Monday, November 29, 2010

ဖောက်ထွင်းမြင်ရတဲ့ Modern Phone

ဖောက်ထွင်းမြင်ရတဲ့ Modern Phone

သင်ဘယ်မြို့မှာနေထိုင်သလဲဆိုတာတော့ ကျွန်တော်မသိပါဘူး ။ ဒါပေမယ့် ကျွန်တော့်မွေးရပ်မြေ တခါတခါမှာ ရာသီ ဥတုက စိုစွတ်ထိုင်းမှိုင်းနေတတ်ပါတယ် ။ ရာသီဥတုခန့်မှန်းချက်ကလည်း ဒီနေ့မိုးရွာမယ်လို့ပြောရင်တော့ ကျိန်း သေ နေပူပြီး ပူပြင်းခြောက်သွေ့တော့မယ်လို့သာ မှတ်လိုက်ပေရော့  ။ (အဲဒီလောက်ခန့်မှန်းချက်ကမှန်တာ ) ကဲ ဒီတော့ ခင်ဗျားတို့ကို လက်ဆောင်တစ်ခုပေးချင်ပါတယ် ။ ဒါကို Window Phone လို့ပဲ လွယ် လွယ်ကူကူ ခေါ်ကြပါစို့ ။ သင်အပြင်မှာကြုံတွေ့နေရတဲ့ ရာသီဥတုနဲ့အညီ ဒီဖုန်းရဲ့မျက်နှာပြင်မှာ ဘာတွေ ပြောင်းလဲ နေလည်း ဆိုတာ ဖော်ပြပေးမှာဖြစ်ပါတယ် ။ သင်တို့လည်းကြိုက်နှစ်သက်ကြမယ်လို့ထင်ပါတယ် ။ ဆက် လေ့လာ ကြည့်ပါဦး ။



ဒါက ရာသီဥတု ကြည်ကြည်လင်လင်နဲ့ နေသာတဲ့နေ့ဆို ဖုန်းလေးကလည်း ကြည်ကြည်လင်လင်လင်နဲ့ပေါ့ ။



မိုးရွာတဲ့နေ့ဆို ဖုန်းမျက်နှာပြင်မှာပါ မိုးရေ စက်တွေစိုရွှဲလို့ ။



နှင်းကျတဲ့နေ့ဆိုလည်း ဖုန်းမှာ နှင်းတွေထူထပ်ပြီး မမြင်ရတော့ဘူး ။


တစ်ဖက်ကနေဖုန်းခေါ်ရင် ဒီလိုလေးမြင်ရမှာပါ ။


ဒါက မက်ဆေ့ပို့ရင်မြင်ရမယ့်ပုံစံမျိုးပေါ့ ။



ဖုန်းကတော့အလန်းစားပဲနော် ။


နောက်ဆုံး အထူးခြားဆုံးက သင်ဖုန်းကိုမျက်နှာမူပြီးအသံပြုလိုက်တာနဲ့ လက်ရေးစာသား Hand writing mode အဖြစ် ပြောင်းသွားမှာပါတဲ့ ။

www.thettantvillage.com

သက်တန့်ချို
27 Nov 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

5 comments:

  1. ဟား မိုက်တယ်ကွာ။ ကြိုက်တယ်။
    ဘာတံဆိပ်လဲ ...???? ...း)

    ReplyDelete
  2. လူဆိုးကြီး... အခုမှ R&D ပဲရှိသေးတာ ။ အိပ်မပျော်အောင် အိပ်မက်ပေးတယ်။ ;)

    ReplyDelete
  3. kool!!! very interesting!!! lol us know when its come out in market.. thx..

    ReplyDelete
  4. ကောင်းတော့ကောင်းပါတယ်..ဒါပေမယ့်မသုံးရဲဘူး...တော်ကြာအဲဒီဖုန်းနားမှာစကားမပြောရဲဖြစ်နေမယ်...ကိုယ်ပြောတိုင်းသူကစာတွေအဖြစ်ပြောင်းပြစ်မှာ..ကောင်မလေးဆီ sms ပို့လိုက်ရင်ဂွမ်းပြီ........

    ReplyDelete