Showing posts with label လုံးချင်းဝထ္ထု. Show all posts
Showing posts with label လုံးချင်းဝထ္ထု. Show all posts

Friday, May 27, 2011

သေမင်းတမန်ခရီးကြမ်း (အပိုင်း ၁၁)

သေမင်းတမန်ခရီးကြမ်း (အပိုင်း ၁၁)



ကျွန်ုပ်ကား လှေကြီးအောက်မှ အဖြူရိပ်ကြီးကို မျက်စိတဆုံးလိုက်ကြည့်ပြီးနောက် အံ့သြလွန်းသောကြောင့် ဆွံ့ အတိတ်ဆိတ်နေမိသည် ။

“ ဟေးး ဘီလူးရေ အဲဒါဘာကြီးတုန်းဟ ငရွေးကြီးပဲဖြစ်နေမလား ”

“ ငရွေးဆိုတာ ဘာတုန်း သူကြီးရ ”

“ ကုန်းမှာ ဆိုရင် နှစ်ချို့ မြွေကြီးတွေဟာ အကြီးဆုံးပဲလေ ဆင်တစ်ကောင်လောက်မဆိုထားနဲ့ သူ့ရဲ့ ကျောပေါ် မှာ ရွာတွေတောင် တည်လို့ရတယ်ဆိုပဲ ဒီကောင်ကြီးတွေက နောင်လာမယ့် ဘုရားရှင်ကို ဖူးမျှော်ဖို့ စောင့်နေ ကြတယ်လို့ဆိုကြတယ် ဘာအသားမှမစားပဲ မြေဆီမြေနှစ်တွေကို စားသုံးပြီး အဲဒလိုမြေကြီးထဲမှာ ငြိမ်ငြိမ်လေးနေ ကြတယ် ရေထဲမှာဆိုရင်လည်း ငရွေးတွေဟာအကြီးဆုံးပဲ ကျွန်တော်ထင်တာတော့ ငါးဒန်မျိုးနွယ် ဖြစ်မလားပဲ ဒီကောင်တွေက မြန်မာနိုင်ငံထဲက စန္ဒကူးနံ့သာ ကျောင်းတော်ရာဆိုတာ သိတယ် ဟုတ် ၀ါတွင်းကာလတွေဆို ငါးအကြီးကြီးတွေ ဘုရားဖူးလာကြတယ်လေ အဲဒီငါးကြီးတွေ ရဲ့အမျိုး အနွယ် လို့ ထင်တာပဲဗျ ဒါကြောင့်လည်းရှေးလူကြီးတွေက ကုန်းမှာမြွေပွေး ရေမှာ ငရွေး လို့ ခေါ်တွင် ကြတယ်လေ ”

“ အင်း ဟုတ်လိမ့်မယ် သူကြီးပြောသလိုဆို ခုနက ရေအောက်က အဖြူရိပ်ကြီးဟာ ငရွေးကြီးဖြစ်နိုင်တယ် ဗျ ”

“ အင်း ကဲ ဘီလူးရေ ရေလယ်ခေါင်မှာ ဒီအတိုင်းနေလို့ မဖြစ်သေးဘူး ဗျ ကမ်းကပ်ဖို့ စီစဉ်ပါဘူး ကျွန်တော်တို့ ပတ်ဝန်း ကျင်အခြေအနေလည်း လေ့လာရဦးမယ် ”

“ ဟုတ်ကဲ့ သူကြီး ”

သို့နှင့် ကျွန်ုပ်တို့ လူစုမှာ လှေကြီးအား ကမ်းသို့ကပ်နိုင်ရန်ကြိုးစားကြလေသည် ။ ကမ်စပ်တွင်ကား သဲသောင်ပြင် များနှင့် မှိုင်းညို့သော စိမ်းစိုသော တောအုပ်များက နေရာယူထား၏ ။ ကျွန်ုပ်တို့လည်း ကမ်းသို့ကပ်ပြီးသည်နှင့် သဲသောင်ပြင်သို့ ဆင်းလိုက်ရာ သဲပြင်မှာ ကျွန်ုပ်တို့ မြင်ဖူးသမျှ သဲပြင်နှင့် လုံးဝမတူပဲ နူးညံ့ အိစက်နေလေ၏ ။ ကျွန်ုပ်လည်း သတိထားကြည့်ရာ သဲသောင်ပြင်မှာ တစ်ချို့နေရာများတွင် အဖြူများဖြစ်နေသော်လည်း တစ်ချို့နေရာ များတွင် မီးခိုးရောင် ညိုညစ်ညစ်များဖြစ်လေသည် ။ ကျွန်ုပ်လည်း သင်္ကာမ ကင်းသောကြောင့် လှေပေါ်မှ လှော်တက်တစ်ချောင်းယူ၍ သဲညိုညိုများပေါ်ထိုးစိုက်လိုက်ရာ လှော်တက်မှာ တစ်ချောင်းလုံးနှစ်ဝင်သွားသည်ကို အံ့သြထိတ်လန့်ဖွယ်ရာ တွေ့လိုက်ရလေသည် ။

“ဘုရားဘုရား သူကြီး စမ်းကြည့်ပေလို့ပဲ နို့မဟုတ်ရင် ရွာသားတွေအကုန်လုံးမျိုးတုန်းသွားနိုင်တယ် ”

ထွန်းထွန်းမှနေ၍ ထိုသို့ပြောလိုက်ပြီးနောက် အားလုံးမှာ ရှေ့မဆက်ဝံ့ကြတော့ပဲ ဖြစ်ကုန်ကြတော့သည် ။

“ ကျွန်တော်တို့အားလုံး ဟိုးက မြင်နေရတဲ့ တောစပ်လေးအထိရောက်အောင်သွားကြရမယ် အဲဒီနေရာမှာ လတ်တလော စခန်းချပြီး နယ်မြေစူးစမ်းရေးလုပ်ရမှာပဲဗျို့ အခု သဲသောင်ပြင်တွေကို အားလုံးမှတ်ထားကြပါ အဖြူရောင်တွေဟာ နင်းလို့ရတဲ့ သဲဖြစ်ပြီး အညိုရောင်နဲ့မီးခိုးရောင်တွေကတော့ သဲနွံတွေပဲဖြစ်တယ် အလွန် ကို ကြောက်ဖို့ကောင်းပါတယ် လူမပြောနဲ့ အိမ်တွေ ဆင်တွေကိုတောင် မြိုပစ်နိုင်ပါတယ် ”

ကျွန်ုပ်လည်း ထိုသို့မှာကြားပြီးနောက် ၂ယောက်တစ်တွဲစီတွဲစေကာ ကျွန်ုပ်နှင့် သူရိန်တို့က အရှေ့မှ လမ်းရှာသွားကာ ဘီလူးနှင့်သားပြောင် ၊ ရွှေတြိဂံလေးတို့မှ နောက်မှ ရွာသားများကို ဖေးမကူညီကာ ရှေ့သို့ ချီတက်ခဲ့ကြလေတော သည် ။ ထူးဆန်းသည်မှာ သဲသောင်ပြင်ဖြစ်သော် လည်း နေပူပြင်းလှ သည်မရှိ ပဲအေးမြနေ ကာ ကျွန်ုပ်မှာ အိုအေစစ်တွင်လမ်းလျှောက်နေသည်နှင့်ပင် တူလှပေတော့သည် ။ သို့နှင့် လမ်းခရီး တွင် ထူးထူးခြားခြားအန္တရာယ်မတွေ့ရပဲ တခါတရံတွင် သောင်ပုရစ်များ ၊ သောင်ဂဏန်းများ ဟိုမှသည်သို့ သွားလာနေကြသည်ကို တွေ့လိုက်ရလေသည် ။ ခပ်လှမ်းလှမ်း ဝေးဝေးမှ သွားလာနေကြသော သမင် ၊ ဒရယ်ကဲ့သို့ သတ္တ၀ါများကို လည်းတွေ့ကြရလေသည် ။ ကျွန်ုပ်တို့ လူအုပ်ကြီးသည် ၄၅ မိနစ်ကြာခန့်မျှ လမ်းလျှောက်ပြီးသော အခါ ဘေးမသီရန်မခပဲ တောအုပ်အစပ်သို့ရောက်ကြလေသည် ။

“ ကိုကြီး ဒီနေရာမှာ ပဲ ခဏနားကြမလား ရွာသားတွေလည်းပင်ပန်းနေကြပြီ ထင်တယ် ”

ညီငယ် မိုးစက်မှနေ၍ ပြောလိုက်သောကြောင့် ကျွန်ုပ်လည်း ရေအိုင်စပ်နှင့်နီးသည်က တစ်ကြောင်းတော စပ်တွေဖြစ်သောကြောင့် နေထိုင်ခင်းသာယာသည်က တစ်ကြောင်းကြောင့် ယာယီစခန်းချရန် ဆုံးဖြတ် လိုက်လေသည် ။

“ အင်းကောင်းသားပဲ ညီလေး ကဲ စားဖို့ တစ်ခုခုစီစဉ်ရမယ် ”

“ သူကြီး ကျွန်တော်တို့ သောင်ပုရစ်တွေ ကင်စားကြရင်ဘယ်လိုနေမလဲ ပြီးတော့ လိပ်ဥတွေလည်းတွေ့ခဲ့တယ် လမ်းမှာ ကျွန်တော်တို့ သွားရှာကြရင်ကောင်းမလား ”

ငမိုးမှ နေ၍ ပြောလိုက်သောကြောင့် ကျွန်ုပ်လည်း လက်ခံလိုက်လေသည် ။

သို့နှင့် ကျွန်ုပ် ၊ ဘီလူး ၊ သားပြောင် ၊ သူရိန် ၊ ဒရယ် ၊ ဝေယံ ၊ ငမိုး နှင့် နဲဗား တို့မှာ သောင်ပုရစ်နှင့် လိပ်ဥများ ရှာရန် သဲသောင်ပြင်သို့ တဖန်ပြန်ထွက်ခဲ့ကြလေတော့သည် ။

“ မာမီရေ မီးမွှေးထားလိုက်ဗျို့ ပုရစ်ကင်တွေစားကြမယ် ”

ဝေယံမှ နေ၍ သက်မီအား အော်ပြောရင်း ကျွန်ုပ်တို့မှာ ဘေးအန္တရာယ်များကြားမှပင် ပျော်ရွှင်စွာဖြင့် ထွက်လာခဲ့ကြလေတော့သည် ။ ( မှတ်ချက် ။ ။ တစ်ရွာလုံးတွင် ကျေးရွာစားဖိုမှူးဖြစ်သော သက်မီအား မာမီအား ရွာသား များက မာမီဟု ခေါ်ကြကုန်၏ ။ အဘယ့်ကြောင့် ဤ သို့ ခေါ်ရသည်ကိုမူ ကျွန်ုပ်လည်း မသိပေ ။ မမီ ဟု ခေါ်ရာမှာ ကာလရွှေ့လျှားသွားသောကြောင့် မာမီဟု နာမည်တွင်ရခြင်းဖြစ်တန်ရာ၏ ) ကြယ်ဖြူလေး ၊ အင်ကြင်း ၊ ပုတု ၊ မီမီအောင် နှင့် ကျန် အပျိုကြီးတစ်သိုက်မှာမူ သွားရည်ကျရင်း ကျန်ခဲ့ကြကုန်၏ ။ (အပျိုကြီးတစ်သိုက်ဆိုသည်မှာ ရွာ၏ ပြယုဉ်များဖြစ်သော ဂျီဂျီ ၊ ဟေမွန်ချမ်း ၊ မေလေး အစရှိသူများကို ရည်ညွှန်း၏ ) ။ ရွာတွင် ကလေးပီပီ သွက်သွက်လက်လက်ရှိလှသော မိဂျန်လေးခေါ် လေဒီဂျန်ဂျန်မှာမူ သက်မီအား ၀ိုင်းကူရင်း အသံသေးအသံကြောင်သီချင်းများကို အော်ဆိုရင်းကျန်ခဲ့လေသည် ။ သို့နှင့် ကျွန်ုပ်တို့လူစုလည်း သဲသောင်ပြင်သို့ရောက်သောအခါ သဲပြင်မို့မို့များကို ရွေးကြလေ၏ ။

“ ကဲ ကျွန်တော်က ဧရာဝတီတိုင်းသားဆိုတော့ သောင်ပုရစ် ဖမ်းတာ ကျွမ်းတယ်ဗျ ဒီတော့ ဒီလိုလုပ် သူရိန် ဒရယ် ဝေယံ နဲဗားက လိပ်ဥ သွား နှိုက်ချေ ခင်ဗျားတို့က ဒါမျိုးကျွမ်းတယ် ကျန်တဲ့ ဘီလူး ၊ သားပြောင်တို့က ကျွန်တော်နဲ့ ပုရစ်ဖမ်းမယ် ”

“ သူကြီး ကျွန်တော်လည်း ပုရစ်ဖမ်းလို့မရဘူးလား ကျနော် ဥမနှိုက်ချင်ဘူး ရိုးနေပြီ ”

သူရိန်ခေါ် ကြာဇံ မှ ပြောလိုက်သောကြောင့် ကျွန်ုပ်လည်း ပုရစ်ဖမ်းရန်ခေါ်ထားလိုက်လေသည် ။ ကျန် ၃ ယောက်မှာမူလိပ်ဥများ နှိုက်ရန် ထွက်ခွာသွားကြလေသည် ။

“ သဲနှုံးတွေကို သတိထားကြဦးဟေ့ ”

ကျွန်ုပ်လည်း ၄င်းတို့ကြားအောင် မှာကြားလိုက်ရလေသည် ။

“ ကဲ အရင်ဆုံး ကျွန်တော်တို့ ရေသွားခပ်ရအောင် ကဲ သူရိန်ရေ မင်းလက် ထဲက ရေပုံးကြီးနဲ့ ရေ အပြည့် ခပ်ချေတော့ ”

“ ဟုတ်ကဲ့သူကြီး ”

သို့နှင့် သူရိန်အား ရေပုံးနှင့် ရေအပြည့်ခပ်ခိုင်းပြီးသည်နှင့် သောင်ပုရစ်ဖမ်းနည်းအား သင်ခန်းစာပေး ရလေတော့သည် ။

“ ဒီလိုရှိတယ် ဗျ သောင်ပုရစ်တွေဟာ သဲသောင်ပြင်ပေါ်မှာ သဲမွမွလေးတွေကို အိမ်လုပ်ပြီးနေလေ့ရှိကြတယ်ဗျ ဒီကောင်တွေ က အသေးဆုံးက ယောင်္ကျား လက်မလောက်ရှိပြီး အကြီးဆုံးက ယောင်္ကျား လက်သီးဆုပ်လောက် ရှိတယ်ဗျို့ ဒီကောင်တွေရဲ့အားနည်းချက်က ရေမွမ်းတဲ့ဒါဏ် မခံနိုင်တာပဲ တစ်ကိုယ်လုံး ဖြူစွတ်နေပြီး အသားက လည်း များမှများ ကင်လိုက်ရင် အနံ့လေးကိုမွှေးနေတာပဲ ဒီတော့ ကျွန်တော်လက်တွေ့ဖမ်းပြမယ် ကျနော်လုပ် တဲ့အတိုင်းလိုက်လုပ်ကြည့်ကြပေါ့နော့် ”

ဟုေ ပြာဆိုရင်း ကျွန်ုပ်လည်း သူရိန့်လက်အတွင်းမှာ ရေပုံးအားဆွဲယူရင်း ပုရစ်တွင်း တစ်တွင်း ထဲသို့ လောင်း ချလိုက်လေတော့သည် ။

ဆက်ရန် ။

www.thettantvillage.com
သက်တန့်ချို


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, May 20, 2011

သေမင်းတမန် ခရီးကြမ်း (အပိုင်း ၁၀)

သေမင်းတမန် ခရီးကြမ်း (အပိုင်း ၁၀)





ရုတ်ချည်းဆိုသလိုပင် အနောက်တောင်ဖက်မှ ကောင်းကင်ပြင်မှာ နီရဲလာလေသည် ။ ပင်လယ်ပြင် မှာ ကြောက် မက်ဖွယ်ကောင်းလောက်အောင်ပင် တိတ်ဆိတ်ငြိမ်သက်သွားလေတော့သည် ။ မကြာမီ ရှေ့ တွင်လည်း မရဏ ၀ဲများကို ကျော်ဖြတ်ရပေဦးမည် ။

“ လူရိုင်းငယ်အ လင်းသစ် ဤ ၀ဲသည် မည်သို့သော ၀ဲအမျိုးအစားဖြစ်သနည်း ဤ၀ဲကို ရှောင်လွှဲနိုင်မည့် နည်း လမ်းများ ရှိသလော ”

“ အသင်သူကြီး အရှေ့တွင် ရှိသော ၀ဲဟာ သမုဒ္ဒယာအောက်မှ လွန်စွာပြင်းထန်သော ရေစီးကြောင်း ၄ ခုဆုံရာမှ ဖြစ်ပေါ်လာသော စုပ်ဝဲအမျိုးအစားဖြစ်ပါတယ် တစ်ဖက်ရှိ မြေပြန့်ဒေသများသို့ သွားလိုလျှင် ဤ၀ဲ၃ ခုကို မဖြစ်မနေ ကျော်ဖြတ်သွားရမှာဖြစ်ပါတယ် ဒါ့အပြင်ကောင်းကင်ပြင်လက္ခဏာအရ မကြာခင် လေပြင်း မုန်တိုင်း များ တိုက် ခတ်ဦးမှာဖြစ်တယ် ”

အလင်းသစ်၏ စကားကို ကြားရသောအခါ ရွာသူရွာသားအပေါင်းမှာ လွန်စွာ ထိတ်လန့်သွားကြကုန်၏ ။ ပင်လယ်ပြင် ရုတ်တရက် ငြိမ်သက်သွားသည်မှာလည်း တိတ်ဆိတ်ခြောက်ခြားဖွယ်ရာအတိပင် ။

ကျွန်ုပ်တို့ လှေကြီးကား မရဏ ၀ဲကြီးနှင့်နီးကပ်လာချေပြီ ။

“ ရွာသူရွာသားတွေ စည်အလွတ် ပုံးအလွတ်တွေကို ကိုင်ထားကြပါ ရေအောက်ကို မလွင့်ကျသွားပါစေ နဲ့ သောက်ရေ စည်တွေ အနားမှာနေကြပါ ”

ဘီလူးမှနေ၍ ရွာသူရွာသားများ ပြုလပ်ရမည်များကို မှာကြားကာ သားပြောင်မှလည်း ရွာသူရွာသားများ အနီးသို့သွားကာ အားပေးစကားများပြောကြားနေလေသည် ။ ကျွန်ုပ်တို့ ရွာကလေးတွင် ရပ်ရွာ လူကြီးတစ်ဦး ဖြစ်သော ဦးလှထွန်းကလည်း

“ သူကြီးရေ ဒီအတိုင်းဆိုရင်မုန်တိုင်းမိဖို့ တော့ ကျိန်းသေနေပြီ ကျုပ်တို့ ဒုတိယအကြိမ် ဘာတွေ ဆက်ဖြစ်ကုန် ဦးမလဲမသိဘူးဗျို့ ”

ဟု ပြောလေသည် ။ ၄င်းပြောကြားပြီးမကြာခင်မှာပင် ပင်လယ်အော်သံ ဟု ခေါ်သော လွန်စွာ ထိတ်လန့်ဖွယ်ရာ အသံကြီး ကား ပင်လယ်ရေအောက်ကြမ်းပြင်ပေါ်မှ မြည်ဟီးလာလေတော့သည် ။ မုန်တိုင်းကား စချေပြီ ။ လေပြင်း များ ဆက်တိုက်တိုက်ခတ်လာပြီး ပင်လယ်ပြင်ကား ငြိမ်သက်နေရာမှ ဒေါမာန်တကြီးဖြင့် ထကြွသောင်း ကျန်း လေတော့သည် ။ ကျွန်ုပ်တို့ လှေကလေးကား ဆပ်ပြာခွက်ကလေးပမာပင် လေလှိုင်းများ ပြသမျှ နုနေ ရပေတော့သည် ။ အချိန်ကား တိုက်ဆိုင်စွာပင် ။ ကျွန်ုပ်တို့လှေကလေးကား ပထမ သေမင်းတမန် ၀ဲ ကြီးအား ရှေ့လက်တကမ်းတွင်တွေ့လိုက်ရပေတော့သည် ။ လှေကလေးကား ၀ဲအတွင်းသို့ ထိုးကျ သွားလေသောကြောင့် အော်ဟစ်သံ ဆူညံသံများက ကျွန်ုပ်တို့ လှေကလေးအတွင်း တွင် ဗြောင်း ဆန်နေလေတော့ သည် ။ ရွာကာလသားများ ကား လှေလက်ရမ်း များကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ကာ ရွာသူများကို အလယ်မှာနေစေ၍ ပြုတ်မကျစေရန် အားမငယ်စေရန် ကာကွယ်ပေးထားကြလေသည် ။

ကျွန်ုပ်မှာလည်း လှေကလေးကို ၀ဲအတွင်းသို့ ထိုးမကျစေရန်ရေစီးကြောင်းအတွင်း အသင့်မျှောပေး လိုက်ရလေ သည် ။ ကံအားလျှော်စွာပင် ကျွန်ုပ်တို့ လှေကလေးကား မုန်တိုင်းကြားမှာပင် ၀ဲ နှုတ်ခမ်းဝတွင် တစ်ပတ်လည်ပြီး လွတ်ထွက်သွားလေတော့သည် ။

“ ဟေးးး ၀ဲ ကြီးကလွတ်သွားပြီ ကွ ”

စမူ ဆာမှ ထအော်လိုက်သောကြောင့် မကြည့်ရဲ၍ မျက်စိပိတ်ထားသော သူများမှာ ယခုမှပင် မျက်လုံးဖွင့် ကြည့်နိုင်ကြတော့သည် ။ ၀ဲ ကားလှေနှင့် ဟိုးအဝေးအနောက်တွင်ကျန်ခဲ့လေတော့သည် ။ သို့သော်ကျွန်ုပ်တို့ ၏ ၀မ်းသာမှုကားကြာကြာမခံချေ ။ ရှေ့တွင် လွန်စွာ အားကောင်းလှသော ၀ဲ နံပတ် ၂ က အသင့်စောင့် ကြိုနေပြန်၏ ။

“ ဟေးး သူကြီးရေ ဒီဟာကြီးကလည်း စုပ်ဝဲပဲဖြစ်မယ်ဗျ ခုနကထက်တောင်ပိုကြီးသလိုပဲ အားလုံးသတိ ထားကြဟေ့ ”

ဦးနိုးအိမ်ရှင်မှ လှမ်းအော်လိုက်သောကြောင့် အားလုံးမှာ သတိနေအထားဖြင့် ရှိနေကြလေသည် ။ ကျွန်ုပ်လည်း ၀ဲ ကို ရှောင်လွှဲရန်မဖြစ်နိုင်သောကြောင့် လှေဦးအား ၀ဲ နှုတ်ခမ်းရှိ အကြီးဆုံး ရေစီးကြောင်းသို့ တင်ပေး လိုက်လေသည် ။ ဒီတခါတွင်တော့ ကျွန်ုပ်တို့ အား ကံတရားက အသစ်တဖန် စီရင်ပြန်လေသည် ။ ရေစီးကြောင်းနှင့် လွတ်အောင်တက်မကို သတိမလွတ်စေပဲ ကိုင်ထားရက်မှပဲ မုန်တိုင်းအရှိန်ကြောင့် ဖြစ်ပေါ်လာသော ဧ ရာမ လှိုင်းလုံးကြီးတစ်လုံးက ကျွန်ုပ်တို့ လှေကလေးအား သစ်ရွက်ကလေး တစ်ရွက် အား ရေပုံး တစ်ပုံးနှင့်အားအပြည့်လောင်းချလိုက်သကဲ့သို့ တွန်းထုတ် လိုက်လေတော့ သည် ။

လှေကလေးကား ရေစီးကြောင်းမှ လွတ်ခါနီးတွင် အနောက်မှ အရှိန်ပြင်းစွာ ၀င် လာသော ရေလှိုင်း လုံးကြီးကြောင့် ၀ဲကတော့အတွင်းသို့ ထိုးကျသွားလေတော့သည် ။ ကျွန်ုပ်တို့ လှေကား ရေစီးကြောင်းအတွင်း ၀ဲထဲတွင် ပတ်ချာလည်ကား တအောင့်အကြာတွင် လွန်စွာအားကောင်းလှသော သံလိုက်တစ်ခုနှင့် ဆုပ်ယူလိုက် သကဲ့သို့ အောက်မှ စုပ် ယူခြင်းကို ခံလိုက်ရပြီးနောက် ဟိုးအလွန်တရာနက်သော ချောက်ကြီးထဲသို့ ပြုတ်ကျသွားသ ကဲ့သို့ အသဲတယားယားဖြစ်ကာ ကျွန်ုပ်မှာ နောက်ဆုံး အနီအစိမ်းအပြာ စသောအရောင် များသည် မျက်လုံးထဲတွင် လင်းလက်စူးရှစွာမြင်တွေ့ရပြီးနောက် ပိန်းပိတ်အောင် မည်းမှောင် သွားလေတော့ သည် ။

ခါးတစ်ခုလုံးအား တုတ်ကြီးကြီးတစ်ချောင်းနှင့် ရိုက်ထားသကဲ့သို့ နာကျင်လှပြီး ကျွန်ုပ်မှာ မျက်လုံးကို အားယူ၍ ကြည့်လိုက်ရာ အလို... ကျွန်ုပ်တို့ ဘာဖြစ်ကုန်ကြသနည်း ။ ကျွန်ုပ်မှာ အိပ်မက်မည်သည်တော့ မဟုတ်တန်ရာ ။ နောက်ဆုံးမှတ်မိသည်မှာ မုန်တိုင်းမိပြီး ကျွန်ုပ်တို့လှေကလေးမှာ သေမင်းတမန် မရဏ၀ဲ နံပါတ် ၂ ၏ စုပ်ယူခြင်းကို ခံလိုက်ရပြီး နောက်ကျွန်ုပ်မှာ ဘာမှ သတိမရတော့ပေ ။ လှေကြီးကား အကောင်းပကတိပင် ။ ကျွန်ုပ်မှာ ပတ်ဝန်းကျင်ကိုလေ့လာကြည့်လိုက်ရာ မြင်မြင်သမျှ မှာ စိမ်းစိမ်းစိုစိုနှင့် ကျွန်ုပ်တို့မှာ လွန်စွာကြီး မားသော ရေကန်ကြီးတစ်ခု၏အတွင်းသို့ ရောက်ရှိနေလေသည် ။ ရွာသူရွားသားများ၏ မျက်နှာများ မှာ လည်းကြောင်ငေးကား ဟိုဟို ဒီဒီကြည့်နေကြလေသည် ။

“ သူကြီး ကျွန်တော်တို့ ဘာဖြစ်သွားတာလဲဟင် ”

နားနားမှကပ်၍ မေးလိုက်သော ငမိုးကြောင့်ကျွန်ုပ်လည်းသတိပြန်ဝင်လာကား

“ မသိသေးဘူး ငမိုးရေ အခုချိန် တော့ ဘာဘာ..ဘာ မှမသိသေးဘူး ”

ဟုပြန်ဖြေလိုက်လေသည် ။ အလားတူ ကြယ်ဖြူ ၊ အင်ကြင်း ၊ သက်မီ ၊ ပုတု ၊ မီမီအောင်တို့မှာလည်း ယခု ဖြစ်ပေါ်နေသော အခြေအနေကို လက်ခံနိုင်ပုံမရသေးပေ ။ ဆယ်မိနစ်လောက်အကြာတွင် လူရိုင်းသမီး အကြီးဆုံးအဖြူရောင်နတ်သမီးမှနေ၍

“အသင်တို့ စိတ်ထဲမှာ အရမ်းကြီးထူးဆန်းနေပြီထင်တယ် ”

“ ဟုတ်ပါတယ်ကျွန်ုပ်တို့ ဘယ်ကိုရောက်နေတာပါလဲ ”

“ အင်း ငယ်ငယ်တုန်းကတော့ ကျွန်ုပ်တို့ ဖခင်ပြောစကားအရဆိုရင် ဒီနေရာဟာ အလွန်ကို ထူးခြားဆန်းကြယ် မှုတွေ ရှိတဲ့ ကမ္ဘာ့ အနက်ရှိုင်းဆုံး မြေအောက်အလယ်ဗဟိုဖြစ်ပါတယ် ”

“ ဟာ ”

“ ဟင် ”

“ အို ”

ကျွန်ုပ်တို့မှာ အလွန်တရာထူးဆန်းလွန်းလှ၍ အဖြူရောင်နတ်သမီး၏ စကားကို နားထောင်ပြီး အာမေဋိတ် သံများတမိကုန်၏ ။

“ အင်း သင်တို့ အံ့အားသင့်မယ်ဆိုရင်လည်းသင့်စရာပါပဲ ပင်လယ်ထဲမှာ အလွန်တရာ ကျယ်ပြော တဲ့ ဖြေရှင်း လို့မရတဲ့ လှို့ဝှက်နက်နဲမှုတွေရှိနေပါတယ် ။ အသင်တို့ မြင်ဖူးသမျှ ကုန်းပေါ်မှ သတ္တ၀ါ အားလုံး ဟာ ရေထဲမှာ ဆင်တူ အကုန်ရှိပါတယ် ။ ကျွန်ုပ်တို့လူစုဟာ အခုချိန်ကစပြီး ထူးခြားဆန်းကြယ်မှု အမြောက် အမြား ဘ၀မှာ ဘယ်လိုမှ ပြန်ရှာမတွေ့နိုင်တော့တဲ့ အတွေ့အကြုံတွေ ကြုံတွေ့ရပါတော့မယ် ”

“ အင်း ဟုတ်ပါပြီ သင်ပြောလို့သာ သိရတာပါ ကျွန်ုပ်တို့ကတော့ ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းတောင် မသိတော့ပါဘူး ”

“ ဟုတ်ပါတယ် ဒီရေကန်ကို ကျွန်ုပ်တို့ ဖခင်ကတော့ နတ်ရေကန်လို့ခေါ်ကြတယ် ဒါဟာလည်း ဟိုးယခင် က ယုံတမ်းစကားတွေ လို့သာထင်ခဲ့ကြတယ် အခုတော့ကျွန်ုပ်တို့ တကယ် ကြုံတွေ့နေရပြီပေါ့ ”

ကျွန်ုပ်ကား အလွန်တရား အံ့သြလွန်းလှ၍ ပတ်ဝန်းကျင်ကို လေ့လာရန် လှေကုန်းပတ်ပေါ်သို့ တက်ခဲ့လေတော့ သည် ။ အလို ... ကျွန်ုပ်မှာ ကိုယ့်မျက်စိကိုယ်ပင်မယုံနိုင်ပေ ။ ဒေါင်းကဲသို့ ငှက်ကြီးများကား ကျွန်ုပ်တို့ လှေ ပတ်ဝန်းကျင်တွင် ဇင်ယော်ငှက်များ ပျံဝဲနေကြသလို့ ပျံဝဲနေကြသည်မှာ ကျွန်ုပ်တို့မှာ ပြဇတ်တစ် ပုဒ်ကို ကြည့်နေရသည်နှင့် တူလှပေသည် ။

ရေကန်ကြီးကား စိမ်းမြနေကာ ဘေးတွင်လည်း စိမ်းစိုပြေသော တောအုပ်များ နှင့် မည်သို့ သော အမည်နာမ ခေါ်ဝေါ်ရန်ခက်ခဲသော သတ္တ၀ါ ဆန်းဆန်းများ မှာ ရေသောက်ဆင်းနေကြ သည်ကိုလည်းတွေ့ ရလေသည် ။ ကောင်းကင်ပြင်ကားကျွန်ုပ်တို့ မြင်ရသလို ကောင်းကင်အပြာမဟုတ်ပဲ စိမ်းစို နေကာ ကျွန်ုပ်တို့မှာ အလွယ်ပြောရလျှင် ပြဇတ်ရုံကြီး တစ်ခုအတွင်းသို့ ရောက်နေကြသည်နှင့် တူလေသည် ။ ထိုအခိုက် ကျွန်ုပ်တို့ လှေကြီး အောက်မှ အရိပ်ဖြူကြီးတစ်ခုဖြတ်သန်းသွားရာ ရေကန်ကြီးမှာ ဖြူဖွေးသွားလေတော့သည် ။ ထိုအရာကြီးသည် ကျွန်ုပ်ကြားဖူးသော ကုန်းမှာ မြွေပွေး ၊ ရေမှာ ငရွေးဆိုသကဲသို့ ရေထဲတွင်အကြီးဆုံးဖြစ်သော ငရွေးကြီးပင်ဖြစ်လေသလော ။ သို့တည်းမဟုတ်....။

ဆက်ရန် ။

www.thettantvillage.com
သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, May 16, 2011

သေမင်းတမန်ခရီးကြမ်း (အပိုင်း ၉)

သေမင်းတမန်ခရီးကြမ်း (အပိုင်း ၉)



ကျွန်ုပ်လည်းလက်နှင့်အသာခွာချ၍လွှင့်ပစ်လိုက်ရာ ခြေထောက်မှ သွေးများကားစီးကျလာလေသည်။
ခြေထောက် မှ မျော့စုပ်ဒါဏ်ရာအား ဂရုမစိုက်အားသေးပေ ။ ပတ်ဝန်းကျင်မှ သားကောင်အန္တရာယ်က အချိန် မရွေး အသက်အန္တရာယ် ဇီဝိန်ချွေသွားနိုင်ပေသည် ။ သေနတ်မောင်းသာ ညှင်သာစွာကိုင်ရင်း ပတ်ဝန်းကျင်ကို စူးစမ်း ၍ကြည့်ရာ ကျွန်ုပ်၏ ညာဖက်ယွန်းယွန်းဆီမှ မြက်ပင်များမှာ လှုပ်ရှားနေသည်ကို တွေ့ရလေသည် ။ နှာ မှုတ်သံလိုလို အမျိုးအမည်ခွဲခြားရန်မသိသော အသံတစ်မျိုးကိုပြုကာ လေဟုန်ကို မြှားနှင့်ပစ်ခွင်သကဲ့သို့ တဟုန် ထိုး မြက်ပင်များကို ခွဲလျှက် ကျွန်ုပ်ဆီသို့ ဦးတည်၍ လာလေတော့သည် ။ ကျွန်ုပ်လည်း တုံ့ဆိုင်းမနေတော့ပဲ ထိုနေရာသို့ သေနတ်ကို ထိုးချိန်ကာ ပစ်ချလိုက်လေတော့သည် ။

“ ဒိုင်း ”

ထိုသတ္တ၀ါကြီးကား ကျွန်ုပ်ထံရောက်ရန် ၂ လံခန့်အလိုတွင် အရှိန်ပြင်းစွာလာနေသော မြင်းတစ်ကောင်အား ဇတ်ကြိုး ကို နောက်မှနေ၍ ဆောင့်ဆွဲလိုက်ဘိသကဲ့သို့ တုန့် ကနဲ ရပ်သွားလေတော့သည် ။ ထိုအခါမှ ကျွန်ုပ် လည်း သက်ပြင်းချနိုင်ပေတော့သည် ။

လရောင်အားကိုးဖြင့် ထိုသတ္တ၀ါကြီးအနီးသို့ တိုးကပ်လာခဲ့လေသည် ။ မည်သို့သော သတ္တ၀ါဖြစ်မည်ကို သိလို စိတ်က ထိမ်းမနိုင်သိမ်းမရ ၊ သတ္တ၀ါကြီး လဲကျသွားရာနေရာသို့ ရောက်သောအခါ ကျွန်ုပ်မှ မြင်ကွင်းကို ကြည့်၍ ကြက်သေသေသွားလေတော့သည် ။ ခန္ဓာကိုယ်ကား တောဝက်တစ်ကောင်ခန့်ရှိလေသည် ။ ခြေနှစ်ဖက် လက်နှစ် ဖက်တွင် ခွာချွန်များရှိကာ နှဖူးတည့်တည့်တွင် ကြံ့သတ္တ၀ါကဲ့သို့ ချွန်ထက်သော ဦးချိုတစ် ခုပါရှိလေ သည် ။ ပါးစပ်တွင်ကား ကျားစွယ်ကဲ့သို့ ချွန်မြသော အစွယ်များပါရှိကာ မည်သို့သော သတ္တ၀ါအမျိုးအစားမှန်း ကျွန်ုပ်လည်းမသိပေ ။

ကျွန်ုပ်ကား ကြည့်ရှုနေစဉ်အတွင်းမှာပင် သတ္တ၀ါကြီးမှာ ရုတ်တရက် လှဲနေရာမှ ဆတ်ကနဲ ထကာ ကျွန်ုပ်အား ၄င်း၏ဦး ချိုဖြင့် လှမ်းပက်လိုက်လေတော့သည် ။ ကျွန်ုပ်လည်း ဆတ်ကနဲရှောင်လိုက်သော်လည်း ရုတ်တ ရက်ဖြစ်သောကြောင့် မလွတ်တော့ပဲ ကျွန်ုပ်လက်မောင်းနှင့် သတ္တ၀ါကြီး၏ ဦးချို ခြစ်မိသွားလေ ရာ သွေး များဖြာက နဲ ထွက်လာလေတော့သည် ။ ကျွန်ုပ်လည်း ဒါဏ်ရာကို မမှုအား ၊ သေနတ်ဖြင့် သတ္တ၀ါကြီး၏ ဦးခေါင်း အား ချိန်ရွယ်ကာ ပစ်ချလိုက်လေတော့သည် ။ ထိုအခါမှပင် ထိုအမည်မသိ ထူးဆန်းသတ္တ၀ါကြီးမှာ ဦးခေါင်းကြေမွ သွားပြီး ငြိမ်သက်သွားလေတော့သည် ။ လက်မှ သွေးများက စီးကျနေသောကြောင့် အကျီင်္ကို ဖြဲကာ စည်းထားလိုက်၏ ။

နံနက်အာရုံတက်ချိန်ပင် ရောက်လာသောကြောင့် လရောင်မှာမှေးမှိန်ကာ သဘာဝအလင်းပေါ်ထွက်လာပြီး ရှင်းရှင်း လင်း လင်းစတင်မြင်ရလေတော့သည် ။ ကျွန်ုပ်လည်း ရေလှိုင်းသံများကြားရာသို့ မှန်းဆကာ တိုးထွက် လာခဲ့လေတော့သည် ။ အတန်ကြာလျှောက်ပြီးသောအခါ ခပ်လှမ်းလှမ်းမှနေ၍ လူရိပ်ငါးခုမြင်လိုက်သောကြောင့် ရန်သူလားမိတ်ဆွေလား မခွဲခြားနိုင်သဖြင့် နောက်ဆုံး ကျည်တစ်တောင့်ပါသော သေနတ်ကို အသင့် ကိုင် ကာ ရှေ့သို့ ဆက်ခဲ့လေတော့သည် ။

“သူကြီး...သူကြီးလား ”

“ ဟေး...ကိုမြင့်လွင် ”

“ဟာ..ဟုတ်တယ်ကွ လာလာမြန်မြန် ဒါသူကြီးပဲ ”

ပြောပြောဆိုဆို ကျွန်ုပ်ထံသို့ ကိုမြင့်လွင် ၊ သူရိန် ၊ ဘီလူး ၊ သားပြောင် ၊ ငမိုးတို့ ပြေး လာကြသည်ကိုတွေ့ လိုက်ရသောအခါမှပင် ကျွန်ုပ်လည်း စိတ်အေးရပေတော့သည် ။

“ ဟင်သူကြီး ..သူကြီးလက်က ဘာဖြစ်တာလဲ ”

“ ဘာသတ္တ၀ါ မှန်းမသိပါဘူး ငမိုးရာ ဟောဟို ခပ်လှမ်းလှမ်းမှာ လဲနေလေရဲ့ သူနဲ့တိုက်ခဲ့တာ ကျည်တစ်တောင့် ပဲကျန်တော့တယ် အဲဒီအကောင်ကိုလည်း သယ်ခဲ့ကြပါ လိုလိုမယ်မယ် ရိက္ခာအတွက်ပေါ့ ”

“ဟုတ်ကဲ့သူကြီး သူကြီးကို စိတ်မချလို့လိုက်လာတာ ကမ်းစပ်ကို သူကြီးတို့ ရောက်အောင်သွားနှင့်ချေ ကျွန်တော် တို့ အဲဒီအကောင်ကိုသယ်ပြီးလိုက်လာမယ် ”

ဟု သူရိန်က ပြောကာ ငမိုးနှု့် ကိုမြင့်လွင်အား ခေါ်၍ ထိုသတ္တ၀ါကြီးဆီသို့ ထွက်ခွာသွားလေတော့သည် ။

ဘီလူးနှင့် သားပြောင်တို့ကို အားပြအုကာ ကျွန်ုပ်လည်း ရွာသားများစုရပ်သို့ ပြန်ခဲ့လေတော့သည် ။ တောစပ် ကုန်ဆုံးပြီးသောအခါ သန့်ရှင်းလတ်ဆတ်သော ပင်လယ်လေနှင့် ပင်လယ်ပြင်ကြီးက ကျွန်ုပ်အား ဆီးကြိုနေလေတော သည် ။ အလို ပင်လယ်ကမ်းစပ်တွင်ကား ရွာသူရွာသားအားလုံးနှင့် ရွာကာလသားများ အပြင် လွန်စွာကြီးမားသော ပင်လယ်ကူး လှေကြီးတစ်စင်းကိုပါ တွေ့လိုက်ရလေတော့သည်။

“ ဟာ...သူကြီး ”

“ ဟင် သူကြီးလိုက်လာပြီ ”

ပြောပြောဆိုဆို ညီမငယ် ကြယ်ဖြူ ၊ ပုတုလေး ၊ အင်ကြင်း၊ ဇိုင်းပန် ၊ နဲဗား တို့မှာ ကျွန်ုပ်တို့လား လာကြိုကြလေတော့သည်။ သို့နှင့် ကျွန်ုပ်၏ ဒါဏ်ရာအား ပင်လယ်ကမ်းစပ်မှာပင် လူရိုင်းသားအ ငယ်ဆုံး ဖြစ်သော အလင်းသစ်က ၄င်းတို့၏ အစွမ်းထက် ပင်လယ်ရေမှော်တစ်မျိုးဖြင့် ဆေးထည့်ပေးလေရာ အတော်ပင် နေသာထိုင်သာရှိသွားလေတော့သည် ။ (၄င်းတို့ ၃ ယောက်မှာ ခါးတွင် ထိုဆေးဘူးငယ်များကို အစဉ် သဖြင့် ချိတ်ဆွဲထားကြလေသည် ။ အစွမ်းထက်သော ဆေးဝါးတစ်မျိုးအဖြစ် စီမံထားပုံရလေသည် ။ ) ကျွန်ုပ်အား ဆေးထည့်ပေးနေစဉ်အတွင်း လူကြီးအကြီးအကဲ၏ သမီးအကြီးဆုံးဖြစ်သူ အဖြူရောင်နတ်သမီးမှ

“ သင်တို့ ကို ဒီလှေကြီးဖြင့် ပင်လယ်ဖြတ်ကူးရန်လက်ဆောင်ပေးအပ်လိုက်ပါတယ် သင်တို့ဘေးလွတ် ရာသို့ သွားကြ ပါလော့ ဒီနေရာမှာ အကြီးနေလျှင် အန္တရာယ်ရှိနိုင်ပါတယ် ”

“ ဒါဆို သင်တို့ ၃ ယောက်ကရော လူရိုင်းများဆီပြန်မည်လား ”

ကျွန်ုပ်ပြန်ပေးလိုက်သောအခါ လူရိုင်း ငယ်သားသမီး ၃ ယောက်မှာ မျက်နှာများညှိုးနွမ်းကြကုန်၏ ။

“ ကျွန်ုပ်တို့ ရဲ့ မျှော်လင့်ချက်ကတော့ ပင်လယ်စောင့်နတ်မင်းကြီးနဲ့ လေမင်း နေမင်းတို့ပဲရှိပါတော့တယ် ကျွန်ုပ်တို့ ၏ ဖခင်က ကျွန်ုပ်တို့အား သတ်မှာ အမှန်ပါပဲ ဖခင်ဟာ အကြင်နာတရား မရှိပဲ ရှေးရိုးကြီး အတိုင်းနေထိုင် သူဖြစ်တယ် ”

“ အာ.. ဒီလိုတော့ ဘယ်ဖြစ်မလဲ ကျွန်ုပ်တို့အားလုံးလွတ်မြောက်ဖို့အတွက် သင်တို့ အသက်တွေ စတေးရမယ် ဆိုရင် ကျွန်ုပ်တို့လည်း စိတ်ကောင်းနိုင်မှာမဟုတ်ပါဘူး ”

“ ဒီလိုဆိုရင် သင်တို့ ရွာသားတွေနဲ့ကျွန်ုပ်တို့ ၃ ယောက်လိုက်ပြီး သင်တို့ရွာသားအဖြစ် လူယဉ်ကျေးတွေအဖြစ် ခံ့ယူချင်ပါတယ် ”

“ ကျွန်ုပ်၏ ရွာသားများ သဘောကို မေးမည် ”

ကျွန်ုပ်ကား ထိုသို့ ပြောပြီး ရွာသားများဖက်လှည့်လိုက်ရာ ရွာကာလသားများဖြစ်သော သူရိန် ၊ စမူဆာ ၊ သားပြောင် ၊ ငမိုး ၊ ကိုကြီးကျော်တို့မှာ လှိုက်လှဲဝမ်းသာစွာ ဖြင့်

“ ထောက်ခံပါတယ်သူကြီး သူတို့ကိုလည်းခေါ်ခဲ့ပါ ”

ဟု ၀ိုင်းဝန်းပြောဆိုကြလေတော့သည် ။

“ကဲကဲ..အချိန်ကြာလို့မဖြစ်ဘူး ဟေ့ လှေပေါ်ကို အကုန်လုံးတက်ကြပါ ခရီးဆက်ထွက်ကြမယ် ”

“၀ှီး ၀ှီး ...ဒုတ် ”

ကျွန်ုပ်ပြောသံမဆုံးမှီမှာပင် အနီးအနားရှိ နေရာများသို့ မြှားတံများ လာရောက်စိုက်ဝင်ကုန်ကြလေသည် ။ လူရိုင်းများကားခြေရာခံလိုက်လာကြချေပြီ ။ ထိုအခါမှပင် လှေကိုကြိုးဖြုတ်သူဖြုတ် ၊ ရွက်လွှင့်သူ လွှင့်ကာလူအား လုံး အမြန်ကမ်းစပ်မှ ထွက်ခွာခဲ့ကြလေတော့သည် ။

ကျွန်ုပ်တို့ လှေကြီး ကမ်းစပ်မှ ခပ်လှမ်းလှမ်းအရောက်တွင် ကမ်းစပ်သို့ လှံများ မြှားများကို ကိုင်ဆောင်ထားသော လူရိုင်းများ ကား ဒေါသတကြီးဖြင့် လိုက်လာကြသည်ကိုတွေ့လိုက်ရလေတော့သည် ။ ၄င်းတို့မှာ ပင်လယ်ထဲသို့ လည်းဆက်လိုက်ရင် အဆင်သင့်မဖြစ်သောကြောင့် ကျွန်ုပ်တို့ကို သာ ဒေါသတကြီးဖြင့်ကြည့်ရင်း ကျန်ခဲ့ရ ရှာလေတော့သည် ။

“ အသင်သူကြီး ကျွန်ုပ်တို့ ကျွန်းပတ်ဝန်းကျင်တွင် နတ်နဂါးများ ရှိနေပါသည် သို့ရာတွင် ကျွန်ုပ်တို့တွင် ပါလာသော အဆောင်များကြောင့် ၄င်းတို့မှာ ဘေးလွတ်ရာသို့ ခြံရံလိုက်ပို့ပါလိမ့်မယ် ရန်မူခြင်းမပြုကြပါနှင့် ”

“ ကောင်းပါပြီ”

သို့နှင့် ကျွန်ုပ်တို့ရွက်လွှင့်လာပြီးနာရီဝက်ခန့်အကြာတွင် ကျွန်ုပ်တို့ ပထမလှေကြီး နှင့်လာစဉ်က ကြုံတွေ့ ခဲ့ရသော ညံ သတ္တ၀ါများမှာ အကောင်ပေါင်းမရေမတွက်နိုင်အောင် ပင်လယ်အောက် မှ ခေါင်းရှည်ကြီး များထောင်လျှက် လှေကြီးအား လာရောက်ဝန်းရံကြလေသည် ။ ကျွန်ုပ်တို့မှာ လွန်စွာထိတ် လန့်ကြကုန်၏ ။ သို့ရာတွင် လူရိုင်းငယ်များပြောသည့်အတိုင်း လှေကိုမူ လုံးဝအန္တရာယ်ပေးခြင်းမရှိပေ ။ ၄င်းတို့ သည် ကျွန်ုပ်တို့နှင့် ၂ ရက်တိုင်တိုင် ပင်လယ်ဝ မှ သမုဒ္ဒယာအတွင်းသို့ လိုက်ပါပို့ဆောင်ကြကုန်၏ ။ ထိုအတော တွင်းတွင် လှေကြီးပေါ်တွင်ပါလာသော အစားအသောက်များ ၊ ဆန်များ ၊ ပဲများ ၊ အသားခြောက်များကြောင့် ရွာသူ သက်မီမှာ ကျွန်ုပ်တို့အား တစ်နေ့တစ်မျိုး မရိုးရအောင် ချက်ကျွေးလေရာ ကျွန်ုပ်တို့မှာ ဖြစ်ခဲ့သမျှတို့ အား မေ့ပျောက်ကာ ပျော်ပွဲစားထွက်လာသည်နှင့်ပင်တူပေတော့သည် ။

ကျွန်ုပ်ပစ်ခတ်၍ ရရှိလာသော ထူးဆန်းသတ္တ၀ါကြီး၏ အသားကား လွန်စွာ စားကောင်းကြရာ ရွာသားများမှာ အထူနှစ်ခြိုက်ကြကုန်၏ ။ လူရိုင်းငယ်များနှင့် ရွာသားများအား အတော်ပင်ရင်းနှီးကြလေရာ ရွာကာလ သားများကား မြန်မာစကားကို လူရိုင်းငယ်များအား သင်ပေးကြလေရာ ၄င်းတို့မှာ မပီကလာ ပီကလာနှင့် မြန်မာစကားအချို့ကို ပြောနေနိုင်ပြီဖြစ်၏ ။ (ထိုအတောအတွင်း စားလိုက်သောက်လိုက်နှင့်အန္တရယ် ကြီးကြီးမားမားမတွေ့ရပဲ ရှိသောကြောင့် စာဖတ်သူများ မငြီးငွေ့စေရန် ထိုအခန်းများအား ချန်ထားရစ်ခဲ့ပါသည် ) သို့နှင့် ပင်လယ်သမုဒ္ဒယာအတွင်း ရွက်လွှင့်ပြီး ၇ ရက်တိတိ မြောက်ညနေခင်းတွေ လူရိုင်းငယ် အလင်းသစ်မှ

“ သူကြီး ... အခု ရောက်နေတဲ့နေရာက မရဏအငူကွေ့လို့ခေါ်တယ် ကျွန်ုပ်တို့ ငယ်စဉ်ကတော့ရောက်ဖူးတယ် ဒီဖက်ကို ဒီမှာ သေမင်းတမန် ၀ဲကတော့ကြီး ၃ ခုရှိတယ် တစ်ဖက်မြေပြန့်တွေကို သွားဖို့ဆိုရင် ဒီဝဲကတော့ကြီး ၃ ခုကိုဖြတ်မှရတယ် သူကြီး ဟိုးရှေ့မှာကြည့်လိုက်ပါ အဲဒါ သေမင်းတမန် ၀ဲ နံပါတ် ၁ပဲ ”

ဟုပြောဆိုလေသည် ။ ကျွန်ုပ်လည်း အရှေ့သို့ မျှော်ကြည့်လိုက်လာ လွန်စွာကြီးမားပြီး ပြင်းထန်လှသော ၊ ပတ်ပတ်လည်ရေစီးကြောင်းများ ရစ်ဝိုင်းနေသော သေမင်းတမန် ၀ဲကတော့ကြီးက ကျွန်ုပ်တို့လှေကလေးအား အသင့်စောင့်ကြိုနေသည်ကို တွေ့လိုက်ရလေတော့သတည်း ။

ဆက်ရန်

www.thettantvillage.com
သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, May 9, 2011

သေမင်းတမန်ခရီးကြမ်း (အပိုင်း ၈)

သေမင်းတမန်ခရီးကြမ်း (အပိုင်း ၈)






ကျွန်ုပ်တို့သည် ဘီလူးကိုတွေ့ပြီးသည်နှင့်တပြိုင်နက် အချက်ပေးသံကိုပါ တစ်ဆက်တည်း ကြား လိုက် ရသောကြောင့် လူရိုင်းများသည် ကျွန်ုပ်တို အကြံအစည်ကို ကြိုတင်ရိပ်မိသွားပြီဖြစ်ကြောင်း သိလိုက်ရလေတော့
သည် ။

“ သူကြီး...သူကြီး...ကျွန်တော်လာပြီ ”

ဘီလူးကား ပြောပြောဆိုဆို လက်ထဲမှ ဓါးနှင့် ကျွန်ုပ်တို့အဖွဲ့အား လှောင်ထားသော ခြံဝန်းအား တုပ်နှောင် ထားသည့် ကြိုးများအား လှီးဖြတ်လေတော့သည် ။ ထိုအခိုက် ရွာထဲမှ ကြောက်မက်ဖွယ်ကောင်းသော အသံများ ကိုပြု၍ လူရိုင်းများကား ကျွန်ုပ်တို့ဆီသို့ ဦးတည်၍ လာနေချေပြီ ။ ခြံဝန်းတံခါးပွင့်သွားသောအခါ ကျွန်ုပ်တို့အဖွဲ့ လည်း ရရာလက်နက်များကို အိပ်ပျော်နေကြသော လူရိုင်းအစောင့်များထံမှ ယူ၍ ခြံဝန်းအပြင် ဖက်သို့ ထွက်ခဲ့ကြလေတော့သည် ။ ထိုစဉ်ကျွန်ုပ်တို့ အဖွဲ့ဆီသို့ ပြေးလွှား၍ အမြန်ရောက်လာကြသော လူရိုင်း အကြီးအကဲ၏ သားသမီး ၃ ယောက် ကိုတွေ့လိုက်ရလေတော့သည် ။ အော်ဟစ်၍ ညာသံပေးကာ လာနေ ကြသော အသားစားလူရိုင်းများ၏ အသံများကား တဖြည်းဖြည်း နီးလာ့ချေပြီ ။

“ ကဲ..ဘီလူးရေ ကျွန်တော်တို့ တစ်အုပ်လုံး ဒီလိုပြေးလို့ကတော့ အကုန်လုံး ပြန်မိပြီး ဒုက္ခရောက်ကုန်ကြမယ်ဗျ ”

“ ဟုတ်တယ်သူကြီး အနောက်မှာ သားပြောင်လည်းပါတယ် သူက ပြေးရမယ့်လမ်းကြောင်းကို ရှင်းလင်းနေတယ် ဒါပေ မယ့် ကျွန်းအနောက်စူးစူးကို ပြေးရင် မိန်းကလေးနဲ့ကလေးတွေပါနေတော့ ပြန်မိသွားနိုင်တယ် ဒီတော့ ဒီထက် တိုတဲ့ လမ်းကြောင်းရှိရင်ကောင်းမယ် ”

ကျွန်ုပ်တို့အချင်းချင်းပြောနေကြစဉ် လူရိုင်းသမီးအကြီးဆုံး အဖြူရောင်နတ်သမီး မှနေ၍

“ အသင်လူယဉ်ကျေးတို့ ယခုပုံအတိုင်းဆို လျှင် ကျွန်ုပ်တို့ ပူးပေါင်းကြံစည်မှုကား ကျွန်ုပ်တို့ ဖခင်သိသွားချေပြီ ။ ကျွန်ုပ် တို့အား လုံးတပြိုင်တည်းထွက်ပြေးရန်မဖြစ်နိုင်တော့ချေ ”

ဟုပြောလေသည် ။

“ ကောင်းပါပြီ ဒါဆိုသင်တို့ ၃ ယောက်ဟာ ရွာသူရွာသားများကို ခေါ်၍ လုံခြုံသည့်နေရာသို့ ပြေးပါလေ ကျွန်ုပ်တို့ ရွာ ကာလ သားအချို့ လူရိုင်းများအား တိုက်ခိုက်ရန် ကျန်ရစ်ခဲ့ပါမည် သင်တို့သွားရာ လမ်းတလျှောက်တွင် အမှတ်အသား များ ထားရစ်ခဲ့ပါလေ ”

“ ကောင်းပါပြီ သင်တို့ မြန်မြန်ဖောက်ထွက်ပြီးလိုက်ခဲ့ကြပါချေ ”

သို့နှင့် လူရိုင်းသားသမီး ၃ ယောက်တို့ကား ကြယ်ဖြူလေး ၊ ဆောင်းရွက်ကြွေ ၊ အင်ကြင်း ၊ သက်မီ ၊ မိဂျန်လေး ၊ ပုတုလေး ၊ မေလေး ၊ ဟေမွန်ချမ်း ၊ ကေးကေး စသော အားနွဲ့သူ အမျိုးသမီး များနှင့် ရွာသားအချို့အား ဦးဆောင် ပြီး အနောက်ဖက်တောအုပ်ထဲသို့ တိုးဝင်သွားကြလေတော့သည် ။ ကျွန်ုပ် ၊ ဘီလူး ၊ သားပြောင် ၊ ဝေယံ ၊ နိုးအိမ်ရှင် ၊ သူရိန် ၊ ကိုဖုန်း ၊ စမူဆာ ၊ ရွာဆော်ငမိုး ၊ ကာလသားခေါင်း စသော တိုက်ရဲခိုက်ရဲ လူငယ် လူလတ်ပိုင်းများ သား ကျန်ခဲ့လေတော့သ ည် ။

“ ရော့သူကြီးရဲ့ သေနတ် သောင်ပြင်မှာ တင်နေလို့ ကျွန်တော်ကောက်လာခဲ့တာ ”

ဘီလူးက ပြောပြောဆိုဆို ကျွန်ုပ်၏ လက်စွဲတော် သေနတ်အားလှမ်းပေးလိုက်လေသည် ။ လူရိုင်းအုပ်စုကား ကျွန်ုပ်တို့ဆီ ပြေးလာနေသည်ကို မြင်လိုက်ရလေသည် ။ ကျွန်ုပ်လည်း စဉ်းစားမနေတော့ပဲ လူရိုင်းအုပ်သို့ ချိန်ရွယ် ကာ သေနတ်မောင်းခလုတ်ကို ညှစ်ချလိုက်လေတော့သည် ။

“ ဒိန်း ”

ကျယ်လောင်စွာ မြည်ဟီးသံနှင့်အတူ လူရိုင်းအုပ်စုကား ၀ါးလုံးစည်းအား ကြိုးဖြည်လိုက် သကဲ့ သို့ တောင်ရောက်မြောက်ရောက် ဖြစ်ကုန်ကြလေတော့သည် ။ သို့ရာတွင် အသိဥာဏ်မရှိသော လူရိုင်းများဖြစ် သည့် အလျှောက် ကျွန်ုပ်တို့ဆီသို့ လှံများဖြင့်ချိန်ရွယ်လျှက် အချို့သော လူရိုင်းများကား ပြေးဝင် လာကြလေတော့ သည် ။ လူရိုင်းတစ်ဦးကား လက်ထဲမှ လှံနှင့် ဘီလူးအား ထိုးချလိုက်ရာ ဘီလူးမှာ လျှင်မြန်စွာ ရှောင်တိမ်း၍ ၀ါးလုံးချွန်နှင့် လည်မြိုကို ထိုးစိုက်ချလိုက်လေတော့သည် ။ လှံရှည်များနှင့် ကျွန်ုပ် တို့ဖက် မှ ကိုင်ဆောင်သော ၀ါးလုံးချွန်များ ဓါးများ ထိခိုက်မိသံများက ကမ္ဘာပျက်မတတ်ပင် ။ ဓါးမရှည်ကြီး ကိုင်ဆောင်ထားသော လူရိုင်းထွားထွားကြီးတစ်ဦးက သူရိန်နှင့် ဝေယံ တို့ နှစ်ဦးအား ဝှေ့ပိုင်း ချလိုက်ရာအရှောင် မြန်၍ သီသီလေး လွတ်သွားလေသည် ။ ရွာဆော်ငမိုးမှ နောက်မှနေ၍ တင်းပုတ်သဏ္ဍာန်ုတုတ်ချောင်းဖြင့် ဦးခေါင်းအား ရိုက်ချလိုက်ရာ ၄င်းလက်ထဲမှ တင်းပုတ်မှာ အဝေးဆီသို့ လွင့်စင်ထွက်သွားလေတော့သည် ။

လူ၇ိုင်းကြီး၏ ဦးခေါင်းမှာ သန်မာလွန်း၍ နာကျင်ဟန်မပြပေ ။ ကျွန်ုပ်မှာလည်း အုပ်စုလိုက် တက်ချလာသော လူရိုင်းများအား မည်းမည်းမြင်ရာ ပစ်ချနေလေရာ ၄င်းတို့အား မကူအားပေ ။ ၇ွာဆော်ငမိုးမှာ လက်ထဲမှ တုတ်ချောင်း လည်းမရှိတော့ ။ လူရိုင်းကြီးကား ၄င်း၏ ဓါးကြီးဖြင့် အားကုန်ခုတ်ပိုင်းချလိုက်တော့သည် ။ သို့ရာ တွင်လူရိုင်းကြီး၏ ဓါးကား ငမိုး၏ ဦးခေါင်းပေါ်သို့မရောက်မီမှာပင် လည်မြိုသို့ မြှားတစ်စင်းက စိုက်ဝင်လာသောကြောင့် လေပေါ်မှာ ဓါးတန်းလန်းကိုကိုင်မြှောက်ရင်း လဲကျသွားလေတော့သည် ။

မြှားပစ်ရာလမ်းကြောင်းကို ကြည့်လိုက်တော့ ဒူးလေးကိုင်ကာကျွန်ုပ်တို့အား လက်မထောင်ပြလိုက်သော စမူဆာကိုတွေ့ လိုက်ရလေသည်။ မိုးလှိုင်ညနှင့် ထွန်းထွန်းတို့မှာလည်း လက်နက်ကိုယ်စီဖြင့် သူသေကိုယ်သေ တိုက်ပွဲ ဆင်နွှဲနေကြကုန်၏ ။ နိုးအိမ်ရှင်၏ ဗန်တို ဗန်ရှည်မြန်မာ့သိုင်းကွက်များကလည်း တစ်ဦးချင်း တိုက်ခိုက်ရာတွင် လွန်စွာ အသုံးဝင်လှပေသည် ။ နဲဗားမှလည်း “ ယား...ယား..စ် ...” ဟု အားကုန်အော်ဟစ်ကာ လူရိုင်းများ လာရောက်တိုက်ခိုက်မည်ကိုမစောင့်ပဲ လူရိုင်းအုပ်ထဲသို့ တိုးဝင်ကာ လက်စွမ်းပြနေလေသည် ။ သိုင်း ပညာ ကို စနစ်တကျ သင်ယူထားသော ကျွန်ုပ်တို့အဖို့ တစ်ဦးချင်းတိုက်ခိုက်ရာတွင် မထောင်းသာ လှသော် လည်း ရှေရှည်တွင်မူ လူရိုင်းများ၏ အရေအတွက်မှာ များသထက်များလာသောောကာင့် ကျွန်ုပ်တို့မှာ အရေးနိမ့်နိုင်ပေ သည် ။

ရွာထဲမှ နောက်တစ်ချီပြေးထွက်လာသော လူရိုင်းအုပ်အား နှစ်လုံးပြူး ကျည်တစ်တောင့် ဖြင့်ဖောက်ခွဲ လိုက်ြ့ပီးနောက်

“ ကဲ..ဘီလူးနဲ့သားပြောင်တို့ရေ ဒီအတိုင်းဆိုမဖြစ်ဘူး ကျွန်တော်ကာပစ်ပေးထားမယ် ကျည်ကလည်း သိပ်မ ကျန်တော့ ဘူး ခင်ဗျားတို့ ရွာသားတွေအကုန်ခေါ်ပြီး ရွာအနောက်လမ်းကြောင်းအတိုင်းလိုက်ပေတော့ ကျွန်တော့်သေနတ် နဲ့ခံပစ်ပေးထားမယ် ”


“ အင်းအင်း သူကြီး အမြန်လိုက်လာခဲ့နော် ဒါဆိုကျွန်တော်တို့သွားနှင့်ပြီ ”

သို့နှင့် ကျွန်ုပ်လည်း ရှေ့ဆုံးမှ မိုက်ရူးရဲလူရိုင်းများအား ဆက်တိုက်ပစ်ချနေရာ အုပ်စုလိုက်ပြေးဝင်လာသော အရှိန်မှာ တန့်သွားပြီး အခြေအနေအရသာ တိုးဝင်ကြပေတော့သည် ။ သို့နှင့် နောက်သို့ ဆုတ်ရင်း ဆုတ်ရင်း တောအစပ်သို့ ရောက်လာချေပြီ ။ ကျွန်ုပ်လည်း လက်ထဲရှိ ကျည်ဆံ အား ဆက်တိုက်ပစ် ချလိုက်ပြီး နောက်သို့ လှည့်ကာ သုတ်ချေတင်ပြေးလေတော့သည် ။ လူ၇ိုင်းများမှာ ရုတ်တရက် ကျွန်ုပ်လက် ထဲမှ သေနတ်အစွမ်းကို ကြောက်နေသေး၍ လိုက်မလာကြသေးပေ ။ အချိန်အတော်ကြီးကြာမှသာ ဗုံများကို ကျယ်လောင်စွာ တီး၍ တောနင်းကာ လိုက်လာကြပြီဖြစ်ကြောင်းကျွန်ုပ်ရိပ်မိလိုက်၏ ။ အချိန်ကား ဥာဉ့်နက် သထက်နက်လာ၏ ။ ကံကောင်းထောက်မစွာပင် လရောင်လေးကြောင့်သာ အရှေ့မှသွားခဲ့သော လူများ၏ လမ်းကြောင်း ကို မှန်းဆ ရွာဖွေကာ လိုက်လာနိုင်ခြင်းပင်ဖြစ်သည် ။

အချို့နေရာများတွင် လူသွားခြေရာများနှင့် မြက်ပင်အယိုင်အလဲများကို မှန်းဆ၍သွားနိုင်သော်လည်း အချို့နေရာများတွင်မူ သစ်ပင်များတွင်ဓါးနှင့် ထွင်းရာများအားကြည့်၍ ခရီးဆက်ခဲ့ရလေတော့သည် ။ ကျွန်းက အတော်ကျယ်ဝန်းပုံ ပင်ရလေသည် ။ ကျွန်ုပ်လည်းဆက်တိုက် ၃ နာရီခန့် ခရီးပြင်းနှင်လာရာ လူရိုင်းများ၏ ဗုံသံများကိုမူ မကြားရတော့ချေ ။ ရှေ့မှ သွားသူများ၏ အရိပ်အယောင်ကိုမျှပင်မတွေ့ရပေ ။ ထိုအခါမှ ရွာသူရွာသား များ၏ အပြေးခြေလှမ်းသွက်ပုံကို ကျွန်ုပ်တွေးမိ၍ ပြုံးမိလေသည် ။ ယခုအခါတွင် မူ ကျွန်ုပ်မှာ တစ်ကိုယ် တည်းဖြစ်၍ တခါတရံတွင် တောခြောက်ခံရမည်လော ၊ လမ်းပျောက်နေသည်လော ဟုတွေးကာ သံသယ ပင်ဖြစ်မိသေး၏ ။ သို့ရာတွင် သစ်ပင်အချို့တွင် ဓါးနှင့် မှတ်သားရာများကိုဆက် လက်တွေ့ ရပြန်သောကြောင့် တဖန်အားတက်ရပြန်သည် ။

တဖြည်းဖြည်းနှင့် တောမှာနက်သထက်နက်လာပြီးနောက် ကောင်းကင်တွင် အလင်းရောင် မှုန်ပြပြလေး များ တွေ့ရ၍ မကြာခင် အာရုံတက်တော့မည်ဖြစ်ကြောင်းကျွန်ုပ်သတိထားမိလိုက်၏ ။ ခြေလှမ်း များက ပိုမိုနှေးကွေးလာပြီး မသယ်ချင်လောက်အောင် ပင် ပင်ပန်းလွန်းလှ၏ ။ ကျွန်ုပ်တို့ဆီမှ ခံစစ် တိုက်ရင်းဆုတ် ခွာသွားသော ရွာ၏ လူရွယ်လူငယ်ကာလသားအဖွဲ့နှင့် လူရိုင်းသားသမီး ၃ ယောက်ဦးဆောင်သွားသော မိးန်သားများနှင့် ရွာသားအဖွဲ့ ပြန်၍ တွေ့ဆုံကြပါမည်လော ။ အလို....ကျွန်ုပ်သည် လျှောက် လှမ်းလာရင်းနှင့် နားထဲတွင် ရေလှိုင်းသံ သဲ့သဲ့ကြားလိုက်ရသောကြောင့် မကြာခင်ပင်လယ် ကမ်း စပ်ပြန်ရောက်တော့ မည်ဖြစ်ကြောင်း ခန့်မှန်းမိလိုက်၏ ။ ထူးဆန်းသည်မှာ ကျွန်ုပ်ဆုတ် ခွာ လာပြီးနောက် တောနက်ထဲတွင် မည်သည့်အကောင်ဗလောင်မျှ တွေ့ဆုံရခြင်းမရှိပေ ။.

နားထဲတွင် ရှပ်..ရှပ်..ရှပ်..ရှပ် အသံကြားလိုက်ရသောကြောင့် ကျွန်ုပ်ကား အန္တရာယ်၏ အငွေ့အသက် ကိုရ လိုက်သောကြောင့် အမြန်ဝပ်ချကာ ငြိမ်သက်နေလိုက်ရ၏ ။ ချီးကျူးကာမှပင် အန္တရာယ်ကောင်နှင့် တွေ့ချေပြီ ။ မည်သို့သော အကောင်ဖြစ်မည်နည်း ။ လက်ထဲရှိ သေနတ်ထဲမှ ကျည်ဆံကို စစ်ကြည့်လိုက်တော့ စုစုပေါင်း ၃ တောင့် ။ ခြေထောက်မှ ယားလံလာ၍ ကြည့်လိုက်တော့ လက်ဖမိုးခန့် ရှိသော မျော့နက်မည်းကြီး တစ်ကောင် ကား တွယ်ကပ်ထားသည်ကို တွေ့လိုက်ရလေတော့သည် ။

ဆက်ရန် ။

www.thettantvillage.com
သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, April 25, 2011

သေမင်းတမန်ခရီးကြမ်း (အပိုင်း ၇)

သေမင်းတမန်ခရီးကြမ်း (အပိုင်း ၇)




ကျွန်ုပ်တို့ဆီသို့ လျှောက်လာနေသော လူရိုင်းများ၏ မျက်နှာများမှာ မာထန်လျှက် ရှိပေ၏ ။ အ၀င်ဝ သို့ရောက်သော အခါ ကျွန်ုပ်တို့ဆီ ဦးတည်လျှက် ခြေဟန်လက်ဟန်ဖြင့် ပါးစပ်မှလည်း ၄င်းတို့ ဘာသာ စကားဖြင့် ပြောနေလေရာ ကျွန်ုပ်တို့မှာ လုံးဝ နားမလည်ပေ ။ (ဤနေရာမှစ၍ လူရိုင်းများ၏ စကားလုံးများအား စာဖတ် သူများနားလည်စေရန် အလို့ငှာ မြန်မာဘာသာဖြင့် ပြန်ဆိုဖော်ပြမည်ဖြစ်ပါသည် ။ )

“ အသင်တို့ဟာ ကျွန်ုပ်တို့ မနုဿ ကျွန်းဆီသို့ မဖိတ်ခေါ်ပဲရောက်လာတဲ့ သားကောင်တွေဖြစ်တယ် ။ အသင် တို့ကို နက်ဖြန်လပြည့်နေ့မွန်းတည့် ၁၂ နာရီတိတိ မှာ အသင်တို့ထဲက သားကောင်ငါးကောင်အား သတ်ဖြတ် ယစ်ဇ် ပူဇော် ပြီး ပင်လယ်စောင့်နတ်မင်းကြီးတွေကို ဆက်သရမှာဖြစ်တယ် အသင်တို့ဘာသာ လူရွေးထုတ် ထားပါ အခုမကြာခင် သင်တို့ကို ကျွန်ုပ်တို့အကြီးအကဲနဲ့ သားတော်သမီးတော်များ လာရောက်ကြည့် ရှုကြ မှာဖြစ်ပါတယ် ”

လူရိုင်းများကား ပြောဆိုပြီး နောက်သို့ ပြန်လှည့်သွားကြမည်ပြုရာ ရွာသူ မြတ်နေခြည် မှ

“ ခဏနေပါဦး အသင်လူရိုင်းတို့ ”

ဟု ပြောဆိုလိုက်ရာ လူရိုင်းများမှာ ၄င်းတို့ ဘာသာစကားအား နားလည်ပြန်ပြောနိုင်သဖြင့် အံအားသင့် သွားကြလေတော့သည် ။

“ ကျွန်ုပ်တို့ဟာ သင်တို့ ထင်သလို သားကောင်တွေ မဟုတ်သလို ပင်လယ်ပြင်မှာ မုန်တိုင်းကြောင့်လှေပျက်ပြီး ဒုက္ခရောက်ကြသူတွေဖြစ်တယ် သင်တို့ လူရိုင်းအကြီးအကဲတွေနဲ့ ဆွေးနွေးလိုပါတယ် ”

“ကောင်းပါပြီ ခဏနေရင်ရောက်လာကြတော့မှာပါ ”

လူရိုင်းများမှာ ကျွန်ုပ်တို့ အဖွဲ့အား စိမ်းစိမ်းကြီးကြည့်၍ ထွက်ခွာသွားလေသည် ။ ၄င်းတို့ ထွက်ခွာသွားပြီး မကြာခင် မှာပင် လူရိုင်းခေါင်းဆောင်ဟုထင်ရသော ဝေါစင်ပေါ်မှ လူရိုင်းအကြီးအကဲနှင့် ၄င်း၏ ဘေးမှ လူရိုင်းငယ် များပါ ကျွန်ုပ်တို့ ဆီ လျောက်လာနေသည်ကို တွေ့လိုက်ရလေသည် ။

“ သင်တို့ထဲမှာ ကျွန်ုပ်တို့စကားကို နားလည်တဲ့သူပါတယ်လို့ သိရတယ် ကျွန်ုပ်စကားပြောလိုတယ် ”

“ ကျွန်မ နားလည်ပါတယ် အသင်လူရိုင်းအကြီးအကဲ သင်နဲ့လည်းဆွေးနွေးလိုပါတယ် ”

“ ကောင်းပါပြီ သင်တို့ ကျွန်ုပ်တို့ ပိုင်နက်ထဲသို့ ကျူးကျော်လာပုံကို သိလိုပါတယ် ”

“ ဒီလိုပါ ကျွန်မတို့ တစ်ဖွဲ့လုံးဟာ မြန်မာနိုင်ငံရဲ့ ရွာကြီးတစ်ရွာမှာ နေထိုင်ကြတဲ့သူတွေပါ ။ ရွာမှာ ၀မ်းရော ဂါကပ်ကြီးကြောင့် ကျွန်မတို့ ရွာပြောင်းခဲ့ကြပါတယ် ။ ပင်လယ်ထဲမှာ လှေကြီးနဲ့ ခရီးဆက်နေတုန်း မုန်တိုင်း ဒါဏ်ကြောင့် အသင်တို့ ကျွန်းပေါ်လာရောက်သောင်တင်နေရခြင်းဖြစ်ပါတယ် ။ ကျွန်မတို့ တစ်ဖွဲ့လုံးဟာ သင်တို့ ရဲ့ သားကောင်တွေမဟုတ်သလို ရန်သူတွေလည်းမဟုတ်ကြပါဘူး ကျွန်မတို့ တစ်ဖွဲ့လုံးကို လွတ်မြောက် ခွင့်ပေးစေ လိုပါတယ် ”

“ ဟား ..ဟား...ဟား လုံးဝမဖြစ်နိုင်ပါဘူး အသင်တို့ မြဲမြဲမှတ်ထားဖို့က ကျွန်ုပ်တို့ဟာ ကမ္ဘာပေါ်မှာ ရှေးအကျဆုံး လူသားစား မျိုးနွယ်ဝင်တွေပဲ ဒီရွာမှာ ကျွန်ုပ်ရဲ့ သားသမီး ၃ ယောက် ကလွဲလို့ လူသားကို စတိဖြစ်ဖြစ် စားကြရ တယ် ။ သားသမီး ၃ ယောက်ကတော့ ငယ်ငယ်ကတည်းက အတင်းငြင်းဆန်ခဲ့လို့ ဒီအရွယ်ထိကြည့်နေရတာပဲ သူတို့ ကို လည်း တစ်ချိန်ရအောင်စားခိုင်းရမှာပဲ ကဲ သင်တို့ထဲက ငါးယောက်ကိုရွေးထားပါ နက်ဖြန် နေ့လည် ၁၂ နာရီ တိတိမှာ ယစ်ဇ်ပူဇော် ပြီးစားသောက်ရလိမ့်မယ် ”

လူရိုင်းခေါင်းဆောင်ကား ခက်ထန်ထန်ဖြင့် ပြောပြီး ပြန်လှည့်သွား လေပြီ ။ သွားပြီ... ကျွန်ုပ်တို့အဖွဲ့ ကား မျှော် လင့် ချက် ရေးရေးလေးမျှ မရှိတော့ပြီ ။

ထိုအခိုက် လူရိုင်းခေါင်းဆောင်၏ သမီး ၂ ယောက်နှင့်သားတစ်ယောက်တို့မှာ ကျန်လူရိုင်းများနောက်သို့ မလိုက် ပဲ ကျွန်ုပ်တို့ ရှိရာသို့ ပြန်လှည့်လာလေသည် ။

“ သင်တို့ဟာ လူကောင်းတွေပါ ကျွန်ုပ်တို့ ကျွန်းပေါ်ကို ရောက်ရှိလာတဲ့ဧည့်သည်တွေသာဖြစ်တယ် သင်တို့၏ အသက် ကို လည်း ဤကျွန်းပေါ်တွင် အချီးနှီးမကုန်ဆုံးစေလိုပါ ကျွန်ုပ်တို့ ၃ ယောက်တတ်နိုင်သမျှ ကူညီပါမယ် ”

“ ကျေးဇူးတင်ပါတယ် အသင်တို့ ၃ ယောက်ကို မိတ်ဆက်ပေးပါရစေ ဒါကျွန်ုပ်တို့ ရွာသူကြီးဖြစ်ပါတယ် ”

ကျွန်ုပ်လည်း လူရိုင်း ၃ ယောက်ဖက်သို့လှည့်၍ ပြုံးပြကား အသိအမှတ်ပြုရလေသည် ။ လူရိုင်းငယ် ၃ ယောက် မှလည်း ကျွန်ုပ်ကို ပြန်ပြုံးပြကြကာ

“ တွေ့ရတာဝမ်းသာပါတယ် အသင်သူကြီး ကျွန်ုပ်နာမည်မှာ WHITEDANGLE ဖြစ်၍ ကျွန်ုပ်ညီမနာမည်မှာ AKAYIWINNE ဖြစ်ပြီး မောင်ငယ်နာမည်မှာ ALINETHIT ဖြစ်ပါတယ် ကျွန်ုပ်တို့ ၃ ယောက်မှာ ငယ်ငယ်က တည်းက လူသားစားခြင်း ဓလေ့ကို မနှစ်သက်တဲ့အတွက် အမြဲပဲပုန်ကန်ခဲ့ပါတယ် ”

ဟုပြောကြားလေသည် ။ ၄င်းတို့နာမည်များမှာ အဆန်းအပြားများဖြစ်၍ ကျွန်ုပ်တို့လည်း အသက် ၃၀ ခန့် လူရိုင်းအမျိုးသမီး WHITEDANGLE အား White Angel ( အဖြူရောင်နတ်သမီး) ဟူ၍ လည်းကောင်း ၊ အသက် ၂၀ ၀န်းကျင် ခင်မယ်ဖွယ်ကောင်းသော AKAYIWINNE အား Akayi Win ( ဧကရီဝင်း ) ဟူ၍ လည်းကောင်း အသက် ၂၀ ၀န်းကျင် ချောမောသော လူရိုင်းငယ်ကလေး ALINETHIT အား Alin Thit ( အလင်းသစ်) ဟူ၍ လည်းကောင်း ကျွန်ုပ်တို့ ခေါ်ဝေါ်ကြလေသည် ။

“ ကျေးဇူးတင်ပါတယ် အဖြူရောင်နတ်သမီး ၊ ဧကရီဝင်းနဲ့ အလင်းသစ်ခင်ဗျား ရွာသားတွေကိုလည်း ဒီလိုနည်း နဲ့တော့ စတေးမခံနိုင်ပါဘူး ကျွန်ုပ်တို့အဖွဲ့သာ တိုက်ပြီး ဖောက်ထွက် ရင် အပစ်မဲ့တဲ့ ကျွန်ုပ်တို့ အဖွဲ့သားတွေရော သင်တို့ လူရိုင်းတွေပါ အနည်းနဲ့အများ ထိုခိုက်ကြမှာစိုးလို ဒီအချိန်ထိ ကျွန်ုပ်တို့ မှိန်းပြီးနေခဲ့ကြရပါတယ် သင်တို့ ၃ ယောက် ကူညီပေးနိုင်ပါက ကျွန်ုပ်တို့ အတိုင်းမသိ ၀မ်းသာရပါတယ် သင်တို့ ဘယ်လိုကူ ညီပေးနိုင်မ လဲဆိုတာသိပါရစေ”

“ ဒီည ၁၁ နာ၇ီတိတိမှာ ကျွန်ုပ်တို့ ၃ ယောက် အရောက်လာခဲ့ပါ့မယ် အသင်တို့အတွက် အစစအရာရာ ကူညီပေး ပါမယ် အသင်တို့ကို စောင့်သော အစောင့်များအားလည်း အိပ်ဆေးခပ်ရန် အလင်းသစ်မှ စီစဉ် ထားပြီးဖြစ်ပါတယ် အသင်တို့ သာ နိုးနိုးကြားကြားအိပ်ပါလေ ”

ဟု ပြောလေသည် ။

“ ကျေးဇူးတင်ပါတယ် အသင်တို့ဟာ လူပီသတဲ့ လူယဉ်ကျေး ၃ယောက်ဖြစ်ပါတယ် ကျွန်ုပ်တို့ ည ၁၁ နာရီ တိတိ စောင့်နေပါ့မယ် ” ကျွန်ုပ်က ပြောကြားလိုက်လေသည် ။ ( ဤတွင် တစ်ခုပြောလိုသည်မှာ ကျွန်ုပ်တို့၏ ဆက်သွယ်ရေးလွယ်ကူစေရန် ရွာသူ မြတ်နေခြည်မှ စကားပြန်လုပ်ပေးခြင်းဖြစ်သည် ။ )

ရင်တထိတ်ထိတ်နှင့် စောင့်ဆိုင်းရသည်မှာ အချိန်တွေက ကြာရှည်လွန်းသည်ဟုထင်ရ၏ ။ ညအချိန်ရောက် လာပြီဖြစ်သောကြောင့် အသံတို့က တဖြည်းဖြည်းတိတ်ဆိတ်လာ၏ ။ တချက်တချက် ကျွန်းပေါ် မှ အော်မြည်သော သတ္တ၀ါတို့အသံမှ လွဲ၍ လူသံများကိုသိပ်မကြားရတော့ပေ ။ ကျွန်ုပ်တို့ကား မကြာခင် စွန့်စားခန်းကြီး စတင်ရပေတော့မည် ။ အချိန်ကား ည ၁၀ နာရီခွဲခန့်ရှိမည်ဟု ခန့်မှန်းရ၏ ။ ကျွန်ုပ်တို့ အဖွဲ့ကား မျော်လင့်ချက်ရှိလာပြီဖြစ်သောကြောင့် လူတိုင်းမှာ အိပ်မငိုက်နိုင်ပဲ ရင်ခုန်စွာစောင့်ဆိုင်းေ နကြလေ သည် ။ ကျွန်ုပ်လည်းတောင်တွေးမြောက်တွေးနှင့် ဤပင်လယ်ကိုပြန်ဖြတ်ကူးရလျှင် ညံ သတ္တ၀ါကြီးများနှင့် ပြန်ရင်ဆိုင်ရမည်ကိုလည်း ရင်လေးမိပြန်သည် ။ မမျှော်မှန်းနိုင်သော အနာဂါတ်ကား ခပ်ရေးရေးမျှသာ ။ အလို... ကျွန်ုပ်တို့ရှိရာသို့ နှလုံးပြူးသေနတ်ကို ယူပြီး တရွှေ့ရွှေ့ ချဉ်းကပ်လာသူကား ဘယ်သူနည်း ။ ကျွန်ုပ်တို့ရွာ၏ အကြီးအကဲတစ်ဦးဖြစ်သော နတ်ဘီလူး ပင်ဖြစ်ပေတော့သည် ။ ဘီလူးကား ခြေသံကိုဖွဖွလေးနင်းကာ ကျွန်ုပ်တို့ ကို ကာရံထားသော ၀င်ပေါက် မှ ကြိုးများကို ဖြတ်နေလေသည် ။ ထိုအခိုက် ကျွန်ုပ်တို့ အားလုံး၏ နားထဲတွင် ရွာ၏ အချက်ပေးခေါင်းလံသံ “ ဒေါင်...ဒေါင်...ဒေါင် ” အား ကျယ်လောင်စွာ ကြားလိုက်ရလေတော့သတည်း ။

ဆက်ရန် ။

www.thettantvillage.com
သက်တန့်ချို


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, April 9, 2011

သေမင်းတမန် ခရီးကြမ်း (အပိုင်း ၆)

သေမင်းတမန် ခရီးကြမ်း (အပိုင်း ၆)




ကျွန်ုပ်တို့အဖွဲ့ကား လျှိုအတွင်းမှ ပြန်တက်လာပြီးနောက် မြင်လိုက်ရသော မြင်ကွင်းကြောင့် မျက်လုံးများ ပင်ပြာဝေ သွားလေသည် ။ ဦးခေါင်းတွင် တိရိစ္ဆာန် အစွယ်များကို ဆင်မြန်းထားပြီး လက်ထဲတွင် လှံရှည်များ ကိုင်ဆောင် ထားသော လူရိုင်းအုပ်စုကြီးက ကျွန်ုပ်တို့ရွာသားများအား ၀န်းရံထားသည်ကို တွေ့လိုက်ရလေသည် ။ ကျွန်ုပ် တို့ လျှိုထဲမှ တက်လာသည်ကို မြင်သောအခါ ကျွန်ုပ်တို့ကို လှံများ ဖြင့် ချိန်ရွယ်လျှက် ဖမ်း ဆီးခေါ်ဆောင်ခြင်းကို ခံရလေသည် ။ ကျွန်ုပ်မှာ ရွာသူရွာသားများ အထိနာမည်စိုး၍ ပြန်လည်တိုက်ခိုက် ချင်စိတ်အား မြိုသိပ်ထားကာ မီးစင်ကြည့်ကရန် ဆုံးဖြတ်လိုက်လေတော့သည် ။ လူရိုင်းများ မှာ ခြေဟန် လက်ဟန်ဖြင့် ကျွန်ုပ်တို့အား ၂ ယောက်တစ်တွဲစီနေစေပြီး ၄င်းတို့ ရှေ့မှသွားကာ ကျွန်းအတွင်း ပိုင်းသို့ ဖမ်း ဆီးခေါ်ဆောင်သွားခြင်းခံရလေသည် ။ ကျွန်ုပ်နှင့်သူရိန် ၊ မိုးစက်နှင့်ကိုကြီးကျော် ၊ ကြယ်ဖြူနှင့် သက်မီ ၊ ဝေယံနှင့်နဲဗား ၊ အင်ကြင်းနှင့်ကေးကေး အစရှိသဖြင့် အတွဲများတွဲကာ လှံများဖြင့် လမ်းတလျှောက် ချိန်ရွယ်ဖမ်းဆီးလာသဖြင့် ကျွန်ုပ်တို့မှာ အခြေအနေကို စောင့်ကြည့်ရန်သာ ရှိလေတော့သည် ။

ထမင်းတစ်အိုးကျက်ခန့် လမ်းလျှောက်ပြီးသောအခါတွင် လွန်စွာမြင့် မားသော တောင်ကုန်း ကမူများ ကိုတွေ့ရလေ သည် ။ လူရိုင်းတို့ဖောက် လုပ်ထားဟန် ရှိသော လှေကားထစ် များကြောင့် တောင် ကုန်းများ ကိုတက်ရာ တွင် အခက်အခဲတော့သိပ်မရှိလှပေ ။ တောင်ကုန်းထိပ်သို့အရောက် တွင် ကျွန်ုပ်တို့မှာ လွန်စွာ အံ့သြကြရပြန်လေ သည် ။ လူရိုင်းများ၏ ရွာမှာ တောင်ကုန်းပတ်ပတ်လည် ၀န်းရံထားသော ချိုင့် ၀ှမ်းအလယ်၌ တည်ဆောက်ထားသောကြာင့် အဝေးမှ ကြည့်လျှင် ရုတ်တရက်မမြင်နိုင်ပေ ။ ကျွန်ုပ်တို့လည်း တောင်ထိပ်မှ တဖန် လူရိုင်းရွာများရှိရာသို့ တစ်နာရီသာသာခန့် ခြေလျှင်ဆင်းကြရပြန်သည် ။ သို့နှင့် တစ်နာရီခန့် ဆင်းပြီးသောအခါ လူ့အရိုးခေါင်း ၁၂ ခေါင်းအား နှဖူးစည်းတွင် တန်းစီချိန်ဆွဲထားသော ကျက်သရေမရှိသော ရွာအ၀င် ဆိုင်းဘုတ်ကြီးအား စတင်တွေ့ရလေတော့သည် ။ ကျွန်ုပ်မှာ ရွာအ၀င် ဆိုင်းဘုတ်ကိုကြည့်ကတည်းက တစုံတရာကို တွေးမိကာ ကျောချမ်းမိသွားလေတော့သည် ။ ဤလူရိုင်းများသည် ကပ္ပလီပင်လယ်အော်နှင့် အက်ဒမန်ကျွန်း ပတ်ဝန်းကျင်တွင်ရှိသော အသားစားလူရိုင်းများပင်လော ။ ကျွန်ုပ်တွေးထင်ထားသည်သာ မှန်ကန်ပါ က ကျွန်ုပ်တို့အားလုံး အသက်ရှင်ရန်မှာ မလွယ်ကူပေ ။

ကျွန်ုပ်တို့အဖွဲ့ရွာထဲဝင်ရောက်လာသည်ကို တဲငယ်များမှ လူရိုင်းများမှာ ဗုံများတီး၍ ထွက်ကြည့်ကြလေသည် ။ ၄င်းတို့ သည် ကျွန်ုပ်တို့အဖွဲ့ ရွာသို့ရောက်လာသည်ကို ကြိုဆိုသည့်သဘောဖြင့်တီးလေသလော သို့ တည်းမ ဟုတ် ၄င်းတို့စားသောက်ရန် ရိက္ခာများ လုံလောက်စွာရလာ၍ ၀မ်းသာပြီးတီးလေသလော ကျွန်ုပ်မှာမတွေး တတ်ပေ ။

“ ဟိုက် သူကြီးရေ လူရိုင်းမတွေက အင်္ကျီတွေမပါဘူးဗျ ဟိဟိ ”

“ တယ်..သူရိန်ကတော့ အဲဒီအင်္ကျီမပါတာတွေက ခဏနေရင် အကုန်လုံးကို အစိမ်းလိုက် စားမှာဗျ ”

“ ဗျာ ” “ မဗျာနဲ့ ရှူးတိုးတိုး နေ ဒါလူသားစားလူရိုင်ေးတွဖြစ်ပုံရတယ် အချိန်တန်ရင်တော့ လက်မနှေးစေနဲ့နော် ”

“ စိတ်ချ သူကြီး သူရိန်တို့က လက်သွယက်တယ် သိတယ်မှတ်လား ”

ကျွန်ုပ်တို့ တိုးတိုးလေးပြောနေသည်ကို ဘေးမှ လူရိုင်းများက တိတ်တိတ်နေရန် ခြေဟန်လက် ဟန်ဖြင့် ပြောလေ သည် ။

သို့နှင့်အတန်ကြာ သွားကြပြီးသောအခါ လူရိုင်းခေါင်းဆောင်၏ အိမ်ဟုထင်ရသော ခြံဝိုင်းကြီး တစ်ခု သို့ ရောက်ရှိလာကြလေသည် ။ ကျွန်ုပ်တို့ကို ခြံဝန်းကြီး နောက်ရှိတိုင်များနှင့် ခြံသဖွယ် အလုံကာရံထားသော ၀န်းထဲ သို့ ခေါ်ဆောင်သွားလေ၏ ။ အလို....ရှုလော့ .... ကျွန်ုပ်မှာ ခြံတိုင်များ၏ နောက်သို့ကြည့်ကာ လွန်စွာဝမ်း သာမိသွားလေသည် ။ ဂျီဂျီ ၊ သားပြောင် ၊ ဆမူဆာ ၊ မေလေး ၊ ခင်မီမီလှိုင် ၊ ဆောင်းရွက်ကြွေ ၊ သန့်စင် တို့နှင့်တကွ ရွာသူရွာသားအတော်များများကို တွေ့လိုက်ရသောကြောင့်ပင်တည်း ။ ကံကြမ္မာကား ကျွန်ုပ်တို့ကို အဆိုးတလှည့် အကောင်းတလှည့် ဖန်ဆင်းပေးနေချေပြီတကား ။

“ ဟာ..သူကြီး ၊ မိုးစက် ၊ သူရိန် ၊ ဝေယံ မင်းတို့ကိုကွာ ဒီတစ်သက်မတွေ့ရတော့ဘူးထင်နေတာ ”
သားပြောင်က တွေ့တွေ့ချင်းလှမ်းပြောလေသည် ။ တဖန် ဂျီဂျီက

“ အောင်မလေး တော်သေးတယ် ရွာသူရွာသားတွေပြန်တွေ့လို့ ”

ဟုဆိုကာ ၀မ်းနည်းမျက်ရည်ကျလေသည် ။ မေလေးမှလည်း

“ တော်ပါသေးရဲ့ ရွာသားတွေအကုန်လုံး ဒီကျွန်းပေါ်မှာ ဒုက္ခရောက်နေကြပြီထင်တယ် ဒါမှမဟုတ် ပင်လယ် ထဲမှာပဲ လား ဒီကျွန်းပေါ်က အကောင်ဗလောင်တွေနဲ့များတွေ့နေကြပြီလား တချိန်လုံးစိတ်ပူနေကြရတာ ”

ဟု ပြောလေသည် ။ သို့နှင့် ကျွန်ုပ်တို့အဖွဲ့ကား အထဲတွင်ရှိသော ရွာသူရွာသား များနှင့်ရောထား လိုက်သောကြောင့် ကျွန်ုပ် တို့မှာ စုစုဝေးဝေး တိုင်ပင်ရန် အခွင့်အရေးတော့ ရလေတော့သည် ။

အချိန်ကား ညနေစောင်းခန့်ရှိလေသည် ။ ကျွန်ုပ်တို့လည်း ရွာသူရွာသားများကို စုဝေးပြီး တိုင်ပင်ဆွေးနွေး ကြလေတော့ သည် ။

“ အင်းအခြေအနေကတော့ ကျွန်တော်တို့အားလုံး ကျဉ်းထဲကြပ်ထဲရောက်နေပြီ ဒါနဲ့ဘီလူးရောမတွေ့ပါလား ”

“ အင်း ဘီလူးကတော့ လှေမှောက်ကတည်းက ပင်လယ်ထဲ ပဲ မျောပါသွားသလား ဒါမှမဟုတ် ဘယ်ရောက်နေ မှန်းမသိရ ပါဘူး သူကြီးရာ ”

“ အင်း သူအန္တရာယ်ကင်းစေဖို့ပဲ ဆုတောင်းပေးရတော့မှာပေါ့လေ ကဲ ဒီက လူရိုင်းတွေရဲ့ အခြေအနေလည်း နည်းနည်းပြောပါဦး ”

“ အခြေအနေကတော့ မကောင်းဘူးသူကြီး ဒီကောင်တွေက လူသားစားလူရိုင်းတွေပဲ ကျွန်တော်တို့ အဖွဲ့ထဲက လူတွေ ကို တစ်ယောက်ချင်းစီခေါ်ခေါ်သွားကြတယ် ပြန်ကိုပေါ်မလာတော့ဘူး ကျွန်တော်တို့လည်း ကိုယ့်အလှည့် ဘယ်တော့ ရောက်မလဲစိုးရိမ်နေရတယ် ”

“ ဟုတ်လား ဒါဆိုရင်တော့ သတ်စားတာဖြစ်ဖို့များသွားပြီ ”

ကျွန်ုပ်တို့၏ ပြောစကားများကိုကြားသောကြောင့် ရွာသူရွာသားများမှာ လွန်စွာ ထိတ်လန့်ကြောက်ရွံ့ သွားကြလေတော့ သည် ။

“ အခုအချိန်မှာ ကျွန်တော်တို့ သွေးစည်းဖို့လိုတယ် ဒီအတိုင်းတော့အသေမခံနိုင်ဘူး ဦးပြောင် ဒီကောင်တွေက လူရိုင်းတွေပဲ အသိဥာဏ်ရှိတဲ့ ကျွန်တော်တို့က စဉ်းစားဥာဏ်ပိုင်းမှာ ပိုသာမှာပါ ”

“ အာဗျာ..သူကြီးကလည်း အခုအချိန်မှာ ဥာဏ်ချင်းယှဉ်နေရမယ့်အချိန်မဟုတ်ဘူးဗျ သူ့စကားလည်း ကိုယ်နား မလည် ကိုယ့်စကားလည်းသူနားမလည်နဲ့ ဒုက္ခပါပဲ ”

စမူဆာက စိတ်ပျက်အားငယ်သံဖြင့် ၀င်ပြောလေသည် ။

“ သူကြီး လူရိုင်းတွေရဲ့စကားကိုကျွန်မ နည်းနည်းနားလည်တယ် ”

ဟု ၀င်ပြောလိုက်သော ရွာသူမြတ်နေခြည် ၏ အသံကိုကြားလိုက်ရလေသည် ။

“ ဟုတ်လား ဘယ်လိုနားလည်တာလည်းလုပ်ပါဦး ”

“ ဒီလိုပါ ပထမတော့ စအဖမ်းခံရကတည်းက ကြောက်လန့်လွန်းနေတော့ သူတို့ဘာတွေပြောလဲ မသိလိုက် ဘူး နောက်နည်းနည်းအကြောက်ပြေသွားတော့မှာ ဒါဟာ စလုံမျိုးနွယ်ဝင် ငရမန်းသတ္တက လို့ခေါ်တဲ့ ဘာသာ စကား တစ်မျိုးနဲ့ပြောနေမှန်းသိလာတယ် ဒါဟာ အလွန်ရှေးကျတယ် ကျွန်မ အဖိုးက သူကြီးတို့ ရွာလေးကို မရောက်ခင်က စလုံလူမျိုးပဲလေ ဒါပေမယ့် ထူးဆန်းတာက စကားပြောသာသတို့က ငရမန်းသတ္တက ကို သုံးတာ အရေးကျတော့ အင်္ဂလိပ်စာလိုလိုဘာလိုလိုနဲပ သူကြီးတို့ ဟိုမှာကြည့်ကြည့်ပါလား ”

ဟုဆိုတာ ခပ်လှမ်းလှမ်းရှိ သစ်သားပြားကြီးတစ်ခုပေါ်တွင် မီးသွေးခဲဖြင့် ရေးထားသော စာများကို လက်ညှိုး ထိုးပြလေသည် ။

ကျွန်ုပ်တို့လည်း ညွှန်ပြရာသို့ ကြည့်လိုက်သောအခါ “ AZEI AJA KAMA ” ဟူသော စာတမ်းကိုတွေ့ ရလေ သည် ။ ဘာအဓိပ္ပါယ်မှန်းတော့မသိပေ ။

“ အဲဒါ မြန်မာလိုပြောရရင်တော့ ယနေ့မိုးရွာမည် လို့ရေးထားတာပဲသူကြီး ”

“ အင်း ဒီအတိုင်းဆို ကျနော်တို့ အဖို့ မျှော်လင့်ချက် ရေးရေးကလေးရှိလာပြီ လူရိုင်းတွေနဲ့ ဆက်သွယ်ပြီး ဒီကောင်တွေ ဘာအကြံအစည် ရှိသလဲဆိုတာ ကြည့်ရမှာပဲ ”

ကျွန်ုပ်တို့ စကားကောင်းနေကြစဉ် လှံရှည်ကိုင်ဆောင်ထားသော လူရိုင်း ၄ ယောက်က ကျွန်ုပ်တို့ ဆီသို့ လျှောက် လာနေသည်ကိုတွေ့လိုက်ရလေတော့သည် ။

ဆက်ရန် ။

www.thettantvillage.com
သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, April 7, 2011

သေမင်းတမန် ခရီးကြမ်း (အပိုင်း ၅)

သေမင်းတမန် ခရီးကြမ်း (အပိုင်း ၅)



အမျိုးအမည်မသိသော အန္တရာယ်က အချိန်မရွေးကျရောက်လာနိုင်သောကြောင့် ကျွန်ုပ်တို့မှာ ကျီးလန့်စာ စားဖြစ်နေကြရ၏ ။

“ သူကြီး ဒါနှစ်ချို့မြွေကြီးပဲ ဖြစ်ရမယ်ဗျ ”

သူရိန်က စွပ်ကြောင်းကြီးသို့ လက်ညှိုးထိုးရင်းပြော၏ ။

“ အင်း ဒီကျွန်းပေါ်မှာ တို့ ထင်ထားတာထက် အန္တရာယ်ပိုများနေပြီ သတိထားနိုင်မှ တန်ကာကျမယ် ကဲ သူရိန်ရေ တို့ တွေ ခဏလောက်နားပြီး တိုက်ခိုက်စရာ လက်နက်တွေ လုပ်ကြရအောင် ”

“ ဟုတ်ကဲ့ သူကြီး ”

သို့နှင့် ကျွန်ုပ်တို့ လူစုလည်း ထိုနေရာတွင် ခေတ္တနားကာ ၀ါးစို့ ၊ ကျောက်ချွန်စသဖြင့် ရရာလက်နက်များကို လူတိုင်း ကိုင်ဆောင်နိုင်ရန်ပြုလုပ်ကြလေသည် ။ ကျွန်ုပ်တို့ လူစုခေတ္တနားနေချိန်အတွင်း တောအုပ်အတွင်း တစ်နေ ရာမှ မျက်လုံးစိမ်းကြီး နှစ်လုံးနှင့် ကျွန်ုပ်တို့ လူစုအား စူးစိုက်ကြည့်နေကြသည်ကိုမူ ထိုအချိန်က ကျွန်ုပ်တို့ မသိလိုက်ပေ ။

ကျွန်ုပ်တို့လည်း ခေတ္တအနားယူနေရင်း ခရီးဆက်မည်ပြုရာ လူစုံမစုံပြန်လည်စစ်ဆေးရလေသည် ။

“ သူကြီး.. ကြယ်လေးရယ် ၊ ပုတုရယ် ၊ အင်ကြင်းရယ် ၃ ယောက်ပျောက်နေတယ် ”

သက်မီက လှမ်းပြောလိုက်သောကြောင့် ကျွန်ုပ်မှာ ခေါင်းနဘမ်းကြီးသွားမိ၏ ။

“ ဟေ သူတို့ ဘယ်ထွက်သွားတာလည်းသိလိုက်လား ”

“ ဟို ခုနကတော့ ပုတုက ဟိုလျှိုမြောင်ထဲက သစ်ခွပန်းလေးလိုချင်တယ်လို့ပြောတယ် လှစ်ကနဲများ လျှိုထဲသွား ခူးကြသလားမသိဘူး သက်မီလည်းသူတို့ မသွားလောက်ဘူးထင်ပြီး သတိမထားမိလိုက်ဘူး ”

“ အင်း ဒီကလေးတွေနဲ့တော့ခက်ပြီ ကဲ ကိုကြီးကျော် မိုးစက် သူရိန် နဲဗားတို့ လေးယောက် ကျွန်တော်နဲ့ လိုက် ခဲ့ကြ ကျန်တဲ့ ကာလသားခေါင်းတို့ ငမိုးတို့ ငရဲမင်းတို့က ကျန်တဲ့ လူတွေကို စောင့်ရှောက်ပြီး နေခဲ့ကြ ကျွန်တော် တို့ လျှိုထဲဆင်းမယ် ”

“ ဟုတ်ကဲ့သူကြီး ”

“ ကောင်းပါပြီ သူကြီး ”

သို့နှင့် ကျွန်ုပ်တို့ငါးယောက်လည်း ၀ါးလုံးချွန်များ ဓါးရှည်များကိုယူကာ ခပ်လှမ်းလှမ်းရှိ သစ်ခွပန်းများ ပွင့် ဖူးနေသော လျှိုကြီးအတွင်းသို့ သတိကြီးစွာထား၍ ဆင်းခဲ့ကြလေတော့သည် ။ ကျန်ရွာသူရွာသားများကား ကျွန်ုပ် တို့ကို ကြည့်၍ ရင်တမမ ဖြင့် ကျန်ခဲ့ကြလေတော့သည် ။

လျှိုထဲသို့ဆင်းသောလမ်းက ပြေပြစ်လှသဖြင့် ခဏလေးအတွင်းမှာပင် အောက်ခြေသို့ ရောက်ရှိသွားလေသည် ။ ပတ်ဝန်း ကျင်ကား အပ်ကျသံမျှပင် မကြားလောက်အောင် တိတ်ဆိတ်လှသောကြောင့် ကြီးမားသော အန္တရာယ် တစ် ခုခုရှိနေပြီဖြစ်ကြောင်း ကျွန်ုပ်တို့ သတိပြုမိလိုက်၏ ။ ကျွန်ုပ်တို့ ငါးယောက် တိတ်ဆိတ်စွာ လှည့် လည်နေကြစဉ် ရုတ်တရက် ကျယ်လောင်သော အော်ဟစ်သံတစ်ခုကိုကြားလိုက်ရလေ၏ ။

“ အား....”

အော်သံကကျယ်လောင်လှသောကြောင့် လျှိုကြီးအတွင်းတွင် ပဲ့တင်ထပ်သွားလေ၏ ။ ကျွန်ုပ်တို့ ငါးယောက် လည်း အချိန်ဆိုင်းမနေတော့ပဲ အော်သံကြားရာဆီသို့ သုတ်ချေတင်ပြေးခဲ့ကြလေတော့သည် ။ ရုတ်တရက်မြင် လိုက်ရသော မြင်ကွင်းကြောင့် အသက်ရှုရပ်မတတ်ပင်ဖြစ်သွား၏ ။ ကြယ်ဖြူ ၊ ပုတု နှင့် အင်ကြင်းတို့မှာ မှိုင်းညှို့ခံထား ရသူများပမာ တောင့်တောင့်ကြီးရပ်နေကြ၏ ။ ၄င်းတို့ ၃ ယောက်ရှေ့တွင်ကား လွန်စွာ ကြီးမားသော လုံးပတ် ယောင်္ကျားလေးတစ်ဖက်စာခန့်ရှိသော မြွေကြီးကား အုပ်မိုးနေသည်မှာ ၄င်းတို့ အရပ် ၂ ပြန်စာလောက် ပင်မြင့်နေ၏ ။ လွန်စွာ အသည်းယားဖွယ်ကောင်းသော မြင်ကွင်းပေတည်း ။ မြွေကြီးကား မျက်လုံးများမှာ အစိမ်းရောင်တောက်လျှက်ရှိပြီး ဦးခေါင်းတွင် အမောက်ကဲ့သို့ ဆူးချွန်များပါရှိကာ Anadragon (မြွေနဂါး) မျိုးနွယ်ဟု ခန့်မှန်းရပေသည် ။

ကြည့်နေစဉ်မှာပင် မြွေကြီးကား မိန်းကလေး ၃ ယောက်အလယ်တွင်ရှိသော ပုတုအား ရုတ်တရက် လှမ်းမြို လိုက်လေ၏ ။ ပုတုမှာ ထိုအချိန်မှ ဖျက်ကနဲ သတိရလာကာ ဦးခေါင်းကိုရှောင်လိုက်ပြီး လက်နဲ့ကာ လိုက်ရာ မြွေနဂါးကြီးကား လက်ကို မြိုမိသွားလေသည် ။

“ အား.....”

ရုတ်တရက် ကျွန်ုပ်နံဘေးမှ နဲဗား မှာ ကျယ်လောင်စွာ အော်ဟစ်၍ မြွေကြီး၏ ၀မ်းဗိုက်ဆီသို့ ၄င်းလက်ထဲမှ ၀ါးဆူး ချွန်ဖြင့် အားကုန်ထိုးစိုက်ချလိုက်ရာ မြွေကြီးမှာ အထိနာသွားသဖြင့် စူးစူးဝါးဝါးအော်ဟစ်ပြီး ၄င်းငုံခဲ ထားသော လက်ကို ပြန်လွှတ်လိုက်လေ၏ ။ နာကျင်လှသောကြောင့် မြွေကြီးမှာ လူးလွန့်သောင်းကြမ်းနေရာ သစ်ပင်ငယ် များမှာ အပိုင်းပိုင်းပြတ်ထွက်ကုန်၏ ။ ထိုစဉ်မှ ကြယ်ဖြူ ၊ အင်ကြင်း ၊ ပုတု တို့ ၃ ယောက်မှာ သတိပြန် ၀င်လာ၍ ကျွန်ုပ်တို့ ဖက်သို့ ပြေးလာကြကုန်၏ ။ ကျွန်ုပ်တို့လည်းအ သင့်အနေ အထား ဖြင့် စောင့်နေကြရာ တစ်ချီတွင် မြွေကြီး၏ အာခံတွင်းမှ မီးတောက်မီးလျှံများဖြင့် မှုတ်ထုတ်လေရာ ကျွန်ုပ်တို့ မှာ အလျှင်အမြန် ရှောင်သော်လည်း ကျွန်ုပ်၏ ညာဖက်လက် အကျီင်္မှာ မီးလောင်ကျွမ်းခံရလေသည် ။ မြွေကြီး၏ ဒေါသကား အထွဋ်အထိပ်သို့ရောက်နေချေပြီ ။

တစ်ချီတွင် မြွေကြီးမှာ ဘေးအစွန်ရှိ အင်ကြင်းကို အမှီးနှင့် လှမ်းရိုက်ပြီး ကြယ်ဖြူအား အားကုန်ပေါက်ချလိုက်လေရာ မိုးစက်မှ မြွေကြီး အမြီးဝင်လာမည့်နေရာအား ၀ါးလုံးချွန် ဖြင့် ခံလိုက်လေရာ အမြီးထဲသို့ ၀ါးလုံးချွန်မှာ အဆုံး အထိဝင်သွားလေတောသည် ။ ကြယ်ဖြူ့ကိုပေါက် လိုက်သော ဦးခေါင်းပိုင်းကိုမူ သူရိန်က လက်ထဲရှိ ဓါးရှည်နှင့် ခုတ်ပိုင်းပြီး ကိုကြီးကျော်မှာမူ မြွေကြီးဟနေသော ပါးစပ်ပေါက်ထဲသို့ လက်ထဲရှိ ၀ါးလုံးနှင့် ကန့်လန့်အပေါ်အောက်ခံလိုက်ရာ မြွေကြီးပါးစပ်မှာ စိမရတော့ပေ ။ ရွာသူများ၏ အန္တရာယ်ကို ကာကွယ်ပေးသော ရွာသားများ၏ အစွမ်းသတ္တိကို ကျွန်ုပ်အံ့သြချီးကျူးမိလေသည် ။

မြွေကြီးမှာ ဤတစ်ချီတွင် လွန်စွာ အထိနာသွားသောကြောင့် တွန့်လိမ်ကာ ၀ုန်းဒိုင်းကျဲနေလေတော့သည် ။ တချီတွင် မြွေကြီး၏ဒါဏ်ရာရနေသော အမြီးပိုင်းက သစ်ပင်တစ်ပင်ကို ရစ်ပတ်လိုက်ပြီး ဦးခေါင်းပိုင်းက ကျွန်ုပ်ရှိရာ သို့ တရှိန်ထိုး လေထဲမှာ ပင်ပြေးလာလေရာ လေးညှို့မှ ပစ်လိုက်သော မြှားသဖွယ်လျှင် မြန်လွန်း လှပေသည် ။ ကျွန်ုပ်လည်း လက်ထဲမှ ၀ါးလုံးချွန်ကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း ၀ါးလုံးနှင့် ကန့်လန့်ကြီး ပါးစပ်ဟနေသော မြွေကြီး၏ အာခံတွင်း ထဲသို့ တဆုံးထိုးချလိုက်လေရာ မြွေကြီးထိုးဟပ်လိုက်သော အရှိန်မှာ ပြင်းသောကြောင့် ၀ါးလုံးမှာလည်ဂုတ်အတွင်းမှပြန်ဖောက်ထွက်ကာ ထုတ်ချင်းပေါက်သွားလေတော့သည် ။ ယခုအခါမြွေကြီးမှာ လုံးဝမလှုပ်ရှားနိုင်တော့ပဲ ငြိမ်သက်သွားသဖြင့် ကျွန်ုပ်တို့မှာ သက်ပြင်းချနိုင်ပေတောသည် ။

မိန်းကလေး ၃ ဦးမှာ သွေးပျက်ဖွယ်အဖြစ်ဆိုးကြောင့် စကားပင်မပြောနိုင်ကြတော့ပဲ ကြောင်ငေးနေရှာလေသည် ။ ကျွန်ုပ်တို့လည်း ၄င်းတို့ ၃ဦးကိုခေါ်ဆောင်ကာ လျှိုကြီးအပေါ်သို့ ပြန်တက်ခဲံကြလေတော့သည် ။ ယခုတော့ လည်း လျှိုအတွင်းတွင် တိတ်ဆိတ်ငြိမ်သက်အေးချမ်းလျှက်...။ လျှိုအပေါ်သို့ ရောက်သောအခါ တွင်မူကား ကျွန်ုပ်တို့ လုံးဝထင်မှတ်မထားသော မြင်ကွင်းတစ်ခုက အသင့်ဆီးကြိုနေလေတော့သည် ။

ဆက်ရန် ။

www.thettantvillage.com
သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, April 4, 2011

သေမင်းတမန် ခရီးကြမ်း (အပိုင်း ၄)

သေမင်းတမန် ခရီးကြမ်း (အပိုင်း ၄)




နံနက်ငါးနာရီခန့်မို့ ကောင်းကင်တစ်ခွင်တွင် လင်းလင်းရှင်းရှင်းမရှိသေးပဲ မြူများက ဝေ့ဆိုင်းနေ၏ ။ ကျွန်ုပ်လှိုဏ် ဂူထဲသို့ ကြည့်လိုက်တော့ ကင်းသမားကိုဖုန်းမှလွဲ၍ ကျန်ရွာသူရွာသားအားလုံးမှာ အပစ်ကင်းစင်စွာ အိပ်မော ကျနေတုန်းပင်ရှိသေး၏ ။ ကျွန်ုပ်တို့ လှေကြီးကား ရွာမှ ထွက်လာပြီးတစ်ပတ်ခန့်အထိ အန္တရာယ်တစုံ တရာမ ရှိပဲအေး ချမ်းနေ၏ ။ ၈ ရက်မြောက်နေ့တွင် မိုးသက်မုန်တိုင်းမိ၍ လှိုင်းကြမ်းလေကြမ်းတွင် ဒုက္ခမျိုးစုံကို ခါးဦးစွာ ရင်ဆိုင် ခဲ့ရသည် ။ မုန်တိုင်းမှာ အတော်ပြင်းထန်သောကြောင့် လှေမှောက်ပြီးကျွန်ုပ်အပါအ၀င် ရွာသူရွာသား အချို့မှာ ဤအမည်မသိကျွန်းပေါ်သို့ လာရောက်သောင်တင်နေကြ၏ ။ ကျွန်ုပ်တို့ ရွာမှ ထွက်ခွာလာရသော ရည်ရွယ် ချက်ရော ပြည့်မည်လား မပြည့်မည်လား ကျွန်ုပ်မတွေးတတ် ။ ရှေ့ဆက်ရမည့်အနာဂါတ်ကား ခပ်ဝါးဝါး ခပ်ရေးရေး မျှသာ ။ ဤသို့ဖြင့် ကျွန်ုပ်၏ အတွေးတို့က နောက်ပြန်စီးဆင်းလျှက်..။

သက်တန့်ရွာကလေးကား အိမ်ခြေ ၁၇၀၀ ကျော်ရှိသော ရွာကြီးတစ်ရွာဖြစ်၏ ။ စိုက်ပျိုးရေးနှင့် စက်မှုနည်းပညာ ထွန်းကား ကာ ဘာသာရေးကိုင်းရှိုင်းသော ရွာဟုဆိုလည်း မမှားနိုင်ပေ ။ ရွာဦးစေ တီနှင့် တောညှို့ မှိုင်းမှိုင်းမှာ လည်း လွန်စွာပနာတင့်လှ၏ ။ ရွာသူရွာသားများမှာ လွန်စွာ စိတ်သဘောထား ဖြူစင်ကြပြီး ချစ်ခင်ရိုင်းပင်းကြ၏ ။ သက်တန့်ရွာကလေးတွင် ရွာဦးစေတီ ၊ ကျေးလက်စာကြည့်တိုက် ၊ ကျေးရွာစာတိုက်ပုံး ၊ သတင်းဌာန ၊ ကျေးရွာ စားသောက်ဆိုင် ၊ နည်းပညာဌာန ၊ ကျေးရွာစိုက်ပျိုးခင်း ၊ ကျေးလက်ဆေးကုခန်း စသဖြင့်စုံလင်လှပေ၏ ။ ထို့ပြင်ရွာ လည်ခေါင်ရှိ ဇရပ်ဝိုင်းကြီးတွင် ညစဉ်နေ့စဉ် ကျေးလက်စကားဝိုင်းမှာလည်း ကြည်နူးဖွယ်ကောင်း လှပေ၏ ။ ကျေးလက်ကဖီးတွင်လည်း ရွာကာလသားများမှာ ဗဟုသုတရဖွယ်ရာနှင့် တခြားရွာသူရွာသားရေး ရာများ ကို ပြောဆိုဆွေးနွေးတိုင်ပင်ကြလေ၏ ။ သို့ရာတွင် ကျွန်ုပ်တို့ ရွာကလေးကား လွန်ခဲ့သော ၁ နှစ်ခန့်မှစ ၍ ကံကြမ္မာဆိုး တစ်ခုဝင်ရောက်ခဲ့လေ၏ ။

ယင်းမှာ တစ်နှစ်လုံးလုံး မိုးခေါင်သဖြင့် စိုက်ပျိုးရေးနှင့် တခြားသစ်ပင်စားပင်တို့မှာ မဖြစ်ထွန်းတော့ပေ ။ စိုက်ပျိုးရေး ကို ဦးစားပေးလုပ်ကိုင်သော ရွာဖြစ်သဖြင့် ကျွန်ုပ်တို့မှာ လွန်စွာ ဒုက္ခရောက်ကြရပေသည် ။ စိုက် ပျိုးရေး ကဏ္ဍတွင်အ ကြီးအကဲဖြစ်သူ ဂျီဂျီက ယခုအတိုင်းဆက်သွားလျှင် ကျွန်ုပ်တို့တစ်ရွာလုံး စားဝတ်နေရေး ခက်ခဲမည်ဖြစ်ကြောင်းကျွန်ုပ်အား ပြော၏ ။ ထိုအခိုက် တစ်ပူပေါ်နှစ်ပူဆင့် ဆိုသလိုပင် မြစ်ရေမှတဆင့် မသန့် ရှင်းသောရေများမှာ ရွာနောက်ပိုင်းစမ်းချောင်းထဲသို့စီးဝင်ကာ ထိုမှတဆင့် ချိုးရေ သုံးရေများထဲ ရောက်ရှိကုန်၏ ။ မသန့ှ်ရှင်းသောရေဖြစ်သဖြင့် ကျန်းမာရေးဗဟုသုတနည်း လှသော ကျေးလက်သူကျေး လက်သားများ ပီပီ ရေကိုကျိုချက်၍ သောက်ရကောင်းမှန်းမသိပေ ။ သို့နှင့် ၀မ်းရောဂါပိုးကူး စက်ပြီး ကြွေလွင့် သွားသူများမှာ လည်းမ နည်းလှပေ ။ ၀မ်းရောဂါပိုးမှာ လွန်စွာ ကူးစက်မှုနှုန်းမြန်သောကြောင့် ရွာနီးချုပ်စပ်မှ ရွာငယ်များ ပင် ပြောင်းပြေးကြပြီဖြစ်၏ ။ သို့နှင့် ထိုသို့အခြေအနေတွင် ရွာ၏ တာဝန်ရှိသူများ ကိုခေါ်ယူကာ အရေးပေါ်အ စည်းအဝေးတစ်ရပ်ကျင်းပခဲ့လေသည် ။

ကျေးရွာ၏ အားထားရသော ဗေဒင်ဆရာ ဟိန်းတင်ဇော့်က ဤသို့ပြောကြားခဲ့၏ ။

“ အင်း ..ကျွန်တော်တို့ရွာမှာ အခုတလော မိုးကခေါင်ရတဲ့အထဲ ၀မ်းရောဂါကဖြစ်နေပြီဆိုတော့ အခုချိန်မှာ ဆုံးဖြတ် ချက်တစ်ခုကို ချသင်တဲ့အချိန်ရောက်နေပြီဆိုတာ ကျွန်တော်သိပါတယ် ။ ဒါပေမယ့် ရွာအခြေအနေ ဒီလိုဖြစ်မယ် ဆိုတာ ကောင်းကင်နက္ခတ်တွေကိုကြည့်ပြီး လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကတည်းက အားလုံး ကိုပြောခဲ့ပြီး သားပါ ။ ကဲ..အဲဒါထားလိုက်ပါ ။ အခုလို အခြေအနေမှာ တစ်ခုပြောချင်တာက ကျွန်တော်တို့ ဒီအချိန်ရွာကို စွန့်ခွာပြီး တခြားတစ်နေရာကိုပြောင်းမယ်ဆိုရင် သေဘေးအန္တရာယ်တွေနဲ့နီးတဲ့ အန္တရာယ်တွေ ၊ ဒုက္ခတွေ ထိတ်လန့်ကြောက်မက်ဖွယ်တွေ ကြုံတွေ့ရမယ်ဆိုတာပါပဲ ။ ကျွန်တော် ကတော့ ခြောက်လလောက် မြို့တက်ပြီး ကိစ္စရပ်လေးတွေ လုပ်စရာရှိသေးတယ် ။ ရွာအခြေအနေကိုတော့ အမြဲစုံစမ်းပြီးလေ့လာနေမှာပါ ”

ဆရာဟိန်း၏ စကားအဆုံးတွင် ကျွန်ုပ်မှာ လွန်စွာ ရင်လေးမိသွားလေတော့သည် ။ ဆရာဟိန်းမှာထိုသို့ ကျွန်ုပ်တို့ ကို မှာကြားပြီး မြို့သို့တက်သွားလေတော့သည် ။

ဆရာဟိန်း ထွက်ခွာသွားပြီး မကြာခင် ရွာ၏အခြေအနေမှာ လွန်စွာဆိုးဝါး ဆုတ်ယုတ်လာသဖြင့် လူအ များကောင်း ကျိုးနှင့် ရွာလေးမပျက်သုန်းရေး အတွက် ကျွန်ုပ်မှာ တစ်စုံတစ်ခုကို ဆုံးဖြတ် ချက်ချရပေတော့မည် ။ ဆက်နေလျှင် ၀မ်းရောဂါနှင့် တစ်ရွာလုံးမျိုးပြုတ်သွားမှာနှင့်စာလျှင် နယ်မြေသစ် သို့ ပြောင်းရွှေ့ရှင် သန်ကြမည် ဟု ဆုံးဖြတ်ချက်ချလိုက်၏ ။ ရွာသူရွာသား များကလည်း ထောက်ခံသဖြင့် တစ်ရွာလုံး ရွာလုံးကျွတ်ပြောင်းရန် ကျွန်ုပ်တို့ အစီအစဉ်ဆွဲရ၏ ။ ဤနေရာတွင် ဇာမဏီ အကြောင်းကိုလည်းဖော်ပြရန်လိုပေသည် ။ ကျွန်ုပ်တို့ရွာ တွင် လွန်စွာ ကြီးမားခိုင်ခန့်လှသော လှေကြီးတစ်စင်းရှိ၏ ။ ထိုလှေကြီးကို ရွာသူရွာသားထောင်ပေါင်းများစွာက ၀ိုင်းဝန်း တည်ဆောက် ထားခြင်းဖြစ်၏ ။ အဝေးမှကြည့်လျှင် ဇာမဏီငှက်ကြီးပျံနေပုံနှင့်တူသောကြောင့် ကျွန်ုပ်တို့ လှေကြီးကို ဇာမဏီဟု အမည်ပေးထား၏ ။ (ယခုအခါ ဇာမဏီလည်း မုန်တိုင်းဒါဏ်ကြောင့် ရေသို့ မြှုပ်ရှာ ရပြီဖြစ်၏ ) ထို ဇာမဏီဖြင့်ပင် တစ်ရွာလုံး ကလေးသူငယ် သက်ကြီးရွယ်အိုများပါမကျန် ရွာမှ ပြောင်းပြေး ကြရန် ကြံစည်ခဲ့ကြခြင်းဖြစ်သည် ။ စားနပ်ရိက္ခာများကို တတ်နိုင်သလောက်စုကာ ရွာမှထွက်ရန် ခြောက်လ ခန့် ပြင်ဆင်အချိန်ယူခဲ့ရသည် ။ ဤသို့ဖြင့် တစ်ရွာလုံးရှိ ရွာသူရွာသားများအား ဇာမဏီဖြင့် တင်ဆောင်ပြီး မေလ ငါးရက် နံနက် ကိုးနာရီ မိုးလေကင်းလွတ်သော အချိန်တွင် ရွာကို စွန့်ခွာခဲ့ကြခြင်းဖြစ်၏ ။

“ သူကြီး . ... ဂူအမိုးကိုကြည့်ပြီး ဘာတွေစဉ်းစားနေတုန်း မထသေးဘူးလား ”

ကိုကြီးကျော်မှ ကျွန်ုပ်အား ရုတ်တရက် ပြောလိုက်သောကြောင့် ကျွန်ုပ်မှာ လတ်တလော အသိအာရုံထဲသို့ ပြန်ဝင် လာခဲ့၏ ။

“ အင်း...၇ွာအကြောင်းစဉ်းစားမိလို့ပါ အကုန်လုံး နိုးကြပြီလား ”

“ အင်း သူကြီး နိုးကြပြီးသူရိန်တောင်မနေ့က ကြက်ဖမ်းတာ အားမရလို့တဲ့ သူကြီးဟင်းစားသွားရှာ ရအောင် ဆိုပြီး ကြည်ဖြူ သူကိုခေါ်ပြီး ထွက်သွားလေရဲ့ ”

“ အင်းအင်း ကောင်းပါတယ် ”

သို့နှင့် ကျွန်ုပ်တို့လည်း အဆာပြေ မနေ့က တောကြက်အခြောက်များကို မီးဖုတ်ကာ လွေးကြလေတော့သည် ။ ဟင်း ရွက်ခြောက် ခပ်ထားသော ၀ါးဘိုးနံ့လေးသင်းနေသော ရေနွေးကျည်တောက်မှာလည်း လွန် စွာ သောက်ကောင်း လှပေသည် ။

“ ကဲ..အားလုံးကိုယ့်ပစ္စည်းကိုယ်သိမ်းထားနော် ကျွန်းအတွင်းပိုင်းကို ချီတက်ကြမယ် ကျွန်တော်နဲ့ကာလ သားအ ချို့ က အရှေ့က လမ်းရှာပြီးသွားမယ် ကာလသားအချို့ နောက်ဆုံးကနေလိုက်ရမယ် .. အလယ်မှာ မိန်းမ သားတွေနေရမယ် ”

“ သူကြီး ဒါဆို ကျွန်တော်တို့ အဖွဲ့နောက်ဆုံးမှာ နေမယ်နော် ဟီး မိန်းမသားတွေ ရှေ့ကသွားပါစေ ”

ဟင်းစားရှာ သွားရာမှပြန်လာကြသော သူရိန်က စပ်ဖြဲဖြဲ ၀င်ပြောလိုက်သောကြောင့် ရွာသူများ၏ မျက်စောင်း ဒါဏ်ကို ခံသွားရရှာ၏ ။

“ ရဘူး ...သူရိန်က ကျွန်တော့်ဘေးမှာ နေရမယ် ရှေ့က လမ်းရှာတဲ့အခါ ရဲရင့်ဖျက်လက်ပြီး သွက်တဲ့သူလိုတယ် အဲဒီလိုပဲ နောက် မှာနေတဲ့ လူကလည်း နောက်ကြောင်းအေးအောင် တည်ငြိမ်ရင့်ကျက်တဲ့ သူတွေလိုတယ် မိုးစက်နဲ့ ကိုကြီးကျော်တို့အဖွဲ့ နောက်ကနေလိုက်လာလိမ့်မယ် ”

ကျွန်ုပ်၏ စကားကို သူရိန် မှာ မကျေနပ်သော်လည်း ရှေ့ကနေ အသစ်အဆန်း ရှာဖွေသွားရမည်ဖြစ်သဖြင့် ၄င်း၏ စွန့်စားလိုသော ဥာဉ်အတိုင်း ကျေနပ်သွားလေ၏ ။

သို့နှင့် ဂူအတွင်းမှာ ကျွန်ုပ်တို့အဖွဲ့ ကျွန်းကြီးအတွင်းပိုင်းသို့ ရှေ့ဆက်ဝင်ခဲ့လေတော့သည် ။ တောအုပ်မှာ ကျွန်းအတွင်း ပိုင်းတွင် ထူထပ်လှသောကြောင့် နေပြောက်ပင်မထိုးချေ ။ ကျွန်ုပ်တို့မှာ မရပ်မနားပဲ ဆက်လက် ချီတက်လာရာ အချို့နေရာများတွင် ချုံနွယ်များကို ခုတ်ထွင်ရှင်းလင်းရ၏ ။ အချို့နေရာများ တွင် ရေအိုင်ငယ် များကို ကျော်ဖြတ်ရ၏ ။ သွေးစုပ်မျော့များ တွယ်ခံရခြင်း ၊ အလွန်တရာဆိုးသော ဖြုတ်များ ကိုက်ခံ ရခြင်း စသော ဒုက္ခအသေးစားများကိုမူ အသေးစိတ်မဖော်ပြတော့ပေ ။ ခရီးပေါင်းများစွာ သွားခဲ့ဖူးသော ကျွန်ုပ်၏ အတွေ့အကြုံအရ ဤကျွန်းကြီး၏ အချို့နေရာများတွင် ခြေချလိုက်သည်နှင့် စက္ကန့်ပိုင်းအတွင်း အရိုးစု ဘ၀ရောက်အောင် ကိုက်ဖဲ့စားသောက်နိုင်သော ပဒူကျင်းများရှိနေ၏ ။ ထို့ကြောင့် ကျွန်ုပ်တို့ လမ်းကြောင်း အတိုင်း တည့်တည့်လိုက်ရန်နှင့် ဘေးသို့ မိမိအစီအစဉ်နှင့် မိမိမသွားရန် အတန်တန် မှာကြားထားရ၏ ။ ကျွန်ုပ်တို့ အတော်အတန်ကြာသွားပြီးသောအခါ ရုတ်တရက်မြင်လိုက်ရသောမြင်ကွင်းကြောင့် ကျွန်ုပ်အပါအ၀င် ရွာသူရွာသား များမှာ ကြက်သေသေသွားကြ၏ ။ ယောင်္ကျားလက်နှစ်ဖက်စာခန့်ရှိသော စွတ်ကြောင်းကြီးတစ်ခု ရွှံ့နွံပေါ်တွင် အထင်အရှားကြီးတွေ့လိုက်ရသောကြောင့်ဖြစ်၏ ။ တောတွင်းနှစ်ချို့ မြွှေမျိုးနွယ်ဝင် Anaconda ခေါ်မြွေ မျိုးပင်လော ။ သို့တည်းမဟုတ်..................။

ဆက်ရန်။

www.thettantvillage.com
သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, April 1, 2011

သေမင်းတမန် ခရီးကြမ်း (အပိုင်း ၃)

သေမင်းတမန် ခရီးကြမ်း (အပိုင်း ၃)



ညက မှောင်နေပြီဖြစ်သဖြင့် ကျွန်ုပ်တို့မှာ လရောင်စမ်းတ၀ါးဖြင့် သတိကြီးစွာထားကာ လှိုဏ်ဂူဘေး တစ်ဖက်မှနေ ၍ မှိုင်းညို့နေသော တောအုပ်ထဲသို့ ၀င်ခဲ့ကြလေတော့သည် ။

“သူကြီး...ကျား...ကျားတွေဘာတွေရှိရင်ဘယ့်နှယ့်လုပ်မလဲဟင် ”

“ ကျားတွေ့တော့လည်း ဖက်ကိုက်လိုက်ယုံပေါ့သူရိန်ရယ် တို့လည်း ဆာနေတာပဲဟာကို ”

“ အာဗျာ သူကြီးကလည်း ဒီလိုအချိန်တောင် နောက်နေနိုင်သေးတယ် ”

“ ရှုး...တိုးတိုး ”

ကျွန်ုပ်မှာ အသံတစ်သံကြားလိုက်ရသဖြင့် သူရိန့်ကိုတိတ်တိတ်နေခိုင်းပြီး ပတ်ဝန်းကျင်ကို သတိထားကြည့် လိုက်၏ ။ ဟော....တွေ့ပါပြီ ရှေ့ခပ်လှမ်းလှမ်းတွင်ရှိသော သစ်ကိုင်းများကြားတွင် အိပ်တန်း တက်နေသော တော ကြက် တစ်အုပ် ။

“ ဟာ...မိုက်စ်စ် ဟ သူကြီး အဲဒါတောကြက်တွေမှတ်လား နေနေ သူကြီး ဒီမှာနေခဲ့ ကျွန်တော်ကြက်ဖမ်း တဲ့ပညာ ကျွမ်းတယ် ”

“ အေးလေ...များများရအောင်လုပ်နော် သွား ”

“ ဟုတ်ကဲ့ ”

သို့နှင့် သူရိန်မှာ တောကြက်အုပ်ရှိရာသို့ တဖြည်းဖြည်းချဉ်းကပ်သွားလေတော့သည် ။ ကျွန်ုပ်မှာ ရင်တထိတ် ထိတ်ဖြင့်သာ ။ တအောင့်ကြာသောအခါ ကြက်တွန်သံများ တကြီကြီကိုၾကားရၿပီး သူရိန္မွာ မည်သို့လုပ်လိုက်လေ သည်မသိ ။ တောကြက်များမှာ ကျွန်ုပ်ရှိရာသို့ ကမူးရှူးထိုးပြေးလာရာ ကျွန်ုပ်လည်း လက်ထဲတွင်ရှိသော သစ်သား တုတ်ဖြင့် မည်းမည်းမြင်ရာ လိုက်ရိုက်လေတော့သည် ။

ခဏအကြာတွင် သူရိန်မှာ တောကြက်နှစ်ကောင်ကို ကိုင်ပြီး ကျွန်ုပ်ရှိရာသို့ ရောက်လာလေသည် ။

“ ဟီး သူကြီး ကျွန်တော်ကြက်ဖမ်းတဲ့ပညာ နည်းနည်းလိုသွားတယ် ဗျ ၂ ကောင်ပဲမိလာတယ် ”

“ အင်း မင်းကတော့ ဖြစ်ရမယ်ဒီမှာကြည့် ”

ကျွန်ုပ်လည်း တုတ်ရိုက်ချက်ဖြင့်အစွမ်းပြထားသော တောကြက်များကို ပြလိုက်ရာ လေးငါးကောင်ခန့် ကိုတွေ့ ရလေ သည် ။

“ သူကြီး ..ငယ်ငယ်က အတိုင်းပဲနော် သန်တုန်းပဲ ”

“ အေး မင်းသိရင်ပြီးတာပဲ လာသွားမယ် ”

သို့နှင့် ကျွန်ုပ်တို့ နှစ်ဦးလည်း တောကြက်များကို ၂ ဦးမျှသယ်ကာ ဂူထဲသို့ ပြန်ခဲ့ကြလေတော့သည် ။ လှိုဏ်ဂူထဲ တွင် ၇ွာဆော်ငမိုးကား ကျွန်ုပ်တို့ကို အသင့်စောင့်ကြိုနေလေသည် ။

“ ဟာ သူကြီးတို့ တောကြက်တွေပါလာတယ်ဟေ့ ပွပြီ ”

“ တယ် ..ဒီလောက် ဒုက္ခရောက်လာတာတောင် အစားကြမ်းနေသေးတယ် ဒီငမိုးကတော့လေ ”

အင်ကြင်းမှ ၀င်ဟောက်လိုက်သောကြောင့် ရွာဆော်ငမိုး ခမျာ ဇက်ပုသွားကာ ကျွန်ုပ်တို့ဆီမှတောကြက်များ ကိုသယ် ကာ ရွာ၏ စားဖိုမှူးဖြစ်သော သက်မီဆီသို့ ယူသွားလေတောသည် ။

“ ကဲ..သူကြီးတို့ အေးဆေးနားကြ ပြီးရင် လျှာလည်သွားစေရမယ် ”

သက်မီက လှမ်းပြောရင်း ဟင်းချက်ဖို့ စတင်ပြင်ဆင်လေတော့သည် ။ ကြယ်ဖြူနှင့် ဝေယံ တို့မှာလည်း ဆေး ရွက်ခူးပြန်ရောက်နေကြပြီဖြစ်သည် ။

“ လာကိုကြီး ခေါင်းကိုဆေးထည့်ရမယ် ကိုကြီးကျော်နဲ့ ဇိုင်းပန် ကမ်းစပ်သွားပြီး ရေနည်းနည်းခပ်ခဲ့ပါလား ဒီမှာ ရေနွေး အဆင် သင့်လုပ်ပြီး လိုရင် အဆင်သင့်သုံးရအောင် ”

“ အေးအေး ကြယ်ပိစိ ”

သို့နှင့် ကိုကြီးကျော်နှင့် ဇိုင်းပန်တို့ နှစ်ယောက်မှာ ပုံးအလွတ်များ ကိုင်၍ ကမ်းစပ်ဆီသို့ ဆင်းသွားကြလေတော့ သည် ။ ကျွန်ုပ်၏ခေါင်းမှာ စိတ်လျော့လိုက်၍လားမသိ မခံမရပ်နိုင်အောင်တဆစ်ဆစ် ကိုက်ခဲလာလေတော့ သည် ။ ကြယ်ဖြူမှာ မည်သည့်အရွက်တွေမှန်းမသိ ကြိတ်ကာ အရည်ရအောင်ညှစ်နေ၏ ။ (ဆေးဖက်ဝင် အရွက် တစ် မျိုးမျိုးဖြစ်ဟန်တူ၏ )

“ ဟဲ့မိုးစက် လာလေ လာဝိုင်းကူဦး တကတည်း နေနိုင်လိုက်တာ ”

“ အာ နင်ကလည်း ရွာထဲတင်မဟုတ်ဘူးကျွန်းပေါ်မှာပါ လာဟောက်နေတယ် တယ်ပိတ်ထုလိုက်ရ ”

“ အံမယ် လာလာချေသေး ဟွန်း ”

ကျွန်ုပ်မှာ ဘုဂလန့် ညီလေးနှင့် ညီမလေးတို့ကို ကြည့်ရင်းပြုံးမိသွားသည် ။

ဦးခေါင်းပေါ်သို့ ဆေးရည်ညှစ်ထည့်ပေးသောအခါ မခံမရပ်နိုင်လောက်အောင် ပူစပ်သောကြောင့် ကျွန်ုပ်မှာ အံကြိတ်ထား ရသည် ။

“ ကိုကြီး မမဂျီဂျီတို့ ဟေမွန်ချမ်းတို့ ဦးသားပြောင်မမ မေလေးတို့ ဘယ်ရောက်နေကြလည်းမသိဘူးနော် ”

“ ဟင်း...ဒီကျွန်းကြီးရဲ့ တစ်နေရာရာမှာ ရှိနေမှာပေါ့ ညီမလေးရယ် ”

“ ညီမလေးတို့ ဆရာဟိန်းတင့်ဇော်ရဲ့ ဗေဒင်အရ ခရီးမထွက်ခဲ့ရင်ကောင်းမယ်နော် ”

“ ဘယ်တတ်နိုင်မလဲကွာ ရပ်ရွာအရေး အများအတွက် လုပ်သင့်တာကို လုပ်ခဲ့ကြတာပဲလေ ”

“ အင်း ဆရာဟိန်းကတော့ မြို့တက်သွားတော့ ပါမလာရှာဘူးနော် သူသာပါလာရင် ဘာဆက်ဖြစ်မလဲ ခန့်မှန်းပေးနိုင် မှာပဲ ”

ကျွန်ုပ်တို့စကားကောင်းနေကြစဉ်

“ ကဲ ရွာသူရွာသားတွေ တန်းစီမယ်ဟေ့ ထမင်းနဲ့ဟင်းရပြီ ငှက်ပျောဖက်တွေယူခဲ့ကြ ”

ဟု လှမ်းအော်သော သက်မီ၏ အသံကို ကြားလိုက်ရလေ၏ ။

“ ဟိဟိ အတော်ပဲ ဖက်အကြီးကြီးခုတ်ရမယ် ဒါမှ များများရမှာ ”

နဲဗားက တိုးတိုးလေးပြောလိုက်သောကြောင့် ပုတုခေါ် သမီးအိဖြူက မျက်စောင်းထိုးလိုက်လေသည် ။

ဤနေရာတွင် သက်မီ၏ တောတွင်း ဟင်းချက်နည်းကို တင်ပြရပေဦးမည် ။ စည်အချို့တွင် ဆန့်ထည့်ထားသော စည်နှင့် တခြားစားဖွယ် ဆီ ၊ ငရုတ် ၊ ကြက်သွန် ၊ ဂျင်း ၊ မဆလာ အစရှိသည်တို့ ပါလာခြင်း မှာ ကျွန်ုပ်တို့အတွက် အလွန်ကံကောင်းသည်ဟု ဆိုရပေမည် ။ သက်မီမှာ ရွာကာလသားအချို့အား ၀ါးကျည်တောက် များ ဖြတ်ခိုင်းပြီး အထဲတွင်ဆန်ထည့်၍ ရေ ၊ ဆီ ၊ ဆား တို့ ရောကာထည့်၍ မီးပြင်းပြင်းနှင့် ဖုတ်၏ ။ တဖန် ငရုတ်သီးကို ဆီသတ်၍ ကြက်သွန်နှင့် ရောကာ တောကြက် ၃ ကောင်ခန့်ကို အနေတော်လှီးဖြတ်၍ ဆီပြန်ချက်လေ၏ ။ ဆီပြန်ကာနီးတွင် မဆလာအုပ်သောကြောင့် အနံ့မွှေးမွှေးလေးက ကျွန်ုပ်တို့၏ ၀မ်းဗိုက်ကို ပိုမို ဆာလောင်စေ၏ ။ ဟင်းကျက် ခါနီး တွင်ဝါးကျည်တောက်တွင် ထည့်ပေါင်း၍ မီးဖုတ်ထားသော ထမင်းမှာ လည်း နူးအိ ကာ မွှေးကြိုင် လှပေသည်။ ကျန်တော်ကြက်များကိုမူ ဖျက်သင့်တာ ဖျက်၍ နောက်တစ်နေ့အတွက် အခြောက် ခံထား လိုက်၏ ။ ကျွန်ုပ်တို့လည်း ကိုယ့်ဝေစုကိုယ့် ဖက်များနှင့် ကိုယ့်ရသည့်ထမင်းများကို မြိန်ယှက်စွာ စားသုံး ကြလေ ရာ ပျော်ပွဲစား ထွက်လာသည်နှင့်ပင်တူလှပေသည် ။ ဗိုက်လည်းဆာနေသည်ကတကြောင်း ပင်ပန်းနေ သည်က တကြောင်းကြောင့် လွန်စွာ ခံတွင်းမြိန်လှပေ၏ ။

စားသောက်ပြီးသောအခါ ဂူအတွင်းတွင် သားရဲတိရိစ္ဆာန်များ မ၀င်စေရန် မီးပုံအကြီးကြီးဖို၍ အလှည့်ကျကင်း တာဝန် များကို ရွာဆော်ငမိုးနှင့် ကာလသားခေါင်းတို့မှ ဦးဆောင်၍ စီစဉ်ကြလေတော့သည် ။ ပြီးနောက်မီးပုံဘေး တွင် ကျွန်ုပ်တို့ မှာ တစ်ဖွဲ့ကြီးစညဝေး၍ ရှေ့ဆက်ရမည်များကို တိုင်ပင်ကြလေတော့သည် ။

“ အင်း ..အခုဆို ရွာသူရွာသားတော်တောများများ ပျောက်နေကြသေးတယ်နော် ကျွန်တော်တို့ တော်တော် ပိုက်စိပ်တိုက် ရှာနိုင်မှဖြစ်မယ် ဒီကျွန်းကြီးကလည်းအတော်ကြီးပုံပဲဗျ ”

“ အင်းဟုတ်ပါ့ ကဲ ငမိုးရေ ဘယ်သူတွေ ပျောက်နေလဲ စာရင်းလုပ်ကြည့်ပါဦး ”

“ လုပ်ပြီးပြီသူကြီး ဒီမှာ ”

ကျွန်ုပ်လည်း စာရင်းကိုယူကြည့်လိုက်၏ ။ ဂျီဂျီ ၊ ဟေမွန်ချမ်း ၊ မေလေး ၊ သားပြောင် ၊ ဘီလူး ၊ နေခြည် ၊ အာဇိ ၊ ကေးကေး ၊ ယမမင်းလေး ...အလို ရွာသားတော်တော်များများ မှာ ဘယ်နေရာရောက်ပြီး ဘာတွေဖြစ် ကုန်ပြီမသိ ကျွန်ုပ်၏စိတ်တို့မှာ လွန်စွာလေးလံသွားလေတော့သည် ။

“ ကဲကဲ ဒီနေ့ညတော့ အကုန်လုံးပင်ပန်းနေ ပြီ စောစောပဲအိပ်ကြတာပေါ့နော် ကင်းသမားတွေသေချာ စောင့်နော် ”

ကျွန်ုပ်လည်းမှာကြားပြီးသည်နှင့် ခေါင်းပေါ်လက်တင်ရင်း ခဏမှေးလိုက်လေတော့သည် ။ ကလေးအုပ် စုဖြစ်သော ကြယ်ဖြူ ၊ မိုးစက် ၊ ကိုကြီးကျော် ၊ ပုတုတို့ မှာမူ စကားတွတ်ထိုး ရင်းတော်တော်နှင့် မအိပ်ကြသေးပေ ။ သို့နှင့် ည တစ်နာရီခန့်အချိန်ရောက်လာတော့သည် ။

နားထဲတွင် တဖျောက်ဖျောက်အသံကြားရသောကြောင့် မှေးကနဲအိပ်ပျော်သွားရာမှ ဖျက်ကနဲနိုးလာ၏ ။ ဂူဝက မီးပုံကား အရှိန်လျော့ ကာ သိပ်တောက်လောင်မှုမရှိတော့ ။ အလို...ကင်းသမား ငရဲမင်းကား အိပ်ပျော်နေချေ ပါတကား ။ ကျွန်ုပ်လည်း ကင်းသွားစောင့်ပြီး ငရဲမင်းနှင့်အဖော်ရစေရန် စကားသွားပြောမည်ဟု ထလိုက်လေရာ မြင်လိုက်ရသော မြင်ကွင်းကြောင့် အူအသဲနှလုံးတို့ ပြောင်းပြန်ဖြစ်ကုန်ပြီထင်ရ၏ ။ လွန်စွာအ ဆိပ်ပြင်းသော တော တွင်း ပင့်ကူကြီးများကား ကျွန်ုပ်တို့ ဂူအ၀တွင် မီးပုံဘေးသို့ ကပ်၍ ဂူအတွင်းတရွေ့ရွှေ့ ချီတက်နေကြသည်ကိုတွေ့ လိုက်ရ၏ ။ ဂူထဲတွင် အိပ်ပျော်နေသော ရွာသူရွာသားများမှာအတုံးအရုံး ။ ကျွန်ုပ်လည်း ဖြေးဖြေး ချင်း ထ၍ မည်သို့ကြံစည်ရမှန်းမသိဖြစ်နေသည် ။ ထိုအခိုက် ဂူ၏ မီး ပုံဘေးတွေ ခွေခွေလေး အိပ်နေသော ပုတုမှာ ရုတ်တရက်ထလာ၍ မီးပုံဘေးမှ ထင်းစ ၂ စကို ကောက် ကိုင်လိုက်လေ သည် ။ မြင်ကွင်းကားအသဲယားစရာ ။ ပင့်ကူအုပ်စုမှာလည်း ရန်သူတွေ့သည့်အလား လှုပ်လှုပ်ရှား ရှားဖြစ် ကုန်ကြလေတော့သည် ။ အိဖြူမှာ အန္တရာယ်ရှိ တောတွင်းအဆိပ်ပြင်းပင့်ကူများကို မကြောက်ရွှံ့ သည့်အလား မီးစွဲနေသော ထင်းချောင်းနဲ့ မွှေ့ယမ်းကာ လိုက်ရိုက်လေတောသည် ။ မီးအပူရှိန်ကြောင့် ပဲလား ရုတ်တရက်တိုက်ခိုက်ခံလိုက်ရ၍လားမသိပေ ။ တောတွင်းပင့်ကူများ မှာ နောက်သို့ အနည်း ငယ်ဆုတ် သွားလေသည် ။ ထိုအခါ မှ ကျွန်ုပ်လည်း ဂူအတွင်းရှိ ရွာသားများကိုနှိုးကာ ပင့်ကူများကို မောင်း ထုတ်ရလေတော့ သည် ။ ကမ္ဘာပျက်သည့်အလား ဂူအတွင်းတွင် ၀ရုန်သုန်းကားနှင့် တုတ်များနှင့် ရိုက်သူကရိုက် အသံဖြင့်ခြောက်လှန့်သူက လှန့်နှင့် ပျော်စရာပင်ကောင်းပေသေးတော့သည် ။ လူအင်အားများ၍လားမသိ ။ တောတွင်းပင့်ကူအုပ်ကြီးမှာ ပြန်လည်၍ တောတွင်းသို့ ပြေးဝင်သွားကြလေသည် ။

“ တော်ပါသေးရဲ့ ပုတုကယ်ပေလို့ မဟုတ်ရင်တော့ ငါတို့တော့သွားပြီ ”

နဲဗားက ရင်ဖိသံဖြင့် ၀င်ပြောလေသည် ။ ဤတွင် ပုတုက

“ ဟွန်း ကင်းစောင့်တဲ့ ငရဲမင်းက လည်းအိပ်လို့ ရှင်ကရော ဟောက်တောင်ဟောက်နေသေးတယ် ဒီက အိပ်ရေးဆတ်လို့ပေါ့ မဟုတ်ရင် အကိုက်ခံနေရတာကြာပြီ ”

“ အင်းတို့တွေ တော့ သတိပိုပြီးထားကြဖို့လိုပြီ ”

သို့နှင့်ထိုတစ်ညအား ကြောက်လန့်မှုများစွာနှင့် ကျွန်ုပ်တို့အားလုံးဖြတ်ကျော်ခဲ့ရလေတော့သည် ။

ဆက်ရန် ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, March 31, 2011

သေမင်းတမန် ခရီးကြမ်း (အပိုင်း ၂)

သေမင်းတမန် ခရီးကြမ်း (အပိုင်း ၂)





နားထဲတွင် ရေလှိုင်းပုတ်သံများကြားနေရသောကြောင့် ကျွန်ုပ်၏ အသိအာရုံတို့မှာ လတ်တလော ပစ္စုပ္ပန်သို့ ပြန် လည်ရောက်ရှိလာ၏ ။ ကျွန်ုပ်သည် မည်မျှကြာအောင် ပင်လယ်ပြင်တွင် နစ်မျောသွားသည်မသိ ခန္ဓာကိုယ် တစ်ခုလုံးမှာ ကိုင်ရိုက်ထားသလို နာကျင်ကိုက်ခဲလျှက် ရှိ၏ ။ ဦးခေါင်းမှ လည်း မခံမရပ်နိုင်လောက်အောင်ပင် တဆစ် ဆစ် ကိုက်ခဲ လျှက်ရှိပေသည် ။ ကျွန်ုပ်ပထမဆုံး သတိရမိသည်မှာ ကျွန်ုပ်၏ ရွာသူရွာသားများပင်ဖြစ်၏ ။ သူတို့ အသက်ရှင်လျှက်ရှိသေးပါ၏လော ။ ကျွန်ုပ်လည်း မျက်လုံးကို အားယူ၍ ဖွင့်ကြည့် လိုက် ရာ နေ၀င် စပြုနေပြီဖြစ်သော ကောင်းကင်ပြင်ကြီးကို တွေ့မြင်ရလေ၏ ။ ပင်လယ်ပြင်ကြီးမှာ အိပ်တန်းတက် ဇင်ယော်ငှက် များနှင့် ပုဇွန်ဆီရောင် နေလုံးကြီးနောက်ခံထားကာ လွန်စွာ အသက်ဝင် လှပလျှက်ရှိ ၏ ။ မာယာများဖြင့် ပြည့်နှက်နေသော ပင်လယ်ပြင်ကိုကြည့်၍ ကျွန်ုပ်မှာ ထူးပြီး မအံ့သြမိ ။ အဓိက လုပ်ဆောင်ရမည်မှာ ကျွန်ုပ်၏ အပေါင်းအဖော်များ ကို ပြန်လည်ရှာဖွေတွေ့ရှိရေးပင်ဖြစ်သည် ။

ကျွန်ုပ်လည်း ရှိသမျှ အားအင်တို့ကို စုစည်းလိုက်ကာ သဲပြင်ပေါ်သို့ မတ်တပ်ရပ်လိုက်၏ ။ သဲပြင် ကား ခြေတလှမ်းလှမ်းတိုင်း ခြေကျင်းဝတ်ထိ နစ်မြုပ်သွားလေရာခရီးမတွင်လှပေ ။ ကျွန်ုပ်လည်း ခြေလှမ်း ၁၀ လှမ်းခန့် လှမ်းမိပြီးသည်နှင့် ကျွန်းအတွင်းပိုင်းမှ အရိပ်တစ်ခု ဖျက်ကနဲ မြင်လိုက်ရသောကြောင့် ၄င်းကျွန်း အတွင်း ပိုင်း သို့ လျှောက်လာခဲ့တော့သည် ။ ကျွန်ုပ်လည်း သတိကြီးစွာထား၍ တဖြည်းဖြည်းချဉ်းကပ်လာရာ လွန်စွာကြီး မားသော အုန်းပင်ကြီးတစ်ပင်နောက်တွင် ထိုအရာ ရှိရမည်ဟု ခန့်မှန်းရလေသည် ။ ကျွန်းပေါ် တက်လာ ရင်းတွေ့ရသော သစ်သားစအား ဆုပ်ကိုင်၍ ၀င်ရောက်ခဲ့လေ၏ ။ ထို့နောက်ကျွန်ုပ်လည်း အုန်း ပင်နောက် သို့ ဖျက်ကနဲကြည့်လိုက်လေ၏ ။ ကျွန်ုပ်အား သစ်သားတုတ်ကြီးကိုင်၍ ချိန်ရွယ်ထားပုံရသော မီမီအောင့်ကို အံ့အားသင့်စွာ တွေ့လိုက်ရလေသည် ။

“ဟင်..မ.မီ ”

“ ဟင်..သူကြီး ”

“ ဘယ်လိုလုပ် ...”

ကျွန်ုပ်၏စကားမဆုံးမီမှာပင် မီမီအောင်မှာ မျက်ရည်များစီးကျလာပြီး ရှိုက်ကြီးတငင် ငိုလေတော့သည် ။

“အောင်မလေး သူကြီးရဲ့ ရွာသားတွေ အကုန်သေပြီထင်ပါရဲ့ အီး...ဟီး....”

“ ဟာ..မမီရယ် စိတ်ကိုထိမ်းပါဦးဗျာ ကျွန်တော်တို့လိုပဲ ရွာသူရွာသားတော်တော်များများလည်း ဒီကျွန်းပေါ်မှာ ရှိလိမ့် မယ် လို့ ကျွန်တော်ထင်တယ်ဗျ ဘာလို့လည်းဆိုတော့ မုန်တိုင်းဖြစ်တဲ့နေရာက ဒီကျွန်းနဲ့ဝေးပုံမရဘူးဗျ ”

ကျွန်ုပ်ပြောလိုက်မှ မီမီအောင်မှာ အငိုတိတ်သွားလေတော့သည် ။

“ကဲ ကျွန်တော်တို့ ည မမှောင်ခင်လေး စခန်းချဖို့ နေရာရှာကြဦးစို့ ”

သို့နှင့် ကျွန်ုပ်တို့ နှစ်ဦးလည်း သတိကြီးစွာ ထား၍ ကျွန်းအတွင်းပိုင်းသို့ ဆက်ဝင်ခဲ့ကြလေတော့သည် ။

ဤကျွန်းကြီးပေါ်တွင် သက်ရှိများနေထိုင်သလော ။ အသားစား လူရိုင်းများ နေထိုင်ကြသလော ။ သို့တည်း မဟုတ် ကြောက်မက်ဖွယ်တောရိုင်း တိရိစ္ဆာန်များ ရှိကြကုန်သလော ။ ကျွန်ုပ်မသိပေ ။ လာ သမျှဘေး ပြေးတွေ့ ရန်သာ ရှိပေတော့သည် ။ ကျွန်ုပ်တို့ နှစ်ဦးစကားတပြောပြောနှင့် နာရီဝက် ခန့် လျှောက်ပြီးသော အခါ လွင်ပြင်ကြီးတစ်ခုကိုေ တွ့ရလေသည် ။ စိမ်းစိမ်းစိုစိုနှင့် မြက်ရိုင်းများ က နေရာ အနှံ့နေရာယူထား၏ ။ လွင်ပြင်အဆုံး ကိုကြည့်လိုက်သောအခါ ဘဘာဝ လှိုက်ဂူကြီးတစ် ခုနှင့် ကျောက်တောင် များကို တွေ့ရလိုက်ရ၏ ။ ဤလှိုက်ဂူကြီးသည် လတ်တလောခိုအောင်းရန် အကောင်း ဆုံးဖြစ်သည်ဟု ကျွန်ုပ်တွေးမိ၏ ။ သို့နှင့် လွင်ပြင် ကျယ်ကြီးကိုဖြတ်လျှောက်ပြီး လှိုဏ်ဂူကြီးရှိရာသို့ ကျွန်ုပ်တို့ နှစ် ဦး အသံလုံစွာဖြင့် ချဉ်းကပ် သွားလေတော့သည် ။ နေ၀င်သွားပြီဖြစ်သဖြင့် ပတ်ဝန်းကျင်သည် အလင်းရောင် သိပ်မရချင်တော့ ။ အရာရာ သည် ၀ိုးတ၀ါးဖြင့် အမှောင်ထုက ရုတ်ချည်းစိုးမိုးလာလေတော့သည် ။

“ မမီရေ ..သတိတော့ထားရမယ်ဗျ ..ဒီဂူထဲမှာ အကောင်ဗလောင်တွေ မရှိဘူးမပြောနိုင်ဘူး ”

“ ဟုတ်ကဲ့ သူကြီး ”

သို့နှင့် ကျွန်ုပ်တို့ ချဉ်းကပ်လာရင်း ဂူနားသို့ရောက်ခါနီး ၀ါးတစ်ရိုက်ခန့်အလိုတွင် ဂူအတွင်းမှ ရုတ်တရက်မီးရောင် လင်းလာသည်ကို တွေ့လိုက်ရလေသည် ။ ကျွန်ုပ်လည်း လွန်စွာ အံ့အားသင့်သွားမိ၏ ။ သေချာသည်မှာ ဂူအတွင်းတွင် သက်ရှိလူသားများရှိနေချေပြီ ။ ကျွန်ုပ်လည်း သစ်သားချောင်းကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်း ဂူအတွင်း သို့ အရဲစွန့်ကာ ၀င်ခဲ့လေတော့သည် ။

အလို....ရှုလော့ ။ ကံတရားက ကျွန်ုပ်တို့ကို မျက်နှာသာ တစ်ခါပြန်ပေးပြီထင်၏ ။ ဂူအတွင်းတွင် ကျွန်ုပ်တို့ ရွာသား အချို့ကို တွေ့လိုက်ရသောကြောင့်ပင်တည်း ။ ရွာသူရွာသားများမှာ ကျွန်ုပ်တို့ နှစ်ဦးကို ဂူပေါက်ဝ တွင်တွေ့ လိုက် ရ၍ ရုတ်တရက်ကြောင်၍ ကြည့်နေကြ၏ ။ ပြီးမှ ကျွန်ုပ်တို့ဆီ ပြေး လာ ကြ ကာ ပျော်ရွှင် ကြလေတော့ သည် ။

“ မ..မမီ မမီရေထဲ ပြုတ်ကျသွားတုန်းက ငိုလိုက်ရတာ အီးးးဟီးးးကံကောင်းလို့ပြန်တွေ့ရတာပေါ့နော် ”

ကြယ်ဖြူလေးက မီမီအောင့်အား ပြေးဖက်၍ ငိုကြွေးလေတော့သည် ။ ဂူအတွင်းတွင်တော့ သက်မီ ၊ သူရိန် ၊ ဝေယံ ၊ အင်ကြင်း ၊ ပုတုလေး နှင့် ကျန်ရွာသားအချို့ကို တွေ့လိုက်ရ၍ ကျွန်ုပ်မှာ အတော်ပင် ၀မ်းသာသွား မိသည် ။ သို့ရာတွင် ရွာသားအတော်များများမှာမူ ပြန်မတွေ့ရသေးပေ ။ ဘီလူး ၊ စမူဆာနှင့် သားပြောင်တို့ ဘယ်ပျောက်နေ ကြသ နည်း ။ နံနက်မိုးလင်းလျှင်တော့ ကျွန်းတစ်ကျွန်းလုံးကိုသေချာလေ့လာရပေမည် ။

“ ဒီလိုသူကြီးရ ကျွန်တော်တို့ အခုအဖွဲ့က လှေလည်းမြုပ်ရော စည်ပုံးတွေကို တွယ်ထားကြ တာဗျ...လွတ်မထွက် သွားအောင်ပေါ့ လေငြိမ်တော့မှ တခြားသူတွေလည်း စည်ပုံးအလွတ်တွေနဲ့ ရေပေါ်မှာတွေ့လို့ အချင်းချင်း ကြိုးတွေနဲ့ ဆက်ပြီး ဒီကျွန်းပေါ်ထိရောက်အောင်ကူးခဲ့ကြတာပဲ ..ဒီကျွန်းပေါ်ကိုတော့မလေ့လာရသေးဘူး မနက်ကျမှ ပဲ သေချာ စုံစမ်းရမယ် ”

“ အင်း..ကျွန်တော်လည်း ခေါင်းကို တစ်ခုခုနဲ့ ဆောင့်မိသွားတယ်ထင်တာပဲဗျာ ဘာမှမသိတော့ ဘူး မှောင် မိုက်သွား တာ ညနေစောင်းမှ ကမ်းစပ်မှာပြန်သတိရလာ ”

“ ဟယ် ကိုကြီး ခေါင်းမှာ သွေးတွေစို့နေပါလား ”

ကြယ်ဖြူပြောမှပင်ကျွန်ုပ်မှာ ခေါင်းသို့ကိုင်ကြည့်ရာ စေးထန်းထန်းနှင့် သွေးများ ကိုတွေ့ရလေသည် ။

“ ခဏလေး ဆေးရွက်သွားရှာပြီးဆေးထည့်ပေးမယ်”

“ အေးအေး..ညီမလေး အဝေးကြီး မသွားနဲ့ ဝေယံ့ ကိုခေါ်သွား လိုက် ”

“ ဟုတ် ”

သိုနှင့် ကျွန်ုပ်တို့မှာ ဂူအတွင်းတွင် ထိုတစ်ည ဖြစ်သလို စခန်း ချရန် စီစဉ်ရလေတော့သည် ။

“သက်မီရေကျွန်တော်တို့ အစားအသောက် သွားရှာလိုက်ဦးမယ် မီးမွှေးပြီး ချက်ပြုတ်ဖို့ ပြင်ဆင်ထားပေးပါနော် ”

“ ဟုတ်ကဲ့သူကြီး လှေပေါ်က အိုးခွက်တွေလည်း ကမ်းစပ်မှာတွေ့လို့ သယ်လာတယ် စိတ်ချ ”

သိုနှင့် ကျွန်ုပ်နှင့် သူရိန်မှာ အစာရှာဖွေရန် ဂူအတွင်းမှ ထွက်၍ အနီးအနားသို့ လှည့်လည်ခဲ့ကြလေတော့သည် ။

ဆက်ရန်

www.thettantvillage.com
သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, December 2, 2010

ကျွန်တော်နှင့်ညောင်ပင်တစ္ဆေ





အခန်း (၁)

ညက လမိုက်ရက်ပီပီ ပတ်ဝန်းကျင်တစ်ခုလုံးအား မှောင်အတိချထား၏ ။ ကြယ်အချို့က ကောင်းကင်ယံတွင် မှိတ် တုတ်မှိတ်တုတ်ဖြင့် ။ ရွာထိပ်ရှိ ညောင်ပင်ကြီးမှာ အဝေးကကြည့်လျှင် တစ္ဆေတစ်ကောင် ငုတ်တုတ် ထိုင်နေ သည့်အလား ကြောက်မက်ဖွယ်အတိပင် ။ လူတစ်ယောက် ကြောက်ကြောက်ရွံ့ရွံ့ ဖြင့် အမှောင်ကို အံတုလျှက် ညောင် ပင်ကြီးရှေ့မှ ဖြတ်လျှောက်သွား၏ ။ ထိုအခိုက် အပေါ်မှ ဂျွတ်ခနဲ အသံကြားလိုက်ရ၍ အပေါ်သို့ မော့ ကြည့်မိ၏ ။

" အား....."

အော်သံနက်ကြီးနှင့်အတူ ရွာဆီသို့ သုတ်ခြေတင် ထွက်ပြေးသွားလေ၏ ။

အခန်း (၂)

နံနက်လင်းသည်နှင့် ရွာထဲတွင် ပျံ့နှံ့နေသော သတင်းစကားကား ညောင်ပင်တစ္ဆေတဲ့ ။ ရွာသား တစ်ယောက်ကို ဂုတ်ချိုးဖို့လုပ်တာ ကံကောင်းလို့ လွတ်လာတာတဲ့ ။ မျက်လုံးက လင်ကွင်းလောက်ရှိပြီး လျှာနီနီရဲရဲကြီးက မြေကြီး ကိုထိအောင်ရှည်တာတဲ့ ။ ဒီတော့ရွာရဲ့ အထိတ်တလန့်ဖြစ်ရပ်အပေါ်ဖြေရှင်းဖို့ ကျွန်တော်တို့ ကာလသား တွေစု ဝေး တိုင်ပင်ကြ၏ ။ ဒီညောင်ပင်တစ္ဆေကို ရအောင်ဖမ်းမည်ပေါ့ ။

အခန်း (၃)

ဒေါ်အေးကြည်တစ်ယောက် ဒီနေ့မှပဲ တခြားရွာမှာ အမဲသားသွားရောင်းရင်းနေ၀င်သွားခဲ့သည် ။ ဆန်ထုတ် လေးကို ပိုက်ရင်း ညောင်ပင်ကြီးရှေ့ရောက်လုနီးတွင် ကြက်သီးမွှေးညှင်းများ ထသွားမိသည် ။ စိတ်ကိုတင်းရင်း ညောင်ပင်ရှေ့ခပ်သွက်သွက်လျှောက်လိုက်၏ ။ ထိုအခိုက်အမဲသား ထည့်ထားသောတောင်းမှာ လေးလာ၍ အပေါ်သို့ အမှတ်တမဲ့ ကြည့်မိတော့........။

အခန်း (၄)

ညောင်ပင်တစ္ဆေက ပိုသောင်းကျန်းနေပေပြီ ။ အမဲသားတောင်းထမ်းလာတဲ့ ဒေါ်အေးကြည်ကို သရဲက ဖမ်းစားဖို့ လုပ်သတဲ့ ။ နောက်မှ အမဲသား ကျန်သေးတာတွေ့ပြီး အမဲသားကို တောင်းပေါ်ကနေ နှိုက်စားဖို့ လုပ်နေတုန်း ဒေါ်အေး ကြည်တွေ့ပြီး လိပ်ပြာလွင့်သွားတာ မနည်းနှာနှပ်ယူရသည်ဟူသတတ် ။ ကဲ... ဒီနေ့ည လကွယ်ည တွေ့ကြပြီပေါ့ ညောင်ပင်တစ္ဆေရယ် ။

အခန်း (၅)

လကွယ်ညမို့ ကောင်းကင်ယံတွင် ကြယ်တစ်ပွင့်မှမရှိ ။ မှောင်အတိကျပြီး လေကလည်းတိုက်နေသည်မို့ သစ်ပင် တို့ ယိမ်းထိုးနေသည်မှာ နာနာဘာဝများသဖွယ်ပင် ။ တစ္ဆေခြောက်သည်ဟု နာမည်ကြီးသော ညောင် ပင်ကြီးအောက်တွင် မကြာခင်မီးပုံတစ်ခုလင်းလာ၏ ။ ကျွန်တော်အပါအ၀င် အားလုံး ရွာကာလာသားငါးယောက် မီးပုံဘေးတွင် ၀ိုင်းထိုင်ရင်း ရောက်တတ်ရာရာများပြောနေကြသည် ။ အချိန်ကားတဖြည်းဖြည်းဥာဉ့်နက်လာပြီ ။ တစ်ချက် တီးပြီ ။ ထိုအခိုက် ပတ်ဝန်းကျင်တစ်ခုလုံး အပ်ကျသံပင်မကြားရလောက်အောင် တိတ်ဆိတ်သွား၏ ။ ညောင်ပင်ကြီးရှိ ကျွန်တော်တို့ မီးပုံဝိုင်းသို့ ဖြေးဖြေးလာနေသော မည်းမည်းအရာတစ်ခု ။ မလှမ်းမကမ်းတွင် ရပ်တန့်သွား သည် ။ ကာလသားခေါင်းဆောင်ကမေးသည် ။

" ဘယ်သူလဲ "

" ........"

ပြန်ဖြေသံမကြားရ ။ အတော်ကြာမှ

" ချောင်းထဲမှ မြှုံးသွားဖော်ပြီးပြန်လာတာပါ "

" အော်.."

ထိုလူက မီးပုံနားသို့မလာပဲ ခပ်လှမ်းလှမ်းမှ ပတ်ကာလျှောက်သွား၏ ။ တစ်ကိုယ်လုံးတွင် ရေများက မြင်မ ကောင်း လောက်အောင်စိုရွှဲနေ၏ ။ ထိုအခိုက် ကျွန်တော်၏ မျက်လုံးတို့က တစ်စုံတစ်ခုကိုတွေ့မြင်သွား၏ ။ အရိပ်.... ဟုတ်သည် .... မီးပုံဘေးမှ ဖြတ်သွားစဉ် ထိုသူ၏ အရိပ်မှ လုံးဝမပေါ် ။ သတိရ၍ ကြည့်မိတော့ ထိုလူ မရှိတော့ ။ အမှောင်ထုထဲ ပျောက်ကွယ်သွားချေပြီ ။ မသင်္ကာ၍ မီးပုံမှ ထင်းချောင်းဆွဲ၍ ထိုလူဖြတ်သွားရာ နေရာကို လိုက်ကြည့်ရာ ရေတစ်စက်မှမရှိပေ ။ ပကတိ ခြောက်သွေ့လျှက်........။

( မှတ်ချက် ။ ။ ၀ထ္ထုတို ရဲ့ သဘောဟာ စာဖတ်သူကိုပါ ဆက်ပြီးတွေးခွင့်ပေးရမယ်လို့ ဆရာတာရာမင်းဝေရဲ့ စာအုပ်ထဲမှာ ဖတ်ဖူးလို့ ပထမဆုံး စာဖတ်သူကို ဆက်တွေးခွင့်ပေးထားတဲ့ ၀ထ္ထုတိုတစ်ပုဒ်ဖြစ်ပါတယ် ။ )

သက်တန့်ချို
2 Dec 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, August 7, 2010

Ebook ဒေါင်းမရသူများအတွက် ဇတ်သိမ်းပိုင်း

Ebook ဒေါင်းမရသူများအတွက် ဇတ်သိမ်းပိုင်း


သီတာမှာ ကျွန်ုပ်တို့ အား လှမ်းတားပြီးသည်နှင့်ကင်တိုဓါးနှစ်ချောင်းကို ဆုပ်ကိုင်ကာ မြေပုံမို့မို့များဆီသို့ လျောက် သွားလေသည် ။ ထို့နောက်မြေပုံတစ်ခုသို့အရောက်တွင် လက်ထဲမှ ကင်တိုဓါးနှင့် အားကုန်စိုက် ချလိုက် လေသည် ။

“ ဇွပ် ...ဇွပ် ”

“ အူး...အူး ”

အလို .. မြေပုံများအောက်တွင် လူသေအလောင်းများမဟုတ်ပဲ သွေးစုပ်ကောင်များက ပုန်းအောင်းကာ စောင့် ဆိုင်းနေကြခြင်းပင်ဖြစ်လေသည် ။ တခဏအတွင်း မှာပင် ကျန်မြေပုံများမှ သွေးစုပ်ကောင်များလည်း ထွက်ပေါ်လာခဲ့ရာ ညိုမောင်နှင့် ထွန်းလူတို့က လျှင်မြန်စွာ သွားပြီးတိုက်ခိုက်ကြရာ သွေးစုပ်ကောင်များ ကျဆုံး ကုန်ကြလေသည် ။

“ သီတာ ..ဒီမြေပုံတွေအောက်မှာ သွေးစုပ်ကောင်တွေရှိမှန်းညီမက ဘယ်လိုလုပ်သိတာလဲ ”

“ ပထမတော့ သတိမထားမိဘူးအစ်ကိုရဲ့ နောက်မှ မြေပုံတွေရဲ့ မြေကြီးတွေက ပွနေတယ် ကြာပြီဆို ကျစ် နေရ မယ်လေ နောက်ပြီး အချို့မြေပုံတွေကို သေချာကြည့်ရင်မြေကြီးတွေက လှုပ်နေကြတယ် ဒါကြောင့် ဒီမြေပုံ တွေအောက်မှာသွေးစုပ်ကောင်တွေရှိရမယ်လို့ ခန့်မှန်းလိုက်တာပါ ”

“ တော်လိုက်တာ ညီမရာ "

“ အား.... ဒီလောက်လည်း မဟုတ်ပါဘူး အကိုရာ”

ဟုသီတာက ကျွန်ုပ်အား ရှက်စနိုးဖြေလေသည်။ ကျွန်ုပ်တို့လည်း သချိုင်း မြေမှ ဖြတ်ကျော်ခဲ့ရာ မကြာခင် လူတစ်ရပ်ခန့် မြင့်သောမြက်ရိုင်းပင်များသို့ ပြန်ရောက်ခဲ့လေတော့သည်။ နောက်ဘက်တွင်ကား ဒေါက်တာ သောမက်စ် စံအိမ်ကြီးကား ကျန်ခံလေတော့သည်။ ကျွနုပ်တို့လည်း ထိုချိုင့်ဝှမ်းကြီးထဲမှ တဖြည်းဖြည်း မြက်ရိုင်းပင်များကြားတိုးထွက်လာခဲ့ရာမကြာခင် ကားလမ်းမ နှင့် တိုက်ပျက်များ ဆီသို့ပြန်လည် ရောက်ရှိခဲ့လေ တော့၏ ။ ယခုအချိန်တွင် Ghost City ၏ ဘူတာရုံသို့ ပြန်သွားရပေလိမ့်မည်။ သို့မှသာ ရထားလမ်းမှတဆင့် Cape Town သို့ ပြန်ရောက်နိုင်ပေမည်။ ကျွန်ုပ်တို့လည်း ရှေ့ဆက်ခဲ့ရာ တစ်နေရာ အရောက်တွင် တိုက်ခေါင်းမိုးပေါ်သို့ အမှတ်တမဲ့ ကြည့်မိရာ မသင်္ကာသဖြင့်တစ်ဖွဲ့လုံးအား တိုက်ပျက်တစ်ခု ဘေးသို့အ သာကပ်ခိုင်းရလေသည်။ ကျွန်ုပ်လည်း စနိုက်ဘာအား zoom ဆွဲ၍ ကြည့်လိုက်ရာ ဒေါက်တာသောမက်စ်၏ လက်ထောက်ရုပ်ဆိုးဆိုး သတ္တ၀ါကောင်ဖြစ်နေသည်ကိုတွေ့ရလေသည်။

၎င်းက ကျွန်ုပ်တို့လာမည့်လမ်းကို လောင်ချာ ဖြင့် အသင့်ချိန်ကာစောင့်နေသည်ကို တွေ့ရလေသည်။ ကျွန်ုပ်လည်း အသင့်စောင့်ကာ သတ္တ၀ါကောင်နှဖူးတည့်တည့်ကို အသင့်ချိန်၍ သေနတ်မောင်း အားဆွဲချ လိုက်လေသည်။

“ အူး....”

သတ္တ၀ါကောင်အားထိမှန်သွားဟန်ရှိကာ တိုက်ပေါ်မှ ပြုတ်ကျသွားလေတော့သည်။ သို့သော် ကျွနုပ်တို့ တိုက်ပျက် မကြာခင်တွင် မည်သည့်အရပ်မှပစ်ခတ်မှန်းမသိသောလောင်ချာများက တိုက်များ ကို ထိမှန် ကာ တိုက်ပျက် များမှာ မီးများစွဲလောင်၍ မြို့မှာ ရုပ်အဆိုးဆုံး အခြေအနေသို့ရောက်နေလေပြီ။ အချိန်အ တော်ကြာတွင် ကျွန်ုပ်တို့ Cape Town ကျွနုပ်ပစ်ခတ်၍သေပြီထင်ရသော သတ္တ၀ါကောင်မှာ ရုတ်တရက် ပြန်ပေါ်လာလေတော့သည်။



သို့သော်ဒေါက်တာနိုင်ဇော်၏ သေနတ်ပစ်လျှင်မြန်မှုကို သတ္တ၀ါကောင်မှာ ရှောင်တိမ်း၍ မရတော့ချေ။ ပစ်လဲကျ သွားလေတော့သည်။ ကျွန်ုပ်တို့လည်း ဘူတာရုံဘက်သို့ဦးတည်ကာ ဆက်ခဲ့လေသည်။ ကျွနုပ်တို့ အားလိုက်လံပစ်ခတ်နေသော ဒေါက်တာသောမက်စ်၏ တပည့်များရှိနေပြီဖြစ်သောကြောင့်ဤမြို့မှ ထွက်နိုင်ရန် အရေးကြီးပေသည်။ အတော်ကြာလျှောက်လာပြီးနောက် ရုတ်တရက် ကျွနုပ်တို့ မျက်နှာချင်းဆိုင်မှ လာနေသော မြေလှိုင်း တွန့်အမို့အမောက်ကြီးအား တွေ့လိုက်ရလေသည်။ ထိုမြေအမို့အမောက်ကြီးမှာ ကျွနုပ်တို့နှင့် မလှမ်းမကမ်းတွင် ရပ်တန့်သွားပြီး မြေကြီးများဖွာလန်ကျဲလျှက် မြေအောက်မှ တွားသွားသတ္တ၀ါ ကောင်ကြီး ထွက်လာလေသည်။ လုံးပတ်မှာ လူတစ်ဖက်စာခန့်ရှိပြီး ဦးခေါင်းတွင်စုပ်ခွက်များပါရှိလေသည်။ ဤသတ္တ၀ါကြီး သည်လည်း ဗိုင်းရပ်မှပုံသဏ္ဌာန်ပြောင်းလာသောအကောင်ကြီးပင်လော။ မျက်လုံးများမှာ နီရဲလျှက်ရှိပေသည်။

ယခုမှ ကျွန်ုပ်တို့လည်း သတိပြန်ဝင်လာာသတ္တ၀ါကောင်ကြီးအား လက်နက်များဖြင့်စ တင်ပစ်ခက်လေ တော့သည်။ ကျွန်ုပ်တို့ပစ်ခတ်မှုများက ထိမှန်ပြီး သတ္တ၀ါကောင်ကြီးမှာ အထိနာဟန်ရှိလေသည်။ သို့သော် မြေကြီးထဲပြန်ဝင်သွားလိုက် တစ်နေရာမှာပြန်ပေါ်လာလိုက်နှင့် တိုက်ပွဲကား ရှည်လျား ကာပြင်း ထန်လှပေသည်။ တစ်ချီတွင် ဒေါက်တာနိုင်ဇော်၏ ရိုင်ဖယ်မှ ကျည်တောင့်များက သတ္တ၀ါကောင်၏ ဦးခေါင်းအတွင်း ဖောက်ဝင်သွားကာ မြေကြီးပေါ်သို့ အရုပ်ကြိုးပြတ်လဲကျသွားလေတော့သည်။ ကျွနုပ်တို့လည်း ပြေးလွှားကာ ဘူတာရုံဘက်သို့ ခရီးဆက်ခဲ့လေတော့သည်။ ၃နာရီကျော်မှ တိုက်ကြိုတိုက်ကြားများတွင် သီတာ၏ လမ်းညွှန်မှု ကျွန်ုပ် မှတ်သားထားသော လမ်းညွှန်အားပြန်စဉ်းစားရင်း ခရီးဆက်ခဲ့ရာ မကြာခင် ဘူတာရုံ ပျက်သို့ အောင်မြင်စွာရောက်ခဲ့လေသည်။

အလို ရထားတွဲတစ်ခုကားစက်နှိုးထားပြီး ၎င်းခေါင်းတွဲအပေါ်တွင် ဒေါက်တာသောမက်စ်ရောက်နေသည်ကို အံသြဖွယ်ရာတွေ့ရလေသည်။ ဒေါက်တာသောမက်စ်က ကျွနုပ်တို့အဖွဲ့အားမြင်သောအခါ ရယ်သံနက်ကြီး ဖြင့်အော်ရပ်ရင်း

“ ဟားဟားဟား မြန်မာပြည်သားလေးတွေရေ Ghost City မှာ သွေးစုပ်ကောင်တွေနဲ့နေခဲ့ပေတော့ ”

ဟုဆိုကာ ရထားခေါင်းတွဲအားခုတ်မောင်းသွားလေတော့သည်။ ဒေါက်တာနိုင်ဇော်မှာ လျှင်မြန်စွာ ဒူးထောက် လိုက်ပြီး သေနတ်ဖြင့်ချိန်လေသည်။ ကျွနုပ်လည်း စနိုင်ဘာဖြင့် ချိန်လိုက်ပြိး သေနက်မောင်းအားဆွဲလိုက်ရာ

“ ဒိုင်း ”

“ ဒိုင်း”

သေနက်သံနှစ်ချက်တပြိုင်နက် ထွက်ပေါ်သွားပြီး ဒေါက်တာသောမက်စ်မှာ ဇက်လန်ကာ သေဆုံးသွား ပြီဖြစ်၏ ။ ရထားခေါင်းတွဲမှာ အရှိန်မရသေးတာကြောင့် ကျွန်ုပ်တို့လည်း ပြေးလိုက်ကာ ရထားခေါင်းတွဲပေါ်သို့ ရောက်ခဲ့ လေသည်။ ဒေါက်တာသောမက်စ်အလောင်းအား ရထားလမ်းဘေးတွင်ပင်စွန့်ပစ်ခဲ့ကြလေသည်။ ရထားတွဲကား ဒေါက်တာသောမက်စ် ကိုယ်ပိုင်စီးဖြစ်ဟန်တူပြီးလမ်းလွဲမှ ယူလာခဲ့ဟန်တူလေသည်။ ထိုအခိုက် ဘူတာရုံပျက်ထဲ ၀င်လာနေသော သတ္တ၀ါကောင်များနှင့် သွေးစုပ်ကောင်များအားတွေ့လိုက်ရာ ကျွန်ုပ်လည်း ရထားခေါင်းတွဲ အရှိန်အား အမြင့်ဆုံးမြှင့်တင်လိုက်လေသည်။

တခဏအကြာတွင် Ghost City ကား ဟိုးအဝေးတွင် မှုန်ပျပျသာမြင်ရလေတော့သည်။ ကျွန်ုပ်၏နားတွင် ဒေါက်တာ နိုင်ဇော်က Ghost City အားငေးလျှက် ထွန်းလူနှင့် ညိုမောင်မှာ စွန့်စားခန်းများ ပြောလျှက်သီတာမှာမူ ကျွန်ုပ်၏ ပခုံးအားမှီတွယ်ရင်း လိုက်ပါလာလေတော့သည်။

ရထားခေါင်းတွဲမှာမူ Cape Town ဆီသို့ အရှိန်ပြင်းစွာ ခုန်မောင်းလျှက် ............

( နောက်ဆက်တွဲ။ ။ ကျွနုပ်တို့သည် Cape Town အားရောက်ပြီးနောက် မူလစီစဉ်ခဲ့သည့်အတိုင်း အာဖရိကအစိုးရလက်ထဲသို့ ဖြေဆေးစာရွက်စာတမ်းများ အပ်ခဲ့လေ သည်။ဗိုင်းရပ်ကုသ ဆေးအားတီ တွင်ပြီး နောက် အထူးတပ်ဖွဲ့ဝင်များဖြင့် Ghost City အတွင်းဝင်ရောက်ကာ သွေးစုပ်ကောင်များ အားဖြေဆေး သေနတ်များဖြင့် ပစ်ခက်ကာ ထောင်ပေါင်းများစွာသော သွေးစုပ်ကောင်တို့မှာ လူကောင်း ပကတိပြန် ဖြစ်ကြလေသည်။ ထို့အပြင် ကျွန်ုပ်တို့ အဖွဲ့ဝင်ငါးဦးမှာလဲ အာဖရိက ဂုဏ်ထူးဆောင်တံဆိပ်ကို အသီးသီး အပ်နှင်းခြင်း ခံရလေတော့သည် ။ )

သက်တန့်ချို
5 August 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, August 6, 2010

ကျွန်ုပ်နှင့် သွေးဆာနေသောမြို့တစ်မြို့ (ဇတ်သိမ်းပိုင်း + E book)

ကျွန်ုပ်နှင့် သွေးဆာနေသောမြို့တစ်မြို့ (ဇတ်သိမ်းပိုင်း + E book)



ဇတ်သိမ်းပိုင်းကို အခြေအနေ အရပ်ရပ်ကြောင့် နောက်ကျသွားတာ ခွှင့်လွှတ်ပေးပါခင်ဗျာ ။ အခု ဇတ်လမ်းရှည်အစအဆုံးကို Ebook နှင့်တွဲတင်လိုက်ပါတယ် ။ ဇတ်သိမ်းပိုင်းအား Ebook အား Download ဆွဲပြီး ဖတ်ပေးပါရန် မေတ္တာရပ်ခံပါတယ် ။ Ebook မှာ Link လေးတွေ ချိတ်ပေးထားပါတယ် ။ ဇတ်သိမ်းပိုင်းဖတ်ချင်ရင် မာတိကာမှာ ဇတ်သိမ်းပိုင်းကို နှိပ်ပြီး တန်းဖတ်နိုင်ပါတယ် ။

File size : 2.04 MB

Download Link: http://www.mediafire.com/?0gmrptqbfxnqy0d

ကျေးဇူးတင်လွှာ

` ကျွန်ုပ်နှင့်သွေးဆာနေသောမြို့တစ်မြို့´ ဇတ်လမ်းရှည်အား အပိုင်း ၁ မှ နေ၍ ဇတ်သိမ်းပိုင်းအထိ စိတ်ရှည် သည်းခံ၍ စောင့်ဖတ်ပေးကြသော ၀ဘ်ဆိုဒ်မှ သူငယ်ချင်းများ ၊ ဘလော့မှသူငယ်ချင်းများ ၊ Google Reader မှ စာဖတ်သူများ နှင့် ဘလော့ပို့စ်များအား Subscribe လုပ်၍ မေးလ်ထဲမှ ဖတ်ကြသော စာဖတ်သူများအား အထူးပင် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါသည် ။

ဤ စာအုပ်လေးဖြစ်မြောက်ရေးအတွက် စိတ်ရှည်သည်းခံ၍ ကူညီပေးခဲ့သော ဒီဇိုင်နာ ကိုစိုးမင်းထွန်း (ဘိုးတော်) www.cgmyanmar.com အားလည်း လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါသည် ။


ဤ ၀ထ္ထုအား မည်သူမဆိုလွတ်လပ်စွာ ကူးယူ၍ ခံစားနိုင်ပါသည် ။ တစ်စုံတစ်ဦး မှနေ၍ အခကြေးငွေဖြင့် တဆင့်ပြန် လည်ရောင်းချခြင်းအား ခွင့်မပြုပါ ။ ဒေါင်းလုပ်ဆွဲ၍ လုံးဝအဆင်မပြေပါက ဂျီမေးလ်ထားခဲ့နိုင်ပါတယ် ။ မေးလ် ထဲကို ပို့ပေးပါ့မယ် ။

သက်တန့်ချို
www.thettantcho.com


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, August 5, 2010

ကျွန်ုပ်နှင့်သွေးဆာနေသောမြို့တစ်မြို့ (အပိုင်း ၁၄)

ကျွန်ုပ်နှင့်သွေးဆာနေသောမြို့တစ်မြို့ (အပိုင်း ၁၄)


“ ဒီလိုဆို ဒီဗိုင်းရပ်စ်ကို တိုက်ထုတ်နိုင်တဲ့ ကုစားနိုင်တဲ့နည်းလမ်းမရှိဘူးလားဗျ ”

“ ရှိတာပေါ့ကိုသက်တန့်ရယ် အဲဒီနည်းကို ဒေါက်တာသောမတ်စ်ကိုယ်တိုင်က ရှာဖွေတွေ့ရှိခဲ့ပြီးပြီလေ ဒါပေမယ့် ဒီလူက သွေးသောက်ရတဲ့အရသာကို ခုံမင်သွားပြီလေ ဒါကြောင့် တစ်ကမ္ဘာလုံးကို သူ့လို ဖြစ်အောင်လုပ်မယ်လို့ ကြံစည်ထားတာပေါ့ သူရှာဖွေတွေ့ရှိထားတဲ့ဖြေဆေးကိုလည်း မထုတ်တော့ဘူးလေ ဒါပေမယ့်ကျွန်တော်က အဲဒီစာရွက်စာတမ်း စမ်းသပ်မှုအဖြေကို ခိုးယူထားပြီးပြီလေ ဒါကြောင့် ဒီလူက ကျနော့်ကို သတ်ပစ်ချင် နေတာပေါ့ ”

“ အေးဗျာ အတော်ယုတ်မာတဲ့သူပဲ သူတတ်ထားတဲ့ပညာတွေကတော့နှမျောစရာကြီးနော် ”

“ ဒါပေါ့ဗျာ ဘယ်တတ်နိုင်မလည်း အခု ကျနော်တို့ ဒီမြို့ထဲကလွတ်အောင်ကြိုးစားရမယ် ပြီးရင် Cape Town ကိုပြန်ပြီး အဲဒီကတဆင့် ( Africa Health Ministry ) အာဖရိကကျန်းမာရေးဆိုင်ရာအဖွဲ့အစည်းနဲ့ ဆက်သွယ်ရမယ် ပြီးတော့ Ghost City အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်သိအောင်လုပ်ရမယ် ပြီးတော့ ကျွန်တော့်မှာရှိတဲ့ ဗိုင်းရပ်စ်တိုက်ထုတ်တဲ့ နည်း ၊ ဖြေဆေးကို တာဝန်ရှိသူတွေကို အပ်ပြီး Ghost City ကလူသား တွေကို ကယ်တင်ရမယ်ဗျ ”

“ ဟုတ်တယ်ကိုနိုင်ဇော်ရ ဒီတစ်မြို့လုံးကို နှိမ်နှင်းမှာထက်စာရင် အဲဒီအကြံအကောင်းဆုံးပဲဗျ ”

ဟု ကျွန်ုပ်က ထောက်ခံစကားပြောလိုက်လေသည် ။ကျွန်ုပ်တို့ နှစ်ဦးစကားကောင်းနေကြစဉ် သီတာ ၊ ထွန်းလူနှင့် ညိုမောင်တို့မှာ အသီးသီးအိပ်ပျော်နေကြပြီဖြစ်၏ ။ သို့နှင့် ထိုတစ်ညလုံး အခန်းအား လော့ခ်ချထားကာ ကောင်းမွန် စွာ တစ်ဖွဲ့လုံး အိပ်စက်ခဲ့ကြလေတော့သည် ။ ညက ကောင်းမွန်စွာ အိပ်စက်ထားသဖြင့် အဖွဲ့သား အားလုံးမှာ လန်းဆန်းတက်ကြွနေကြလေတော့သည် ။ ကျွန်ုပ်တို့လည်း အပေါ်ထပ်လှေကားသို့တက်ခဲ့ရာ အခန်း ပေါင်းများစွာကို ထပ်တွေ့ရလေသည် ။ ထို့နော်ကအခန်းများအတွင်းသို့အပြင်မှကြည့်ရာ သေဆုံး နေပြီဖြစ်သော အလောင်းများမှအပ ထူးခြားမှုများမတွေ့ရပေ ။ အခန်းတိုင်းလိုလို လော့ခ်ကျနေသဖြင့် မှန်ပြတင်း ပေါက်မှသာ အတွင်းကိုတွေ့မြင်နိုင်လေသည် ။ ကျွန်ုပ်တို့အဖွဲ့လည်း ဆက်လျောက်ခဲ့ကြရာ လမ်းချိုး တစ်နေရာ သို့အ ရောက်တွင် ရိပ်ကနဲ အရိပ်တစ်ခုကိုတွေ့ရလိုက်ရသဖြင့် အဖွဲ့သားများအာ ခဏစောင့်ရန်အချက်ပေးပြီး ပြေးလိုက်ခဲ့လေတော့သည် ။ ထိုလူမှာ တစ်နည်းအားဖြင့် ဒေါက်တာသောမတ်စ်လူယုံသို့မဟုတ်ကျွန်ုပ်တို့အား နောက်မှ လိုက်လံချောင်းမြောင်းကြည့်ရှူနေသူတစ်ဦးဖြစ်တန်ရာ၏ ။ ကျွန်ုပ်လိုက်လာသည်ကိုတွေ့၍ ထွက်ပြေး လေရာ ကျွန်ုပ်လည်း ထွန်းလူဆီမှ ယူထားသော သေနတ်ဖြင့်လျှပ်တစ်ပြက် ပစ်ချလိုက်လေတော့သည် ။

“ ဒိုင်း ”

“ အူး....”

ထိုလူမှာ ခြေထောက်သို့ထိသွားဟန်ရှိ၏ ။ ဒူးခေါင်းကွေးညွတ်သွားကာ ယိုင်နဲ့ယိုင်နဲ့ဖြင့် အခန်းတစ်ခုအတွင်း ၀င်ရောက်ပျောက်ကွယ်သွားလေသည် ။ ကျွန်ုပ်လည်း အန္တရာယ်များလှသည်ဖြစ်၍ဆက်မလိုက်တော့ပဲ အဖွဲ့ဆီ သို့ ပြန်ခဲ့လေသည် ။ ထို့နောက် အကျိုးအကြောင်းပြောပြပြီး ဆက်လက်၍ လျောက်ခဲ့ရာ တစ်နေရာတွင် သံတံခါးကြီး တစ်ခုက ဆီးကာထား ပြီး လမ်းကားဆုံးနေပြီဖြစ်၏ ။ တံခါးက Electronic ဖြင့်ပြုလုပ်ထားပြီး နံပါတ်များ ပါရှိလေသည် ။ ထိုနံပါတ်များအပေါ်တွင် Ghost City Hospital No. ဟုရေးထားသည် ကိုတွေ့ရ လေသည် ။ ကျွန်ုပ်တို့လည်း ဆေးရုံအမှတ်အား မမှတ်ခဲ့မိ၍ လွန်စွာ နောင်တရမိလေတော့သည် ။ ဤတွင်သီတာက

“ အကို အဲဒီခလုတ်က ဆေးရုံနံပါတ်ကို ရိုက်ခိုင်းတာထင်တယ် ကျမမှတ်မိတယ် AD 980 ပါ”

ဟုပြောလေ၏ ။ ထိုအခါ မှကျွန်ုပ်မှာ သီတာ မှတ်ဥာဏ်ကောင်းပုံနှင့် အရာရာကို အမှုမဲ့ အမှတ်မဲ့မ နေ တတ်ပုံများကို ချီးကျူးရလေသည် ။ သို့နှင့် နံပါတ်များရိုက်ထည့်လိုက်ရာတံခါးကြီးမှာ ပွင့်သွားလေတော့သည် ။

“ ဝေါ....ဝေါ...”

တံခါး ပွင့်ပွင့်ခြင်းမြင် လိုက်ရသောမြင်လိုက်ရသောမြင်ကွင်းကြောင့်ကျွန်ုပ်တို့အဖွဲ့မှာ ကြက်သေသေ သွားမိ တော့သည် ။ ထိုအခန်းထဲ တွင် လွန်စွာများပြားလှသော သွေးစုပ်ကောင်အုပ်ကြီးပင်တည်း ။ မထူးတော့ပြီမို့ ကျွန်ုပ်တို့အဖွဲ့မှာ သွေးစုပ်ကောင်အဖွဲ့ကြီးနှင့် နွှဲရပေတော့သည် ။ တိုက်ပွဲကား ပြင်းထန်လှ၏ ။ အပွဲပွဲနွှဲလာသော လက်ရည်များ က သွေးစုပ်ကောင်များကို အပြိုပြို အလဲလဲ ဖြစ်စေ၏ ။ ဒေါက်တာနိုင်ဇော်၏ အားပါလှသော အဆင့်မြင့်တိုက်ကွက်များ ၊ သီတာ၏ ဖျက်လက်ရဲရင့်သော ကင်တိုဓါးချက်များ ၊ ထွန်းလူ၏ လျှင်မြန်လှသော ဓါးချက်များ ၊ ညိုမောင်၏ ပြင်းထန်သော လက်သီးတံတောင်တိုက်ကွက်များကြောင့်သွေးစုပ်ကောင်များမှာ ပြိုလဲကျကုန်၏ ။ ၂၀ မိနစ်ခန့်တိုက်ပြီးသည်နှင့်တိုက်ပွဲအား လက်စသိမ်းလိုက်တော့သည် ။ ကြမ်းပြင်ပေါ်တွင် အတုံးအရုန်း သေဆုံးကုန်သော သွေးစုပ်ကောင်များက ပြန့်ကျဲလျှက် ။ ကျွန်ုပ်တို့လည်း အခန်းအတွင်း ဆက်ဝင်ခဲ့ရာ ထောင့်တစ်နေရာတွင် အောက်ထပ်သို့ တွယ်ဆင်းသောပိုက်လုံးကိုတွေ့ရလေသည် ။ ကျန်အခန်းများမှာမူ လော့ခ်ကျနေပြီး တစ်ဖက်ပွင့်လော့ခ်များ ဖြစ်ဟန်တူသည် ။ ကျွန်ုပ်တို့လည်းပိုက်လုံး အပေါ် မှ တစ်ဦးချင်းတွယ်ဆင်းခဲ့ရာ ပန်းခြံလိုလို မြေကြီးပေါ်သို့ ခြေချမိကြလေ၏ ။ ဘေးဘီကို သေချာ ကြည့်မိတော့မှ မြေပုံမို့မို့များ အုတ်ဂူများနှင့် သင်္ချိုင်းတစ်ခုဖြစ်နေသည်ကို တွေ့ရလေသည် ။ ကျွန်ုပ်တို့ အဖွဲ့လည်း ထိုသင်္ချိုင်းအား ဖြတ်လျောက်မည်အပြုတွင် သီတာက

“ ခဏနေဦး မသွားကြနဲ့ဦး”

ဟု လှမ်းတားလေ၏ ။

အပိုင်း ၁၅ မျှော်.....။

သက်တန့်ချို
5 August 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, August 4, 2010

ကျွန်ုပ်နှင့်သွေးဆာနေသောမြို့တစ်မြို့ (အပိုင်း ၁၃)



ကျွန်ုပ်နှင့်သွေးဆာနေသောမြို့တစ်မြို့ (အပိုင်း ၁၃)


ထို့နောက်ညိုမောင်ကပင်ဆက်လက်၍

“ ထွန်းလူအဖမ်းခံရပြီးတော့ ကျနော်အဖမ်းခံရတာပါပဲ ကျနော်တို့ နှစ်ယောက်ကိုသတ်ပစ်မယ်ဆိုပြီး ဒေါက်တာ သောမတ်စ်က အကြပ်ကိုင်လို့ ဆရာနိုင်ဇော်ကအဖမ်းခံလိုက်ရတာပါ ”

ဟုရှင်းပြလေသည် ။

“ ကဲပါ ဘာပဲဖြစ်ဖြစ် အခု အဖွဲ့သားတွေအကုန်ပေါင်းမိနေပြီပဲ ဒီအိမ်ကြီးထဲက ထွက်နိုင်မှာပါ ”

“ အင်းဟုတ်တယ် ဒီအိမ်ကြီးရဲ့ထွက်ပေါက်ဟာ ဘယ်နေမှာ ရှိမှန်းမသိအောင် ခန့်မှန်းရခက်တယ် အခန်းပေါင်း များ စွာရှိပြီး အခန်းတော်တော်များများက သော့ခတ်ထားတယ်ဗျ ကဲ ကျွန်တော်တို့ ထွက်ပေါက် လိုက်ရှာ ရအောင် ”

ဟု ဒေါက်တာ နိုင်ဇော်က ပြောလေသည် ။ သို့နှင့် ကျွန်ုပ်တို့ အဖွဲ့လည်း အောက်ထပ် တွင်အခန်းများကို လိုက်ဖွင့်ကြည့်ရာ အခန်းအတော်များများ သော့ခတ်ထားသည်ကိုတွေ့ရလေသည် ။ ကံကောင်းထောက်မစွာ တစ်ခန်း မှာပွင့်သွားပြီး လူသွားလမ်းကိုတွေ့ရလေသည် ။ ကျွန်ုပ်တို့ အဖွဲ့လည်း စဉ်းစားမနေတော့ပဲ ထိုလူသွားလမ်းလေးထဲသို့ ၀င်ခဲ့လေသည် ။ အတန်ကြာလျောက်ပြီးသောအခါ အသံတစ်သံကြား၍ ဒေါက်တာ နိုင်ဇော်က ရှေ့မှနေပြီး ရပ်နေရန် အချက်ပေးလေသည် ။ ကျွန်ုပ်လည်း မသင်္ကာ၍ အပေါ် ခေါင်မိုး သို့ကြည့်လိုက်ရာ ကျွန်ုပ်နှင့်တစ်ချိန်က လမ်းကြားတွင် တိုက်ခိုက်ခဲ့ဘူးသော သတ္တ၀ါ တစ် ကောင်မှာ ခေါင်မိုးနံရံမှာတွယ်ကပ်နေပြီး ကျွန်ုပ်တို့အား ချောင်းမြောင်းတိုက်ခိုက်ရန် ပြင်နေဟန်ရှိလေသည် ။ သတ္တ၀ါကောင်မှာ လျှင်မြန်လှစွာ ကျွန်ုပ်တို့အဖွဲ့အား ခုန်အုပ်လိုက်ရာ ညိုမောင့်အပေါ်သို့ ကျသွားလေသည် ။

ညိုမောင်မှာ သတ္တ၀ါကောင် ချုပ်ကိုင်မှုကို အတင်းရုန်းထွက်နေရလေသည် ။ ထိုအခါ ဒေါက်တာနိုင်ဇော်က သတ္တ၀ါ နောက်ဖက်မှနေ၍ နောက်ကျောဖက်ကို ကိုင်လိုက်ပြီး ဆွဲယူ၍ နံရံနှင့်ရိုက်ချလိုက်လေသည် ။ သတ္တ၀ါကောင်မှာလွင့်စင်ပြီး နံရံနှင့်ရိုက်မိကာ ပြန်အကျတွင် သီတာရှေ့သို့ကျလေသည် ။ ထိုအခါ သီတာ၏ သွက်လက် လှသော ကင်တိုဓါးတိုက်ကွက်များကြောင့်သတ္တ၀ါကောင်မှာ အပိုင်းပိုင်းပြတ်ထွက်ကာ လှုပ်ရှား နိုင်ခြင်းမရှိတော့ပေ ။ ကျွန်ုပ်တို့အဖွဲ့လည်း သတိကြီးစွာထား၍ ဆက်လျောက်ခဲ့ကြလေတော့သည် ။ တစ်နေရာ အရောက်တွင် အပေါ်ထပ်သို့ တက်သည့်လှေကားကိုတွေ့ရပြီး ၄င်းလှေကားအောက်တွင် အခန်းနှစ်ခန်း တွေ့ရလေသည် ။ ကျွန်ုပ်လည်း ဦးဆောင်၍ အပေါ်ထပ်သို့ တက်သွားကာ ခပ်ဝေးဝေး တွင်မျက်နှာချင်း ဆိုင်မှလာနေသော သွေးစုပ်ကောင်အုပ်စုကြီးကိုတွေ့လိုက်ရလေသည် ။ အကောင်အရေ အတွက်က နှစ်ဆယ် ကျော်ခန့်ရှိ ပေလိမ့်မည် ။

ကျွန်ုပ်လည်း အောက်သို့ ပြန်ဆင်းရန် အချက်ပြလိုက်ပြီး လှေကား အောက်မှ အခန်းများအား စစ်ဆေးကြည့်ရာ လော့ကျနေပြီး တစ်ခန်းမှာ လွယ်ကူ စွာပွင့်သွားလေသည် ။ ထို့ကြောင့် ကျွန်ုပ်တို့အဖွဲ့လည်း ထိုအခန်းထဲသို့ ၀င်နေကာ အဖွဲ့သားများကို တိတ်ဆိတ်စွာနေရန်အချက်ပေးလိုက်လေသည် ။ သွေးစုပ်ကောင်များ ကားလှေ ကားမှ ဆင်းလာသော အသံများကိုကြားရလေသည် ။ ပြီးနောက် ကျွန်ုပ်တို့ လာခဲ့သော လမ်းကြားလေး ထဲသို့ ၀င်သွားသောအသံများကို ကြားရလေသည် ။ ကျွန်ုပ်တို့လည်း ယခုမှ အခန်းအတွင်းသို့ကြည့်လိုက်ရာ အသုံးမပြုတော့သည်မှာကြာပြီဖြစ်သော ဓါတ်ခွဲခန်းအဟောင်းကြီးကိုတွေ့ရလေသည် ။ ကွဲရှနေပြီဖြစ်သော Burett များ Pipette များ Flask များကိုတွေ့ရလေသည် ။

“ ကိုနိုင်ဇော်ရေ ကျွန်တော်တို့ ဒီအိမ်ကြီးထဲက လွတ်ဖို့ သေချာ Plan ဆွဲရမယ်ဗျ နောက်ပြီး အခုလည်း ညမှောင်နေပြီဆိုတော့ ကျနော်တို့ ဒီလို ဆက်သွားနေရင်အန္တရာယ်ပိုများတယ် ဒီတစ်ညတော့ ဒီအခန်းမှာ ခိုပြီး မနက်လင်းတော့မှ ဆက်လှုပ်ရှားကြတာပေါ့ ”

“ဟုတ်တယ်ကိုသက်တန့်ရေ ကျနော်တို့ ဒီမှာ နားဖို့လိုတယ်ဗျ ”

ဟု ဒေါက်တာနိုင်ဇော်ကပြောလေသည် ။ ကံကောင်းထောက်မစွာပင် ထွန်းလူ၏ စေ့စေ့စပ်စပ်နိုင်မှုများကြောင့် စားသောက်ဆိုင်အဟောင်းအတွင်းမှ ရယ်ဒီမိတ်ခေါက်ဆွဲခြောက်များ ၊ ရေဘူးများနှင့် ပေါင်မုန့်များကို အိတ် တစ်ခုနှင့် ထည့်ပြီး သယ်ဆောင်လာသည်ကို တွေ့ရလေသည် ။ ကျွန်ုပ်တို့ အဖွဲ့လည်း ဆာဆာနှင့်စားလိုက်ကြရာ အတော်အတန်ပင် ဗိုက်ပြည့်သွားလေတော့သည် ။

“ ကိုနိုင်ဇော်ရေ ဒေါက်တာသောမတ်စ်ပြောတော့ သူ့ရဲ့လှို့ဝှက်ချက်ကို ကိုနိုင်ဇော်တို့ သိသွားတယ်ဆို ရှင်းပြ ပါဦးဗျ ”

“ ဒီလိုကိုသက်တန့်ရ အမှန်တော့ ဒေါက်တာသောမတ်စ်ကိုယ်တိုင်က Leukemia ဝေဒနာရှင်တစ်ဦးဗျ သူတတ်ထားတဲ့ပညာနဲ့သူ့ရောဂါကို သူကြိတ်ကုနေတာကြာပြီဆိုပါတော့ တစ်နေ့တော့သူက လူကီးမီးယား ဆဲလ်ကို တိုက်ခိုက်နိုင်တဲ့ ဗိုင်းရပ်စ်တစ်ခုကို အမှတ်မထင်တွေ့သွားတယ် အဲဒီဗိုင်းရပ်စ်ကို သူက သုတေသနလုပ်ပြီး နှစ်ပေါင်းအတော်ကြာ ရောဂါကုသဖို့အတွက် တီထွင်ကြိုးပမ်းခဲ့တယ် ..


တကယ်သာအောင်မြင်ခဲ့ရင်တော့ တစ်ကမ္ဘာလုံးအတွက် အကျိုးရှိမယ့်ကိစ္စတစ်ခုပါပဲ ၀မ်းနည်းစရာပဲ သူ့တီ ထွင်မှုက မအောင်မြင်ခဲ့ဘူး သူ့ကိုယ်ထဲကို Vein ကတစ်ဆင့် ဗိုင်းရပ်စ်တွေကို ထိုးသွင်းပြီးကုသခဲ့တယ် ဒါပေမယ့် သူသွင်းလိုက်တဲ့ ဗိုင်းရပ်တွေက လူကီးမီးယား ဆဲလ်ကို တိုက်မထုတ်ပဲနဲ့ သွေးနီဥ Red blood cells တွေကို တိုက်ထုတ်ပြီး လူမှာ သွေးကို ဆာလောင်တဲ့ ချဉ်ခြင်းတပ်မှုကိုဖြစ်ပေါ်စေတယ်..ပြီးတော့ သူ့ရဲ့ Transmission rate က အရမ်းမြန်တယ်လေ သွေး သွေးချင်းထိတာနဲ့ကူးကုန်တာပဲ နောက်ပြီး သူတီထွင်လိုက်တဲ့ Blood Hunger Virus(BHV) က (Mutagenic) ပုံသဏ္ဍာန်ပြောင်းနိုင်တဲ့ဂုဏ်သတ္တိရှိတယ်ဗျ ကိုသက်တန့်တို့လည်း မြို့ထဲမှာ ပုံဆိုးပန်းဆိုးသတ္တ၀ါတွေတွေ့မှာပေါ့ အဲဒါ Mutant Virus ကူးစက်ခံရတဲ့ လူသားတွေပဲ အရင်ဆုံး ဒေါက်တာသောမတ်စ်ရဲ့ အိမ်သားတွေ တပည့်တွေနောက် အိုဗျာ နောက်တစ်မြို့လုံး ဗိုင်းရပ်စ် အကူးခံ လိုက်ရတာပဲဗျို့ ဒါကြောင့် ဒီကောင်တွေအကိုက်မခံရအောင် အထူးသတိထားပြီးနေရမယ်ဗျို့ ”

ဟု ဒေါက်တာနိုင်ဇော်က ရှည်လျှားစွာ ရှင်းပြလေသည် ။ ထိုအခါမှ ကျွန်ုပ်တို့လည်း အကြောင်းစုံကို ဇတ်ရည် လည်ကာ သိရှိခဲ့ရလေတော့သည် ။

အပိုင်း ၁၄ မျှော်......။

သက်တန့်ချို
4 August 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................