Thursday, February 26, 2015

မေတ္တာဖြင့် ချည်နှောင်ခြင်းနှင့် ရှင်ဘုရင်တစ်ပါးရဲ့ ချစ်ပုံပြင်

ဒီနေ့ ကိုသုတ ရဲ့ Synergy Publication ကနေထုတ်တဲ့ မနိုင်းနိုင်းစနေနဲ့ ပူးတွဲ ရေးသားထားတဲ့ မေတ္တာဖြင့် ချည်နှောင်ခြင်းနှင့် ရှင်ဘုရင်တစ်ပါးရဲ့ ချစ်ပုံပြင်ဆိုတဲ့စာအုပ်ကလေး လက်ဝယ်သို့ရောက်ရှိလာခဲ့ပါပြီ ။

အလုပ်တွေပိနေတာကတကြောင်း စာရေးဖို့ mood သိပ်မ၀င်သေးတာကတစ်ကြောင်းကြောင့် အခုတလောစာသိပ်မရေးဖြစ်ခဲ့ဘူး ။ မနိုင်းရဲ့ အကြံပေးမှုနဲ့ တို့တွေ စာအုပ်တစ်အုပ်လုပ်ကြရအောင်ဆိုတော့ ရေငတ်တုန်းရေတွင်းထဲကျဆိုသလို ၀မ်းသာအားရလက်ခံခဲ့ပါတယ် ။
မနိုင်းဟာ ဟိုးအရင် ဘလော့ဂ်တွေမှာ စာစရေးကတည်းက ကျွန်တော် လေးစားအတုယူခဲ့ရတဲ့ စာရေးသူတစ်ယောက်ပါ ။ အထူးသဖြင့် စကားလုံး သုံးနှုံးဖွဲ့သီပုံတွေကို နှစ်သက်ရတာကြောင့် အမြဲလိုလို စာဖတ်ပရိတ်သတ် ဖြစ်ခဲ့ပါတယ် ။

အခု လို ကိုယ်နှစ်သက်တဲ့ စာရေးသူတစ်ယောက်နဲ့ အတူပူးတွဲပြီး စာအုပ်တစ်အုပ်အပေါ်မှာ ပုံနှိပ်ခွင့်ရတာ ပြောမပြတတ်အောင်ဝမ်းသာလှပါတယ် ။ ပထမဆုံး မနိုင်းနိုင်းစနေနဲ့ ကိုသုတ ( ထုတ်ဝေသူ ) ကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ ။

စာရေးသက်နုနယ်ပြီး စာရေးကျဲတဲ့ ကျွန်တော့်စာတွေက တကယ်တော့ပြီးပြည့်စုံတဲ့အဆင့်ကိုမရောက်သေးပါဘူး ။ လိုအပ်ချက်များစွာ ရှိခဲ့ပါတယ် ။ ကျွန်တော့်ကို လက်တွဲပြီး အခုလို စာပေခရီးကို ဖေးမခေါ်ဆောင်ပေးတဲ့ အတွက် အလွန်ပဲဝမ်းသာမိပါတယ် ။

၂၅.၂.၂၀၁၅ မနေ့ကတည်းက ဒီစာအုပ်လေးကို ဖြန့်ချီခဲ့တယ်လို့သိရပါတယ် ။  အားပေးကြပါဦး စာဖတ်သူများခင်ဗျာ စာအုပ်ဆိုင်တွေတိုင်းမှာ ရရှိနိုင်ပါတယ်ခင်ဗျာ ။

ချစ်ခြင်းများစွာဖြင့်

သက်တန့်ချို 
26//2/3015

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, December 17, 2014

ဘာလိုလိုနဲ့ အသက် ၃၀ လည်းပြည့်ခဲ့ပြီ


 Happy Birthday ကို သက်တန့်ချို !!

( ၁၇.၁၂.၁၉၈၄ - ၁၇.၁၂.၂၀၁၄ )

မှားတာတွေရော မှန်တာတွေရော လုပ်ဖူးခဲ့ပြီ
ကောင်းတာတွေရော ဆိုးတာတွေရော ကြုံခဲ့ဖူးပြီ
တချို့အရာတွေမှာ ရင့်ကျက်နိုင်ခဲ့သလိုတချို့အရာတွေမှာ မရင့်ကျက်နိုင်ခဲ့ဘူး
------------------------------------------------
ဘာလိုလိုနဲ့ အသက် ၃၀ လည်းပြည့်ခဲ့ပြီ ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, November 24, 2014

မှတ်သားဖွယ်စကားအချို့ကိုပြန်လည်ဝေမျှပါတယ်


မှတ်သားဖွယ်စကားအချို့ကိုပြန်လည်ဝေမျှပါတယ်

၁ ။ သင်အချိန်တွေကို ပြန်လည်ဖြေရှင်းချက်တွေနဲ့မကုန်ဆုံးစေနဲ့
လူတွေက သင်ဘယ်လောက်ရှင်းရှင်း သူတို့ကြားချင်တာသာ ကြားတာပါ

၂ ။ လူတွေက သင့်ကို အောက်နိမ့်ကျစေဖို့ ကြိုးစားနေကြရင်
သေချာပါတယ် သင်က သူတို့အားလုံးအထက်မှာရှိနေလို့ပါပဲ

၃ ။ ထီးက မိုးစက်တွေကို မရပ်တန့်နိုင်ဘူး
ဒါပေမယ့် မိုးရေထဲမှာ သင့်ကို ရပ်တည်နိုင်အောင်လုပ်ဆောင်ပေးတယ်
( အဲ့ဒီလိုပဲ )
ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိခြင်းက သင့်ကို အောင်မြင်ခြင်းတွေ ဆောင်ယူပေးတာမဟုတ်ဘူး
ဒါပေမယ့် ဘယ်လို စိန်ခေါ်မှုမျိုးဖြစ်ဖြစ် ရင်ဆိုင်နိုင်အောင် သင့်ကို ခွန်အားတွေပေးစေတယ် ။

သက်တန့်ချို




စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, November 20, 2014

ချစ်ခြင်းမေတ္တာဆိုတာ


တကယ်မချစ်တဲ့လူ ၂ ယောက်က

- တစ်ယောက်အပြစ်ကို တစ်ယောက်ဖော်ကြတယယ်
- တစ်ယောက်အားနည်းချက်ကို တစ်ယောက် နင်းခြေကြတယ်
- တစ်ယောက်ရဲ့အတိတ်ကို တစ်ယောက် ဆူးဆွတတ်ကြတယ်

တကယ်ချစ်တဲ့လူ ၂ ယောက်က
 - တစ်ယောက်ရဲ့အပြစ်ကို တစ်ယောက် ခွင့်လွှတ်ကြတယ်
- တစ်ယောက်ရဲ့အားနည်းချက်ကို တစ်ယောက်လစ်လျှုရှုတတ်ကြတယ်
- အတိတ်အစား အနာဂါတ်ကိုသာ အတူ ပုံဖော်ကြတယ်

နောက်ဆုံး ဘယ်လောက်နက်ရှိုင်းပြင်းထန်တဲ့ဒါဏ်ရာပဲဖြစ်ဖြစ်
ချစ်တဲ့စိတ်နဲ့ ကြိုးစားမေ့ဖျောက်ပြီး ကိုယ်ချစ်တဲ့လူရဲ့လက်ကို လွှတ်လေ့မရှိကြဘူး

ချစ်ခြင်းမေတ္တာဆိုတာ တစ်ယောက်ရဲ့ကွက်လပ်ကို တစ်ယောက်ဖြည့်ဆည်းပြီး
ပြီးပြည့်စုံတဲ့ငြိမ်းချမ်းမှုကို ဖန်တီးခြင်းပါပဲ ။

သက်တန့်ချို 

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, November 19, 2014

အရာအားလုံးဟာ နေတတ်ရင် ကျေနပ်စရာချည်းပါပဲ

William W. Purkey ကပြောခဲ့တယ် ။

- ဘယ်သူမှ သင့်ကို ကြည့်မနေသလိုမျိုး က ခုန်ကြည့်ပါ 
- ဘယ်သူမှ နားမထောင်နေသလိုမျိုး သီချင်းဆိုကြည့်ပါ
- ဘယ်တော့မှ မနာကျင်ရတဲ့ ချစ်ခြင်းတရားနဲ့ ချစ်ပါ
- ကမ္ဘာပေါ်မှာ ကောင်းကင်ဘုံလိုမျိုး ရှင်သန်နေထိုင်ပါ တဲ့ ။

================================

တကယ်တော့ ရှင်သန်နေရတဲ့ဘ၀ကြီးမှာ အပူအပင်ကင်းကင်းလျှောက်လှမ်းချင်တယ်ဆိုရင်
လူတကာရဲ့ အကြည့်နဲ့ဝေဖန်မှုတွေကို သိပ်ဂရုစိုက်မနေပါနဲ့

ကိုယ်သာ  သူတစ်ပါးကို မနာကျင်စေဘူးဆိုရင် ကိုယ့်ကိုလည်း ဘယ်သူကမှ နာကျင်စေလိမ့်မှာ မဟုတ်ဘူး

ကိုယ်ရောက်ရှိနေတဲ့အနေအထား
ကိုယ်ပိုင်ဆိုင်ရတဲ့ဘဝ
ကိုယ်ကြုံနေရတဲ့ လောကဓံ
အရာအားလုံးဟာ နေတတ်ရင် ကျေနပ်စရာချည်းပါပဲ ။

သက်တန့်ချို 

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................