Thursday, June 29, 2017
စစ်မှန်တဲ့ ပျော်ရွှင်မှုကိုလိုချင်ရင်
စစ်မှန်တဲ့ ပျော်ရွှင်မှုကိုလိုချင်ရင်
လူတွေကိုကူညီပါ
ဒါပေမယ့် ..
လိုချင်တပ်မက်ခြင်းကင်းအောင်နေပါ
ကောင်းမွန်စွာ ကျော်ဖြတ်ခဲ့တဲ့နေ့ရက်တိုင်းကို ကျေးဇူးတင်ပါ
မဖြစ်နိုင်တဲ့အရာကို မမျှော်လင့်ပါနဲ့
လောကအကျိုးအတွက် ပေးဆပ်နိုင်သမျှ ပေးဆပ်ပါ
ဒါပေမယ့် ..
အမှားနည်းနိုင်သမျှ နည်းပါစေ
" လိုချင်တာများပြီး မဖြစ်နိုင်တာတွေကို မျှော်လင့်နေရင်
သင် အမှားတွေ များလာလိမ့်မယ် "
#သက်တန့်ချို
29.6.2017 #ttclifequote
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Tuesday, June 27, 2017
ဘ၀အတွက် သိပ်ကို တန်ဖိုးရှိတဲ့အရာ
နာမည်တစ်ခု ပျက်စီးဖို့ဆို တာသိပ်လွယ်ပါတယ်
နာမည်တစ်ခု တည်ဆောက်ဖို့ကိုတော့
အချိန်အများကြီး ယူတည်ဆောက်ရတယ်
ဂုဏ်သိက္ခာ ပျက်ယွင်း နိမ့်ကျဖို့ဆိုတာ သိပ်လွယ်ပါတယ်
ဂုဏ်သိက္ခာ မြင့်မား ခိုင်မာဖို့ကိုတော့
အချိန်အများကြီး ယူတည်ဆောက်ရတယ်
ရိုးသားတဲ့ စိတ်ကို အရောင်ဆိုးဖို့ဆိုတာ သိပ်လွယ်ပါတယ်
ရိုးသားတဲ့ စိတ်ကို မပျက်စီးအောင်ထိမ်းသိမ်းဖို့
အချိန်အများကြီးယူပြီး မယိုင်လဲအောင် နေရတယ်
" လောကကြီးမှာ ပျက် .. တာက လွယ်သလောက်
ပြင် ... ရတာက ခက်တယ်
တစ်ခါ ပျက်ပြီး ရင် တစ်သက်လုံး ပြင်ဖို့ ခက်တာက
ပျက်စီးသွားတဲ့ နာမည် ၊ ဂုဏ်သိက္ခာနဲ့ ရိုးသားမှု ပဲ "
သင့်မှာ ရိုးသားတဲ့ စိတ်အခံလည်းရှိတယ်
တည်ကြည်ဖြောင့်မတ်တဲ့ ဂုဏ်သိက္ခာလည်းရှိတယ်
မပျက်စီးတဲ့ နာမည်ကောင်းတစ်ခုလည်းရှိတယ်ဆိုရင်
ဘယ်လို အရာနဲ့ဖြစ်ဖြစ် အပျက်စီး မခံပါနဲ့
" ဘ၀အတွက် သိပ်ကို တန်ဖိုးရှိတဲ့အရာတွေဖြစ်လို့ပါပဲ "
#သက်တန့်ချို
27.6.2017 #ttclifequote
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Monday, June 26, 2017
ခေါင်းဆောင်ကောင်းတစ်ယောက်ဆိုတာ
အထက်လူကြီး အလုပ်မှာမရှိလို့
ဝန်ထမ်းတစ်ယောက်ပျော်တယ်ဆိုရင်
သေချာပါတယ်
အထက်လူကြီးမှာ အားနည်းချက်ရှိနေလို့ပဲ
အထက်လူကြီးအလုပ်လာလို့
ဝန်ထမ်းတစ်ယောက် ပျော်တယ်ဆိုရင်
သေချာပါတယ်
အထက်လူကြီးမှာ အားသာချက်ရှိလို့ပဲ
အကြောင်းပြချက် တိတိကျကျမရှိပဲ
ဝန်ထမ်းတစ်ယောက် ခနခန ခွင့်ယူတယ်
နောက်ကျနေတယ်ဆိုရင် သေချာပါတယ်
လုပ်ငန်းခွင်မှာ ပျော်မွေ့မှုမရှိတော့လို့ပဲ
တကယ်တော့ အထက်လူကြီးနဲ့ ၀န်ထမ်းဆိုတာ
ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပါပဲ
အထက်လူကြီးက
" ငါရာထူးကြီးတယ် ငါလုပ်ချင်တာလုပ်မယ်
ငါလုပ်တာမှန်တယ် ငါ့ကို ဘာမှ ပြန်မပြောနဲ့
ငါ့ Rule နဲ့ညီအောင်နေ မကျေနပ်ရင်ထွက် "
ဆိုတဲ့ စိတ်ဓါတ် ရှိနေပြီဆိုရင်
သေချာပါတယ် ....
မကြာခင် ကျရှုံးမဲ့ လမ်းကို ဦးတည်နေတာပါပဲ ။
ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုရင်
ကိုယ့်လက်အောက်ကလူတွေရဲ့
စိတ်ခံစားချက် အပြုအမူတွေကို သိနေဖို့လိုတယ် ။
#သက်တန့်ချို
26.7.2017 #ttcworkquote
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Saturday, June 24, 2017
နောင်တစ်ချိန်မှာ
ကိုယ်ပိုင်ဆိုင်နေသမျှ အစစ်အမှန်လို့ထင်မနေပါနဲ့
လောကကြီးမှာ စစ်မှန်တယ်ဆိုတာ သိပ်ကိုရှားပါးလွန်းပါတယ်
ကိုယ်ဆုံးရှုံးခဲ့သမျှ နှမျောတသမနေပါနဲ့
လောကကြီးမှာ မထိုက်တန်တာမှန်သမျှ ဆုံးရှုံးရစမြဲပါ
ကိုယ်နိုင်ခဲ့သမျှ ပျော်ရွှင်မနေပါနဲ့
အနိုင်ပြီးတဲ့အခါ အရှုံးဆိုတာ မသွေမုချရောက်လာဦးမှာ
" ပိုင်ဆိုင်လိုက်ရတာဖြစ်ပါစေ .. စွန့်လွှတ်လိုက်ရတာဖြစ်ပါစေ
အချိန်ကြာလာတဲ့အခါ အရာရာဟာ
ဘာဆို .. ဘာမှ မဟုတ်ခဲ့ဘူးဆိုတာ သိလာပါလိမ့်မယ် "
" တချိန်က ကိုယ်လိုချင်တာရလို့ ပျော်တာပဲဖြစ်ပါစေ
ကိုယ်ပိုင်ဆိုင်ချင်တာ စွန့်လွှတ်လိုက်ရလို့ဖြစ်ပါစေ
နောင်တစ်ချိန်မှာ .. အရာရာဟာ မြူမှုန်တွေလိုေ၀၀ါးပျောက်ကွယ်သွားစမြဲပါ "
#သက်တန့်ချို
24.6.2017 #ttclifequote
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Friday, June 23, 2017
နေရာတကာ မျှမျှတတတွေးပါ
လူတစ်ယောက်ကို စစ်စစ်မှန်မှန်မဆက်ဆံနိုင်ရင်
မပက်သက်တာ အကောင်းဆုံးပါပဲ
စစ်မှန်တဲ့ တစ်ဖက်လူအတွက် နစ်နာလွန်းတဲ့အတွက်ပါ
လူတစ်ယောက်ကို စိတ်နှစ်ကိုယ်နှစ် မပေါင်းသင်းနိုင်ရင်
မပက်သက်တာအကောင်းဆုံးပါပဲ
စိတ်နှစ်ကိုယ်နှစ်ပေါင်းတဲ့ တစ်ဖက်လူအတွက် နစ်နာလွန်းတဲ့အတွက်ပါ
လူတစ်ယောက်ကို နောက်ဆုံးအချိန်အထိ တာဝန်မယူနိုင်ရင်
မပက်သက်တာ အကောင်းဆုံးပါပဲ
မျှော်လင့်ချက်များတဲ့ တစ်ဖက်လူအတွက် နစ်နာလွန်းတဲ့အတွက်ပါ
" ကိုယ့်အတွက်လည်းကြည့်ပါ .. သူတစ်ပါးအတွက်လည်းကြည့်ပါ "
နေရာတကာမှာ မျှမျှ တတ တွေးနိုင်ခဲ့ရင်
လောကကြီးက နေပျော်ဖို့ကောင်းပါတယ် ။
#သက်တန့်ချို
23.6.2017 #ttclifequote
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
မပက်သက်တာ အကောင်းဆုံးပါပဲ
စစ်မှန်တဲ့ တစ်ဖက်လူအတွက် နစ်နာလွန်းတဲ့အတွက်ပါ
လူတစ်ယောက်ကို စိတ်နှစ်ကိုယ်နှစ် မပေါင်းသင်းနိုင်ရင်
မပက်သက်တာအကောင်းဆုံးပါပဲ
စိတ်နှစ်ကိုယ်နှစ်ပေါင်းတဲ့ တစ်ဖက်လူအတွက် နစ်နာလွန်းတဲ့အတွက်ပါ
လူတစ်ယောက်ကို နောက်ဆုံးအချိန်အထိ တာဝန်မယူနိုင်ရင်
မပက်သက်တာ အကောင်းဆုံးပါပဲ
မျှော်လင့်ချက်များတဲ့ တစ်ဖက်လူအတွက် နစ်နာလွန်းတဲ့အတွက်ပါ
" ကိုယ့်အတွက်လည်းကြည့်ပါ .. သူတစ်ပါးအတွက်လည်းကြည့်ပါ "
နေရာတကာမှာ မျှမျှ တတ တွေးနိုင်ခဲ့ရင်
လောကကြီးက နေပျော်ဖို့ကောင်းပါတယ် ။
#သက်တန့်ချို
23.6.2017 #ttclifequote
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Subscribe to:
Posts (Atom)