Tuesday, October 18, 2011

ရေအောက်ထဲမှ အံ့သြဖွယ်ရာကမ္ဘာ

ရေအောက်ထဲမှ အံ့သြဖွယ်ရာကမ္ဘာ




ဗြိတိန်နိုင်ငံမှ အနုပညာရှင် Jason de Caires Taylor ရဲ့ဖ န်တီးမှုဖြစ်တဲ့ The Man on Fire ကို Cancun မှ မက်ဆီ ကန် အပန်းဖြေစခန်းမှာ တည်ဆောက်ထားခဲ့ပါတယ် ။ ရေအောက်မြင်ကွင်းမှာ အံ့အဖွယ်ရာ ဖန်တီး မှုတွေ နဲ့ အနုပညာတွေ စီးဝင် ကိန်းအောင်းလျှက်ရှိတယ် ။ ပင်လယ်ပြင်ပေါ်မှ နေရောင်ခြည်ကနေ တဆင့် အလင်းပြန်ခြင်းတွေကြားမှာ ရင်သပ်ရှုမောဖွယ်ရာ အခုလို ပုံသဏ္ဍာန်တွေကို သင်တို့ခံစားရမှာပါ ။ Mexican resort of Cancun ဟာ ရေအောက် ပြတိုက်တွေထဲမှာ အလွန်ကြီးမားပြီး သဘာဝ ရေမှော်တွေနဲ့ ပင်လယ် ကြမ်းပြင်အလှအပတွေကြောင့် ထင်ရှားကျော်ကြားလျှက်ရှိပါတယ် ။





သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, October 17, 2011

ဆိတ်သွေးစုပ်ကောင်

ဆိတ်သွေးစုပ်ကောင်



ဒီထူးဆန်းတဲ့ သတ္တ၀ါကောင်ကို Chupacabras လို့ခေါ်ပြီး Chupar ရဲ့ အဓိပ္ပါယ်ကတော့ စုပ်ယူခြင်းဖြစ်ပြီး Cabra ကတော့ ဆိတ်ကို ခေါ်ပါတယ် ။ ဒီတော့ ဆိတ်သွေးစုပ်ကောင်လို့ ဘာသာပြန်ရမှာဖြစ်ပါတယ် ။ အမေရိ ကားမှာ နေထိုင်ကျက်စားကြပြီး ထူးဆန်းတဲ့ ဒဏ္ဍာရီဆန်ဆန် အကောင်မျိုးဖြစ်ပါတယ် ။ မက်ဆီကိုနဲ့ ယူနိုတ် တက်စ တိတ်မှာ ဒီလို ထူးဆန်းသတ္တ၀ါကောင်ကို မြင်တွေ့ရတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ် ။ ဆိတ်သွေး စုပ်ကောင်ဆိုတဲ့နာမည်ကလည်း ဆိတ်ရဲ့သွေးကို စုပ်ယူပြီးမှ အသက်ရှင်နေထိုင်ရတဲ့အတွက် ဒီလိုကြောက် မက်ဖွယ်နာမည်ပေးထားရခြင်းဖြစ်ပါတယ် ။

သူ့ရဲ့ ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန်ကို တိတိကျကျ ဖော်ပြဖို့တော့ခက်လှပါတယ် ။ Puerto Rico မှာ ၁၉၉၅ ခုနှစ် မှာတော့ မျက်မြင်သက်သေတွေက ဝေးကွာလွန်းသော မြောက်ဖျားမှ Maine ၊ တောင်ဖက်မှာ Chile နဲ့ အမေရိ ကား အပြင်ဖက်နယ်ပယ်တွေဖြစ်တဲ့ ရုရှားနဲ့ ဖိလစ်ပိုင်ဒေသတွေမှာတောင် မြင်တွေ့ခဲ့ကြ တယ် လို့ဆိုပါတယ် ။ ၂၀၁၀ ခုနှစ် ဇူလိုင်လမှာတော့ Chupacabra အဖြစ် အကောင်တစ်ကောင်ကို သတ်ပြီးဖမ်းဆီးနိုင်ခဲံပါတယ် ။ ဒါပေမယ့်လည်း အဲဒီအကောင်ဟာမြောက်အမေရိက မြောက်ပိုင်းလွင်ပြင်ကျယ်တွေမှာ နေထိုင်ကျက်စားတဲ့ coyote နဲ့ဆင်တူပြီး များစွာသော parasite infection တွေကူးစက်ခံရလို့နေပါတယ် ။ အဲဒီ၂၀၁၀ ခုနှစ်ရဲ့အောက် တိုဘာလမှာတော့ University of Michigan မှ သိပ္ပံပညာရှင်တွေက ဒီလို ပါရာဆိုက်တွေ ကူးစက် ခံနေရတဲ့အကော်ဟာ အထူးသဖြင့် Scabies နဲ့ mange အကောင်တွေ ကူးစက်ခံရတာဖြစ်နိုင်ပြီး အဲဒါ ဟာ ဆိတ်သွေးကို စုပ်ယူစားသောက်တယ်ဆိုတဲ့ ဒဏ္ဍာရီရဲ့ အစဖြစ်စေခဲ့တယ်လို့ ဆိုပါတယ် ။

ဒီနေရာမှာ သတင်းလေးတစ်ပုဒ်ကို တင်ပြချင်ပါတယ် ။ Chupacabras ကို လက်ရ ပစ်ခတ်ဖမ်း ဆီးနိုင်ခဲ့တဲ့ သတင်းလေးပါ ။



သူ့ရဲ့သားမွှေးဟာ အပြာရောင်ဖုံးလွှမ်းထားတယ် ။ နားတွေက ၀ိုင်းက်ပြီး ချွန်မြတဲ့သွားချွန်တွေရှိနေတယ် ။ Mississippi မှ အိမ်ပိုင်ရှင်တစ်ဦးက ပစ်ခတ်ပြီးအသေဖမ်းဆီးရနိုင်ခဲ့တာပါ ။



ဒါဟာ ကာလအတော်ကြာပျောက်ဆုံးနေတဲ့ ဆိတ်သွေးစုပ်ကောင်ရဲ့ ဇတ်လမ်းကို ပြန်လည်အ စဖော်ပေး လိုက်သ လိုပါပဲ ။ Truitt Barnard ဆိုတဲ့သူဟာ သူ့ရဲ့ Simpson Country Garden ကနေပြီး ကိုက် ၁၃၀ အကွာ အဝေးမှနေ၍ ဒီသတ္တ၀ါကို လဲကျအောင်ပစ်ခတ်ခဲ့တာဖြစ်ပါတယ် ။ နှစ်ငါးဆယ်အတွင်း အမိုက် လိုက်ခဲ့သ မျှ ကျွန်တော်မြင်ဖူးသမျှ ထဲမှာ အထူးဆန်းဆုံးပါပဲလို့ သူကပြောဆိုသွားခဲ့ပါတယ် ။



“ သူ့မှာ ရှည်လျားတဲ့ မျက်နှာရှိတယ် ဒါပေမယ့် ဆံပင်မရှိဘူး အနီရောင်ကြမ်းတမ်းတဲ့ သူ့နားတွေဟာ လုံးဝန်းနေ ပြီး ချွန်မြ ရှည်လျားတဲ့သွားတွေဟာ ၃ လက်မ ၄လက်မလောက်ရှိတယ် ” လို့ သူကဆိုပါတယ် ။ “ ဒီလိုအကောင် မျိုးကို Texas မှာတုန်းက တစ်ခါမြင်ဖူးပါတယ် အခုလည်းပုံစံအတူတူပါပဲ ကဲခင်ဗျားတို့ကြည့်ကြစမ်းပါဦး ” လို့ သူက ထိတ်လန့်အံ့သြနေတဲ့ အသွင်နဲ့ဆိုပါတယ် ။



၁၉၉၅ ခုနှစ်မှာ Puerto Rico မှ ဆိတ်ရှစ်ကောင်ဟာ ရင်ဘတ်မှာ ထိုးသွင်းဒါဏ်ရာတွေရရှိပြီး တူညီစွာ သေ ဆုံးနေခဲ့ ခဲ့တာကိုတွေ့ခဲ့ရပါတယ် ။ Chupacabra ကနေ စုပ်ယူထားတဲ့သွေးတွေဟာလည်း ဒီဆိတ်တွေ ရဲ့ဒါဏ် ရာတွေ ကနေ ယိုစီးနေတာကိုတွေ့မြင်ခဲ့ရပါတယ် ။ လ အနည်းငယ်ကြာပြီးတဲ့အခါမှာတော့ Canovanas မှာ တိရိစ္ဆာန်ပေါင်း ၁၅၀ ကျော်ဟာ ၄င်းဒါဏ်ရာများနဲ့ ထူးဆန်းစွာ သေသုံးနေတာကို တွေ့ခဲ့ကြရပါတယ် ။ မက်ဆီကို အမေရိ က နဲ့ Texas တို့မှာ အလားတူတိုက်ခိုက်မှုပေါင်းများစွာ ကြုံတွေ့ခဲ့ရတာကြောင့် ဒီသတ္တ၀ါဟာ ထိတ် လန့် ကြောက်ရွံ့မှုတွေကို ပေးနေခဲ့တာကတော့ မငြင်းဆန်နိုင်ပါဘူး ။အကယ်၍ သာ နောင်တစ်ချိန်မှာ လူ သားတွေ သွေး ကို စုပ်ယူစားသောက်ခဲ့မယ်ဆိုရင်တော့ ..

Reference Links

http://www.dailymail.co.uk/news/article-2046464/Homeowner-shoots-dead-strange-creature-thinks-chupacabra.html
http://en.wikipedia.org/wiki/Chupacabra

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, October 13, 2011

တာရာမင်းဝေ (သို့မဟုတ်) ခေတ်တစ်ခေတ်၏အလင်းပွင့်ရင်ခုန်သံများ

တာရာမင်းဝေ (သို့မဟုတ်) ခေတ်တစ်ခေတ်၏အလင်းပွင့်ရင်ခုန်သံများ


ဟိုး...အဝေးကောင်းကင်ဆီမှာ

တိမ်ရုပ်တွေက...မုဆိုးဖြစ်လိုက်..သားကောင်ဖြစ်လိုက်

အဲဒီတစ်ခေတ်တုန်းကလည်း

ရင်ခုန်သံတွေကို စီးချင်းထိုးလို့

မီးမလင်းသော ညဉ့်နက်တွေတိုင်း

ကျွန်တော်တို့ ... ခင်ဗျားရဲ့ ကဗျာတွေထဲ စီးဝင်ဖူးတယ်


`သေသောသူကြာရင်မေ့ ´ လို့

ဘယ်လိုမသမာသူတွေကများ ဟောကြားခဲ့လဲ

ခင်ဗျားရဲ့စကားလုံးတွေယူသုံး

လူတစ်ချို့ကတော့ပြုံးပျော်နေကြ

ခွင့်လွှတ်ခြင်းတရားတွေနဲ့

ကောင်းကင်ဘုံရဲ့တစ်နေရာမှာ

ခင်ဗျားကတော့..ခေတ်တစ်ခေတ်ရဲ့ မီးရှူးတိုင်ကို

ဆက်လက်ထွန်းညှိနေဦးမှာပေါ့


`လွမ်းလိုက်တာ သူငယ်ချင်း ´ လို့

ဘယ်လိုနတ်ဆိုးတွေကများ

ဘယ်လိုအတုအယောင်မျိုးတွေသယ်ပိုးလို့

လွမ်းခြင်းတရားတွေဟောနေဦးမလဲ

မိုးလှိုင်ညပြောသလိုပေါ့

(ခင်ဗျားဟာ)

မာန်နတ်ရဲ့အတွင်းသားကိုမှ

လှိုက်လှိုက်လှဲလှဲ တောင့်တတဲ့

မှော်သားမီးလျှံပါ


ဆန်းသစ်တဲ့စကားလုံးဖွဲ့စည်းမှုတွေနဲ့

ယဉ်ကျေးမှုတစ်ခေတ်ကိုဖန်ဆင်း

ခင်ဗျား..အသက်သွင်းခဲ့တယ်

ပန်းခေတ်က လမင်း

ချစ်သောနှင်းဆီဖြူ..သီဟသစ်

မီးတောက်ရစ်သမ်

အို...ကျောင်းဖွင့်ချိန်

အာဏာရှင်ကိုဖီဆန်ဖို့

ခင်ဗျားရဲ့သွေးတွေဟာလည်း ရဲရဲနီလို့

ကလောင်ဟာ ဓါးသွားတမျှ ထက်ရှနေခဲ့


ကျွန်တော်တို့ ရူးရူးမူးမူး

ခံစားချက်တွေအလူးလူး

ခင်ဗျားကလည်း ထူးတယ်လေ

အမှန်တရားကို ဖက်တွယ်လို့

ခပ်ရဲရဲတွက်ပြသွားတဲ့ပုစ္ဆာတွေမှာ

အရာအားလုံးဟာ ငြိမ်သက်ဆွံ့အလို့...


ရင်ခွင်ဟာ ဒိုးယိုပေါက်မြင်ရလောက်အောင်

လင်းရှင်းလွန်းတယ်

ဗုံတီးသံတွေ ဆူညံပေမယ့်

မိုးကတော့မရွာသေးဘူးကွယ်

တရားသူကြီးတွေလည်း စီရင်ချက်ချနေဆဲ

အဘိဓမ္မာဆရာကလည်း တရားဟောနေဆဲ

ဘုရားကျောင်းက ခေါင်းလောင်းသံလည်း

လွင့်ပြာဝေနေဆဲ....

လူငယ်တွေလည်း...ကဗျာတွေ ရွတ်ဆိုနေဆဲ....


တချိန်ချိန်တော့ပြန်တွေ့နိုင်ကောင်းပါရဲ့

နံရံတစ်ဖက်ခြားတဲ့ မရဏတောင်ကြားမှာ

အထီးကျန်ဂါထာတွေ ရွတ်ဆိုလို့

ကျွန်တော်တို့ ပြန်ဆုံတွေ့ကြဦးမယ်

အဲဒီအခါမှာ..

ရောင်နီတွေလည်း လင်းဝေဖြာလို့

ခင်ဗျားချစ်သောကဗျာများလည်း

စိမ့်သက်ကြည်သာ ချမ်းမြေ့လို့

စိ မ့် သ က် ကြ ည် သာ ချ မ်းေ မြ့  လို့  . . . .

သက်တန့်ချို

အောက်တိုဘာ အလွမ်းများဖြင့်

မှတ်ချက် ။ ။ ဓါတ်ပုံအား google image search မှယူကာ photoshop ဖြင့်ဖန်တီးပါ၏ ။ ( Credit to owner )



စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, October 11, 2011

စေစားရာ...

စေစားရာ...


သူပြောခဲ့တဲ့အတိုင်းပါပဲ

ပင်လယ်ပြင်ကိုလည်းဖြတ်ကူးခဲ့

မီးတောင်ကိုလည်းကျော်ဖြတ်ခဲ့

ဓါးသွား ချွန်မြမြတွေအပေါ်..ဖြတ်နင်းခဲ့

ဒီလိုနဲ့ ၂၈ ဆိုတဲ့ လွယ်အိတ်တစ်လုံး ပိုင်ဆိုင်ခွင့်ရခဲ့တယ်


တချို့သောလမ်းတွေကတော့ ကွေ့ကောက်

တချို့သောလမ်းတွေကတော့ မတ်စောက်လို့

အရှိတရားအချို့နဲ့ အသိတရားအချို့ကလည်း

အချိန်တိုင်းမှာ စစ်ခင်းလို့

ကျွန်တော့်စိုက်ခင်းလေးအတွင်းမှာ

ကန္တာရလို ပတ်ကြားအက်တွေသာ များလာခဲ့


လူတွေစည်ကားလှတဲ့ပွဲတော်သံတွေ

နေရာတိုင်းမှာ..ရယ်မောသံတွေသာပြည့်နှက်နေခဲ့

သူပြောခဲ့တဲ့အတိုင်းပါပဲ

ကျွန်တော်က အရောက်သွားခဲ့ပါလျှက်

ရင်ထဲမှာ လစ်ဟာမှုများ

ဘာကြောင့် များနေခဲ့ရပါသလဲ . . . .


သူ ဆိုတဲ့ ဇတ်ဆရာ

သူ ဆိုတဲ့ ကံကြမ္မာ

လောင်းကြေးထပ်ရမယ်ဆိုရင်တောင်

ကျွန်တော်က ရှုံးနိမ့်ပြီးသားဖြစ်ခဲ့

အဆင်မပြေမှုပေါင်းများစွာကလည်း

ကံဆိုးကောင်သွားလေရာ..

မိုးတွေကလည်း ထစ်ချုန်းရွာခဲ့ပေါ့ . . .


ဘ၀ က ခါးလိုက်တာလို့

မျက်စိစုံမှိတ်...မညည်းချင်ပါဘူး

အစီစဉ်တကျ ခင်ဗျားချမှတ်ခဲ့တဲ့

ဒီတရားစီရင်ခဲ့တဲ့ အမှုမှာ

တရားပါတယ်လို့ ခင်ဗျား ၀န်ခံရဲသလားဇတ်ဆရာ...


အလိုက်တသင့်တော့စီးမျောခဲ့တာပဲ

ဘယ်မှာအဆုံးသတ်မလဲတော့ ရေရာမှုမရှိဘူး

ခင်ဗျားပြောစမ်းပါဦး

ဘ၀ ဟာ ပျော်ရွှင်စရာကောင်းပါတယ်လို့

ဘ၀ ဟာ ကြည်နူးစရာကောင်းပါတယ်လို့

ဘ၀ ဟာ နေပျော်စရာကောင်းပါတယ်လို့

ဒီလိုဆို့နင့်မှုနဲ့မျက်ရည်တွေက

ဒဏ္ဍာရီမဟုတ်ခဲ့တာတော့ ကျိန်းသေတယ်


ဘယ်မှာလဲ ယုဇနပင်တွေ

ဘယ်မှာလဲ ဖဲကြိုးဝါတွေ

ဘယ်မှာလဲ အမှန်တရားတွေ

ဘယ်မှာလဲ ရေရာသေချာခြင်းတွေ

အိုး..........

အရာအားလုံးဟာ

အရာအားလုံးဟာ

စိတ်ကူးမယဉ်ခဲ့ပါပဲနဲ့

စိတ်ကူးယဉ်ဆန်နေခဲ့ရ....


သက်တန့်ချို

အောက်တိုဘာလ ၁၁ ရက်နေ့


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ဇရာကို အံတုနိုင်စေဖို့

ဇရာကို အံတုနိုင်စေဖို့




နည်းပညာတွေ တိုးတက်လာနေတဲ့ မျက်မှောက်ခေတ်ကြီးမှာ အရာအားလုံကို ပြုပြင်ဖန်တီးပြောင်း လဲနိုင်စွမ်း ရှိကြပေမယ့် ဇရာကိုတော့ အံတုနိုင်ဖို့ရာ ခဲရင်းလွန်းလှပါတယ် ။ ငယ်ရွယ်စဉ်ကလေးဘ၀ လူလတ်ပိုင်းဘ၀ လူကြီးဘ၀ အစရှိသဖြင့် အဆင့်ဆင့် ပြောင်းလဲလာကြရာမှာ မီးစာကုန်ခမ်း သက်ကြီးရွယ်အိုဘ၀ နဲ့လူသားအား လုံးအဆုံးသတ်ကြရပါတယ် ။ အသက်အရွယ် အိုမင်းလာခြင်း ဆိုတာဘာလဲ ဆိုတဲ့ခေါင်းစဉ်နဲ့ ဘယ်လိုနည်း လမ်းတွေနဲ့များ ဇရာကို အကောင်းဆုံးအံတုနိုင်ကြမလဲဆိုတာ ကျွန်တော်တို့လေ့လာကြည့်ကြရအောင် ။

အသက်အရွယ်အိုမင်းလာခြင်း



အသက်အရွယ်အိုမင်းလာခြင်းဆိုတာဟာ အသားအရည်တွန့်လာခြင်းသာမက မှတ်ဥာဏ် ချို့ယွင်းလာခြင်း ၊ ဦးနှောက် စွမ်းရည်ကျဆင်းလာခြင်း ၊ နာတာရှည်ရောဂါဖြစ်ပွားမှုနှုန်းမြင့်မားလာခြင်း ( ဥပမာ နှလုံးရောဂါ ၊ အရိုးပွရောဂါ နှင့်ကင်ဆာရောဂါ) စသည်တို့လည်းပါဝင်ကြပါတယ် ။ ကျန်းမာပျော်ရွှင်သောလူနေမှုဘ၀ဆိုတာ အသက် ရှည်ရှည်နဲ့ ရောဂါဘယကင်းဝေးပြီး အေးချမ်းစွာ ကျန်းမာစွာ နေထိုင်နိုင်ခြင်းကို ဆိုလိုပါတယ် ။ တကယ်တော့အိုမင်းခြင်းကို ဆန့်ကျင်ဖို့ဆိုတာ ခက်ခဲတဲ့ ခေါင်းစဉ်တစ်ခုကိုဆွေးနွေးရတာနဲ ဆင်တူပါတယ် ။ ဆေးဝါးတွေနဲ့ လေ့လာစမ်းသပ်မှုတွေပါဝင်တဲ့ စစ်ပွဲတွေဟာ Anti-aging လို့ခေါ်တဲ့စကားစုကို တိုက်ခိုက်ဖို့ လတ်တလော တာစူနေကြပါပြီ ။ သိပ္ပံနည်းပညာ လက်ကိုင်ထားတဲ့လူစုလူဝေးအတွက်ကတော့ အိုမင်းရင့်ရော် ခြင်းကို ဆန့်ကျင်တဲ့ စမ်းသပ်မှုတွေက အသက်အရွယ်အိုမင်းလာခြင်းဖြစ်စဉ်ကို နှေးကွေးစေခြင်း ၊ ကာကွယ်တား ဆီးခြင်း (သို့မဟုတ်) ရပ်တန့်စေလိုခြင်း စတဲ့ အရာတွေကို ဦးတည်နေပါတယ် ။ ၂၀၁၀ ခုနှစ်မှာတော့ ကယ်လိုရီတွေကို ကန့်သတ်ခြင်းနဲ့ ပုံမှန်လေ့ကျင့်ခန်းလုပ်ဖို့ကို ဆေးပညာနယ်ပယ်တွေက ပြောဆိုလာကြပါပြီ ။ ဆေးပ ညာ ရပ်ဝန်းမှာတော့ Anti-aging medicine ဆိုတာဟာ စောစော သိခြင်း (early detection) ၊ ကာကွယ် ခြင်း ( prevention) ၊ အသက်အရွယ်ကြီးခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ရောဂါများကို ကုသစေခြင်း စသည် တို့ကို ဆိုလိုပါတယ် ။

ခေါင်းစဉ်ပေါင်းများစွာနဲ့ ကုသမှုပေါင်းများစွာဟာ လတ်တလောမှာ ကျယ်ပြန့်စွာပေါ်ပေါက်လာပြီဖြစ်ပါတယ် ။ ဥပမာ ကယ်လိုရီတွေကိုကန့်သတ်ခြင်းဟာ အသက်အရွယ်ကြီးတဲ့အခါမှာ ဖြစ်ပေါ်လာမယ့် အချို့သော အခြေ အနေ များ ( degenerative conditions) ဥပမာ နှလုံးအဆီဖုံးခြင်း တို့ဖြစ်စေခြင်းကို နည်းစေပါတယ် ။ အခုပေါ်ပေါက်လာတဲ့ Life extension science ဆိုတာကလည်း Anti-aging medicine , experimental gerontology နဲ့ biomedical gerontology တို့ကို ဆိုလိုပါတယ် ။

အသက်အရွယ် အိုမင်းခြင်းဖြစ်စဉ် processes of aging ကို ဆန့်ကျင်ခြင်း သို့မဟုတ် နှေးကွေးစေ ခြင်းကို လေ့ လာသော ဘာသာရပ်များဖြစ်ပြီး အမြင့်ဆုံးနေနိုင်တဲ့လူ့သက်တမ်းကို ချဲ့ထွင်ဖို့သို့မဟုတ် ပျမ်းမျှ လူ့သက်တမ်းကို လူတန်းစေ့နေနိုင်ရေးနဲ့ ကျန်းမာပျော်ရွင်သောဘ၀ ကို ရရှိစေရေးတို့ကို ရည်ရွယ်ပါတယ် ။ သက်တမ်းတိုးသူများ (life extensionists ) သို့မဟုတ် longevists စတဲ့ လေ့လာသူအချို့ဟာ အနာဂါတ်မှာ stem cells ,မော်လီ ကျူးများ ပြန်လည်ပြုပြင်ခြင်း နဲ့ ကိုယ်တွင်းအဂါင်္များ အသစ်ပြန်လည် ထည့်သွင်းခြင်း ( organ replacement - ပြုပြင်ဖန်တီးထားသော ကလီစာများ သို့မဟုတ် xenotransplantations ) စသော နည်းပညာတွေနဲ့ တစ်ရှူးများ အသစ်ပြန် လည်နုပျိုစေခြင်း (tissue rejuvenation) ဟာ လူသားတွေကို ငယ်ရွယ်တဲ့ နုနယ်စဉ်ဘ၀ကို အလုံးစုံပြန်ရစေမယ်လို့ ယုံကြည်ကြပါတယ် ။ အများက လက်ခံယုံကြည်ထားတဲ့ အိုမင်းခြင်းကိုဆန့်ကျင်တဲ့ ထုတ်ကုန်တွေဖြစ်တဲ့ အာဟာရ ၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်မှု ၊ skin care များ ၊ ဟော်မုန်းအစားထိုးမှုများ ၊ ဗီတာ မင် များ နဲ့ အမွှေးနံသာများဟာ အလွန်ဝင်ငွေကောင်တဲ့ ကမ္ဘာလုံးဆိုင်ရာ စက်မှု ထုတ်ကုန်များဖြစ်ပြီး US market မှာ ဆိုရင် နှစ်စဉ် $50 billion လောက်ဝင်ငွေရှိပါတယ် ။ ဒါပေမယ့် ဆေးပညာရှင်တွေကတော့ ဒီလို ထုတ် ကုန်တွေဟာ အိုမင်းလာခြင်းဖြစ်စဉ်အပေါ် ဘယ်လိုအကျိုးသက်ရောက်မှုမှ မရှိစေဘူးလို့ ဆိုကြပါတယ် ။ လူ့သက်တမ်းကို ချဲ့ထွင်ဖို့ဆိုတာ ဖြစ်နိုင်သလား မဖြစ်နိုင်ဘူးလား ဘယ်လိုချဲ့ထွင်ရမလဲ စတဲ့ မေးခွန်းတွေ အတွက် Bioethicists တွေ သာမက American Medical Association မှာ ဆေးပညာရှင်ကြီးတွေပါ ရင်ဆိုင်နေ ကြရပြီဖြစ်ပါတယ် ။

လတ်တလော အိုမင်းရင့်ရော်ခြင်းကို ဆန့်ကျင်သော အယူအဆများ

အစားအသောက်နှင့်ဆေးဝါးများ

သက်တမ်းရှည်စေနိုင်ဖို့ လေ့လာမှုတွေကတော့ အစားအသောက် အာဟာရ နဲ့ ဆေးဝါးတွေကို ဦးတည်ထား ပါတယ် ။ ယေဘူယျအားဖြင့် များစွာသော အစားအသောက်တွေမှာ အိုမင်းရင့်ရော် ခြင်းကိုဆန့်ကျင်တဲ့ အစွမ်း သတ္တိတွေများစွာပါဝင်ပါတယ် ။ အသက်အရွယ်ကြီးရင့်လာခြင်းရဲ့ free radical theory ကတော့ Antioxidant supplements တွေဖြစ်တဲ့ ဗီတာမင် စီ ၊ ဗီတာမင် အီး ၊ Q10 ၊ lipoic acid ၊ carnosine နဲ့ N-acetylcysteine တို့လို ဖြည့် စွက် သောက်ဆေးတွေဟာ လူတွေရဲ့ သက်တမ်းကို ရှည်စေနိုင်တယ်လို့ ယူဆထားပါတယ် ။ ဒါပေမယ့် လည်း များစွာသော clinical trials တွေရဲ့ သက်သေအရ ဘီတာကာရိုတင်း နဲ့ ဗီတာမင် အီး ဆေးအချိန်အဆ များစွာ သောက်သုံးခြင်း (high doses) ဟာ သေဆုံးမှုနှုန်း ကို မြင့်တက်စေတယ်လို့ ဆိုပါတယ် ။ တခြားအရာတွေဖြစ်တဲ့ အောက်ဆီတိုစင် ၊ အင်ဆူလင် ၊ human chorionic gonadotropin (hCG) နဲ့ erythropoietin (EPO) တွေကတော့ သက်တမ်းရှည်စေတယ်လို့ ယူဆပါတယ် ။ Resveratrol ဟာ sirtuin ကိုလှုံ့ဆော်ပေးတဲ့အရာဖြစ်ပြီး ရို့းရှင်းသော nematodes နဲ့ သက်တမ်းတို ငါးတွေလို သက်ရှိအော်ဂနဆင်တွေမှာ သက်တမ်းကို ရှည်စေပါတယ် ။ ဆီလီနီယံ နဲ့ ဇင့်ဓါတ်ပါဝင်တဲ့အားဆေးတွေကလည်း ကြွက်တွေမှာ သက်တမ်း ရှည်စေတယ်လို့ စမ်းသပ်ထားပြီးဖြစ်ပါတယ် ။ ဒါပေမယ့်လူတွေမှာတော့ အနည်းငယ်သော toxic effects တွေ ရှိတဲ့အတွက် မစမ်းသပ်ရသေးပါဘူး ။ Metformin ဆေးဟာလည်း ကြွက်တွေမှာ သက်တမ်းရှည်စေပါတယ်တဲ့ ။

ဟော်မုန်းကုသမှုများ

Anti-aging industry တွေက ဟော်မုန်းကုသမှုတွေကို ထောက်ခံထားပါတယ် ။ အချို့သော လတ်တလော စမ်းသပ်မှုတွေအရ GH deficiency ရှိတဲ့ လူကြီးတွေမှာ low-dose GH treatment ပေးခြင်းဟာ ခန္ဓာကိုယ်မှာ ကြွက်သားတွေကို များစေပြီး အဆီ ထုကို နည်းစေပါတယ် ။ အရိုးရဲ့ သိပ်သည်းဆ ကိုလည်းများစေပြီး ကြွက် သားတွေရဲ့ ကြံ့ခိုင်မှုကိုလည်းများစေပါတယ် ။ နှလုံးနဲ့သွေးကြောဆိုင်ရာ အခြေအနေတွေ ကိုလည်းကောင်း မွန်စေပါတယ် ။ (ဥပမာ LDL cholesterol အားနည်းစေခြင်း) ။ Anti-aging therapy မှာ growth hormone တွေအသုံးပြုခြင်းဟာ တိရိစ္ဆာန်တွေမှာ စမ်းသပ်ခြင်းအပေါ် အခြေခံပါတယ် ။ ကြွက်တွေမှာ စမ်းသပ်ထား တာအရတော့ growth hormone ပေးခြင်းဟာ အသက်ရှည် ရှည်နေစေနိုင် တယ်ဆိုတာ ကိုတွေ့ရှိ ရပါတယ် ။

ကျန်းမာပျော်ရွှင်တဲ့ လူနေမှု ဘ၀ ဆိုတာဟာ ပုံမှန် လေ့ကျင့်ခန်းပြုလုပ်မှု ၊ လုံလောက်စွာ အနားယူမှု ၊ ဆေးလိပ် အရက်ရှောင်ရှားမှု ၊ အဟာရ ပြည့်ဝသော အစာအာဟာရများစားသုံးမှု စတာတွေဟာ အိုမင်းရင့်ရော် ခြင်းကိုဆန့် ကျင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းတွေပါပဲ ။ အစားအသောက်တွေကို ရွေးချယ်စားသုံးခြင်းဟာ အသက်ရွယ် အိုမင်းမှုစတင်ချိန် နဲ့ ဆက်နွယ်နေသော ရောဂါတွေကိုနှောင့်နှေးစေတယ်လို့ American Dietetic Assocaition မှ Susan Moores, က ပြောဆိုထားပါတယ် ။

အဆုံးသတ်အနေနဲ့ပြောရရင်တော့အိုမင်းရင့်ရော်လာခြင်းကို အပြီးအပြတ်လုံးဝ ဆန့်ကျင်ဖို့ဆိုတာ သဘာဝတ ရားကို ဆန့်ကျင်တာနဲ့လျှော်ညီစွာ ယခုအချိန်မှာတော့ လုံးဝ ဖြစ်နိုင်တဲ့ကိစ္စ တစ်ခုတော့ မဟုတ်သေး ပါဘူး ။ ဒါပေမယ့် များစွာ သော နည်းပညာတွေတိုးတက်လာတာနဲ့အမျှ cream တွေ lotion တွေ သောက်ဆေးတွေ ကနေပြီး ငယ်ရွယ်နုပျိုစဉ် ကအတိုင်းအသားအရည်တင်းတင်းလေးဖြစ်အောင် သက်ကြီးရွယ် အိုပုံ မပေါက်အောင်တော့ ခဏ တာ ဖုံးကွယ်လို့ ရနေနိုင်ပါပြီ ။ အနာဂါတ်ကာလမှာ စတမ်းဆဲလ်တွေ bone marrow တွေ နဲ့ organ တွေ ကို အသစ် လဲလှယ်ပြီးငယ်ရွယ်က အတိုင်း ပြန်နေကြမယ်ဆိုတဲ့ အယူအဆ ကလည်း ယခုအချိန်မှာ စိတ်ကူးယဉ်ဆန်ကောင်းဆန်နေပေမယ့် နောင်တစ်ချိန်မဖြစ်လာနိုင်ဘူးလို့တော့ တပ်အပ် မပြောနိုင်သေးပါဘူး ။ အရေးကြီးဆုံးက လူကို အမြန်အိုမင်းစေတဲ့ ဆေးလိပ် ၊ အရက် ၊ အပျော်အ ပါးလိုက်စားခြင်း ၊ အဆီစားတာများခြင်း ၊ စတဲ့ မကောင်းတဲ့အချက်မှန်သမျှကို ဖယ်ရှားပြီး ပေါ့ပေါ့ပါးပါး ကျန်းကျန်း မာမာ ပျော်ရွှင်စွာ နေထိုင်မယ်ဆိုရင်ဖြင့် သာမန်ထက်ရှည်လျားတဲ့ သက်တမ်းကို နေထိုင်နိုင်မယ်လို့ ယူဆမိပါကြောင်း ။

သက်တန့်ချို (ဆေး ၂)
www.thettantcho.com

Reference Links :
http://www.fightaging.org/take-action/what-is-antiaging.php.htm
http://en.wikipedia.org/wiki/Life_extension
http://www.webmd.com/anti-aging-diet.htm

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................