Friday, July 14, 2017

ဘယ်တော့မှ အရှုံးမပေးပါနဲ့


လောကဓံကို သည်းမခံနိုင်တာကြောင့်
လောကကြီးကို အရှုံးမပေးလိုက်ပါနဲ့
လောကဓံအကြောင်းကို သင်ယူပြီး
ရင်ဆိုင်နိုင်အောင်သာကြိုးစားပါ

အဆိုးတွေကြုံရတာများနေပြီမို့
ကိုယ်ကျင့်တရားကို လက်လျော့လိုက်ဖို့စဉ်းစားနေပြီလား
အကျင့်သိက္ခာရဲ့ တန်ဖိုးကိုပြန်သတိရပြီး
ဖြောင့်မတ်စွာလျောက်လှမ်းပါ

" ကိုယ့်ဘေးအိမ်က ဆူညံသံတွေကြောင့်
ဘေးအိမ်နဲ့ ရန်ဖြစ်နေစရာမလိုပါဘူး
ကိုယ့်အိမ်တံခါးကို လုံအောင်ပိတ်ထားလိုက်ယုံပါပဲ "

" ကိုယ့်ကိုမကောင်းပြောတဲ့ အတင်းစကားတွေကြောင့်
တလောကလုံးနဲ့ရန်ဖြစ်နေစရာမလိုပါဘူး
ကိုယ့်လမ်းကိုယ် ကောင်းအောင်လျောက်လှမ်းပြလိုက်ပါ "

#သက်တန့်ချို
14.7.2017 #ttcllifequote 
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, July 10, 2017

ဘယ်သူ့ကိုမှ အပြစ်မတင်ပါနဲ့


သင့်ဘ၀အခြေအနေအတွက်
ဘယ်သူ့ကိုမှ အပြစ်မတင်ပါနဲ့

သင့်အပေါ်ကောင်းတဲ့လူတွေက
သင့်ကိုပျော်ရွှင်စေလိမ့်မယ်

သင့်အပေါ်မကောင်းတဲ့လူတွေက
သင့်ကို အတွေ့အကြုံတွေ သင်ပေးလိမ့်မယ်

သင့်အပေါ်အဆိုးဆုံးလူတွေက
သင့်ကို သင်ခန်းစာတွေ ပေးလိမ့်မယ်

သင့်အပေါ်အကောင်းဆုံးလူတွေကတော့
သင့်ကို အမှတ်တရတွေ ပေးပါလိမ့်မယ်

တခါတရံမှာ အဆိုးတွေကိုမျက်နှာလွှဲနိုင်လိုက်ခြင်းက
ကိုယ့်ဘ၀ကို အကောင်းဖက်ကို ဦးတည်စေပါတယ် ။

#သက်တန့်ချို
10.7.2017 #ttclifequote
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................