Thursday, February 27, 2020

လိုက်မခံစားနဲ့

လူတိုင်းကိုအရေးပေးပြီး
ကိုယ့်ကိုလစ်လျူရှုတာကို လိုက်မခံစားနဲ့

လူတိုင်းကကံကောင်းပြီး
ကိုယ်က ကံဆိုးနေတာကို လိုက်မခံစားနဲ့

လူတိုင်းကိုဖော်ရွေပြီး
ကိုယ့်ကို စိမ်းကားတာကို လိုက်မခံစားနဲ့

လူတွေရဲ့ ချစ်ခြင်း မုန်းခြင်းတွေကို လိုက်မခံစားနဲ့

လူတွေရဲ့ မလိုတမျိုး လိုတမျိုး မျက်နှာထားတွေကို လိုက်မခံစားနဲ့

လူတွေရဲ့ ကိုယ့်အပြစ်လွတ်ချင်စိတ်တွေကို လိုက်မခံစားနဲ့

လူတွေရဲ့  အပြစ်ပြောချင်စိတ်တွေကို လိုက်မခံစားနဲ့

လူတွေရဲ့ ပြောင်းလဲတတ်ခြင်းတရားကို လိုက်မခံစားနဲ့

အရာရာကို နှလုံးသားနဲ့လိုက်ခံစားမိသူဟာ ပင်ပန်းဆင်းရဲတတ်တယ်

လောကကြီးမှာ မှန်လိုကျင့်တာ စိတ်ချမ်းသာဆုံးနည်းလမ်းပါပဲ ။

သက်တန့်ချို
27-Feb 2020

Wednesday, February 26, 2020

ဂရုမစိုက်ပါနဲ့

အတင်းပြောလည်း ဂရုမစိုက်ပါနဲ့
ကိုယ် မရှိတဲ့အချိန် ဘယ်သူက လာကျွေးမှာ မို့လဲ

အခေါ်အပြောမလုပ်လည်းဂရုမစိုက်ပါနဲ့
ဘယ်သူကများ စိတ်ထားအမှန်နဲ့ ဆက်ဆံပေးခဲ့ဖူးလို့လဲ

လာလာ နှိမ်လည်းဂရုမစိုက်ပါနဲ့
ကိုယ်အမြင့်ရောက်အောင် ဘယ်သူက ဆွဲတင်ပေးမှာ မို့လဲ

ကိုယ့်ထမင်းကိုယ်ရှာစားရတာခြင်းအတူတူ
သူတစ်ပါးအရိပ်အခြေကြည့်ပြီး အလိုက်အထိုက်ဆက်ဆံရတာ
စိတ်ပျက်ဖို့အကောင်းဆုံးပါပဲ ။

သက်တန့်ချို
26-Feb 2020

Tuesday, February 25, 2020

နေဝင်ချိန်ရောက်ခဲ့ရင်

သင့်ကို စွန့်ခွာသွားလို့ ဝမ်းနည်းမနေနဲ့
သင်လည်းတစ်နေ့ အကုန်လုံးကို စွန့်ခဲ့ရမှာ ။

သင့်ကို လမ်းခွဲသွားလို့ မျက်ရည်ကျမနေနဲ့
သင်လည်းတစ်နေ့ အချစ်အမုန်း အားလုံးကို လမ်းခွဲခဲ့ရမှာ ။

သင့်ကို နာကျင်စေခဲ့လို့ မုန်းတီးမနေနဲ့
အရာရာဟာ ကံကြမ္မာအတိုင်းဖြစ်ပျက်နေကြတယ် ။

" နေဝင်ချိန်ဆိုတဲ့ တစ်နေ့ရောက်လာခဲ့ရင်
အရာရာကို ထားခဲ့ရမယ် "

သက်တန့်ချို
25-Feb 2020

Tuesday, February 11, 2020

Coronaviruses Update 11.2.2020

11.2.2020 သတင်းတွေအရ
တစ်ကမ္ဘာလုံးမှာ Coronaviruses Confimed Case : 43105
စုစုပေါင်းသေဆုံးမှုဦးရေ : 1018
တရုတ်ပြည်တစ်ခုထဲ Confirmed case : 42638
ကုသပျောက်ကင်းသူဦးရေနှင့်ဆေးရုံဆင်းသူဦးရေ : 3396
တရုတ်ပြည်တစ်ခုထဲသေဆုံးသူဦးရေ : 1016

ဂျပန်မှာ Diamond Princess လို့ခေါ်တဲ့ သင်္ဘောပေါ်မှာ လူပေါင်းထောင်ချီပြီး ဖယ်ထုတ်စောင့်ကြည့်နေတယ် အဲ့ဒီအထဲမှာ ၁၃၅ ယောက်က ကူးစက်ခံစထားရပါတယ် အမေရိကန်လူမျိုး ၂၄ ယောက်လည်းပါပါတယ် ။

ဂျပန်မှာ Negative အဖြေထွက်ထားတဲ့လူ ၂ယောက်မှာ အခု ပိုးကူးစက်တဲ့ positive အဖြေပြန်ထွက်လာတယ်လို့ CNN မှာ ဖော်ပြထားပါတယ် ။
ဂျပန်တစ်နိုင်ငံထဲတောင် ကူးစက်ခံရသူဦးရေ ၁၆၃ ယောက်ရှိပြီဖြစ်တယ် ။

ဗီယက်နမ်မှာ ၃ လအရွယ်ကလေးငယ်တစ်ဦးအပါအဝင် နောက်ထပ် လူ ၂ ယောက် ကူးစက်ခံရတယ်လို့အတည်ပြုထားပါတယ် ။
စုစုပေါင်း ၁၅ ယောက်ရှိပြီဖြစ်ပါတယ် ။

စင်ကာပူမှာ ၂ နှစ်အရွယ် မိန်းကလေးတစ်ဦးကို ဗိုင်းရပ်ကူးစက်ခံရကြောင်း အတည်ပြုမှု လွန်ခဲ့တဲ့ ၃ နာရီလောက်က ထွက်ပေါ်ခဲ့ပါတယ် ။ တရုတ်ပြည်ကို ခရီးသွားခဲ့ဖူးခြင်းမရှိသူပါတဲ့ ။ စင်ကာပူမှာ ကူးစက်ခံရသူပေါင်း ၄၅ ယောက်ရှိပြီဖြစ်ပါတယ် ။

Source : https://edition.cnn.com/asia/live-news/coronavirus-outbreak-02-11-20-intl-hnk/index.html

မြန်မာနိုင်ငံ လက်ရှိအခြေအနေ

10 ရက်နေ့က တင်ထားတာပါ
Total PUI/Suspected - 28
Person Under Investigation (PUI) - 26
Suspected - 2
Confirmed - 0
Laboratory Result Negative - 7
Laboratory Result Pending - 20
Discharged from Hospital - 7

Source : https://mohs.gov.mm/Main/content/publication/2019-ncov




Tuesday, February 4, 2020

Wuhan Coronaviruses Latest Update (4.2.2020)




- Confirmed cases ပေါင်း ၂၀၆၂၀
- သေဆုံး ၄၂၆
- Vaccine မရှိသေး ထိုင်းမှာတော့ ကိုရိုနာဗိုင်းရပ်စ်လူနာ ၂ ယောက်ကို ဗိုင်းရပ်စ်ပေါင်းစပ်ကုသဆေးတစ်မျိုးနဲ့အောင်မြင်အောင်ကုသနိုင်လိုက်တယ်လို့ဆိုတယ်

တစ်နေ့တစ်နေ့ တိုးပွားလာနေတဲ့ Confirmed cases အရေအတွက်နဲ့သေဆုံးသူဦးရေကိုကြည့်ခြင်းအားဖြင့် ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်ပြည်အတွက်အကြီးမားဆုံးစိန်ခေါ်မှုဖြစ်လာယုံသာမက
တစ်ကမ္ဘာလုံးကပါ အနီရောင်အဆင့် alarm ပေးထားရတဲ့ အခြေအနေဖြစ်လာပါတယ် ။

Live Update : https://edition.cnn.com/asia/live-news/coronavirus-outbreak-02-04-20/index.html

Monday, February 3, 2020

Coronaviruses Update ( Feb 2)

နောက်ဆုံးဖတ်ရတဲ့ February ၃ ရက်နေ့ သတင်းတွေမှာတော့ ၂၀၀၃ ခုနှစ်တုန်းက SARS outbreak ထက် တရုတ်ပြည်မှာ လူသေဆုံးမှု မြင့်တက် နေပါတယ် ။ China's National Health Commission ရဲ့အဆိုအရ တနင်္ဂနွေနေ့အထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှု ၃၆၁ ဦးရှိပြီး SARS တုန်းကတော့ ၃၄၉ ယောက်ရှိတယ်ဆိုပြီး နှိုင်းယှဉ်ပြထားပါတယ် ။ 

SARS တုန်းကတော့ ကမ္ဘာတဝှမ်းမှာ လူပေါင်း ၇၇၄ ယောက်သေဆုံးခဲ့ပြီး ယနေ့အချိန်အချိန်တော့ ၀ူဟန်ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ပြည်အပြင်ဖက်မှာတော့ သေဆုံးသူ (၁) ဦးရှိခဲ့ပါတယ် ။ 

United State မှာတော့ လူပေါင်း ၁၁ ယောက် Confirm ဖြစ်သွားပါပြီ 
Arizona: 1 case
California: 6 cases
Illinois: 2 cases
Massachusetts: 1 case
Washington: 1 case

အခုလက်ရှိအချိန်ထိ စုစုပေါင်းကူးစက်ခံရမှု ဟာ 17384 ရှိပြီဖြစ်ပြီး မြန်မာနဲ့အနီးဆုံး ထိုင်းနိုင်ငံမှာ ၁၉ ယောက်ကူးစက်ခံရပြီးဖြစ်ပါတယ် ။ 

တရုတ်ပြည်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူမျိုးရေးဝါဒတွေ ၊ ခွဲခြားဆက်ဆံခံရမှုတွေနဲ့ သူစိမ်းကြောက်လန့်ခြင်းဆိုတဲ့ Xenophobia ဖြစ်စဉ်တွေဟာ အရှိန်အဟုန်နဲ့ ဖြစ်ပွားနေပါတယ်

Source : CNN