လောက်ကြာပြီးတဲ့အခါမှာတော့ ဥ ဟာ ပူစ ပြုလာပါပြီ ။



ဝိုးးးးးးးး ၄၅ မိနစ်လောက်ရှိလာပြီဖြစ်တဲ့အခါ ဥ ဟာ အရမ်းကို ပူလာပါပြီ ။ သင်ဟာ ၆၅ မိနစ်အထိ ထားမယ် ဆို ရင်တော့ ဥဟာ စားသုံးလို့ရအောင်ကို ကျက်သွားပြီဖြစ်ပါတယ် ။

ကဲ သင်ဘာတွေ မြင်လိုက်ရသလဲ သင်ဘာတွေတွေးမိလိုက်ပါသလဲ ။ မိုဘိုင်းဖုန်းတွေရဲ့ radiation အသံ လှိုင်းတွေက အချိန်အမှတ်တစ်ခုရောက်ပြီဆိုရင် ဥထဲက ပရိုတိန်း တွေကို ကျက်သွားစေနိုင်ပါတယ် ။ ကဲ ဒါဆိုရင် ပရို တိန်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သင့်ဦးနှောက်ကို ကပ်ပြီး ၄၅ မိနစ်ကျော်ကျော်လောက်ဖုန်းပြောရင် ဘာတွေ ဖြစ်နိုင်ပါသလဲ ။

အလွန်ကို အန္တရာယ်များပါတယ် ။ Nerve လို့ခေါ်တဲ့ အာရုံကြောတွေ ပျက်ဆီးနိုင်သလို မှတ်ဥာဏ်ပိုင်းဆိုရင်ရာ စနစ်တွေ ဟာလည်း radiation တွေကြောင့် ထိခိုက်နိုင်ပါတယ် ။ ဒါ့အပြင် ဒီမိုဘိုင်းဖုန်းတွေကထုတ်တဲ့ အသံ လှိုင်းတွေဟာ လိပ်ပြာတွေကို သေစေနိုင်ပါသတဲ့ ။ ကဲ ကျွန်တော်တို့အားလုံး ဖုန်းပြောမှု ကြာချိန် ကို လျော့ ချကြရအောင်လား ။ တတ်နိုင်သမျှ လိုအပ်သလောက်ပဲပြောဆိုကြပါစို့ ။ ဒီ မက်ဆေ့လေးကိုလည်း သင် ချစ်သော သူငယ်ချင်း နဲ့ ညီအကို မောင်နှမများကို ဝေမျှပေးလိုက်ပါ ။

သက်တန့်ချို
5/1/2012

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, December 16, 2011

မက်ဆီကိုနိုင်ငံမှ ကျောချမ်းဖွယ် အရုပ်ကျွန်း

မက်ဆီကိုနိုင်ငံမှ ကျောချမ်းဖွယ် အရုပ်ကျွန်း



တိုးရစ်တွေ ခရီးသွားလာဖို့ ရည်ရွယ်ပြီးပြုလုပ်ထားတဲ့ မက်ဆီကိုနိုင်ငံမှ အရုပ်ကျွန်းဟာ တကယ် ပဲ ကြောက် မက်ဖွယ်ရာ ကျောချမ်းဖွယ်ရာကောင်းလှပါတယ် ။ အရုပ်တွေမှန်းသိပေမယ့် တိတ်ဆိတ်ငြိမ်သက်တဲ့ ကျွန်းဖြစ် တာရယ် ရာသီဥတု ပတ်ဝန်းကျင်အခြေအနေမှာ အရုပ်တွေကို ချိတ်ဆွဲထားပုံက အလွန်ပဲ ကြက်သီး ထဖွယ် ရာဖြစ်ပါတယ် ။ ကဲ ကျွန်တော်တို့လည်း ခရီးသည်တွေနဲ့အတူ မက်ဆီကိုမှ အရုပ်ကျွန်းကို တစ်ခေါက်လောက် လည်ပတ်ကြည့်ရှုရအောင်လားဗျာ ။




















စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, November 22, 2011

မျှော့ကုထုံး (Hirudotherapy)

မျှော့ကုထုံး (Hirudotherapy)




ဥရောပ နိုင်ငံတွေမှာ မျှော့ကို ဆေးပညာဆိုင်ရာကုထုံး တစ်ရပ်အဖြစ်အသုံးပြုခြင်းဟာ လွန်စွာ ခေတ်စား လာခဲ့ပါတယ် ။ Hirudotherapy ဆိုတာ မျှော့တွေနဲ့ကုသတဲ့ ဆေးပညာ ကုထုံးတစ်ရပ်ကို ခေါ် ဆိုခြင်းဖြစ် ပါတယ် ။ ဒီကုသနည်းဟာ ဟိုးရှေးယခင်ကတည်းက အသုံးများခဲ့ပေမယ့် ယခုအချိန်မှာလည်း ဆက်လက်အ သုံးပြုနေကြဆဲဖြစ်ပါတယ် ။



ဟိုးတုန်းကဆိုရင် လူနာတစ်ယောက်ဟာ မျက်နှာ နီရဲနေပြီး သွေးရောင်လွှမ်းနေပြီဆိုရင် ဆရာဝန်က ဒီလူနာရဲ့ ကိုယ်ထဲမှာ သွေးတွေ အလွန်အမင်းရှိနေတယ်လို့ယူဆပါတယ် ။ ဒါကြောင့် ပိုနေတဲ့ သွေးတွေကို စုပ်ထုတ်ဖို့အ တွက် မျှော့တွေ ကို အသုံးပြုကြပြီး လူ့ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှု စနစ်ကို ပုံမှန်ဖြစ်အောင် ပြန်လည် ထိမ်းညှိပေးပါ တယ် ။ Roman philospher နဲ့ အထူးကုဆရာဝန်တစ်ဦးဖြစ်တဲ့ Aelus Galenus ဟာဟစ်ပို ကရေးတီးရဲ့ humors theory ကိုယုံကြည်ပါတယ် ။ အဲဒီမှာ လူရဲ့ အတွင်းဓါတ်ခံ ဟာသဥာဏ်ဟာ ခန္ဓာကိုယ် ထဲက သွေးတွေ နက်မှောင်တဲ့ သည်းခြေရည်နဲ့ အ၀ါရောင် သည်းခြေရည်တွေဖြစ်တယ်လို့ဆိုပါတယ် ။ အဲဒီဟာသဓါတ်ခံတွေ မညီမျှတဲ့အခါ လူရဲ့ ကိုယ်ရည်ကိုယ်သွေးပိုင်းဆိုင်ရာတွေ ထိခိုက်လာရပါတယ်တဲ့ ။ ဒါကြောင့် အ၀ါရောင်သည်းခြေရည်တွေများလွန်းတဲ့အခါ ညှို့မှိုင်းလွမ်းဆွေးသလိုဖြစ်နေပြီး အဲဒီအခြေအနေ မှာ သွေးတွေအလွန်မင်းများနေခြင်းဟာ မျှော်လင့်ချက်အသွင်ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာကို အများကြီးလွှမ်း မိုးမှုရှိပါ တယ်တဲ့ ။ သူတို့ပြောတာကတော့ ရိုးရာ traditional medicine နဲ့ နည်းနည်းဆင်တူနေပါတယ် ။



၂၀၀ ဘီစီ ခေတ်လောက်မှာ ဂရိ ဆရာဝန် နီကန်ဒါ ဆိုသူက Galen's သီအိုရီကို ယုံကြည်ပြီးတော့ မျှော့တွေကို ကုသတဲ့နေ ရာမှာ စတင်အသုံးပြုခဲ့တယ် ။ အရင်ဆုံးမျှော့တွေကို အသုံးမပြုခင်မှာ လူနာရဲ့အရေပြားကို ခွဲစိတ် ရာပေြးံပီး သွေးတွေထွက်စေပါတယ် ။ ပြီးတော့မှ ခွက်တစ်ခွက်ကို အဲဒီ ခွဲစိတ်ရာပေါ် တင်ပြီး လေ ဟာနယ်ဖြစ်စေခြင်းဖြင့် စုပ်ထွက်လာအောင်လုပ်ပါတယ် ။ နီကန်ဒါက တွေ့ရှိခဲ့ တာကတော့ မျှော့်တွေအသုံးပြုခြင်းဟာ ခွက်ကို လေဟာနယ်အဖြစ် စုပ်ယူစေခြင်းထက် ပိုပြီးလည်းလွယ် ကူတယ် ပိုပြီးလည်း ထိရောက်တယ်ဆိုတာပါပဲ ။



၁၂ ရာစု ရောက်လာတဲ့အခါမှာတော့ Abd-el-latif al -Baghdadi ဆိုသူက ခွဲစိတ်မှုပြီးတဲ့အခါ သန့်ရှင်းဖို့ အတွက် မျှော့ကို စတင်အသုံးပြုခဲ့ပါတယ် ။ သူဟာ ပိုလျှံနေတဲ့ သွေးတွေ ကို မျှော့တွေနဲ့စုပ် ယူစေခဲ့တယ် ။ အခုထိတိုင်အောင် သုံးနေကြဆဲပါပဲ ။ အထူးသဖြင့် သွေးတွေကို ခဲခြင်းကို ထိမ်းသိမ်းထားဖို့ microsurgery မှာ ဒီနည်းကို အသုံးပြုကြပါတယ် ။ ဒါ့အပြင် ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ကို သွေးတွေပြန်လည် တွယ်ကပ်ခြင်း ကို ဖြေရှင်ဖို့အတွက် recontructive surgery မှာလည်း မျော့တွေက အသုံးဝင်ပါသေးတယ်ယ ။ ပုံသဏ္ဍာန်ကြည့် ရတာအသည်းယားဖို့ကောင်းပေမယ့် ဆေးပညာမှာတော့ အသုံးဝင်နေဆဲဖြစ်ပါတယ် ။

သက်တန့်ချို

Source : http://www.bizarremedical.com/bizarre-medical-practices-hirudotherapy/

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, August 25, 2011

ကမ္ဘာတစ်ဝှမ်းမှ ပုံမှန်မဟုတ်သော မံမီ ရုပ်အလောင်းများ

ကမ္ဘာတစ်ဝှမ်းမှ ပုံမှန်မဟုတ်သော မံမီ ရုပ်အလောင်းများ




Paru မှာ ရှာဖွေတွေ့ရှိသော မိန်းကလေး မံမီရုပ်အလောင်း

ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ပုံသဏ္ဍာန်မမှန်တော့တဲ့ မံမီ ရုပ်အလောင်းတွေကို ဆင်ဟွာ သတင်းဌာနက ယခုလို စု စည်းဖော် ပြပေးခဲ့ပါတယ် ။ ကြောက်တတ်သူများမကြည့်ရ ။



Llullaillaco Volcano မှ ကလေးမံမီရုပ်အလောင်း



အမေဇုံ မိုးသစ်တောထဲမှ ရှာဖွေတွေ့ရှိသော မံမီရုပ်အလောင်း





ဘုရင် Ramesses ၏ ရုပ်အလောင်း




Bride mummy





လွန်ခဲ့သော နှစ်ပေါင်း ၅၃၀၀ ခန့်က အသတ်ခံရပြီး မြှုပ်နှံခံရသော ယောင်္ကျား မံမီရုပ်အလောင်း



အီဂျစ်နိုင်ငံသားမံမီရုပ်အလောင်း






နီညိုရောင်ဆံပင်နှင့် ဥရောပ မြောက်ပိုင်းမှ မံမီရုပ်အလောင်း

သက်တန့်ချို
25 August 2011

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, August 12, 2010

ကမ္ဘာ့အကြီးဆုံးပင့်ကူကြီး ရှာဖွေတွေ့ရှိခြင်း

ကမ္ဘာ့အကြီးဆုံးပင့်ကူကြီး ရှာဖွေတွေ့ရှိခြင်း


ကမ္ဘာ့အကြီးဆုံး ပင့်ကူကြီးကို ရှာဖွေတွေ့ရှိခဲ့ပါပြီ ။ ဒီကြီးမားတဲ့ ပင့်ကူမျိုးစိတ်သစ်ဟာ အလွန်ပဲ ကြီးမားပြီး ငှက် တွေ ၊ လင်းနို့တွေကိုတောင် စားသောက်နိုင်ပါတယ် ။ ပြန့်ကားရှည်လျှားတဲ့ ခြေလေးချောင်းပါရှိပါတယ် ။

တွေ့ရှိခဲ့ရတာကတော့ Madagascar နဲ့ Africa မှာ ဖြစ်ပါတယ် ။ လေးလက်မထက် ပိုရှည်လျှား ဖွံ့ဖြိုး ပြီး ဒါဟာ ကမ္ဘာ့အကြီးဆုံး ပင့်ကူကြီးဖြစ်ပါတယ် ။ ဒီပင့်ကူကြီးကို Nephila Komaci လို့ နာမည်ပေးထားပါတယ် ။ သူ့မှာ ပိုးကောင် အင်းဆက်တွေကို ဖမ်းယူစားသောက်နိုင်တဲ့အစွမ်းရှိပြီး နောက်ဆုံး ငှက်လေးတွေ ၊ ပုတ်သင် ညိုလေး တွေနဲ့ လင်းနို့တွေကိုတောင် စားသောက်နိုင်ပါတယ် ။


လူတွေကိုတော့အဆိပ်အတောက်မဖြစ်စေနိုင်ပေမယ့် ကိုက်မိရင်တော့ အရေပြားပေါ်မှာ နာကျင်မှုကို ခံစားရ ပါတယ် ။ အခြားပင့်ကူတွေလိုပဲ ပင့်ကူအမတွေက ကြီးထွားပြီး သူတို့နဲ့မိတ်လိုက်ဖက်ဖြစ်တဲ့ အထီးတွေထက် ငါးဆ လောက်ကြီးမားပါတယ် ။

နှစ်စဉ်နှစ်တိုင်းမှာ ပင့်ကူမျိုးစိတ်ပေါင်း ၄၁၀၀၀ မှာ ၄၀၀ နဲ့ ၅၀၀ လောက် အသစ်ထည့်သွင်းနေရပါတယ် ။

သက်တန့်ချို
11 August 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, June 25, 2010

သေးငယ်ပြီး ခုန်ပျံနိုင်သော ပင့်ကူ

သေးငယ်ပြီး ခုန်ပျံနိုင်သော ပင့်ကူ


ခုန်ပျံနိုင်တဲ့ ပင့်ကူတွေရဲ့ မျိုးစိတ်ကတော့ Salticidae ဖြစ်ပါတယ် ။ ကမ္ဘာပေါ်မှာ ပင့်ကူတွေဟာ မျိုးစိတ် အကျယ်ပြန့်ဆုံးနဲ့ မျိုးခွဲပေါင်း ၄၀၀၀ ကနေ ၅၀၀၀ အထိရှိပါတယ် ။ ဥပမာ (Ah , A melting pot) စသဖြင့်ပေါ့ ။ ကျွန်တော်ကတော့ ဒီလို သေးငယ်တဲ့အကောင်လေးတွေကို ချစ်မြတ်နိုးပါတယ် ။ သင်တို့ရဲ့ အိမ်မှာလည်း ပင့်ကူ ပေါင်းများစွာ ရှာဖွေတွေ့ရှိနိုင်ပါတယ် ။ သူတို့ဟာ ခြေတံမရှည်ကြပါဘူး ။ ဒါ့ကြောင့် လူတွေအတွက် အာရုံထဲမှာ ကြောက်မက်ဖွယ်မကောင်းပဲ သူတို့ရဲ့ ပြအိုးသဏ္ဍာန် ဦးခေါင်းကတော့ လွန်စွာ လှပပြီး ဒီပင့်ကူတွေရဲ့ မျက်လုံး တွေဟာ Alien တွေနဲ့ ဆင်တူလှပါတယ် ။ ပြီးတော့ ဥာဏ်ရည်လည်းကောင်းကြပြီး သူတို့ဟာ အင်းဆက် ပိုးကောင် ကလေးတွေကို စားသုံးကြပါတယ် ။ (တခါတရံ အမျှင်ထုတ်တဲ့ ပင်ကူတွေကလည်း စားကြပါတယ် ။ ) ဒီပုံတွေ အတွက်တော့ Thomas ကို ကျေးဇူးတင်ရမှာပါ ။


Salticids ဆိုတာ သေးငယ်ပြီး တချို့ဆိုရင် လက်မ၀က်လောက်သာသာရှိတဲ့ ပင့်ကူငယ်လေးတွေဖြစ်ပါတယ် ။ သူတို့ဟာ သူတို့ရဲ့ ခန္တာကိုယ်ကို တွန်းကန်ပြီး ၁၀ ကြိမ်ကနေ အကြိမ် ၄၀ လောက်တိုင်အောင် ခုန်ပျံနိုင်ပါတယ် ။ အန္တရာယ် တွေက လွတ်မြောက်ဖို့ သဘာဝပေးတဲ့ စွမ်းရည်တမျိုးပေါ့ ။ သူတို့ဟာ ဒီလို ခုန်ပျံတာကို ဖက်ရှင် ကျလှတဲ့ ဟိုက်ဒရောလစ် စနစ်ကဲ့သို့ အသုံးပြုကြပါတယ် ။ သူတို့ရဲ့ ခြေထောက်တွေကို အရည်တွေကို အရင်ဆုံး အလျှင် အမြန် ညစ်ထုတ်လိုက်ပါတယ် ။ စပရင်လိုမျိုး သူတို့ရဲ့ လျှင်မြန်လှတဲ့ အမြန်နှုန်းကို ပြုလုပ်ဖို့အတွက်ပေါ့ ။ အောက်မှာရှိတဲ့ပုံလေးတွေကို ကြည့်ကြရအောင် ။ ပုံတွေကို သေချာကြည့်မယ်ဆိုရင် သူတို့ရဲ့ မျက်လုံး အလယ် တည့်တည့်မှာ ကင်မရာရဲ့ အလင်းပြန်မှုကိုတောင် သင် မြင်နိုင်ပါတယ် ။












သက်တန့်ချို
25 June 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, June 11, 2010

ကမ္ဘာကို တုန်လှုပ်စေတဲ့ ၅၅ ပေရှည်သော မြွေကြီး

ကမ္ဘာကို တုန်လှုပ်စေတဲ့ ၅၅ ပေရှည်သော မြွေကြီး


တရုတ်ပြည် တောနက်ထဲမှာ တွေ့ရတဲ့ ၅၅ ပေရှည်တဲ့မြွေကြီးဟာ ယနေ့အချိန်မှာ ခေတ်အစားဆုံး သတင်း တပုဒ်ဖြစ်လို့လာခဲ့ပါပြီ ။ ဒီသတင်းကို မူရင်းစတင်ခဲ့တာကတော့ တရုတ်နိုင်ငံ Official Communist Party သတင်းစာဖြစ်တဲ့ People's Daily ရဲ့ သတင်း website မှာ ဖော်ပြထားခဲ့ပါတယ် ။

ဒီသတင်းကပြောဆိုထားတာကတော့ Jiangxi စီရင်စု မှ Guping မြို့တော်အပြင်ဖက်မှာရှိတဲ့ သစ်တောကို လမ်း အသစ်ဖောက်လုပ်ဖို့အတွက် အလုပ်သမားတွေ သစ်တောရှင်းလင်းစဉ်းမှာ ဒီ ဧရာမကြီးမားတဲ့ မြွေကြီး ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ဆိုပါတယ် ။ ဒီမြွေကြီးဟာ အလွန်ကြီးမားတဲ့ မြွေကြီး ၂ ကောင်အနက်က တကောင်ဖြစ်ပြီး ဖြစ်စဉ်ကတော့ အလုပ်သမားတွေက မြေကြီးတွေကို ညှိဖို့ မြေတူးစက်နဲ့ ဆောင်ရွက်နေစဉ်မှာ မြေကြီးထဲမှာ အိပ် ပျော်နေတဲ့ နှစ်ချို့ မြွေကြီးတွေဟာ ပြန်လည် နိုးထလာခဲ့ရခြင်းဖြစ်ပါတယ် ။

" တတိယ အကြိမ်တူးလိုက်တဲ့အခါ အော်ပရေတာက မြေကြီးတွေပေါ်မှာ သွေးတွေကို တွေ့လိုက်ရပါတယ် ပြီး တော့ ဆက်ပြီးတူးလိုက်တဲ့အခါ သေနေတဲ့ မြွေကြီးကိုတွေ့ရတာပါပဲ " လို့ အလုပ်သမားတွေက ပြောပါတယ် ။

" အဲဒီတချိန်တည်းမှာပဲ ရွှေရောင်အဆင်းရှိတဲ့ နောက်မြွေကြီးတကောင်က ပါးစပ်ကြီးဟပြီး ပေါ်လာခဲ့ပါတယ်.. ကားမောင်းသမားဟာ ကြောက်လန့်လွန်းတဲ့အတွက် အလွန်ကို တုန်လှုပ်ခဲ့ပါတယ် တခြား အလုပ်သမား တွေကတော့ အဲဒီအချိန်မှာ အသက်ရှင်ဖို့အတွက် ထွက်ပြေးသွားကြပါပြီ .. အချိန်အတော်ကြာလို့ အလုပ်သမား တွေ ပြန်ရောက်လာတဲ့အခါ ဒါဏ်ရာရနေတဲ့ မြွေကြီးကသေဆုံးနေပါပြီ ဒါပေမယ့် နောက်မြွေကြီး တ ကောင်ကတော့ တောထဲမှာ ပျောက်ကွယ်သွားခဲ့ပါတယ် မြေတူးစက်မောင်းတဲ့သူဟာ ကြောက် လန့်လွန်းတဲ့ အတွက် စိတ်မူမမှန်ဖြစ်ခဲ့ရပြီး အခုဆိုရင် မတ်တပ်တောင်မရပ်နိုင်တော့ပါဘူး "

နောက်ဆက်တွဲ သတင်းမှာ ဖော်ပြခဲ့တာကတော့

" မြေတူးစက်မောင်းသမားဟာ အလွန်ကို ထိတ်လန့်ခဲ့တာကြောင့် နှလုံး တိုက်ခိုက်ခံရမှု ( Heart Attack) ရရှိခဲ့ပြီး ဆေးရုံကိုပို့ခဲ့ရပါတယ် ။ ဒါပေမယ့် နောက်ပိုင်းမှာ တော့ သေဆုံးသွားခဲ့ပါတယ် " လို့ဆိုပါတယ် ။

သေနေတဲ့မြွေကြီးဟာ ၅၅ ပေ (၁၆.၇ မီတာ) ရှည်လျှားပြီး ခန့်မှန်းခြေ နှစ်ပေါင်း ၁၄၀ သက်တမ်း ရှိပါပြီ ။

ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် အစိုးရထုတ် သတင်းစာတွေကတော့ မြွေကြီးအကြောင်းကို အကျယ်တ၀င့် ရေးသား ခဲ့ကြပြီး ဓါတ်ပုံသတင်းတွေအရ အလွန်ကြီးမားတဲ့မြွေကြီးဟာ တကယ်တော့ ဒီဒေသဟာ သူ့ရဲ့ (စားကျက် )ကျက်စားရာနေရာမဟုတ် ပါဘူးလို့ဆိုထားပါတယ် ။

မူရင်းဆိုက် - http://english.peopledaily.com.cn/

သက်တန့်ချို
11 June 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, June 7, 2010

ကမ္ဘာ့အန္တရာယ်အများဆုံးငှက်

ကမ္ဘာ့အန္တရာယ်အများဆုံးငှက်


Guinness စာအုပ်တွေရဲ့ မှတ်တမ်းတွေအရ Cassowaries တွေဟာ ကမ္ဘာ့အန္တရာယ်အများဆုံး ငှက်မျိုး နွယ် တွေဖြစ်ကြပါတယ် ။ ဒီငှက်တွေဟာ လူကို သေစေနိုင်တဲ့ အလွန်ပြင်းထန်တဲ့ တိုက်ခိုက် မှုစွမ်းရည် တွေ ရှိကြ ပါတယ် ။ ဒီငှက်တွေဟာ မခန့်မှန်းနိုင်လောက်အောင် ရန်လိုတဲ့အသွင်သဏ္ဍာန်ရှိကြပြီး အထူးသဖြင့် ဒါဏ်ရာ ရတဲ့အခါ (သို့မဟုတ်) ရန်စခြင်းခံရတဲ့အခါမှာ အလွန်ကို ကြောက်မက်ဖွယ်ကောင်းလှပါတယ် ။


Australia နဲ့ New Guinea နိုင်ငံရဲ့ မိုးသစ်တောတွေထဲမှာ Cassowary ဟာ နေထိုင်ကျက်စားပြီး အမှတ်တမဲ့ သတိမ မှုပဲ ကြည့်မယ်ဆိုရင်တော့ အလွန်ကို လှပပြီး ချစ်စဖွယ်ကောင်းလှပါတယ် ။ ဒါပေမယ့် သင်ဟာ သူတို့ရဲ့ အနီးကို နီးနီးကပ်ကပ်သွားရောက်တဲ့အခါမှာတော့ သင့်ကိုရန်သူမှတ်ပြီး အရိုးကျိုးစေတဲ့တိုက်ခိုက်မှု (သို့မဟုတ်) အန္တရာယ်များတဲ့ချွန်ထက်လှတဲ့ နှုတ်သီးနဲ့ တိုက်ခိုက်ခြင်းကို ခံရမှာဖြစ်ပါတယ် ။






ဒုတိယကမ္ဘာစစ် အတောအတွင်းမှာ New Guinea နိုင်ငံမှ စစ်သားတွေဟာ ဒီငှက်တွေနဲ့ ဝေးဝေးနေဖို့ သတိပေး ထုတ်ပြန်ထားပြီး အချို့ စစ်သားတွေကတော့ ဒီငှက်တွေရဲ့ သားကောင်တွေ ဖြစ်ခဲ့ရပါတယ် ။

သက်တန့်ချို
7 June 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................