Saturday, January 8, 2011

ရေခဲထဲမှာ ၂နာရီကြာနေပြတဲ့အာဂလူသား

ရေခဲထဲမှာ ၂နာရီကြာနေပြတဲ့အာဂလူသား





ရေခဲလူသားလို့ခေါ်တဲ့ တရုတ်လူမျိုး Jin Songhao ဟာ ကမ္ဘာ့စံချိန်သစ်တစ်ခုဖြစ်တဲ့ အလွန်အမင်းအေးခဲတဲ့ ရေခဲအ တွင်းမှာ အချိန်အကြာဆုံးနေပြနိုင်တဲ့စံချိန်သစ်တင်ခဲ့လို့ အောင်ပွဲခံနေပုံဖြစ်ပါတယ် ။ စံချိန်ပြသ ခဲ့တဲ့နေရာကတော့ Hunan စီရင်စုအလယ်ပိုင်း Zhangjiajie မှာဖြစ်ပါတယ် ။ တနင်္လာနေ့တုန်းက Jin Songhao နဲ့အခြား စိန်ခေါ်သူ Chen Kecai တို့ဟာ ဒီရေခဲပြင်စိန်ခေါ်မှုမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ် ။ ဒီပြိုင်ပွဲမှာ ၂ ဦးစလုံး ဟာ ရေကူးဝတ်စုံလေးမှလွဲ၍ ဘာမှ ၀တ်ဆင်ထားခြင်းမရှိခဲ့ပါဘူး ။ Jin Songhao ဟာ Win HOf ရဲ့စံချိန်ကို ရေခဲထဲမှာ ၁၂၀ မိနစ်ကြာအောင်နေထိုင်ပြခြင်းအားဖြင့် ချိုးဖျက်နိုင်ခဲ့ပြီး Chen ကတော့ ၁၁၈ မိနစ်ပဲ စံချိန်တင်နိုင်ခဲ့ပါတယ် ။ အရင်ကမ္ဘာ့စံချိန်ကတော့ ၁၁၅ မိနစ်ဖြစ်ပြီး စံချိန်တင်ခဲ့သူကတော့ Dutch လူမျိုး Win Hof ဖြစ်ပါတယ် ။










Posted @ www.thettantvillage.com
သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment