Showing posts with label ဘ၀အမောစိတ်အမောတွေပြေစေဖို့. Show all posts
Showing posts with label ဘ၀အမောစိတ်အမောတွေပြေစေဖို့. Show all posts

Friday, June 22, 2012

ဘယ်တော့မှ စကားတစ်ခွန်းကို Copy and Paste မလုပ်မိစေနဲ့ :P

ဘယ်တော့မှ စကားတစ်ခွန်းကို Copy and Paste မလုပ်မိစေနဲ့ :P



“ ကျွန်တော့်ဘ၀ရဲ့အကောင်းဆုံးအချိန်တွေကတော့ ကျွန်တော့်ဇနီးမဟုတ်တဲ့ အမျိုးသမီးတစ်ယောက် ရဲ့လက်မောင်းပေါ် မှာ အိပ်စက်ခဲ့ရတဲ့အချိန်တွေပါပဲ ။

နားထောင်တဲ့သူတွေ အကုန်လုံးတိတ်ဆိတ်ပြီး လန့်သွားကြတယ် ။ ဟောပြောသူကဆက်ပြောတယ် “ အဲဒီအမျိုး သမီးကတော့ ကျွန်တော့် အမေပါပဲ ”

နားထောင်သူတွေက အားလုံးရယ်မောကြပြီးလက်ခုပ်တွေတီးကြတယ် ။

တစ်ပတ်လောက်ကြာပြီးတဲ့အခါ ဒီဟောပြောသူ ရဲ့ ပွဲတွေတက်ထားတဲ့ ထိပ်တန်းမန်နေဂျာတစ်ယောက် အိမ်မှာ ဒီဟာကို ပြောပြဖို့ကြိုးစားတယ် ။ ညနေစာ စားဖို့ စားပွဲဝိုင်းမှာထိုင်ပြီး အရင်ဆုံးသူရေ တစ်ခွက်သောက် လိုက်တယ် ။ ပြီးတော့ မီးဖိုချောင်ထဲမှာ စားစရာပြင်ဆင်နေတဲ့ ဇနီးဖြစ်သူကိုလှမ်းပြောလိုက်တယ် ။

“ မိန်းမရေ ငါ့ဘ၀ရဲ့အကောင်းဆုံးအချိန်တွေကတော့ ကျွန်တော့်ဇနီးမဟုတ်တဲ့ အမျိုးသမီးတစ်ယောက် ရဲ့လက်မောင်းပေါ် မှာ အိပ်စက်ခဲ့ရတဲ့အချိန်တွေပါပဲ ”

ဇနီးဖြစ်သူက အဲဒီစကားကိုကြားကြားရင် အံ့သြတုန်လှုပ်ပြီး ဒေါသတကြီး ထမင်းစားပွဲဆီလျှောက်လာတယ် ။ အဲဒီအချိန် မှာပဲ ဒီထိပ်တန်းမန်နေဂျာကြီးဟာ နောက်ဆက်ပြောရမယ့် စကားကိုမေ့သွားပြီး အိုးတိုးအ တဖြစ်သွား တယ် ။ ပြီးတော့ သူဆက်ပြောလိုက်တယ်က

“ အဲအဲ...အဲဒီအမျိုးသမီးကို ငါမမှတ်မိတော့ဘူး ”

ပြီးတော့ -- ထိပ်တန်းမန်နေဂျာကြီး အဲဒီအမျိုးသမီးကို မှတ်မိတဲ့အချိန်ကျတော့ သူ ဆေးရုံကိုရောက်နေပါပြီ ။ နာ့စ် တစ်ယောက်က သူ့မျက်နှာပေါ်က ရေနွေးနဲ့အပက်ခံရတဲ့ ဒါဏ်ရာတွေကို ဆေးထည့်ပေးနေတယ်လေ ။

@@@@@@@@@@@@@@@@@@@@@@@@

မှတ်ချက် ။ ။ ဘယ်တော့မှ စကားတစ်ခွန်းကို Copy and Paste မလုပ်မိစေနဲ့ ။ ပြောနေရင်းမေ့ သွားတဲ့အခါ ပြဿနာတက်တက်တယ် ။

သက်တန့်ချို
တိုတိုထွာထွာဘာသာပြန် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, March 6, 2012

Sim Card များအား ၀ယ်ယူသူတိုင်းအား အခမဲ့ ပေးဝေသွားမည်

Sim Card များအား ၀ယ်ယူသူတိုင်းအား အခမဲ့ ပေးဝေသွားမည်



မိုးကောင်းကင်ကြီးက ပြာလဲ့လဲ့ နှင့် မနက်ခင်းက သာယာ စွာ လင်းလက်လျှက်ရှိသည် ။ စောစောစီးစီး သတင်း စာ စာမျက်နှာ ခေါင်းကြီးပိုင်းရှိ သတင်းတစ်ပုဒ်အားဖတ်မိလိုက်သည် ။

“ ယခုအချိန်မှစ၍ ပြည်သူအများ၏ ဆန္ဒအား အလေးထားသောအားဖြင့် Sim Card များအား ၀ယ်ယူသူ တိုင်းအား အခမဲ့ ပေးဝေသွားမည်ဖြစ်သည် ။ ဖုန်းခေါ်ဆိုခများအားလည်း တစ်မိနစ်လျှင် ၁၀ ကျပ်သို့ ပြောင်းလဲ သတ်မှတ်လိုက်သည် ။ ထို့အပြင် ပုဂ္ဂလိက ကုမ္ပဏီအချို့မှလည်း သူ့ထက်ငါ အပြိုင်အဆိုင် Sim Card များအား အခမဲ့ပေးဝေနေသည့်အပြင် တချို့ဆိုလျှင် ဆင်းန်ကဒ် တစ်ကဒ်ယူလျှင် ငွေဖြည့်ကဒ်တစ်ကဒ် နှင့် အကျီင်္တစ်ထည် ၊ တချို့ဆိုလျှင် ဆင်းကဒ် ယူလျှင် Nokia ဖုန်းတစ်လုံးပေးမည် ၊ တချို့ဆိုလျှင် ဆင်းန်ကဒ် ယူလျှင် Iphone 4S အား ထက်ဝက်ဈေးလျော့၍ပေးမည့်အကြောင်း အပြိုင်အ ဆိုင်ကြော် ငြာပေး လျှက်ရှိကြောင်းသတင်းရရှိပါသည် ”

အိုး--- ဒီလိုတွေတောင်ဖြစ်လာပြီကိုး ။ မင်္ဂလာရှိသော သတင်းအား ဖတ်ပြီးသည်နှင့် စိတ်လက်ကြည်သာစွာ လက်ဖက်ရည်ဆိုင်သို့ ထွက်လာခဲ့၏ ။ လက်ဖက်ရည်ဆိုင်တွင် ရောက်နှင့်နေသော သူငယ်ချင်းများက စ၍ နှုတ် ဆက်လေသည် ။

“ မင်္ဂလာပါ ကိုသက်တန့်ရေ ”
“ မင်္ဂလာ နံနက်ခင်းပါဗျို့ ”
“ ဒီနေ့ ကြားရတဲ့ သတင်းတွေအကုန်သိပြီးပြီလားဗျ ”
“ ဆင်းန်ကဒ်တော့ဖတ်ပြီးပြီဗျ ၀မ်းသာစရာပဲ ”
“ ဆင်းန်ကဒ်တင်ဘယ်ကမလဲဗျ အခုဆို နိုင်ငံတော်က ကားတင်သွင်းခွင့် အခွန်တွေ ပယ်ဖျက်ပေး လိုက်ပြီ တဲ့ဗျ နိုင်ငံခြားက ဒေါ်လာ ၁၅၀၀ ၊ ၂၀၀၀ တန်ကားတွေကို မူရင်းဈေးအတိုင်း ဒီမှာ ၀န်ဆောင်ခ နည်းနည်းနဲ့ ၀ယ်ယူနိုင်ပြီလို့ အတိအလင်းကြေငြာလိုက်ပြီဗျ ”
“ ၀ိုးးးး တကယ်လားဗျ ”
“ တကယ်ပေါ့ဗျ ကျွန်တော်ကနောက်ပါ့မလား ဒါတင်မကသေးဘူး အခုဆို လာမယ့် ၃ နှစ်အတွင်း မြန်မာနိုင်ငံက စင်ကာပူမြို့ထက် တောင် ခမ်းနားခေတ်မီအောင် မွမ်းမံ ပြင်ဆင်ကြတော့မယ်တဲ့ ဘယ်လောက်ကောင်း လိုက်သ လဲ လူနည်းစု သူဌေးကြီးတွေကို အခွန် တိုးကောက်ခံပြီးလူများစု အခြေခံလူတန်းစားတွေကို အ ခွန်တွေလျော့ပေါ့ပေးတော့မှာတဲ့ ”
“ မပြီးသေးဘူးနော် ၀န်ထမ်းလစာတွေကို တစ်လ ၂ သိန်းသတ်မှတ်ပေးလိုက်ပြီဗျာ ကဲ ဘယ်လောက်တောင်ဝမ်း သာစရာကောင်းသလဲ ”

သတင်းများကို ကြားပြီး ပီတိဖြစ်နေခိုက် အနားမှ တစုံတခုက ၀င်တိုက်လိုက်သလိုဖြစ်ပြီး “ ၀ုန်း ” ကနဲ အသံကြီးကို ကြားလိုက်ရလေသည် ။

မျက်လုံးထဲ ကြယ်တွေလတွေမြင်ပြီးနောက် မျက်စိဖွင့်ကြည့်လိုက်သောအခါတွင် အိပ်မက်မက်ပြီး ကုတင်ပေါ်မှ ပြုတ်ကျခြင်းဖြစ်ကြောင်းသိလိုက်ရလေတော့သည် ။

သက်တန့်ချို
March 6-2012

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, January 20, 2012

ရယ်ရွှင်ဖွယ်ရာ ဆိုင်းဘုတ်များ

ရယ်ရွှင်ဖွယ်ရာ ဆိုင်းဘုတ်များ

အင်တာနက်စာမျက်နှာမှာတွေ့ရတဲ့ ရယ်ရွှင်ဖွယ်ရာဆိုင်းဘုတ်လေးတွေကို သူငယ်ချင်းတွေ နဲ့မျှ ဝေခံစားဖို့ တင်ပေး လိုက်ပါတယ် ။ ကြည့်ကြရအောင်လားး))



သေးမပေါက်ရ ဖြတ်ပစ်မည် ။



ညာဖက်လည်းမကွေ့ရ နောက်ပြန်လည်း မဆုတ်ရ ရှေ့တည်းတည်းလည်းမသွားရး))



လမ်းမီးတိုင်တွင် အမျိုးသမီးများ မရပ်ရ ။



ကျေးဇူးပြုပြီး လေထုကို သန့်ရှင်းနေပါစေ ။ လေမလည်ရ ။



အရှိန်သတ်မှတ်ထားသည် ။ အမျိုးသား ၁၄၀ ၊ အမျိုးသမီး ၃၅ ။



အလေးမစွန့်ရ ။



အဲ . . ဘာပြောရမှန်းတောင်မသိတော့ပါဘူး ကိုယ့်ဘာသာကိုယ်ပဲတွေးကြပါတော့ ။

သက်တန့်ချို

Source : Strange World

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, December 1, 2011

အမျိုးသမီးတွေ ဘာကြောင့် ကားမမောင်းသင့်တာလဲ ?

အမျိုးသမီးတွေ ဘာကြောင့် ကားမမောင်းသင့်တာလဲ ?



အောက်ကပုံတွေကြည့်လိုက်ရင် ရှင်းသွားမှာပါ ။ ဆင်ဟွာ သတင်း ဌာနက ဖော်ပြထားတဲ့ အမျိုးသမီးတွေ ကားမောင်း ပုံလေးတွေ ကျနော်တို့ ကြည့်ကြရအောင် ။ ကိုယ့်လူတို့ ကောင် မလေးတွေ မောင်း တဲ့ကားစီး မယ်ဆိုရင်တော့ သတိသာထားပေတော့ :P














သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, August 6, 2011

ကျွန်တော်နှင့်အင်တာဗျူးမမ

ကျွန်တော်နှင့်အင်တာဗျူးမမ





မိုးကလေးက အုံ့နေတော့ ရာသီဥတုက သိပ်တော့မပူပြင်းလှပါဘူး ။ ထုံးစံအတိုင်း ဆေးခန်းဖွင့်ချိန်မှာ ကျွန်တော် ကနားကြပ်လေးချိတ်ပြီး ဆေးစာအုပ်တစ်အုပ်ဖတ်နေခဲ့ပါတယ် ။ အဲဒီအချိန်မှာပဲ ကျွန်တော့်ဆေးခန်းကို လူနာ တစ်ယောက်ဝင်လာပါတယ် ။ အမှန်တော့ဆေးခန်းထဲလာလို့သာ လူနာလို့ ထင်လိုက်တာ ။ လူနာမဟုတ်ပါဘူး ။ အရပ် ကတော့ မြန်မာမိန်းကလေးတွေနဲ့ယှဉ်ရင် မြင့်တယ်လို့ ထင်ရတဲ့ ငါးပေ ဆယ်လက်မ လောက် ရှိတဲ့အ ရပ်မျိုးပါ ။ ကိုယ်လုံးကိုယ်ပေါက်ကတော့ ပြောမနေတော့ပါဘူး ။ ကိုယ့်ဆရာမြင်ရင် အဲဒီနေရာမှာတင် ငုတ် တုတ် မေ့ပြီး လူနာတင်ကားခေါ်ရမယ် ။ ထားပါ ။ သူက စပြီးပြောပါတယ် ။

“ ဆရာ ”

“ ဟုတ်ကဲ့ လာပါခင်ဗျ တက်ပါ ဘာဖြစ်လို့လဲ ”

(ကုတင်ပေါ်တက်ခိုင်းတာပါ လူနာထင်လို့ )

“ ရှင် မဟုတ်ပါဘူး ဆရာကို အင်တာလေးဗျူးချင်လို့ အချိန်ဆယ်မိနစ်လောက်ရမလားရှင့် ”

“ အော်.. လူနာတွေ မလာသေးရင်တော့ရပါတယ် ”

“ ဟုတ်ကဲ့ရှင့် ”

“ ဒါနဲ့ ဘယ်ကနေ လာဗျူးတာလဲခင်ဗျ ”

“ ကျွန်မ ပဲခူးကပါ ”

“ အာ ဟုတ်ဘူးလေ ဘယ်ဂျာနယ် မဂ္ဂဇင်းကလဲမေးတာပါ ”

“ ကျွန်မက ပင်မြင့်မိုးပျံ ဂျာနယ်တိုက်ကပါ ”

( ဟင် ဒီနာမည် လည်းမကြားဖူးပါလား အင်းလေ ထားပါတော့ အခုခေတ်ကလည်း ဂျာနယ်တွေက ဆယ်မိနစ် တစ်စောင်လောက် ထွက်နေသကိုး ငါ မကြားဖူးတာပဲဖြစ်မှာပါလေ )

“ ကဲမေးပါ ခင်ဗျ ”

“ ဆရာ့နာမည် သက်တန့်ချို မဟုတ်လား ”

“ ဗျာ ..ဘယ်လို သိတုန်း ”

သူမက အောင်နိုင်သူအပြုံးနဲ့ “ သိတာပေါ့ ဆရာရဲ့ဒါလေးများ ဒီလောက်ဓါတ်ပုံတွေ အင်တာနက်မှာ တင်ထား တာ ဟွန်း ညဖက် သန်းခေါင်ယံ မီးပျက်နေတောင် ဒီရုပ်မျိုးမှတ်မိတယ် ”

( တိန် )

“ ထားပါတော့ ဟုတ်ပါတယ် သက်တန့်ချိုပါ ”

“ ဒါနဲ့ ဟိုတလောက ဆရာ အဟပ်ခံရတယ်ဆို ဘယ်နားပဲ့သွားသလဲဟင် ”

“ အာဗျာ .. မပဲ့ပါဘူး ”

“ နို့ ..အဟပ်ခံရတယ်ဆို မပဲ့သွားဘူးလား ”

“ နို့..အာ ယောင်ကုန်ပြီ မေးလ်တွေ ဟပ်တာဗျ လူကို ဟပ်တာမှမဟုတ်ပဲ မေးလ်တွေဟပ်တာ ဘာပဲ့ရမှာတုန်း ”

“ နို့ သိမှ မသိပဲနဲ့ ” ( တယ် ..ငါ ရှည်တယ်နော် စိတ်..စိတ် )

“ ဆရာ အဟပ်ခံရတယ်ဆိုတော့ ဘယ်လိုနေလဲဟင် ”

“ ဟီးးး ဖိုးသိုးဖတ်သပ် နဲ့ပေါ့ဗျ ရင်ခုန်တောင်မပြေဘူး အာ..ယောင်ကုန်ပါပြီ ဘယ်လိုနေရမှာလဲဗျ လမ်းသွား ရင်ခြေထောက်နဲ့သွားပြီး ထိုင်ရင်တင်ပါးနဲ့ထိုင်တာပေါ့ ”

“ ကျိန်းသေလို့လား ”

( တယ်..ငါပြောလိုက်ရမကောင်းရှိတော့မယ် )

“ ဟီး...ဒါနဲ့လူကိုရော ဟပ်မသွားဘူးလား ဟင် ”

“ ဟပ်မသွားပါဘူး ရုပ်ဆိုးလို့တဲ့ လှည့်တောင်မကြည့်ဘူး ”

“ ဒါနဲ့ ဆရာဘာဝါသနာပါလဲဟင် ”

“ ဟာဗျာ ..ပြောစရာလားဗျ အကုန်သိကုန်မှာပေါ့ ”

“ ဟီးးဒါဆိုသိပြီ ဟီးးးးး ”

( ဟင် ဘယ့်နှာတုန်း ဘာတွေသိသွားပြန်ပြီလဲမသိ )

“ ဆရာ ဘာအသားကြိုက်လဲ ”

“ စားကောင်းတဲ့အသားမှန်သမျှ စားပါတယ် ဘာတစ်ခုမှ မချန်ပါဘူး ”

“ လူ..လူရောဟင် ”

“ လူလည်းစားပါတယ် ”

“ ဟင်..”

( အင်တာဗျူးမမလည်း နည်းနည်းတွန့်ဝင်သွားပါတယ် ဟုတ်တယ် ဘာတွေမေးနေမှန်းမှမသိတာ )

“ ဆရာ ဘာအသီးကြိုက်လဲဟင် ”

“ ဂွေးသီး ”

“ ဟင်.. ခိခိ..ဂွေးသီးတဲ့ ခိခိ .. ”

“ ဘာရီစရာပါလို့လဲ ”

“ ခိခိ ..ဘာမှဟုတ်ဝူး မမလည်းကြိုက်လို့ ”

( အံမယ် သူ့ကိုယ်သူများ မမတဲ့ အရပ်ကတို့ရေ )

“ ဘာအရည်ကြိုက်လဲဟင် ”

“ ဘီယာ ”

“ဟယ်..ပွင့်တယ်တော့ ”

“ ဘာပွင့်တာလဲ မပွင့်ပါဘူး ငုံနေတုန်းပဲ ”

“ အာ ဆရာကလည်း ပွင့်လင်းတယ်ပြောတာပါ ဒါနဲ့ ဘာငုံတာလဲဟင် ”

“ နောက်မေးခွန်းဆက်မေးပါ မေးခွန်းက ရိုးသားမှုမရှိဘူး ”

“ တိန် ..ထားပါတော့ ဆရာ့ဘလော့က လူကြည့်များတယ်နော် ဘာကြောင့်လဲဟင် ”

“ ဟုတ်ကဲ့ တစ်ဝက်က ကျွန်တော့် အမျိုးတွေပါ ဟီးးး ”

“ ဆရာ ဘာအရောင်ကြိုက်လဲ ”

“ အမည်းရောင် မမြင်ရလေကောင်းလေပဲ ”

“ ဆရာက မည်းတာကြိုက်လား ”

“ ကြိုက်တယ် ”

“ ဘာလို့လည်း ”

“ မမြင်ရလို့ ”

“ တိန်” အင်တာဗျူုးမမက ရေတစ်ခွက်သောက်ပြီးဆက်မေးပါတယ် ။

“ ဆရာအချစ်ကို ဘယ်လိုမြင်လဲဟင် ”

“ အ လို့ ချစ်တယ်လို့ မြင်ပါတယ် မ အတဲ့လူတွေက မချစ်ပါဘူး ဒါကြောင့်အပျိုကြီး လူပျိုကြီးတွေက လူလည်တွေ ပါ အိမ်ထောင်ကျတဲ့လူတွေကတော့ ငတုံးတွေပါ ”

“ ဟယ်..မှန်လိုက်တာတော့ ချစ်သွားပြီ ဟိ ” “ ဗျာ ”

“ အော်..ဆရာ့အယူအဆ ကိုပြောတာပါ ဆရာ.. မမနာမည်မှတ်ထားနော် ချစ်မမမိုးပျံ သူဇာ နတ်နွယ် တဲ့ နောက်နေ့ မှ အပိုင်း ၂ ဆက်ဗျူးမယ်နော် တိုင်းကျူး နောက်တစ်ယောက်ကိုဗျူးဖို့ချိန်းထားလို့ သွားဦးမယ် အာဘွား ”

(တယ်.. ဖနောင့်နဲ့ပေါက်လိုက်ရ မကောင်းရှိတော့မယ် မျက်စိတောင်မူးတယ် ) ဒီလိုနဲ့ဗျူးမမ ထွက်သွားပါတယ် ။

အပြင်မှာ ထိုင်စောင့်နေတဲ့လူနာတစ်ယောက် ၀င်လာပြီး ကျွန်တော့်ကို တိုးတိုးလေးပြောပါတယ် ။

“ ဆရာ သူဇာနဲ့ ပြောနေတာလား သူမနေ့ကမှ စိတ်ကျန်းမာရေးဆေးရုံးက ပြန်ဆင်းလာတာလေ ”

“ ဟိုက် !!! ”

(ဆေးဆောင်းပါးတွေချည်းဖတ်နေရတဲ့သူငယ်ချင်းတွေ စိတ်အမော ဘ၀အမောတွေပြေစေဖို့ ရည်ရွယ်ပြီးရေးပါတယ်း)

သက်တန့်ချို
6 August 2011


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................