Showing posts with label ထူးဆန်းသောသတင်းများ. Show all posts
Showing posts with label ထူးဆန်းသောသတင်းများ. Show all posts

Friday, August 22, 2014

အမြီးပေါက်သော လူများ


အမြီးပေါက်သော လူများ




ထူးဆန်းကောင်းထူးဆန်းနေပါလိမ့်မယ် ဒါပေမယ့် တကယ်ရှိပါတယ် ဆေးပညာအရ ဆိုရင်တော့ မွေးရာပါ မျိုးရိုးဗီဇ စနစ်မှာ Genetic ချို့ယွင်းချက်ကြောင့်ဖြစ်စေ Embryo ဘ၀မှာကတည်းက fuse လုပ်ရမယ့်အပိုင်းတွေမလုပ်ပဲ မှားယွင်းတွဲဆက်မိတာတွေ ဒါမှမဟုတ်ဟော်မုန်းတစ်ခုခုကြောင့် ဖြစ်စေ ပရိုတိန်း ဓါတ်တွေ အဆမတန် ကြီးထွားလာမှုကြောင့် ဖြစ်စေ ဒီလို Syndrome ဖြစ်လာရတယ်လို့ ယူဆလို့ရနိုင်ပါတယ် ။ ဒီပုံတွေကြည့်ပြီး လူတွေဟာ မျောက်ကနေ ဖြစ်လာတယ်ဆိုတာ သေချာသလောက်ဖြစ်နေမလားပဲ ။











သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, April 24, 2014

မိန်းမအင်္ဂါထဲသေနတ်ဖွက်လို့အဖမ်းခံရတဲ့ ဆယ်ကျော်သက်မိန်းကလေး

မိန်းမအင်္ဂါထဲသေနတ်ဖွက်လို့အဖမ်းခံရတဲ့ ဆယ်ကျော်သက်မိန်းကလေး

April 23 , 2014 :  Dallas Archer ဆိုသူမိန်းကလေးဟာ သူမရဲ့ မိန်းမအဂါင်္ (vagina ) ထဲမှာ North American Arms 22 LR Revolver အမျိုးအစားသေနတ်တစ်လက်ထည့်ဖွက်ယူဆောင်ခဲ့လို့အဖမ်းခံခဲ့ရပါတယ် ။ ပထမဆုံးအဖမ်းခံရတာကတော့ တားမြစ်ထားတဲ့ကားလိုင်စင်နဲ့ကားမောင်းမှုအတွက်အဖမ်းခံရတာဖြစ်ပြီး အခုတော့ Kingsport Police Department မှ အရာရှိတွေက သူမ ကိုယ်ထဲမှာ တစ်စုံတစ်ခုတွေ့ခဲ့ရလို့ ခေါင်းစဉ်ပြောင်းသွားခဲ့ပါပြီ ။

တားဆီးလိုင်စင်နဲ့ကားမောင်းမှုနဲ့အဖမ်းခံရပြီးနောက်မှာ Dallas Archer ကို အမျိုးသမီး အရာရှိတစ်ယောက်က ခန္ဓာကိုယ်ကို စေ့စေ့စပ်စပ်သေသေချာချာရှာတဲ့အခါ “ သူမ မိန်းမအင်္ဂါထဲမှာ အမည်မသိအရာတစ်ခုတွေ့ရှိကြောင်း ” Kingsport Times-News ကို အစီရင်ခံခဲ့တယ် ။ ဒီတော့ သေသေချာချာ ရှာတဲ့အခါမှာတော့ အသက် ၁၉ နှစ်အရွယ် မိန်းကလေးဟာ ကျည်ဖြည့်ထားတဲ့ သေနတ်တစ်လက်ကို မိန်းမအဂါင်္ထဲထည့်ဖွက်ယူဆောင်ကြောင်း တွေ့ရှိခဲ့ရပါတယ် ။ အစီရင်ခံစာတွေအရတော့ “ Dollas ရဲ့ မိန်းမကိုယ်ထဲမှာ North American Arms 22 LR Revolver အမျိုးအစားသေနတ်တစ်လက်ထည့်ဖွက်ယူဆောင်ထားကြောင်း ” လို့ အမျိုးသမီးအရာရှိကအစီရင်ခံခဲ့တယ် ။ ဒီသေနတ်ကို အသက် ၇၀ နှစ်အရွယ် John Souther ဆိုသူဆီမှ ၂၀၁၃ မှာ ခိုးယူခဲ့တာဖြစ်တယ်လို့သိရပါတယ် ။

============

အော် .. ဖွက်စရာရှားလို့ကွယ် မတော်ကျည်ထွက်ကုန်မှဖြင့် မျိုးပါတုံးကုန်ပါဦးမယ် ..

သက်တန့်ချို
http://www.upi.com/Odd_News/2014/04/23/Tennessee-teen-arrested-with-loaded-gun-stashed-in-her-vagina/5231398254431/?spt=sec&or=on

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, June 4, 2013

ကမ္ဘာကြီးကို ပြောင်းပြန်မြင်နေရသူအမျိုးသမီး


 ကမ္ဘာကြီးကို ပြောင်းပြန်မြင်နေရသူအမျိုးသမီး

အမျိုးသမီးတွေ မြေပုံစာရွက်ကို မဖတ်တတ်ဘူးလို့ ပြောချင်တာလား ဒါဆို ဒီသတင်းလေးဖတ်ကြည့်ပါဦး

တကယ်တော့စာသားတွေကို ပြောင်းပြန်ဖတ်ဖို့ဆိုတာ မလွယ်ကူတဲ့အလုပ်ဖြစ်ကြောင်းသင်သိမှာပါ ဒါပေမယ့် အခု ဆိုက်ဘေးရီးယားက အမျိုးသမီးတစ်ဦးကတော့ စာတွေကိုပြောင်းပြန်ဖတ်နိုင်စွမ်းရှိပါတယ် ။

သူ့နာမည်ကို Bohana Danilovic လို့ခေါ်ပြီးအသက်က ၂၈ နှစ်ဝန်းကျင် ဆိုက်ဘေးရီးးယား ကောင်စီအလုပ်သမားတစ်ဦးဖြစ်တယ် ။ သူ့ဦးနှောက် ဖြစ်စဉ်တွင်းရဲ့ပုံရိပ်ဖော်မှုအပိုင်းမှာ ထူးထူးဆန်းဆန်းတွေဖြစ်ပေါ်နေလျှက်ရှိပါတယ် ။

ကျွန်တော်တို့မြင်နေရတာတွေက အတည့်အတိုင်းဖြစ်ပေမယ့် သူမကတော့ ပြောင်းပြန်တွေပဲမြင်နေခဲ့တယ် ။ သူမအတွက်တော့ တစ်ကမ္ဘာလုံးဟာ ဇောက်ထိုးမိုးမျှော်တွေပါပဲ ။ အမေရိကန် ဟားဗတ်တက္ကသိုလ်မှ Ms Danilovic ကတော့ ဒါဟာ Spatial Orientation Phenomenon လို့ခေါ်တဲ့အခြေအနေတစ်မျိုးခံစားနေရတာလို့ဆိုတယ် ။ ဒန်နီလိုဗစ်လို အခြေအနေမျိုးကြုံတွေ့သူတွေရှိပေမယ့်သူတို့ဟာစာကိုပဲ အပေါ်အောက်ရေးနိုင်ဖတ်နိုင်ကြပေမယ့် ဒန်နီလိုဗစ်လိုတော့ တစ်ကမ္ဘာလုံးပြောင်းပြန်မြင်နေတာတော့မဟုတ်ပါဘူး ။

“ ဘာကြောင့် ဒီလိုဖြစ်တယ်ဆိုတာ ကျမ တိတိကျကျမသိပါဘူး ဒီလိုဖြစ်လာတယ် ကျမဦးနှောက်ထဲကဘယ်နေရာမှာ ဘာတွေဖြစ်နေကြပါလိမ့် ” လို့ လွန်ခဲ့တဲ့အပတ်က ဒန်နီလိုဗစ်ကပြောခဲ့တယ် ။ “ သူတို့ကပြောတယ် ကျမလိုပဲ စာတွေပြောင်းပြန်ရေးနိုင်တဲ့သူတွေ ဖတ်နိုင်တဲ့သူတွေ သမိုင်းမှာ ကြုံခဲ့ဖူးတယ်တဲ့ ဒါပေမယ့် ကျွန်မလို အခြေအနေတစ်ရပ်လုံးတော့မတူညီကြပါဘူး ”

သူမအတွက်ကို ပြောင်းပြန်လှန်ထားတဲ့ကွန်ပြူတာနဲ့ အထူးပြုလုပ်ထားတဲ့ ကီးဘုတ်တစ်ခု မှာယူထားရပါတယ် ။ ခက်ခဲတဲ့တစ်နေ့တာကို ဖြတ်သန်းပြီးအိမ်ပြန်ရောက်ပြီဆိုရင် မိသားစုက တခြားမှာ တီဗွီတစ်လုံးနဲ့ကြည့်တယ် သူမက သပ်သပ်တစ်လုံးနဲ့ကြည့်ပါတယ် ။

Source : News.com.au

သက်တန့်ချို ဘာသာပြန်သည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, July 12, 2012

ကမ္ဘာတ၀ှမ်းမှ ထူးဆန်းထွေလာများ စုစည်းတင်ဆက်မှု

ကမ္ဘာတ၀ှမ်းမှ ထူးဆန်းထွေလာများ စုစည်းတင်ဆက်မှု

ဆင်ဟွာသတင်းဌာနမှာ ၂၀၁၂ ခုနှစ် ဂျူလိုင်၁၀ ရက်နေ့တုန်းက ကမ္ဘာတ၀ှမ်းမှ ထူးခြားဖြစ်စဉ်များကို စု စည်းဖော်ပြပေး ထားပါတယ် ။ အမျိုးမျိုးသော အကြောင်းတွေကြောင့် ကမ္ဘာတ၀ှမ်းဟာ ထူးခြား ဆန်းကြယ် မှုတွေနဲ့ပြည့်နှက်လို့နေတယ် ။



၁ ။ မျက်နှာနှစ်ခုပါသော အိန္ဒိယမှ မိန်းကလေးငယ်


၂ ။ Pacu ငါးအကိုက်ခံရတာတဲ့ - တရုတ်ပြည်တောင်တိုင်း Guangxi Zhuang မှာ ဖြစ်ပွားခဲ့တာပါ



၃ ။ Kanas ကန်မှ ရေသရဲ


၎ ။ စင်ကာပူ - အငူမှကြီးမားသော ၀ိဥာဉ်ရေတပ်သဘောင်္စု



၅ ။ ၂၀၀၇ ခုနှစ် မေလ ၊ မက်ဆီကန် လယ်ကွင်းထဲတွင်တွေ့ရသော ပုတ်သင်သဏ္ဍန် ဂြိုလ်သား


၆ ။ ၂၀၀၉ ခုနှစ် မလေးရှားတွေတွေှ့ရသော ကြီးမားသော မြွေကြီး




၇ ။ ၂၀၀၂ ခုနှစ် ဗြိတိန်နိုင်ငံပန်းခြံထဲတွင်ရိုက်ကူးမိသော Elfin ( ဒဏ္ဍာရီဆန်ဆန် သတ္တ၀ါ )



၈ ။. ၂၀၀၉ ခုနှစ် သြဂုတ်လ တွင် နယူးဇီလန်တွင်ဖြစ်ပွားခဲ့သော နွားသိုး ၂၈ ကောင်ချောက်ကမ်းမှ ထူးဆန်းစွာ တပြိုင်တည်းပြုတ်ကျသေဆုံးမှု

သက်တန့်ချို
Xihnua News

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, May 30, 2012

အမြီးပါတဲ့ ထူးဆန်းသောကြက်ဥ

အမြီးပါတဲ့ ထူးဆန်းသောကြက်ဥ



ပုံသဏ္ဍာန်မမှန်တဲ့ ထူးဆန်းဖွယ်ဥ ကို Shuangzhong မြို့မှာ ပြသထားပါတယ် ။ တရုတ်ပြည်အရှေ့ပိုင်း jiangxi စီရင်စုမှာ ၂၀၁၂ ခုနှစ် မေ ၂၇ ရက်နေ့က ပြသထားခြင်းဖြစ်ပါတယ် ။ ဒီပုံသဏ္ဍာန်မမှန်တဲ့ ထူးဆန်းတဲ့ ဥကို ရောင်ရမ်းတဲ့ရောဂါတစ်မျိုးဖြစ်နေတဲ့ ကြက်မ တစ်ကောင်က ဥထားခဲ့ခြင်းဖြစ်ပြီး ဥမှာပါတဲ့အမြီးအရှည်က ၃-၅ စင်တီမီတာလောက်ရှိတယ်လို့ ဆင်ဟွာ သတင်းဌာနမှာဖော်ပြထားပါတယ် ။







မူရင်း - A deformed egg is displayed in Shuangzhong town, East China's Jiangxi province, May 27, 2012. The bizarre shaped egg, produced laid by a hen was suffering inflammation, has a 3.5-centemeter tail. (Photo Source: chinanews.com)

သက်တန့်ချို
ှLink - http://news.xinhuanet.com/english/photo/2012-05/30/c_131620018.htm

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, April 23, 2012

စာမေးပွဲခိုးချခြင်းမှ ကာကွယ်နိုင်မည့် Outdoor test

စာမေးပွဲခိုးချခြင်းမှ ကာကွယ်နိုင်မည့် Outdoor test



ဒီနည်းလေးက နယ်မြေ ဧရိယာ ကျယ်ဝန်းတဲ့ကျောင်းတွေအတွက်တော့ အဆင်ပြေမယ်လို့ မြင်မိတယ် ။ တရုတ်ပြည် မှာ စာသင်ခန်းတွေထဲမှာ စာခိုးချတဲ့ကျောင်းသားတွေတဖြည်းဖြည်းများသထက် များလာခဲ့တယ် ။ နည်းမျိုးစုံ နဲ့ပေါ့ ။ တရုတ်ပြည် Hubei ပြည်နယ်မှ Wuhan မှာရှီတဲ့အလယ်တန်းကျောင်းတစ်ကျောင်းမှာတော့ စာခိုး ချခြင်းကိုကာကွယ်ဖို့ ကျောင်းသူကျောင်းသားတွေကို ကျောင်းအပြင် မြေကွက်လပ်ကို ထွက်ထိုင်စေတယ် ။ ဥပမာ ကစားကွင်းလိုနေရာမျိုးပေါ့ ပြီးတော့ခုံတွေကို အဝေးကြီးချဲထားလိုက်ကြတယ် ။

ဒီလို လုပ်ပေမယ့်လည်း တိုးတက်လာတဲ့နည်းပညာတွေအရ အွန်လိုင်းပေါ်မှာ မဖြေခင်က တည်း က မေး ခွန်းတွေပျံ့နှံ့နေကြတယ်လို့ဆိုတယ် ။ တာဝန်ရှိသူတွေကလည်း နောက်ဆုံးပေါ် နည်းပညာတွေ သုံးနေ ကြရ တယ်လို့ဆိုတယ် ။

သက်တန့်ချို
Chinese Edu News

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, March 30, 2012

ဗီယက်နမ်တွင် ဇနီးတစ်ဦး USD 6000 ဖြင့်ဝယ်ယူနိုင်

ဗီယက်နမ်တွင် ဇနီးတစ်ဦး USD 6000 ဖြင့်ဝယ်ယူနိုင်




ဗီယက်နမ် သတင်းစာမှာ ပါတဲ့သတင်းလေးပါ ။

ဗီယက်နမ်မှ ဇနီးတစ်ဦးအား အမေရိကန်ဒေါ်လာ ၆၀၀၀ ကျပ်ဖြင့်ဝယ်ယူနိုင်

၁ ။ အပျိုစင်ဖြစ်ကြောင်း အာမခံသည်။

၂ ။ ရက် ၉၀ အတွင်း လာရောက် ပို့ဆောင်မည်ဖြစ်ကြောင်းအာမခံသည် ။

၃ ။ အပိုထပ်ဆောင်းကြေး ၊ အပိုကုန်ကျငွေမရှိပါ ။

၎ ။ တစ်နှစ်အတွင်း သင့်ထံမှ ထွက်ပြေးလျှင် နောက်တစ်ယောက်ကို ပိုက်ဆံမပေးရပဲ Free ရမည်။

ကဲ ကောင်းကြသေးရဲ့လား လုပ်ပုံက အမျိုးသမီးတွေကို ငွေနဲ့တန်ဖိုးဖြတ်နေကြတယ် ။ မဖြစ်သင့်တဲ့ကိစ္စကြီးကို သတင်းစာမှာ ပေါ်တင်ကြီးတောင်ကြေငြာလိုက်သေး ဓါတ်ပုံတွေဘာတွေနဲ့ ။

မှတ်ချက် ။ ။ စိတ်ဝင်တစား ၀ယ်ချင်သူတွေကတော့ ဗီယက်နမ်ကို ကြွကြပါကုန် ။

သက်တန့်ချို

From : Almost Hit A Billion

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, March 21, 2012

အံ့သြဖွယ်ရာ သေဆုံးပြီးသားလူရဲ့ Email ကိုလက်ခံရရှိလိုက်တဲ့မိသားစု

အံ့သြဖွယ်ရာ သေဆုံးပြီးသားလူရဲ့ Email ကိုလက်ခံရရှိလိုက်တဲ့မိသားစု



Jack Froese ဆိုတဲ့အသက် ၃၂ နှစ်ရှိတဲ့လူဟာ နှလုံး ခုန်မူမမှန်တဲ့ရောဂါတစ်မျိုးနဲ့သေဆုံးခဲ့ပြီးဖြစ်ပါတယ် ။ ဒါပေမယ့် သူန့လတ်တလော စကားပြောဆိုခြင်းတွေနဲ့လက်တလော သူ့လှုပ်ရှားမှုတွေကို အင်တာနက် မှာတွေ့ လိုက်ရလို့ မိသားစုတွေက ထိတ်လန့်တုန်လှုပ်ခဲ့ရတယ် ။



ဒီလူရဲ့ သူငယ်ချင်းတွေနဲ့မိသားစုတွေဟာ တမလွန်မှ ရောက်လာတဲ့ အီးမေလ်းတွေကြောင့် ထိတ်လန့် တုန်လှုပ် ခဲ့ရတယ် ။ တကယ်တော့ Jack Froese ဟာ လွန်ခဲ့တဲ့နှစ်ကတည်းက ဂျွန်လမှာ သေဆုံးခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် သေဆုံးပြီး ငါးလအကြာမှာတော့ သူနဲ့အရင်းနှီးဆုံးသူငယ်ချင်းတွေဟာ ဒီလို ထူးဆန်းပြီး အဖြေရှာမ ရတဲ့ အီးမေလ်းတွေကို သူ့အကောင့်မှ တဆင့်လက်ခံရရှိခဲ့တယ် ။



ဘယ်လောက်တောင်တိကျသလဲဆိုရင် သူငယ်ချင်းတွေနဲ့အတွင်းရေးတွေပါ ပါဝင်ပြီး သေဆုံးစဉ်က ဖြစ်ပျက် ခဲ့တဲ့အကြောင်းအရာတွေပါပါဝင်သတဲ့ ။

Tim Hart ဆိုသူဟာ Jack နဲပ ၁၇ နှစ်လောက်လက်တွဲခဲ့တဲ့အရ့င်းနှီးဆုံးသူငယ်ချင်းဖြစ်ပါတယ် သူဟာ တစ်နေ့ သူ့အီးမေလ်းဖွင့်လိုက်စဉ်မှာ တွေ့လိုက်တာက စာသားနေရာမှာ “ I'm watching ” (ငါမင်း ကို စောင့် ကြည့်နေတယ် ) လို့ရေးထားပြီး ပေးပို့သူနေရာမှာ သူ့သူငယ်ချင်းအကောင့် Sender : Jack Froese ဖြစ်နေခဲ့ တယ် ။ အီးမေလ်းမှာရေးထားတာကတော့ “Did you hear me? I'm at your house. Clean your f*****g attic!!!” တဲ့ (ငါမင်းအိမ်ရောက်နေတဲ့ မင်းငါ့ကိုတွေ့လား မင်းအိမ်ရဲ့ထပ်ခိုးကို ရှင်းထားပါ ) တဲ့ ။



သူ့သူငယ်ချင်းတွေက BBC သတင်းဌာနကိုပြောခဲ့တယ် “ ကျွန်တော်စာဖတ်နေစဉ်မှာပဲ အဖြူရောင် ၀ိဥာဉ် ကိုတွေ့ခဲ့ရတယ် ”

“ ဒါဟာ အရမ်းထူးဆန်းပါတယ် တချို့အကြောင်းအရာတွေက ကျွန်တော်နဲ့ Jack နဲ့ဆက်နွယ်မှု နဲ့ ပတ် သတ်တာတွေပါနေတယ် ”

Jack မသေဆုံးခင်ကတည်းက Tim ရဲ့ အိမ်ထပ်ခိုးမှာ သူတို့အတူ ကွန်ပြူတာနဲ့ချက်တင်ထိုင်ခဲ့ကြတယ် အဲဒီတုန်း ကလည်း Jack က သူ့သူငယ်ချင်းကို ထပ်ခိုးကို ရှင်းပါဦးလို့ပြောခဲ့သေးတယ် ။

ဂျက်နဲ့တစ်ဝမ်းကွဲ Jimmy McGraw ဟာလည်း ဒီလို ထူးဆန်းတဲ့အီးမေလ်းကို ရခဲ့တယ် ။ အီးမေးလ်ထဲမှာ ဂျက်သေ ဆုံးပြီးနောက် သူဒူးခေါင်းဒါဏ်ရာရခဲ့တာတွေကိုလည်းဖော်ပြထားပါသတဲ့ ။ ရေးထားတာကတော့ “ “Hey Jim, How ya doing? I knew you were gonna break your ankle, tried to warn you. Gotta be careful.” တဲ့ ။ (ဟေး .. ဂျင် မင်းဘာလုပ်နေလဲ ငါသိပါတယ် မင်း ဒူးခေါင်းဒါဏ်ရာရနေတယ်မဟုတ်လား ငါမင်းကို သတိပေးခဲ့ပါသေးတယ် သတိထားနော်သူငယ်ချင်း ) တဲ့ ။



ဂျင်က ဆက်ပြောတယ် “ ကျွန်တော်ဂျက်စာပို့တာကိုပြောချင်ပါတယ် ဒါပေမယ့် သူက သေ ဆုံးပြီးသား လူမဟုတ် လား အခုတော့သူကျွန်တော့်ကို ဆက်သွယ်ဖို့ကြိုးစားနေတယ် ”

ဂျက်သူငယ်ချင်းတွေနဲ့ မိသားစုတွေက ဂျက်ရဲ့ ပါ့စ၀ပ်ကို ဘယ်သူမှမသိပါဘူး ပြီးတော့ သူ့အကောင့်ကို တစ်ဦးဦး က Hack လုပ်ပြီးသုံးနေတာလည်းမဖြစ်နိုင်ပါဘူးသူတို့မယုံပါဘူးတဲ့ ။ တကယ်တော့သူတို့ဟာ ဒီလိုထူး ဆန်း တဲ့ အီးမေးလ်တွေကို လက်ဆောင်တစ်ခုအနေနဲ့လက်ခံရရှိခဲ့ခြင်းပါ ။



ဂျက်ရဲ့မိခင် Patty က BBC ကိုပြောခဲ့တာကတော့ “ ကျွန်မထင်တာကတော့သူတို့အဖွဲ့ဟာ အရမ်းလည်းပျော် တတ် တယ် သူတို့က လူတွေကို ပျော်အောင်လုပ်တယ် လူတွေ သတိရနေအောင်လုပ်တယ် ဒါပေမယ့် ကျွန်မ အတွက်တော့ လူတွေသူ့အကြောင်း ပြောနေတာပိုကောင်းမယ်ထင်ပါတယ် ”

မူရင်း - http://www.mirror.co.uk/news/world-news/dead-man-sends-emails-from-beyond-763728

သက်တန့်ချို
March 21-2012

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, March 15, 2012

၂၀ ကီလိုဂရမ်အလေးချိန်ပဲရှိတော့တဲ့အသက်၂၀အရွယ်ပိန်ချင်သူကလေး

၂၀ ကီလိုဂရမ်အလေးချိန်ပဲရှိတော့တဲ့အသက်၂၀အရွယ်ပိန်ချင်သူကလေး



သူမ နာမည်က Ksenia Bubenko လို့ေါ်ပါတယ် အသက် ၂၀ နှစ်အရွယ် ဒီအမျိုးသမီးဟာ ကိုယ်အလေး ချိန်လျော့ပြီပိန်ပိန်ပါးပါးလေးဖြစ်ချင်ခဲ့တယ် ။ ပေါင်ချိန်များစွာ ကျအောင် ကြိုးစားပြီးတဲ့အခါမှာလည်းး သူမက ပိန်ချင်သထက်ပိန်တာကို စွဲလန်းလာခဲ့တယ် ။ အခု သူမ ၂၀ ကီလိုဂရမ်ပဲရှိပါသတဲ့ ။



--------------------------------------

အစွန်းရောက်လွန်းတော့လည်း အရိုးစုကြီးလိုပါပဲ ။ ဘုရားဟောတာ သိပ်မှန်တာပဲလို့တွေးမိတယ် အလယ်အ လတ်လမ်းစဉ်ကသာလျှင် အောင်မြင်ခြင်းကိုရောက်နိုင်တယ် ။
















မူရင်း - Ksenia Bubenko is a 20-year-old girl who wanted to lose weight, but after dropping some pounds,she became obsessed with being as thin as possible. Now she weights only 20 kilograms.

Xinhua

သက်တန့်ချို ဘာသာပြန်သည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, March 6, 2012

အပျိုစင်အမျိုးသမီး ၁၀၀ ကျော်ကို သတ်ပြီးသွေးနဲ့ရေချိုးခဲ့သူ

အပျိုစင်အမျိုးသမီး ၁၀၀ ကျော်ကို သတ်ပြီးသွေးနဲ့ရေချိုးခဲ့သူ



အကျော်ကြားဆုံး နဲ့လူသိအများဆုံး တကယ့် သွေးစုတ်ကောင် ကို သင်တို့သိပါသလား ။ သူမ နာမည်ကို မြို့စား ကတော် Elizebeth Bathory လို့ခေါ်ပါတယ် ။ ၁၅၆၀ ခုနှစ်ကနေ ၁၆၁၄ ခုနှစ်အထိ အသက်ရှင်နေ ထိုင်ခဲ့ပါ တယ် ။ သူမကို သမိုင်းမှာ အမျိုးသမီးများအား အများဆုံး ဆက်တိုက် သတ်ခဲ့သူ Serial Killer အဖြစ်မှတ် တမ်းတင် ခဲ့တယ် ။ သူ့ကို နောက်တစ်မျိုးခေါ်တာကတော့ “ သွေးစုတ်မြို့စားကတော် ” တဲ့ ။



သူမ ခင်ပွန်းသေဆုံးသွားပြီးတဲ့နောက် သူမနဲ့ အပေါင်းအပါ လေးယောက်တို့ဟာ ရာပေါင်းများစွာသော အမျိုးသမီး ငယ်တွေကို သတ်ဖြတ်မှု ညှင်းပန်းနှိပ်စက်မှုတို့နဲ့အဖမ်းခံခဲ့ရတယ် ။ အဲဒီအချိန်တုန်းကတော့ Elizabeth ဟာ အဖမ်းလည်းမခံခဲ့ရသလို အရေးယူခြင်းလည်းမခံခဲ့ရဘူး ။ ဒါပေမယ့် ၁၆၁၀ ပြည့်နှစ်မှာတော့ သူမ ဟာ Cesjte Castle မှာ ထောင်သွင်းအကျဉ်းချခဲ့ရပြီး နောက် Solvakia ကိုရောက်လာခဲ့တယ် ။



သူမသေဆုံးပြီး လေးနှစ်ကြာတဲ့အထိ သူမကို အကျဉ်းချခဲ့တဲ့ တိုက်အုတ်ခန်းလေးက နဂိုအတိုင်း ရှိနေခဲ့ ပါသေးတယ် ။



စာတွေမှာ ဖော်ပြထားတာကတော့ သူမဟာ သူမရဲ့ ငယ်ရွယ်နုပျိုမှု ကို အစဉ်ပိုင်ဆိုင်နိုင်ဖို့ အပျိုစင်တွေ ရဲ့သွေး နဲ့ ရေချိုးခြင်း သောက်သုံးခြင်းစတာတွေကို ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ် ။

ဒီထက်ပိုသိချင်ရင်တော့ >>> http://en.wikipedia.org/wiki/Elizabeth_B%C3%A1thory

သက်တန့်ချို
March 6-2012

Ref : wikipedia

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, February 18, 2012

ခြေချောင်းတွေ အနောက်ဖက်ကို လှည့်နေရှာသူလေး

ခြေချောင်းတွေ အနောက်ဖက်ကို လှည့်နေရှာသူလေး



တရုတ်ပြည် Chongqing မြို့မှ အသက် ၂၇ နှစ်သာရှိသေးတဲ့ Wang Fang ဆိုသူအ မျိုးသမီးလေး ဟာ မွေးဖွားလာကတည်းက သူမ ခြေထောက်တွေဟာ အနောက်ဖက်ကို မျက်နှာမူနေတဲ့ အံ့သြဖွယ်ရာ အခြေအနေနဲ့ကြုံတွေ့ခဲ့ရပါတယ် ။ သူမဟာ ပုံမှန်မဟုတ်တဲ့အခြေအနေမှာ အခက်အခဲမရှိပဲ နေတတ်အောင် အတော်လေးကိုကြိုးစားခဲ့ရတယ် ။ သူမအခက်အခဲကြုံနေရတာကတော့ သူမကို ကိုယ် လက်အဂါင်္ ချို့တဲ့သူ တစ်ယောက်အဖြစ် ဆက်ဆံနေကြတာကိုပါပဲ ။ “ ကျွန်မ သူငယ်ချင်းတွေထက် အများကြီးပြေးနိုင်ပါတယ် ကျွန်မ မှာ မိသားစုစားသောက်ဆိုင်မှာ ပုံမှန်အလုပ်လည်းရှီပါတယ် ဒါကြောင့် ကျွန်မကို Disabled (ကိုယ်လက် အဂါင်္ချို့ ယွင်းနေ သူ ) တစ်ယောက်အဖြစ် သတ်မှတ်ဖို့ အကြောင်းပြချက်မရှိပါဘူး ” လို့ ဒီမိန်း ကလေး က ပြော ဆိုသွားပါတယ် ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, February 17, 2012

ကျင်ငယ်ရေနှင့်ပြုတ်သော ကြက်ဥများ

ကျင်ငယ်ရေနှင့်ပြုတ်သော ကြက်ဥများ



တရုတ်ပြည်မှာဖြစ်ပါတယ် ။ ဟိုး လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာကတည်းက တရုတ်ပြည်မှာ ဒီလို ကျင်ငယ်ရေ (ဆီး ) ထဲမှာ ကြက်ဥပြုတ်တဲ့ ဓလေ့ရှိခဲ့ပါတယ် ။ ဒေသအတွင်းမှာရှိတဲ့ စာသင်ကျောင်းတွေကနေ ဆီးတွေ လိုက်စုယူပြီး အကောင်းဆုံးဆီးကတော့အသက် ၁၀ နှစ်အောက်က ယောင်္ကျားလေးတွေရဲ့ဆီးက အကောင်းဆုံးဖြစ်ပါသတဲ့ ။

စားဖိုမှူး Lu Ming ကတော့ “ နေ့တိုင်းနေ့တိုင်း သူတို့က ပုံးတွေထဲက သူတို့က ဆီးတွေ ပေါက်ချပါတယ် ကျွန်တော် တို့က လိုက်ပြီးသိမ်းဆည်းပါတယ် ” လို့ပြောခဲ့ပါတယ် ။ Ming ပြောတာကတော့ ဒီလို ဆီးနဲ့ ပြုတ်ထား တဲ့ ဥတွေဟာ အရသာရှိပြီး ကျန်းမာစေတယ် သင့်ကို နိုးနိုးကြားကြားရှိစေပြီး စူးရှထက်မြက်စေ တယ်လို့ ဆိုပါတယ် ။ Ming ဟာ အခုဆိုရင် သူ့ရဲ့ ဆီးနဲ့ပြုတ်တဲ့ ဥတွေကို နိုင်ငံအသီးသီးကို တင်ဖို့ဖို့ Project တစ်ခုကို လုပ်ဆောင်နေပါပြီ ။

မကြာခင် ကျုပ်တို့ဆီတောင်ရောက်လာနိုင်တယ် ကိုယ့်လူတို့ရေ :P

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, February 15, 2012

လူသေကောင်ကို ဖုတ်သွင်းလမ်းလျှောက်စေပြီးဂူသွင်းတဲ့ဓလေ့

လူသေကောင်ကို ဖုတ်သွင်းလမ်းလျှောက်စေပြီးဂူသွင်းတဲ့ဓလေ့



ရှားတော့ရှားသွားပြီဖြစ်ပေမယ့် အင်ဒိုနီးရှားနိုင်ငံမှာတော့ ယနေ့ထက်တောင်ရှိနေဆဲပါပဲ ။ အင်ဒိုနီးရှားနိုင်ငံ Toraja ဟာ လူသေကောင်ကို ဖုတ်သွင်းပြီး သူမြေမြုပ်ခံရမယ့် ဂူထဲကိုသွားစေပါတယ် ။ လူသေကောင်ဟာ ရုတ်တ ရက် လမ်းလျှောက်ပြီး ဂူထဲကို လမ်းလျှောက်လာပါတယ် ။ ရှားတော့ရှားပေမယ့် ကျွန်တော်တို့အနေနဲ့ သိပ္ပံပ ညာနဲ့ နေရာတကာမှာ ချိန်ထိုးပြီး မျက်စိစုံမှိတ်ငြင်းဆန်နေလို့မဖြစ်သေးပါဘူး ။



လူသေကောင်ကို ဖုတ်သွင်းတဲ့ ဓလေ့ကိုတော့ မှော်နက် ( Black magic ) အောက်လမ်းနည်း စသဖြင့် အမျိုး မျိုးခေါ်ဆိုကြပါတယ် ။



ဘာကြောင့် ဒီလိုလုပ်ရသလဲဆိုတော့ Toraja မှ ဂူတွေဟာ ထုံးကျောက်တွေနဲ့ တောင်နံရံတွေမှာ တည်ဆောက် ထားတာဖြစ်ပြီး သူတို့ကို သယ်ဆောင်ဖို့မလွယ်ကူပဲ သူတို့ဘာသာ လမ်းလျှောက်ဝင်မှသာ အဆင်ပြေနိုင်မှာပါ ။



လူသေကောင်ကို ဖုတ်သွင်းလမ်းလျှောက်စေပြီး သူ့အနောက်မှာတော့ ဖုတ်သွင်းသူ မှော်ဆရာက လမ်း ညွှန်ပေးရပါတယ် ။ ဒါပေမယ့်အဲဒီအချိန်မှာ ဘယ်သူမှ အသံမထွက်ပဲ တိတ်ဆိတ်နေရပါတယ် ။ အကယ်၍ လူသေကောင်က တခုခုကို သတိထားမိသွားမတယ်ဆိုရင် ဖုတ်က ပြန်ထွက်သွားပြီး လူသေကောင်ဟာ အဲဒီနေ ရာမှပဲ လဲကျသွားမှာဖြစ်ပါတယ် ။



ကမ္ဘာမြေကြီးမှာ ကျွန်တော်တို့ သိပ္ပံပညာနဲ့ အဖြေရှာမရတဲ့ ပုစ္ဆာပေါင်းများစွာ ဟာ ယနေ့ထက် တိုင်အောင် ရှိနေဆဲပါပဲ ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................