Wednesday, October 6, 2010

နို့ဘူးပေါင်း ငါးသောင်းနဲ့ တည်ဆောက်တဲ့ ရဲတိုက်ပုံသဏ္ဍာန်

နို့ဘူးပေါင်း ငါးသောင်းနဲ့ တည်ဆောက်တဲ့ ရဲတိုက်ပုံသဏ္ဍာန်




အဆောက်အအုံတစ်ခုလုံးကို စွန့်ပစ်ပစ္စည်းဖြစ်တဲ့ နို့ဘူးအခွံတွေနဲ့တည်ဆောက်ထားတာပါ ။ ၂၀၁၀ ခုနှစ်မေ လမှာ Spain နိုင်ငံတောင်ပိုင်း Granada မှာ ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ် ။ ဒီမတိုင်ခင် ရက်အ နည်းငယ်တုန်းက စပိန်မှာ ပဲ အလားတူ တည်ဆောက်မှုစံချိန်ကို ယခုချိုးဖျက်လိုက်ဖြင်းဖြစ်ပါတယ် ။

Local council နဲ့ စွန့်ပစ်ပစ္စည်းပြန်လည်အသုံးချရေးကုမ္မဏီတစ်ခုဖြစ်တဲ့ RE SUR GRANADA တို့မှ စပွန်ဆာ ပေးခဲ့ခြင်းဖြစ်ပါတယ် ။ ပြီးတော့ Granada ရဲ့ သိပ္ပံပန်းခြံမှာ ပြသခဲ့ခြင်းဖြစ်ပါတယ် ။ Granada ရဲ့ အာခီတိုက် အနုပညာ ဒီဇိုင်းကောလိပ်မှ ကျောင်းသူကျောင်းသားတွေက ဒီရဲတိုက်ပုံသဏ္ဍာန်ကို ဒီဇိုင်းထွင်ခဲ့ကြခြင်း ဖြစ်ပါတယ် ။



အယောက်ငါးထောင်လောက်ရှိတဲ့ကျောင်းသားလေးတွေဟာ ဒီနို့ဘူးအခွံပေါင်း ငါးသောင်းလောက်ကို ကျောင်း အသီး သီးကနေကောက်ယူခဲ့ကြပြီး အများဆုံးကောက်ယူနိုင်ခဲ့တဲ့ ကျောင်း၃ ကျောင်းက ကျောင်းသားတွေဟာ ဒီအခမ်းအနားကို တက်ရောက်ခွင့်ရောက်ပြီး နောက်ဆုံးသူတို့ ကောက်ယူခဲ့ကြတဲ့ နို့ဘူးအခွံတွေဟာ ဘယ်လို ဖန်တီးမှုအဖြစ်ထွက်လာသလဲဆိုတာ ကြည့်ရှုခွင့်ရမှာဖြစ်ပါတယ် ။ နှစ်ပတ်အတွင်းမှာ အခွံ ၄၅၀၀ ကို ကောက် ယူခဲ့တဲ့ ကျောင်းတစ်ကျောင်းလည်းပါဝင်ပါတယ် ။




ဒီရဲတိုက်ဟာ ၂၉ မီတာ (၉၅ ပေ ၁လက်မ) အရှည် နဲ့ ၁၄.၀၇ မီတာ (၄၆ ပေတ ၁လက်မ) အကျယ်ရှိပါတယ် ။ အမြင့်ကတော့ ၇ မီတာ (၂၂ ပေ ၁၁ လက်မ) ရှိတယ်လို့ သိရပါတယ် ။




သက်တန့်ချို
6 Oct 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, October 5, 2010

ကမ္ဘာ့အကြီးဆုံး bortsch ဟင်းအိုးကြီး

ကမ္ဘာ့အကြီးဆုံး bortsch ဟင်းအိုးကြီး



Bortsch ဆိုတာက ရုရှားတွေသောက်တဲ့ ဟင်းရည်တစ်မျိုးဖြစ်ပြီး သကြားမုံလာကို အခြေခံ အဖြစ်အ သုံးပြုထားပါတယ် ။ နောက်ထပ် ပါဝင်ပစ္စည်းတွေကတော့ ဒိန်ချဉ်နဲ့ အရသာရှိတဲ့ cream တွေကို အသုံးပြုထား တာဖြစ်ပါတယ် ။ ဒီ Bortsch ဟင်းရည်အိုးကြီးကို အပြည်အပြည်ဆိုင်ရာ စိုက်ပျိုးရေးပွဲတော်မှာ ပြုလုပ် ခဲ့ခြင်းဖြစ်ပါတယ် ။ ဒီပွဲတော်ကို ၂၀၁၀ ခုနှစ် အောက်တိုဘာ ၂ ရက်နေ့မှာ ယူကရိန်းမြို့တော် Kiev မှာ ကျင်းပ ခဲ့ခြင်းဖြစ်ပါတယ် ။




ပါဝင်ပစ္စည်းများ

ဂေါ်ဖီ - ၂၅၀ ကီလိုဂရမ်
ကြက်သွန်နီ - ၉၀ ကီလိုဂရမ်
မုန်လာဥ - ၈၀ ကီလိုဂရမ်
မြေပဲ - ၁၄၀ ကီလိုဂရမ်
ဆား - ၂၇ ကီလိုဂမ် ကို
ဟင်းရည် ၅၀၀၀ လီတာ ရှိတဲ့ အိုးကြီးထဲကို ထည့်ပြီး ချက်ပြုတ်ခြင်းဖြစ်ပါတယ် ။ နောက်ဆုံးမှာ ၄၀၀၀ လီတာ ရှိတဲ့ bortsch ဟင်းရည်ကိုရရှိပြီး ကမ္ဘာ့စံချိန်တင်နိုင်ခဲ့ပါတယ် ။



သက်တန့်ချို
5 Oct 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

တိရိစ္ဆာန်တွေ ဘယ်လို အရည်အချင်းရှိသလဲ ?

တိရိစ္ဆာန်တွေ ဘယ်လို အရည်အချင်းရှိသလဲ ?




၂၀၁၀ ခုနှစ် အောက်တိုဘာ လေးရက်နေ့မှာ တရုတ်ပြည်အရှေ့ပိုင်း Jiangsu စီရင်စုမှ Nanjing မှာ Hongshan တိရိစ္ဆာန် ဥယျာဉ်မှာ ခရီးသွားတွေကို ၀န်ထမ်းတွေက တိရိစ္တာန်တွေရဲ့စွမ်းရည်တွေကို ပြသနေပုံဖြစ်ပါတယ် ။



စကိတ်စီးပြနေတဲ့ ကြက်တူရွေးဇြစ်ပါတယ် ။



ဘောလုံးလှိမ့်ပြနေတဲ့ ကြက်တူရွေးဖြစ်ပါတယ် ။



ဧည့်သည်တစ်ဦးရဲ့လက်ထဲက အကြွေစေ့ကို ယူပြနေတဲ့ ကြက်တူရွေးလေးဖြစ်ပါတယ် ။



စက်ဘီးစီးပြနေတဲ့ ကြက်တူရွေးလေးဖြစ်ပါတယ် ။



ကြိုးတန်းပေါ်စက်ဘီးစီးပြနေတဲ့ ကြက်တူရွေးလေးဖြစ်ပါတယ် ။



အလေးမပြနေတဲ့ ကြက်တူရွေးလေးဖြစ်ပါတယ် ။

သက်တန့်ချို
5 Oct 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, October 2, 2010

ပင်ဂွင်းစုံတွဲများ စုပေါင်းလက်ထပ်ပွဲနေ့

ပင်ဂွင်းစုံတွဲများ စုပေါင်းလက်ထပ်ပွဲနေ့



တရုတ်ပြည်အရှေ့မြောက် Liaoning စီရင်စုမှ Dalian Sun Asia Polar Ocean Park မှာ ပွင်ဂွင်း ငှက်လေးတွေစုပေါင်းလက်ထပ်ပွဲကို ၂၀၁၀ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှာ ကျင်းပခဲ့ပါတယ် ။ ဒီပန်းခြံကနေ ပြီးတော့ ပန်းခြံအတွင်းပေါက်ဖွားခဲ့ကြတဲ့ ပင်ဂွင်း လေးတွဲကို စုပေါင်းလက်ထပ်ပွဲ ကျင်းပပေးခဲ့ခြင်းဖြစ်ပါတယ် ။ အော် ငှက်လောကတောင်တိုးတက်လာပြီပဲနော့ ။







သက်တန့်ချို
2nd Oct 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
ချင်ပန်ဇီ လက်ထပ်ပွဲတော်



တရုတ်ပြည်ရဲ့ Anhui စီရင်စုမှာ တည်ရှိတဲ့ Hefei မှ Hefei Wildlife Park မှ ၀န်ထမ်းတွေဟာ သူတို့ ရဲ့လက်ထပ်ပွဲမှာ တရုတ်ရိုးရာ လက်ထပ်ပွဲဝတ်စုံတွေနဲ့ ချင်ပန်ဇီ စုံတွဲတစ်တွဲကို လက်ထပ်ပေးခဲ့ကြပါတယ် ။ ဒီပွဲမျာ ချင်ပန်ဇီစုံတွဲဟာ မင်္ဂလာအရပ်သောက်သုံးနေပုံပဲ ဖြစ်ပါတယ် ။ ညာဖက်က Wanxing လို့ခေါ်တဲ့ ချင်ပန်ရဲ့နာမည်ဟာ Anhui ရဲ့ကြယ်ပွင့်လို့ အမည်ရပြီး Anhui စီရင်စုမှာ ပထမဆုံး ပေါက်ဖွားလာတဲ့ ချင်ပန်ဇီဖြစ်ပါတယ် ။ အော် ထူးလည်းထူးပါပေါ့ ချင်ပန်ဇီစုံတွဲရယ်...။



အံမယ် ကိုရီးယားကိုအားကျလို့ ထင်တယ် ကစ်စ်တောင်ပေးနေလိုက်ကြသေး ဟိဟိ



ကြင်နာနေလိုက်ကြတာ




သက်တန့်ချို
2nd Oct 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................