Monday, July 1, 2019
ရုပ်ရှင်တအားဆန်သော နိုင်ငံ
ကျွန်တော်တို့နိုင်ငံသည် ကိုရီးယားကားအလွန်ကြိုက်သည်
ထို့ကြောင့်ဖြစ်ရပ်များသည်လည်း ရုပ်ရှင်ဆန်လေသည် ။
ပိုင်ရှင်မဲ့ကား
ပိုင်ရှင်မဲ့မူးယစ်ဆေး
ပိုင်ရှင်မဲ့အထုပ်
ပိုင်ရှင်မဲ့ကွန်တိန်နာ
ပိုင်ရှင်မဲ့ပေါင်းများစွာ
ဟော ခုနောက်ဆုံး
ပိုင်ရှင်မဲ့ DNA ပေါ်လာချေပြီ
အဆိုပါ DNA သတင်းကို မည်သည့်သက်ဆိုင်ရာ အဖွဲ့အစည်းကမှ ကြိုမသိ သို့သော် ကျောင်းအုပ်ဆိုသူကား ကြိုသိကာ သတင်းဌာနကိုပင် DNA မတူကြောင်း ပြောသတဲ့
ထူးဆန်းပေစွ ဖြစ်စဉ်ဧရိယာ ကျဉ်းကာ ဖြစ်နိုင်ခြေ ရှိတဲ့နေရာ သံသယလူစာရင်းမှာလည်း အယောက် ၅၀ ၁၀၀ မဟုတ် တကယ့်လူနည်းနည်းလေးမှာမှ
မိန်းမသားတွေ ဖယ်ထား ( မဖြစ်နိုင်လို့ အလွန်ဆုံး ကြံရာပါနဲ့ ၀ိုင်းဝန်းဖုံးဖိတာပဲရှိမယ် ) ယောက်ျားလေးတွေစစ်တာ DNA တစ်ယောက်နဲ့မှ မတူဘူးတဲ့လား ။
အပြစ်ရှိတဲ့လူကို ၀ိုင်းဝန်းဖော်ထုတ်ပေးတာနဲ့ ကိုယ်အပြစ်မရှိကြောင်း ပဲဦးတည်ဖြေရှင်းတာနဲ့မတူဘူးဆိုတာ သိစေချင်တယ်
သံသယရှိသူအားလုံးလည်း ဘယ်သို့မှ ပြေးလို့မဖြစ်နိုင်ပါ နိုင်ငံတော်အဆင့် သိထားတဲ့ကိစ္စ အာရုံစိုက်နေတဲ့ကိစ္စမို့ ဘယ်မှထွက်ခွာ၍မဖြစ်နိုင်ဟု ယူဆပါတယ် ။
#JusticeForVictoria
#PromoteRuleOfLawInMyanmar
#StopChildSexAbuseInMyanmar
သက်တန့်ချို
1-July-2019
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:
Post a Comment