Thursday, November 7, 2019

ရင်ခုန်သံတွေမအေးခဲဖို့

ရင်ခုန်သံတွေမအေးခဲဖို့

တစ်ဦးနဲ့တစ်ဦးလေးစားပါ
ဘယ်လောက်ပဲ ချစ်တယ်ပြောပြော
လေးစားမှုရှိမှ ခရီးရှည်ကို ဆက်နိုင်ပါမယ် ။

တစ်ဦးနဲ့တစ်ဦး ခွင့်လွှတ်ပါ
ဘယ်လောက်ပဲ မြတ်နိုးတယ်ပြောပြော
ခွင့်လွှတ်ခြင်းမရှိရင် ချစ်ခြင်းမေတ္တာလည်းမရှိပါဘူး ။

တစ်ဦးနဲ့တစ်ဦး သည်းခံပါ
ဘယ်လောက်ပဲ ရင်ခုန်တယ်‌ပြောပြော
သည်းခံခြင်းမရှိရင် ဝေးကွာရတာပါပဲ ။

တစ်ဦးရဲ့ စိတ်ကို တစ်ဦးကမြင်အောင်ကြည့်ပါ
ဘယ်လောက်ပဲ သစ္စာရှိတယ်ပြောပြော
ရိုးသားမှုမရှိရင် သူစိမ်းတွေပါပဲ ။

သက်တန့်ချို
7-Nov-2019
*******************************
ရင္ခုန္သံေတြမေအးခဲဖို႔

တစ္ဦးနဲ႔တစ္ဦးေလးစားပါ
ဘယ္ေလာက္ပဲ ခ်စ္တယ္ေျပာေျပာ
ေလးစားမႈရွိမွ ခရီးရွည္ကို ဆက္ႏိုင္ပါမယ္ ။

တစ္ဦးနဲ႔တစ္ဦး ခြင့္လႊတ္ပါ
ဘယ္ေလာက္ပဲ ျမတ္ႏိုးတယ္ေျပာေျပာ
ခြင့္လႊတ္ျခင္းမရွိရင္ ခ်စ္ျခင္းေမတၱာလည္းမရွိပါဘူး ။

တစ္ဦးနဲ႔တစ္ဦး သည္းခံပါ
ဘယ္ေလာက္ပဲ ရင္ခုန္တယ္‌ေျပာေျပာ
သည္းခံျခင္းမရွိရင္ ေဝးကြာရတာပါပဲ ။

တစ္ဦးရဲ႕ စိတ္ကို တစ္ဦးကျမင္ေအာင္ၾကည့္ပါ
ဘယ္ေလာက္ပဲ သစၥာရွိတယ္ေျပာေျပာ
႐ိုးသားမႈမရွိရင္ သူစိမ္းေတြပါပဲ ။

သက္တန႔္ခ်ိဳ
7-Nov-2019

Wednesday, November 6, 2019

ဘ၀ကိုလက်တွေ့ဖြတ်သန်းတဲ့အခါ

ဘ၀ကို လက်တွေ့ဖြတ်သန်းတဲ့အခါ

ချစ်ပါတယ်ဆိုတာထက်
နားလည်မှု က ပိုအရေးကြီးတယ်

မြတ်နိုးပါတယ်ဆိုတာထက်
အပေးအယူမျှဖို့ကပိုအရေးကြီးတယ်

သတိရပါတယ်ဆိုတာထက်
ရိုးသားဖို့ကပိုအရေးကြီးတယ်

လွမ်းပါတယ်ဆိုတာထက်
သစ္စာရှိဖို့ကပိုအရေးကြီးတယ်

ဂရုစိုက်ပါမယ်ဆိုတာထက်
ခွင့်လွှတ်နိုင်ဖို့ကပိုအရေးကြီးပါတယ် ။

" နှုတ်ဖျားက ချိုသာတဲ့စကားတွေထက်
လက်တွေ့ဆန်တဲ့ ပေးဆပ်နိုင်မှုက ပိုအရေးကြီးပါတယ် "

သက်တန့်ချို
6-Nov-2019
****************************
ဘ၀ကို လက္ေတြ႕ျဖတ္သန္းတဲ့အခါ

ခ်စ္ပါတယ္ဆိုတာထက္
နားလည္မႈ က ပိုအေရးႀကီးတယ္

ျမတ္ႏိုးပါတယ္ဆိုတာထက္
အေပးအယူမွ်ဖို႔ကပိုအေရးႀကီးတယ္

သတိရပါတယ္ဆိုတာထက္
႐ိုးသားဖို႔ကပိုအေရးႀကီးတယ္

လြမ္းပါတယ္ဆိုတာထက္
သစၥာရွိဖို႔ကပိုအေရးႀကီးတယ္

ဂ႐ုစိုက္ပါမယ္ဆိုတာထက္
ခြင့္လႊတ္ႏိုင္ဖို႔ကပိုအေရးႀကီးပါတယ္ ။

" ႏႈတ္ဖ်ားက ခ်ိဳသာတဲ့စကားေတြထက္
လက္ေတြ႕ဆန္တဲ့ ေပးဆပ္ႏိုင္မႈက ပိုအေရးႀကီးပါတယ္ "

သက္တန႔္ခ်ိဳ
6-Nov-2019

Tuesday, November 5, 2019

အာလူး ကြက်ဥ နဲ့ ကော်ဖီ

တစ်ခါတုန်းက သမီးတစ်ဦးက ဖခင်ကို သူ့ဘ၀က ဘယ်လောက်ထိ ခက်ခဲတယ်ဆိုတဲ့အကြောင်း ညည်းညူပြီးပြောဆိုပါတယ် ။ ဘ၀ဟာ ခက်ခဲကြမ်းတမ်းလွန်းတာကြောင့် ဘယ်လို ဖြေရှင်းရမယ်ဆိုတာတောင်မသိတော့တဲ့အကြောင်း နဲ့ ဘ၀ ရဲ့ စိန်ခေါ်မှုတွေကို မောပန်းနေပြီဖြစ်ကြောင်း အချိန်တိုင်း ရုန်းကန်နေရတာ စိတ်ဓါတ်ကျလာပြီဖြစ်ကြောင်းနဲ့ ပြဿနာတစ်ခုဖြေရှင်းပြီးရင် နောက်တစ်ခုက အမြဲစောင့်ကြိုနေတတ်ကြောင်း ဖခင်ကို  ညည်းညူပြောဆိုပါတယ် ။

ဒီအခါ စားဖိုမှုး တစ်ဦးဖြစ်တဲ့ဖခင်ကသမီးဖြစ်သူကို မီးဖိုချောင်ထဲ ခေါ်သွားခဲ့တယ် ။ ပြီးတော့ အိုး ၃ လုံးထဲကို ရေ ပမာဏအတူတူထည့်ပြီး မီး ပမာဏ အတူတူပေးပြီး တည်ခဲ့တယ် ။ ဒီလိုနဲ့ အိုး ၃ လုံးဟာ စပြီး ဆူပွက်လာပြီဆိုတာနဲ့ အိုး ၁ လုံးထဲကို အာလူး ထည့်တယ် နောက် အိုး ၁ လုံးထဲကို ကြက်ဥ ထည့်တယ် နောက်ဆုံးအိုးထဲကိုတော့ ကော်ဖီစေ့တွေ ထည့်ခဲ့တယ် ။

ပြီးတော့ ဖခင်စားဖိုမှူးဟာ သူ့သမီးဖြစ်သူကို ဘာစကားတစ်ခွန်းမှမပြောပဲ ဆူပွက်နေတဲ့ အိုး ၃ လုံးကို ထိုင်ကြည့်စေခဲ့တယ် ။ သမီးဖြစ်သူကတော့ စိတ်မရှည်စွာနဲ့ညည်းညူပြီး သူ့ အဖေ ဘာလုပ်နေတာလဲဆိုတာ စောင့်ကြည့်နေပါသတဲ့ ။ မိနစ် ၂၀ လောက်ကြာပြီးတဲ့အခါမှာ သူဟာ မီးဖိုတွေကို ပိတ်လိုက်ပါတော့တယ် ။ ပြီးတော့ အိုးထဲကနေ အာလူးတွေကို ယူတယ် ပန်းကန်လုံးထဲထည့်တယ် ။ ကြက်ဥကို ဆယ်ယူတယ် ပန်းကန်လုံးထဲထည့်တယ် ပြီးတော့ ကော်ဖီရေတွေကို ခပ်လိုက်ပြီး ခွက်တစ်ခုထဲထည့်လိုက်တယ် ။

သမီးဖြစ်သူဖက်လှည့်ပြီးမေးတယ် " သမီး အခု ဘာမြင်ရလဲ "

" အာလူး ၊ ကြက်ဥ နဲ့ကော်ဖီပါ " လို့သမီးဖြစ်သူက ချက်ချင်းပြန်ဖြေတယ် ။ " သေချာအနီးကပ်ကြည့်ပါဦး " ဖခင်ကပြောတယ် " အာလူးကို ထိကြည့်လိုက်ပါ " သမီးဖြစ်သူက အာလုံးကို လက်နဲ့ထိကြည့်လိုက်တော့ နူးညံ့ပျော့ပြောင်းနေတာကိုတွေ့ရတယ် ။ ဖခင်က ကြက်ဥကိုယူပြီး ခွဲကြည့်ပါလို့ပြောတယ် ။ သမီးဖြစ်သူက ကြက်ဥကိုယူပြီး အခွံတွေခွဲလိုက်တဲ့အခါ အထဲမှာ မာကျောတဲ့ကြက်ဥကိုတွေ့လိုက်ရတယ် ။ နောက်ဆုံး ဖခင်က ကော်ဖီတစ်ငုံလောက်သောက်ကြည့်ပါလို့ပြောတယ် ။ သမီးဖြစ်သူက သောက်ကြည့်တဲ့အခါ အလွန်မွှေးကြိုင်တဲ့ကော်ဖီရနံ့ကြောင့် သူမ မျက်နှာမှာ အပြုံးလေးတွေသမ်းသွားခဲ့တယ် ။

" အဖေ အဲ့ဒါတွေက ဘာအဓိပ္ပါယ်တွေလဲ " ဖခင်ဖြစ်သူက သမီးကို ကြင်နာစွာ ကြည့်ရင်းဖြေတယ် ။

" သမီး နားထောင်နော် အာလူး ကြက်ဥနဲ့ ကော်ဖီစေ့တွေဟာ ရေနွေးပူပူထဲမှာ အနေအထားအတူတူ နဲ့အပူချိန်အတူတူ အချိန်အတူတူ ထည့်ထားခြင်းခံရတယ်

အာလူးဟာ အစပိုင်းက မာကျောတယ် သန်မာတယ် ကျစ်လစ်တယ်ထင်ရတယ် ဒါပေမယ့် ရေပူနဲ့တွေ့တဲ့အခါ ပျော့ပြောင်းပြီး အားနည်းသွားခဲ့တယ်

ကြက်ဥကတော့ ကွဲအက်လွယ်တယ် သူ့အတွင်းပိုင်းအရည်နဲ့အနှစ်ကို အပြင်ခွံပါးပါးလေးနဲ့ ဖုံးအုပ်ထားပေမယ့် တကယ့် ရေပူနဲ့တွေ့တဲ့အခါ အတွင်းထဲက ကြက်ဥဟာ မာကြောလာခဲ့ရတယ်

ဒါပေမယ့် ကော်ဖီစေ့ကတော့ ထူးခြားတယ် သူဟာ ရေပူနဲ့ထိတွေ့တဲ့အခါ အဲ့ဒီ သူ့ကိုပူလောင်စေတဲ့ရေကို မွှေးပျံ့တဲ့ ရနံ့နဲ့အရသာရှိတဲ့ ကော်ဖီရည်အဖြစ်ကို ပြောင်းလဲ ဖန်တီးလိုက်တယ်

ဒီတော့ သမီးကရော ... ဘယ်လို လူစားမျိုးလဲကွယ် အခက်အခဲနဲ့ ဆင်းရဲဒုက္ခတွေက သမီးအိမ်တံခါးကို လာခေါက်တဲ့အခါ အာလူးလို တုန့်ပြန်မလား ကြက်ဥလို တုန့်ပြန်မလား ကော်ဖီစေ့လို တုန့်ပြန်မလား " လို့ ပြောလိုက်တဲ့အခါ မှာတော့ သမီးဖြစ်သူဟာ အရာရာကို နားလည်သဘောပေါက်သွားခဲ့ပါတော့တယ် ။

-------------------------------

အခက်အခဲဖြစ်ခြင်းက သင့်ကိုပျော့ညံ့စေတာမဟုတ်ဘူး

ဒါဏ်ရာနဲ့ နာကျင်မှုတွေက သင့်ကိုရှုံးနိမ့်စေတာမဟုတ်ဘူး

ဆင်းရဲဒုက္ခတွေက သင့်ကို လဲပြိုစေတာမဟုတ်ဘူး

လောကဓံကို ဘယ်လို တုန့်ပြန်မလဲဆိုတာက .. သင့်အပေါ်မှာပဲမူတည်ပါတယ် ။

" ဘယ်လောက်ပဲ အတားအဆီးတွေရှိရှိ
မုန်တိုင်းလွန်ရာ အရပ်ကို ထိုးဖောက်ပျံသန်းဖို့က ကိုယ့်တာဝန်ပဲမဟုတ်လား "

သက်တန့်ချို
5-Nov 2019

************************
တစ္ခါတုန္းက သမီးတစ္ဦးက ဖခင္ကို သူ႔ဘ၀က ဘယ္ေလာက္ထိ ခက္ခဲတယ္ဆိုတဲ့အေၾကာင္း ညည္းညဴၿပီးေျပာဆိုပါတယ္ ။ ဘ၀ဟာ ခက္ခဲၾကမ္းတမ္းလြန္းတာေၾကာင့္ ဘယ္လို ေျဖရွင္းရမယ္ဆိုတာေတာင္မသိေတာ့တဲ့အေၾကာင္း နဲ႔ ဘ၀ ရဲ႕ စိန္ေခၚမႈေတြကို ေမာပန္းေနၿပီျဖစ္ေၾကာင္း အခ်ိန္တိုင္း ႐ုန္းကန္ေနရတာ စိတ္ဓါတ္က်လာၿပီျဖစ္ေၾကာင္းနဲ႔ ျပႆနာတစ္ခုေျဖရွင္းၿပီးရင္ ေနာက္တစ္ခုက အၿမဲေစာင့္ႀကိဳေနတတ္ေၾကာင္း ဖခင္ကို  ညည္းညဴေျပာဆိုပါတယ္ ။

ဒီအခါ စားဖိုမႈး တစ္ဦးျဖစ္တဲ့ဖခင္ကသမီးျဖစ္သူကို မီးဖိုေခ်ာင္ထဲ ေခၚသြားခဲ့တယ္ ။ ၿပီးေတာ့ အိုး ၃ လုံးထဲကို ေရ ပမာဏအတူတူထည့္ၿပီး မီး ပမာဏ အတူတူေပးၿပီး တည္ခဲ့တယ္ ။ ဒီလိုနဲ႔ အိုး ၃ လုံးဟာ စၿပီး ဆူပြက္လာၿပီဆိုတာနဲ႔ အိုး ၁ လုံးထဲကို အာလူး ထည့္တယ္ ေနာက္ အိုး ၁ လုံးထဲကို ၾကက္ဥ ထည့္တယ္ ေနာက္ဆုံးအိုးထဲကိုေတာ့ ေကာ္ဖီေစ့ေတြ ထည့္ခဲ့တယ္ ။

ၿပီးေတာ့ ဖခင္စားဖိုမႉးဟာ သူ႔သမီးျဖစ္သူကို ဘာစကားတစ္ခြန္းမွမေျပာပဲ ဆူပြက္ေနတဲ့ အိုး ၃ လုံးကို ထိုင္ၾကည့္ေစခဲ့တယ္ ။ သမီးျဖစ္သူကေတာ့ စိတ္မရွည္စြာနဲ႔ညည္းညဴၿပီး သူ႔ အေဖ ဘာလုပ္ေနတာလဲဆိုတာ ေစာင့္ၾကည့္ေနပါသတဲ့ ။ မိနစ္ ၂၀ ေလာက္ၾကာၿပီးတဲ့အခါမွာ သူဟာ မီးဖိုေတြကို ပိတ္လိုက္ပါေတာ့တယ္ ။ ၿပီးေတာ့ အိုးထဲကေန အာလူးေတြကို ယူတယ္ ပန္းကန္လုံးထဲထည့္တယ္ ။ ၾကက္ဥကို ဆယ္ယူတယ္ ပန္းကန္လုံးထဲထည့္တယ္ ၿပီးေတာ့ ေကာ္ဖီေရေတြကို ခပ္လိုက္ၿပီး ခြက္တစ္ခုထဲထည့္လိုက္တယ္ ။

သမီးျဖစ္သူဖက္လွည့္ၿပီးေမးတယ္ " သမီး အခု ဘာျမင္ရလဲ "

" အာလူး ၊ ၾကက္ဥ နဲ႔ေကာ္ဖီပါ " လို႔သမီးျဖစ္သူက ခ်က္ခ်င္းျပန္ေျဖတယ္ ။ " ေသခ်ာအနီးကပ္ၾကည့္ပါဦး " ဖခင္ကေျပာတယ္ " အာလူးကို ထိၾကည့္လိုက္ပါ " သမီးျဖစ္သူက အာလုံးကို လက္နဲ႔ထိၾကည့္လိုက္ေတာ့ ႏူးညံ့ေပ်ာ့ေျပာင္းေနတာကိုေတြ႕ရတယ္ ။ ဖခင္က ၾကက္ဥကိုယူၿပီး ခြဲၾကည့္ပါလို႔ေျပာတယ္ ။ သမီးျဖစ္သူက ၾကက္ဥကိုယူၿပီး အခြံေတြခြဲလိုက္တဲ့အခါ အထဲမွာ မာေက်ာတဲ့ၾကက္ဥကိုေတြ႕လိုက္ရတယ္ ။ ေနာက္ဆုံး ဖခင္က ေကာ္ဖီတစ္ငုံေလာက္ေသာက္ၾကည့္ပါလို႔ေျပာတယ္ ။ သမီးျဖစ္သူက ေသာက္ၾကည့္တဲ့အခါ အလြန္ေမႊးႀကိဳင္တဲ့ေကာ္ဖီရနံ႔ေၾကာင့္ သူမ မ်က္ႏွာမွာ အၿပဳံးေလးေတြသမ္းသြားခဲ့တယ္ ။

" အေဖ အဲ့ဒါေတြက ဘာအဓိပၸါယ္ေတြလဲ " ဖခင္ျဖစ္သူက သမီးကို ၾကင္နာစြာ ၾကည့္ရင္းေျဖတယ္ ။

" သမီး နားေထာင္ေနာ္ အာလူး ၾကက္ဥနဲ႔ ေကာ္ဖီေစ့ေတြဟာ ေရေႏြးပူပူထဲမွာ အေနအထားအတူတူ နဲ႔အပူခ်ိန္အတူတူ အခ်ိန္အတူတူ ထည့္ထားျခင္းခံရတယ္

အာလူးဟာ အစပိုင္းက မာေက်ာတယ္ သန္မာတယ္ က်စ္လစ္တယ္ထင္ရတယ္ ဒါေပမယ့္ ေရပူနဲ႔ေတြ႕တဲ့အခါ ေပ်ာ့ေျပာင္းၿပီး အားနည္းသြားခဲ့တယ္

ၾကက္ဥကေတာ့ ကြဲအက္လြယ္တယ္ သူ႔အတြင္းပိုင္းအရည္နဲ႔အႏွစ္ကို အျပင္ခြံပါးပါးေလးနဲ႔ ဖုံးအုပ္ထားေပမယ့္ တကယ့္ ေရပူနဲ႔ေတြ႕တဲ့အခါ အတြင္းထဲက ၾကက္ဥဟာ မာေၾကာလာခဲ့ရတယ္

ဒါေပမယ့္ ေကာ္ဖီေစ့ကေတာ့ ထူးျခားတယ္ သူဟာ ေရပူနဲ႔ထိေတြ႕တဲ့အခါ အဲ့ဒီ သူ႔ကိုပူေလာင္ေစတဲ့ေရကို ေမႊးပ်ံ႕တဲ့ ရနံ႔နဲ႔အရသာရွိတဲ့ ေကာ္ဖီရည္အျဖစ္ကို ေျပာင္းလဲ ဖန္တီးလိုက္တယ္

ဒီေတာ့ သမီးကေရာ ... ဘယ္လို လူစားမ်ိဳးလဲကြယ္ အခက္အခဲနဲ႔ ဆင္းရဲဒုကၡေတြက သမီးအိမ္တံခါးကို လာေခါက္တဲ့အခါ အာလူးလို တုန႔္ျပန္မလား ၾကက္ဥလို တုန႔္ျပန္မလား ေကာ္ဖီေစ့လို တုန႔္ျပန္မလား " လို႔ ေျပာလိုက္တဲ့အခါ မွာေတာ့ သမီးျဖစ္သူဟာ အရာရာကို နားလည္သေဘာေပါက္သြားခဲ့ပါေတာ့တယ္ ။

-------------------------------

အခက္အခဲျဖစ္ျခင္းက သင့္ကိုေပ်ာ့ညံ့ေစတာမဟုတ္ဘူး

ဒါဏ္ရာနဲ႔ နာက်င္မႈေတြက သင့္ကိုရႈံးနိမ့္ေစတာမဟုတ္ဘူး

ဆင္းရဲဒုကၡေတြက သင့္ကို လဲၿပိဳေစတာမဟုတ္ဘူး

ေလာကဓံကို ဘယ္လို တုန႔္ျပန္မလဲဆိုတာက .. သင့္အေပၚမွာပဲမူတည္ပါတယ္ ။

" ဘယ္ေလာက္ပဲ အတားအဆီးေတြရွိရွိ
မုန္တိုင္းလြန္ရာ အရပ္ကို ထိုးေဖာက္ပ်ံသန္းဖို႔က ကိုယ့္တာဝန္ပဲမဟုတ္လား "

သက္တန႔္ခ်ိဳ
5-Nov 2019

Monday, November 4, 2019

အရှံးမပေးပါနဲ့

ဘာအတွက်နဲ့မှ စိတ်ဓါတ်မကျပါနဲ့
အခက်အခဲတွေက သင့်စိတ်ကို မာကြောအောင်လေ့ကျင့်ပေးနေတာပါ

ဘာအတွက်မှ စိတ်မညစ်ပါနဲ့
ပြဿနာတွေက သင့်ကို ခံနိုင်ရည်ရှိမရှိ စမ်းသပ်နေတာပါ

ဘာအတွက်မှ အရှုံးမပေးပါနဲ့
ဘ၀ဆိုတာ ...
အဆိုးဆုံးကြုံတွေ့နိုင်သလို
အကောင်းဆုံးလည်း ကြုံတွေ့နိုင်ပါတယ်

စိတ်ဓါတ်ပျော့ညံ့သူက ၂ ခါရှုံးရတယ်
နောက်ဆုတ်လိုက်တဲ့သူက အကြိမ်ကြိမ်ရှုံးရတယ်
အရှုံးပေးလိုက်တဲ့သူက တစ်သက်လုံးရှုံးနေရလိမ့်မယ်

ဘ၀မှာ ရဲရဲရင့်ရင့်ရှင်သန်ချင်တယ်ဆိုရင်
Do or Die ပါပဲ

" ဖိအားတွေဒါဏ်ကို မခံနိုင်ပဲနဲ့
သင်... စိန်ကောင်းတစ်ပွင့်ဖြစ်လာမှာမဟုတ်ဘူး "

သက်တန့်ချို
4-Nov 2019
******************************
ဘာအတြက္နဲ႔မွ စိတ္ဓါတ္မက်ပါနဲ႔
အခက္အခဲေတြက သင့္စိတ္ကို မာေၾကာေအာင္ေလ့က်င့္ေပးေနတာပါ

ဘာအတြက္မွ စိတ္မညစ္ပါနဲ႔
ျပႆနာေတြက သင့္ကို ခံႏိုင္ရည္ရွိမရွိ စမ္းသပ္ေနတာပါ

ဘာအတြက္မွ အရႈံးမေပးပါနဲ႔
ဘ၀ဆိုတာ ...
အဆိုးဆုံးႀကဳံေတြ႕ႏိုင္သလို
အေကာင္းဆုံးလည္း ႀကဳံေတြ႕ႏိုင္ပါတယ္

စိတ္ဓါတ္ေပ်ာ့ညံ့သူက ၂ ခါရႈံးရတယ္
ေနာက္ဆုတ္လိုက္တဲ့သူက အႀကိမ္ႀကိမ္ရႈံးရတယ္
အရႈံးေပးလိုက္တဲ့သူက တစ္သက္လုံးရႈံးေနရလိမ့္မယ္

ဘ၀မွာ ရဲရဲရင့္ရင့္ရွင္သန္ခ်င္တယ္ဆိုရင္
Do or Die ပါပဲ

" ဖိအားေတြဒါဏ္ကို မခံႏိုင္ပဲနဲ႔
သင္... စိန္ေကာင္းတစ္ပြင့္ျဖစ္လာမွာမဟုတ္ဘူး "

သက္တန႔္ခ်ိဳ
4-Nov 2019

Friday, November 1, 2019

ကျီးကန်း ၊ ခွေးနဲ့ကြက်ဥ

ကြားဖူးတဲ့ပုံပြင်လေးက ဒီလိုပါ

တောထဲမှာ ကျီးကန်းတစ်ကောင်ရှိသတဲ့
အဲ့ဒီကျီးကန်းက သူရှာတွေ သမျှ အစားအစာတွေထဲမှာ ကြက်ဥ ကိုမကြိုက်ပါဘူး
ဒီတော့ ကျီးကန်းက အမြဲပဲ သူရှာတဲ့အစားအစာတွေထဲကကြက်ဥကို သူ့သစ်ပင်အောက်ခြေမှာ လာလာအိပ်နေတဲ့ ခွေးကိုကျွေးလေ့ရှိတယ်
ခွေးကလည်း ကျီးကန်းကို ကျေးဇူးတင်စကားဆိုပါတယ်
ဒီလိုနဲ့ အကျင့်ဖြစ်ဖြစ်လာတော့ ကြာလာတဲ့အခါ ခွေးရဲ့စိတ်ထဲမှာ ကျီးကန်းဟာ သူ့ကို ကြက်ဥ ပေးကိုပေးရမယ်လို့ထင်မှတ်လာသတဲ့ ။
ဒီလိုနဲ့ တစ်နေ့မှာ ...
ကျီးကန်းက သူ့အစားအစာတွေထဲက ကြက်ဥကို ငါးကိုကျွေးလိုက်တယ်
အဲဒီအခါ ခွေးဟာ ကျီးကန်းကိုမကျေနပ်တော့ပဲ မခေါ်မပြောပဲ နေပါတော့တယ်
တကယ်တော့ခွေးဟာ အစကတည်းက ကြက်ဥသည်ကျီးကန်းရှာဖွေထားတဲ့အတွက်ကျီးကန်းပိုင်တယ် သူ့မှာ ဘယ်သူ့ကို ပေးမလဲဆိုတဲ့ ဆုံးဖြတ်ပိုင်ခွင့်ရှိတာကို မေ့သွားတာဖြစ်ပါတယ် ။
ဒီလိုနဲ့ပဲ ခွေးနဲ့ကျီးကန်းဟာ မိတ်ပျက်ပြီး အခေါ်အပြောမလုပ်ကြတော့ပါဘူး ။
^^^^^^^^^^^^^^^^^^^^^^^^^
သင့်အပေါ်ကောင်းနေတဲ့လူတွေ တစ်နေ့မှာ ပျက်ကွက်ခဲ့ရင် မငြူစူပါနဲ့
သင့်အပေါ်ကောင်းပေးဖို့ သူတို့မှာ တာဝန်မရှိပါဘူး ။

သင့်အပေါ် စေတနာထားတဲ့လူတွေ တစ်နေ့မှာ ပျက်ကွက်ခဲ့ရင် မကျေမနပ်မဖြစ်ပါနဲ့
သင့်အပေါ် စေတနာထားဖို့ သူတို့မှာတာဝန်မရှိပါဘူး ။

ကိုယ့်အပေါ်ကိုကောင်းခြင်းဆိုးခြင်းတွေကို အကျင့်မဖြစ်မိပါစေနဲ့
သင့်အပေါ်ကောင်းဖို့ ဆိုးဖို့ဆိုတာ ဘယ်သူ့မှာမှ တာဝန်မရှိပါဘူး ။

ဘယ်အချိန် ခွဲရမလဲမသိတဲ့ လူ့ဘ၀တိုတိုလေးမှာ
ကျေးဇူးတရားကို သိတတ်ပြီးအမှတ်ရနေမှသာ လူပီသပါလိမ့်မယ် ။

သက်တန့်ချို
1st-Nov 2019
------------------------------------------------------------
ၾကားဖူးတဲ့ပုံျပင္ေလးက ဒီလိုပါ

ေတာထဲမွာ က်ီးကန္းတစ္ေကာင္ရွိသတဲ့
အဲ့ဒီက်ီးကန္းက သူရွာေတြ သမွ် အစားအစာေတြထဲမွာ ၾကက္ဥ ကိုမႀကိဳက္ပါဘူး
ဒီေတာ့ က်ီးကန္းက အၿမဲပဲ သူရွာတဲ့အစားအစာေတြထဲကၾကက္ဥကို သူ႔သစ္ပင္ေအာက္ေျခမွာ လာလာအိပ္ေနတဲ့ ေခြးကိုေကြၽးေလ့ရွိတယ္
ေခြးကလည္း က်ီးကန္းကို ေက်းဇူးတင္စကားဆိုပါတယ္
ဒီလိုနဲ႔ အက်င့္ျဖစ္ျဖစ္လာေတာ့ ၾကာလာတဲ့အခါ ေခြးရဲ႕စိတ္ထဲမွာ က်ီးကန္းဟာ သူ႔ကို ၾကက္ဥ ေပးကိုေပးရမယ္လို႔ထင္မွတ္လာသတဲ့ ။
ဒီလိုနဲ႔ တစ္ေန႔မွာ ...
က်ီးကန္းက သူ႔အစားအစာေတြထဲက ၾကက္ဥကို ငါးကိုေကြၽးလိုက္တယ္
အဲဒီအခါ ေခြးဟာ က်ီးကန္းကိုမေက်နပ္ေတာ့ပဲ မေခၚမေျပာပဲ ေနပါေတာ့တယ္
တကယ္ေတာ့ေခြးဟာ အစကတည္းက ၾကက္ဥသည္က်ီးကန္းရွာေဖြထားတဲ့အတြက္က်ီးကန္းပိုင္တယ္ သူ႔မွာ ဘယ္သူ႔ကို ေပးမလဲဆိုတဲ့ ဆုံးျဖတ္ပိုင္ခြင့္ရွိတာကို ေမ့သြားတာျဖစ္ပါတယ္ ။
ဒီလိုနဲ႔ပဲ ေခြးနဲ႔က်ီးကန္းဟာ မိတ္ပ်က္ၿပီး အေခၚအေျပာမလုပ္ၾကေတာ့ပါဘူး ။
^^^^^^^^^^^^^^^^^^^^^^^^^
သင့္အေပၚေကာင္းေနတဲ့လူေတြ တစ္ေန႔မွာ ပ်က္ကြက္ခဲ့ရင္ မျငဴစူပါနဲ႔
သင့္အေပၚေကာင္းေပးဖို႔ သူတို႔မွာ တာဝန္မရွိပါဘူး ။

သင့္အေပၚ ေစတနာထားတဲ့လူေတြ တစ္ေန႔မွာ ပ်က္ကြက္ခဲ့ရင္ မေက်မနပ္မျဖစ္ပါနဲ႔
သင့္အေပၚ ေစတနာထားဖို႔ သူတို႔မွာတာဝန္မရွိပါဘူး ။

ကိုယ့္အေပၚကိုေကာင္းျခင္းဆိုးျခင္းေတြကို အက်င့္မျဖစ္မိပါေစနဲ႔
သင့္အေပၚေကာင္းဖို႔ ဆိုးဖို႔ဆိုတာ ဘယ္သူ႔မွာမွ တာဝန္မရွိပါဘူး ။

ဘယ္အခ်ိန္ ခြဲရမလဲမသိတဲ့ လူ႔ဘ၀တိုတိုေလးမွာ
ေက်းဇူးတရားကို သိတတ္ၿပီးအမွတ္ရေနမွသာ လူပီသပါလိမ့္မယ္ ။

သက္တန႔္ခ်ိဳ
1st-Nov 2019