Thursday, February 2, 2012

နှလုံးမရှိပဲ ၁၁၈ ရက်ကြာ နေထိုင်ခဲ့သော အံ့ဖွယ်အမျိုးသမီး

နှလုံးမရှိပဲ ၁၁၈ ရက်ကြာ နေထိုင်ခဲ့သော အံ့ဖွယ်အမျိုးသမီး



တောင်ကာရိုလိုင်းနားပြည်နယ်မှ D'zhana Simmons ဆိုသူအမျိုးသမီးဟာ သဘာဝါတိုင်း လမ်းလျှောက်ခြင်း စကားပြောခြင်းတွေပြုလုပ်နေပါတယ် ။ ဆေးပညာအရတော့ အံ့ဖွယ် ထူးဆန်းတဲ့ ဖြစ်ရပ်ဖြစ်ပါတယ် ။ ရဲရင့်တဲ့ ဆယ်ကျော် သက်လေးဟာ လေးလ ခန့် ခုန်စရာ နှလုံးမရှိပဲ နဲ့ နေထိုင်ခဲ့တယ် ။ သူမဟာ ပျက်ဆီးနေတဲ့ နှလုံးကို အလုပ်လုပ်တဲ့ နှလုံးအသစ်နဲ့ လဲလှယ်ဖို့ စောင့်ဆိုင်းနေသူတစ်ဦးလည်းဖြစ်ပါတယ် ။



Simmons ဟာ နှလုံးကြွက်သားတွေ ဖောင်းပြီးကြီးမားတဲ့ ရောဂါတစ်မျိုးဖြစ်တဲ့ Dilated Cardiomyopathy ကိုခံစားနေရသူဖြစ်ပါတယ် ။ ဆိုလိုတဲ့သဘောကတော့ သူမ နှလုံးဟာ အားနည်းလာပြီး သွေးတွေကို ညှစ်မ ထုတ်နိုင်တော့ပါဘူး ။ Miami Holtz ကလေးဆေးရုံမှ ခွဲစိတ်ဆရာဝန်တွေက ၂၀၀၈ ခုနှစ် ဇူလိုင် ၂ ရက်နေ့ တုန်းက ပထမအစ ခွဲစိတ်လဲလှယ်တဲ့ transplant ကိုပြုလုပ်ခဲ့ပါတယ် ။ ဒါပေမယ့် နှလုံးက သိပ်မကောင်းသေး ပါဘူး ။ ချက်ချင်းပြန်ထုတ်ပစ်ဖို့ လိုလာခဲ့တယ် ။



အဲဒီအချိန်လေးအတွင်းမှာ D'zhana ဟာ လူလုပ်ထားတဲ့ သွေးညှစ်စက် Artificial blood-pumping ကို သုံးပြီး အသက် ရှင်နေခဲ့ရတယ် ။



“ သူမဟာ နှလုံးမရှိပဲ ၁၁၈ ရက်တိုင် အသက်ရှင်နေထိုင်ခဲ့တဲ့ အံ့ဖွယ် လူသားဖြစ်ပါတယ် သူမရဲ့ သွေး လည်ပတ်မှုကို သွေးညှစ်စက် နှစ်လုံးထဲနဲ့ ထောက်ပံ့ပေးထားခဲ့တာပါ ” လို့ ကလေးနှလုံးခွဲစိတ်ဆရာဝန် Dr.Ricci က ပြောခဲ့ပါတယ် ။

မူရင်း - Teen Survives 118 Days Without A Heart



D’zhana Simmons of South Carolina is literally a walking, talking, medical miracle. The brave teenager lived for about four months without a heart, as she awaited a new, functional heart to replace the damaged one. Simmons suffered from dilated cardiomyopathy (DCM), meaning her weak and enlarged heart wasn’t pumping blood efficiently. The surgeons from the Miami Holtz Children’s Hospital performed an initial transplant on July 2, 2008, but the heart malfunctioned and had to be quickly removed. Meanwhile, D’zhana was kept alive by a custom-built artificial blood-pumping device. “She essentially lived for 118 days without a heart, with her circulation supported only by two blood pumps,” said Dr. Ricci, Director of Pediatric Cardiac Surgery.

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

သဘာဝအလျှောက်ဖြစ်ပေါ်နေသော Firefall

သဘာဝအလျှောက်ဖြစ်ပေါ်နေသော Firefall




Yosemite မှာ ဆောင်းရာသီဆိုရင် မြင်းမြီးရေတံခွန်လို့ခေါ်တဲ့ ရေတံခွန် တစ်ခုဟာ ပျောက်ကွယ်လုနီးနီးပါပဲ ။ ဖေဖော်ဝါရီရဲ့လွန်ခဲ့တဲ့ နှစ်ပတ်လောက်မှာ နေရောင်ခြည်ကျရောက်မှုကြောင့် ဒီတောင်စွန်းကနေ ဆင်းလာ တဲ့ ရေတွေဟာ ပုံမှာ မြင်ရတဲ့အတိုင်း မီးတံခွန် Firefall အဖြစ် လှပစွာ မြင်တွေ့နေရပါတယ် ။ နောက် ခံနေရောင်ခြည်ကနေ ရေတံခွန်ကို လှပတဲ့ မီးရောင်ရေတံခွန်အဖြစ်ပြောင်းပေးလိုက်ခြင်းပါပဲ ။











မူရင်း - Nature's Firefall : Horsetail fall

During the winter in Yosemite, coming off of El Capitan, there is an almost non-existent waterfall called Horsetail fall. During the last two weeks in February, if there is water trickling over the edge, and if it is clear at sunset ( which doesn't happen too often due to the winter storms ) the setting sun will turn this waterfall into a stream of molten fire. The waterfall lights up like molten lava due to the angle of the sun.

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

လူသေမိန်းကလေးကိုလက်ထပ်ခဲ့သောအမျိုးသား

လူသေမိန်းကလေးကိုလက်ထပ်ခဲ့သောအမျိုးသား




ထိုင်းနိုင်ငံမှ အမျိုးသားတစ်ယောက်ဟာ အချစ်အတွက် သူပေးထားတဲ့ကတိကို တည်ဖို့အ တွက် သေ ဆုံးနေပြီဖြစ်တဲ့ အမျိုးသမီးနဲ့လက်ထပ်ခဲ့ပါတယ် ။ အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ Sarinya Kamsook နဲ့ သူမရဲ့ ချစ်သူ ကောင်လေးအသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ Chadil Deffy ဆို့ဟာ ယခုနှစ်ထဲမှာ လက်ထပ်ကြဖို့ အစီအစဉ် ရှိထားပြီးသားဖြစ်ပါတယ် ။ မမျှော်လင့်ပဲ ရုတ်တရက် Sarinya Kamsook ဆိုသူကောင်မလေးဟာ ကားတိုက် မှုဖြစ်ပြီး သေဆုံးသွားခဲ့တယ် ။ ဒီလို မင်္ဂလာပွဲမကျင်းပမီ ရက်အနည်းငယ်အလိုမှာပေါ့ ။ Deffy ဟာ သူတို့နဂို ကတိပေးစီစဉ်ထားခဲ့တဲ့အတိုင်း သူ့အချစ်ကို သက်သေပြနိုင်ဖို့အတွက် သူမ ( လူသေ ) ကို လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။



ကားတိုက်မှုဖြစ်ခဲ့တုန်းက Sarinya ဟာ အပြင်းအထန်ဒါဏ်ရာတွေရခဲ့တယ် ။ သူမကို အရေးပါ် ကုသမှုတွေနဲ့ အသက်မှီတယ်ဆိုယုံကလေး ကုသပေးနိုင်ခဲ့တယ် ။ ဒါပေမယ့် ဆရာဝန်တွေက ပြည့်ကျပ်ညပ်နေတဲ့အရေးပေါ် အခန်းထဲ ကနေ ဆေးရုံကို လွှဲပေးဖို့အတွက် ၆ နာရီလောက်ကြာမြင့်ခဲ့တယ် ။ ဒါဟာလည်း လူဦးရေပြည့် ကျပ်ညပ်နေတဲ့ အရေးပေါ်ကုသခန်းရဲ့အခြေအနေတွေကြောင့်ဖြစ်တယ်လို့ဆိုပါတယ် ။ အဲဒီအချိန်မှာပဲ သူမဟာ ရရှိခဲ့တဲ့ဒါဏ်ရာတွေကြောင့်ပဲ သေဆုံးသွားရရှာပါတယ် ။



ထိုင်းနိုင်ငံ Surin မှာ လုပ်ခဲ့တဲ့ သူမရဲ့ ဈာပန မှာ Chadil Duffy ဟာ သူ့ဇနီးလောင်းရဲ့လက်မှာ လက်ထပ် လက်စွပ်ကလေးဝတ်ဆင်ပေးခဲ့တယ် ။ ဒါကြောင့်ဒီပွဲလေးကို ထိုင်းနိုင်ငံမှာ နာရေး-လက်ထပ်ပွဲ အဖြစ် တင် စားခေါ်ဝေါ်ကြပြီး ကမ္ဘာပေါ်မှာ အလွန်ရှားတဲ့ ဖြစ်ရပ်လေးတစ်ခုဖြစ်ခဲ့ပါတယ် ။



ငါတို့ သေသည်အထိ မခွဲခွာကြဘူး --------။

မူရင်း-A man in Thailand Married a dead girlfriend to fulfill his promise of love.

29-year old Sarinya Kamsook and her 28-year-old boyfriend, Chadil Deffy, were to be married this year. Sarinya Kamsook unfortunately died in a car crash, just day before the big event, Deffy decided to go on with their wedding as planned and married her.

Sarinya was involved in a car crash, leaving her severely injured. She still could have been saved with timely medical attention. However, the doctors made her wait for 6 hours due to an overcrowded ICU instead of transferring her to another hospital. During this time, she succumbed to her injuries and passed away.

During her funeral in Surin, Thailand, Chadil Duffy placed a ring on his deceased bride’s finger. It thus turned out a wedding/funeral ceremony, one of the rare events in the world.

Till death do us apart...

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, February 1, 2012

အချိန်တိုလေးအတွင်းမှာအရာရာကိုတန်ဖိုးထားတတ်ပါစေ

အချိန်တိုလေးအတွင်းမှာအရာရာကိုတန်ဖိုးထားတတ်ပါစေ



ဆင်းရဲသားတစ်ယောက် သူဌေးသမီးတစ်ယောက်ကို ချစ်မိသွားတယ် ။ တစ်နေ့တော့ ဆင်းရဲသားလေးက သူမ ကို လက်ထပ်ခွင့်တောင်းတယ် ။ ဒီတော့ သူဌေးသမီးကပြန်ပြောတယ် ။

“ ဒီမယ် နားထောင် ရှင့်ရဲ့ တစ်လစာ ၀င်ငွေရဲ့ ကျွန်မရဲ့ တစ်နေ့စာ အသုံးစရိတ်ပဲရှိတယ် အဲဒီလိုလူမျိုးနဲ့ ကျွန်မ ပတ်သတ်ရမလား ရှင်ဘယ်လိုအတွေးမျိုးကိုတွေးနေတာလဲ ကျွန်မ ဘယ်တော့မှ ရှင့်ကိုမချစ်နိုင်ဘူး ဒါကြောင့် ကျွန်မ ကိုမေ့ပြီး ရှင်နဲ့အဆင့်အတန်းခြင်းတူတဲ့တစ်ယောက်ကိုရွေးချယ်လိုက်ပါ ” တဲ့ ။

အဲဒီလို ရင့်ရင့်သီးသီးပြောခဲ့ပေမယ့် ဆင်းရဲသားလေးက သူဌေးသမီးလေးကို လွယ်လွယ်နဲ့ မေ့မရနိုင်ခဲ့ဘူး ။

ဆယ်နှစ်ကြာပြီးနောက်-------

တစ်နေ့မှာ သူတို့ နှစ်ယောက် ရှော့ပင်းစင်တာကြီးတစ်ခုမှာ မျက်နှာချင်းဆိုင်ဆုံမိကြတယ် ။ သူဌေးသမီး ကပြောတယ် “ ဟေး...ရှင် အဆင်ပြေလား အခု ကျွန်မ အိမ်ထောင်ကျသွားပြီ ကျွန်မ အမျိုးသားလစာက တစ်လ ဘယ်လောက်ရတယ်လို့ ရှင်ထင်သလဲ ? တစ်လကို ၃ သိန်းတောင်ရတယ်ရှင့် ရှင်အံ့သြသွားသလား သူက အရမ်း စ မတ်ကျတယ် ”

ကောင်လေးရဲ့ မျက်ဝန်းမှာ အဲဒီလိုစကားတွေကြားပြီးတော့ မျက်ရည်တွေနဲ့စိုစွတ်သွားတယ် ။

နောက်မိနစ်အနည်း ငယ်မှာတော့ သူမရဲ့ ယောင်္ကျားထွက်လာပါတယ် ။ သူဌေးသမီးက ကောင်လေးကို ဘာမှ မပြောသေးခင် သူ့ခင်ပွန်းက နေပြီး ကောင်လေးကို စတင်နှုတ်ဆက်လိုက်တယ် ။

“ ရောက်နေပြီလားဆရာ ဒါကျွန်တော့်ဇနီးပါ ” တဆက်တည်းမှာပဲ ကောင်လေးက သူ့မိန်းမ ကိုလှည့်ပြော လိုက်တယ် ။ “ ငါက ဒီဆရာရဲ့ ပရောဂျက်မှာ အကူဝင်လုပ်နေတာပေါ့ ဆရာက ငါတို့ သူဌေးလေ သန်းပေါင်း များစွာ ချမ်း သာတယ် ဟိုးအရင်က ဆရာက ကောင်မလေးတစ်ဦးကို ချစ်ခဲ့တယ် ဒါပေမယ့် သူ မရခဲ့ဘူး အခုချိန် ထိ ဆရာက လူပျိုကြီးလေ လက်မထပ်ရသေးဘူး မဖြစ်နိုင်ဘူးမဟုတ်လားမိန်းမရ အခုလို ချိန်မှာ ဆရာ့လို ချစ်တတ် တဲ့သူ ရှိနိုင်ပါဦးမလား ”

############################################

ဘ၀ဆိုတာ တိုတောင်းလွန်းလှပါတယ် ။ ဒါကြောင့် သင့်ကိုယ်သင် အထင်မကြီးလွန်းပါနဲ့ တခြားသူတွေ အပေါ် နှိမ့် ချ မဆက်ဆံပါနဲ့ ။ အချိန်တိုင်းမှာ အရာရာဟာ အမြဲပြောင်းလဲနေတယ် ။ လူတိုင်းလူတိုင်းဟာ တ ဖက်သား က ကိုယ့်ကို ချစ်တဲ့အချစ်ကို တန်ဖိုးထားသင့်တယ် ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ခြေထောက်တွေမရှိပေမယ့် ဘ၀ကိုအရှုံးမပေးတဲ့ သတ္တိခဲမလေး

ခြေထောက်တွေမရှိပေမယ့် ဘ၀ကိုအရှုံးမပေးတဲ့ သတ္တိခဲမလေး



သာမာန်ရိုးရိုး သူလို ကိုယ်လိုမဟုတ်ဘူး ။ သူမမှာ ကျွန်တော်တို့ နဲ့မတူတဲ့ ခြားနားချက်များစွာရှိတယ် ။ သူမမျက် ၀န်းတွေဟာ အစဉ်ရီဝေနေတတ်ပေမယ့် အမြဲရွှန်းလဲ့တောက်ပနေခဲ့တယ် ။ သူမဟာ ဘယ်လို လူသားမျိုးလဲ ကမ္ဘာမြေပေါ်မှာ သူမ ဘယ်လို အသက်ရှင်သန်နေသလဲ ဘယ်လို အဓိပ္ပါယ်တွေနဲ့ဘ၀ကို ရှင်သန်နေခဲ့သလဲ ။



သူမ နာမည်က Qian Hong Yan လို့ခေါ်ပါတယ် ။ မတော်တဆမှုတစ်ခုကြောင့် သူမ ခြေတွေ ငယ်ငယ်က တည်းက ဆုံးရှုံးခဲ့ရတယ် ။ ဒီနေရာမှာ ကျွန်တော်တို့ သူမကို ဒုက္ခိတ လို့မသုံးသင့်ဘူးမဟုတ်လား ။ သူမကို ကံမကောင်း အကြောင်းမလှလို့ ခြေလက်မစွမ်းရှာသူလို့ပဲ ကျွန်တော်တို့ မြင်ရမယ်မဟုတ်လား ။

တရုတ်ပြည်မှာ ရှိတဲ့ သူမ မိသားစုဟာ ဆင်းရဲချို့တဲ့လွန်းပါတယ် ။ ခြေတု တပ်ဆင်ဖို့ လောက်ငွေကြေးကို သူတို့မစွမ်း သာခဲ့ကြဘူး ။ ဒါကြောင့် သူမ တနေရာကနေ တနေရာကို ရွေ့သွားဖို့အတွက် ပုံမှာ မြင်ရတဲ့အတိုင်း ဘတ်စ် ကတ်ဘောလုံးတစ်လုံးကို အသုံးပြုနေခဲ့ရတယ် ။

Qian ဟာ သစ်သားနဲ့လုပ်ထားတဲ့ ဒေါက်လေးနှစ်ကို သူမကိုယ်သူမှ “ မ ” ဖို့ အသုံးပြုနေရတယ် ။ ဒါပေမယ့် သူမက ငယ်စဉ်ကတည်းက ဂျီးများတတ်တဲ့သူတစ်ယောက်မဟုတ်ခဲ့ဘူး ။ သူမမှာ လဲလှယ်အ သုံးပြုဖို့ ဘော လုံး ခြောက်လုံးရှိပါတယ် ။



သူမ အတန်းပညာသင်ယူဖို့ ကျောင်းတတ်နေတဲ့ပုံပါ ။



သူမ ကိုဘယ်အချိန်ကြည့်ကြည့် အမြဲပြုံးနေခဲ့တယ် ။



အသက်အရွယ်ကြီးလာလည်း ပြုံးနေမြဲ ။





သူမကို ကျွန်တော် ဦးညွှတ်လေးစားပါတယ် ။ ကျွန်တော်တို့သာဆိုရင်ရော ဒီလို ခံနိုင်ရည်ရှိပါ့မလား

ဘ၀ကို နေထိုင်ဖြတ်သန်းတဲ့အခါ အမြဲပဲ အကောင်းမြင်ပါ ။ ကျွန်တော်တို့ဟာ ခြေတွေလက်တွေရှိရက်နဲ့ ဟင်းမကောင်းဘူး ၊ ဒါမစားချင်ဘူး ၊ ဟိုဟာ ၀ယ်ပေးပါ ဒီဟာ ၀ယ်ပေးပါ ၊ သူတို့ ၀တ်သလို ၀တ်ချင်တယ် ၊ မုန့်ဖိုးမလောက်ဘူး စသဖြင့် စသဖြင့် အကြောင်းပြချက်များစွာနဲ့ ဘ၀ကို အပေါ်ယံ ဖြတ်သန်းနေခဲ့ကြတယ် ။ ကျွန်တော်တို့ သူမနဲ့ယှဉ်ကြည့်လိုက်ရင် သူမ သတ္တိကို ကျွန်တော်တို့ လိုက်မှီနိုင်ပါ့မလား ။ သူမ အမြဲပြုံးနေသလို ကျွန်တော် တို့ ပြုံးနေခဲ့ကြရဲ့လား ??????? လူတိုင်းဟာ ကိုယ့်ဘ၀သာလျှင် ဆိုးတာတွေကြုံရတယ် ကိုယ်သာလျှင် အဆင်မပြေမှုတွေနဲ့ကြုံရတယ် စသဖြင့် ညည်းတွားလေ့ရှိကြတယ် ။ တကယ်တော့ ကျွန်တော်တို့ ပတ်ဝန်းကျင်ကို သေသေချာချာလေး လေ့လာကြည့်ကြစမ်းပါ ။ ကျွန်တော်တို့ ထက်ဆိုးတဲ့ဘ ၀တွေ ရေတွက် လို့မရအောင် အများကြီးရှိပါတယ် ။ ကျွန်တော်တို့အားလုံး ယခုအချိန်ကစလို့ မိမိကိုယ်ကိုယ် အားငယ်နေ တဲ့စိတ်တွေ ဘ၀ကို အရှုံးပေးချင်တဲ့စိတ်ဓါတ်တွေကို အပြီးအပိုင်ဖယ်ရှားလိုက်ကြပါစို့ ။

သက်တန့်ချို
1st Feb 2012

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................