Monday, May 2, 2011

လူ ၁၂၀၀ လုပ်တဲ့ သရက် ပြား ကြီး

လူ ၁၂၀၀ လုပ်တဲ့ သရက် ပြား ကြီး





၂၀၁၁ ခုနှစ် ဧပရယ် ၂၆ ရက်နေ့ ။ ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်း Pangasinan စီရင်စုမှ San Carlos မြို့တော်မှာ စားဖိုမှုး တစ်ဦးက အကြီးဆုံးသရက်ပြင် ကြီးနဲ့ အလုပ်များနေခြင်းဖြစ်ပါတယ် ။ သရက်ပြား အစိတ်အပိုင်း ၄၀၀ ပါဝင်ပြီး ၁၀ ကီလို အလေးချိန်ရှိတဲ့ ကုန်ကျငွေ ၄၀၀ ၀၀၀ Phillippine Pesco ( 60463 RMB ခန့် ) ရှိတဲ့ သရက် ပြင်ကြီးကို ၁၀၀ စကွဲ မီတာ စားပွဲပေါ်မှာ ခင်းကျင်းပြသထားပါတယ် ။ San Carlos မြိှု့မှ လူပေါင်း ၁၂၀၀ ခန့်က ပါဝင်ပြုလုပ်ခဲ့ကြပါတယ် ။




www.thettantvillage.com
သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

သေးငယ်သော ပလတ်စတစ်လူသားကမ္ဘာ

သေးငယ်သော ပလတ်စတစ်လူသားကမ္ဘာ




ဓါတ်ပုံပညာရှင် Vincent Bousserez က အနုပညာဆန်စွာဖြင့် အလွန်သေးငယ်လေသာ ပလတ်စတစ်လူသား ကမ္ဘာတစ်ခု ကို ဖန်တီးခဲ့ပါတယ် ။ လှုပ်ရှားမှု အလျှင်နဲ့ အလုပ်အကိုင် ကြားထဲမှာ ခက်ခက်ခဲခဲ ရှင်သန်နေထိုင် မှုကို အသေးစိတ် ဖန်တီးခဲ့ခြင်းဖြစ်ပါတယ် ။




















www.thettantvillage.com
သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

အိမ်သာစားသောက်ဆိုင်

အိမ်သာစားသောက်ဆိုင်




၂၀၁၁ ခုနှစ် ဧပရယ် ၂၇ ရက်နေ့ ။ တရုတ်ပြည် အရှေ့မြောက်ပိုင်း Liaoning စီရင်စုမှ Shenyang မှာ အိမ်သာ ပုံစံ ထူးထူးခြားခြား စားသောက်ဆိုင်တစ်ခုမှာ စားပွဲထိုးတစ်ဦးက စားသုံးသူများအတွက် အစား အသောက် များ ယူလာပုံဖြစ်ပါတယ် ။ ဗုဒ္ဓဟူးနေ့ကစတင်ပြီး တရုတ်ပြည် ထိုင်ဝမ်မှာ အစမ်းသဘောမျိုး ဒီအိမ် သာ စားသောက် ဆိုင်ကိုဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါတယ် ။ ကဲ စားသောက်မှာယူလိုသူများ ကြွမြန်းနိုင်ပါကြောင်း သ တင်းကောင်း ပါးလိုက်ပါတယ် ။








www.thettantvillage.com
သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, April 30, 2011

သွေးကင်ဆာအကြောင်း သိကောင်းစရာများ

သွေးကင်ဆာအကြောင်း သိကောင်းစရာများ



Leukaemias ( လူကီးမီးယား) ကို သွေးကင်ဆာအဖြစ် လူသိများကြပါတယ် ။ လူကီးမီးယားဆိုတာ ရိုးတွင်းချဉ် ဆီတွေ ကို ထုတ်လုပ်တဲ့ Haematopoietic stem cell ဌာနမှာ ဖြစ်ပွားတဲ့ ကင်ဆာရောဂါ တစ်မျိုး (Malignant disorder ) ဖြစ်ပါတယ် ။ လူကီးမီးယား ဖြစ်ပြီဆိုရင် Bone Marrow လို့ခေါ်တဲ့ ရိုးတွင်းချဉ်ဆီထဲမှာ (သို့မဟုတ်) Peripheral Blood ထဲမှာ သွေးဖြူဥဆဲလ် အရေအတွက်တွေမြင့်တက်လာပါတယ် ။ လူကီးမီးယား ဖြစ်ပွားတဲ့ဖြစ် စဉ်ဟာ သူ့ရဲ့အမျိုးအစားပေါ် မူတည်ပြီးတော့ ရက်အနည်းငယ် (သို့) ရက်သတ္တပတ်အနည်းငယ် (သို့) နှစ်ပေါင်း များစွာ ထိအောင်ကြာမြင့်နိုင်ပါတယ် ။ သွေးကင်ဆာပုံစံအမျိုးမျိုးရဲ့ ဖြစ်ပွားမှုနှုန်းဟာ နှစ်စဉ် လူတစ်သိန်းမှာ ၁၀ ယောက်လောက်ဖြစ်ပွားလေ့ရှိပြီး အဲဒီထဲက တစ်ဝက်ခန့်က လူကီးမီးယားပဲဖြစ်ပါတယ် ။ မိန်းမတွေ ထက် ယောင်္ကျားတွေက ပိုအဖြစ်များနိုင်ပြီး အချိုးအနေနဲ့ကြည့်မယ်ဆိုရင် Acute leukaemia မှာ ၃း၂ ရှိပြီး နာတာရှည် Chronic Lymphocytic Leukaemia မှာ ၂း၁ ရှိပါတယ် ။ ပထ၀ီမြေပြင်အနေအထားအရတော့ တရုတ် ၊ တရုတ်နှင့် ဆက်နွယ်သော မျိုးနွယ်များမှာ Chronic lymphocytic leukaemia အဖြစ်များပါတယ် ။ Acute Leukaemia ကိုတော့ အသက် အသက်အရွယ်မျိုးစုံမှာ တွေ့ရလေ့ရှိပါတယ် ။ Acute Lymphocytic Leukaemia ဟာ အသက် တစ်နှစ်ကနေ ငါးနှစ်အတွင်းမှာ အများဆုံးဖြစ်ပါတယ် ။ Acute Myeloid Leukaemia ပုံစံ မျိုးစုံ ကတော့ ငယ်ရွယ်ချိန်အဖြစ်နည်းပြီး အလယ်အလတ်ပိုင်းနဲ့ အသက်အရွယ်ကြီးသူတွေမှာ ဖြစ်လေ့ရှိပါတယ် ။

သွေးကင်ဆာ ဘာကြောင့်ဖြစ်သလဲ ?



လူနာအများစုမှာ သွေးကင်ဆာကိုဖြစ်ပွားစေတဲ့ အကြောင်းအရင်းကို မသိရှိရပါဘူး ။ ဒါပေမယ့်လည်း လူကီးမီး ယားဖြစ်စဉ်နဲ့ ပါဝင်ပတ်သတ်ဆက်နွယ်မှုရှိနေပါတယ် ။

၁ ။ ဓါတ်ရောင်ခြင်သင့်ခြင်း (Ionising radiation)

ဂျပန်နိုင်ငံရှိ မြို့တော်တွေမှာ Atomic bombing ( အနုမြူရောင်ခြည်သင့် ) ကြောင့် Myeloid Leukaemia တွေ လွန်စွာမြင့်မား လာခဲ့ပါတယ် ။ ခါးရိုးဆစ်နာခြင်း ( Ankylosing spondylitis ) အား ဓါတ်ရောင်ခြည်ပေးပြီးသော အခါ နဲ့ ကိုယ်ဝန်ဆောင်စဉ် ကလေးငယ်အား ဓါတ်မှန်ရိုက်ခြင်း ( Diagnostic X-Rays ) တို့ကြောင့် လူကီးမီး ယား ဖြစ်ပွားမှု မြင့်တက်လာပါတယ် ။

၂ ။ အဆိပ်အတောက်ဖြစ်စေသော ဆေးဝါးများ ( Cytotoxic drugs)

နှစ်ပေါင်းများစွာ cytotoxic drugs တွေသုံးစွဲခြင်း အားဖြင့် Myeloid Leukaemia ကိုဖြစ်စေပါတယ် ။ စက်ရုံတွေ မှာ benzene ကိုထိတွေ့ခြင်းကြောင့်လည်း ဖြစ်စေပါတယ် ။

၃ ။ ဗိုင်းရပ်စ်များ ( Retroviruses)

ကြောင်တွေမှာဖြစ်စေတဲ့ လူကီးမီးယားအားဖြစ်ပွားစေသော ဗိုင်းရပ်စ်နှင့်ဆင်တူသည့် retroviruses ဟာ ရှားပါးသော T-cell leukaemia/ Lymphoma နဲ့ ဆက်နွယ်မှုရှိနေပါတယ် ။

၎ ။ မျိုးရိုးဗီဇ ( Genetic)

သွေးကင်ဆာရှိတဲ့ အမွှာ တွေကနေ သွေးကင်ဆာ ဖြစ်ပွားမှုနှုန်း မြင့်မားလေ့ရှိတယ် ။ Down's Syndrome နဲ့အ ခြားသော မျိုးဗီဇ ရောဂါတွေမှာလည်း ဖြစ်ပွားမှုနှုန်းမြင့်မားလေ့ရှိပါတယ် ။

၅ ။ ခုခံအားစနစ် (Immunological )

လတ်တလော သွေးကင်ဆာ (Acute Leukaemia ) ဟာ primitive stem cells တွေကိုပွားများစေပြီး blasts တွေ ကို စုပုံစေပါတယ် ။ အထူးသဖြင့် ရိုးတွင်းချဉ်ဆီထဲမှာ blasts တွေ စုပုံလာတဲ့အတွက် ရိုးတွင်းချဉ်ဆီ ပျက်ဆီးခြင်း ( bone marrow failure ) ကိုဖြစ်စေပါတယ် ။ လူကီးမီးယားကို အဓိကအားဖြင့် အုပ်စုလေး စုခွဲခြားနိုင် ပါတယ် ။ အဲဒါတွေကတော့

-Acute Lymphoblastic Leukaemia ( ALL )
-Acute Myeloid Leukaemia ( AML )
-Chronic Lymphocytic Leukaemia ( CLL )
-Chronic Myeloid Leukaemia (CML ) စသည်တို့ ဖြစ်ပါတယ် ။ လူကီးမီးယားလို့ သံသယရှိပြီ ဆိုရင် သွေးဖြူဥ အရည်အတွက် မြင့်မားလာပြီး သွေးဆဲလ်အရည်အတွက် မူမမှန်ခြင်းကနေစတင်ပါတယ် ။

လူကီးမီးယားလို့ ဘယ်လိုသိရှိနိုင်မလဲ ?



လူကီးမီးယားကို ရောဂါအမည်သတ်မှတ်ဖို့ ( Diagnosis ) လုပ်ဖို့ဆိုရင် ရိုးတွင်းချဉ်ဆီကို စစ်ဆေးရပါမယ် ။ အဲဒီမှာ မူမ မှန်ဆဲလ်တွေရဲ့ Morphology ကိုစမ်းသပ်ခြင်း ၊ Cell surface markers ( immunophenotyping ) အား စစ်ဆေးခြင်း ၊ မူမမှန် ( Clone-specific chromosone ) နဲ့ မော်လီကျူးတွေပြောင်းလဲခြင်းတို့ ပါဝင်ပါတယ် ။ ဒါဟာ တိကျတဲ့ ရောဂါအမည်သတ်မှတ်ခြင်းကို ပေးယုံသာမကပဲ တန်ဖိုးရှိတဲ့ ရောဂါကောင်းကျိုးခန့်မှန်းချက် ( Valuable prognostic infromation) ကိုလည်းပေးစေပါတယ် ။

လူကီးမီယားရဲ့ လက္ခဏာတွေက ဘာတွေလဲ ?

လူကီးမီးယား ဆဲလ် အရေအတွက် မြင့်မားလာခြင်းနဲ့ သင့်ရဲ့ ရိုးတွင်းချဉ်ဆီက ပုံမှန် သွေးဆဲလ်တွေကို မထုတ် လုပ်နိုင်ခြင်းကနေ လူကီးမီးယားရဲ့ လက္ခဏာတွေက စတင်ပါတယ် ။ Acute leukaemia တွေဖြစ်တဲ့ (AML , ALL ) မှာဆိုရင် ပုံမှန် သွေးဖြူဥဆဲလ်တွေနဲသွားပြီး Neutropenia ဆိုတဲ့အခြေအနေတစ်ခုကို ဖြစ်စေပါတယ် ။ မော ပန်းလွယ်ပြီး ဖြူဖျော့လာမယ် ။ အသက်ရှူရတာလည်း ခက်လဲပင်ပန်းလာမယ် ။ Platelets လို့ခေါ်တဲ့ သွေးခဲစေတဲ့ အရာတွေနဲသွားရင်တော့ Thrombocytopenia လို့ခေါ်တဲ့ သွေးမခဲတဲ့ အခြေအနေ တစ် ခုဖြစ်နိုင်ပြီး သွေးထွက်ခြင်း ၊ သွေးမတိတ်ခြင်း လက္ခဏာတွေ ခံစားရပါမယ် ။ သွေးခြေဥခြင်းနဲ့ သင့်ရဲ့ အရေ ပြားပေါ် မှာ ခရမ်းရောင် သို့မဟုတ် အနီစက်လေးတွေ တွေ့လာပါမယ် ။ ယေဘူယျ လက္ခဏာတွေကတော့
- အဖျားတက်ခြင်း
- ပိန်ချုံးခြင်း
- ကိုယ်လက်မအီမသာဖြစ်ခြင်း
- လည်ချောင်းနာခြင်း
- သွားဖုံးရောင်ခြင်း
- ညဖက်တွင်ချွေးစေးများထွက်ခြင်း
- ခေါင်းကိုက်ခြင်း ၊ အန်ခြင်း
- အမြင်အာရုံ ချို့တဲ့ခြင်း ပြဿနာများ
- အရိုးနှင့် အဆစ်အမြစ်နာခြင်း
- Lymph nodes များတွင် နာကျင်မှုမရှိပဲ ရောင်ရမ်းခြင်း စသည်တို့ပဲဖြစ်ပါတယ် ။

Chronic leukaemia ရဲ့ အစပိုင်းအဆင့်များမှာတော့ Leukaemic cells တွေဟာ ပုံမှန်အခြေအနေရှိပြီး ဘာ လက္ခဏာမှ ပြလေ့မရှိပါဘူး ။ လက္ခဏာပြပြီဆိုရင်လည်း အနည်းငယ်မျှ သာဖြစ်ပြီးနောက်ပိုင်းမှာ တဖြည်းဖြည်း နဲ့ ဆိုးလာပါတယ် ။ Chronic Leukaemia ရဲ့ ယေဘူယျလက္ခဏာတွေကတော့

- မောပန်းလွယ်ခြင်း
- ကိုယ်လက်မအီမသာဖြစ်ခြင်း
- အစားအသောက်ပျက်ခြင်း
- ပိန်ချုံးခြင်း
- ညဖက်တွင်ချွေးစေးများထွက်ခြင်း
- Lymph nodes များတွင် နာကျင်မှုမရှိပဲ ရောင်ရမ်းခြင်း စသည်တို့ဖြစ်ပါတယ် ။ ဒါပေမယ့်လည်း အထက်ပါ လက္ခဏာတွေ ရှိတိုင်းလည်း လူကီးမီးယားမဟုတ်ပါဘူး ။ တခြားပြဿနာတွေဖြစ်တဲ့ ပိုးဝင်ခြင်းနဲ့ ဖျားနာ တုပ်ကွေး တွေလည်း ဖြစ်နိုင်ပါတယ် ။ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ပြီးမှသာ ရောဂါအမည် သတ်မှတ်နိုင် မှာဖြစ်ပါတယ် ။

Ref - Davidson's Principle and Practice of Medicine ( 20th Edition)
- http://www.cancer.ca/

www.thettantvillage.com
သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, April 28, 2011

အသုံးဝင် ရှားစောင်းလက်ပတ်

အသုံးဝင် ရှားစောင်းလက်ပတ်




Aloe vera ကို medicinal aloe အဖြစ် လူသိများပြီး အရည်ရွှမ်းသော အပင်မျိုးအစားဖြစ်ပါတယ် ။ မျိုးရိုးက Aloe ဖြစ်ပြီး မိုး နည်း မိုးခေါင်ပြီး ခြောက်သွေ့တဲ့ ဒေသတွေမှာ ရှင်သန်ကြီးထွားကြပါတယ် ။ အထူးသဖြင့် အာဖရိက ၊ အိန္ဒိယ နဲ့ တခြား ပူပြင်းခြောက်သွေ့တဲ့ ဒေသတွေမှာ ရှားစောင်းလက်ပတ်ပင်ကို အများဆုံးတွေ့ရလေ့ရှိပါတယ် ။ ဒီအပင် မျိုးကို တိုင်းရင်းဆေးအဖြစ်အသုံးပြုဖို့ အများဆုံး စိုက်ပျိုးကြလေ့ရှိပြီး များစွာသော သိပ္ပံလေ့လာ စမ်းသပ် မှုတွေ နဲ့ Aloe vera ( ရှားစောင်းလက်ပတ်) ကို လေ့လာစမ်းသပ်ခဲ့ကြပါတယ် ။ Aloe vera ဟာ အနာတွေ နဲ့ အပူလောင်ခြင်းကို သက်သာ ပျောက်ကင်းစေနိုင်ပြီး အရေပြားပိုးဝင်ခြင်းအချို့ကိုလည်း ကုသလို့ရ တယ် လို့ လေ့လာတွေ့ရှိခဲ့ကြတယ် ။ အဆီအိတ် ၊ ဆီးချိုသွေးချို နှင့် လူတွေမှာ သွေးတွင်း အဆီဓါတ် များခြင်းတွေ ကိုလည်း လျော့ကျစေနိုင်ပါတယ် ။ ဒါဟာ ဘာကြောင့်လည်းဆိုတော့ ရှားစောင်းလက် ပတ်ပင်မှာ ပါဝင် တဲ့ Polysaccharides , mannans , anthraquinones နဲ့ lectins စတဲ့ ဒြပ်ပေါင်းတွေကြောင့် ပဲဖြစ်ပါတယ် ။

ရှားစောင်းလက်ပတ်အကြောင်း



ရှားစောင်းလက်ပတ်လို့ခေါ်တဲ့ Aloe vera ဟာ အလွန် အပင်ပုအမျိုး အရည်ရွှမ်းတဲ့အပင်ဖြစ်ပြီး 60-100cm ( ၂၄ လက် မ မှ ၃၉ လက်မအတွင်း ) ရှည်ပါတယ် ။ သူ့ရဲ့အရွက်တွေဟာ ထူထဲပြီး အစိမ်းရောင်ကနေ မီးခိုးစိမ်းရောင် ကြားမှာ ရှိပြီး ပင်စည်နဲ့ရိုးတံ အပေါ်ပိုင်းနဲ့အောက်ပိုင်းတွေမှာ အဖြူရောင်အစက် အပြောက်တွေ ရှိပါတယ် ။ ရှားစောင်းလက်ပတ်ပင်ကို အိန္ဒိယ မှာ Korphad, Kattar vazha စသဖြင့်ခေါ်ပြီး ပါကစ်စတန်နိုင် ငံမှာတော့ Quargandal လို့ လူသိများပါတယ် ။ အင်ဒိုနီးရှားမှာ Lidah Buaya ( မိချောင်းလျှာ) လို့ ခေါ်ဝေါ်ကြ ပြီး ထိုင်းမှာတော့ မိချောင်းအမြီး (Crocodile Tail) လို့ခေါ်ဝေါ်ကြပါတယ် ။ ဗီယက်နမ်မှာတော့ "Nha Đam လို့ ခေါ်ပြီး လက်တင်အမေရိက နဲ့ ဖိလစ်ပိုင်မှာတော့"Savia", "Savila", or "Sabila" စသဖြင့်ခေါ်ဝေါ်ကြပါတယ် ။

ရှားစောင်းလက်ပတ်၏ အသုံးဝင်မှုများ

လေ့လာစမ်းသပ်မှုတွေအနေနဲ့ အလှအပရေးရာနဲ့အချို့သောရောဂါတွေမှာ ရှားစောင်းလက်ပတ်ရဲ့ အသုံးဝင် မှုတွေကို ကျယ်ပြန့်စွာ စမ်းသပ်မှုတွေပြုလုပ်ခဲ့ကြပါတယ် ။ အထူးသဖြင့် အင်တာနက် ကြော်ငြာတစ်ချို့ကနေပြီး အလှအပရေး ရာနဲ့ ဆေးဝါးစက်ရုံအချို့နေပြီး ရှားစောင်းလက်ပတ်ဟာ အေးမြစေတယ် အသားအရည် ကိုချောမွေ့စေတယ် အနာကျက်စေတယ်စသဖြင့် ကြော်ငြာမှုတွေပြုလုပ်လာကြပါတယ် ။ ရှားစောင်းလက် ပတ်ကို လိုးရှင်း အနေနဲ့လည်းထုတ်လုပ်လာကြပြီး အချိုယမကာနဲ့အချိုတည်းစရာအဖြစ်လည်း အသုံးပြုလာ ကြပါတယ် ။ Aloe vera juice ကို ရင်ပူခြင်းနဲ့ အစာရေမြိုပြွန် ပြဿနာတွေမှာ သက်သာအောင် သောက် သုံးလို့ရပါတယ် ။ ဒီအတိုင်းကြီး ပါးစပ်ကနေ စားရင်တော့ အဆိပ်အတောက် ဖြစ်စေပါ တယ်တဲ့ ။ လက်တွေ့မှာတော့ အလှအပရေးရာ ကုမ္ပဏီတွေဟာ အပင်ရဲ့အစေးရည်ကိုအသုံးပြုပြီး မိတ်ကပ် ၊ တစ်ရှူး ၊ အလှဆီ ၊ ဆပ်ပြာ ၊ နေလောင်ခံ ကရင်ခ် ၊ ရှမ်ပူ ခေါင်းလျှောက်ရေတွေအဖြစ် ထုတ်လုပ်လာကြပါတယ် ။ တခြားအသုံးပြုခြင်း အနေနဲ့ Aloe vera ကို သုတ်ရည် (Semen) မှာ ဖျော်စပ်ပြီး သိုးတွေအတွက်မျိုးအောင် ဖို့အတွက် လည်း အသုံးပြုကြပါတယ် ။ ပြီးတော့ အစားအသောက်တွေ လတ်ဆတ်အောင် လယ်ကွင်းပြင်တွေ မှာ ရေတွေပျက်စီးဆုံးရှုံးမှုမရှိအောင် ထိမ်းသိမ်းစောင့်ရှောက်ခြင်း ( Water conservation) အနေနဲ့အ သုံးပြုကြ ပါတယ် ။

Aloes ရဲ့ အမျိုးအားတွေအများကြီးရှိတဲ့အနက် Bulbine frutescens ဟာ အပူလောင်ခြင်းကိုကုသနိုင်ပြီး အရေပြားကိုချော မွတ်စေတဲ့အစွမ်းရှိပါတယ် ။ ရှားစောင်းလက်ပတ်ကို အနာတွေကုသတဲ့နေရာမှာ အသုံးပြုနိုင် ပြီး သူ့အစေး ရည်က အနာကျက်ခြင်းကို စွမ်းဆောင်နိုင်ပါတယ် ။ အနာကျက်နှုန်းကိုလည်းမြန်စေပြီး အစေး၇ည် ကို လိမ်းပေးနိုင်ပါတယ် ။ ၂၀၀၇ ခုနှစ် လတ်တလော review တွေအရ ရှားစောင်းလတ်ပတ်ဟာဆေးပညာ သတ်မှတ်ချက်တွေအရ first to second degree burns ကို ကုသပေးနိုင်ပါတယ် ။ သွေးတွင်းအဆီများနေတဲ့ လူတွေမှာလည်း lipids ကို ကျစေပါတယ် ။ လတ်တလောအသည်းယောင်ခြင်း Acute hepatitis မှာလည်း အသုံးဝင်ပါသေးတယ် ။ အထူးသဖြင့် Oral aloe vera gel ဟာ အနာဖြစ်ပြီး အူရောင်ခြင်း ( Ulcerative colitis ) မှာ ရောဂါလက္ခဏာတွေနဲ့ ရောင်ခြင်းကို သက်သာစေပါတယ် ။ ကိုယ်ခံအားကို တက်စေတဲ့ Immunostimulat ကိုတက်စေပြီး ခွေးတွေနဲ့ကြောင်တွေမှာ ကင်ဆာကို တိုက်ဖျက်နိုင်တဲ့အစွမ်းရှိပြီး လူတွေမှာတော့စမ်း သပ်ထားခြင်း မရှိသေးပါဘူး ။

လိင်အဂါင်္တွေမှာဖြစ်တဲ့ ရေယုန်နဲ့ Psoriasis (ကြမ်းထော်သော အနီအပိမ့်များရှိသည့်အရေပြားရောဂါမျိုး ) ကိုလည်း Topical application (လိမ်းဆေး) အနေနဲ့ အသုံးပြုနိုင်ပါသေးတယ် ။ ဒါပေမယ့် ဓါတ်ရောင်ခြည် ကုထုံးတွေကြောင့် ဖြစ်တဲ့ အနာတွေ ကိုတော့ ကာကွယ်ပေးနိုင်ခြင်းမရှိပါဘူး ။ Doble-blind clinical trial တွေ အရ dentrfrice ပါဝင်တဲ့ ရှားစောင်းလက်ပတ်နဲ့ Fluoridated dentifrice ပါဝင်တဲ့ရှားစောင်းလက်ပတ် အမျိုးအစားတို့ဟာ သွေးတွင်း အဆီခဲ သွေးခဲများပိတ်ဆို့ခြင်း ( Plaque) နဲ့ သွားဖုံးယောင်ရမ်း အနာဖြစ်ခြင်းများ ကို လျော့နည်းစေတယ်လို့ တွေ့ရှိခဲ့ပါတယ် ။ Aloe vera extracts မှာ ဘတ်တီးရီးယားနဲ့ မှိုပိုးတွေကို တိုက်ထုတ်နိုင်တဲ့ အစွမ်းရှိပြီးဒါဟာ အရေပြားပိုးဝင်ရောဂါတွေအတွက် ကုသမှုပေးတဲ့နေရာမှာ အထောက် အကူဖြစ်စေ ပါတယ် ။ အထူးသဖြင့်အ ရေပြားမှာ အရေအိတ်တည်ခြင်း အပူလောင်ခြင်း နဲ့ပွေးရောဂါတွေ မှာလည်း သက်သာစေနိုင်ပါ တယ် ။ ဘက်တီးရီးယားအနေနဲ့ ရှားစောင်းလက်ပတ်အရွက်ရဲ့အတွင်းပိုင်းဂျယ်က Streptococcus နဲ့ Shigella မျိုးနွယ်တွေရဲ့ကြီးထားမှုကို ပိတ်ဆို့တားဆီးပေးပါတယ် ။ ဒါပေမယ့် Xanthomonas မျိုးနွယ်တွေကိုတော့ တိုက်ထုတ်ပေးနိုင်တဲ့အစွမ်းမရှိပါဘူး ။

အခြားအသုံးဝင်မှုများ

အခုအခါမှာ ရှားစောင်းလက်ပတ်ကို မျက်နှာသုတ်တစ်ရှူး အနေနဲ့ကျယ်ကျယ်ပြန့်ပြန့်ထုတ်လုပ်အဥု့းပြုလာပြီး အဲဒီကနေတ ဆင့် တုပ်ကွေးနဲ့အအေးမိခြင်းတွေကို လျော့နည်းစေတဲ့ Moisturiser အနေနဲ့ အသုံးပြုလာကြ ပါတယ် ။ ရှားစောင်းလက်ပတ် အစေ့ Aloe vera seeds ကနေပြီး biofuels အဖြစ်အသုံးပြုဖို့ လည်း လေ့လာနေ ကြပါတယ် ။ ၂၀၀၃ ခုနှစ်အစပိုင်းမှာ United States မှာ ၀မ်းပျော့ဆေးအနေနဲ့ Aloe ကိုအသုံးပြု ကြပြီး နောက်ပိုင်း မှာတော့ Aloin ဟာ class III ingredient ပါဝင်တယ်ဆိုပြီးတော့ အဲဒလိုအသုံးပြုခြင်းကို တားဆီးခဲ့ ပါတယ် ။ မှတ်သားစရာကတော့ ရှားစောင်းလက်ပတ်မှာပါဝင်တဲ့ aloin ဟာ ၀မ်းပျော့စေ ပြီး နောက် ပိုင်း ထုတ်လုပ်သူတွေက FDA စည်းမျဉ်းနဲ့ညိမှာစိုးတဲ့အတွက် aloin ကို ဖယ်ထုတ်ခဲ့ကြပါတယ် ။

ရှားစောင်းလက်ပတ်ပင်ဟာ လူသိနည်းပြီး သူ့ရဲ့ကောင်းကျိုးအများစုကို အခုလောက်ဆို မှတ်သားသိရှိကြ လိမ့်မယ် လို့ ယူဆမိပါကြောင်း ။

Ref : wikipedia

www.thettantvillage.com
သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................