Friday, August 26, 2011

အေးစက်ခြင်းကို မခံစားရသည့်လူသား

အေးစက်ခြင်းကို မခံစားရသည့်လူသား



သူ့ကို တချို့ ရေခဲ လူသားလို့လည်းခေါ်ကြတယ် ။ သူက အေးစက်တဲ့ ရာသီဥတုမှာတောင် အေးစက်ခြင်းကို မခံစား ရပဲ ရေခဲတွေပေါ် ရပ်တည်နေနိုင်တဲ့ သူဖြစ်တယ် ။ နာမည်က Qim Hof aka ဖြစ်ပြီး ဒတ့်ခ်ျ လူမျိုး တစ်ယောက် ဖြစ်တယ် ။ သူဟာ ရေခဲပြင်တွေအောက်မှာ ရေကူးနိုင်တယ် ဘာအ၀တ် မှမ၀တ် ပဲ ရေ ခဲတောင်တွေပေါ်မှာ တက်နိုင်ပြီး အခုထိလည်း စံချိန်တင်ထားဆဲဖြစ်တယ် ။ သူ့ရဲ့အခြေအနေကိုဖြေရှင်းဖို့ တိကျ တဲ့ explanation မရှိခဲ့ပါဘူး ။ ဒါပေမယ့် အံ့သြစရာကောင်းလွန်းလှပါတယ် ။ သင်ရော ဒီလို ကိုယ်လုံး တီးနဲ့ဆောင်း ရာသီမှာ သွားလာနိုင်ရဲ့လား ။



သက်တန့်ချို
26 August 2011

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

သားပိုက်ကောင်ကိုမြိုတဲ့မြွေ

သားပိုက်ကောင်ကိုမြိုတဲ့မြွေ



အံ့သြစရာကောင်းလောက်အောင်ပါပဲ ။ အလွန်ကြီးမားတဲ့မြွေကြီးဟာ သူ့ရဲ့ ပါးစပ်ကို ဟလို သားကောင် ကိုမြိုဖို့ ကြံ စည်နေပါပြီ ။ သင် သားပိုက်ကောင်လိုအကောင်မျိုးကို ဒီလိုကြီးမားတဲ့မြွေကြီးက မျိုတာကိုမြင် ဖူးပါသ လား ။ ရှားရှားပါးပါးတွေ့ရခဲတာမို့ တင်ဆက်လိုက်ပါတယ် ။ အသည်းငယ်တတ်ရင်တော့မကြည့်ကြပါနဲ့ အခုတလော အင်တာနက် မှာ ရှာတာ ဒီလို ထိတ်လန့်စရာတွေပဲတွေ့နေရတယ် ကိုယ်ကလည်းမတင်ရင်မနေနိုင်ဘူးကိုး ။ ပုံတွေ ကိုကြည့်ရင်းနဲ့ သူ့အစာ ကိုယ့်အစာ ကိုယ့်စားကျက် သူ့စားကျက် သဘောတရားနောက်ပြီး သား ပိုက်ကောင် ကို နောက်ဆုံး တစ်ကောင်လုံး ၀ါးမြိုလိုက်ပုံတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ် ။























သက်တန့်ချို
26 August 2011

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, August 25, 2011

ပုလဲနှင့်ကျန်းမာရေး

ပုလဲနှင့်ကျန်းမာရေး



ပုလဲဟာ အသက်ရှင်နေတဲ့ အခွံပါတဲ့ ကမာကောင်လေးတွေရဲ့ တစ်ရှူးအနုသားလေးတွေမှာ ဖြစ်ပေါ်တဲ့ အမာ ပစ္စည်းတစ်ခုဖြစ်ပါတယ် ။ ကမာကောင်လေးတွေရဲ့ အခွံမာကဲ့သို့ပဲ အလွန်သေးငယ်တဲ့ crystalline ပုံစံလေးတွေ နဲ့ calcium carbonate နဲ့ ပြုလုပ်ထားခြင်းဖြစ်ပါတယ် ။ အရစ်အခွေ အလွှာလေးတွေ နဲ့စုပေါင်း ထားခြင်းဖြစ်ပြီး တကယ့်ပုလဲဟာ နူးညံ့ချောမွတ်ပြီး လုံးဝန်းပါတယ် ။ ဒါပေမယ့်လည်း တခြားပုံစံ ပုလဲတွေ လည်းရှိပါတယ် ။ တကယ့်အဖိုးတန်တဲ့သဘာဝ ပုလဲတွေ ဟာ ကျောက်သံပတ္တမြားတွေ ထက်ပိုပြီးအဖိုး တန်ပါ တယ် ။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အလှအပရေးရာအတွက် ဆင်မြန်းခဲ့ကြပြီး ပုလဲတွေရဲ့ တန်ဖိုး ဟာလည်းအချိန်တွေကြာလာတာနဲ့အမျှ မြင့်သထက် မြင့်တက်လာခဲ့ပါတယ် ။

ပုလဲရိုင်းတွေဟာ တန်ဖိုးရှိသလောက် ရှားလည်းရှားပါးပါတယ် ။ သူတို့ကို သဘာဝပုလဲလို့လည်းခေါ်ကြပါတယ် ။ ကမာကောင်တွေ ကနေ ပုလဲကို ထုတ်လုပ်ယုံသာမကပဲ သူတို့ရဲ့အခွံကိုအသုံးပြုပြီးလဲ ကနုမာ နဲပ တခြား ယောက် သွားကဲ့သို့ လူ့အသုံးအဆောင်ပစ္စည်းတွေကိုလည်း ထုတ်လုပ်သုံးစွဲလာခဲ့ကြပါတယ် ။ တန်ဖိုး နည်း ပုလဲတုတွေကိုလည်း လက်ဝတ်ရတနာ အဖြစ်ဆင်မြန်းဖို့ထုတ်လုပ်လာကြပါတယ် ဒါပေမယ့် အရည် အသွေး ကတော့ ပုလဲအစစ်တွေနဲ့ မယှဉ်နိုင်လောက်အောင်ကွာခြားလွန်းလှပါတယ် ။ ပုလဲကို ကမာကောင်မွေး မြူ ခြင်းအားဖြင့်ထုတ်လုပ်လာကြသလို အလှအပရေးရာအတွက်သာမကပဲ ကျန်း မာရေး ရှူထောင့် အနေနဲ့ပါ အမျိုးမျိုးအသုံးပြုလာကြတာကိုတွေ့ရပါတယ် ။ Gracian gemologist တစ်ဦးဖြစ်တဲ့ Pliny က သူ့ရဲ့ ထင်ပေါ်ကျော်ကြား တဲ့စာအုပ်ဖြစ်တဲ့ Natural History that those two pearl were worth an estimated 60 million sesterces ဆို့စာအုပ်ထဲက ပုလဲနှစ်လုံးဟာဆိုရင် ယနေ့ပေါက်ဈေးနဲ့ဆိုရင် 28 million dollars တောင်တန်ပါသတဲ့ ။ ကဲ ဒါဆိုရင် ပုလဲရဲ့ ကျန်းမာရေးအပေါ် အကျိုးပြုတဲ့အချက်တွေကို ဆက် လက်လေ့ လာကြည့်ရအောင် ။



လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက တရုတ်ပြည်က မိသားစုတွေဟဟာ ပုလဲကို ကျန်းမာရေး အလှအ ပရေးရာ အသက်ရှည်စေဖို့နဲ့ ငြိမ်းချမ်းရေးအတွက် အသုံးပြုခဲ့ကြပါတယ် ။ အေဒီ ၆၂၅ မှ ၇၀၅ အတွင်း တရုတ် အင်ပါယာ ကို ဦးဆောင်ခဲ့တဲ့ (တစ်ဦးတည်းသော အမျိုးသမီး ) Wu Ze Tian ဟာ ပုလဲ အမှုန့်ကို ပုံမှန်သုံးခဲ့ ပါတယ် ဒါ့အပြင်ပုလဲပါဝင်တဲ့ ခရင်မ်တွေကိုလည်း အရေပြားမှာ အမြဲလိမ်းချယ်ခဲ့ပါတယ် ။ သူမအသက် ၆၅ နှစ် အရွယ်ရောက်တဲ့အခါ သူမရဲ့ အရေပြားဟဟာ ငယ်ရွယ်စဉ်ကကဲ့သို့ တောက်ပြောင်ဝင်းလက်နေတုန်းပါပဲ ။ သူမရဲ့ အလှဟာလည်း တရုတ်ရိုးရာ ဒဏ္ဍာရီတွေမှာ ပြောစမှတ်တွင်ခဲ့ရပါတယ် ။ အန္ဒိယမှ ရှေးဟောင်းပညာရှင် Ayurvedic ဟာလည်း ပုလဲမှုန့်ရဲ့ ကျန်းမာရေးအပေါ်အကျိုးရှိမှုတွေကို အကျယ်တ ၀င့်စာရေး သားဖော်ပြဖူး ပါတယ် ။ Archaeologists တွေဟာ လူ့ရဲ့သွားကို ပုလဲ ဖြည့်သွင်းခြင်းအားဖြင့် သာမန် သွားအစစ် နဲ့ ယှဉ်လို့ရအောင်တူညီတယ်ဆိုတာကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ် ။

ပုလဲမှုန့် ( Pearl Powder ) ၏ အကျိုးများ



ခေတ်ပေါ် သိပ္ပံပညာရှင်တွေက သဘာဝ ဖြည့်စွက် အရာတွေဟာ သင့်ရဲ့ သက်တမ်းကို သင်ထင် ထားတာ ထက်ပိုပြီး နုပျိုစေတယ်ဆိုတာကို အတည်ပြုခဲ့ကြပါတယ် ။ လေ့လာစမ်းသပ်မှုတွေအရ ပုလဲအမှုန့်ဟာ လူ့ရဲ့ ကိုယ်ခံစွမ်းအား Immune ကို တက်စေပါတယ် ။ ဒါ့အပြင် ပုလဲအမှုန့်ဟာ

- အသက်ရှည်စေပြီး ကျန်းမာတဲ့ဘ၀ကိုရစေပါတယ်

- အရေအကြောင်းတွေတွန့်ခြင်းနဲ့ အိုမင်းရင့်ရော်လာမှု နဲ့နေလောင်ကွက်တွေကို လျော့နည်းစေပြီး အရေး အကြောင်းထင်စေမှုမှ ကင်းဝေးစေပါတယ် ။ ငယ်ရွယ်နုပျိုတဲ့ပုံစံကို ရရှိစေမှာဖြစ်ပြီး အရေပြားဆဲလ်အသစ်တွေ ရရှိအောင် ကြီးထွာ်းအောင်လှုံ့ဆော်ပေးနိုင်ပါတယ် ။ ကိုလာဂျင်တွေကိုလည်း အသစ်ပြန်လည်ဖြစ်ပွားစေပြီး အရေပြား ကိုထိခိုက်စေတဲ့ skin-damaging free radicals တွေကိုလျော့နည်းစေပါတယ် ။

- အရိုးတွေကို ပိုမိုသန်မာလာစေပြီးတော့ အရိုးအသစ်တွေကြီးထွားအောင် လှုံဆော်ပေးပြီး အရိုးရဲ့ သိပ်သည်း ဆကိုများစေပါတယ် ။

- နှလုံးကို သန်မာစေပြီး နှလုံးခုန်နှုန်းကို ပုံမှန်ဖြစ်စေပါတယ် ။ နှလုံးရာဂါတွေကနေ ပြန်လည်ကောင်း မွန်လာစေ ပါတယ် ။

- သွေးပေါင်ချိန် Blood pressure ကိုပုံမှန်ဖြစ်စေပါတယ် ။

- မှတ်ဥာဏ်ကိုပိုပြီးကောင်းလာစေပါတယ် ။

- ကိုယ်ခံစွမ်းအားကိုမြင့်တက်စေပါတယ် ။

- ဦးနှောက်နဲ့အာရုံကြောစနစ်မှာ စိတ်ဖိစီးမှုတွေကိုလျော့ချပေးပြီး နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ် ။

- ကလေးတွေရဲ့ ဥာဏ်စွမ်းရည် IQ ကို တိုးတက်စေပြီး ကျောင်းစာနဲ့ တခြားကျန်း မာရေးတွေ မှာ ကောင်း မွန်စေပါတယ် ။

- အသက်အရွယ်အိုမင်းခြင်းဖြစ်စဉ်ကို တိုက်ထုတ်ပေးတဲ့ SOD လို့ခေါ်တဲ့ Superoxide Dismutase ကိုများစေ ပါတယ် ။ SOD ဟာ ကောင်းမွန်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုဖြစ်ပါတယ် ။

- အများစွာသော ပရိုတိန်းတွေ အမိုင်နိုအက်ဆစ်တွေနဲ့ မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓါတ်တွေနဲ့ polysaccharides တွေ ကို ကျန်းမာရေးအထောက်အကူပြုစေဖို့ maintanance

အရေပြားကျန်းမာရေးအပေါ်အကျိုးသက်ရောက်မှု

ပုလဲဟာ အရေပြားပေါ်မှာ အံ့သြဖွယ်ကောင်းလောက်အောင် အကျိုးသက်ရောက်မှုကိုပေးစေပါတယ် ။ အမျိုးသ မီးတွေရဲ့ ကျန်းမာရေးနဲ့အလှအပနဲ့ပတ်သတ်ပြီးတော့ တရုတ်ပညာရှင်တွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀၀ ခန့်က တည်းက မျက်နှာမှာ ပုလဲ မှုန့်ရဲ့ စွမ်းဆောင်ရည်ကိုဖော်ထုတ်ခဲ့ကြပါတယ် ။ ပုလဲမှုန့်ရဲ့ ဖော်မြူလာ ကတော့ မျိုးဆက်တစ်ခုပြီးတစ်ခု ဆရာဝန်တွေမှ တဆင့်ပျံ့နှံ့လာခဲ့ပါတယ် ။ ပုလဲ တစ်ခုတည်းမှာသာလျှင် သဘာဝ ပစ္စည်းတွေ နဲ့ သတ္တုဓါတ်တွေ ညီမျှစွာ ပေါင်းစပ်ထားပြီး အရေပြားပေါ် လိမ်းတဲ့အ ခါ ချောမွေ့စေ ခြင်း ပျော့ပြောင်းစေခြင်းနဲ့ ၀င်းစိုစေခြင်းကိုဖြစ်စေပါတယ် ။ Melanin ရောင်ခြယ်တွေ ပွားများလာစေ ခြင်း ကို လျော့နည်းစေခြင်းအားဖြင့် ပုလဲ ပေါင်ဒါဟာ အရေပြားအရောင်ကိုထိမ်းညှိပေးပါတယ် ။ ပုလဲ အမှုန့်ဟာ အရေပြား ကိုသန့်စင်ချောမွတ်စေယုံသာမက တောက်ပ ၀င်းလက်စေပါတယ် ။ နေရောင်ခြည်ဒါဏ်ကို ကာ ကွယ်ပေးပြီး တရုတ် ကျွမ်းကျင်ပညာရှင်တွေရဲ့အဆိုအရ နေပူလောင်ခြင်းကြောင့်ဖြစ်တဲ့ ပျက်ဆီးခြင်းတွေကို ပြန်လည်ကောင်းမွန်စေပါတယ် ။ ပုလဲ ပေါင်ဒါအမှုန့်မှာအမိုင်နိုအက်ဆစ် ၂၀ မှ ၂၂ မျိုးထိပါဝင်ပါတယ် ။ သဘာဝ Moisturizer ပါဝင်ပြီး ပရိုတိန်းတွေက အရေပြားဆဲလ်အသစ်တွေကိုဖြစ်ပေါ်စေပါတယ် ။ ဗီတာမင်ဘီ အုပ်စုဝင်တွေနဲ့ poly[saccharides တွေက ကြွက်သားတွေကို သန်မာစေပါတယ် ။ ဒါ့အပြင် ပုလဲအမှုန့်ဟာ ကယ်လ်စီယမ်တွေရဲ့ ဇစ်မြစ်တစ်ခုလည်းဖြစ်ပါတယ် ။

Reference Links

http://en.wikipedia.org/wiki/Pearl
http://www.pearlciumbuzz.com/pearlcium/pearlcium_history.html
http://www.womens-health-symmetry.com/pearl-powder.html

သက်တန့်ချို
25 August 2011

(Living Life Journal Cover Story - Special Issue)

သက်တန့်ချို (ဆေး ၂ ) ရေးသားသော ကျန်းမာရေးဆိုင်ရာ ဆောင်းပါးများကို

လစဉ်ထုတ် Health For All Magazine ၊ အပတ်စဉ်ထုတ် Living Life Journal နှင့် Health Care Journal တို့တွင် ဖတ်ရှုနိုင်ပါသည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................


အံ့သြဖွယ်ရာ တိရစ္ဆာန် သန္ဓေသားလောင်းများ

အံ့သြဖွယ်ရာ တိရစ္ဆာန် သန္ဓေသားလောင်းများ



ဒီတစ်ခါတော့ အံသြဖွယ်ရာ သန္ဓေသားလောင်း တိရိစ္ဆာန်လေးများကို ဆင်ဟွာသတင်းဌာနက စုစည်းပေး လိုက်ပြန် ပါပြီ။ ဒီသန္ဓေသားလောင်းတွေကို ကြည့်ပြီးတော့ ကြီးလာရင် ဘယ်လို သတ္တ၀ါမျိုးဖြစ်မယ်ဆိုတာ ခန့်မှန်းကြည့်ကြပါစို့လား ။




















သက်တန့်ချို
25 August 2011

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ကမ္ဘာတစ်ဝှမ်းမှ ပုံမှန်မဟုတ်သော မံမီ ရုပ်အလောင်းများ

ကမ္ဘာတစ်ဝှမ်းမှ ပုံမှန်မဟုတ်သော မံမီ ရုပ်အလောင်းများ




Paru မှာ ရှာဖွေတွေ့ရှိသော မိန်းကလေး မံမီရုပ်အလောင်း

ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ပုံသဏ္ဍာန်မမှန်တော့တဲ့ မံမီ ရုပ်အလောင်းတွေကို ဆင်ဟွာ သတင်းဌာနက ယခုလို စု စည်းဖော် ပြပေးခဲ့ပါတယ် ။ ကြောက်တတ်သူများမကြည့်ရ ။



Llullaillaco Volcano မှ ကလေးမံမီရုပ်အလောင်း



အမေဇုံ မိုးသစ်တောထဲမှ ရှာဖွေတွေ့ရှိသော မံမီရုပ်အလောင်း





ဘုရင် Ramesses ၏ ရုပ်အလောင်း




Bride mummy





လွန်ခဲ့သော နှစ်ပေါင်း ၅၃၀၀ ခန့်က အသတ်ခံရပြီး မြှုပ်နှံခံရသော ယောင်္ကျား မံမီရုပ်အလောင်း



အီဂျစ်နိုင်ငံသားမံမီရုပ်အလောင်း






နီညိုရောင်ဆံပင်နှင့် ဥရောပ မြောက်ပိုင်းမှ မံမီရုပ်အလောင်း

သက်တန့်ချို
25 August 2011

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................