Wednesday, July 31, 2019

လူတစ်ယောက်အကြောင်းသိချင်ရင်

 လူတစ်ယောက်ရဲ့ စိတ်ကိုသိချင်ရင်
သူ့စကားတွေကိုနားထောင်ပါ

လူတစ်ယောက်ရဲ့ နှလုံးသားကိုမြင်ချင်ရင်
သူ့လုပ်ရပ်တွေကိုကြည့်ပါ

လူတစ်ယောက်ရဲ့ အနာဂါတ်ကိုတွေ့ချင်ရင်
သူ့ရဲ့ပစ္စုပ္ပန်ကိုကြည့်ပါ

လူတစ်ယောက်ရဲ့ အချစ်ကိုလိုချင်ရင်
ကိုယ်ကိုယ်တိုင် အချစ်ခံထိုက်အောင်နေပါ ။

သက်တန့်ချို
31-July-2019
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, July 30, 2019

လူတွေအကြောင်း နားလည်လာတဲ့အခါ


 လူတစ်ချို့က
နာကျင်မှုတွေကို ပေါ့ပါးစေဖို့ ပြုံးပါတယ်

လူတစ်ချို့က
ဒါဏ်ရာတွေကို သက်သာစေဖို့ ပြုံးပါတယ်

လူတစ်ချို့က
မျက်ရည်တွေကို လူတွေမမြင်စေဖို့ ပြုံးပါတယ်

လူတစ်ချို့က
ကိုယ့်အတွင်းစိတ်ကို တခြားသူတွေမရိပ်မိအောင် ပြုံးပါတယ်

လူတစ်ချို့က
ကိုယ့်အားနည်းချက်ကို မပေါ်လွင်အောင် ပြုံးပါတယ်

လူတစ်ချို့က
သင်ခန်းစာတွေ အထပ်ထပ် ရလာတဲ့အခါ ပြုံးပါတယ်

စိတ်မပူပါနဲ့
လူတွေအကြောင်း နားလည်လာတဲ့အခါ
သင်လည်း ပြုံးတတ်လာမှာပါ ။

သက်တန့်ချို
30-July-2019
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, July 29, 2019

လူတွေရဲ့အမြင်နဲ့ မရှင်သန်ပါနဲ့


 လူတွေ သင့်ကို ဘယ်လိုထင်တယ်ဆိုတာအရေးမကြီးဘူး
သင့်လမ်းကိုသင်ဖြောင့်အောင်လျှောက်နိုင်ဖို့သာလိုတယ်

လူတွေသင့်ကို ဘယ်လို မြင်တယ်ဆိုတာ အရေးမကြီးဘူး
သင့်ပန်းတိုင်ကိုသင်မြင်နေဖို့သာလိုတယ်

လူတွေသင့်ကို ဘယ်လို ကောက်ချက်ချတယ်ဆိုတာ အရေးမကြီးဘူး
သင့်ကိုယ်သင် ဘယ်သူလဲဆိုတာ သိနေဖို့သာလိုတယ်

လူတွေရဲ့ မှတ်ချက်နဲ့ အမြင်တွေကြားမှား မရှင်သန်ပါနဲ့
သင်ယုံကြည်တဲ့မနက်ဖြန်ဆိုတာ သင့်ဆီရောက်လာမှာမို့

လဲကျတိုင်း ပြန်ထနိုင်ဖို့သာ လိုတယ်မဟုတ်လား ။

သက်တန့်ချို
29-July-2019
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, July 23, 2019

ဘာကိုမှ မမျှော်လင့်ပါနဲ့


 ဘာကိုမှ မမျှော်လင့်ပါနဲ့
တစ်ခါတစ်လေ စွန့်လွှတ်လိုက်တာ စိတ်အေးချမ်းပါတယ်

ဘာကိုမှ မမျှော်လင့်ပါနဲ့
တစ်ခါတစ်လေ ခေါင်းငုံ့လိုက်တာ စိတ်အေးချမ်းပါတယ်

ဘာကိုမှ မမျှော်လင့်ပါနဲ့
တစ်ခါတစ်လေ ပေးသွားလိုက်တာ စိတ်အေးချမ်းပါတယ်

ဘာကိုမှ မမျှော်လင့်ပါနဲ့
တစ်ခါတစ်လေ တိတ်တိတ်နေလိုက်တာ စိတ်အေးချမ်းပါတယ်

ဘာကိုမှ မမျှော်လင့်ပါနဲ့
တစ်ခါတစ်လေ မြိုသိပ်လိုက်တာ စိတ်အေးချမ်းပါတယ်

ဘာကိုမှ မမျှော်လင့်ပါနဲ့
မျှော်လင့်ခြင်းနဲ့အတူ
ပင်ပန်းဆင်းရဲနာကျင်ခြင်းတွေ ရှိနေတတ်ပါတယ်

သက်တန့်ချို
23-July-2019


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, July 22, 2019

ဘာအတွက်ရှင်သန်နေရတာလဲ ?



အားနည်းတဲ့လူက သူတစ်ပါးကို အရင်လက်ညှိုးထိုးတယ်
နောက်ကျောမလုံတဲ့သူက အမြဲ ကိုယ်လွတ်ရုန်းတယ်

စိတ်ဓါတ်ညံ့ဖျင်းသူက အမြဲ အပြစ်တင်တတ်တယ်
ချို့ယွင်းချက်ရှိသူက သူတစ်ပါးအားနည်းချက်ကိုအရင်ရှာတယ်

ဘာအတွက် ရှင်သန်နေရတာလဲလို့မေးရင်
" ကိုယ့်အတွက် " လို့ ဆိုတာထက်
" သူတစ်ပါး အတွက် " ရှင်သန်ရတာက ပိုမြတ်ပါတယ်

ပြည့်သော အိုး များဟာ ဘယ်သောအခါမှ ဘောင်ဘင် မခတ်တတ်ပါ ။

သက်တန့်ချို
22-July-2019

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, July 20, 2019

Don't blame others


သူတစ်ပါးကို အပြစ်တင်တတ်သူဟာ
ရှည်လျားတဲ့ ခရီးကိုလျောက်ရတယ်

မိမိကိုယ်ကို အပြစ်တင်တတ်သူဟာ
ခရီးတစ်ဝက်ကို ရောက်တယ်

ဘယ်သူ့ကိုမှ အပြစ်မတင်တတ်သူဟာ
ခရီးပန်းတိုင်ကို ရောက်တယ်

သက်တန့်ချို
20-July-2019


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, July 17, 2019

ဒီအချက်တွေက သင့်ကို စိတ်အေးချမ်းစေလိမ့်မယ်


 ဒီအချက်တွေက သင့်ကို စိတ်အေးချမ်းစေလိမ့်မယ်

- သင့်ကို ငိုအောင်လုပ်ဖူးတဲ့သူကို မေ့လိုက်ပါ
မေ့လိုက်ခြင်းဟာ သတိရနေတာထက်ပိုသက်သာစေတယ်

- သင့်ကို လိမ်နေတဲ့သူကို စွန့်လွှတ်လိုက်ပါ
စွန့်လွှတ်လိုက်တာက ပိုင်ဆိုင်ရတာထက် ပိုပေါ့ပါးတဲ့အချိန်တွေရှိပါတယ်

- သင့်ကို မုန်းနေတဲ့သူကို ဥပက္ခာပြုလိုက်ပါ
လစ်လျှူရှုနေသရွေ့ ၊ သင်လက်မခံသရွေ့ အမုန်းဆိုတာသင့်ဆီမရောက်နိုင်ဘူး

- သင့်ကို နာကျင်စေတဲ့လူကို ဖယ်ထုတ်လိုက်ပါ
စိတ်ထဲမှာရှိနေတဲ့ ဆူးတွေက ဖယ်ထုတ်လိုက်မှ သက်သာလာမှာပါ

- သင့်ကို မချစ်တဲ့လူကို နှလုံးသားရဲ့တစ်နေရာရာမှာ သိမ်းထားလိုက်ပါ
သင်သတိရတဲ့အခါ ခဏခဏ ထုတ်ကြည့်လို့ရနေမှာပါ

သက်တန့်ချို
17-July-2019
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, July 15, 2019

ဘယ်လိုချစ်ရမှာ လဲ ?

ဘယ်လိုချစ်ရမှာ လဲ ?

ကျွန်တော်တို့ဘ၀မှာ အချစ်ဆိုတာ မကြုံဖူးတဲ့လူမရှိလောက်ပဲ လူတိုင်းကြုံဖူးကြသလို လူတိုင်းလည်း အသဲကွဲဖူးကြမှာပေါ့
အချစ်ကြောင့်ပဲ အောင်မြင်ပျော်ရွှင်နေကြတဲ့လူတွေရှိသလို အချစ်ကြောင့်ပဲ ၀မ်းနည်းစုတ်ပြတ်နေတဲ့လူတွေလည်းရှိတာမို့
ဘယ်လိုချစ်ရမှာလဲ ဆိုတဲ့အချက်လေးတွေကို ဖတ်ကြည့်ပါ ။

၁ ။ လူတစ်ယောက်ကို တကယ်ရင်ခုန်ခြင်းမရှိမရှိ သေချာစစ်ဆေးပါ ။
လှတာကိုမက်မောတာအချစ်မဟုတ်သေးသလို ပြီးပြည့်စုံတာကို သာယာတာကလည်း အချစ်မဟုတ်သေးဘူး

၂ ။ အတ္တကင်းတဲ့အချစ်နဲ့ချစ်နိုင်အောင်ကြိုးစားပါ ။
ချစ်တယ်လည်းပြောသေးတယ် ဟိုဟာလိုက်လျောမှ ဒီဟာ ရမှဆိုတာကလည်း အတ္တကိုအခြေခံတဲ့ လိုအင်ဆန္ဒသက်သက်သာဖြစ်ပါလိမ့်မယ် ။

၃ ။ ရယူဖို့ထက် ပေးဆပ်ဖို့သာ ကြိုးစားပါ ။
အချစ်ဟာ အပေးအယူမျှနေမှ ပြီးပြည့်စုံတယ်ဆိုတာ ခနတာအတွက်သာမှန်ပါတယ် ။ တကယ့် အစစ်မှန်က ပေးဆပ်ခြင်းကသာ အချစ်တစ်ခု တည်ကြည်လေးနက်ခြင်းကို အဓိပ္ပါယ်ဖော်ဆောင်ပေးပါတယ် ။

၎ ။ ကိုယ့်အားနည်းချက်ကိုရှာပါ သူတစ်ပါးအားသာချက်ကိုအမြဲတွေးပါ ။
ဘယ်လောက်ချစ်တယ်ပြောပြော အားနည်းချက်တွေကြုံလာရတာများရင် လျော့ရဲသွားတတ်ကြတယ်မဟုတ်လား ။ လူတစ်ယောက်ကို တကယ်ချစ်တယ်ဆိုရင် ကိုယ့်အားနည်းချက်ကို အရင်ဆုံးဖော်ထုတ်ပြုပြင်ရပါမယ် ပြီးမှ ကိုယ်ချစ်တဲ့လူရဲ့အားသာချက်ကို အမြဲ အမှတ်ရ ကျေးဇူးတင်တတ်အောင်ကြိုးစားရပါမယ် ။

၅ ။ တတ်နိုင်သမျှ စိတ်ထဲမှာပဲထားပါ
အချစ်ဟာ ဖွင့်ပြောမှ သိတယ်ဆိုတာ ၅၀% လောက်မှန်ပေမယ့် စိတ်ထဲမှာ ပဲ မြတ်နိုးစွာ ချစ်နေတဲ့အချစ်က ၁၀၀% ပိုလေးနက်ပါတယ် ။

၆ ။ ကိုယ်ချစ်တဲ့သူကို အမြဲလေးစားနေပါစေ
သိပ်အရေးကြီးပါတယ် သနားလို့ချစ်တာ လှလို့ချစ်တာ ချမ်းသာလို့ချစ်တာ စတာတွေထက် အမြဲလေးစားနေတဲ့ Respect တစ်ခုရှိမှသာ တစ်သက်လုံးချစ်နိုင်ပါလိမ့်မယ် ။ ချစ်တယ်လည်းပြောသေးတယ် လေးစားမှုမရှိဘူးဆိုရင် ခနလေးပဲ ပြိုလဲပျက်စီးသွားမှာပါပဲ ။

၇ ။ သူ့ကိုလည်းချစ်ပါ သူ့အသိုင်းအ၀ိုင်းကိုလည်းချစ်ပါ
လူတစ်ယောက်ကိုချစ်တယ်ဆိုတာ တစ်ယောက်တည်းကို ချစ်နေလို့မရပါဘူး ။ သူ့ကိုချစ်ရင် သူ့မိဘ သူ့အမျိုးတွေကိုပါ ချစ်ရပါလိမ့်မယ် ။ သူ့တစ်ယောက်တည်းကိုပဲချစ်လို့မရဘူးလားဆိုရင်တော့ ရပါတယ် ဒါပေမယ့် အချိန်အတိုင်းအတာတစ်ခုထိပဲ သူ့ကိုချစ်လို့ရပါလိမ့်မယ် တစ်သက်လုံးဆိုတာ ဝေးပါသေးတယ် ။

၈ ။ ဘာကြောင့်ချစ်တာလဲ အမြဲရှာဖွေနေပါ
လူတစ်ယောက်ကို ချစ်တယ်ဆိုရင် ဘာကြောင့်ချစ်တာလဲအမြဲတွေးပါ ။ တွေးလို့ရသမျှ အချက်တွေအားလုံးမရှိတော့ရင်ရော ဆက်ချစ်နိုင်မှာလား အမြဲတွေးပါ ။ ဆက်မချစ်နိုင်ဘူးဆိုရင်တော့ သင် တကယ်ချစ်တာမဟုတ်သေးဘူး သူ့ဆီက အချက်အလက်တချို့ကိုသာ ချစ်နေတာဖြစ်ပါလိမ့်မယ် ။

၉ ။ အမြင်မတူတာတွေ့ရင် အလျော့ပေးနိုင်ရဲ့လား
ချစ်တယ်ဆိုတာ ရှုံးနိမ့်ခြင်းတစ်မျိုးပါပဲ ဒါကြောင့် အတွေးအခေါ်ပညာရှင်အချို့ကပြောခဲ့ကြတယ် မင်း ဘယ်တော့မှ မရှုံးနိမ့်ချင်ရင် ဘယ်တော့မှ မချစ်ပါနဲ့ တဲ့ လူတစ်ယောက်နဲ့တစ်ယောက်အမြင်မတူတာတွေတွေ့ရင် အလျော့ပေးနိုင်ရဲ့လား အလျော့ပေးနိုင်မှ ချစ်လို့ အဆင်ပြေတာပါ ။

၁၀ ။ အရာရာကို ရင်ဆိုင်ရဲရဲ့လား ?
ဓူဝံကြမယ်ကို ဆွတ်ခူးဖို့ဆိုတာ ခနနေပါဦး ကြုံလာမဲ့လောကဓံမှာ အရာရာကို ရင်ဆိုင်ရဲရဲ့လား သင်လူတစ်ယောက် ကိုချစ်ပြီဆိုရင် အနည်းဆုံးတော့ ကိုယ်ချစ်တဲ့ လူနဲ့တန်တဲ့ ငွေကြေး ၊ အလုပ် ရှိဖို့လိုပါတယ်


ထမင်းရည်ပူပဲ အတူလျက်ချင်တယ်ဆိုရင်တော့ ပုံပြင်ဝထ္ထုတွေထဲက ဇာတ်ကောင်တွေသာ ချစ်နေလိုက်ပါတော့ ။

သက်တန့်ချို
15-July-2019

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, July 13, 2019

ဘာကပိုအရေးကြီးသလဲ


မင်းအသားဖြူတာမည်းတာအရေးမကြီးဘူး
စိတ်ထားဖြူစင်ဖို့သာလိုတယ်

မင်းချမ်းသာတာဆင်းရဲတာအရေးမကြီးဘူး
စာရိတ္တကောင်းဖို့သာလိုတယ်

မင်းရာထူးမြင့်တာနိမ့်တာအရေးမကြီးဘူး
သီလလုံဖို့သာလိုတယ်

မင်းအောင်မြင်တာကျရှုံးတာအရေးမကြီးဘူး
ရိုးသားဖို့သာလိုတယ်

မင်းဘယ်လောက်ရယူနိုင်တယ်ဆိုတာထက်
မင်းဘယ်လောက်ပေးဆပ်နိုင်တယ်ဆိုတာက 
ပိုအရေးကြီးကြောင်း 

တစ်နေ့တော့သိလာပါလိမ့်မယ် 

သက်တန့်ချို
13-July-2019


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, July 12, 2019

အမှောင်ဖက်ကိုလည်း မြင်အောင်ကြည့်ပါ




အဆင်ပြေပါတယ်ဆိုတာရဲ့နောက်ကွယ်မှာ
အခက်အခဲတွေအများကြီးရှိတယ်

ပျော်ပါတယ်ဆိုတာရဲ့နောက်ကွယ်မှာ
စိတ်ညစ်ရခြင်းတွေ အများကြီးရှိတယ်

ဝမ်းသာပါတယ်ဆိုတာရဲ့နောက်ကွယ်မှာ
ဝမ်းနည်းရခြင်းတွေအများကြီးရှိတယ်

ရယ်မောခြင်းတွေရဲ့နောက်ကွယ်မှာ
ငိုကြွေးရခြင်းတွေအများကြီးရှိတယ်

ကျေနပ်ပါတယ်ဆိုတာရဲ့နောက်ကွယ်မှာ
အလိုမကျခြင်းတွေအများကြီးရှိတယ်

လောကကြီးမှာပြီးပြည့်စုံတယ်ဆိုတာမရှိဘူး

လူတွေရဲ့အလင်းဖက်ကိုပဲမကြည့်ပါနဲ့
အမှောင်ဖက်ကိုလည်းမြင်အောင်ကြည့်တတ်ရပါမယ်

သက်တန့်ချို
12-July-2019






စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, July 11, 2019

ဘယ်သူကမှ တာဝန်ရှိမနေဘူး



ဘယ်သူကမှ 
ကိုယ့်လိုအပ်ချက်ကိုဖြည့်ဆည်းပေးဖို့တာဝန်မရှိဘူး

ဘယ်သူကမှ
ကိုယ့်ဆန္ဒကိုနားလည်ပေးဖို့တာဝန်မရှိဘူး

ဘယ်သူကမှ 
အားနည်းချက်ကိုဖေးမကူညီဖို့တာဝန်မရှိဘူး

ကိုယ်သာလျှင်ကိုယ့်ရဲ့အရှင်သခင်မို့
သူတစ်ပါးအပေါ်ထားတဲ့မျှော်လင့်ချက်ကိုရိုက်ချိုးပြီး
ကိုယ့်လမ်းကိုယ်လျောက်ရပါမယ်

သက်တန့်ချို
11-July-2019

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

အမှန်တရားဟာမျက်နှာပြောင်တိုက်လွန်းတယ်



အမှန်တရားဟာမျက်နှာပြောင်တိုက်လွန်းတယ်

ဒါကခြောက်လိုက်တာမဟုတ်ဘူး
နောက်ကနေတည့်တည့်ရိုက်ချသလို
တိုင်းပြည်ဟာအမှိုက်တွေများလာတယ်

အမှန်တရားလုပ်သူဟာခေါင်းငုံ့နေရမတဲ့
အမှန်တရားနဲ့နေသူဟာကြောက်လန့်နေရမတဲ့
မြောင်းကမ်းစပ်ကမြက်ပင်ကတောင်ပိုတန်ဖိုးရှိတယ်

ရှက်တတ်သူဟာအခါခါသေပေမယ့်
မရှက်တတ်သူများဟာ
ကိုယ့်ပုံရိပ်ကိုယ်မှန်ထဲပြန်ကြည့်
အသံမွဲလင်္ကာတွေရွတ်ဆိုတုန်း
ငါတို့လုပ်သမျှမှန်တယ်..
ငါတို့လုပ်သမျှမှန်တယ်... "

ခြောက်တာပါပဲ
ကြောက်သွေးမပါသူအဖို့ 
နောင်ရေးဆိုတာအမှန်တရား
ဘယ်လောက်ပဲ... ခါးသီးစေ 

အထက်မှာဘယ်သူလဲ
အထက်ရဲ့အထက်မှာဘယ်သူလဲ
ကယ်ယူပါအော်ဟစ်ဆဲအမှန်တရားဟာ
အမှောင်ထုထဲအကြမ်းဖက်ခံ

စာတစ်ပိုဒ်တည်းပါပဲ
အမှန်တရားမြတ်နိုးသူအားလုံး
ဝိုင်းရယ်နေကြလေရဲ့

သက်တန့်ချို
11-July-2018


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, July 10, 2019

ဘာသာပြန်မမှားဖို့လိုတယ်


 ကိုယ့်ကိုပြုံးပြနေတိုင်း ချစ်ခင်တယ်လို့မထင်နဲ့
အပြုံးတစ်ခုနောက်ကွယ်မှာ လှို့ဝှက်ခြင်းတွေရှိတတ်တယ်

ကိုယ့်ကိုမြှောက်ပေးနေတိုင်း ချစ်ခင်တယ်လို့မထင်နဲ့
မြှောက်ပေးနေတာရဲ့နောက်မှာ ရိုက်ချ ခြင်းတွေရှိတတ်တယ်

ကိုယ့်ကို လေးစားပြနေတိုင်း ချစ်ခင်တယ်လို့မထင်နဲ့
လေးစားပြတာနဲ့နောက်မှာ ကဲ့ရဲ့ခြင်းတွေလည်းရှိတတ်တယ်

ကိုယ့်ကို အခွင့်အရေးပေးတိုင်း ချစ်ခင်တယ်လို့မထင်နဲ့
အခွင့်အရေးပေးတာရဲ့နောက်မှာပေးဆပ်ရခြင်းတွေရှိတတ်တယ်

ဘ၀မှာ အရေးအကြီးဆုံး
က လူတွေရဲ့အပြုအမူတွေကို ဘာသာပြန် မမှားဖို့ပါပဲ ။

သက်တန့်ချို
10-July-2019

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

BBC ကသီးသန့်ရရှိထားတဲ့ CCTV Record








 Video ကြာမြင့်ချိန် ၂၈ မိနစ်

- မုဒိမ်းမှု သံသယတရားခံအဖြစ်ရဲက တရားရုံးမှာ စွဲချက်တင်ထားတဲ့ ကိုအောင်ကြီးရဲ့လှုပ်ရှားသွားလာမှုတွေကို ပြတ်ပြတ်သားသားမြင်တွေ့ရ

- မေလ ၁၆ ရက်နေ့ ညနေ ၃ နာရီ ၁၂ မိနစ်-  အကျီင်္အဖြူ ပုဆိုးအပြာ ၀တ်ဆင်သူ ကျောင်းအဆောက်အအုံထဲဝင်သွားတာတွေ့ရ ။ ညီဖြစ်သူမှ သူ့အကိုအောင်ကြီးဖြစ်ကြောင်းအတည်ပြု ။ ကျောင်းအုပ်ချုပ်ရေးမှူးခေါ်လို့လာရောက်ကြောင်းသိရ ။

- ၃နာရီ ၁၅ မိနစ်နဲ့ ၃၀ စက္ကန့် - ကျောင်းထဲကနေ ထီးကိုင်ထားတဲ့အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသမီးငယ်တစ်ယောက်ထွက်လာတာတွေ့ရ ။

- ၃ နာရီ မိနစ် ၂၀ - ကားတစ်စီးဆိုက်လာ အမျိုးသမီးတစ်ဦးကျောင်းထဲဝင်သွား  နောက်ထပ် ၁ မိနစ်အတွင်း အဆိုပါမျိုးသမီး ကလေးနဲ့အတူပြန်ထွက်လာချိန် တံခါးဖွင့်ထားချိန် အကျီအဖြူဝတ်ဆင်ထားသူ ၀င်ပေါက်နားမှာ ထိုင်နေတာတွေ့ရ ။

- ၃ နာရီ ၃၂ မိနစ် ၄၃ စက္ကန့် - ကျောင်းတံခါးဖွင့်လျက်ပဲတွေ့ရ အကျီအဖြူနဲ့လူ ထိုင်နေတာပဲတွေ့ရ

- ၃ နာရီ ၃၅ မိနစ် - အနက်ရောင်ကားတစ်စီး ကျောင်းဝင်ပေါက်ထိုးရပ် - ကားထဲကနေ ရဲတပ်ဖွဲ့ယူနီဖောင်းဝတ်ထားတဲ့အမျိုးသားတစ်ဦးထွက်လာတာတွေ့ရ (ဖုန်းပြောနေ ) ကျောင်းအုပ်ချုပ်ရေးမှူး၏ ခင်ပွန်းဖြစ်သူဟုသိရ။ ထိုအချိန် အကျီအဖြူနဲ့ကိုအောင်ကြီး အဆောက်အအုံထဲကနေထွက်လာတယ်

- ၃ နာရီ ၃၈ မိနစ် - အဆိုပါကားအနက်ရှေ့ဘယ်ဖက်တံခါးဖွင့် တစုံတရာပြုလုပ် ပြန်လှည့်ထွက်လာတာတွေ့ရ

- ၃ နာရီ ၃၈ မိစန် ၄၉ စက္ကန့် - ကျောင်းရှေ့ကနေ အနက်ရောင်ကားမောင်းထွက်လာ CCTV ရှေ့ အခင်းဖြစ်ပွားတဲ့ ကျောင်းအဆောက်အအုံရှေ့မျက်စောင်းထိုးနေရာရောက်လာ ။ ကားဘေးကနေကိုအောင်ကြီးလမ်းလျှောက်လိုက်လာခဲ့ တယ် ။

- ၃နာရီ ၄၀ မိနစ် - ကျောင်းသား ၄ ယောက်နဲ့ ဆရာမတစ်ဦးအဆိုပါအနက်ရောင်ကားပေါ်တက်ရောက် သွား အောင်ကြီးလည်း အနက်ရောင်ကားပေါ်လိုက်သွားတာတွေ့ရ ။

ကိုအောင်ကြီးဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ဖို့ လုံလောက်တဲ့အချိန်ရခဲ့လား ? ရဲ ဖက်ကနေ ရော ခိုင်မာတဲ့သက်သေတွေရှိထားပြီလား ? လာမယ့် ၁၅ ရက်နေ့ သတင်းကို ဆက်လက်စောင့်ကြည့်ပါမယ် ။

Source : BBC Burmese

CCTV မှတ်တမ်းပေးပို့သူဟာ CID နဲ့ ရဲတပ်ဖွဲ့ကို မပေးပဲ ဘာလို့ BBC ကိုပေးအပ်ခဲ့သလဲဆိုရင်တော့ ????

 #JusticeForVictoria
#ToPromotetheRuleofLaw
#StopChildSexAbuseInMyanmar

သက်တန့်ချို
10-July-2019

Video Link - https://www.facebook.com/BBCnewsBurmese/videos/449316492526977/

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, July 9, 2019

ဘယ်တော့မှ သွေးမအေးကြပါနဲ့


 သမီးလေးမွေးထားရင် ဓါးကိုင်ပြီးစောင့်ရမယ့်ဘဝ
မရောက်ကြသေးခင်

ဘယ်တော့မှ လက်မလျော့ကြပါနဲ့
ဘယ်တော့မှ သွေးမအေးကြပါနဲ့
ဘယ်တော့မှ ဇာတ်မျောမပစ်လိုက်ကြပါနဲ့

လိင်အကြမ်းဖက်မှုခံရတဲ့ ကလေးဟာ
ကိုယ့်သား၊သမီး
ကိုယ့်တူ ၊ တူမ
ကိုယ့် ညီ၊ညီမ အချိန်မရွေးဖြစ်သွားနိုင်တာမို့ ဒီဖြစ်စဉ်တစ်ခုလုံးကို
အမှန်တရားပေါ်ပေါက်လာသည်အထိ awareness ရှိနေဖို့လိုပါတယ်

အချိန်တွေကြာလာတာနဲ့အမျှ
နေ့တွေ ကျော်လွန်လာတာနဲ့အမျှ
စိတ်ဝင်စားမှု လျော့ကျပြီး သွေးအေးသွားမှာ စိုးပါတယ်

ပြည်သူအများစု ဆန္ဒဖော်ထုတ်နေကြတယ်ဆိုတာ
Victoria ကိစ္စတစ်ခုတည်းကြောင့်မဟုတ်ပါဘူး

- ကလေးငယ်အားလုံးအတွက် ကြောက်ရွံ့မှုကင်းတဲ့ ပတ်ဝန်းကျင်ဖန်တီးချင်ကြလို့ပါ

- လိင်အကြမ်းဖက်မှု ပပျောက်ပြီး သန့်စင်သော Society ဖန်တီးချင်ကြလို့ပါ

- ရက်စက်ယုတ်မာသောလူယုတ်မာများကို ထိရောက်စွာ ဖော်ထုတ်အပြစ်ပေးနိုင်ဖို့ပါ

- ကလေးနဲ့လူကြီးတွေကြား နွေးထွေးတဲ့ယုံကြည်မှု တည်ဆောက်နိုင်ဖို့ပါ

- ကိုယ့်သားသမီး ၊ ကိုယ့်ရင်သွေး ၊ ကိုယ့်ကလေးငယ်တွေအတွက် အန္တရာယ်ကင်းပြီးနောက်ထပ် victoria များစွာ ပေါ်ထွက်မလာစေရေးအတွက်ဖြစ်ပါတယ် ။

 #JusticeForVictoria
#ToPromotetheRuleofLaw
#StopChildSexAbuseInMyanmar

သက်တန့်ချို
9-July-2019


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, July 8, 2019

ပညာတတ်တဲ့လူတွေ စုတ်ပဲ့ကောက်ကျစ်လာတဲ့အခါ


 ကိုယ်လက်ခံထားတဲ့ ဖြစ်နိုင်ချေနည်းတယ်ဆိုတဲ့ Low Possibility ဆိုတာ ရှင်းရှင်းလေးပါပဲ

" အချိန် ၂၆ မိနစ်အတွင်းမှာ ယာဉ်မောင်းဟာ သူတစ်ခါမှ မရောက်ဖူးတဲ့နေရာမှာ  မှန်အကြည်ခန်းထဲက ဆရာမ ၃ ယောက်နဲ့ အခြားကလေးတွေကို လွတ်အောင်ရှောင်ပြီး
CCTV လွတ်တဲ့နေရာမှာ Masturbation ထိုင်လုပ်ပြီးတစ်ချီပြီးသွားတော့မှ အဲ့ဒီ sperm ပေနေတဲ့လက်နဲ့ မတော်တရော်လိင်အကြမ်းဖက်မှုလုပ်သွားတယ် " ဆိုတဲ့အချက်ပဲ ။

ဒီအမှုတည်ဆောက်မှုမှာ ယုတ္တိမရှိတာတွေအများကြီးပဲ စာမျက်နှာတွေတိုင်းမှာ သုံးသပ်ချက်တွေအစုံရှိနေပြီဆိုတော့မရေးတော့ဘူး ။

ကမ္ဘာမှာရော မြန်မာမှာရော ကလေးငယ်တွေကိုလိင်အကြမ်းဖက်မှုဖြစ်တဲ့ဖြစ်စဉ်တွေကိုလေ့လာကြည့်ရင်

၁ ။ အသက်အန္တရာယ်ဖြစ်လုနီးနီး ဖြစ်သွားတဲ့ဖြစ်စဉ်များ
၂ ။ Vaginal abrasion လောက်သာမကပဲ ဆိုးဝါးတဲ့ထိုးသွင်းဒါဏ်ရာဒါဏ်ချက်များနဲ့ ဆီးအိမ် ၊ အစာဟောင်းအိမ်များထိပါ ဒါဏ်ရာရသောဖြစ်စဉ်များ
၃ ။ ကလေးကို မေ့မျောအောင် ရိုက်နှိက်ပြီးမှ သို့မဟုတ် အသက်နှုတ်ယူတဲ့အထိဖြစ်ပြီးမှ ကျူးလွန်သောဖြစ်စဉ်များ သာ များးပါတယ် ။

Masturbation လုပ်ယုံနဲ့လက်သယမ်းချင်ယုံနဲ့ တစ်ချီပြီးအောင် masturbation လုပ်ပြီးမှ Sperm ပေနေတဲ့လက်နဲ့ လိင်အကြမ်းဖက်ဖို့ဆိုတာ ဘာလို့မဖြစ်နိုင်တာလဲသိလား ?

ယောက်ျားတွေဟာ

၁ ။ Sperm ထွက်ပြီးတာနဲ့ လိင်စိတ်ဟာ ၁၀၀% ပျောက်ကွယ်သွားလို့
၂ ။ အဲဒီကိစ္စကို တစ်ချီပြီးတာနဲ့မှိန်းပြီးအရသာခံချင်တဲ့ယောက်ျား ၁၀၀ မှာ ၁ ယောက်တောင်မရှိလို့
၃ ။ ချက်ချင်းဆိုသလို Sperm ထွက်ပြီးတာနဲ့ တခြားကိစ္စတွေပဲခေါင်းထဲရောက်လာတတ်ကြလို့ ဒီလောက်ဆိုရှင်းမယ်ထင်တယ်

ဖြစ်နိုင်ချေ Possiblity Rating မြင့်တဲ့ယူဆချက်ကတော့

" အရွယ်ရောက်ပြီးသားလူတစ်ယောက် အာသာဖြေ လက်သယမ်းတာထက် အရွယ်မတိမ်းမယိမ်းလူပျိုပေါက် အရွယ်တစ်ယောက်  စိတ်ကစားပြီးကျူးလွန်ဖို့ပဲ များပါလိမ့်မယ် "

-------------------------------------------------

ပညာတတ်တဲ့လူတွေ စုတ်ပဲ့ကောက်ကျစ်လာတဲ့အခါ ပညာမဲ့တဲ့လူတွေ ရိုင်းတာထက် ပိုပြီး ကြောက်စရာကောင်းပါတယ်

 #JusticeForVictoria
#PromoteRuleOfLawInMyanmar
#StopChildSexAbuseInMyanmar

သက်တန့်ချို
8-July-2019


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, July 5, 2019

"လူ့အသိုင်းအ၀ိုင်းမှ လူယုတ်မာများ "


 "လူ့အသိုင်းအ၀ိုင်းမှ လူယုတ်မာများ "

လူယုတ်မာဟာ ခေါင်းမှာ ဂျို မပါတဲ့အတွက်
ရုတ်တရက်ကြည့်ရင် ခွဲရခက်တယ်

ကလေးဖြစ်စေ လူကြီးဖြစ်စေ
ယုတ်သော အကျင့်ရှိသူဟာ လူယုတ်မာဖြစ်တယ်

လူယုတ်မာကို ၀ိုင်းကာကွယ်သူများလည်း
လူယုတ်မာ များသာဖြစ်ကြတယ်

ကိုယ့်အပြစ်လွတ်ဖို့ တစ်ဖက်သားကို စွပ်စွဲချောက်ချတာလည်း
လူယုတ်မာတို့သာ လုပ်နိုင်တယ်

ကိုယ့်အပြစ်လွတ်ဖို့ ၀ိုင်းဝန်းဖုံးဖိနေကြသူများလည်း
လူယုတ်မာများသာဖြစ်တယ်

မှန်ရာကို မပြောဆို ၊ မထွက်ဆို သူဟာလည်း
လူယုတ်မာသာဖြစ်တယ်

ကလေးဖြစ်ဖြစ် လူကြီးဖြစ်ဖြစ် တစ်ခါ ယုတ်မာပြီးသူဟာ
နောက်ထပ် အကြိမ်ကြိမ် ယုတ်မာတတ်ပါတယ် ။

 #JusticeForVictoria
#PromoteRuleOfLawInMyanmar
#StopChildSexAbuseInMyanmar

သက်တန့်ချို
5-July-2019

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

အမှန်တရား ဘယ်မှာလဲ ?



အမှန်တရား ဘယ်မှာလဲ ?

အခု ဖမ်းထားတဲ့ ယာဉ်မောင်းဟာ တရားခံ အစစ်ဟုတ်တယ် မဟုတ်ဘူးဆိုတာ အချိန်ကသက်သေပြလိမ့်မယ်

တွေးမိရင်း စုစည်းထားတဲ့ သံသယဖြစ်ဖွယ်အချက်များကို ချရေးထားပါတယ် ။

၁ ။ မေ ၁၆ ရက်နေ့မှ အလုပ်စ၀င်တဲ့ လူတစ်ယောက်ဟာ သူမကျွမ်းကျင်တဲ့ နယ်မြေ (ကျောင်းခန်း) ထဲကိုဝင်ပြီး ကလေးငယ်တစ်ယောက်ကို လိင်အကြမ်းဖက်မှု ဖြစ်နိုင်သလား ။

၂ ။ ယာဉ်မောင်းပါဝင်တဲ့ CCTV အပိုင်းသာ အကောင်းအတိုင်းရှိပြီး သံသယဖြစ်ဖွယ်ရာ ပြတ်တောက်နေတဲ့ အပိုင်းတွေကို ဘာလို့ ခုထိ ပြန်မရသလဲ ဘာလို့ပျက်သလဲ ခုထိ ရှင်းရှင်းလင်းလင်းမသိရ ။

၃ ။ ကျောင်းကြီးကြပ်ရေးမှူးက ခိုင်းလို့ CD ခွေယူဖို့ ကျောင်းထဲဝင်တယ်သိရတယ် ပြီးတော့ ကျောင်းကြီးကြပ်ရေးမှူး ညွှန်ပြတဲ့ထိုင်ခုံမှာ ထိုင်စောင့်နေရတယ်လို့သိရတယ် ။ အခုမှ အသစ်ဝင်တဲ့ယာဉ်မောင်းကို ကလေးငယ်တွေနဲ့အနီးဆုံးနေရာကို ခိုင်းခဲ့တာ တကယ်ပဲ ရိုးသားမှုရှိရဲ့လား ။

၎ ။ မေ ၃၀ မှာ ယာဉ်မောင်းကို ဖမ်းတယ် စစ်တယ် DNA တွေ ဘာတွေလည်းစစ်မယ်လို့ယူဆတယ် သံသယဖြစ်ဖွယ်မရှိဘူးဆိုပြီး ဇွန် ၂၄ မှာ ပြန်လွှတ်တယ် ပြီးတော့ တရားခံမိပြီဆိုပြီး ဇူလိုင် ၃ ရက်နေ့မှာ ပြန်ဖမ်းတယ် ရိုးသားမှုမရှိ Professional မဆန်ဘူးလို့မြင်တယ်

၅ ။ လမ်းမှာ လိင်အဓမ္မမှုမဖြစ်နိုင် လို့ယူဆလို့ ကျောင်းမှာ အခုမှ အလုပ်စ၀င်တဲ့ယာဉ်မောင်း ( ဒါတောင် ဖယ်ရီ ယာဉ်မောင်းမဟုတ် ကျောင်းကြီးကြပ်ရေးမှူးရဲ့ယာဉ်မောင်း ) က နေရာသစ်မှာ ၀င်ရောက်ပြီး ကလေးငယ်တစ်ယောက်ကို အဓမ္မကျင့်နိုင်မလား ?

၆ ။ လူ့စိတ်က မှန်းရခက်လို့ အဓမ္မကျင့်ရဲသည်ဟု ယူဆရသည့်တိုင်အောင် ဒီယာဉ်မောင်းဟာ အဲ့လောက်သတ္တိကောင်းသလား ? ပြီးတော့ ဟန်မပျက်ပဲ ကားမောင်းနိုင်သလား သူ့အလုပ်သူ ဆက်လုပ်နိုင်သလား ?

၇ ။ ဆရာမ N ဟာ ယာဉ်မောင်းကို ဒီလို အမှုအခင်းကြီးကို သိသည့်တိုင်အောင် နောက်မလုပ်ရဘူးနော် လို့ ဆူလိုက်တာလား ကလေးငယ်ရဲ့ နှုတ်ထွက်စကား ကိုကိုဟာ ယာဉ်မောင်းလား ဖြစ်နိုင်လား ? ကလေးငယ်ရဲ့ ကနဦး နှုတ်ထွက်စကားမှာ ကိုကို ၂ ယောက်လို့ပါနေတဲ့အတွက် တရားခံက တစ်ယောက်လား နှစ်ယောက်လား ?

၈ ။ ကလေးငယ်မမေ့ခင် သံသယလူစာရင်းပါယောက်ျားအားလုံးတန်းစီပြီးလက်ညှိုးထိုးမစစ်ခိုင်းခဲ့ဘူးလား ဒါမှမဟုတ် မှန်လုံခန်းတစ်ဖက်ပိတ်ကနေ မစစ်ခိုင်းခဲ့ဘူးလား ဘာလို့လဲ ?

၉ ။ ကျောင်းဖက်ကလူတွေက အစက ဘာလို့ကျောင်းထဲမှာ ဖြစ်ခဲ့တာမဟုတ်ဘူးလို့ ရဲရဲကြီးအာမခံနိုင်တာလဲ ကာကွယ်ခဲ့တာလဲ အခု ယာဉ်မောင်းကတရားခံအစစ်သာတကယ်ဖြစ်ခဲ့မယ်ဆိုရင် CD ခွေယူခိုင်းတဲ့ကျောင်းကြီးကြပ်ရေးမှူး ကရော ဘယ်လို တာဝန်ခံမလဲ ?

၁၀ ။ ကလေးငယ်ရခဲ့တဲ့ဒါဏ်ရာက လူကြီးတစ်ယောက်နဲ့ဖြစ်တာဆိုတာ ယုတ္တိရှိရဲ့လား ။ အရွယ်ရောက်စ လူပျိုပေါက်စနဲ့ဖြစ်တာနဲ့ပိုမတူဘူးလား ? ယာဉ်မောင်းဟာ လူပျိုပေါက်စလား ၊ ဒါမှမဟုတ် လိင်တံသေးလို့လား ?

၁၁ ။ အသက် ၂ နှစ် ၁၁ လအရွယ်ကလေးငယ်တစ်ယောက်က အသက် ၃၀ အရွယ်ခန့်ယောက်ျားတစ်ယောက် ၊ မရင်းနှီးတဲ့လူစိမ်းတစ်ယောက်ကို ကိုကိုခေါ်ပါ့မလား ?

၁၂ ။ ကျောင်းပိုင်ရှင်က ကလေးရေဆေးပေးတဲ့ကိစ္စ ဆရာမ N ကိစ္စကို ဘာလို့ လိုက်ရှင်းပေးနေရလဲ ? ဆရာမ N က သူဘာမှမသိဘူးလို့ငြင်းတယ် ဒါဆိုကလေးတစ်ယောက် အချိန် အပိုင်းအခြားတစ်ခုထိ ပျောက်သွားတဲ့ကိစ္စဟာ ဆရာမ မသိဘူးဆိုတာ ယုတ္တိရှိရဲ့လား ?

၁၃ ။ အမှုဖြစ်ပြီးနောက်ရက်မိခင်ကတိုင်ချက်ဖွင့်ပြီးပြီးချင်းမှာ သံသယဖြစ်စရာ ယောက်ျားအားလုံးကို တန်းစီ စစ်ခိုင်းရင်ရပါလျက်နဲ့ ဘာလို့ DNA အဖြေကိုစောင့်နေရသလဲ DNA ဟာ တရားခံဟုတ်တယ်မဟုတ်ဘူး စတဲ့ ပြောင်းလဲလို့ရတဲ့ changable excuse အနေနဲ့သုံးချင်တာလား ?

၁၄ ။ ဆရာမ N သိတယ်လို့ ကလေးက တပ်အပ်ပြောနေတာတောင် ဆရာမကို ဘာလို့ အဖြေပေါ်အောင် မစစ်နိုင်တာလဲ ၊ မစစ်ရက်တာလား မစစ်နိုင်တာလား ?

၁၅ ။ ကိုကို ဆိုတာ ရင်းနှီးတဲ့ အသုံးအနှုန်းလို့လက်ခံလား ရိုးရိုးသားသား ကလေးငယ်တစ်ယောက်က သူ့ထက် အသက်အနည်းငယ်ကြီးတဲ့ ယောက်ျားလေးတစ်ယောက်ကိုခေါ်တာမဟုတ်ဘူးလား အဲ့ဒီတော့ ကလေးက ကိုကို လို့ခေါ်နိုင်လောက်တဲ့ ယောက်ျားက ဘယ်နှစ်ယောက်များ ရှိနေနိုင်လို့လဲ ဘာကြောင့် အမှုက ခက်ခဲနက်နဲတယ်လို့ပြောရတာလဲ ?

.....................................

ကလေးငယ်ရဲ့ ဖခင် ဆန္ဒအရ Video ဖိုင်တင်ထားမိသူများ ပြန်ဖျက်ပေးကြပါခင်ဗျာ ။ တစ်လက်စတည်း အခု ဖမ်းထားတဲ့ ယာဉ်မောင်းရဲ့ လုံခြုံရေး ကိုလည်း ဂရုစိုက်ရမယ်ထင်ပါတယ် ။ ဘာလို့လည်းဆိုတာတော့ ကိုယ့်ဘာသာသာကိုယ်ဆက်ပြီးသာ စဉ်းစားကြည့်ကြပါတော့ ။ ဒီပြည်ကြီးမယ် ရုပ်ရှင်ဆန်တာတွေ တအားဖြစ်နေတာဆိုတော့လေ ။

ပြည်သူ့အစိုးရလက်ထက် နိုင်ငံတော်သမ္မတကြီးနဲ့ နိုင်ငံတော်အကြီးအကဲများ အမှန်တရားကို ဖော်ထုတ်ပေးကြပါလို့ ထပ်မံ မေတ္တာရပ်ခံပါတယ် ။

 #JusticeForVictoria
#PromoteRuleOfLawInMyanmar
#StopChildSexAbuseInMyanmar

သက်တန့်ချို
5-July-2019


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, July 4, 2019

ပြည်သူတွေအားလုံးက ဘာလို့လက်မခံတာလဲသိလား ?

 ပြည်သူတွေအားလုံးက ဘာလို့လက်မခံတာလဲသိလား ?



၁ ။ ဒီအရွယ်နဲ့ဒီအရွယ် ကလေးက ကိုကို လို့ခေါ်တာ လုံးဝမဖြစ်နိုင်လို့ ကလေးရဲ့ပြောစကားတွေနဲ့ တရားခံနဲ့ လုံးဝ ကိုက်ညီမှုမရှိ ယုတ္တိမရှိလို့

၂ ။ ဒီအရွယ်လူကြီးတစ်ယောက်ရဲ့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှု ခံလိုက်ရတဲ့ကလေးဟာရုပ်ဆိုးအကျည်းတန်တဲ့ ဒါဏ်ရာတွေရှိနေရမယ် ဒါဟာ အဓိကအချက်ထဲမှာပါဝင်တယ်

၃ ။ ယာဉ်မောင်းက ကလေးကို အဓမ္မလိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုလုပ်ပြီးဟန်မပျက်ပြန်ထွက် ကားဆက်မောင်းတယ်ဆိုတာ ယုတ္တိလုံးလုံးမရှိလို့

၎ ။ DNA တိုက်စစ်တာ မတူဘူးဆိုပြီး အရင်ရက်တုန်းက ပြန်လွှတ်ခဲ့တဲ့ CID ရဲ့ လုပ်ဆောင်ချက်နဲ့အခု ပဲ တရားခံမိပြီဆိုပြီးရုံးတင်စစ်ဆေးမယ်ဆိုတာ  အဓိပ္ပါယ်မရှိလို့

၅ ။ CCTV တွေ ဘာလို့ အပြည့်အစုံမရတာလဲဆိုတာ သေချာမရှင်းပြ ရိုးသားမှုမရှိလို့

---------------------------------------------------------------------

တရားခံသည်ယာဉ်မောင်းဆိုတာ ဘယ်လို ပဲ Story တွေခင်းခင်းလက်ခံနိုင်ဖွယ်မရှိလို့ ဆက်ရေးမယ် ။ အခင်းဖြစ်ပွားနိုင်ချေ စဉ်းစားလို့ရတာ ဖြစ်နိုင်ချေရှိတာသည် (၃) နေရာ

၁ ။ ကျောင်း
၂ ။ လမ်း
၃ ။ အိမ်

အဲ့ဒီထဲကမှ အိမ်မှာ မဖြစ်နိုင် ( ကားပေါ်ကဆင်းတာကိုအမြဲစောင့်ကြိုလို့ ) ၊ လမ်းမှာမဖြစ်နိုင် ကားပေါ်မှာ ဆရာမအပါအ၀င် လူအများကြီး လမ်းမှာ ကားရပ်တယ် ဘာညာလည်းမကြားမိ ဆိုတော့ ၉၀ % ကျော်ဖြစ်နိုင်ချေအရှိဆုံးက ?
ကျောင်း သို့မဟုတ် ကျောင်းပတ်ဝန်းကျင်

ဒီဖြစ်စဉ်မှာ အမှန်တရားပေါ်ပေါက်ဖို့ အနီးစပ်ဆုံး အဖြေသည် - ဆရာမ N သာလျှင်ဖြစ်ပါတယ် ။

ဒီတော့ ဆရာမ N ဘေးပတ်ပတ်လည်က ဖိအားတွေက ဘာတွေဖြစ်နိုင်မလဲ ?
ဆရာမ N နောက်ကွယ်က ကြိုးကိုင်သူတွေက ဘယ်တွေဖြစ်နိုင်မလဲ ?
ဆရာမ N ရဲ့ အကြောက်တရား ( အမှန်တရားကိုဖုံးကွယ်ဖို့ဆိုတာ အကြောက်တရားက စိုးမိုးနေမှဖြစ်နိုင်တာပါ ) က ဘာဖြစ်နိုင်မလဲ ?

တရားခံဟာ ကျိန်းသေ လူစိမ်းမဟုတ်ပါ ။ ကလေးငယ်ရဲ့ပြောစကားအရ ကလေးငယ်နဲ့သိနှင့်ပြီးသားလူထဲကပဲဖြစ်ရပါမယ် ။ ကလေးငယ်ရည်ညွှန်းတဲ့ ကိုကို ဆိုတာ ဘယ်သူလဲ လူငယ်လား လူကြီးလား ?

အမှန်တရားရဲ့ နောက်ကွယ်မှာ ဘယ်သူရှိနေလဲ ?

ကိုယ်တစ်ယောက်တည်းအမြင်
၁ ။ DNA Result တွေကို မယုံပါ ။ International trusted third party တစ်ခုခုက စစ်ထားတာဆိုရင်ယုံပါမယ် ။
၂ ။ ဆရာမ N ကို မယုံပါ ။ တစ်ခုခုဖုံးကွယ်ထားတယ်ဆိုတာ ကလေးငယ်ကို ဟန့်တားခြင်း ၊ ရေဆေးပေးခြင်း ( သွေးကိုမမြင်ပဲမနေ မြင်ရင် သက်ဆိုင်ရာ မိဘကို အကြောင်းရမယ်ဆိုတာ မသိပဲမနေ ရေဆေးရင် ကလေးက နာတယ်မပြောပဲမနေ ) ဟာ သက်သေဖျောက်တာများလားလို့ယူဆပါတယ် ။
၃ ။ လက်ရှိ စစ်ဆေးမှုကိုတောင် အချိန်ဒီလောက်ကြာလာတော့သိပ်မယုံချင်တော့ပါ ။ တစ်ဖက်ကို တစ်ဖက် ထပ်ရင်းထပ်ရင်းနဲ့ အမှန်တရားဟာ လက်ဝါးတွေအောက်မှာ ပဲ ညပ်ပြီးပျောက်နေတယ်လို့ ယူဆပါတယ် ။

အကြံပေးချက်

သမ္မတကြီးနဲ့ နိုင်ငံတော်အကြီးအကဲများမှ နောက်ထပ် Victoria လေးပေါင်းများစွာ မပေါ်ပေါက်လာဖို့အတွက် ဒီအမှန်တရားကိုပေါ်အောင် လိုအပ်ရင် နိုင်ငံတကာ အကူအညီယူစေချင်ပါတယ် ။ မလိုပါဘူးမပြောနဲ့ လူသိရှင်ကြားမပေါ်ပဲ ပြည်ပုံးကားချခဲ့တဲ့ ဇတ်လမ်းတွေ တိုင်းသိပြည်သိ ။

အဂတိတိုက်ဖျက်ရေးကော်မရှင်ပါ ၀င်ရောက်စစ်ဆေးစေချင်သလို အင်တိုက်အားတိုက်နဲ့ အမှန်တရားနောက်ကွယ်က ထီမထင်နဲ့မျက်နှာထားနဲ့ မင်းတို့အားလုံး ငပေါလေးတွေပါကွာလို့ ကြည့်နေမယ့် လူကို ဖော်ထုတ်ဖမ်းဆီးပေးကြပါ လို့တောင်းဆိုပါတယ် ။

ယခု ကြေငြာချက်ထုတ်သော ယာဉ်မောင်းတရားခံကို ပြည်သူသိအောင် တရားဝင် သတင်းစာရှင်းလင်းပွဲလုပ်ပေးဖို့ တောင်းဆိုပါတယ် ။

မသန့်ရှင်းသော လူ့အမှိုက်သရိုက်တွေကို လူ့အသိုင်းအ၀ိုင်းကနေဖယ်ထုတ်ပြီး အဂတိကင်းစင်သော ၊ တရားမျှတမှုရှိသော ဥပဒေစိုးမိုးရေးကိုဖော်ဆောင်ဖို့ အချိန်တန်ပါပြီ ။

 #JusticeForVictoria
#PromoteRuleOfLawInMyanmar
#StopChildSexAbuseInMyanmar

သက်တန့်ချို
4-July-2019


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ယာဉ်မောင်းတဲ့လား ?

 ယာဉ်မောင်းတဲ့လား ?

ယာဉ်မောင်းကို ကလေးက ကိုကို လို့ခေါ်သတဲ့လား
ယာဉ်မောင်းကို ကလေးက ကိုကို ၂ ယောက်လုပ်တာ အခန်းကျယ်ထဲ ခေါ်သွားတယ်လို့ ပြောသတဲ့လား
ဆရာမက ယာဉ်မောင်းကို နောက်မလုပ်ရဘူးနော် လို့ ဆူသတဲ့လား

ခက်တော့နေပြီ
နို့ခင်ဗျားတို့ပဲ မခိုင်မာလို့ အဲ့လူကိုပြန်လွှတ်လိုက်ရတာဆို ခုတော့သက်သေက ခိုင်မာသွားပြန်ပြီတဲ့လား
ယာဉ်မောင်းက တရားခံဆို ကလေးရဲ့ဒါဏ်ရာကဖြစ်နိုင်ချေရှိလား

ဒါမှမဟုတ် ယာဉ်မောင်းက (မရိုသေစကား - ပန်းသေနေတာလား )
Plot တစ်ခုကိုဖန်တီးမယ်ဆိုရင် အဖက်ဖက်က ပြည့်စုံနေအောင် ကြိုးစားလိုက်ဦး

ဒီအဖြေကို မယုံသေးပါ
တရားဝင် သတင်းစာရှင်းလင်းပွဲမှာ ချပြမယ့် သက်သေတွေကို ကြည့်ပါမယ် ။

လုပ်ဇတ်တွေဆန်လွန်းကြပါတယ်လေ ။ Shame on you !!

 #JusticeForVictoria
#PromoteRuleOfLawInMyanmar
#StopChildSexAbuseInMyanmar

သက်တန့်ချို
4-July-2019

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, July 3, 2019

No More Victorias !!


 ဘယ်တော့မှ အရှိန်အဟုန်ကို မရပ်တန့်လိုက်ကြပါနဲ့

မရိုးသားဘူး ဒါ လူတိုင်း သိတယ်
ဘယ်လိုတွေးတွေး ပါဝင်ပတ်သတ်နေတာ တစ်ဦးစနှစ်ဦးစမဟုတ်ပဲ
တစ်နွယ်ငယ်တစ်စင်ပါ တစ်သီတစ်ထွေးကြီးမို့ထင်တယ်

အမှန်တရားပေါ်လာနိုင်ချေရှိတဲ့ အကွက်တွေကို တစ်ကွက်ပြီးတစ်ကွက်လိုက်ဖုံးရင်း
အကုန်လုံးကို ပြည်ပုံးကားချဖို့ ကြိုးစားနေကြပြီလို့ ခံစားလာရတယ် ။

ကျွန်တော်ကြားဖူးတာတစ်ခုရှိတယ်

အကြောင်းအရာတစ်ခုကို စဖုံးပြီးလိမ်လိုက်တဲ့ ရာခိုင်နှုန်းက ၁% ဆိုကြပါစို့
အဲ့ဒီလူဟာ သူ ဖုံးလိုက်တဲ့အရာကို ထပ်မပေါ်အောင် နောက်ထပ် ၉၉% ဆက်လိမ်ပြီး ဆက်ဖုံးရပါတော့သတဲ့

ဒီ Victoria ကလေးငယ်အမှုမှာ
လိမ်တယ် လိမ်ကြတယ် ဖုံးကြတယ်
ကိုယ်လုပ်ခဲ့တဲ့ ပြစ်ဒါဏ်ကို ခံနိုင်ဖို့ ဝေးစွ ကိုယ်လွတ်ရုံးဖို့အတွက် ရှိသမျှ အောက်ခြေသိမ်းအပေါက်မှန်သမျှ
လိုက်ဖုံးနေတယ်လို့ပဲမြင်တယ်

တစ်ခုလေးပဲ မှာပါရစေ ဒီနေ့ ဇူလိုင် (၃)ရက်နေ့ရှိပါပြီ
ပြစ်မှုတွေရဲ့ထုံးစံအတိုင်း ကြုံခဲ့ရတဲ့ ဖြတ်သန်းခဲ့ရတဲ့ facebook လှိုင်းတွေရဲ့ထုံးစံအတိုင်း
အချိန်အတိုင်းအတာတစ်ခုထိ ကြာသွားတဲ့အခါ
အရှိန်တန့်ပြီး .. မျောပြီး မေ့မေ့ပျောက်ပျောက်ဖြစ်သွားကြမှာစိုးတယ်

အယောက် ၁၀၀၀၀ အစက ၀န်းရံတယ် နောက်တော့ ၉၀၀၀ နောက်တော့ ၈၀၀၀ စသဖြင့် လူတွေရဲ့ စိတ်ဝင်စားမှု နဲ့ဝန်းရံမှု
လျော့နည်းသွားတဲ့အခါ တရားခံဟာ (နဂိုကတည်းက အလွန့်အလွန် ခက်ခဲနက်နက်တဲ့အမှုမို့ ဖော်ထုတ်ရခက်နေရတဲ့ကြားထဲ )
လူအားလုံးမေ့သွားတဲ့အချိန်
ခင်းဗျားတို့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဟာသလုပ်ပြီး ရယ်မောနေမှာ စိုးပါတယ် ။

အမှန်တရားပေါ်ထွက်ဖို့ တိုက်ခိုက်နေကြတဲ့ တိုက်ပွဲရဲ့ အရှိန်အဟုန်ကို
ဘယ်တော့မှ မရပ်တန့်ကြပါနဲ့လို့ တိုက်တွန်းပါတယ် ။

ဘယ်တော့မှ အရှိန်အဟုန်ကို မရပ်တန့်လိုက်ကြပါနဲ့

မရိုးသားဘူး ဒါ လူတိုင်း သိတယ်
ဘယ်လိုတွေးတွေး ပါဝင်ပတ်သတ်နေတာ တစ်ဦးစနှစ်ဦးစမဟုတ်ပဲ
တစ်နွယ်ငယ်တစ်စင်ပါ တစ်သီတစ်ထွေးကြီးမို့ထင်တယ်

အမှန်တရားပေါ်လာနိုင်ချေရှိတဲ့ အကွက်တွေကို တစ်ကွက်ပြီးတစ်ကွက်လိုက်ဖုံးရင်း
အကုန်လုံးကို ပြည်ပုံးကားချဖို့ ကြိုးစားနေကြပြီလို့ ခံစားလာရတယ် ။

ကျွန်တော်ကြားဖူးတာတစ်ခုရှိတယ်

အကြောင်းအရာတစ်ခုကို စဖုံးပြီးလိမ်လိုက်တဲ့ ရာခိုင်နှုန်းက ၁% ဆိုကြပါစို့
အဲ့ဒီလူဟာ သူ ဖုံးလိုက်တဲ့အရာကို ထပ်မပေါ်အောင် နောက်ထပ် ၉၉% ဆက်လိမ်ပြီး ဆက်ဖုံးရပါတော့သတဲ့

ဒီ Victoria ကလေးငယ်အမှုမှာ
လိမ်တယ် လိမ်ကြတယ် ဖုံးကြတယ်
ကိုယ်လုပ်ခဲ့တဲ့ ပြစ်ဒါဏ်ကို ခံနိုင်ဖို့ ဝေးစွ ကိုယ်လွတ်ရုံးဖို့အတွက် ရှိသမျှ အောက်ခြေသိမ်းအပေါက်မှန်သမျှ
လိုက်ဖုံးနေတယ်လို့ပဲမြင်တယ်

တစ်ခုလေးပဲ မှာပါရစေ ဒီနေ့ ဇူလိုင် (၃)ရက်နေ့ရှိပါပြီ
ပြစ်မှုတွေရဲ့ထုံးစံအတိုင်း ကြုံခဲ့ရတဲ့ ဖြတ်သန်းခဲ့ရတဲ့ facebook လှိုင်းတွေရဲ့ထုံးစံအတိုင်း
အချိန်အတိုင်းအတာတစ်ခုထိ ကြာသွားတဲ့အခါ
အရှိန်တန့်ပြီး .. မျောပြီး မေ့မေ့ပျောက်ပျောက်ဖြစ်သွားကြမှာစိုးတယ်

အယောက် ၁၀၀၀၀ အစက ၀န်းရံတယ် နောက်တော့ ၉၀၀၀ နောက်တော့ ၈၀၀၀ စသဖြင့် လူတွေရဲ့ စိတ်ဝင်စားမှု နဲ့ဝန်းရံမှု
လျော့နည်းသွားတဲ့အခါ တရားခံဟာ (နဂိုကတည်းက အလွန့်အလွန် ခက်ခဲနက်နက်တဲ့အမှုမို့ ဖော်ထုတ်ရခက်နေရတဲ့ကြားထဲ )
လူအားလုံးမေ့သွားတဲ့အချိန်
ခင်းဗျားတို့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဟာသလုပ်ပြီး ရယ်မောနေမှာ စိုးပါတယ် ။

အမှန်တရားပေါ်ထွက်ဖို့ တိုက်ခိုက်နေကြတဲ့ တိုက်ပွဲရဲ့ အရှိန်အဟုန်ကို
ဘယ်တော့မှ မရပ်တန့်ကြပါနဲ့လို့ တိုက်တွန်းပါတယ် ။

 #JusticeForVictoria
#PromoteRuleOfLawInMyanmar
#StopChildSexAbuseInMyanmar

သက်တန့်ချို
3-July-2019

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, July 2, 2019

ခင်ဗျားလည်းပါဝင်ဖို့လိုပါတယ်


 လမ်းထဲမှာ သူ့ဘာသာသူ အရက်သောက်ချင်သောက်မယ် ဆိုးချင်ဆိုးမယ်
ကလေးတစ်ယောက်တွေ့ရင် လက်အမြန်ပြေးဆေးပြီး ကောက်ချီတတ်တဲ့ လူတစ်ယောက်ရှိတယ်

အခု လမ်းပေါ်မှာ ကလေးတွေ တွေ့တိုင်း အဝေးကနေပဲ ချစ်စနိုးနဲ့ကြည့်နေတတ်တယ်
ဘယ်မိဘမှကလည်း ဘယ်သူစိမ်းကိုမှ အကပ်မခံတော့ဘူး

ကလေးအမေတွေကလည်း ဦးလေးဝမ်းကွဲ အကိုဝမ်းကွဲ တွေတောင် အကြည့်တွေတစ်မျိုးဖြစ်လာတယ်
ဦးလေးဝမ်းကွဲ အကိုဝမ်းကွဲတွေကလည်း ကလေးကို ဖြူစင်စွာ နမ်းဖို့နေနေသာ ပွေ့ချီဖို့တောင် မရဲကြတော့ဘူး

ရပ်ကွက်ထဲမှာ အစအနောက်သန်တဲ့လူငယ်လေးတွေရှိတယ် ကလေးလေးတွေတွေ့ရင်
ကလိထိုးပြီး ချစ်စနိုးနဲ့ ချော့မြူတတ်ကြတယ်

ဒါပေမယ့် အခုနောက်ပိုင်း ကလေးလေးတွေတွေ့ရင် အနားမကပ်ရဲတော့သလို
ကလေးတွေရဲ့ မိဘတွေကလည်း လူကြီးလူငယ် ယောက်ျားလေးမှန်သမျှ အကပ်မခံရဲကြတော့ဘူး

ဘာနိုင်ငံ ညာနိုင်ငံဆိုပြီး နိုင်ငံကို ကိုင်တုတ်ပြီးပြောရင်လည်း ကိုယ်ကိုယ်တိုင်က အစမခံနိုင်ဘူး
ဗစ်တိုးရီးယား ဖြစ်စဉ်ဟာ ဒီတစ်ခုတည်းဖြစ်ခဲ့တယ်လို့ထင်ရင် ခင်ဗျားတို့ အမှားကြီးမှားပါလိမ့်မယ်

မြန်မာနိုင်ငံမှာ သက်ငယ်မုဒိမ်း မှု ပေါင်းများစွာ လိင် အကြမ်းဖက်မှု နဲ့အမြတ်ထုတ်မှု များစွာ ရှိနေပါတယ်
လူသိရှင်ကြားပေါ်ခဲ့တာရှိသလို လူမသိသူမသိ ပြည်ပုံးကားချခဲ့တဲ့ဇာတ်လမ်းတွေလည်းအများကြီးပါပဲ

ခင်ဗျားရော ?

လူကြီးတွေက ကလေးတွေကို မချီရဲတော့တဲ့ခေတ်
ကလေးမိဘတွေက ယောက်ျားတိုင်းကို သံသယမျက်လုံးနဲ့ကြည့်တဲ့ခေတ်
ကိုယ့်တူ တူမတွေကိုတောင် ဖြူစင်စွာ မနမ်းရဲတော့ခေတ်
ဒီလို သံသယတွေနဲ့ ခေတ်ကြီးလုံးလုံးမရောက်သေးခင်

Justice For Victoria ဖြစ်စဉ်မှာ ခင်ဗျားလည်း ပါဝင်ဖို့လိုပါတယ် ။

ဒီလင့်ကိုသွားပြီး Sign သွားထိုးလို့ရပါတယ်  - https://www.change.org/p/myanmar-police-we-need-justice-for-victoria?recruited_by_id=16074710-9c3b-11e9-9668-811c623a733f&utm_source=share_petition&utm_medium=copylink

မှတ်ချက် ။    ။ ဥာဏ်မှီသလောက်လေးပြောရဦးမယ် သံသယဖြစ်တဲ့ယောက်ျားလေးတွေအားလုံးမှန်လုံခန်းထဲထည့်ပြီး Victoria လေးကို လက်ညှိုးထိုးပြခိုင်းလိုက်ရင်ရော ?

နောက်ဆုံး Official သတင်းကတော့ " မူကြိုကလေးငယ်အမှု တရားခံဟာ ကျောင်းတာဝန်ရှိသူရဲ့ သားနှစ်ဦး
မဟုတ်ဘူးလို့ စီအိုင်ဒီ တာဝန်ရှိသူတစ်ဦးကပြောပါတယ်" လို့ဆိုပါတယ် ။

ဘာကိုမှ ထင်ကြေးမပေးလိုပါဘူး ။ CID ရော ရဲတပ်ဖွဲ့ရော ဘာအဖြေထုတ်ပေးမလဲဆိုတာပဲ ဆက်စောင့်ကြည့်နေပါမယ် ။

 #JusticeForVictoria
#PromoteRuleOfLawInMyanmar
#StopChildSexAbuseInMyanmar

သက်တန့်ချို
2-July-2019

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, July 1, 2019

ရုပ်ရှင်တအားဆန်သော နိုင်ငံ


ကျွန်တော်တို့နိုင်ငံသည် ကိုရီးယားကားအလွန်ကြိုက်သည်
ထို့ကြောင့်ဖြစ်ရပ်များသည်လည်း ရုပ်ရှင်ဆန်လေသည် ။

ပိုင်ရှင်မဲ့ကား
ပိုင်ရှင်မဲ့မူးယစ်ဆေး
ပိုင်ရှင်မဲ့အထုပ်
ပိုင်ရှင်မဲ့ကွန်တိန်နာ
ပိုင်ရှင်မဲ့ပေါင်းများစွာ
ဟော ခုနောက်ဆုံး

ပိုင်ရှင်မဲ့ DNA ပေါ်လာချေပြီ

အဆိုပါ DNA သတင်းကို မည်သည့်သက်ဆိုင်ရာ အဖွဲ့အစည်းကမှ ကြိုမသိ သို့သော် ကျောင်းအုပ်ဆိုသူကား ကြိုသိကာ သတင်းဌာနကိုပင် DNA မတူကြောင်း ပြောသတဲ့

ထူးဆန်းပေစွ ဖြစ်စဉ်ဧရိယာ ကျဉ်းကာ ဖြစ်နိုင်ခြေ ရှိတဲ့နေရာ သံသယလူစာရင်းမှာလည်း အယောက် ၅၀ ၁၀၀ မဟုတ် တကယ့်လူနည်းနည်းလေးမှာမှ
မိန်းမသားတွေ ဖယ်ထား ( မဖြစ်နိုင်လို့ အလွန်ဆုံး ကြံရာပါနဲ့ ၀ိုင်းဝန်းဖုံးဖိတာပဲရှိမယ် ) ယောက်ျားလေးတွေစစ်တာ DNA တစ်ယောက်နဲ့မှ မတူဘူးတဲ့လား ။

အပြစ်ရှိတဲ့လူကို ၀ိုင်းဝန်းဖော်ထုတ်ပေးတာနဲ့ ကိုယ်အပြစ်မရှိကြောင်း ပဲဦးတည်ဖြေရှင်းတာနဲ့မတူဘူးဆိုတာ သိစေချင်တယ်

သံသယရှိသူအားလုံးလည်း ဘယ်သို့မှ ပြေးလို့မဖြစ်နိုင်ပါ နိုင်ငံတော်အဆင့် သိထားတဲ့ကိစ္စ အာရုံစိုက်နေတဲ့ကိစ္စမို့ ဘယ်မှထွက်ခွာ၍မဖြစ်နိုင်ဟု ယူဆပါတယ် ။

 #JusticeForVictoria
#PromoteRuleOfLawInMyanmar
#StopChildSexAbuseInMyanmar

သက်တန့်ချို
1-July-2019


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိ


Update ကိုပြောရရင် 7 Day ကို မူကြိုကျောင်း ကျောင်းအုပ် ရဲ့အပြောအရ

- ကြီးကြပ်ရေးမှူးဆရာမရဲ့သားနှစ်ယောက် ကို DNA စစ်ပြီးပြီ အကြမ်းဖျင်းအားဖြင့်အဖြေမတူဘူး အစစ်ခံတယ် DNA မတူဘူး (တစ်ယောက်က ဆယ်တန်း တစ်ယောက်က ၈ တန်း )
- သံသယ ကလေး (၂) ယောက် နဲ့ ကျောင်းဖက်က ၀န်ထမ်း ၃၀ လောက်ကိုလည်း စစ်ပြီးပြီ ရဲတပ်ဖွဲ့ဖက်က ဘယ်အရာကိုမှ အတည်ပြုချက်မပေးသေးပါ

-------------------------------

တချို့ အမှုတွေနဲ့ ရဲဘက်ပိုင်းဆိုင်ရာ စုံစမ်းမှုတွေမှာ confidential ဖြစ်ရတယ်ဆိုတာ နားလည်ပါတယ် ဒါမှ စုံစမ်းလို့ အမှုတည်ဆောက်ဖို့လွယ်မှာကိုး
ဒါပေမယ့် တစ်ခုသိချင်တာက ( ဘယ် လို ဆိုးကျိုးမှမရှိနိုင်ဘူးလို့ယူဆတာကြောင့် )

- DNA Result တွေကို Public ကို official press news ကနေတဆင့် ချပြပေးလို့မရဘူးလား
- ဆရာမ နှင်းနုရဲ့ ထွက်ဆိုချက်အသေးစိတ်ကို ချပြပေးလို့မရဘူးလား
- နောက်ထပ် ဘာဆက်လုပ်မယ်ဆိုတဲ့ Plan ကို သိလို့ရမလား ( အကယ်၍ ပေးသိရင် တရားခံလွတ်သွားမှာ စိုးလို့ဆိုရင် အိုကေထားလိုက် ဒီတစ်ချက် )
- သံသယယာဉ်မောင်းကိုလည်းမခိုင်လုံလို့ ပြန်လွှတ် ၊ DNA လည်းအားလုံးစစ်ပြီး အဖြေမထွက်ဘူးဆိုရင် ဘာဆက်လုပ်ဖို့ အစီအစဉ်ရှိလဲ ?
- နိုင်ငံတကာ Investigator တွေအကူအညီယူမှာလား ( ဥပမာ Google street view - ကိုယ်ဥာဏ်မှီသလောက်စဉ်းစားတာ )
- CID ကရောဘာထူးသေးသလဲ ?

 ဒီနေ့ဟာ ဂျူလိုင်လ ၁ ရက်နေ့ရောက်ပါပြီ အခင်းဖြစ်ပြီးတရားခံမပေါ်သေးတာမေ ၁၇ ကနေ ဇူလိုင် ၁ ရက်နေ့ထိ ကြာမြင့်ခဲ့ပြီ

ဒီအတိုင်းပဲ ပြီးသွားမှာလား ???

 #JusticeForVictoria
#PromoteRuleOfLawInMyanmar

သက်တန့်ချို
1-July-2019
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................





၁ ။ CCTV (အလွဲ ၁ )

တစ်ညလုံး ထပ်ခါထပ်ခါ ကြည့်ခဲ့လို့ အလွတ်နီးပါးရနေတဲ့ ဖခင်ဖြစ်သူရဲ့ပြောစကားထဲမှာ " ဖိုင်ပျက်တာက
၉း၃၃ -၁၁း၀၀ ( ကြာချိန် ၁ နာရီ၂၇ မိနစ် ) ပထမပျက်တဲ့ဖိုင်
၁၂း၄၉-၁း၀၀ ( ကြာချိန် ၁၁ မိနစ် ) ဒုတိယပျက်တဲ့ဖိုင်
၁း၀၁ - ၂း၀၄ (ကြာချိန် ၁ နာရီ ၀၃ မိနစ် ) တတိယပျက်တဲ့ဖိုင်
၎း၀၂ - ၄း၀၈ ( ကြာချိန် ၆ မိနစ် ) စတုတ္ထပျက်တဲ့ဖိုင်

ကျောင်းအုပ် ပြောစကား " အချိန်များများစားစားဟတာမရှိပါဘူး ၄ မိနစ်ရယ် ၊ ၈ မိနစ်ရယ် ၁၁ မိနစ်ရယ်ဒါပဲ အဲ့ သုံးပိုင်းတော့ရှိတယ် ကျန်တဲ့ နာရီပိုင်းတွေက ဟ တာမရှိပါဘူး "

၂ ။ ဥပဒေကို ကျော်လွန်လုပ်ဆောင်ခြင်းလား (အလွဲ ၂ )

ဆရာကြီးဝင်းမြတ်အေးရဲ့ post မှာ " ၀န်ကြီးဌာန အနေဖြင့် မူလတန်းကြိုကျောင်းများတွင် အသက် ၃ နှစ်မှ ၅ နှစ် အထိကိုသာ လက်ခံဆောင်ရွက်ရန်နှင့် ကျောင်းဖွင့်ခွင့်ပြုမိန့်မရရှိမီကာလအတွင်း ဖွင့်လှစ်ခြင်းမပြုရန် ထုတ်ပြန်ထားပြီးဖြစ်သည် " လို့ဆိုပါတယ် ။

ဒါဆို အမှုဖြစ်တဲ့ ကလေးငယ်ရဲ့အသက်က ၂ နှစ် ၁၁ လမှာ ဖြစ်တဲ့အတွက် မူကြိုကျောင်းဟာ တရားမ၀င်အသက်မပြည့်သေးသူကို လက်ခံထားခြင်းလား ?

၃ ။ CCTV ကိုယုံလို့သွားထားတာ အမှုဖြစ်တော့မှ CCTV မရှိတဲ့အခန်းဖြစ်နေသတဲ့လား ဘာလို့ မိဘတွေကို ကြိုအကြောင်းမကြားခဲ့ပါသလဲ ?

ပေါ့လျော့မှုလား အလေးမထားမှုလား မသိပါ သားသမီးတိုင်းဟာ မိဘတိုင်းအတွက် ရင်နှစ်သည်းခြာရတနာတွေပါ ကိုယ့်သားသမီးမှ ကိုယ့်အတွက် တန်ဖိုးရှိတာမဟုတ် သူများသားသမီးလည်း သူတို့မိဘတွေအတွက် ရတနာတွေပါပဲ ။ ဖခင်ဖြစ်သူရဲ့ပြောကြားချက်အရ

"ကျောင်းခန်းထဲ မှာ CCTV မရှိပါဘူး။ ကျနော်တို့ အပ်တုန်းက CCTV ရှိတယ်။ CCTV မရှိတဲ့ အခန်းကို လွန်ခဲ့တဲ့ ၂ လလောက်က ပြောင်းထားတယ်လို့ ပြောတယ်။ ဒါပေမယ့် ကျနော်တို့ကို အကြောင်းကြားခြင်းလည်း မရှိပါဘူး " တဲ့ ။ ဒီအပိုင်းကို ကျောင်းက ဘယ်လို ရှင်းမလဲဆိုတာလည်းသိချင်ပါတယ် ။

၎ ။ ၃း၁၂ မိနစ်မှာ အမျိုးသားတစ်ဦး ကလေးငယ်ရဲ့ကျောင်းဆောင်ဖက်ကို ၀င်သွားတယ် ၃း၃၈ မှာ ပြန်ထွက်လာတယ် ။ ကြာချိန် ၂၆ မိနစ် ။ ဒါတောင်ရဲကတွေ့တာမဟုတ် ဖခင်က အကြိမ်ကြိမ်ကြည့်ပြီးတွေ့လို့ရဲကိုအကြောင်းကြားခဲ့တာ ။ အဲ့ဒါရော ဘာထူးသေးလဲ ?

၅ ။ အဓိက အချက် - ကျွန်တော်တို့ခင်ဗျားတို့ အားလုံးသိတယ် ကလေးတွေဟာ လူကြီးတွေလို မလိမ်တတ်ဘူး မကောက်ကျစ်ဘူး ဒါကြောင့် ကလေးငယ်တစ်ယောက်ပြောတဲ့စကားဟာ ၁၀၀% မဟုတ်ရင်တောင် ၉၀% ကျော်မှန်နေပြီးသား ဆိုတာ လူတိုင်း အသိစိတ်နဲ့လက်ခံတယ် ။ ဒါက ၂ နှစ် ၃ နှစ်အရွယ်ကလေးကိုပြောတာ ဒီထက် အသက်ကြီးသွားတဲ့ အရွယ်ကို ဆိုလိုတာမဟုတ် ။

ကလေးအဖေပြောကြားချက် " မီးမီး ဖင်ဖုကို ဘယ် သူလုပ်တာလဲ ဆိုတော့ ကိုကိုလုပ်တာ။ မီးမီးတို့ ဆရာမတွေက မဆူဘူးလား။ တခြားဘယ်သူမှ မရှိဘူးလားမေးတော့လေ တီချယ် နှင်း နုရှိတယ်။ တီရှယ် နှင်းနှတောင် ကိုကို့ကို ဆူသေးတယ်။ အဲလိုပြောတယ် " ဆိုတော့ အဓိက ဇတ်လိုက်သည် ဘယ်သူလဲ ? တရားခံသည် ဘယ်သူဖြစ်မယ်လို့ ခန့်မှန်းမိသလဲ ?

သို့သော် ဥပဒေသည် ထင်မြင်ယူဆချက်နဲ့ အပြစ်ပေးလို့ရတာမျိုးမဟုတ် သက်သေနဲ့တကွ ခိုင်လုံအောင်တည်ဆောက်ရတာမျိုး ဆိုတော့ တရားခံကို သိနှင့်နေသည့်တိုင်အောင် အပြစ်ပေးလို့မရသေးလို့ အမှုခိုင်မာအောင်တည်ဆောက်နေတာမျိုးဆိုလက်ခံပေးလို့ရတယ် သို့သော် အမှု ကွင်းလုံးကျွတ်အောင် သို့လောသို့လောနဲ့ လက်သည်တရားခံ မမိပဲ တရားခံအစစ်သည် နိုင်ငံခြားတွေ ဘာတွေထွက် အပန်းတွေဖြေ ဆိုရင်တော့ လည်းမဟုတ်သေးဘူးကိုယ့်လူတို့ ။

၆ ။ မနေ့က ဦးဇော်ဌေး ရဲ့ ပြန်ကြားချက်စာဖတ်လိုက်ရပါတယ် သဘောမတွေ့တာလေးတစ်ခုပြောမယ် " ဖစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းကြောင်းကြောင့် ကြန့်ကြာနေရခြင်း ဖြစ်ပြီး အမှုမှန် ပေါ်ပေါက်ဖို့ အချိန် အနည်းငယ် ပေးနေရတာ ဖြစ်ကြောင်း " လို့ပါရှိတယ် ။ ဖြစ်လေ့ဖြစ်ထ ဆိုတာ ဘယ်လိုကိစ္စမျိုးကိုရည်ညွှန်းပါသလဲ ခင်ဗျာ ။ ဥပမာ ငွေရှင်ကြေးရှင်တွေက ပြစ်မှုတစ်ခုခုကို ကျူးလွန်ပြီးမှ ထုံးစံအတိုင်း ငွေကြေးအင်အားနဲ့လိုက်လံဖုံးဖိလေ့ရှိတဲ့သဘောကို ဆိုလိုတာများလား ။ ပြည့်သူ့အစိုးရလို့ ယုံကြည်လို့တင်မြှောက်ခဲ့တဲ့ အစိုးရလက်ထက်မှာ ဖြစ်လေ့ဖြစ်ထ ဆိုတဲ့အရာဟာ ဟိုးယခင်က ရှိခဲ့တယ်ဆိုရင်တောင် ယခုမရှိသင့်တောသလို ပြတ်ပြတ်သားသားကိုင်တွယ် ချေမှုန်းမှသာ ဥပဒေစိုးမိုးရေးဆိုတဲ့စကားရပ် ပီပြင်လာမှာ မဟုတ်ပါလား ခင်ဗျာ ။

၇ ။ ဖခင်ရဲ့ ဆန္ဒ - " တရားခံ အစစ်ရှာလို့ ရရင် ကျေနပ်ပြီ။ ရှာလို့ တွေ့မယ်လို့လည်း ယုံကြည် ပါတယ်။ ဘာလို့လဲဆိုတော့ နောက်ဆုံး အခင်းမဖြစ်မီသည်အထိ သမီးလေးနဲ့ ထိတွေ့သွားတဲ့ သူက ၁၀ ယောက်ပဲ ရှိပါတယ်။ နေရာ အားဖြင့် ၃ နေရာပဲ ရှိပါတယ်။ အဲဒီလောက်ပဲ ပြောချင်ပါတယ် " တဲ့


ဘာတွေ ရှုပ်နေတာလဲဟင်  ဘယ်သူတွေက ရှုပ်အောင်နေကြတာလဲ ပြန်စမယ်

၁ ။ သံသယ တရားခံ ကလေး (၂ ) ယောက် ( ဒီနေရာမှာ ကလေးလို့သုံးတာသည် ချစ်စနိုးနဲ့ခေါ်တာမဟုတ် အသက်အရွယ်အရ လူကြီးပိုင်းထဲ ထည့်ထားလို့မရသေးတဲ့ အရွယ် မို့ ခနသုံးထားခြင်းဖြစ်တယ် ) ရဲ့ DNA ကို ရဲက CID ကမစစ်ပြီးပဲမနေလောက်ဘူး ဒီတော့ DNA တိုက်စစ်တာ မတူသေးလို့ များလား အရမ်းခက်ခဲနေရင် Third party investigation ငှားပါ တချို့ အကွက်တွေမှာ လူကြီးမင်းတို့ထင်မှတ်မထားတာတွေဖြစ်တတ်ပါတယ် ဘာကိုမှ တရားသေပုံသေမမှတ်ပါနဲ့ပဲပြောပါရစေ ။

၂ ။ ရှိသမျှ ကျောင်းက သံသဖြစ်ဖွယ် လူတွေအားလုံးကိုလည်း ဖခင်ရဲ့ပြောဆိုချက်အရ (၁၀ ) ယောက် ကျောင်းအုပ်ရဲ့ပြောဆိုချက်အရ အယောက် (၂၀ ) သူပါအပါအ၀င်ဆို ဒီထက်ကျော်မယ်ပြောတယ် ဒီလူတွေအားလုံးကိုလည်းစစ်ပြီး DNA လည်းစစ်ပြီးလောက်ပြီ ဘာမှမထူးသေးဘူးတဲ့လား ။

၃ ။ လိင်အကြမ်းဖက်မှု ကျူးလွန်သူသည် လူကြီးဖြစ်စေ ကလေးဖြစ်စေ လူကြီးမို့ အပြစ်တိုးပေးတာ ကလေးမို့ အပြစ်လျော့ပေးတာ မရှိစေရ တရားဥပဒေသည် ကျောသားရင်သားမခွဲခြား မှန်သော ဖက်တွင်သာ ရပ်တည်ဆိုတဲ့အရာကို လူကြီးမင်းတို့ပိုသိမှာပါ ။ ဒါကြောင့် မည်သည့်အကြောင်းကြောင်း မည်သည့် အရာကိုမှ ထောက်ထားညှာတာခြင်းမရှိပဲ တရားခံအစစ်ကို လူကြီးဖြစ်စေ ကလေးဖြစ်စေ အပြစ်ပေးနိုင်ဖို့လိုပါတယ် ။

၎ ။ကျူးလွန်သူဟုသံသယရှိသူကိုလည်းပြန်လွှတ်လိုက်ပြီ DNA အားလုံးလည်းစစ်ပြီးလောက်ပြီ ဒီကြားထဲ ပျက်သွားတဲ့ CCTV အပိုင်းတွေက ဘာလို့ပျက်တာလဲ ? 'ဒီ CCTV ဆိုတာတောင် တခြားတစ်နေရာကနေ ဒီကျောင်းအ၀င်အထွက်ကို လှမ်းရိုက်ထားတဲ့မှတ်တမ်း အခန်းထဲက မှတ်တမ်းမဟုတ် အခန်းထဲ CCTV မရှိ ဒါကို မရောထွေးစေချင်ဘူး ။

၅ ။ နစ်နာသူ ကလေးငယ်ရဲ့ ဖခင်ရဲ့ စာကို ပို့စ်တက်တက်လာခြင်းအစအဆုံးမဖတ်နိုင်ဘူး ဖတ်နိုင်စွမ်းမရှိခဲ့ဘူး တစ်ဆက်တည်း ဖတ်ရင် သူ့ဖြေကြားချက်တွေက ကာကယံရှင်ကိုယ်တိုင်ဘယ်လောက်ခံစားရမယ်မသိ စကားလုံးတစ်လုံးချင်းစီက ရင်ဘတ်ကို ဓါးနဲ့မွှန်းနေသလို ခံစားရလို့

- မိသားတစ်ခုလုံးစိတ်ဆင်းရဲကိုယ်ဆင်းရဲ နေကြရတယ်
- ကလေးငယ်ရဲ့ဘ၀မှာ ဒါဟာ အမည်းစက်ဖြစ်သွားတယ် အဲဒီအမည်းစက်ကို ခင်ဗျားတို့ကျွန်တော်တို့ အင်အားနဲ့ ၀ိုင်းဖျက်ပေးပြီး သူ့အနာဂါတ်လှပအောင် လုပ်ဆောင်ကြရလိမ့်မယ်
- အရွယ်နဲ့မမျှတဲ့ ART ဆေးတွေသောက်ခဲ့ရတယ်

- ကျူးလွန်ခဲ့သူရောအခု ဘာတွေ လုပ်နေလဲ ?
- ကလေးမုဒိမ်းကောင်ဖြစ်ဖြစ် လူကြီး မုဒိမ်းကောင်ဖြစ်ဖြစ် အရွယ်မရောက်သေးတဲ့ ကလေးငယ်ကို ဒီလို တိရိစ္ဆာန်ထက်နိမ့်ကျတဲ့အပြုအမူလုပ်ရတာ တော်တော်ကျေနပ်ရဲ့လား ?
- အခုရော ညတိုင်းညတိုင်း အိပ်ပျော်ရဲ့လား အသက်ရှုနေရတာရော ကျေနပ်ရဲ့လား ငါ သူများမိသားစုဘ၀ ကိုဖျက်ဆီးလိုက်မိပြီလို့ ပြန်တွေးမိရဲ့လား ?
- ကိုယ်စားလိုက်တဲ့ထမင်းတစ်လုတ်တိုင်း လျောလျောရှုရှုမြိုကျရဲ့လား ?

စိတ်မပူပါနဲ့ ...... ကလေးဖြစ်ဖြစ် လူကြီးဖြစ်ဖြစ် မင်း စိုက်ပျိုးတဲ့ အတိုင်း ( သေချာပေါက် ) မင်းပြန်ရိတ်သိမ်းရမှာပါ ။ ကြားထဲမှာ ဖုံးကွယ်ထားတဲ့ သူအားလုံး ကိုယ် စဖောက်ခဲ့တဲ့လမ်း ကိုယ်အမြန်ဆုံး လျောက်ကြပါစေ ။

မတရားမှု များ အမြန်ကျဆုံးပါစေ ။


#JusticeForVictoria
#PromoteRuleOfLawInMyanmar

သက်တန့်ချို
1 July 2019

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................