George Bernard Shaw က ဒီလိုပြောခဲ့တယ်
" ကျွန်တော်ငယ်ငယ်တုန်းက ကျွန်တော်လုပ်ခဲ့သမျှ အလုပ်ဆယ်ခုမှာ ကိုးခုလောက် ရှုံးနိမ့်တာ တွေ့ခဲ့ရတယ်
ကျွန်တော် ရှုံးနိမ့်မှုကို မလိုချင်ဘူး
ဒါကြောင့် နောက်ထပ်အလုပ်ကို ဆယ်ကြိမ်ပိုလုပ်ခဲ့တယ် "
------------------------------------------------------------------
လူမှန်ရင် အရှုံးဆိုတာ တွေ့ဖူးကြမှာပါပဲ
လောကကြီးမှာ မရှုံးဖူးတဲ့လူမရှိပါဘူး လူတိုင်း ရှုံးနိမ့်ဖူးပါတယ်
ဘာကွာသွားသလဲဆိုရင်
အရှုံးကို သင်ခန်းစားယူပြီး ခွန်အားအဖြစ်ပြောင်းလဲ အသုံးချတတ်တဲ့လူနဲ့
အရှုံးကို စိတ်ဓါတ်ကျပြီး အလျော့ပေးပျော့ညံ့သွားတဲ့လူနဲ့
၂ မျိုးကွာသွားပါတယ် ။
သင်ရော ဘယ်လို လူစားမျိုးလဲ ?
သက်တန့်ချို
30 August 2014
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Saturday, August 30, 2014
Friday, August 29, 2014
သိဖို့ မှတ်ဖို့
သိဖို့ မှတ်ဖို့
ရေရေရာရာမသိပဲ သူတစ်ပါးမကောင်းကြောင်းကို မပြောမိစေနဲ့
ကိုယ်ထင်သလိုမဟုတ်ခဲ့ရင် ကိုယ့်ကိုယ်ကို ရှက်ဖို့ကောင်းတယ်
အလကားနေရင်းသူများချမ်းသာကြီးပွားတာ မနာလိုမဖြစ်စေနဲ့
မုဒိတာစိတ်ကို မထားနိုင်ရင် ကိုယ့်ဘာသာပဲ ပူလောင်ဆင်းရဲတတ်တယ်
သူတစ်ပါးကောင်းစားနေတာ မြင်ရရင် ကြည်နူးပျော်ရွှင်လိုက်ပါ
မနာလို မုန်းတီးခြင်းတွေအစား ကြိုးစားလိုစိတ်ကိုသာ မွေးမြူပါ
ကိုယ့်ရန်သူကို စိတ်ထဲမှာ မွေးမြူမထားနဲ့
မခွင့်လွှတ်နိုင်ဘူးဆိုရင်တောင် စိတ်ထဲကနေ အပြီးစွန့်လွှတ်လိုက်ပါ
သူတစ်ပါးကို စိတ်ဆင်းရဲအောင်လုပ်ရင် အရင်ဆုံးစိတ်ဆင်းရဲရမှာကကိုယ်ပါ
သူတစ်ပါးအကျိုးကို ပျက်စီးအောင်လုပ်ရင် အရင်ဆုံး ထိခိုက်ပျက်စီးမှာ ကိုယ်ပါ
သူတစ်ပါးကို မုန်းတီးရင် အရင်ဆုံးပူလောင်ရမှာ ကိုယ်ပါ
သူတစ်ပါးကို မကောင်းပြောရင် အရင်ဆုံးမကောင်းပြောခံရမှာကကိုယ်ပါ
ဘာကြောင့်လည်းဆိုတော့ ကိုယ်လက်ညှိုးထိုးလိုက်တိုင်း
ကျန်တဲ့လက်လေးချောင်းက ကိုယ့်ကို ပြန်ထိုးသလို
သဘာဝ လောကကြီးက တန်ပြန်အကျိုးသက်ရောက်မှုတွေ ပေးလေ့ရှိတဲ့အတွက်ပါပဲ ။

Thursday, August 28, 2014
ယုံကြည်စမ်းပါ ။
ကိုယ့်တန်ဖိုးနဲ့ ကိုယ့်ပျော်ရွှင်မှု
ကိုယ့်အရည်အချင်းကို တစ်ပါးသူ လာကပ်ပေးတာမဖြစ်စေနဲ့
ကိုယ့်ရင်ဘတ်မှာ ကိုယ်ကိုယ်တိုင် ကပ်နိုင်တဲ့လူ ဖြစ်အောင်ကြိုးစားပါ
လောကကြီးမှာ အခက်ခဲဆုံးဆိုတဲ့အရာ မကျော်ဖြတ်နိုင်တဲ့အရာဆိုတာမရှိပါဘူး
လူ့စွမ်းအားထက်ကျော်လွန်တဲ့ ခက်ခဲကြမ်းတမ်းမှုဆိုတာလည်းမရှိပါဘူး
ကိုယ့်ကိုယ်ကိုသာ ယုံကြည်ချက် ရှိနေခဲ့ရင်
ဘယ်လောက်ထိ မြင့်မားတဲ့ တောင်တန်းကြီးဖြစ်နေပါစေ
ဟိုး ထိပ်ဆုံးထိရောက်အောင် သင်တက်နိုင်ပါတယ်
ယုံကြည်စမ်းပါ ။
သက်တန့်ချို
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
ပျော်ရွှင်ခြင်းက သင့်ဆီမှာ
ကိုယ့်ဖက်က မိုးလောက်ကြီးတဲ့ ပြဿနာဖြစ်နေပေမယ့်
တစ်ပါးသူအတွက် ဇီးစေ့လောက်သာ ကြီးတဲ့ ပြဿနာဖြစ်နေတတ်တယ်
ကိုယ့်ဖက်က ခက်ခဲကြမ်းတမ်းလွန်းတယ်ထင်ရပေမယ့်
တစ်ပါးသူအတွက် ဒီလောက်လည်း မကြမ်းတမ်းပါဘူးလို့ ထင်နေတတ်တယ်
သူတစ်ပါးကို နားမလည်ရကောင်းလားဆိုပြီး အပြစ်မတင်လိုက်ပါနဲ့
တကယ်တော့ သူတို့ ကြုံတွေ့ဖူးတဲ့ ပြဿနာနဲ့အခက်အခဲတွေက
ကိုယ်ကြုံနေရတာထက်ပိုကြီးမား ကြမ်းတမ်းခဲ့လို့လည်း ဖြစ်နိုင်ပါတယ်
အသက်တစ်ရာ မနေရ အမှုတစ်ရာကြုံရ ဆိုတဲ့စကားလည်းရှိသားပဲ
ကိုယ်တစ်ယောက်တည်း ကံဆိုးမှုတွေချည်းကြုံနေရတယ်မထင်ပါနဲ့
လူတိုင်းလိုလို ကံဆိုးတဲ့နေ့ရက်တွေ ကြုံတွေ့ဖူးပါတယ်
ပြဿနာနဲ့အခက်အခဲတွေကို ကျော်ဖြတ်ပြီး
သူများတွေတောင် ပျော်ရွှင်တဲ့ နေ့ရက်တွေဆီ သွားနိုင်သေးတာ
ကိုယ်ရော ဘာလို့ သူတို့လို မလုပ်နိုင်ရမှာလဲ
တကယ်တော့
ပျော်ရွှင်ခြင်းကသင့်ဆီမှာ
အရည်အချင်းကသင့်ဆီမှာ
ယုံကြည်ခြင်းကသင့်ဆီမှာပါ ။
သက်တန့်ချို
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Wednesday, August 27, 2014
ဘာအတွက်ကြောင့်မှစိတ်မညစ်ပါနဲ့
ဘာအတွက်ကြောင့်မှစိတ်မညစ်ပါနဲ့
ပြဿနာတွေက ခံနိုင်ရှိမရှိ စမ်းသပ်ကြတာပါ
ဘာအတွက်ကြောင့်မှ စိတ်မညစ်ပါနဲ့
အခက်အခဲတွေက ကြံ့ခိုင်မာကြောမှုရှိမရှိ စမ်းသပ်ကြတာပါ
ဘာအတွက်ကြောင့်မှ စိတ်မညစ်ပါနဲ့
အဆိုးဆုံးတွေ ကြုံတွေ့နိုင်သလို
အကောင်းဆုံးတွေလည်း ကြုံတွေ့နိုင်တာမို့
Do or Die ပါပဲ လောကကြီးမှာ
စိတ်ဓါတ်ပျော့ညံ့တဲ့လူက ၂ ခါရှုံးရတယ်
ကြောက်တတ်တဲ့လူက အကြိမ်ကြိမ် ရှုံးရတယ်
အရှုံးပေးတတ်တဲ့လူက တစ်သက်လုံး ရှုံးနေလိမ့်မယ်
ဘယ်အရာကိုမှ သင်အရှုံးမပေးချင်ဘူးဆိုရင်
ဘယ်လို ပြဿနာအခက်အခဲနဲ့ကြုံတွေ့ရပါစေ
ကိုယ့်စိတ်ကို မယိုင်သွားစေနဲ့
မလဲသွားစေနဲ့
မကျသွားစေနဲ့ ။
သက်တန့်ချို
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Subscribe to:
Posts (Atom)