Wednesday, June 5, 2019
စည်းမစောင့်သူများ
စည်းမစောင့်သူများ
တချို့စည်းတွေက မာတယ်
တချို့စည်းတွေက ပျော့တယ်
တချို့စည်းတွေက အထိမခံတဲ့စည်းတွေရှိတယ်
ဘယ်လို လူမျိုးဖြစ်ဖြစ်
လူတစ်ယောက်နဲ့တစ်ယောက် ကြားမှာရှိတဲ့စည်းတွေကိုသိဖို့လိုတယ်
စည်းမစောင့်ပဲ စည်းကျော်မိတဲ့အခါ
လူတွေ အချင်းချင်းဝေးသွားကြတယ်
စည်းမစောင့်ပဲစည်းကျော်မိတဲ့အခါ
ချစ်သူတွေကနေ မုန်းသူတွေဖြစ်တတ်ကြတယ်
စည်းမစောင့်ပဲစည်းကျော်မိတဲ့အခါ
မိတ်ဆွေတွေကနေ သူစိမ်းတွေဖြစ်သွားတတ်ကြတယ်
တခါတလေ
အပြုအမူလေးတစ်ခု
စကားလေးတစ်ခွန်း နဲ့တင် စည်း ဖောက်သလို ဖြစ်တတ်တယ်ဆိုတာ
သတိပြုရပါမယ် ။
သက်တန့်ချို
5 June 2019
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Subscribe to:
Post Comments (Atom)

No comments:
Post a Comment