Friday, August 30, 2019

တစ်ခါတစ်လေ

 တစ်ခါတစ်လေ ခေါင်းငုံ့လိုက်တာ
အာရုံနောက်စရာတွေကို ထုတ်လိုက်ချင်လို့

တစ်ခါတစ်လေ မျက်နှာလွှဲလိုက်တာ
ဝင်မပါသင့်ဘူးလို့ သတ်မှတ်လိုက်လို့

တစ်ခါတစ်လေ ပြုံးပြလိုက်တာ
တစ်ဖက်သားရဲ့ အတွင်း စိတ်ကို သေချာသိလိုက်လို့

တစ်ခါတစ်လေ မသိချင်ယောင်ဆောင်လိုက်တာ
တစ်ဖက်သားရဲ့ အားနည်းချက်ကို ကိုယ်ချင်းစာလို့

တစ်ခါတစ်လေ နောက်ဆုတ်လိုက်တာ
အနိုင်ရလည်း တန်ဖိုးမရှိဖြစ်နေခဲ့လို့ ။

သက်တန့်ချို
30-August-2019


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, August 29, 2019

ချစ်ခြင်း.. မုန်းခြင်း...လွမ်းခြင်းဆိုတာ


 အသက်ရှင်နေထိုင်ရတဲ့ ရက်တိုတိုလေးမှာ

- သိပ်ချစ်လို့ဆိုပြီး ဘာကိုမှ ဖက်တွယ်မထားပါနဲ့

- သိပ်မုန်းလို့ဆိုပြီး ဘာကိုမှ မနာကျည်းနေပါနဲ့

- သိပ်လွမ်းလို့ဆိုပြီး ဘာကိုမှ တမ်းတမနေပါနဲ့

မရေရာခြင်းတွေကိုပဲ ဖက်တွယ်ထားမိမှန်း တစ်နေ့သိလာခဲ့ရင်

မသေချာခြင်းတွေကိုပဲ ကိုင်ဆုပ်မိနေမှန်း တစ်နေ့သိလာခဲ့ရင်

ချစ်ခြင်း မုန်းခြင်း လွမ်းခြင်းဆိုတာ
ဘ၀ စာမျက်နှာ တစ်ရွက်သာသာမျှပါ ။

သက်တန့်ချို
29-August-2019
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, August 28, 2019

ဘ၀မှာ .. ထိုက်တန်ဖို့သာလိုတယ်

 ရိုးသားတဲ့လူနဲ့မဆုံရသေးတာ
သင်ကိုယ်တိုင် သိပ်မရိုးသားသေးလို့

စစ်မှန်တဲ့လူနဲ့မဆုံရသေးတာ
သင်ကိုယ်တိုင် သိပ်မစစ်မှန်သေးလို့

သစ္စာရှိတဲ့လူနဲ့မဆုံရသေးတာ
သင်ကိုယ်တိုင် သစ္စာမမှန်သေးလို့

မှားယွင်းပြီးရောက်လာတဲ့ အိပ်မက်တွေကို
ပျော်ပျော်ရွှင်ရွှင်နဲ့စွန့်ပစ်လိုက်ပါ

သင့်ကို စိတ်နှောက်အယှက်ပေးသူတွေအတွက်
အချိန်ကုန်ရတာ မတန်ပါဘူး

ဘ၀မှာ ... တစ်ချက်ပဲ ပြုံးရပြုံးရ
ထိုက်တန်ဖို့သာလိုပါတယ် ။

သက်တန့်ချို
28-August-2019
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, August 27, 2019

ဆုံးရှုံးသွားတဲ့အရာတွေတိုင်း

ဆုံးရှုံးသွားတဲ့အရာတွေတိုင်း
ပြန်ပိုင်ဆိုင်ဖို့ ဖြစ်နိုင်ခြေနည်းပါတယ်

စွန့်ပစ်လိုက်တဲ့အရာတွေတိုင်း
ပြန်သိမ်းဆည်းဖို့ ဖြစ်နိုင်ခြေနည်းပါတယ်

ဝေးကွာသွားတဲ့အရာတွေတိုင်း
ပြန်နီးစပ်ဖို့ ဖြစ်နိုင်ခြေနည်းပါတယ်

သစ္စာဖောက်သွားတဲ့သူတွေတိုင်း
ပြန်ရိုးသားဖို့ ဖြစ်နိုင်ခြေနည်းပါတယ်

ယုံကြည်မှုကို အလွဲသုံးစားလုပ်ခံရတိုင်း
ပြန်ယုံကြည်နိုင်ဖို့ ဖြစ်နိုင်ခြေနည်းပါတယ်

ဘယ်လောက်ချစ်ချစ်
တစ်နေ့တော့ လက်ပြနှုတ်ဆက်ရဦးမှာပါပဲ

ဘယ်အရာမှ ပျော်စရာသိပ်မကောင်းမှန်းသိလာခဲ့ရင်
သင်ဟာ ရင့်ကျက်သူတစ်ယောက်ဖြစ်လာခဲ့တာ  သေချာပါတယ် ။

သက်တန့်ချို
27-August-2019




စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, August 24, 2019

သင်ယူခြင်း


 ပျော့ညံ့ခြင်းကရတဲ့ဒါဏ်ရာတွေကပဲ
ကြံ့ခိုင်ခြင်းကိုသင်ပေးတယ်

ရှုံးနိမ့်မှုတွေကရတဲ့သင်ခန်းစာတွေကပဲ
အောင်မြင်တဲ့နည်းကို သင်ပေးတယ်

အယုံလွယ်တတ်ခြင်းကပဲ
နောက်ကျောက ဓါးတွေဘယ်လောက်ထက်ကြောင်း သင်ပေးတယ်

အထီးကျန်ခြင်းကပဲ
ပျော်ရွှင်ခြင်းရဲ့ တန်ဖိုးကို သင်ပေးတယ်

ပြန်ပြင်လို့မရတဲ့ အမှားတွေကပဲ
ရင့်ကျက်ခြင်းကိုသင်ပေးတယ် ။

သက်တန့်ချို
24-August-2019
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, August 22, 2019

ဘ၀ အတွက်နည်းလမ်းများ


 အောင်မြင်နေတဲ့သူတွေထက်
ပျော်ရွှင်နေတဲ့သူတွေကိုပဲ ငေးမောပါ

လူရာဝင်တဲ့သူတွေထက်
လူကိုလူလို ဆက်ဆံတဲ့သူတွေကိုသာ လေးစားပါ

ကြိုးစားနေတဲ့သူထက်
ရိုးသားနေတဲ့သူကိုသာ အတုယူပါ

ငွေကြေးချမ်းသာတဲ့နည်းထက်
စိတ်ချမ်းသာနေတဲ့နည်းကိုသာ သင်ယူပါ

လူတွေ ယုံကြည်နေဖို့ထက်
ကိုယ့်လိပ်ပြာကိုယ်လုံဖို့ကိုပဲ ဦးစားပေးပါ

ဘ၀ဆိုတာ ရှေ့ဆုံးက ပန်းဝင်ဖို့အဓိကမကျဘူး
ရိုးရိုးရှင်းရှင်းနဲ့ ပေါ့ပါးလွတ်လပ်စွာ ရှင်သန်ဖို့ပဲအဓိကကျပါတယ် ။

သက်တန့်ချို
22-August-2019

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, August 19, 2019

နောင်တ

 အချို့အရာတွေက
ဆုံးရှုံးပြီးမှ အဖိုးတန်မှန်းသိရတာတွေရှိတယ်

အချို့အရာတွေက
ဝေးကွာသွားမှ တမ်းတရကောင်းမှန်းသိရတာတွေရှိတယ်

အချို့အရာတွေက
လက်လွှတ်လိုက်ရမှ နောင်တရကြရတာတွေရှိတယ်

........................................................
သင့်မှာ သိပ်ချစ်ရတဲ့ အဖေ ရှိသေးလား ?
သင့်မှာ သိပ်ချစ်ရတဲ့ အမေ ရှိသေးလား ?
သင့်မှာ သိပ်ချစ်ရတဲ့ လူတစ်ယောက်ရှိသေးလား ?

သူတို့ရှိနေတုန်းမှာ
ချစ်ပါ မြတ်နိုးပါ အချိန်တွေအတူကုန်ဆုံးလိုက်ပါ

အဖေ အမေနဲ့အတူ သူတို့သွားချင်တဲ့နေရာတွေ လိုက်ပို့ပြီးပြီလား ?

အဖေအမေနဲ့အတူ သူတို့စားချင်တဲ့အရာတွေ လိုက်ကျွေးပြီးပြီလား ?

အဖေအမေနဲ့အတူ သူတို့ဖြစ်ချင်တဲ့ဆန္ဒတွေကို ဖြည့်ဆည်းပေးပြီးပြီလား ?

သေချာမှတ်ထားပေးပါ ...

နောင်တ ဆိုတာ သင်ထင်ထားတာထက် ပိုခါးသီးတတ်ပါတယ် ။

သက်တန့်ချို
19-August-2019



စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, August 15, 2019

လောကကြီးက မလွယ်ပါဘူး


 လောကကြီးက မလွယ်ပါဘူး

မှန်နေပေမယ့်
မှားနေတယ်လို့ အပြောခံရနိုင်တယ်

သွားနေပေမယ့်
ရပ်နေတယ်လို့အပြောခံရနိုင်တယ်

လုပ်နေပေမယ့်
ရေသာခိုနေတယ်လို့အပြောခံရနိုင်တယ်

ပေးလိုက်ပေမယ့်
ူယူသွားတယ်လို့အပြောခံရနိုင်တယ်

ဘယ်လိုအရာဖြစ်ဖြစ်
ကိုယ့်စိတ်နှလုံးသား သန့်စင်ဖို့ ကြိုးစားပါ မိတ်ဆွေ ။

သက်တန့်ချို
15-August-2019
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, August 14, 2019

ကိုယ်ချင်းစာတရား


 ကိုယ်ကိုယ်တိုင် မနာကျင်ဘူးပဲ
သူတစ်ပါးရဲ့ ဒါဏ်ရာ အတိမ်အနက်ကိုမသိနိုင်ဘူး

ကိုယ်ကိုယ်တိုင် မပင်ပန်းဘူးပဲ
သူတစ်ပါးရဲ့ ဆင်းရဲဒုက္ခကို ကိုယ်ချင်းစာတတ်လို့မရဘူး

ကိုယ်ကိုယ်တိုင် မျက်ရည်မကျဘူးပဲ
သူတစ်ပါးရဲ့ ပူပင်သောကကို တိုင်းတာနိုင်လို့မရဘူး

ကိုယ်ကိုယ်တိုင် အထီးမကျန်ဘူးပဲ
သူတစ်ပါးရဲ့ တိတ်ဆိတ်ငြိမ်သက်ခြင်းကို မမြင်နိုင်ဘူး ။

သက်တန့်ချို
14-August-2019
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, August 9, 2019

လူတစ်ယောက်အကြောင်းမသိပဲ မဝေဖန်ပါနဲ့


လူတစ်ယောက်ရဲ့ ခံစားချက်အစစ်အမှန်ကို မသိပဲ
နာကျင်အောင် မဝေဖန်ပါနဲ့

လူတစ်ယောက်ရဲ့ အတိတ်အကြောင်းကို မသိပဲ
ပေါ့ပေါ့ပါးပါး နဲ့ မတူးဆွလိုက်ပါနဲ့

လူတစ်ယောက်ရဲ့ မျက်ရည်တွေကို မမြင်ပဲ
အားနည်းချက်တွေကို ရယ်မောမပစ်လိုက်ပါနဲ့

လူတစ်ယောက်ရဲ့ အခက်အခဲနဲ့ရုန်းကုန်မှုကို ကိုယ်ချင်းမစာပဲ
နောက်ကွယ်ကနေ ဘယ်တော့မှ အတင်းမပြောပါနဲ့ ။

သက်တန့်ချို
9-August-2019

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, August 8, 2019

Facebook Profile Photo Change



စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ဝန်မလေးပါနဲ့

 ဘယ်လောက်ပဲ ခက်ခဲပါစေ
ပင်ပန်းဆင်းရဲခြင်းက သင့်ကို မလဲကျစေနဲ့

ဘယ်လောက်ကြမ်းတမ်းနေပါစေ
မောပန်းနွမ်းနယ်ခြင်းက သင့်ကို မပြိုလဲစေနဲ့

ဘယ်လောက်ပူလောင်နေပါစေ
ဆက်လျှောက်ရမယ့် လမ်းကြမ်းတွေက သင့်ကို မရပ်တန့်စေနဲ့

ဘယ်လောက်အထီးကျန်နေပါစေ
အမှောင်ထုက သင့်ကို မဖုံးလွှမ်းစေနဲ့

ဘယ်လောက်လိုအပ်နေပါစေ
သင်နဲ့မထိုက်တန်တာတွေကို စွန့်ပစ်ဖို့ဝန်မလေးပါနဲ့ ။

သက်တန့်ချို
8-August-2019

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, August 7, 2019









သက်တန့်ချို
7-August-2019
---------------------

Unicode

ဘဝမှာ ဒါတွေကို လက်မလွှတ်ပါနဲ့

သင့်ကိုဆူပူနေတတ်ပေမယ့်
ရင်ထဲက နှစ်နှစ်ကာကာ ချစ်တဲ့လူ

သင့်ကို အလုပ်မအားဘူး အမြဲပြောပေမယ့်
သင်အားမယ့်အချိန်တိုင်း အမြဲ အသင့်ရှိနေတတ်သူ

သင့်ကို ဂရုမစိုက်သလိုနေပေမယ့်
သင်မျက်နှာ တစ်ချက်ပျက်တာနဲ့ ပြာယာခတ်နေတတ်သူ

သူကိုယ်တိုင်  ဝမ်းနည်းနေပေမယ့်
သင့်ကို အမြဲ ပြုံးပြနေတတ်သူ

သူကိုယ်တိုင် ပူလောင်နေပေမယ့်
သင့်ကို အေးချမ်းစေချင်တဲ့သူ

နောက်ဆုံး .. သင့်အတွက်နဲ့ အသက်ရှင်သန်နေတဲ့သူ ။

သက်တန့်ချို
7-August-2019


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, August 6, 2019

လူတစ်ယောက် တိတ်ဆိတ်နေတယ်ဆိုတာ


 လူတစ်ယောက်တိတ်ဆိတ်နေတယ်ဆိုတာ
ခံစားချက်မဲ့နေတာမဟုတ်ဘူး အထီးကျန်နေတာလည်းဖြစ်နိုင်တယ်

လူတစ်ယောက် စကားပြောနည်းသွားတယ်ဆိုတာ
ဘ၀င်မြင့်သွားလို့မဟုတ်ဘူး မမှားချင်တော့တာလည်းဖြစ်နိုင်တယ်

လူတစ်ယောက် စိမ်းကားသွားတယ်ဆိုတာ
အချိန်မပေးနိုင်တာမဟုတ်ဘူး စိတ်ကုန်သွားတာလည်းဖြစ်နိုင်တယ်

လူတစ်ယောက် တန်ဖိုးမထားတော့ဘူးဆိုတာ
မချစ်တော့လို့မဟုတ်ဘူး မထိုက်တန်တော့လို့လည်းဖြစ်နိုင်တယ်

သက်တန့်ချို
6-August-2019

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, August 5, 2019

ခံနိုင်ရည် threshold


 အရယ်ရဆုံးအချိန်တစ်ခုကို ကျော်ဖြတ်ပြီးသွားရင်
သိပ်ပြီးရယ်စရာမကောင်းတော့ဘူး

အငိုရဆုံးအချိန်တစ်ခုကိုကျော်ဖြတ်ပြီးသွားရင်
သိပ်ပြီး မငိုရတော့ဘူး

ဝမ်းအနည်းရဆုံးအချိန်တစ်ခုကိုကျော်ဖြတ်ပြီးသွားရင်
သိပ်ပြီးဝမ်းမနည်းရတော့ဘူး

အနာကျင်ရဆုံးအချိန်တစ်ခုကို ကျော်ဖြတ်ပြီးသွားရင်
သိပ်ပြီး မနာကျင်ရတော့ပါဘူး

လူတွေမှာ ခံနိုင်ရည်ဆိုတဲ့ threshold ကိုယ်စီရှိကြတယ်

ဘ၀ရဲ့ လောကဓံတွေကြုံလာတိုင်း
ရိုက်ခတ်မှု threshold ကို သတ္တိရှိရှိ ကျော်ဖြတ်နိုင်ဖို့ပဲလိုပါတယ်

သက်တန့်ချို
5-August-2019


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, August 2, 2019

စာနာစိတ်

 လူတိုင်းလူတိုင်းမှာ ခံစားချက်ရှိတယ်
ဘယ်တော့မှ မလှောင်ပါနဲ့

လူတိုင်းလူတိုင်းမှာ ဒေါသစိတ်ရှိတယ်
ဘယ်တော့မှ မထေ့ငေါ့ပါနဲ့

လူတိုင်းလူတိုင်းမှာ ၀မ်းနည်းစိတ်ရှိတယ်
ဘယ်တော့မှ မစာမနာမပြောပါနဲ့

လူတိုင်းလူတိုင်းမှာ အိပ်မက်ကိုယ်စီရှိကြတယ်
မျှော်လင့်ချက်ကို ဘယ်တော့မှ မရိုက်ချိုးပါနဲ့

အားနည်းချက်ကို မြင်ရင် ဖေးမကူညီလိုက်ပါ
သင့်မှာလည်း အားနည်းချက် ရှိနေတာပဲမဟုတ်လား ။

သက်တန့်ချို
2-August-2019



စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, August 1, 2019

Sometime

 တစ်ခါတစ်လေ ခေါင်းငုံ့လိုက်တယ်ဆိုတာ
ဆက်ပြီး ပြိုင်မငြင်းချင်တော့လို့

တစ်ခါတစ်လေ ပြုံးပြလိုက်တယ်ဆိုတာ
ဆက်ပြီး ၀မ်းမနည်းနေချင်တော့လို့

တစ်ခါတစ်လေ တိတ်ဆိတ်နေလိုက်တယ်ဆိုတာ
လူတွေရဲ့ အတ္တကို ကြောက်မိလို့

တစ်ခါတစ်လေ ခံစားချက်မဲ့နေတယ်ဆိုတာ
ရင်ဘတ်ထဲမှာ ဒါဏ်ရာတွေနဲ့ ပင်ပန်းနေလို့

တစ်ခါတစ်လေ လက်လွှတ်လိုက်တယ်ဆိုတာ
တစ်ဖက်သား နာကျင်နေရမှာ စိုးလို့ ။

သက်တန့်ချို
1-August-2019

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................