Thursday, September 21, 2017
Action-Reaction
လူတစ်ဖက်သားကို အမှားလုပ်မိတယ်ဆိုရင်
အဲ့ဒီအမှားရဲ့ နောင်တတရားကို သင်ခံစားရမယ်
လူတစ်ဖက်သားကို နာကျင်စေခဲ့တယ်ဆိုရင်
ထပ်တူညီသော နာကျင်ခြင်းကို သင်လည်းခံစားရမယ်
လူတစ်ဖက်သားကို ပူလောင်စေခဲ့တယ်ဆိုရင်
အေးချမ်းခြင်းရဲ့ အဓိပ္ပါယ်ကို သင်စွန့်လွှတ်ရမယ်
လောကကြီးမှာ ဘယ်လို အရာဖြစ်ဖြစ်
ကိုယ်လုပ်ခဲ့သမျှ ကိုယ့်ဆီကို တနည်းနည်းနဲ့
ပြန်လည်ရိုက်ခတ်စေတာပါပဲ ။
သက်တန့်ချို
21-Sept 2017 #ttcdailyquotes
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Wednesday, September 20, 2017
မှားတဲ့သူက ခေါင်းငုံ့ရစမြဲပါပဲ
လောကကြီးမှာ
မှန်တဲ့လူက ခေါင်းမော့နေရပြီး
မှားတဲ့လူက ခေါင်းငုံ့နေရတယ်ဆိုရင်
အဲ့ဒါ " ဓမ္မ " ပဲ
ဒီလိုမဟုတ်ပဲ
မှန်တဲ့လူက ခေါင်းငုံ့နေရပြီး
မှားတဲ့လူတွေ ခေါင်းမော့နေရတယ်ဆိုရင်
အဲ့ဒါ " အဓမ္မ " ပဲ
ဘယ်လိုဖြစ်ဖြစ် အဆုံးသတ်မှာတောာ့
မှားတဲ့လူဆိုတာ မှန်တဲ့လူကို
ခေါင်းငုံ့အရှုံးပေးရမြဲပါပဲ ။
သက်တန့်ချို
20-Sept 2017 #ttcdailyquotes
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
မှန်တဲ့လူက ခေါင်းမော့နေရပြီး
မှားတဲ့လူက ခေါင်းငုံ့နေရတယ်ဆိုရင်
အဲ့ဒါ " ဓမ္မ " ပဲ
ဒီလိုမဟုတ်ပဲ
မှန်တဲ့လူက ခေါင်းငုံ့နေရပြီး
မှားတဲ့လူတွေ ခေါင်းမော့နေရတယ်ဆိုရင်
အဲ့ဒါ " အဓမ္မ " ပဲ
ဘယ်လိုဖြစ်ဖြစ် အဆုံးသတ်မှာတောာ့
မှားတဲ့လူဆိုတာ မှန်တဲ့လူကို
ခေါင်းငုံ့အရှုံးပေးရမြဲပါပဲ ။
သက်တန့်ချို
20-Sept 2017 #ttcdailyquotes
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Monday, September 18, 2017
အိပ်မက် တမ်းချင်း ...
အိပ်မက် တမ်းချင်း ...
အဆုံးထိမရောက်သေးခင်
ကိုယ်ဟာ အကြိမ်ကြိမ် သေဆုံးခဲ့ရ
ဒါဟာ နောင်တတရားရဲ့ဒါဏ်ပေါ့ကွယ်
ကမ္ဘာဟာ ဝေးတယ်
ပစ္စုပ္ပန်ဟာဝေးတယ်
အချိန်တွေဝေးတယ်
တကယ်ဆို .. အိပ်မက်မက်သူတစ်ယောက်အတွက်
ဒီမြစ်ကျဉ်းထဲ ကိုယ်ဟာ ရှင်သန်ခြင်းတွေ ပွေ့ဖက်
သံယောဇဉ်တွေ နက် တယ် ။
အိပ်ယာဝင်ပုံပြင်တွေထဲက
(ဖီးနစ်ငှက်တစ်ကောင်လို )
ကိုယ်ဟာ မီးပုံထဲခုန်ဆင်း
အသစ်ပြန်လည်မွေးဖွား
သဘာဝတရားကို စိန်ခေါ်ချင်သေးရဲ့
ချစ်ခြင်းတရားရယ် ..
ဥပက္ခာတရားရယ် ။
အကြိမ်ကြိမ်အခါခါ တမ်းတ
ဒါဟာ ..ကိုယ့်အိပ်မက်ထဲက တမ်းချင်းတစ်ပုဒ်ပါ
အသိစိတ်တို့ေ၀၀ါးပျက်စီး
ဒီခရီးနီးမလိုလိုနဲ့
တဖြည်ဖြည်း ဝေးကွာ
ကိုယ်ဟာ အကြိမ်ကြိမ် ဖျားနာခဲ့ရ
အချစ်ရယ် ... ။
စစ်မြေပြင်မှာ ပန်းတွေ မပွင့်တတ်မှန်း
မသိခဲ့ရိုးအမှန်မို့
ကိုယ့်ရင်ဘတ်ထဲ ကြယ်တွေ လင်းလက်နေပုံ ။
ယုံကြည်ပစ်လိုက်ဖို့ကောင်းတယ်
ချစ်ခြင်းတရားရဲ့ တစ်ဖက်စွန်းမှာ
နောင်တတရားနဲ့ အတူ
ယုံကြည်မှုတွေ ရှိနေတယ်ဆိုတာ ... ။
သက်တန့်ချို
18-Aug,2017 #ttcpoems
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
အဆုံးထိမရောက်သေးခင်
ကိုယ်ဟာ အကြိမ်ကြိမ် သေဆုံးခဲ့ရ
ဒါဟာ နောင်တတရားရဲ့ဒါဏ်ပေါ့ကွယ်
ကမ္ဘာဟာ ဝေးတယ်
ပစ္စုပ္ပန်ဟာဝေးတယ်
အချိန်တွေဝေးတယ်
တကယ်ဆို .. အိပ်မက်မက်သူတစ်ယောက်အတွက်
ဒီမြစ်ကျဉ်းထဲ ကိုယ်ဟာ ရှင်သန်ခြင်းတွေ ပွေ့ဖက်
သံယောဇဉ်တွေ နက် တယ် ။
အိပ်ယာဝင်ပုံပြင်တွေထဲက
(ဖီးနစ်ငှက်တစ်ကောင်လို )
ကိုယ်ဟာ မီးပုံထဲခုန်ဆင်း
အသစ်ပြန်လည်မွေးဖွား
သဘာဝတရားကို စိန်ခေါ်ချင်သေးရဲ့
ချစ်ခြင်းတရားရယ် ..
ဥပက္ခာတရားရယ် ။
အကြိမ်ကြိမ်အခါခါ တမ်းတ
ဒါဟာ ..ကိုယ့်အိပ်မက်ထဲက တမ်းချင်းတစ်ပုဒ်ပါ
အသိစိတ်တို့ေ၀၀ါးပျက်စီး
ဒီခရီးနီးမလိုလိုနဲ့
တဖြည်ဖြည်း ဝေးကွာ
ကိုယ်ဟာ အကြိမ်ကြိမ် ဖျားနာခဲ့ရ
အချစ်ရယ် ... ။
စစ်မြေပြင်မှာ ပန်းတွေ မပွင့်တတ်မှန်း
မသိခဲ့ရိုးအမှန်မို့
ကိုယ့်ရင်ဘတ်ထဲ ကြယ်တွေ လင်းလက်နေပုံ ။
ယုံကြည်ပစ်လိုက်ဖို့ကောင်းတယ်
ချစ်ခြင်းတရားရဲ့ တစ်ဖက်စွန်းမှာ
နောင်တတရားနဲ့ အတူ
ယုံကြည်မှုတွေ ရှိနေတယ်ဆိုတာ ... ။
သက်တန့်ချို
18-Aug,2017 #ttcpoems
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Friday, July 14, 2017
ဘယ်တော့မှ အရှုံးမပေးပါနဲ့
လောကဓံကို သည်းမခံနိုင်တာကြောင့်
လောကကြီးကို အရှုံးမပေးလိုက်ပါနဲ့
လောကဓံအကြောင်းကို သင်ယူပြီး
ရင်ဆိုင်နိုင်အောင်သာကြိုးစားပါ
အဆိုးတွေကြုံရတာများနေပြီမို့
ကိုယ်ကျင့်တရားကို လက်လျော့လိုက်ဖို့စဉ်းစားနေပြီလား
အကျင့်သိက္ခာရဲ့ တန်ဖိုးကိုပြန်သတိရပြီး
ဖြောင့်မတ်စွာလျောက်လှမ်းပါ
" ကိုယ့်ဘေးအိမ်က ဆူညံသံတွေကြောင့်
ဘေးအိမ်နဲ့ ရန်ဖြစ်နေစရာမလိုပါဘူး
ကိုယ့်အိမ်တံခါးကို လုံအောင်ပိတ်ထားလိုက်ယုံပါပဲ "
" ကိုယ့်ကိုမကောင်းပြောတဲ့ အတင်းစကားတွေကြောင့်
တလောကလုံးနဲ့ရန်ဖြစ်နေစရာမလိုပါဘူး
ကိုယ့်လမ်းကိုယ် ကောင်းအောင်လျောက်လှမ်းပြလိုက်ပါ "
#သက်တန့်ချို
14.7.2017 #ttcllifequote
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Monday, July 10, 2017
ဘယ်သူ့ကိုမှ အပြစ်မတင်ပါနဲ့
သင့်ဘ၀အခြေအနေအတွက်
ဘယ်သူ့ကိုမှ အပြစ်မတင်ပါနဲ့
သင့်အပေါ်ကောင်းတဲ့လူတွေက
သင့်ကိုပျော်ရွှင်စေလိမ့်မယ်
သင့်အပေါ်မကောင်းတဲ့လူတွေက
သင့်ကို အတွေ့အကြုံတွေ သင်ပေးလိမ့်မယ်
သင့်အပေါ်အဆိုးဆုံးလူတွေက
သင့်ကို သင်ခန်းစာတွေ ပေးလိမ့်မယ်
သင့်အပေါ်အကောင်းဆုံးလူတွေကတော့
သင့်ကို အမှတ်တရတွေ ပေးပါလိမ့်မယ်
တခါတရံမှာ အဆိုးတွေကိုမျက်နှာလွှဲနိုင်လိုက်ခြင်းက
ကိုယ့်ဘ၀ကို အကောင်းဖက်ကို ဦးတည်စေပါတယ် ။
#သက်တန့်ချို
10.7.2017 #ttclifequote
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Subscribe to:
Posts (Atom)




