Thursday, November 18, 2010

အဆိပ်ပြင်းပင့်ကူပေါင်း၁၀၀၀ နဲ့နေမယ့် ပင့်ကူလူသား

အဆိပ်ပြင်းပင့်ကူပေါင်း၁၀၀၀ နဲ့နေမယ့် ပင့်ကူလူသား




တကယ့်ဘ၀မှာ တကယ့်ပင့်ကူလူသား Nick Le Souef ဟာ ဈေးဆိုင်တစ်ခုရဲ့ပြတင်းပေါက်ကနေပြီး ပင့်ကူ တစ်ကောင်ကိုကြည့်နေခြင်းဖြစ်ပါတယ် ။ သူဟာ လာမယ့် ၃ ပတ်လုံးလုံး သေစေနိုင်တဲ့အဆိပ်ပြင်းပင့်ကူပေါင်း ၁၀၀၀ နဲ့အတူနေထိုင်မှာဖြစ်ပါတယ် ။ ရည်ရွယ်ချက်ကတော့ မဲဘုန်းမှာရှိတဲ့ မရှိဆင်းရဲသား တွေကိုကူညီ ထောက်ပံ့ဖို့အတွက် ရန်ပုံငွေရှာဖွေခြင်းပဲဖြစ်ပါတယ် ။ သူဟာ လွန်ခဲ့တဲ့ အနှစ် ၃၀ ခန့်တုန်းက လည်းကမ္ဘာ့ စံချိန်တွေဖြစ်တဲ့ မြွေတွင်းထဲတွင်နေထိုင်ခြင်း ၊ ငါးမန်းကန်တွင်နေထိုင်ခြင်းနှင့် ပင်ကူဂူကြီး ထဲတွင်နေ ထိုင်ခြင်း စတာတွေကိုအံ့သြဖွယ်ရာလုပ်ပြခဲ့ပါသေးတယ် ။ Le Souef ဟာ တစ်နေ့ကို ၃ာရီဝက် ခြေလက် တွေ ဆန့်ခွင့် ရမှာဖြစ်ပြီး အဲဒီအချိန်မှာအစာစားခြင်းနဲ့ သူ့ရဲ့ ကိုယ်ရေးမှတ်တမ်း ကိုရေးသွား မှာဖြစ်တယ် လို့ဆိုပါတယ် ။







သက်တန့်ချို
18 Nov 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, November 13, 2010

ဖိနပ်များဖြင့်ပြုလုပ်ထားသော အရုပ်ကြီး

ဖိနပ်များဖြင့်ပြုလုပ်ထားသော အရုပ်ကြီး




ဝိုးးးးးးးးးးးး အံ့မခန်း ဖွယ်ရာပါပဲ ။ ဖိနပ်ပေါင်း သောင်းနဲ့ချီပြီးပြုလုပ်ထားတဲ့ အရုပ်ကြီးတစ်ရုပ်ကို ပုံပါအတိုင်း တွေ့မြင်ရမှာပါ ။ ဒီအရုပ်ကြီးကို ပြုလုပ်ခဲ့တဲ့ ရည်ရွယ်ချက်ကတော့ ပရဟိတ လုပ်ငန်းများအတွက် အလှူငွေများ ကောက်ခံဖို့ပဲဖြစ်ပါတယ် ။ အရုပ်ကြီးကို ခုံတန်းလျားတစ်ခုပေါ် ခြေထောက်တင်ပြီး ကောင်းကင်ကြီးကို ပက်လက် မော့ကြည့်နေဟန်ပြုလုပ်ထားပါတယ် ။ ဘယ်သူမှ မစဉ်းစားမိတဲ့ Idea မို့ ချီးကြူးစရာပါပဲ ။ အဲဒီအရုပ်ကြီးကို လည်း Money from the slippers လို့ နာမည်ပေးထားပြီး နေ့စဉ်းလာ ရောက်ကြည့်ရှူ သူတွေအများအပြားရှိတယ်လို့သိရပါတယ် ။

















သက်တန့်ချို
12 Nov 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ခေါင်း ၂လုံးပါတဲ့ ထူးဆန်းသောလိပ်

ခေါင်း ၂လုံးပါတဲ့ ထူးဆန်းသောလိပ်




၂၀၁၀ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့မှာ ရိုက်ကူးခဲ့တဲ့ Xiaoyaojin ပန်းခြံမှ ခေါင်း၂ လုံးရှိတဲ့ချစ်စရာ ထူးဆန်း တဲ့လိပ်ကလေးဖြစ်ပါတယ် ။ ဒီ Xiaoyaojin ပန်းခြံဟာ တရုတ်ပြည်အရှေ့ပိုင်း Anhui စီရင်စုမှ Hefei မှာတည်ရှိပါတယ် ။ ဒီခေါင်း၂ လုံးပါတဲ့ ချစ်စရာလိပ်ကလေးကို ပန်းခြံထဲမှာ လတ်တလော ဖမ်းဆီး ခဲ့မိ တယ်လို့ဆိုပါတယ် ။ ခေါင်း ၂ လုံးပါတဲ့သတ္တ၀ါတွေအများကြီးရှိပေမယ့် ဒီလိပ်ကလေးကတော့ ချစ်စရာ ထူးဆန်း နေတဲ့အတွက်ဖော်ပြပေးလိုက်ပါတယ် ။








သက်တန့်ချို
11 Nov 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, November 12, 2010

သူငယ်ချင်းပူးတေသို့ ကျေးဇူးတင်လွှာ

သူငယ်ချင်းပူးတေသို့ ကျေးဇူးတင်လွှာ





သူငယ်ချင်းပူးတေရေ

မြန်မာနိုင်ငံကနေ Credit card မရှိလို့ တို့တွေအားလုံး domain တွေ hosting တွေကို ဈေးကြီးပေး ပြီးဝယ်သုံး နေကြရတယ် ။ ပြီးတော့ ဒီနိုင်ငံက Credit card holder တွေ company တွေကလည်း ကဒ်သုံးပြီး ၀ယ်ပေးရ မယ်ဆိုရင် 20% ယူမယ်တဲ့ ။ ဒီတော့ ဈေးက အများကြီး တက်သွားတာပေါ့ ။ Grou.ps Hosting ၀ယ်တဲ့နေရာမှာ သူငယ်ချင်း ရဲ့ကူညီပေးမှုတွေကြောင့် အစစအရာရာ အဆင်ပြေချောမွေ့ခဲ့ရပါတယ် ။ အထူးပဲ လှိုက်လှိုက်လှိုက် လှဲလှဲ ကျေးဇူးတင်ပါတယ်သူငယ်ချင်း ။

တခါတခါတော့လည်း စဉ်းစားမိတယ် ပူးတေရ ။ တို့ ရွှေပြည်ကြီးမှာလည်း ဒီလို credit card တွေသုံးနိုင်ပြီး online ငွေချေမှု တွေ ပြုလုပ်နိုင်ရင် အတော်ကြီးကို ကောင်းမယ်လို့ ပေါ့ ။ အခုတော့ ဒီလိုပဲ နိုင်ငံခြားမှာ ရှိတဲ့သူငယ်ချင်း တွေကို အကူအညီတောင်းရင်တောင်း ဒါမှမဟုတ် ဒီက ကြားခံ company တွေမျာ ဈေးကြီးပေးပြီး ၀ယ်သုံး နေကြရဦးမှာပါပဲ ။ သူငယ်ချင်းရဲ့ အကူအညီရတာ အရမ်းပဲ ၀မ်းသာမိပါတယ် ။ သူငယ်ချင်းရဲ့ ရှေ့ဆက်ရမယ့် ဘ၀ခရီးလမ်းတလျှောက် စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ လိုရာပန်းတိုင် ကို အရောက်လှမ်းနိုင်ပါစေဗျား)

သူငယ်ချင်း

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, November 8, 2010

ဘလော့ဂ်လင့်အားပြန်ပြောင်းချိတ်ပေးကြပါသူငယ်ချင်းများခင်ဗျာ

ဘလော့ဂ်လင့်အားပြန်ပြောင်းချိတ်ပေးကြပါသူငယ်ချင်းများခင်ဗျာ

အခုလက်ရှိသုံးနေတဲ့ www.thettantcho.com ကတော့ Grou.ps Hosting ကိုသုံးပြီးလုပ်ထားတာဖြစ်ပါတယ် ။ အခုကတော့ ထူးမခြားနား Grou.ps ကလည်း Ning လိုမျိုးပဲ ပိုက်ဆံတောင်းနေပြီဆိုတော့ ယှဉ်ကြည့်လိုက် တဲ့အခါ Ning ကပိုပြီး Feature စုံလင်ပြီး ပိုကောင်းတဲ့အတွက် Ning ကိုပဲဝယ်ဖို့ ကြိုးစားနေပါတယ် ။ Credit ကဒ်အဆင်မပြေသေးတဲ့အတွက် မအောင်မြင်သေးပါဘူး ။ ဘယ်ကနေ၀ယ်ဝယ် % ပေးရမှာဖြစ်တဲ့အပြင် ကဒ်က တစ်နှစ်စာဖြတ်ပြီး ပြန်နှုတ်မရဘူးပြောတဲ့အတွက်လောလောဆယ်တော့ ကြိုးစားနေပါတယ် ။

အဲဒီတော့ အခု လက်ရှိသက်တန့်ချို ဒေါ့ကွန်းကတော့ ကိုယ်ပိုင်နာမည်ကြီးဖြစ်နေတဲ့အတွက် အခုလက်ရှိဘ လော့ http://www.thettantcho.blogspot.com ကို www.thettantcho.com နဲ့ချိတ်သွားမှာဖြစ်ပါတယ် ။

Ning မှာ ၀ယ်မဲ့ Social Network အသစ်ကိုတော့ www.thettantvillage.com အဖြစ်ချိတ်ဆက် အသုံးပြုသွား မှာဖြစ်ကြောင်း အသိပေးအပ်ပါတယ်ခင်ဗျာ ။ ဒါကြောင့် အကယ်၍များ ဒေါ့ကွန်းကို ဒီဘလော့မှာ ပြောင်းချိတ် လိုက်လို့ Feed က အော်တို မတက်လာခဲ့ရင် www.thettantcho.com အဖြစ် Blog List မှာပြန်ပြောင်း ချိတ်ပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ ။ အကယ်၍ Feed က အသစ်တင်လိုက်တိုင်း Auto Update ဖြစ်ခဲ့ရင် တော့ ပြန်ပြောင်းချိတ်စရာမလိုပါဘူးခင်ဗျာ ။

ခင်မင်လေးစားစွာဖြင့်

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................