Monday, March 29, 2021

အလင်းနှစ်


အလင်းနှစ်

သံသရာဟာရှည်လျား
ခရီးသွားသူတစ်ယောက်ရယ်ပါ
ရယ်လိုက် ငိုလိုက်
ချစ်လိုက် မုန်းလိုက် နဲ့ပေါ့ ။

ဒီနှစ်ကောင်းကင်မှာ
အလင်းတွေပွင့်ခဲ့သလို
ဒီနွေရဲ့ရိုးပြတ်တွေမှာ
ကဗျာတွေ တိတ်ဆိတ်ငြိမ်သက်လို့ ။

အာရုဏ်မတက်မချင်း
အမှောင်ကိုသည်းခံမယ်
အိပ်မက်တွေ အရောင်ခြယ်တဲ့အခါ
ကျေးဇူးပြု၍ ငါ့ကိုလည်းခေါ်ပါ ။

ဒီတစ်ရက် ဒီတစ်နှစ်မက
နောင် အနာဂါတ်တိုင်းမှာ
ပွင့်လင်းဝေသီ
တေးတွေသီပါစေ .. ။

သက်တန့်ချို
29.3.2021

Saturday, March 27, 2021

မသာယာမိစေနဲ့


သူများမျက်ရည်ကျမှ စားရတဲ့ဘ၀ကို
ဘယ်တော့မှ မမက်မောမိစေနဲ့ ။

သူများ ပူလောင်မှုနဲ့ရင်းရတဲ့အောင်မြင်မှုကို
ဘယ်တော့မှ မတောင့်တမိစေနဲ့ ။

သူများ ရွံ့ရှာမုန်းတီးမှုနဲ့ရတဲ့ အောင်မြင်မှုကို
ဘယ်တော့မှ မသာယာမိစေနဲ့ ။

သက်တန့်ချို
27.3.2021

Thursday, March 25, 2021

လူဆိုးနဲ့လူကောင်း


လူဆိုးက
ကိုယ့်ရှင်သန်ရေးကိုဦးစားပေးတယ်
လူကောင်းက
သူတစ်ပါးရှင်သန်ရေးကိုဦးစားပေးတယ်

လူဆိုးက
ကိုယ့်အတ္တကိုရှေ့တန်းတင်တယ်
လူကောင်းက
သူတစ်ပါးအကျိုးကိုရှေ့တန်းတင်တယ်

လူဆိုးက
ကိုယ့်ကျင့်သိက္ခာကို စွန့်ပယ်တယ်
လူကောင်းက
ကိုယ်ကျင့်သိက္ခာကို ကိုးကွယ်တယ် ။

သက်တန့်ချို
25.3.2021

Monday, March 22, 2021

ခေါင်းဆောင်ခြင်းတူပေမယ့် .. မြင့်မြတ်ပုံခြင်းကွာတယ်


လူချင်းတူပေမယ့်
ရှင်သန်ပုံခြင်းကွာတယ် ။

အသက်ရှုပုံခြင်းတူပေမယ့်
ခံယူချက်ခြင်း ကွာတယ် ။

ခေါင်းဆောင်ခြင်းတူပေမယ့်
မြင့်မြတ်ပုံခြင်းကွာတယ် ။

သက်တန့်ချို
22.3.2021
Photo Credit to original creator