Wednesday, May 31, 2017
တောင်းပန်ခြင်းနဲ့ ခွင့်လွှတ်ခြင်းကိုသင်ယူပါ
ဘ၀မှာ လူတိုင်း ကြုံတွေ့နိုင်တဲ့ နောင်တ ( ၃ ) မျိုးရှိတယ်
- ကိုယ်ပြန်မရနိုင်တော့တဲ့အချိန်တွေကို မိုက်မိုက်မဲမဲ ဖြုန်းတီးမိတဲ့နောင်တ
- ကိုယ်သိပ်သံယောဇဉ်ရှိတဲ့လူကို လက်လွှတ်မိလိုက်တဲ့နောင်တ
- တောင်းပန်ခြင်းနဲ့ခွင့်လွှတ်ခြင်းကို မသင်ယူမိခဲ့တဲ့နောင်တ
ဘယ်လိုနောင်တမျိုးမဆို ... တစ်သက်လုံး
နာကျင်မှုကို ဖက်တွယ်ရင်းပဲ နေသွားရလေ့ရှိတယ်
နောင်တမရချင်ဘူးဆိုရင်
- ဘယ်လိုအချိန်မျိုးကိုဖြစ်ဖြစ် ကိုယ့်အတွက်အဓိပ္ပါယ်ရှိစွာ ကုန်ဆုံးပါစေ
- သိပ်မြတ်နိုးရတဲ့လူလက်ကို ဘယ်တော့မှ လက်မလွှတ်ပါနဲ့
- အကြိမ်ကြိမ်တောင်းပန်ပါ ...အကြိမ်ကြိမ်လည်းခွင့်လွှတ်ပေးပါ ။
" ငါတောင်းပန်ပါတယ် .. ခွင့်လွှတ်ပေးပါ " ဆိုတဲ့စကားတစ်ခွန်းထဲနဲ့
လူ ၂ ယောက်ကြားထဲက ပူလောင်မှုတွေကို ချေဖျက်ပေးနိုင်ပါတယ် ။
#သက်တန့်ချို
31.5.2017 #ttclovequote
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Tuesday, May 30, 2017
လူတစ်ယောက်ကို လက်မလွှတ်နိုင်ဘူးဆိုရင်
လူတစ်ယောက်ကို လက်လွှတ်နိုင်တယ်ဆိုရင်
- ဥပက္ခာတရား ကို ရှေ့တန်းတင်ပါ
- ကောင်းခြင်းဆိုးခြင်းအရာရာကို မေ့ပစ်လိုက်ပါ
- ပျော်ရွှင်ခြင်း ၀မ်းနည်းခြင်း စိတ်ခံစားချက်တွေကို အဆုံးသတ်ပါ
- အရာရာကို ခွင့်လွှတ်ခြင်းနဲ့အတူ မေ့ပစ်လိုက်ပါ
လူတစ်ယောက်ကို လက်မလွှတ်နိုင်ဘူးဆိုရင်တော့
- အဆိုးတွေကို ပြုပြင်ပြီးအကောင်းတွေကို ဖန်တီးယူပါ
- အားနည်းချက်တွေကို လစ်လှူရှုပြီးအားသာချက်တွေကို လေ့လာပါ
- အမုန်းတွေကို မေ့ပစ်ပြီး အချစ်တွေကို စိုက်ပျိုးယူပါ
- အပြစ်တွေကို ဖြေဖျောက်ပြီး ခွင့်လွှတ်ခြင်းကို သင်ယူပါ
လူတစ်ယောက်ကို ချစ်မြတ်နိုးတယ်ဆိုတာ
ကိုယ့်ကိုယ်ကို ထက် ..
လူ တစ်ဖက်သားကို ပိုတွယ်တာလိုက်ရခြင်းတစ်မျိုးပါပဲ ။
#သက်တန့်ချို
30.5.2017 #ttclovequote
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
မသိုးသော ထမင်းကိုသာစားပါ
သိုးနေတဲ့ ထမင်းဟင်းကို
လှပတဲ့ ပန်းကန်အသစ်ထဲ ပြောင်းထဲပေမယ့်
ထမင်းသိုးဟင်းသိုးဆိုတဲ့ ဂုဏ်သတ္တိမပြောင်းလဲသွားနိုင်သလို
အရသာလည်းမကောင်းလာနိုင်ပါဘူး
အဲ့ဒီလိုပဲ ကိုယ်ကျင့်တရားယိုယွင်းပျက်စီးနေတဲ့လူတစ်ယောက်ကို
ဘယ်လိုပဲ လှပတဲ့ ဂုဏ်ဒြပ်တွေနဲ့ စည်းစိမ်တွေနဲ့ကာရံထားပါစေ
မကောင်းတဲ့ ကိုယ်ကျင့်တရား သိက္ခာတရားက မပြောင်းလဲသွားနိုင်သလို
ပိုပြီးလည်း ဖြူစင်မလာနိုင်ပါဘူး
ဟောင်းနွမ်းနေတဲ့ပန်းကန်နဲ့စားနေရပါစေ
မသိုးသော ထမင်းဟင်းကိုသာ စားပါ
စည်းစိမ်နဲ့ဂုဏ်ဒြပ်တွေ မရှိပါစေ
ကိုယ်ကျင့်တရားကောင်းမွန်တဲ့သူကိုသာ ရွေးချယ်ပါ ။
#သက်တန့်ချို
30.5.2017 #ttclifequote

Monday, May 29, 2017
တခါတလေ
တခါတလေ လက်လွှတ်ပေးလိုက်တာကလည်း
တစ်ဖက်လူ စိတ်ချမ်းသာဖို့ဖြစ်သလို
တခါတလေ ကျောခိုင်းပေးလိုက်တာကလည်း
တစ်ဖက်လူ လွတ်လပ်သွားဖို့လည်းဖြစ်တယ်
တခါတလေ ခေါင်းငုံ့ပေးလိုက်တာကလည်း
တစ်ဖက်လူ စိတ်ကျေနပ်ဖို့ဖြစ်သလို
တခါတလေ အရှုံးပေးလိုက်တာကလည်း
တစ်ဖက်ကလူ ကို အနိုင်ရစေချင်လို့ဖြစ်တယ်
#သက်တန့်ချို
29.5.2017 #ttclifequote
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Wednesday, May 24, 2017
ရိုးသားစွာ ရှင်သန်ပါ
တခါတလေ အမှန်တရားကို ခါးသီးစွာလက်ခံလိုက်တာက
အမှားတွေထဲမှာ ချိုမြိန်စွာ ပြုံးပျော်နေတာထက်
လိပ်ပြာပိုသန့်ပါတယ်
တခါတလေ အထီးကျန်မှုမှာ တိတ်ဆိတ်စွာ နေလိုက်ခြင်းက
ဟန်ဆောင်မှုတွေထဲမှာ ဟန်ပြပျော်ရွှင်နေရတာထက်
လိပ်ပြာပိုသန့်ပါတယ်
တခါတလေ ၀မ်းနည်းမှုတွေကို အားပါးတရ ငိုချလိုက်ခြင်းက
ဝမ်းသာဟန်ဆောင်ပြီး ကိုယ့်စိတ်ကို ချုပ်တည်းထားတာထက်
လိပ်ပြာပိုသန့်ပါတယ်
ရိုးသားစွာ ရှင်သန်ပါ
သန့်ရှင်းစွာ ပျော်ရွှင်ပါ
ဘ၀ က .. သိပ်ကို တို ပါတယ် ။
#သက်တန့်ချို
24.5.2017 #ttclifequote
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Subscribe to:
Posts (Atom)