Thursday, June 24, 2010

ဒီလိုလုပ်ရဲလား

ဒီလိုလုပ်ရဲလား

စတန့်ထွင်တာကို ၀ါသနာပါသူတွေအတွက် ဒီလို စွန့်စား မှုတွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ် ။ တောင် ထိပ် ပေါ်မှာ အသည်းတယားယားနဲ့ သက်စွန့်ဆံဖျား စတန့်ထွင်ရမယ့် အလုပ်ကတော့ မလွယ်လှပါဘူး ။အသက် အန္တရာယ် အရမ်းနီးပြီး လိုအပ်ရင် အသက်ကိုတောင် စတေးရမှာ ဖြစ်ပါတယ် ။ ကဲ သည်းထိတ်ရင်ဖို စွန့်စား ခန်းများကို အတူတူခံစားကြည့်လိုက်ရအောင် ။

အင်း.. တောင်အောက်ကို ပြုတ်သာကျရင်တော့လား....။

လှေကားထိပ်မှ စတန့်ထွင်မှု တရပ်ပဲ ဖြစ်ပါတယ် ။

ဒီလို ၀ရံတာပေါ်ထောက်ပြီး စတန့်ထွင်ရဲကြပါသလား ။

ကြိုးတန်းပေါ်မှာ လမ်းလျောက်ကြမယ် ။

ဝိုး......မျှော်စင်ထိပ်ဖျားမှာနော်...။

ချော်သာကျသွားရင်တော့လား...။

ထွင်တာထွင်တာ....ဒီလိုလမ်းလျောက်တတ်ပါတယ်တဲ့ ။

အော်.. ဆော့စရာရှားလို့နော်.. ငါ့နှယ် ။

ရိုးရိုးတောင်မနည်းဖြတ်ရမှာ သူကတော့ စက်ဘီးနဲ့တောင်ဖြတ်လိုက်သေး ။

ဝါး....ကြိုးတန်းပေါ် စက်ဘီးနင်းပြတာနော်... ။

သက်တန့်ချို
23 June 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, June 23, 2010

ကမ္ဘာ့ဈေးအကြီးဆုံး Bus

ကမ္ဘာ့ဈေးအကြီးဆုံး Bus


ကမ္ဘာ ပေါ်မှာ ဈေးအကြီးမားဆုံး ဘတ်စ်ကားဖြစ်ပါတယ် ။ ဒီ ဒီဇိုင်းကို တီထွင်ပြုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ ဆော်ဒီ အာရေဗြ နိုင်ငံရဲ့ President ဖြစ်တဲ့ Prince Sultan Bin Fahd အတွက်ပဲ ဖြစ်ပါတယ် ။ ဒီ President ဟာ လေယဉ်စီးဖို့ကိုလည်း မနှစ်သက်ဖူးလို့ ဆိုပါတယ် ။ ကဲ ဈေးအကြီးဆုံး ဘတ်စ်ရဲ့ အတွင်းပိုင်း ပြင်ဆင် မှုလေးကို လေ့လာကြည့်ရအောင် ။











သက်တန့်ချို
23 June 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, June 22, 2010

မုန်တိုင်းကြားထဲက သင်္ဘော

မုန်တိုင်းကြားထဲက သင်္ဘော


ဝိုး.............မုန်တိုင်းကြားထဲမှာ သဘောင်္တစ်စီးရဲ့ ဖြစ်ပျက်နေမှုကို မှတ်တမ်းတင်ထားတဲ့ ဓါတ်ပုံတွေပဲ ဖြစ်ပါတယ် ။ မမြင်ဖူးသူတွေအဖို့တော့ ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းပေမယ့် သဘောင်္သား တွေအတွက်က တော့ ဒါဟာ အမြဲကြုံတွေ့နေကြ ဖြစ်စဉ်တစ်ခုပဲ ဖြစ်ပါတယ် ။ ကိုယ့်ဆွေမျိုး အကို ညီတွေထဲမှာ သဘောင်္သား တွေများရှိခဲ့ရင် ဒီဓါတ်ပုံလေးတွေကြည့်ချင်းအားဖြင့် သူတို့ဟာ အသက်အန္တရာယ်ဘယ်လောက်ထိနီးစပ်ပြီး စီးပွားရှာကြ ရတယ်ဆိုတာကို ထင်ဟပ်ပြစေနိုင်ပါတယ် ။ ကြောက်ရွံ့ထိတ်လန့်ဖွယ်ကောင်းတဲ့ လှိုင်းကြီး လှေကြီး ထဲက သဘောင်္တစ်စင်းကို ရိုက်ပြထားခြင်းပဲ ဖြစ်ပါတယ် ။ ကဲ ကျွန်တော်တို့လည်း သဘောင်္သား တွေနေရာ ကနေ ၀င်ပြီး ခံစားကြည့်လိုက်ကြပါစို့ ။











သက်တန့်ချို
22 June 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, June 21, 2010

ညီမလေးဖတ်ဖို့ (၂)

ညီမလေးဖတ်ဖို့ (၂)



သို့

ညီမလေးရေ...

မိုးတွေကလည်း အုံ့အုံ့သည်းသည်း ကောင်းကင်တခွင်လုံး မှောင်မှိုင်းညှို့လို့....။ မိုးစက်သံတွေ တဖြောက် ဖြောက်ကိုငေးရင်း ညီမလေးအတွက် စာတစ်ပုဒ်ကို ရေးလိုက်ပါတယ် ။ တို့တွေနေထိုင်တဲ့ လောကကြီးက တခါတ ခါတော့လည်း ရီချင်စရာ အကောင်းသားကွဲ့ ။ ဖြစ်ချင်တဲ့ ဘ၀မှာထက် ဖြစ်နေတဲ့ ဘ၀မှာပဲ အသား ကျစီးမျောနေရသူတွေ ကိုယ်သွားချင်နေတဲ့လမ်းထက် သွားသင့်တဲ့လမ်းကို ရွေးချယ်လိုက်ရသူတွေ အို... ဒုနဲ့ဒေးပေါ့ ။ အဲဒီလို ထော်လော်ကန့်လန့်နဲ့ ဘ၀ဆိုတဲ့ အင်္ကျီကြီး ၀တ်ပြီး ခပ်တည်တည် ချီတက်နေကြတဲ့ လူသား တွေထဲမှာ တို့တွေလည်း အပါအ၀င်ပေါ့ ။ အခုဆို ညီမလေးဟာ အသက် ၂၀ ၀န်းကျင်ဆိုတော့ လောက ကြီးအကြောင်း ဘာမှမသိသေးတဲ့ သူငယ်နှပ်စားလေး တယောက်မဟုတ်သလို လောကကြီးအကြောင်း နောကြေ အောင်သိတဲ့ လူကြီး တစ်ယောက်လည်း မဟုတ်ပြန်ဘူး ။ ဒါပေမယ့် ဒီအရွယ်ဆိုတာ လောကမှာ ဘယ်လို ခံယူချက်တွေကို လိုက်နာ ကျင့်သုံးရမလည်းဆိုတဲ့အတွေးတော့ စပြီးကိန်းဝပ်နေသင့်ပြီပေါ့ ။

လောကကြီး ဟာ တကယ်တော့ ပဉ္စလက်ဆန်တယ် ညီမလေးရေ ။ မျက်လှည့်ပြတာလည်း သိပ်ကို ကျွမ်းကျင်ပေါ့ ။ တခဏလေးအတွင်းမှာပဲ အရမ်းချမ်းသာတဲ့ လူတစ်ယောက်ကို ၀ုန်းကနဲ ဆင်းရဲသား လေး ဖြစ်အောင် ဆင်းရဲသားလေးတစ်ယောက်ကို ၀ုန်းကနဲ ချမ်းသာသွားအောင် ကျန်းမာနေတဲ့ လူတစ်ယောက်ကို စက္ကန့်ပိုင်း အတွင်း ရောဂါတွေ ဖိစီးလာအောင် သူကစွမ်းဆောင်ပေးနိုင်တယ် ညီမလေး.. ။ ဒါ့ကြောင့် တချို့ကပြောတာပေါ့ ။ လောကကို အရွဲ့မတိုက်နဲ့ လောကအမှန်တရားဆိုတာ ရှိတယ်တဲ့ ။ စိတ်ထားကောင်းပြီး ခံယူချက်မှန်တဲ့ လူကို လောကတရားက စောင့်ရှောက်လေ့ရှိသလို စိတ်ထားယုတ်ညံ့ပြီး ခံယူချက်မမှန်တဲ့ လူကို လောကတရားက ဒါဏ်ခတ်လေ့ရှိတယ် ။ အဲဒီသဘောတရားနဲ့ ပတ်သတ်ပြီး ညီမလေးကို အကိုဖတ်ခဲ့ဖူးတဲ့ ပုံပြင်လေးတစ်ပုဒ် ပြောပြချင်ပါတယ် ။ နား မျက်စိနဲ့ ခံစားတာထက် နှလုံးသားနဲ့ ခံစားပေးပါညီမလေး ။

ဟိုး တချိန်တုန်းကပေါ့ ... မြို့လေးတစ်မြို့ ရှိသတဲ့ ။ အဲဒီမြို့လေးမှာ ဆေးရုံ ဆေးခန်း ကစားကွင်း ပန်းခြံနဲ့ နေချင့် စဖွယ် ကောင်းတဲ့ မြို့လေးတစ်မြို့ ဖြစ်တာကြောင့် စဉ်ဆက်မပြတ် စည်ကားလျှက်ရှိတာပေါ့ ။ ဒါပေမယ့် အဲဒီမြို့ က လူတွေဟာ မြို့ရဲ့ အနောက်ဖက် ကိုတော့ ယောင်လို့တောင် မသွားကြပါဘူး ။ ဒါကြောင့် မြို့လေးရဲ့ အနောက် ဖက်ပိုင်းဟာ တိတ်ဆိတ် ခြောက်ကပ်နေတာပေါ့ ။ အကြောင်းရင်းကတော့ အဲဒီမြို့လေး ရဲ့အ နောက်ဖက်မှာ လူ့လောကရဲ့ နောက်ဆုံးနေ၀င်ချိန်တွေ ၊ မျှော်လင့်ချက် ကင်းမဲ့နေတဲ့ လူသားတွေ သေမယ့် ရက်ကို စောင့်စားနေရတဲ့ လူနာတွေ( ဥပမာ ကင်ဆာရောဂါ ခံစားနေရပြီး နောက်ဆုံး အချိန်ရောက်နေတဲ့သူ ) တွေကို သီးသန့်ထားတဲ့ ဆေးရုံတစ်ရုံ ရှိတယ်တဲ့ ။ အဲဒီဆေးရုံမှာ လူနာ ၁၀ ယောက်လောက်ရှိသတဲ့ ။ သူတို့တွေရဲ့ မျက်နှာဟာ အစဉ်သဖြင့် ညှိုးနွမ်းနေတတ်ပြီး မျက်နှာမှာ ပျော်ရွှင်ခြင်း ၀မ်းနည်းခြင်း ပူဆွေး သောကရောက်ခြင်း စတဲ့ ခံစားချက်တွေ မရှိတော့ပဲ စက်ရုပ်တွေလို အချိန်တန်စား ၊ အချိန်တန်အိပ်နဲ့ သေမယ့် ရက်ကို စောင့်စားကြတယ်တဲ့ ။

အဲဒီ ၁၀ ယောက်ထဲမှာ ထူးခြားတာက ၂ ယောက်က အခြားလူနာတွေနဲ့ မတူဘူး ။ သူတို့ ၂ ယောက်က အချင်းချင်း စကားတွေပြောလိုက် ရယ်လိုက်မောလိုက်နနဲ့ တခါတခါ သူတို့ဟာ ဘ၀ရဲ့ နောက်ဆုံး အချိန်တွေကို ဖြတ် ကျော်နေတဲ့ လူတွေပါလားဆိုတာကိုတောင် မေ့နေကြသတဲ့ ။ သူတို့ ၂ယောက်ဟာ အခန်းတစ်ခန်းထဲမှာပဲ အတူ နေကြရသတဲ့ ။ တစ်ယောက်က ပြတင်းပေါက်နားက ကုတင်မှာနေရပြီး သူက အဆုတ်ကင်ဆာကို ခံစားနေ ရတဲ့ လူပေါ့ ။ တခါတခါ အမောဖောက်လာရင် သူတို့ ၂ ယောက်ကြားက ဘဲလ်ကို နှိပ်ပြီး ဆရာဝန်တွေကို အကြောင်းကြား အောက်ဆီဂျင်ပေးလိုက်ရင် ပြန်ပြီး သက်သာလာပါတယ် ။ နောက်တယောက်ကတော့ လူကီးမီး ယား ဆိုတဲ့ သွေးကင်ဆာ ရောဂါကို ခံစားနေရတဲ့သူပေါ့ ။ သူကတော့ အခန်းရဲ့ အတွင်းဖက်မှာ နေရပြီး အဆုတ်ကင်ဆာ ဖြစ်တဲ့သူနဲ့ပဲ အဖော်ပြုနေရတာပေါ့ ။

တစ်နေ့တော့ လူကီးမီးယား လူနာက ပြတင်းပေါက်နားက လူနာကိုမေးပါတယ် ။

" သူငယ်ချင်းရေ... ရာသီဥတု သာယာရဲ့လားကွာ "

" အေးကွာ ဒီနေ့တော့ ရာသီဥတုက သာယာသလားမမေးနဲ့ ကောင်းကင်ကြီးက ပြာလဲ့လို့ ငှက်လေးတွေက တိမ်တိုက် တွေကြားမှာ ဆော့ကစားနေကြတယ် "

" အဲဒီပြတင်းပေါက် ဟိုဖက်မှာ ဘာတွေရှိသလည်း သူငယ်ချင်း ငါ့ကိုပြောပြပါကွာ "

" ဒီပြတင်းပေါက်အပြင်ဖက်မှာ စိမ်းစိုနေတဲ့ မြက်ခင်းပြင်ကြီးရှိတယ် သူငယ်ချင်း အဲဒီမြက်ခင်းပေါ်မှာ အရမ်း လှပတဲ့ ပန်းဥယျာဉ်ကြီးရှိတယ်ကွ အိုကွာ.. ကလေးတွေ ဆော့ကစားနေလိုက်ကြတာ ပျော်စရာကြီး နောက် လိုက်ပြောင်လိုက်နဲ့ သူတို့ ရေခဲမုန့်တွေလည်း ၀ယ်စားကြတယ်ကွ ဟော.. ဒန်းတွေလည်းစီးကြတယ် ရောင်စုံ ပူပေါင်းတွေနဲ့ပေါ့ "

" ဟုတ်လား ပျော်စရာကြီး နေမှာပေါ့နော် "

" အေးပေါ့ သူငယ်ချင်းရဲ့ တို့တွေလည်း တနေ့တော့ အဲဒီကစားကွင်း ပန်းဥယျာဉ်ကြီးမှာ သွားကစားကြတာပေါ့ "

ပြန်ပြောသတဲ့ ။

အဲဒီလို နေ့တိုင်းနေ့တိုင်း ပြတင်းပေါက်နားက လူနာကို မေး အပြင်ဖက်က မြင်ကွင်းတွေကို စိတ်ကူးထဲမှာ ပုံဖော်ရင်း လူကီးမီးယား လူနာက တွေးသတဲ့ ။

" အင်း ..ငါလည်းသူ့လို ပြတင်းပေါက်နားမှာ နေရရင် အပြင်ဖက်က လောကကြီးကို နေ့တိုင်းတွေ့ခွင့်ရမှာပဲ ဒီ တော့ သူ့နေရာကိုရအောင် ငါတခုခု ကြံစည်ရမယ် "

ဆိုပြီး စဉ်းစားသတဲ့ ။ သိပ်မကြာခင် အချိန်အတွင်းမှာပဲ သူမျှော်လင့်ထားတဲ့ အချိန်ဟာ ရောက်လာပါတော့တယ် ။ အ ဆုတ်ကင်ဆာ လူနာဟာ သွေးတွေအန်ပြီး အသည်းအသန်အမောဖောက်ပါတော့တယ် ။ ခါတိုင်းဆို လူကီး မီးယား လူနာက ဆရာဝန်ခေါ်တဲ့ ဘဲလ်ကို နှိပ်ပြီး အောက်ဆီဂျင်ရအောင်အကူအညီပေးလေ့ရှိတယ် ။ ဒီတခါ တော့ သူက အကြံအစည်နဲ့ဆိုတော့ လူခေါ်ဘဲလ်ကို မနှိပ်ပဲ မသိချင်ယောင် ဆောင်နေလိုက်သတဲ့ ။ သိပ်မကြာ ခင်မှာပဲ အောက်ဆီဂျင်မရတဲ့အတွက် အဆုတ်ကင်ဆာ လူနာဟာ ငြိမ်ကျပြီး သေဆုံးသွားပါတော့တယ် ။ အဲဒီတော့မှ လူကီးမီးယား လူနာက ဘဲလ်ကို နှိပ်ပြီး ဆရာဝန်တွေကို အကြောင်းကြားပါတယ် ။ ဆရာဝန် တွေရောက်လာတဲ့အခါ လူနာက အသက်မရှိတော့တဲ့အတွက် သယ်ထုတ်သွားကြပါတယ် ။ အဲဒီအခါ လူကီးမီး ယားလူနာကတော့ သူတော့ ပြတင်းပေါက်နားက ကုတင်ကိုရပြီဆိုပြီး ပျော်နေတာပေါ့ ။

နောက်တစ်နေ့ မနက်ရောက်တဲ့အခါ ဆေးရုံဝန်ထမ်းတွေက လူကီးမီးယားလူနာကို ပြတင်းပေါက်နာကို ရွှေ့ပေး လိုက်သတဲ့ ။ အဲဒီအခါ သူက ၀မ်းသာသွားပြီး အလွန်လှပတဲ့ ပြင်ပရှုခင်းတွေကို ကြည့်မယ်ဆိုပြီး ပြတင်းပေါက် အပြင်ဖက်ကို လှမ်းကြည့်လိုက်သတဲ့ ။ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် သူဟာ အရမ်းကို တုန်လှုပ်သွားပြီး အံ့သြသွားတဲ့အတွက် ကြက်သေသေသွားမိပါတယ် ။ မြင်လိုက်ရတဲ့ မြင်ကွင်းကတော့ ပြတင်းပေါက် အပြင် ဖက်မှာ အုတ်နံရံကြီး တချပ်ပဲ ရှိနေလို့လေ ။ သူမျှော်လင့်ထားသလို ပန်းဥယျာဉ်တွေ မြက်ခင်းစိမ်းတွေ ပျော်ရွှင်စွာ ဆော့ကစားနေတဲ့ ကလေးတွေ ရောင်စုံဘောလုံးတွေ မရှိပါဘူး ။ တဆက်တည်းမှာပဲ သူနားလည် လိုက်တာကတော့ အဆုတ်ကင်ဆာလူနာဟာ သူစိတ်ချမ်းသာဖို့အတွက် မရှိတဲ့ မြင်ကွင်းတွေကို စိတ်ကူးနဲ့ ပုံဖော်ပြီး သူ့ကို နေ့တိုင်း ကြည်နူးပျော်ရွှင်ရအောင် ပြောပြနေခဲ့တယ်ဆိုတာပါပဲ ။ ဘ၀မှာ နောက်ဆုံး နေ၀င်ချိန် ကို ဖြတ်သန်းနေရတဲ့ လူချင်းအတူတူ တဖက်လူ စိတ်ချမ်းသာအောင် ဝေဒနာကြားကနေ သာယာလှပတဲ့ လောကကြီး ကို ပုံဖော်ပေးခဲ့တဲ့ အဆုတ်ကင်ဆာ လူနာကို တွေးရင်းသူဟာ အလွန်အမင်းကို နောင်တရ သွားသတဲ့ ။ နောက်မှ သူသိရတာက အဆုတ်ကင်ဆာလူနာဟာ မျက်စိကွယ်နေတဲ့လူ ဖြစ်တယ်ဆိုတာပါပဲ ။

" ဘုရားရေ.. ဒါ..ဒါဆို သူဟာ တချိန်လုံး ကျွန်တော်စိတ်ချမ်းသာဖို့ အတွက် မြင်ကွင်းတွေကို ပုံဖော်ပေး ခဲ့တာပေါ့... ဒါ..ဒါ ကို ကျွန်တော်သူ့ကို ကျွန်တော့်ရဲ့ လောဘ အတ္တတစ်ခုကြောင့် သေစေမိခဲ့တယ် "

ဆိုပြီး အရမ်းကို ယူကြုံး မရ ဖြစ်သွားတာပေါ့ ။ ပုံပြင်လေးကတော့ ဒါပါပဲ ညီမလေးရေ....။

ဟုတ်တယ်ကွဲ့.... ။ လောကကြီးမှာ တချို့လူတွေဟာ တဖက်သားရဲ့ စေတနာကို မမြင်တတ်ကြဘူး ညီမလေး ရေ... ။ နေရာတခုရဖို့အတွက်ဆိုရင်လည်း ဘာပဲလုပ်ရလုပ်ရ ၀န်မလေးတတ်ကြဘူး ညီမလေးရေ...။ အကိုပြော တဲ့ပုံပြင်လေးကို မှတ်ထားပြီး ညီမလေးလည်း သူတပါးကို အနည်းဆုံးတော့ စိတ်ချမ်းသားစေနိုင်တဲ့ လူတစ် ယောက်ဖြစ်အောင်ကြိုးစားပါ ။ ဒါဆို ညီမလေးဟာ ဘ၀ရဲ့ နောက်ဆုံးနေ၀င်ချိန်ကို ရောက်ခဲ့တာတောင်မှ သန့်စင် မွန်မြတ်နေမှာပါကွယ်...။ ကဲ.. စာလည်း အတော်လေးကို ရှည်သွားပါပြီ ။ နောက်တခါရေးမယ့် ညီမလေး ဖတ်ဖို့စာမှာတော့ လောကကြီးမှာ ညီမလေး သိသင့်သိထိုက်တဲ့ ယောင်္ကျားတွေအကြောင်း ၊ အိမ်ထောင်ပြုခြင်းနဲ့ အချစ် ၊ အရက်သေစာနဲ့ ကိုယ်ကျင့်တရားတွေအကြောင်းကို ပြောပြပါဦးမယ် ။

ညီမလေးရေ....မိုးတွေသည်းသည်းရွာနေတဲ့ လောကကြီးထဲမှာ ညီမလေးရဲ့ ဘ၀လေး အမြဲထာဝရ ရွှင်လန်း ချမ်းမြေ့နေပါစေကွယ်...။

သက်တန့်ချို
21 June 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ကောင်မလေးရေ...(၁)


ကောင်မလေးရေ...(၁)

ကောင်မလေးရေ....
မိုးတွေလည်း ရွာပြန်ပြီ
အုံ့ဆွေးဆွေး လွမ်းဆွတ်စိတ်က
တားဆီးမရနိုင်ဘူးထင်ပါရဲ့....
မိုးတွေနဲ့အတူ စိုရွှဲလို့လေ....

ကောင်မလေးရေ....
စိတ်ညစ်တယ်ကွယ်
ငါ့အရာရာကို မင်းကစိုးမိုး
ထိုးထိုးပေးခဲ့တဲ့ သံယောဇဉ်တွေ
ဒီကောင်လည်း ရူးလောက်ပြီပေါ့...

ကောင်မလေးရေ....
အချစ်ဆိုတာကြီးက
တဒိတ်ဒိတ်နဲ့...
လူကို တုန်ယင်စေတတ်မှန်း
မင်းရဲ့ အကြည့်တချက်က
သင်ပေးခဲ့တယ် ....

ကောင်မလေးရေ....
လွမ်း..တယ်
လွမ်း...တယ်
လွမ်း....တယ်
ငါ.. အကြိမ်ကြိမ်အော်ညည်းလိုက်ချင်တယ်...
ငါ့ရင်ထဲမှာတော့
ယုယချိုမြတဲ့ စကားလုံးတွေအစား
နက်ရှိုင်းလွန်းတဲ့ ချစ်ခြင်းတွေသာ
ပြည့်နှက်နေခဲ့တယ်ဆိုတာ
နင်..သိပါလေစ
အိုကွယ်...တိမ်တွေတောင်ပြိုကုန်တယ်...
ငါ....လွမ်း....လွန်း....လို့လေ...

သက်တန့်ချို
21 June 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................