Wednesday, October 30, 2019

ဒရိုင်ဘာဂျော့ချ် နဲ့ မိသားစု

တစ္ခါတုန္းက ေဂ်ာ့ခ်္ ဆိုတဲ့ကားဒ႐ိုင္ဘာတစ္ေယာက္ရွိတယ္ သူဟာဆင္းရဲတာေၾကာင့္ သူ႔မိန္းမနဲ႔ ကေလး ၃ ေယာက္အတြက္ ထမင္းနပ္မွန္ေအာင္႐ုန္းကန္ရရွာတယ္
ညေနပိုင္းခ်ိန္ေတြမွာဆိုရင္ သင္တန္းေတြတက္တယ္ ဗဟုသုတေတြရွာမွီးတယ္ တစ္ေန႔မွာ ဒီထက္ေကာင္းတဲ့အလုပ္တစ္ခုခုကို သူရွာႏိုင္မယ္ ရႏိုင္မယ္ဆိုတဲ့ရည္႐ြယ္ခ်က္နဲ႔ေပါ့

ေဂ်ာ့ခ်္ရဲ႕မိသားစုက ေဂ်ာ့ခ်္ကို မိသားစုနဲ႔အခ်ိန္သိပ္မေပးႏိုင္ဘူးဆိုၿပီး အၿမဲ ပဲ ေစာဒကတက္တယ္ ဒါေပမယ့္ သူ႔အေျဖကေတာ့တစ္ခုတည္းပါပဲ " ငါ ဒါေတြအားလုံးမင္းတို႔အတြက္လုပ္ေနတ ငါ့မိသားစုကို ငါေထာက္ပံ့ဖို႔အတြက္ငါလုပ္ႏိုင္သမွ် လုပ္ေနတာပါ " တဲ့

ေဂ်ာ့ခ်္ဟာ သူေျဖထားတဲ့ စာေမးပြဲေအာင္သြားတဲ့အခါ လစာေကာင္းေကာင္းနဲ႔အလုပ္တစ္ခုကို လက္ခံရရွိခဲ့တယ္ သူအရင္ရတဲ့ ဝင္ေငြထက္သိသိသာသာပိုမ်ားတဲ့ ေငြပမာဏပါပဲ ဒါေၾကာင့္ အခုဆိုရင္ ေဂ်ာ့ခ်္ဟာ သူ႔မိသားစုကို အဖိုးတန္ အဝတ္အစားေတြ အသုံအေဆာင္ေတြနဲ႔ ႏိုင္ငံျခားတိုင္းျပည္အလတ္အပတ္ခရီးေတြေတာင္ပို႔ေနႏိုင္ၿပီျဖစ္တယ္ ။ အိပ္မက္တစ္ခု ျဖစ္လာသလိုပါပဲ ။ ဒါေပမယ့္ မိသားစုကေတာ့ ေဂ်ာ့ခ်္ဆီကေန လိုခ်င္တဲ့ ဂ႐ုစိုက္မႈ နဲ႔ ေႏြးေထြးၾကင္နာ အခ်ိန္ေပးႏိုင္မႈမရေသးပါဘူး မိသားစုကို အခ်ိန္မေပးႏိုင္ဘူး ဂ႐ုမစိုက္ဘူးဆိုတဲ့ စကားေတြေၾကာင့္ ေဂ်ာ့ခ်္ဟာ ထပ္ၿပီး အလုပ္ကို ႀကိဳးစားတယ္ ဒီအခါ တစ္ပတ္လုံးမွာ မိသားစုကို ျမင္ေတြ႕ရဖို႔ေတာင္ခဲယဥ္းလာခဲ့တယ္ ။

အခ်ိန္ေတြကုန္လြန္သြားခဲ့တယ္ ေဂ်ာ့ခ်္ရဲ႕အလုပ္ႀကိဳးစားမႈေၾကာင့္ ရာထူးတိုးခံရပါတယ္ ဒီအခါ သူဟာ သူ႔မိန္းမကို အနားေပးဖို႔စဥ္းစားၿပီး အိမ္အကူတစ္ေယာက္ေခၚလိုက္ပါတယ္ ။ ၿပီးေတာ့လက္ရွိအိမ္ဟာ မိသားစုအတြက္က်ဥ္းလြန္းတယ္လို႔ယူဆတဲ့အတြက္ သူတို႔ နဲ႔အဆင္ေျပမယ့္ အိမ္တစ္လုံး ဝယ္ယူဖို႔ဆုံးျဖတ္လိုက္တယ္ ။ ဒါေၾကာင့္သူအလုပ္ကို ဒီထက္ပိုႀကိဳးစားရတယ္ စာေတြပိုေလ့လာခဲ့တယ္ ဒီအခါ ေနာက္ထပ္ရာထူးတိုးျခင္းခံရျပန္တယ္ ။ တစ္ခါတစ္ရံမွာ တနဂၤေႏြေန႔ေတြမွာေတာင္ သူ႔မိန္းမနဲ႔ကေလးေတြအတြက္အခ်ိန္မေပးႏိုင္ေတာ့ပဲ အလုပ္ကိစၥ ဧည့္သည္ေတြနဲ႔သာ အခ်ိန္ကုန္ေနေလ့ရွိတယ္ ။ ဒီအခါ မိသားစုက ထပ္ၿပီး ေစာဒကတက္ျပန္တယ္ သူတို႔နဲ႔ အတူ အခ်ိန္မေပးႏိုင္ဘူး သူတို႔ကို ဂ႐ုမစိုက္ဘူး ေပါ့ ေဂ်ာ့ခ်္ရဲ႕အေျဖကေတာ့ တစ္ခုတည္းပါပဲ " ငါ ဒါေတြအားလုံးလုပ္ေနတာ မင္းတို႔အားလုံးအတြက္ပါ " တဲ့

ရာထူးထပ္တိုးခံရၿပီး ေနာက္အခ်ိန္အပိုင္းအျခားမွာ ေဂ်ာ့ခ်္ဟာ ျမင္ကြင္းသိပ္လွၿပီး က်ယ္ဝန္းတဲ့ အိမ္တစ္လုံးကို ဝယ္ယူႏိုင္ခဲ့တယ္ ။ သူတို႔အိမ္သစ္ရဲ႕ တနဂၤေႏြ မနက္ခင္းမွာ ေဂ်ာ့ခ်္ဟာ သူ႔မိန္းမနဲ႔ကေလးကို ေခၚၿပီးေျပာတယ္ " ငါအခု ဆုံးျဖတ္လိုက္ၿပီ ေနာက္ထပ္ စာေလ့လာတာေတြမလုပ္ေတာ့ဘူး အလုပ္ေတြခ်ည္းပဲမလုပ္ေတာ့ဘူး ငါခ်စ္တဲ့မိသားစုနဲ႔ ငါအခ်ိန္ေတြအမ်ားႀကီးေပးၿပီးေနေတာ့မယ္ " တဲ့ ။

အဲ့ဒီေန႔ညေန ကုန္ဆုံးၿပီး ... ေနာက္တစ္ရက္မနက္ခင္းမွာေတာ့ ေဂ်ာ့ခ်္တစ္ေယာက္ ႏိုးထ လာႏိုင္ျခင္းမရွိေတာ့ပါဘူး ။

-----------------------------------

အခ်ိန္ရွိတုန္း
အခ်ိန္ေပးလို႔ရတုန္း
သင္ခ်စ္တဲ့လူေတြကို ဂ႐ုစိုက္ပါ အခ်ိန္ေပးပါ အခ်ိန္ေတြအတူကုန္ဆုံးလိုက္ပါ

ခ်မ္းသာမႈနဲ႔ ႂကြယ္၀မႈေနာက္ကိုလိုက္ရင္း ....
ဘ၀ရဲ႕ေနဝင္ခ်ိန္ႀကဳံလာရတဲ့အခါ
သင့္မွာ ေပ်ာ္႐ႊင္မႈရဲ႕အဓိပၸါယ္ကို ခံစားႏိုင္စြမ္းရွိမွာမဟုတ္ေတာ့ပါဘူး

ေနာင္တတရားဆိုတာ အလြန္ေနာက္က်မွ ေရာက္လာေလ့ရွိပါတယ္ ။

inspirationalstories.eu မွ ဘာသာျပန္ပါတယ္ ။

သက္တန႔္ခ်ိဳ
30-Oct-2019
---------------------------------------------------

တစ်ခါတုန်းက ဂျော့ချ် ဆိုတဲ့ကားဒရိုင်ဘာတစ်ယောက်ရှိတယ် သူဟာဆင်းရဲတာကြောင့် သူ့မိန်းမနဲ့ ကလေး ၃ ယောက်အတွက် ထမင်းနပ်မှန်အောင်ရုန်းကန်ရရှာတယ်
ညနေပိုင်းချိန်တွေမှာဆိုရင် သင်တန်းတွေတက်တယ် ဗဟုသုတတွေရှာမှီးတယ် တစ်နေ့မှာ ဒီထက်ကောင်းတဲ့အလုပ်တစ်ခုခုကို သူရှာနိုင်မယ် ရနိုင်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပေါ့

ဂျော့ချ်ရဲ့မိသားစုက ဂျော့ချ်ကို မိသားစုနဲ့အချိန်သိပ်မပေးနိုင်ဘူးဆိုပြီး အမြဲ ပဲ စောဒကတက်တယ် ဒါပေမယ့် သူ့အဖြေကတော့တစ်ခုတည်းပါပဲ " ငါ ဒါတွေအားလုံးမင်းတို့အတွက်လုပ်နေတ ငါ့မိသားစုကို ငါထောက်ပံ့ဖို့အတွက်ငါလုပ်နိုင်သမျှ လုပ်နေတာပါ " တဲ့

ဂျော့ချ်ဟာ သူဖြေထားတဲ့ စာမေးပွဲအောင်သွားတဲ့အခါ လစာကောင်းကောင်းနဲ့အလုပ်တစ်ခုကို လက်ခံရရှိခဲ့တယ် သူအရင်ရတဲ့ ဝင်ငွေထက်သိသိသာသာပိုများတဲ့ ငွေပမာဏပါပဲ ဒါကြောင့် အခုဆိုရင် ဂျော့ချ်ဟာ သူ့မိသားစုကို အဖိုးတန် အဝတ်အစားတွေ အသုံအဆောင်တွေနဲ့ နိုင်ငံခြားတိုင်းပြည်အလတ်အပတ်ခရီးတွေတောင်ပို့နေနိုင်ပြီဖြစ်တယ် ။ အိပ်မက်တစ်ခု ဖြစ်လာသလိုပါပဲ ။ ဒါပေမယ့် မိသားစုကတော့ ဂျော့ချ်ဆီကနေ လိုချင်တဲ့ ဂရုစိုက်မှု နဲ့ နွေးထွေးကြင်နာ အချိန်ပေးနိုင်မှုမရသေးပါဘူး မိသားစုကို အချိန်မပေးနိုင်ဘူး ဂရုမစိုက်ဘူးဆိုတဲ့ စကားတွေကြောင့် ဂျော့ချ်ဟာ ထပ်ပြီး အလုပ်ကို ကြိုးစားတယ် ဒီအခါ တစ်ပတ်လုံးမှာ မိသားစုကို မြင်တွေ့ရဖို့တောင်ခဲယဉ်းလာခဲ့တယ် ။

အချိန်တွေကုန်လွန်သွားခဲ့တယ် ဂျော့ချ်ရဲ့အလုပ်ကြိုးစားမှုကြောင့် ရာထူးတိုးခံရပါတယ် ဒီအခါ သူဟာ သူ့မိန်းမကို အနားပေးဖို့စဉ်းစားပြီး အိမ်အကူတစ်ယောက်ခေါ်လိုက်ပါတယ် ။ ပြီးတော့လက်ရှိအိမ်ဟာ မိသားစုအတွက်ကျဉ်းလွန်းတယ်လို့ယူဆတဲ့အတွက် သူတို့ နဲ့အဆင်ပြေမယ့် အိမ်တစ်လုံး ဝယ်ယူဖို့ဆုံးဖြတ်လိုက်တယ် ။ ဒါကြောင့်သူအလုပ်ကို ဒီထက်ပိုကြိုးစားရတယ် စာတွေပိုလေ့လာခဲ့တယ် ဒီအခါ နောက်ထပ်ရာထူးတိုးခြင်းခံရပြန်တယ် ။ တစ်ခါတစ်ရံမှာ တနင်္ဂနွေနေ့တွေမှာတောင် သူ့မိန်းမနဲ့ကလေးတွေအတွက်အချိန်မပေးနိုင်တော့ပဲ အလုပ်ကိစ္စ ဧည့်သည်တွေနဲ့သာ အချိန်ကုန်နေလေ့ရှိတယ် ။ ဒီအခါ မိသားစုက ထပ်ပြီး စောဒကတက်ပြန်တယ် သူတို့နဲ့ အတူ အချိန်မပေးနိုင်ဘူး သူတို့ကို ဂရုမစိုက်ဘူး ပေါ့ ဂျော့ချ်ရဲ့အဖြေကတော့ တစ်ခုတည်းပါပဲ " ငါ ဒါတွေအားလုံးလုပ်နေတာ မင်းတို့အားလုံးအတွက်ပါ " တဲ့

ရာထူးထပ်တိုးခံရပြီး နောက်အချိန်အပိုင်းအခြားမှာ ဂျော့ချ်ဟာ မြင်ကွင်းသိပ်လှပြီး ကျယ်ဝန်းတဲ့ အိမ်တစ်လုံးကို ဝယ်ယူနိုင်ခဲ့တယ် ။ သူတို့အိမ်သစ်ရဲ့ တနင်္ဂနွေ မနက်ခင်းမှာ ဂျော့ချ်ဟာ သူ့မိန်းမနဲ့ကလေးကို ခေါ်ပြီးပြောတယ် " ငါအခု ဆုံးဖြတ်လိုက်ပြီ နောက်ထပ် စာလေ့လာတာတွေမလုပ်တော့ဘူး အလုပ်တွေချည်းပဲမလုပ်တော့ဘူး ငါချစ်တဲ့မိသားစုနဲ့ ငါအချိန်တွေအများကြီးပေးပြီးနေတော့မယ် " တဲ့ ။

အဲ့ဒီနေ့ညနေ ကုန်ဆုံးပြီး ... နောက်တစ်ရက်မနက်ခင်းမှာတော့ ဂျော့ချ်တစ်ယောက် နိုးထ လာနိုင်ခြင်းမရှိတော့ပါဘူး ။

-----------------------------------

အချိန်ရှိတုန်း
အချိန်ပေးလို့ရတုန်း
သင်ချစ်တဲ့လူတွေကို ဂရုစိုက်ပါ အချိန်ပေးပါ အချိန်တွေအတူကုန်ဆုံးလိုက်ပါ

ချမ်းသာမှုနဲ့ ကြွယ်၀မှုနောက်ကိုလိုက်ရင်း ....
ဘ၀ရဲ့နေဝင်ချိန်ကြုံလာရတဲ့အခါ
သင့်မှာ ပျော်ရွှင်မှုရဲ့အဓိပ္ပါယ်ကို ခံစားနိုင်စွမ်းရှိမှာမဟုတ်တော့ပါဘူး

နောင်တတရားဆိုတာ အလွန်နောက်ကျမှ ရောက်လာလေ့ရှိပါတယ် ။

inspirationalstories.eu မှ ဘာသာပြန်ပါတယ် ။

သက်တန့်ချို
30-Oct-2019

ဘ၀မှာ အရာရာ အဆင်ပြေဖို့မလိုပါဘူး

ဘ၀မှာ အရာရာ အဆင်ပြေဖို့မလိုပါဘူး
အဆင်မပြေတာတွေကို ပြေလည်အောင်ကြိုးစားဖို့သာ လိုပါတယ်

ဘ၀မှာ အောင်မြင် ချမ်းသာနေဖို့ မလိုပါဘူး
ရိုးရိုးသားသားနဲ့ ပျော်ရွှင်ရတဲ့နေ့ရက်တွေပိုင်ဆိုင်ဖို့သာလိုပါတယ်

ဘ၀မှာ မြင့်မြတ်ခန့်ညားနေဖို့မလိုပါဘူး
အောက်တန်းကျပြီး မယုတ်မာ တတ်ဖို့သာ လိုပါတယ်

" ရန်သူဖြစ်နေရင်တောင်
မျက်နှာချင်းဆိုင်ပြီးရင်ဆိုင်ပါ

နောက်ကျောဓါးနဲ့ထိုးတယ်ဆိုတာ
သူရဲဘောကြောင်သူတို့အလုပ်ပါပဲ "

သက်တန့်ချို
30-Oct 2019
------------------------------------------
ဘ၀မွာ အရာရာ အဆင္ေျပဖို႔မလိုပါဘူး
အဆင္မေျပတာေတြကို ေျပလည္ေအာင္ႀကိဳးစားဖို႔သာ လိုပါတယ္

ဘ၀မွာ ေအာင္ျမင္ ခ်မ္းသာေနဖို႔ မလိုပါဘူး
႐ိုး႐ိုးသားသားနဲ႔ ေပ်ာ္႐ႊင္ရတဲ့ေန႔ရက္ေတြပိုင္ဆိုင္ဖို႔သာလိုပါတယ္

ဘ၀မွာ ျမင့္ျမတ္ခန႔္ညားေနဖို႔မလိုပါဘူး
ေအာက္တန္းက်ၿပီး မယုတ္မာ တတ္ဖို႔သာ လိုပါတယ္

" ရန္သူျဖစ္ေနရင္ေတာင္
မ်က္ႏွာခ်င္းဆိုင္ၿပီးရင္ဆိုင္ပါ

ေနာက္ေက်ာဓါးနဲ႔ထိုးတယ္ဆိုတာ
သူရဲေဘာေၾကာင္သူတို႔အလုပ္ပါပဲ "

သက္တန႔္ခ်ိဳ
30-Oct 2019

Tuesday, October 29, 2019

လူချင်းတူပေမယ့် အသက်ရှုပုံခြင်းကွာခြားတယ်

မြန်မာနိုင်ငံဆရာဝန်အသင်း ၊ မြန်မာနိုင်ငံမျက်စိဆရာဝန်များအဖွဲ့ မှ ကြီးမှူး ကျင်းပပြုလုပ်သော (၃၁) ကြိမ်မြောက် မြန်မာမျက်စိဆေးပညာ ညီလာခံ ( 31st  Myanmar Ophthalmological Conference ) ကို ရန်ကုန်မြို့၊ ပြည်လမ်းရှိ Novotel Hotel တွင် (၂၉-၁၀-၂၀၁၉) ရက်နေ့မှ (၃၁-၁၀-၂၀၁၉) ရက်နေ့အထိ ကျင်းပပြုလုပ်လျှက်ရှိပါသည် ။

အဆိုပါ  (၃၁) ကြိမ်မြောက် မြန်မာမျက်စိဆေးပညာ ညီလာခံ ပွဲအခမ်းအနားကြီးတွင် AA Medical Products Ltd. , Pacific-AA Group မှ ဆေးပြခန်းဖွင့်လှစ်ပြသခဲ့ပြီး တက်ရောက်လာသော ဆရာဝန်များအား အရည်အသွေးမြင့် ဆေးဝါးများအကြောင်း ရှင်းလင်းပြသခဲ့ပါသည် ။

Website တွင်ဖတ်ရန် - https://aa.com.mm/events-activities/277-31-myanmar-ophthalmological-conference

#AAMedicalProductsLtd
#PacificAAGroup
#31stOphthalmologicalConference

လူချင်းတူပေမယ့် အသက်ရှုပုံခြင်းကွာခြားတယ်

ယုတ်မာတဲ့လူက
သူတစ်ပါးစိတ်သောကကို အရသာခံတယ်

ကောက်ကျစ်တဲ့လူက
သူတစ်ပါးဒုက္ခရောက်မှ နေပျော်တယ်

စိတ်ဓါတ်ညံ့ဖျင်းသူက
သူတစ်ပါး အောင်မြင်မှုကို မနာလိုဖြစ်တယ်

ရိုးသားတဲ့သူက‌
အောင်မြင်ခြင်း ကျရုံးခြင်းထက်
ပျော်ရွှင်ခြင်းကို ပိုမက်မောတယ် ။

သက်တန့်ချို
29-Oct-2019

--------------------------

လူခ်င္းတူေပမယ့္ အသက္ရႈပုံျခင္းကြာျခားတယ္

ယုတ္မာတဲ့လူက
သူတစ္ပါးစိတ္ေသာကကို အရသာခံတယ္

ေကာက္က်စ္တဲ့လူက
သူတစ္ပါးဒုကၡေရာက္မွ ေနေပ်ာ္တယ္

စိတ္ဓါတ္ညံ့ဖ်င္းသူက
သူတစ္ပါး ေအာင္ျမင္မႈကို မနာလိုျဖစ္တယ္

႐ိုးသားတဲ့သူက‌
ေအာင္ျမင္ျခင္း က်႐ုံးျခင္းထက္
ေပ်ာ္႐ႊင္ျခင္းကို ပိုမက္ေမာတယ္ ။

သက္တန႔္ခ်ိဳ
29-Oct-2019


Saturday, October 26, 2019

အားမနာပါနဲ့

အားမနာပါနဲ့
ကိုယ့်သိက္ခာနဲ့မာနကို ထိခိုက်စေမယ့်ကိစ္စကြုံလာခဲ့ရင်

အားမနာပါနဲ့
ကိုယ့်ရိုးသားမှုကိုမှေးမှိန်စေမယ့်ကိစ္စကြုံလာခဲ့ရင်

အားမနာပါနဲ့
ကိုယ့်ရဲ့အရှိတရားကို စော်ကားလာမယ့်ကိစ္စကြုံလာခဲ့ရင်

ဘ၀ဆိုတာ
သူတစ်ပါးထင်မြင်ချက်အတိုင်း
လျှောက်လှမ်းရတာမှမဟုတ်ဘူးဆိုတာ သိဖို့လိုပါတယ် ။

သက်တန့်ချို
26-Oct-2019
-----------------------------
အားမနာပါနဲ႔
ကိုယ့္သိကၡာနဲ႔မာနကို ထိခိုက္ေစမယ့္ကိစၥႀကဳံလာခဲ့ရင္

အားမနာပါနဲ႔
ကိုယ့္႐ိုးသားမႈကိုေမွးမွိန္ေစမယ့္ကိစၥႀကဳံလာခဲ့ရင္

အားမနာပါနဲ႔
ကိုယ့္ရဲ႕အရွိတရားကို ေစာ္ကားလာမယ့္ကိစၥႀကဳံလာခဲ့ရင္

ဘ၀ဆိုတာ
သူတစ္ပါးထင္ျမင္ခ်က္အတိုင္း
ေလွ်ာက္လွမ္းရတာမွမဟုတ္ဘူးဆိုတာ သိဖို႔လိုပါတယ္ ။

သက္တန႔္ခ်ိဳ
26-Oct-2019

Friday, October 25, 2019

လူတွေအကြောင်းသိချင်ရင်

လူတွေအကြောင်းသိချင်ရင်
ဒုက္ခနဲ့ အခက်အခဲတွေကို ရင်ဆိုင်ကြည့်လိုက်ပါ
ကူညီမယ့်သူနဲ့ ချောက်ချမယ့်သူဆိုပြီးကွဲသွားပါလိမ့်မယ်

"နာကျင်မှုရဲ့ အတိမ်အနက်ကို ခံစားဖို့ဆိုတာ
ကိုယ်ကိုယ်တိုင် ဒါဏ်ရာရမှ ဖြစ်နိုင်တာမျိုးပါ"

ဘ၀ဆိုတာ တိုလွန်းပါတယ်
သင့်ကိုတန်ဖိုးမထားသူတွေအတွက် အချိန်ကုန်မခံပါနဲ့ ။

သက်တန့်ချို
25-Oct-2019
-----------------------------------

လူေတြအေၾကာင္းသိခ်င္ရင္
ဒုကၡနဲ႔ အခက္အခဲေတြကို ရင္ဆိုင္ၾကည့္လိုက္ပါ
ကူညီမယ့္သူနဲ႔ ေခ်ာက္ခ်မယ့္သူဆိုၿပီးကြဲသြားပါလိမ့္မယ္

"နာက်င္မႈရဲ႕ အတိမ္အနက္ကို ခံစားဖို႔ဆိုတာ
ကိုယ္ကိုယ္တိုင္ ဒါဏ္ရာရမွ ျဖစ္ႏိုင္တာမ်ိဳးပါ"

ဘ၀ဆိုတာ တိုလြန္းပါတယ္
သင့္ကိုတန္ဖိုးမထားသူေတြအတြက္ အခ်ိန္ကုန္မခံပါနဲ႔ ။

သက္တန႔္ခ်ိဳ
25-Oct-2019




Thursday, October 24, 2019

ကိုယ့်ကိုယ်ကို မှန်နေတယ်လို့ ထင်နေသလား

ကိုယ့်ကိုယ်ကို မှန်နေတယ်ထင်နေသရွေ့
မင်းမမှန်သေးဘူး

ကိုယ့်ကိုယ်ကို တော်တယ်ထင်နေသရွေ့
မင်းမတော်သေးဘူး

ကိုယ့်ကိုယ်ကို အောင်မြင်ပြီထင်နေသရွေ့
မင်းမအောင်မြင်သေးဘူး

ကိုယ့်ရဲ့ ဖြစ်တည်မှုကို ကိုယ်ကိုယ်တိုင် သတ်မှတ်နေသရွေ့
ဘ၀ဆိုတာ ... တည်ငြိမ်စွာ ဖြတ်သန်းဖို့ အလှမ်းဝေးပါတယ် ။

သက်တန့်ချို
24-Oct 2019
-----------------------------------------------
ကိုယ့္ကိုယ္ကို မွန္ေနတယ္ထင္ေနသေ႐ြ႕
မင္းမမွန္ေသးဘူး

ကိုယ့္ကိုယ္ကို ေတာ္တယ္ထင္ေနသေ႐ြ႕
မင္းမေတာ္ေသးဘူး

ကိုယ့္ကိုယ္ကို ေအာင္ျမင္ၿပီထင္ေနသေ႐ြ႕
မင္းမေအာင္ျမင္ေသးဘူး

ကိုယ့္ရဲ႕ ျဖစ္တည္မႈကို ကိုယ္ကိုယ္တိုင္ သတ္မွတ္ေနသေ႐ြ႕
ဘ၀ဆိုတာ ... တည္ၿငိမ္စြာ ျဖတ္သန္းဖို႔ အလွမ္းေဝးပါတယ္ ။

သက္တန႔္ခ်ိဳ
24-Oct 2019


 

Thursday, October 10, 2019

သီတင်းကျွတ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေ

[Unicode]
သီတင်းကျွတ်အချိန်အခါသမယမှာ
စာဖတ်သူအားလုံး
စိတ်၏ချမ်းသာခြင်း
ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ

၂၀၁၉ ခုနှစ်ကနေစပြီး စာတွေပုံမှန်ပြန်ရေးနိုင်အောင်ကြိုးစားပေမယ့်
လစ်ဟာနေမှုတွေရှိနေပါသေးတယ် ထပ်ပြီးကြိုးစားပါမယ်

ကိုယ်ရေးခဲ့တဲ့စာ ကိုယ်ရေးနေတဲ့စာစုတွေထဲမှာ
စာဖတ်သူတွေသူငယ်ချင်းမိတ်ဆွေတွေအတွက်
စိတ်အနှောက်အယှက်တစ်စုံတစ်ရာများဖြစ်ပေါ်ခဲ့တာမျိုးရှိခဲ့ရင်
ဒီလို သီတင်းကျွတ်အချိန်အခါသမယမှာ ခွင့်လွှတ်ပေးကြဖို့
တစ်ခါတည်းတောင်းပန်ချင်ပါတယ်

ဆန္ဒနဲ့ဘ၀ထပ်တူမျှပြီး သီတင်းကျွတ်အချိန်ကာလကို
ချမ်းမြေ့ကြည်စင်စွာ ဖြတ်သန်းနိုင်ကြပါစေ ။

သက်တန့်ချို
10-Oct-2019
------------------------------------
[Zawgyi]
သီတင္းကြၽတ္အခ်ိန္အခါသမယမွာ
စာဖတ္သူအားလုံး
စိတ္၏ခ်မ္းသာျခင္း
ကိုယ္၏က်န္းမာျခင္းနဲ႔ျပည့္စုံႏိုင္ၾကပါေစ

၂၀၁၉ ခုႏွစ္ကေနစၿပီး စာေတြပုံမွန္ျပန္ေရးႏိုင္ေအာင္ႀကိဳးစားေပမယ့္
လစ္ဟာေနမႈေတြရွိေနပါေသးတယ္ ထပ္ၿပီးႀကိဳးစားပါမယ္

ကိုယ္ေရးခဲ့တဲ့စာ ကိုယ္ေရးေနတဲ့စာစုေတြထဲမွာ
စာဖတ္သူေတြသူငယ္ခ်င္းမိတ္ေဆြေတြအတြက္
စိတ္အေႏွာက္အယွက္တစ္စုံတစ္ရာမ်ားျဖစ္ေပၚခဲ့တာမ်ိဳးရွိခဲ့ရင္
ဒီလို သီတင္းကြၽတ္အခ်ိန္အခါသမယမွာ ခြင့္လႊတ္ေပးၾကဖို႔
တစ္ခါတည္းေတာင္းပန္ခ်င္ပါတယ္

ဆႏၵနဲ႔ဘ၀ထပ္တူမွ်ၿပီး သီတင္းကြၽတ္အခ်ိန္ကာလကို
ခ်မ္းေျမ့ၾကည္စင္စြာ ျဖတ္သန္းႏိုင္ၾကပါေစ ။

သက္တန႔္ခ်ိဳ
10-Oct-2019

Tuesday, October 8, 2019

ကိုယ့်ကိုယ်ကို ဘယ်တော့မှ မထင်မကြီးလိုက်ပါနဲ့

(Zawgyi)

မင္း ျခေသၤ့ျဖစ္ေၾကာင္း ျပဖို႔အတြက္
တစ္ဖက္သားကို ယုန္ျဖစ္တယ္လို႔ သက္ေသျပစရာမလိုဘူး

မင္း စိန္ျဖစ္ေၾကာင္း ျပဖိုအတြက္
တစ္ဖက္သားကို ခ်က္ေက်ာက္ျဖစ္ေၾကာင္း သက္ေသျပစရာမလိုဘူး

မင္း ရဲရင့္ေၾကာင္း ျပဖို႔အတြက္
တစ္ဖက္သားရဲ႕အားနည္းခ်က္ကို နင္းေခ်ျပစရာမလိုဘူး

မင္း ေတာ္ေၾကာင္း ျပဖို႔အတြက္
တစ္ဖက္သား ဘယ္ေလာက္ညံ့ေၾကာင္း ေဖာ္ထုတ္စရာမလိုဘူး 

မင္း တန္ဖိုးရွိေၾကာင္း ျပဖို႔အတြက္
တစ္ဖက္သား တန္ဖိုးမဲ့ေနျခင္းကို ထင္ေပၚေအာင္လုပ္ဖို႔မလိုဘူး

တစ္ခါတစ္ခါ
ကိုယ့္ကိုယ္ကို အထင္ႀကီးမိတာေလးတစ္ခ်က္က
သူတစ္ပါးေတြရဲ႕ အထင္ေသးျခင္းကို လဲယူလိုက္ျခင္းနဲ႔တူပါတယ္ ။

------------------------
(Unicode)

မင်း ခြင်္သေ့ဖြစ်ကြောင်း ပြဖို့အတွက်
တစ်ဖက်သားကို ယုန်ဖြစ်တယ်လို့ သက်သေပြစရာမလိုဘူး

မင်း စိန်ဖြစ်ကြောင်း ပြဖိုအတွက်
တစ်ဖက်သားကို ချက်ကျောက်ဖြစ်ကြောင်း သက်သေပြစရာမလိုဘူး

မင်း ရဲရင့်ကြောင်း ပြဖို့အတွက်
တစ်ဖက်သားရဲ့အားနည်းချက်ကို နင်းချေပြစရာမလိုဘူး

မင်း တော်ကြောင်း ပြဖို့အတွက်
တစ်ဖက်သား ဘယ်လောက်ညံ့ကြောင်း ဖော်ထုတ်စရာမလိုဘူး 

မင်း တန်ဖိုးရှိကြောင်း ပြဖို့အတွက်
တစ်ဖက်သား တန်ဖိုးမဲ့နေခြင်းကို ထင်ပေါ်အောင်လုပ်ဖို့မလိုဘူး

တစ်ခါတစ်ခါ
ကိုယ့်ကိုယ်ကို အထင်ကြီးမိတာလေးတစ်ချက်က
သူတစ်ပါးတွေရဲ့ အထင်သေးခြင်းကို လဲယူလိုက်ခြင်းနဲ့တူပါတယ် ။

------------------------

သက်တန့်ချို
8-Oct-2019

Read More - thettantcho.blogspot.com

Friday, October 4, 2019

ဘဝဖတ်စာ

" ေနေရာင္ျခည္ေပ်ာက္ကြယ္သြားလို႔ ဘယ္ေတာ့မွ မငိုပါနဲ႕
မ်က္ရည္ေတြ ဖံုးလႊမ္းေနရင္ ညဖက္ေကာင္းကင္က ၾကယ္ေတြကို ျမင္ရေတာ့မွာ မဟုတ္ဘူး " တဲ့

ဘ၀မွာ အခက္အခဲနဲ႔ ရွံုးနိမ့္မႈေတြေၾကာင့္ အႀကိမ္ႀကိမ္လက္ေလ်ာ့ဖို႔ စဥ္းစားမိၿပီလား
ဒါဆို မနက္ျဖန္ရဲ႕ ေနေရာင္ျခည္ကို သင္ဘယ္ျမင္ရေတာ့မလဲ

လူ႔ဘ၀ဆိုတာ ဒီလိုပါပဲ

- နာက်င္မႈေတြက ခံႏိုင္ရည္ရွိေအာင္သင္ေပးတယ္
- ရွံုးနိမ့္မႈေတြက သင္ခန္းစာေတြကို သင္ေပးတယ္
- ဒါဏ္ရာေတြက  ေနာက္တစ္ႀကိမ္မထိခိုက္ေအာင္ သတိေပးတယ္

တစ္ခါလႊတ္ခ်မိတဲ့သူဟာ အႀကိမ္ႀကိမ္လႊတ္ခ်ရေလ့ရွိတယ္
သင့္ စိတ္ခြန္အားနဲ႔ မာေၾကာတဲ့စိတ္ဓါတ္ကို ဘယ္ေတာ့မွ မလႊတ္လိုက္ပါနဲ႕ ။

-----------------------------

" နေရောင်ခြည်ပျောက်ကွယ်သွားလို့ ဘယ်တော့မှ မငိုပါနဲ့
မျက်ရည်တွေ ဖုံးလွှမ်းနေရင် ညဖက်ကောင်းကင်က ကြယ်တွေကို မြင်ရတော့မှာ မဟုတ်ဘူး " တဲ့

ဘဝမှာ အခက်အခဲနဲ့ ရှုံးနိမ့်မှုတွေကြောင့် အကြိမ်ကြိမ်လက်လျော့ဖို့ စဉ်းစားမိပြီလား
ဒါဆို မနက်ဖြန်ရဲ့ နေရောင်ခြည်ကို သင်ဘယ်မြင်ရတော့မလဲ

လူ့ဘဝဆိုတာ ဒီလိုပါပဲ

- နာကျင်မှုတွေက ခံနိုင်ရည်ရှိအောင်သင်ပေးတယ်
- ရှုံးနိမ့်မှုတွေက သင်ခန်းစာတွေကို သင်ပေးတယ်
- ဒါဏ်ရာတွေက  နောက်တစ်ကြိမ်မထိခိုက်အောင် သတိပေးတယ်

တစ်ခါလွှတ်ချမိတဲ့သူဟာ အကြိမ်ကြိမ်လွှတ်ချရလေ့ရှိတယ်
သင့် စိတ်ခွန်အားနဲ့ မာကြောတဲ့စိတ်ဓါတ်ကို ဘယ်တော့မှ မလွှတ်လိုက်ပါနဲ့ ။

-----------------------------

သက်တန့်ချို
4-Oct-2019

Read More - thettantcho.blogspot.com

Wednesday, October 2, 2019

တစ်ချို့သင်ခန်းစာ

တစ်ချို့သင်ခန်းစာတွေက
တစ်ခုခုကိုပေးဆပ်ပြီးမှ ရလေ့ရှိတယ်

တစ်ချို့သင်ခန်းစာတွေက
တစ်ခုခုကို ဆုံးရှုံးပြီးမှရလေ့ရှိတယ်

တစ်ချို့သင်ခန်းစာတွေက
နာကျင်မှုနဲ့ နောင်တ ထပ်တူအချိုးညီမှ ရလေ့ရှိတယ် ။

သက်တန့်ချို
2-Oct-2019

-------------------------------------

တစ္ခ်ိဳ႕သင္ခန္းစာေတြက
တစ္ခုခုကိုေပးဆပ္ၿပီးမွ ရေလ့ရွိတယ္

တစ္ခ်ိဳ႕သင္ခန္းစာေတြက
တစ္ခုခုကို ဆုံးရႈံးၿပီးမွရေလ့ရွိတယ္

တစ္ခ်ိဳ႕သင္ခန္းစာေတြက
နာက်င္မႈနဲ႔ ေနာင္တ ထပ္တူအခ်ိဳးညီမွ ရေလ့ရွိတယ္ ။

သက္တန႔္ခ်ိဳ
2-Oct-2019