ငွေရှိတဲ့အခါ အနားလာချင်ပြီး
ငွေမရှိတဲ့အခါ ယောင်လို့တောင် အဖက်မလုပ်ချင်ကြသူတွေရှိတယ်
အောင်မြင်တဲ့အခါ မုဒိတာမပွားနိုင်ပဲ
ကျရှုံးတဲ့အခါ ၀မ်းသာအားရ ပျော်ရွှင်နေကြသူတွေရှိတယ်
အဆင်ပြေနေတဲ့အခါ ဖော်ရွေတတ်ပြီး
အဆင်မပြေတဲ့အခါ မသိချင်ယောင်ဆောင်တဲ့သူတွေရှိတယ်
လူရှေ့ရောက်ရင် အမြဲပြုံးနေတတ်ပြီး
လူကွယ်ရာမှာ အတင်ပြောတတ်တဲ့သူတွေရှိတယ်
အခက်အခဲကြုံလာတဲ့အခါ ဘာကူညီရမလဲမေးပြီး
တကယ်အကူညီတောင်းတဲ့အခါ မသိချင်ယောင်ဆောင်တဲ့လူတွေရှိတယ်
ကိုယ့်ရှေ့ရောက်ရင် ချီးမွမ်းသလိုပြောပြီး
ကိုယ့်ကွယ်ရာမှာ ချောက်ထဲတွန်းချဖို့ဝန်မလေးတတ်သူတွေရှိတယ်
လူတိုင်းက " ကိုယ်" မဟုတ်ဘူးဆိုတာ
အမြဲသတိပြုပါ မိတ်ဆွေ
သက်တန့်ချို
30 May 2019
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
No comments:
Post a Comment