အကောင်းဆုံးလို့ကိုယ်ထင်ထားမိတဲ့အရာတွေက
အချိန်တွေကြာသွားတာနဲ့အမျှ
အဆိုးဆုံးအရာတွေဖြစ်သွားတတ်ကြတယ်
အဆိုးဆုံးလို့ကိုယ်ထင်ထားမိတဲ့အရာတွေက
အချိန်တွေကြာတာနဲ့အမျှ
အကောင်းဆုံးအရာတွေဖြစ်သွားတတ်ကြတယ်
ဒီလိုပဲ .. ဘ၀မှာ
အချစ်ဆုံးတွေက အမုန်းဆုံးဖြစ်သွားနိုင်သလို
အလေးစားဆုံးတွေကလည်း အရွံ့ရှာဆုံးတွေဖြစ်သွားနိုင်တယ်
အမြတ်နိုးဆုံးအရာကို မေ့ပျောက်သွားနိုင်သလို
မေ့နိုင်တဲ့အရာတွေကလည်း သတိပြန်ရရလာနိုင်တယ်
ဘယ်အရာကိုမှ ပုံသေ မတွက်ထားပါနဲ့
ဒီနေ့မှာ ရှင်သန်နေပေမယ့်
မနက်ဖြန်မှာ ကိုယ်ဟာ သေလူလည်းဖြစ်နိုင်ပါတယ်
ဘယ်အရာကိုမှ အလွန်မယုံကြည်ပါနဲ့
အချိန်နဲ့အမျှ အပြောင်းလဲနိုင်ဆုံးကလည်း
လူ ... တွေပါပဲ ။
#သက်တန့်ချို
23.5.2017 #ttclifequote
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
No comments:
Post a Comment