Saturday, November 8, 2014

ဘ၀မှာ အကောင်းဆုံးနေထိုင်နည်းဆိုတာ များများ စားစား မရှိပါဘူး

ဘ၀မှာ အကောင်းဆုံးနေထိုင်နည်းဆိုတာ များများ စားစား မရှိပါဘူး ။

၁ ။ ဘယ်သူ့ကိုမှ အလွန်အကျွံ မယုံကြည်မိစေနဲ့

၂ ။ ဘယ်အရာကိုမှ နက်နက်ရှိုင်းရှိုင်းမခံစားလိုက်နဲ့

၃ ။ လူတကာကို ကိုယ့်လိုပဲတွေးမှာပဲလို့ ဘယ်တော့မှ မထင်နဲ့

၎ ။ ကိုယ့်နာကျင်မှုကို သူတစ်ပါးကို မဖော်ပြမိစေနဲ့

၅ ။ ကိုယ်ပြောခဲ့တဲ့စကား ကိုယ်လုပ်ခဲ့တဲ့အလုပ်တွေကို ဘယ်တော့မှ မမေ့မိစေနဲ့ ။

ဒီနေ့မှာ အကောင်းဆုံးအခြေအနေ ပိုင်ဆိုင်ထားပေမယ့်
နောက်နေ့မှာ ကိုယ့်အတွက် သေချာတဲ့တည်မြဲခြင်းဆိုတာ
ဘာမှမရှိဘူးဆိုတာသိထားရင်

သင့်စိတ်ထဲက မွန်းကြပ်ပိတ်လှောင်မှုတွေ သက်သာလာပါလိမ့်မယ် ။

သက်တန့်ချို 

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, November 7, 2014

ကိုယ်ကိုယ်တိုင် အပြစ်ကင်းစင်ကြယ်နေမှ သူတစ်ပါးအကြောင်းပြောဖို့ လိပ်ပြာသန့်ပါ

သူတစ်ပါးကို အပြစ်မပြောခင် ကိုယ်ကိုယ်တိုင် အပြစ်ကင်းရဲ့လားတွေးပါဦး

သူတစ်ပါးကို လက်ညှိုးမထိုးခင် ကိုယ့်ထိုးမဲ့လက်ညှိုးက စင်ကြယ်ရဲ့လားတွေးပါဦး

သူတစ်ပါးဂုဏ်သိက္ခာကို ချမနင်းခင် ကိုယ့် ဂုဏ်သိက္ခာက လိပ်ပြာလုံရဲ့လားတွေးပါဦး

ကိုယ်ကိုယ်တိုင် အပြစ်ကင်းစင်ကြယ်နေမှ သူတစ်ပါးအကြောင်းပြောဖို့ လိပ်ပြာသန့်ပါ

အဲ့ဒီလိုမှမဟုတ်ပဲ အလကားနေရင်း ရန်လို မှု မနာလိုမှု တွေနဲ့ ပူလောင်နေရင်
ကိုယ့်ရဲ့တန်ဖိုးနဲ့ သိက္ခာသာ ကျလာတတ်တယ် ။

သက်တန့်ချို 

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, November 5, 2014

နာကျင်မှုအစိတ်အပိုင်းတွေကို ဖယ်ထုတ်လိုက်ပါ

ဘ၀ မှာ

၁ ။ ဆုံးရှုံးသွားတာတွေအတွက် ပြန်မတမ်းတပါနဲ့

၂ ။ မဖြစ်ခဲ့တာတွေအတွက် နောင်တရမနေပါနဲ့

၃ ။ နာကျင်ရတာတွေကို ပြန်လည်တူးဖော်မနေပါနဲ့

သစ်သီးတစ်လုံးကို လှီးတဲ့အခါ ပုပ်သိုးနေတဲ့အစိတ်အပိုင်းကိုဖယ်ထုတ်ရသလိုမျိုး
ဘ၀မှာ ဖြစ်ခဲ့တာတွေအထဲက နာကျင်မှုအစိတ်အပိုင်းတွေကို ဖယ်ထုတ်ပစ်နိုင်မှ

လက်ရှိအချိန်မှာ နေသာထိုင်သာ ရှိလိမ့်မယ် ။

သက်တန့်ချို 

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, November 4, 2014

လူတွေရဲ့ ဗီဇ ဆိုတာ ဖျောက်ရခက်သတဲ့

လူတွေရဲ့ ဗီဇ ဆိုတာ ဖျောက်ရခက်သတဲ့

ကိုယ့်ဆီက မကောင်းတဲ့ဗီဇ ကို ကိုယ်မမြင်နိုင်ပေမယ့်
တစ်ပါးသူတွေက မြင်နိုင်ပါတယ်

ကိုယ့်ရဲ့ပင်ကိုယ် အကျင့်စရိုက်ဟာ လူမြင်မတင့်တယ်တဲ့အခါ
လူရယ်မောစရာဖြစ်နေတတ်တယ် လှောင်ပြောင်စရာဖြစ်နေတတ်တယ်

ဒါကြောင့် ရှေးပညာရှိတွေကပြောခဲ့ကြတယ်

- မျက်စိကို ဖွင့် ( ကိုယ့်ပတ်ဝန်းကျင်ကလူတွေ ကိုယ့်ကို ဘယ်လို ဝေဖန်နေသလဲ ကိုယ့်ဗီဇ အကျင့်စရိုက်ဟာ တကယ်ပဲ လူမြင်တင့်တယ်ရဲ့လား )

- နားကို စွင့် ( ပတ်ဝန်းကျင်က ပြောစကားကို နားစွင့်ပါ ကိုယ်ကိုယ့်ကို မှန်ထဲကြည့်တာလောက်တော့ လူတိုင်းကြည့်တတ်ပါတယ် ဒါပေမယ့် တခြားသူတွေအမြင်ကိုလည်း ခံနိုင်ရည်ရှိဖို့လိုမယ် )

- သင့်မသင့်ကို ချိန် ( ဖြစ်ချင်တာလုပ်ချင်တာကတော့ လူတိုင်းမှာ ရှိတာပေါ့ ဒါပေမယ့်ဖြစ်သင့်တာလုပ်သင့်တာကို တကယ်ချင့်ချိန် ပြီး ဆုံးဖြတ်လုပ်နိုင်တဲ့သူကတော့ တော်တော်ရှားပါလိမ့်မယ် )

သက်တန့်ချို 

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, November 1, 2014

ကတိတစ်လုံးကို ချိုးဖျက်ရမှ ထမင်းဝမယ်ဆို ထမင်းငတ်သာ ခံလိုက်ပါ

ကတိတစ်လုံးကို ချိုးဖျက်ရမှ ထမင်းဝမယ်ဆို ထမင်းငတ်သာ ခံလိုက်ပါ

သစ္စာတရားကို ချိုးဖျက်ရမှ အောင်မြင်မှုရမယ်ဆိုရင် ရှုံးနိမ့်ခြင်းကိုသာ ရွေးချယ်လိုက်ပါ

လိမ်ညာလိုက်ရမှ အဆင်ပြေမယ်ဆို အခက်အခဲ ကိုသာ ရင်ဆိုင်လိုက်ပါ

တခါတခါ အမှန်တရားမှာနေထိုင်ရတာက
အမှားတရားတွေမှာ ပျော်မွှေ့နေတာထက်နေလို့ကောင်းပါတယ် ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................