Tuesday, July 2, 2019
ခင်ဗျားလည်းပါဝင်ဖို့လိုပါတယ်
လမ်းထဲမှာ သူ့ဘာသာသူ အရက်သောက်ချင်သောက်မယ် ဆိုးချင်ဆိုးမယ်
ကလေးတစ်ယောက်တွေ့ရင် လက်အမြန်ပြေးဆေးပြီး ကောက်ချီတတ်တဲ့ လူတစ်ယောက်ရှိတယ်
အခု လမ်းပေါ်မှာ ကလေးတွေ တွေ့တိုင်း အဝေးကနေပဲ ချစ်စနိုးနဲ့ကြည့်နေတတ်တယ်
ဘယ်မိဘမှကလည်း ဘယ်သူစိမ်းကိုမှ အကပ်မခံတော့ဘူး
ကလေးအမေတွေကလည်း ဦးလေးဝမ်းကွဲ အကိုဝမ်းကွဲ တွေတောင် အကြည့်တွေတစ်မျိုးဖြစ်လာတယ်
ဦးလေးဝမ်းကွဲ အကိုဝမ်းကွဲတွေကလည်း ကလေးကို ဖြူစင်စွာ နမ်းဖို့နေနေသာ ပွေ့ချီဖို့တောင် မရဲကြတော့ဘူး
ရပ်ကွက်ထဲမှာ အစအနောက်သန်တဲ့လူငယ်လေးတွေရှိတယ် ကလေးလေးတွေတွေ့ရင်
ကလိထိုးပြီး ချစ်စနိုးနဲ့ ချော့မြူတတ်ကြတယ်
ဒါပေမယ့် အခုနောက်ပိုင်း ကလေးလေးတွေတွေ့ရင် အနားမကပ်ရဲတော့သလို
ကလေးတွေရဲ့ မိဘတွေကလည်း လူကြီးလူငယ် ယောက်ျားလေးမှန်သမျှ အကပ်မခံရဲကြတော့ဘူး
ဘာနိုင်ငံ ညာနိုင်ငံဆိုပြီး နိုင်ငံကို ကိုင်တုတ်ပြီးပြောရင်လည်း ကိုယ်ကိုယ်တိုင်က အစမခံနိုင်ဘူး
ဗစ်တိုးရီးယား ဖြစ်စဉ်ဟာ ဒီတစ်ခုတည်းဖြစ်ခဲ့တယ်လို့ထင်ရင် ခင်ဗျားတို့ အမှားကြီးမှားပါလိမ့်မယ်
မြန်မာနိုင်ငံမှာ သက်ငယ်မုဒိမ်း မှု ပေါင်းများစွာ လိင် အကြမ်းဖက်မှု နဲ့အမြတ်ထုတ်မှု များစွာ ရှိနေပါတယ်
လူသိရှင်ကြားပေါ်ခဲ့တာရှိသလို လူမသိသူမသိ ပြည်ပုံးကားချခဲ့တဲ့ဇာတ်လမ်းတွေလည်းအများကြီးပါပဲ
ခင်ဗျားရော ?
လူကြီးတွေက ကလေးတွေကို မချီရဲတော့တဲ့ခေတ်
ကလေးမိဘတွေက ယောက်ျားတိုင်းကို သံသယမျက်လုံးနဲ့ကြည့်တဲ့ခေတ်
ကိုယ့်တူ တူမတွေကိုတောင် ဖြူစင်စွာ မနမ်းရဲတော့ခေတ်
ဒီလို သံသယတွေနဲ့ ခေတ်ကြီးလုံးလုံးမရောက်သေးခင်
Justice For Victoria ဖြစ်စဉ်မှာ ခင်ဗျားလည်း ပါဝင်ဖို့လိုပါတယ် ။
ဒီလင့်ကိုသွားပြီး Sign သွားထိုးလို့ရပါတယ် - https://www.change.org/p/myanmar-police-we-need-justice-for-victoria?recruited_by_id=16074710-9c3b-11e9-9668-811c623a733f&utm_source=share_petition&utm_medium=copylink
မှတ်ချက် ။ ။ ဥာဏ်မှီသလောက်လေးပြောရဦးမယ် သံသယဖြစ်တဲ့ယောက်ျားလေးတွေအားလုံးမှန်လုံခန်းထဲထည့်ပြီး Victoria လေးကို လက်ညှိုးထိုးပြခိုင်းလိုက်ရင်ရော ?
နောက်ဆုံး Official သတင်းကတော့ " မူကြိုကလေးငယ်အမှု တရားခံဟာ ကျောင်းတာဝန်ရှိသူရဲ့ သားနှစ်ဦး
မဟုတ်ဘူးလို့ စီအိုင်ဒီ တာဝန်ရှိသူတစ်ဦးကပြောပါတယ်" လို့ဆိုပါတယ် ။
ဘာကိုမှ ထင်ကြေးမပေးလိုပါဘူး ။ CID ရော ရဲတပ်ဖွဲ့ရော ဘာအဖြေထုတ်ပေးမလဲဆိုတာပဲ ဆက်စောင့်ကြည့်နေပါမယ် ။
#JusticeForVictoria
#PromoteRuleOfLawInMyanmar
#StopChildSexAbuseInMyanmar
သက်တန့်ချို
2-July-2019
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:
Post a Comment