တခါတလေ
ကိုယ်သွားချင်တဲ့နေရာ မသွားရရင် ကိုယ်နဲ့မထိုက်တန်လို့မဟုတ်ဘူး
ဒီထက်ကောင်းတဲ့နေရာကို သင်သွားရမှာမို့ပါ
တခါတလေ
ကိုယ်လိုချင်တဲ့အရာ မရခဲ့ရင် ကိုယ်နဲ့မထိုက်တန်လို့မဟုတ်ဘူး
ဒီထက်ပိုကောင်းတဲ့အရာတွေနဲ့ သင်ထိုက်တန်လို့ပါ
တခါတလေ
ကိုယ်ပိုင်ချင်တဲ့အရာ မပိုင်ဆိုင်ရရင် ကိုယ်နဲ့မထိုက်တန်လို့မဟုတ်ဘူး
ဒီထက်ပိုကောင်းတဲ့အရာကို သင်ပိုင်ဆိုင်ရမှာမို့ပါ
အသည်းကွဲတာတွေ စိတ်ညစ်တာတွေ ၀မ်းနည်းစိတ်ပျက်တာတွေကြောင့်
သင်တစ်ည လုံးငိုကြွေးလို့ရတယ်
ဒါပေမယ့် မနက်မိုးလင်းပြီဆိုတာနဲ့ သင့်မျက်ရည်ကို သုတ်လိုက်ပါ
" လောကကြီးက ဘာမှ မပြောင်းလဲသွားပါဘူး "
သင်လုပ်ရမှာက ၀မ်းနည်းနာကျင်မှုတွေကို သိမ်းထားမလား ဖျက်စီးလိုက်မလား
သင်ကိုယ်တိုင်ရွေးချယ်ရမှာပါ ။
#သက်တန့်ချို
13.6.2017 #ttclifequote
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
No comments:
Post a Comment